← Chapters

အိမ်ပြန်ခရီး (၃)

Vol. 72 Ch. 1142

အိမ်ပြန်ခရီး (၃)

Vol. 72 Ch. 1142

လင်းရှန် သက်ပြင်းအရှည်ကြီးချလိုက်သည်၊၊

“ဒီလိုအပြောင်းအလဲမျိုးဖြစ်လာလိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး၊၊ အေးခဲအခန်းငယ်ထဲမှာ အချိန်အတော်ကြာကုန်သွားခဲ့တယ်၊၊ ကျုပ်ရဲ့ ယန္တရားနှလုံးသားက...”

သူက ခေတ္တရပ်ကာ ယဲ့လန်ကို ကြည့်လိုက်သည်၊၊

“ဖီးနစ်က အများကြီးဆုံးရှုံးခဲ့တာလား”

“တွက်ချက်လို့တောင် မရဘူး”

ယဲ့လန်က တည်ငြိမ်နေဆဲပင်၊၊

“ငါတို့ စစ်သည်တွေ အများကြီးဆုံးရှုံးခဲ့ရတယ်… အများစုကိုတော့ မင်းသိမှာမဟုတ်ဘူး”

လင်းရှန် တိတ်ဆိတ်သွား၏။

“ဖောင်ဒေးရှင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ သူတို့က မင်းအပေါ်ကိုပဲ အာရုံစိုက်နေတယ်ဆိုတာ ငါတို့အတည်ပြုနိုင်ခဲ့တယ်၊၊ ဒါကိုလည်း မင်းသဘောပေါက်ပြီးသားဖြစ်မှာပါ” ယဲ့လန်က ပြောသည်၊၊

“မင်းက စတားဖိုင်းယားစီမံကိန်းကို အဆိုပြုခဲ့တာလေ... နောက်ဆုံးတော့ အတည်ပြုချက် ရခဲ့ပြီဆိုတော့ မင်းက ဖောင်ဒေးရှင်းနဲ့ မျှော်စင်လူသားတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာလိမ့်မယ်ဆိုတာ မင်းနားလည်ထားသင့်တယ်”

လင်းရှန် ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ညည်းတွားလိုက်သည်၊၊

“ကျုပ်က ဒီလောက်တောင်အရေးပါတယ်လို့ မထင်ထားခဲ့ဘူး”

ယဲ့လန်၏ အမူအရာအနည်းငယ် လှုပ်ရှားသွားပြီး ခေတ္တတိတ်ဆိတ်နေပြီးမှ ဆက်ပြောသည်၊၊

“ဖောင်ဒေးရှင်းရှိနေတဲ့အတွက် မျှော်စင်လူသားတွေက လူသားတွေရဲ့ လှုပ်ရှားမှုတွေကို ထူးထူးခြားခြားသိရှိနေကြတယ်၊၊ ငါတို့ကို ဘယ်လိုစိတ်ပျက်အားငယ်အောင်လုပ်ရမလဲဆိုတာ သူတို့သိကြတယ်၊၊ အဲဒါကြောင့် ငါတို့ရဲ့ အာရုဏ်ဦးဗဟိုစင်တာနဲ့ နောဧအပေါ်ကို အဓိကတိုက်ခိုက်ခဲ့ကြတာပဲ၊၊ အဲဒီဗဟိုချက်နှစ်ခုက ကမ္ဘာလုံးဆိုင်ရာကယ်ဆယ်ရေးနဲ့ နောက်ဆုံးလွှဲပြောင်းမှုတွေကို လုပ်ဆောင်ပေးတဲ့ အဓိကထောက်တိုင်တွေပဲ၊၊ ရင်းမြစ်တွေနဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်က ဒီနေရာမှာပဲ စုစည်းနေတာလေ”

“အခုတော့ ‌ကော်လိုရာဒိုနဲ့ ဟတ်ကိုတိုက်ပွဲတွေအပြီးမှာ ငါတို့ဘက်မှာ အကျအဆုံးများပြားခဲ့တယ်၊၊ ဒါပေမဲ့ နောဧရဲ့ လွှဲပြောင်းမှုကတော့ ဥရောပမုန်တိုင်းမဟာမိတ်နဲ့ ဖီးနစ်မြို့တော်တို့ရဲ့ ကူညီမှုကြောင့် အများစုအောင်မြင်ခဲ့ပါတယ်၊၊ ဒါပေမဲ့ ကုန်းလမ်းအရုဏ်ဦးဗဟိုစင်တာကတော့...”

ယဲ့လန်၏ လေသံက တည်ငြိမ်နေဆဲဖြစ်သော်လည်း သူမ၏ အကြည့်ကမူ ရှေ့တည့်တည့်သို့ စူးစိုက်ကာ ထက်ရှနေသည်၊၊

“မျှော်စင်လူသားတွေက လူသားတွေရဲ့ စက်မှုစနစ်ရှုပ်ထွေးမှုကို နားမလည်နိုင်ရင်တောင် ဖောင်ဒေးရှင်းကတော့ နားလည်တယ်၊၊ ငါတို့ရဲ့ ရထားအုပ်စုတွေက အမှောင်ထုနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို တုံ့ပြန်ရာမှာ သဘာဝအားသာချက်ရှိတယ်ဆိုတာ သူတို့ သိတယ်၊၊ ကုန်ပစ္စည်းတွေနဲ့ လူအင်အားအမြောက်အမြားကို သယ်ယူပို့ဆောင်နိုင်တယ်ဆိုတာလည်း သိတယ်၊၊ ဒါပေမဲ့ အားနည်းချက်ကလည်း သေလောက်အောင်ပြင်းထန်တယ်”

“ရထားလမ်းတွေလား”

“မှန်တယ်”

ယဲ့လန်က ဆက်ပြောသည်၊၊

“နောဧကလည်း ဒီပြဿနာနဲ့ ရင်ဆိုင်နေရတာပဲ၊၊ ကံကောင်းတာက နောဧရဲ့ ပင်လယ်နိုင်ငံက အဲဒီအချိန်မှာ ကမ်းခြေနဲ့ နီးကပ်နေလို့ နစ်မြုပ်မသွားခဲ့တာပဲ၊၊ ဒါပေမဲ့ ကော်လိုရာဒိုကတော့ မတူဘူး၊၊ အာရုဏ်ဦးဗဟိုစင်တာက အရီဇိုးနားကို ဖြတ်ကျော်တဲ့အချိန်မှာ ချောက်ကမ်းပါးရထားတံတားတွေအားလုံးပြိုကျပျက်စီးသွားခဲ့တယ်၊၊ သွေးနီရောင်မြူချဲ့ထွင်မှုကလည်း ရှောင်လွှဲလို့မရတော့ဘူး၊၊ အဲဒါကြောင့် ဂြိုဟ်ပတ်ရထားလမ်းအဖွဲ့က အရှေ့ဘက်ကို ကွေ့ပြီး ယူအေးရှားကမ္ဘာပျက်ရထားက ယူတိုးပီယာနဲ့ ပေါင်းစည်းဖို့ အနောက်ဘက်ကို ပြန်လှည့်ခဲ့ရတယ်၊၊ ဒါက ငါတို့ရဲ့ အင်အားစုကို ကွဲပြားသွားစေခဲ့တယ်၊၊ အာရုဏ်ဦးဗဟိုစင်တာရဲ့ အဖွဲ့တွေက ချီတတ်ရာမှာလျင်မြန်ပေမဲ့ လက်နက်ကြီးအကူအညီမရှိတဲ့အတွက် အားလုံးလူစုကွဲသွားပြီး စစ်ကူပေးဖို့ အင်အားမစုစည်းနိုင်တော့ဘူး”

“ဒါက ကျုပ်တို့ရဲ့ သေကွင်းသေကွက်ကိုထိုးနှက်လိုက်တာပဲ၊၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို ဖြတ်တောက်လိုက်ပြီး လူသားတွေရဲ့ ခံစစ်ယုံကြည်မှုကို လုံးဝပျက်စီးသွားစေတယ်”

လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး “တကယ်ကို ရက်စက်တာပဲ… အမှန်တော့ အရက်စက်ဆုံးက ကိုယ့်လူတွေပဲ ဖြစ်နေတာ”

“ငါ အရင်က တွေးဖူးတာက သူတို့ ဒါကိုလုပ်ရတာ တခြားရည်ရွယ်ချက်တွေ ရှိနေလို့ ဖြစ်လိမ့်မယ်”

ယဲ့လန်က လင်းရှန်ကို ကြည့်လိုက်သည်။

“ကျုပ်လား”

“အစပိုင်းမှာတော့ ငါ သံသယဝင်ရုံသက်သက်ပဲ၊၊ လင်းရှန်… မင်းက ဖောင်ဒေးရှင်းအတွက် ဒီလောက်အထိ အရေးကြီးလိမ့်မယ်လို့ ငါ မယုံခဲ့ဘူး၊၊ ဒါပေမဲ့ အခုကြည့်ရတာ အဲ့အတွေးက အခြေအမြစ်မရှိတာတော့ မဟုတ်ဘူးထင်တယ်”

ယဲ့လန်က သူမ၏ အတွေးများကို မျှဝေလိုက်သည်၊၊

“မြင့်မြတ်မြို့တော်က လူတွေက မင်းကို လိုက်ရှာနေကြတယ်၊၊ ဖောင်ဒေးရှင်းကလည်း မင်းကို အမြဲတမ်းစောင့်ကြည့်နေတယ်၊၊ အခု ကော်လိုရာဒိုက အချက်အလက်တွေ အားလုံးကို ထုတ်လွှင့်လို့မရတော့ဘူး၊၊ လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို မသိရတော့ဘူး၊၊ သူတို့ကတော့ မင်းကို သွေးနီရောင်မြူထဲမှာပဲ ပျောက်ဆုံးနေပါစေ ဒါမှမဟုတ် ငါတို့က ဝင်ရိုးစွန်းမှာပဲ ဝှက်ထားပါစေ… ဒီသတင်းကို သိရတဲ့အခါ မင်းက မြောက်ဘက်ကို သေချာပေါက်ဦးတည်လာလိမ့်မယ်လို့ ယုံကြည်နေကြပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်လိမ့်မယ်”

လင်းရှန်က ထိုစကားကို ကြားပြီး အသာယာရယ်မောလိုက်သည်။

“ဒါက ပုံကြီးချဲ့သလိုဖြစ်နေရင်တောင် ကျုပ်သံသယဝင်မိတာက သူတို့တွေ ရလဒ်အများကြီးကို တစ်ခါထဲလိုချင်နေတာနေမှာပါ၊၊ ကျုပ်ကတော့ ဘေးထွက်ပစ္စည်းသက်သက်ပေါ့”

ယဲ့လန်သည် လင်းရှန်ကို အတော်ကြာအောင် တိတ်တဆိတ်စိုက်ကြည့်နေပြီးမှ ပြုံးလိုက်သည်။

“မင်း ငါ့ကို စတားဖိုင်းယားစီမံကိန်းကို အဆိုပြုတုန်းက ပြောခဲ့တယ် မဟုတ်လား… ဖြစ်နိုင်တာက မင်းရဲ့ ယန္တရားနှလုံးသားက အဆင့်မြင့်ယဉ်ကျေးမှုတွေနဲ့ ပတ်သက်နေလိမ့်မယ်လို့… ဖြစ်နိုင်တာက ဟန့်တားခြင်းခေတ်ရဲ့ အနှစ်သာရဖြစ်လိမ့်မယ်လို့ပေါ့… အခုကျမှ ဘာဖြစ်လို့ ဒီအဖြေကို သံသယဝင်နေရတာလဲ”

လင်းရှန် တိတ်ဆိတ်သွားပြီး သူ့နောက်က ဆိုဖာပေါ်သို့ အကူညီမဲ့စွာ ထိုင်ချလိုက်သည်၊၊

“ကျုပ် တကယ်တော့ ဒီမေးခွန်းကို တွေးဖူးပါတယ်၊၊ ဒါပေမဲ့ ကျုပ်ရဲ့ အဖွဲ့သားတွေကို စွန့်ပစ်လို့မရဘူးလေ၊၊ ဂြိုဟ်သားတစ်ယောက်က ကျုပ်ရှေ့မှာ ရုတ်တရက်ပေါ်လာပြီး လင်းရှန်... မင်း စွန့်စားလို့မရဘူး မင်းရဲ့ ယန္တရားနှလုံးသားက မျှော်စင်လူသားတွေကို ထိန်းချုပ်ဖို့ အရမ်းအရေးကြီးတယ်လို့ ပြောရင်တောင် ကျုပ်ကတော့...”

သူက ယဲ့လန်ကို မော့ကြည့်ကာ “ပရော်ဖက်ဆာယဲ့... ကျုပ်ကို ပြောပြနိုင်မလား.. အဆင့်မြင်းယဉ်ကျေးမှုတစ်ခုက ကျုပ်ဆီမှာ ယန္တရားနှလုံးသားကို ဘာဖြစ်လို့လာထားရတာလဲ… ကျုပ်သေသွားရင်ကော ဘာဖြစ်မလဲ… ဒါဆို ဒီလိုတည်ရှိမှုမျိုးတွေ အများကြီးရှိမနေသင့်ဘူးလား… လူသားတွေကို ကူညီချင်ရင် ဘာဖြစ်လို့ တိုက်ရိုက်မကူညီတာလဲ… ဒီမေးခွန်းတွေက ကျုပ်ခေါင်းကို ပေါက်ထွက်မတတ်ပဲ… တစ်ခါတလေကျရင်...”

သူက ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးရင်း “ကျုပ် အလွန်အကျွံတွေးနေမိတာလည်း ဖြစ်နိုင်တာပဲ… ဖြစ်နိုင်တာက ကျုပ်ရဲ့ ယန္တရားစွမ်းအားက မျှော်စင်လူသားတွေ ယူလာပေးတဲ့ ပုံမှန်စွမ်းရည်တစ်ခုသက်သက်ပဲ… ဟန့်တားခြင်းဆိုတာကလည်း တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး တောင်ဘက်ကောင်းကင်ဂိတ်ကနေ တကယ်ထွက်ပေါ်လာတာမဟုတ်လား… ကြည့်လေ ကော်လိုရာဒိုတိုက်ပွဲတုန်းက ပြင်းထန်တဲ့ ဟန့်တားမှုကို ပြသနိုင်ခဲ့တယ် မဟုတ်လား”

ထိုခဏ၌ ကီကီသည် လင်းရှန်က လေထဲသို့ တစ်ယောက်တည်း စကားပြောနေသည်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေမိသည်။ သူမ ဘာမှမပြောဘဲ နှုတ်ခမ်းကိုသာ စေ့ထားမိသော်လည်း လင်းရှန်သည် တစ်စုံတစ်ယောက်နှင့် အသိစိတ်ချင်းဆက်သွယ်ကာ စကားပြောနေသည်ကို သိနေသဖြင့် သူ၏ စကားလုံးများကြောင့် သူမ၏ နှလုံးသားမှာ အနည်းငယ်လေးလံသွားခဲ့ရသည်။

သူမတို့ မြို့ငယ်လေးတွင် ပထမဆုံးစတင်ဆုံတွေ့ခဲ့စဉ်က ထိုအနီရောင်ကင်းခြေများကို ရှင်းလင်းရင်း သူ၏ ယန္တရားစွမ်းအားဖြင့် ကောင်းကင်သို့ ပျံသန်းနိုင်မည့် သံမဏိခံတပ်ကြီးတစ်ခုတည်ဆောက်ရန် စိတ်ကူးယဉ်ခဲ့ပုံကို သူမ သတိရမိသည်။ ထိုအချိန်တုန်းက လင်းရှန်သည် လမ်းမပျောက်ခဲ့ဘဲ ရှင်းလင်းသောရည်ရွယ်ချက်ရှိခဲ့သည်။ သို့သော် ယခု သူက ဓားကိုင်ဆောင်သူဖြစ်လာခဲ့ပြီး ဖီးနစ်၏ အမှောင်ထုအပေါ် စူးစမ်းလေ့လာသူဖြစ်လာခဲ့ကာ အမှောင်ဂိုဏ်း၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများအကြား စံပြပုဂ္ဂိုလ်ဖြစ်လာခဲ့သည်... သို့သော် သူက သူမဟုတ်တော့သကဲ့သို့ပင်။

၎င်းကို တွေးမိသည့်အခါ ကီကီ စိတ်မကောင်းဖြစ်ရပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။

တစ်ပြိုင်နက်တည်းမှာပင် လင်းရှန်က ယဲ့လန်နှင့် ဆက်လက်စကားပြောနေသည်။

“ပရော်ဖက်ဆာယဲ့”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လင်းရှန်သည် ထိုင်နေရာမှ အနည်းငယ်အိုမင်းနေပြီဖြစ်သော ပုံရိပ်ကို ကြည့်ကာ မေးလိုက်သည်၊၊

“ကျုပ်ကို ဘာလုပ်စေချင်တာလဲ”

“ငါက မင်းကို ဝင်ရိုးစွန်းကို ပြန်လာဖို့ တောင်းဆိုချင်တယ်၊၊ ပြန်လာမယ်ဆိုရင် ငါတို့က မင်းကို အမြင့်ဆုံးကာကွယ်မှုနဲ့ မင်းလိုချင်တဲ့ အရင်းမြစ်တွေအားလုံးပေးမယ်… ဘယ်လိုလဲ”

ယဲ့လန်က မေးသည်။

လင်းရှန်က ပြုံးကာ တုံ့ဆိုင်းခြင်းမရှိပဲ ခေါင်းခါပြလိုက်၏။

“ဒါဆိုရင်လည်း အဲဒီရထားတွေကို ပြန်ခေါ်လာခဲ့”

ယဲ့လန်က လင်းရှန်ကို စိုက်ကြည့်လိုက်ပြီး သူမ၏ အသံမှာ အဆုံးမဲ့ကြယ်တာရာများကဲ့သို့ တည်ငြိမ်ကာ နက်ရှိုင်းလှသည်၊၊

“အဲဒီမှာ ရထားအဖွဲ့ပေါင်း ၂၁၇ ဖွဲ့ ရှိတယ်၊၊ ငါတွက်ချက်ထားတာက ရထားတွေ အားလုံးကို ချိတ်ဆက်လိုက်ရင် ကီလိုမီတာ ၁၀၀ ကျော်လိမ့်မယ်၊၊ ဒါ့အပြင် ဖီးနစ်က ခွန်းလွန်မြို့က စစ်လက်နက်စက်ရုံကို အပြည့်အဝအသက်သွင်းပြီး မုန်တိုင်းကမ်းခြေအပေါ်ကို ပို့လွှတ်ပေးမယ်၊၊ တောင်အမေရိက တိုက်ချင်းဖြတ်လမ်းကြောင်းချိတ်ဆက်မှုကို သေချာစေဖို့ပဲ၊၊ ခွန်းလွန်ကောင်စီက လွန်ခဲ့တဲ့ နှစ်နာရီက မင်းကို ဒီတာဝန်ရဲ့ အမြင့်ဆုံးစစ်သေနာပတိအဖြစ် ခန့်အပ်လိုက်ပြီး အမှတ် (၆) တိုက်ကြီးစစ်တပ်၊သံမဏိအစောင့်တပ်ရင်း ၁၃၊ ၂၂၊ အမှတ် (၂)တိုက်ကြီးစစ်တပ်ရဲ့ မီးလျှံကျောက်၊ နဂါးခွန်ပန်နဲ့ မိုးကြိုးအပါအဝင် ယန္တရားအဖွဲ့ ၆ ဖွဲ့ ဝေဟင်တပ်ဖွဲ့ သုံးဖွဲ့နဲ့ မြောက်အမေရိကနဲ့ တောင်အမေရိကမှာ ရှိတဲ့ စစ်ဆင်ရေးအဖွဲ့အားလုံးကို အပြည့်အဝကွပ်ကဲခွင့်ပေးလိုက်ပြီ”

ယဲ့လန်၏ စကားကို နားထောင်ရင်း လင်းရှန် ဖြည်းညှင်းစွာထရပ်လိုက်သည်။ ယဲ့လန်က သူ့ကို ပြတ်သားသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ သူ၏ ကျောရိုးတစ်ခုလုံးစိမ့်ခနဲဖြစ်သွားသလို ခံစားလိုက်ရ၏။

“ပြီးတော့ မင်းရဲ့ တာဝန်က တစ်ခုတည်းပဲ”

ယဲ့လန်၏ အသံက တွဲ ၆ ထဲတွင် ပဲ့တင်ထပ်သွားသည်—

“ဂြိုဟ်ပတ်ရထားလမ်းအဖွဲ့နဲ့ ဒီတိုက်ကြီးပေါ်က နောက်ဆုံးအသက်ရှင်ကျန်ရစ်သူတွေကို ဦးဆောင်ပြီး တောင်မြောက်ရထားလမ်းအတိုင်း သွေးနီရောင်မြူကို ဖောက်ထွက်ခဲ့ပါ၊၊ စတားဖလိ့က မုန်တိုင်းရေလက်ကြားမှာ မင်းအတွက် ပင်လယ်ပြင်ကို လောင်ကျွမ်းပေးလိမ့်မယ်...”

“အိမ်အပြန်ခရီးကို အလင်းရောင်ယူလာခဲ့ပါ”

All Chapters