အလုံးအရင်းဖြင့်ထိုးစစ်ဆင်ခြင်း (၂)
Vol. 72 Ch. 1144
“ကဲပါ… လက်တွေ့ကျတဲ့ အကြောင်းအရာတွေ ပြောရအောင်”
ကီကီက မျက်နှာတည်ကာ လင်းရှန်ကို အလေးအနက်ပြောလိုက်သည်။
“အချိန်အရဆိုရင် အစ်မချန်တို့က မြောက်အမေရိကကို စစ်ကူပေးဖို့ သွားခဲ့တာ ရက်ပေါင်းငါးဆယ်ကျော်နေပြီ။ ခရီးသွားချိန်ကို ထည့်တွက်ရင်တောင် ဒီလောက်ကြာတဲ့အထိ ဘာသတင်းမှမရှိတာ လူသုံးသန်းက ဘယ်လိုလုပ်ရှိနေဦးမှာလဲ။ အများစုက အသက်ရှင်နေဦးမယ်ဆိုရင်တောင် ဒီလောက်ကြာအောင် မလွတ်မြောက်နိုင်ဘူးဆိုတော့ သူတို့ ပိတ်မိနေတာပဲဖြစ်ရမယ်။ ပြန်တွေးကြည့်ရရင် အစ်မချန်နဲ့ မိုနီကာတို့မှာ ကောင်းကင်အမိုးခုံးရထားရှိတယ်၊ ရူဂျီကလည်း ရထားကိုထိန်းချုပ်နိုင်တယ်၊၊ ဗိုင်အိုလာနဲ့ ရှင့်ရဲ့ ဆောက်လုပ်ရေးဒရုန်း ထောင်ချီရှိတာကိုတော့ ထည့်မပြောနဲ့ဦး။ အဲဒါတွေအားလုံးနဲ့တောင် ဖောက်ထွက်မလာနိုင်ဘူးဆိုရင် ရထားလမ်းပျက်စီးတာထက် ပိုအန္တရာယ်များတဲ့အရာတစ်ခုခုရှိနေလို့ပဲ ဖြစ်ရမယ်၊၊ မဟုတ်ရင် ရှင်းပြဖို့ခက်တယ်”
သူမက ခဏရပ်ကာ မျက်ဝန်းများ လှုပ်ရှားသွားပြီး လေသံ အနည်းငယ်နှိမ့်လိုက်သည်။
“ဒါကတောင် အကောင်းမြင်တဲ့ဘက်က ခန့်မှန်းချက်လို့ ပြောလို့ရတယ်...”
လင်းရှန် ခေါင်းငြိမ့်မိသည်၊၊ သူလည်း ကီကီ၏ ခွဲခြမ်းစိတ်ဖြာမှုကို တွေးမိပြီးသားဖြစ်သော်လည်း လောလောဆယ်တွင် မည်သည့်ထင်မြင်ချက်မျှ မပေးနိုင်သေးပေ။ ယခု ဖီးနစ်နှင့် ဆက်သွယ်နိုင်ပြီဖြစ်၍ တိကျသော ဦးတည်ချက်တစ်ခုရရှိသွားပြီဖြစ်သည်။ အရီဇိုးနားဘက်က အခြေအနေကိုမူ ထိုနေရာသို့ရောက်မှသာ သိနိုင်မည်ဖြစ်ပြီး အဓိကမှာ ဤသွေးနီရောင်ဧရိယာကို ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ရန် သေချာလုပ်ရမည်ဖြစ်သည်။
“ဒါနဲ့”
ကီကီက လင်းရှန်ကို ဆက်မေးသည်။
“ဝင်ရိုးစွန်းဒေသက ဖီးနစ်ရဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး တပ်မှူးယဲ့က ဘာများပြောသေးလဲ။ အခု တွင်းနက်လှုပ်ရှားမှုနဲ့ သွေးနီရောင်တွေ ကျဆင်းလာတာကြောင့် ဖီးနစ်ရဲ့ မူလစီမံကိန်းက ပျက်စီးသွားလောက်ပြီ။ အခုက သွေးနီရောင်တွေ ဝင်ရိုးစွန်းကို ဝါးမျိုဖို့က အချိန်ပြဿနာပဲ၊၊ လူသားတွေမှာ ဆုတ်ခွာဖို့နေရာမရှိတော့ဘူး။ တကယ်လို့ ဖြစ်နိုင်ခြေရှိတဲ့ ရှင်သန်ရေးစီမံကိန်းမရှိရင် အသက်ရှင်ကျန်ရစ်သူတွေဟာ စိတ်ပျက်အားငယ်ပြီး မျှော်စင်လူသားတွေ မရောက်လာခင်မှာတင် သန္ဓေပြောင်းကုန်ကြလိမ့်မယ်”
“ဟုတ်တယ်”
လင်းရှန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း ရှေ့ရှိ ဟင်းလင်းပြင်ကို စိုက်ကြည့်ကာ “တကယ်တော့ ခန့်မှန်းရမခက်ပါဘူး၊၊ ဒီလိုအခြေအနေမျိုးမှာ လူသားတွေအနေနဲ့ ကောင်းကင်အကာကွယ်ကို ဖောက်ထွက်နိုင်မှပဲ ရှင်သန်ခွင့်ရလိမ့်မယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ကီကီလညိး အလိုလျောက်ခေါင်းငြိမ့်မိသွားသည်၊၊ သူမ ခေါင်းငုံ့ကာ စားပွဲပေါ်ရှိ ခွက်ထဲမှ ရေကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်ပြီး ဖြည်းဖြည်းချင်း လည်ပတ်စေရင်း တီးတိုးရေရွတ်လိုက်သည်။
“ဒါဆို ကျွန်မတို့က အပြာရောင်ဂြိုလ်ကို စွန့်ခွာရင်တောင် မျှော်စင်လူသားတွေက ကျွန်မတို့ကို အလွတ်ပေးဖို့ ဆန္ဒမရှိလောက်ဘူး...”
လင်းရှန် ခဏမျှ နှုတ်ဆိတ်သွားပြီး ရထားတွဲအတွင်း တိတ်ဆိတ်သွားလေသည်။
အချိန်မည်မျှကုန်လွန်သွားသည်မသိဘဲ ရထားတွဲအပြင်ဘက်တွင် အေးစက်သောလေပြင်းများတိုက်ခိုက်လာကာ သံချပ်ကာနံရံများဆီမှ ညည်းတွားသံများ ထွက်ပေါ်နေလေသည်။ လင်းရှန်က အချိန်ကို စစ်ဆေးလိုက်ပြီး ကီကီကို ပြောလိုက်သည်။
“မင်း နည်းနည်းလောက် အိပ်လိုက်ဦး။ အခုက ငါတို့နှစ်ယောက်ထဲရှိတယ်၊၊ ခရီးစဉ်အရဆိုရင် မြောက်အမေရိကဒေသထဲ ဝင်ဖို့ အနည်းဆုံး ၃ ရက် ကြာလိမ့်မယ်၊၊ အရီဇိုးနားကို ရောက်ဖို့ဆိုရင် အစောဆုံး ၅ ရက်လောက် ကြာလိမ့်မယ်၊၊ နောက်ပိုင်း အနားယူဖို့ အခွင့်အရေးရှိချင်မှရှိတော့မယ်၊၊ မင်းရဲ့ ဒဏ်ရာကလည်း လုံးဝမသက်သာသေးဘူး၊၊ အနားယူလိုက်ဦး”
“သိပါတယ်...”
ကီကီက စိတ်မရှည်သလို ရေရွတ်ရင်း ပြန်ဖြေလိုက်သည်၊၊ သူမက လက်ထဲရှိ နူးညံ့သော စောင်ကို ကြည့်လိုက်ပြီး မျက်ဝန်းများက အရောင်တောက်သွားပြီး ရုတ်တရက် လက်ကိုမြှောက်ကာ စိတ်စွမ်းအားဖြင့် ထိန်းချုပ်ရင်း စောင်ကို လင်းရှန်ဆီသို့ တိုက်ရိုက်ပျံဝဲသွားစေသည်၊ ထို့နောက် ကိုအာလာဝက်ဝံလေးတစ်ကောင်လို လင်းရှန်ပေါ်သို့ ခုန်တက်ကာ ခြေထောက်များဖြင့် လင်းရှန်၏ ခါးကိုရစ်ပတ်ပြီး လက်မောင်းများဖြင့် သူ့လည်ပင်းကို ဖက်တွယ်လိုက်သည်။
“မင်း ဘာလုပ်တာလဲ”
“အိပ်ရေးဝအောင် အိပ်မလို့လေ”
ကီကီက လင်းရှန်၏ ရင်ခွင်ထဲသို့ ယုံကြည်မှုအပြည့်ဖြင့် မှီနွဲ့လိုက်ရာ ကြာမြင့်စွာ ဝေးကွာခဲ့သော နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သူမ၏ နှလုံးခုန်သံများမြန်ဆန်လာပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်၊၊ ကြာမြင့်စွာ မေ့လျော့နေခဲ့သော နွေးထွေးမှုက သူမ၏ မျက်ခုံးကြားရှိ အေးစက်မှုများကို အရည်ပျော်စေပြီး တင်းမာနေသော အမူအရာကလည်း ပြေလျော့သွားတော့သည်။
လင်းရှန်က လက်များကို မြှောက်ထားရင်း အနေရခက်စွာ ရပ်နေမိသည်၊၊ မိမိရင်ခွင်ထဲတွင် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး မျက်တောင်လေးများ အနည်းငယ်တုန်ခါနေသော ကီကီကို ငုံ့ကြည့်လိုက်မိသည်။ ဤမျှနီးကပ်သည့် အကွာအဝေးတွင် သူမ၏ ဖြူစင်ဝင်းပသော ကျောက်စိမ်းကဲ့သို့ မျက်နှာပေါ်ရှိ မွေးညှင်းနုလေးများကိုပင် မြင်နေရသလိုရှိသည်။ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုကြောင့် ဖြစ်နိုင်သည်၊၊ သူမ၏ နဂိုကပင် နူးညံ့သော အသားအရေက အသက်စွမ်းအားအပြည့်ဝဖြင့် ဖူးပွင့်နေပြီး ဝင်းပသောအသားအရေကို ပိုမိုတောက်ပစေရာ သူ့ကို ခဏမျှ မှင်သက်သွားစေသည်။ နီးကပ်လွန်းသောကြောင့် ရရှိလာသော မွှေးပျံ့သော ဆံနွယ်ရနံ့နှင့် ပေါင်းစပ်လိုက်သောအခါ သူ့နှလုံးသားထဲတွင် ယားကျိကျိခံစားချက်လေးတစ်ခု တိတ်တဆိတ်ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ထိုမိန်းကလေးကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမ၏ နဖူးကို ညင်သာစွာ နမ်းလိုက်သည်။
လင်းရှန်၏ လှုပ်ရှားမှုကို ခံစားလိုက်ရသဖြင့် ကီကီက ကြောင်ပေါက်လေးတစ်ကောင်လို တွန့်လိမ်ကာ သူ့ကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမ၏ လက်ချောင်းများက သူ့ကျောပြင်ရှိ အင်္ကျီစများကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ကြသည်။
“လင်းရှန်”
“အင်း”
ရထားတွဲအတွင်းရှိ မှိန်ပြပြအလင်းရောင်ကြောင့် အရာဝတ္ထုများ၏ ပုံရိပ်လွှာကိုသာ မြင်နိုင်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်နှစ်ခု ထိတွေ့နေသော ပူပြင်းသည့် အပူချိန်မှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်နေသည်၊၊ အေးစက်သော လေပြင်းထဲရှိ လင်းလက်နေသော ဖယောင်းတိုင်မီးတောက်လေးတစ်ခုကဲ့သို့ မမြင်နိုင်သော ပြင်းထန်သည့် အပူရှိန်ကို ထုတ်လွှတ်နေ၏။
“ကျွန်မတို့ သူတို့ကို သေချာပေါက်ရှာရမယ်၊၊ အစ်မချန်၊ တာလို့၊ ရှားရှား၊ ရှုချင်းနဲ့ အတွင်းခံအင်္ကျီအရောင်လွင့်နေတဲ့ အဲဒီကောင်လည်း အသက်ရှင်နေဦးမယ်ဆိုတာ ကျွန်မသေချာတယ်”
“အင်း”
မိန်းမငယ်လေးက ရေရွတ်ရင်း သူ့ပေါင်ပေါ်တွင် အနည်းငယ်ရွှေ့လိုက်ပြီး ရုတ်တရက် ကျီစယ်ချင်သော မျက်ဝန်းများဖြင့် မော့ကြည့်ကာ လင်းရှန်ကို ပြုံးပြလိုက်သည်။
“အခု ကျွန်မတို့နှစ်ယောက်တည်းရှိတာဆိုတော့ တစ်ယောက်ယောက်က ကျွန်မအပေါ် မရိုးသားတဲ့အတွေးများ တွေးနေသလားပဲ”
“အာ... ငါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“လူလိမ်”
ကီကီက မျက်လုံးလေးများ မှေးလိုက်ပြီး သူ့၏ ရှောင်လွှဲနေသော မျက်လုံးများကို လိုက်ဖမ်းရင်း မျက်နှာတစ်ခုလုံးနီမြန်းသွားသည်၊၊ သူမက မျက်လုံးများကို စူးစိုက်ကြည့်ရင်း စစ်ဆေးသည့် လေသံဖြင့် “ရှင့်ဆီက တုံ့ပြန်မှုရှိနေပြီပဲ… လူယုတ်မာကြီး”
လင်းရှန် ဆွံ့အသွားပြီး ရင်ထဲတွင် ရုတ်တရက် ပေါ်လာသော အကြောင်းပြချက်မရှိသည့် စိတ်ရိုင်းမီးတောက်က ချက်ချင်းငြိမ်းသတ်သွားကာ အနေရခက်စွာ ရယ်မောလိုက်ရင်း “တကယ်လို့ ငါ့မှာ ဘာတုံ့ပြန်မှုမှမရှိရင် ငါက စက်ရုပ်ဖြစ်နေမှာပေါ့”
ကီကီက နှုတ်ခမ်းစေ့ကာ ပြုံးလိုက်ပြီး မျက်လုံးများကို လွှဲလိုက်ရင်း လင်းရှန်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးကာ အိပ်ချင်ဟန်ဆောင်လိုက်သည်။
“ကျွန်မကို ဒီတိုင်းပဲဖက်ထားပြီး ဘာအခွင့်အရေးမှ မယူနဲ့နော်...”
“အမိန့်အတိုင်းပါ”
လင်းရှန်က ခပ်ဖွဖွရယ်မောလိုက်ရာ ထိုအခိုက်အတန့်တွင် သူ၏ စိတ်မကောင်းဖြစ်မှုများ အနည်းငယ်ပျောက်ကွယ်သွားသည်၊၊ သူက ဖက်ထားမှုကို တင်းကျပ်လိုက်ပြီး နူးညံ့သောမိန်းကလေးက မိမိနှင့် ရစ်ပတ်နေသည်ကို ခံစားရင်း မွှေးပျံ့သော ရနံ့များကို ရှူရှိုက်ကာ စိတ်ကူးယဉ်မှုများကို ထိန်းချုပ်ပြီး ယန္တရားထုတ်လုပ်မှုဖြင့် ကိရိယာတန်ဆာပလာများကို ဆက်လက်တွေးတောနေမိသည်။
ထိုအခိုက်တွင် လင်းရှန်၏ ရင်ခွင်ထဲ၌ ငြိမ်သက်စွာ မှီနွဲ့နေသော ကီကီသည် လင်းရှန် အလုပ်စလုပ်နေသည်ကို ခံစားမိကာ အသံတိတ်နှာမှုတ်လိုက်သည်။ ချက်ချင်းပင် သူမက လင်းရှန်၏ လည်ပင်းနောက်သို့ လက်ချောင်းတစ်ချောင်းဖြင့် ချိတ်လိုက်ရာ စိတ်စွမ်းအားလှိုင်းတစ်ခုဖြတ်သန်းသွားပြီး ရထားတွဲအတွင်းရှိ မီးအလင်းရောင်များ ရုတ်တရက်ငြိမ်းသွားကာ ရထားတွဲတစ်ခုလုံး မှောင်ကျသွားတော့သည်။
လင်းရှန် လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ကာ အလောတကြီးမေးလိုက်သည်။
“ဘာဖြစ်တာလဲ”
စကားသံများ မဆုံးခင်မှာပင် ဒေါသအနည်းငယ် ပါဝင်နေပုံရသော စိတ်ဆိုးမာန်ဆိုး နှာမှုတ်သံတစ်ခုကို သူ ရုတ်တရက် ကြားလိုက်ရသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် နူးညံ့သော်လည်း ခိုင်မာသော နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းများပေါ်သို့ ရုတ်တရက် ဖိကပ်လာတော့သည်။
လင်းရှန်၏ မျက်လုံးများ ဝိုင်းသွားပြီး မိန်းကလေး၏ တက်ကြွမှုနှင့် ရဲရင့်သောအရှိန်အဝါကို ခံစားလိုက်ရကာ ရင်ဘတ်ထဲတွင် ထိန်းချုပ်ထားသော စိတ်ရိုင်းမီးတောက်က ချက်ချင်းပင် ဝုန်းဒိုင်းကြဲတောက်လောင်သွားတော့သည်။ သူက စားပွဲပေါ်ရှိ အစိတ်အပိုင်းများကို လက်ဖြင့်ယမ်းကာဖယ်ရှားပစ်လိုက်ပြီး ကီကီ၏ လက်များကို တိုက်ရိုက်ဆွဲကိုင်ကာ ပြင်းပြသောအနမ်းတစ်ခုထဲတွင် နစ်မျောသွားတော့သည်။
ကျိအန်းမြို့မှ သန်းခေါင်ယံကအချိန်၌ ကယ်လာကတည်းက အနိမ့်အမြင့်အတက်အကျများစွာကို ဖြတ်သန်းရင်း သူနှင့် ဤတက်ကြွပြီး စပ်စုတတ်သော ကောင်မလေးသည် မရေမတွက်နိုင်သော သေရေးရှင်ရေးအခိုက်အတန့်များကို အတူတူမျှဝေခဲ့ကြသည်။ အကြိမ်ပေါင်းများစွာတွင် ကီကီက သူမ၏ သေးငယ်သောခန္ဓာကိုယ်လေးဖြင့် သူ့ကို အန္တရာယ်များမှ မတွန့်ဆုတ်ဘဲ ကာကွယ်ပေးခဲ့သည်၊၊ နောက်ဆုံး ဤတစ်ကြိမ်တွင် သူ သုံးလကြာ သတိလစ်မေ့မြောနေစဉ်အတွင်း ကီကီက သူမ၏ အရာအားလုံးကို စွန့်စားပြီး သူ့၏ အေးခဲအခန်းငယ်ကို ပို့ဆောင်ပေးခဲ့သည်၊၊ ဒဏ်ရာအပြင်းအထန်ရပြီး နိုးလာပြီးနောက်တွင်လည်း သူ့ကို ရှာဖွေရန် ဟတ်ကိုစစ်မြေပြင်သို့ သူမတစ်ဦးတည်း စွန့်စားသွားခဲ့သည်။ လင်းရှန်၏ မျက်လုံးထဲတွင် ကီကီသည် သူ၏ ကိုယ်ပိုင်အသက်နှင့် ဝိညာဉ်ထက်ပင် ကျော်လွန်သွားခဲ့သည်မှာ ကြာပါပြီ။
ဒါက အချစ်လား။ မဟုတ်ဘူး… ဒါက အလင်းရောင်ဖြစ်သည်… အပူရှိန်ဖြစ်သည်… အဆုံးစွန်သော အလှတရားဖြစ်သည်၊၊ ကမ္ဘာပျက်ကပ်ထဲတွင် မတွန့်ဆုတ်ဘဲ ကာကွယ်ရကျိုးနပ်သည့် ရတနာဖြစ်သည်၊၊ ပျက်စီးယိုယွင်းနေသော ယဉ်ကျေးမှု၏ အဆုံးသတ်ကမ္ဘာကြီးထဲတွင် ထိုသို့သော သံယောဇဉ်များသည် ရိုးရှင်းသောစိတ်ခံစားမှုများ၏ နယ်ပယ်ကို လွန်မြောက်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
အမှောင်ထဲတွင် အထီးကျန်ဝိညာဉ်နှစ်ခုက ပြင်းပြစွာ ပေါင်းစပ်သွားကြသည်။ သူတို့ ရောက်ရှိနေသော အန္တရာယ်ရှိသည့် သွေးနီရောင်ကမ္ဘာကြီးကို မေ့လျော့သွားပုံရပြီး ပတ်ဝန်းကျင်တွင် ထူးဆန်းသော ကြောက်မက်ဖွယ်ရာများနှင့် ရှေ့တွင် အဆုံးမဲ့ဝင်ရိုးစွန်းညထဲက ရက်စက်ကြမ်းကြုတ်သော ငရဲကြီးရှိနေသည်။ ဤအခိုက်အတန့်တွင် သူတို့ကြား၌ ကျန်ရှိနေသည်မှာ မူလဆန္ဒများ၏ ထိုးနှက်ချက်နှင့် ရှက်သွေးဖြာနေသော်လည်း အတားအဆီးမရှိ ရဲရင့်သောလက်ခံမှုသာဖြစ်ပြီး ပြင်းပြသော ရင်းနှီးကျွမ်းဝင်မှုနှင့် အနမ်းများသာရှိတော့ရာ အတားအဆီးအမှန်သမျှကို တောမီးကဲ့သို့ တောက်လောင်သွားစေတော့သည်...
“ရှင် လူကြမ်းကောင်”
အမှောင်ထဲတွင် ကီကီ၏ ခေါင်းမာသောအသံက ထွက်ပေါ်လာသည်။
“ဒီနေ့ကစပြီး ရှင်က ဒီမိန်းကလေးရဲ့ လူပဲ၊ အခုကစပြီး ကျွန်မက စစ်သေနာပတိပဲ”
“ဘယ်ကဏ္ဍမှာလဲ” လင်းရှန်က မေးလိုက်သည်။
“အာ... ဟို... နမ်းတဲ့နေရာမှာ ပြောတာပါ”
“သဘောတူတယ်”
“အင်း… ဟုတ်ပြီ၊၊ ဒီမိန်းကလေးက ခွင့်ပြုတယ်၊ စစ်ဆင်ရေးစတင်မယ်”
“အမိန့်အတိုင်းပါပဲ၊ တပ်ဖွဲ့အားလုံး ရှေ့သို့ ချီတက်”
“အား... နာတယ်... မလုပ်နဲ့၊ မလုပ်နဲ့... ကျွန်မ မလိုချင်ဘူး၊ မလိုချင်ဘူး...”
စိတ်စွမ်းအားလှိုင်းက လှုပ်ခတ်သွားပြီး မှောင်မိုက်နေသော ရထားတွဲအတွင်း၌ ငွေရောင်ငါးလေးတစ်ကောင်ကဲ့သို့ နွဲ့နှောင်းသောပုံရိပ်တစ်ခုက သုတ်သီးသုတ်ပျာဖြင့် ထွက်ပြေးလွတ်မြောက်သွားလေတော့သည်...