← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း - ၁၄၅

စိန်ခေါ်မှုကို ရင်ဆိုင်လိုက်ရချိန်တွင် ကျိုးချန်သည် ထိုလူမိုက်လေးကို စွဲမြဲစွာ စိုက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

လူမိုက်လေးက ကျိုးချန်ကို ရန်စလိုသော မျက်နှာထားဖြင့် ပြန်လည်စိုက်ကြည့်ကာ -

“ဘာကြည့်တာလဲ ခြေမသန်တဲ့ကောင်ရဲ့”

ကျိုးချန်က ရှီလဲ့ထံသို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် မေးခွန်းထုတ်သည့် အရိပ်အယောင်များ ရှိနေသည်။ ရှီလဲ့က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းတို့အားလုံးလည်း ကျိုးချန်က ဘာလို့ နည်းပြလုပ်နိုင်ရတာလဲဆိုတာ သံသယဝင်နေကြတယ် မဟုတ်လား”

လူမိုက်များသည် စကားမဆိုကြသော်လည်း သူတို့၏ မျက်နှာအမူအရာများအရ ကျိုးချန်ကို လုံးဝမလေးစားကြကြောင်း ထင်ရှားနေသည်၊ သူတို့သည် ခြေမသန်သော နည်းပြတစ်ဦးကို အထင်မကြီးကြချေ။

“မင်း... ရှေ့ကို တစ်လှမ်းထွက်ခဲ့” ရှီလဲ့က ကျိုးချန်ကို လှောင်ပြောင်ခဲ့သည့် လူမိုက်ကို လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောလိုက်သည်။

“မင်းတို့ ငါတို့ရဲ့ JSSL လုံခြုံရေးကုမ္ပဏီရဲ့ ဝန်ထမ်းအဆင့်သတ်မှတ်ချက်တွေအကြောင်း ကြားဖူးကြမှာပါ မင်း ကျိုးချန်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမယ်၊ မင်း သူ့ကို နိုင်အောင်တိုက်နိုင်သရွေ့ မင်းကို ငါ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးမယ်”

ကျိုးချန်ကို လှောင်ပြောင်ခဲ့သည့် လူမိုက်သည် ဝမ်းသာအားရ ဖြစ်သွားပြီး -

“အစ်ကိုကြီးရှီ... အစ်ကို တကယ်ပြောတာလား”

“ငါ ရှီလဲ့ စကားပြောရင် ‌‌ေပြာတဲ့အတိုင်းလုပ်တယ်... မင်း ကျိုးချန်ကို နိုင်အောင် တိုက်နိုင်သရွေ့ အဲ့ရာထူးက မင်းအပိုင်ပဲ” ရှီလဲ့က စနောက်လိုသော လေသံဖြင့် ပြောလိုက်သည်။

ကျိုးချန်သည် ခြေတစ်ဖက်ကို အနည်းငယ် ဆွဲလျက် ရှေ့သို့ နှစ်လှမ်း တက်လာပြီး ထိုလူမိုက်လူငယ်ကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

ကျိုးချန်ကို လှောင်ပြောင်ခဲ့သည့် လူမိုက်လူငယ်၏ အမည်မှာ ဆန်းကျိ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူမိုက်များက အားကျအတုယူဖွယ် လေသံများဖြင့် ပြောကြသည်။

“ဆန်းကျိ... မင်းတော့ ကံကောင်းတာပဲဟေ့”

“ဆန်းကျိ... မင်း အဖွဲ့ခေါင်းဆောင်ဖြစ်သွားရင် ငါတို့ ညီအစ်ကိုတွေကို မမေ့နဲ့ဦးနော်”

ဆန်းကျိက ရယ်မောလျက် ခေါင်းညိတ်ပြကာ

“စိတ်ချပါ ညီအစ်ကိုတို့၊ ငါ မင်းတို့ကို မမေ့ပါဘူး” ထို့နောက် ဆန်းကျိက လူအုပ်ထဲမှ ထွက်လာပြီး ကျိုးချန်ထံသို့ လျှောက်လှမ်းသွားကာ

“ခြေမသန်တဲ့ကောင်... ငါ မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့ဦး မင်းကို အရင် စတိုက်ခွင့်ပေးမယ်”

ကျိုးချန်က ဆန်းကျိကို ကြည့်ကာ

“မင်းပဲ အရင်တိုက်လိုက်ပါ မဟုတ်ရင် ငါ အရင်စတိုက်လိုက်လို့ မင်းမှာ တိုက်ခိုက်ခွင့်တောင် ရမှာမဟုတ်ဘူး”

ဆန်းကျိသည် ကျိုးချန်၏ အထင်သေးသော အမူအရာကြောင့် ဒေါသထွက်သွားပြီး အော်ဟစ်လျက် ကျိုးချန်ထံသို့ အပြင်းအထန် ပြေးဝင်သွားတော့သည်။

“သောက်ခြေမသန်တဲ့ကောင်... ငါ့ရှေ့မှာ လဲကျသွား‌ေစရမယ်”

ဆန်းကျိသည် ကျိုးချန်ထံသို့ ပြေးဝင်သွားပြီး ကျိုးချန်၏ ခန္ဓာကိုယ်နှင့် နီးကပ်လာချိန်တွင် ရုတ်တရက် အပေါ်သို့ ခုန်တက်ကာ ကျိုးချန်၏ ဝမ်းဗိုက်ကို လေဟုန်စီးကန်ချက်ဖြင့် ကန်လိုက်တော့သည်။

ကျိုးချန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဆန်းကျိ၏ လေဟုန်စီးကန်ချက်ကို ရင်ဆိုင်ရချိန်တွင် ကျိုးချန်သည် လုံးဝ တုန်လှုပ်ခြောက်ခြားခြင်း မရှိပေ။ သူသည် ဘေးသို့ အနည်းငယ် ရှောင်တိမ်းလိုက်ကာ ဆန်းကျိ၏ ကန်ချက်ကို လွတ်အောင်ရှောင်ပြီးနောက် သူ၏ ညာဘက်တံတောင်ဆွဲချက်ဖြင့် ဆန်းကျိ၏ ရင်ဘတ်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ ဆန်းကျိသည် လေထဲတွင် ချက်ချင်းပင် ဟန်ချက်ပျက်သွားပြီး နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲသွားတော့သည်။

“အသုံးမကျတဲ့ကောင်” ကျိုးချန်က နှစ်ချက်မျှ နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ပြီး လူမိုက်များစွာကို ကြည့်ကာ ခြိမ်းခြောက်နိုင်သော လေသံဖြင့် ပြောလိုက်သည်။

“ငါက တစ်ချိန်က အထူးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးဘုရင်လို့ လူသိများခဲ့တဲ့လူပဲ... ငါ စစ်မြေပြင်ပေါ် ရောက်ခဲ့ဖူးပြီး ရန်သူတွေကိုလည်း သတ်ခဲ့ဖူးတယ်... မင်းတို့လို အမှိုက်တွေက ငါ့မျက်စိထဲမှာ ဘာမှမဟုတ်ဘူး”

လူမိုက်များစွာသည် အသက်ရှူမှားမတတ် ဖြစ်သွားကြပြီး ဤခြေမသန်သော အမျိုးသားက အထူးတပ်ဖွဲ့မှ တိုက်ခိုက်ရေးဘုရင် ဖြစ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြချေ။

ရှီလဲ့သည် စိတ်ထဲမှနေ၍ ဤအထူးတပ်ဖွဲ့ ဘုရင်ကြီးအတွက် သက်ပြင်းချမိသည်။ အကယ်၍ သူ၏ ဘယ်ဘက်ခြေထောက်သာ မထိခိုက်ခဲ့ပါက သူ၏အစွမ်းမှာ ဆယ်ဆမက ပိုမိုထက်မြက်နေမည်ဖြစ်ပြီး ဤလူမိုက် အယောက်သုံးဆယ်ကို တစ်ယောက်တည်း ရင်ဆိုင်ရလျှင်ပင် ဘာမှအခက်အခဲ ရှိမည်မဟုတ်ပေ။

“ကျိုးချန်က အခုကစပြီး မင်းတို့ရဲ့ နည်းပြချုပ် ဖြစ်လိမ့်မယ် နောက်ထပ် ကန့်ကွက်ချင်တဲ့လူ ရှိသေးလား... ကျိုးချန်ကို နိုင်အောင် တိုက်နိုင်တဲ့လူ ရှိရင် ငါ ထပ်ပြောမယ် အဲ့လူကို ငါ အဖွဲ့ခေါင်းဆောင်အဖြစ် ချက်ချင်းခန့်မယ်” ရှီလဲ့က အလေးအနက် ပြောကြားလိုက်သည်။

ကျိုးချန်သည် ရှီလဲ့၏ စကားနှင့်အညီ လူမိုက်များကို ဝေ့ကြည့်လိုက်သည်။ မည်သည့်လူမိုက်မျှ ကျိုးချန်၏ အကြည့်ကို တည့်တည့်မကြည့်ဝံ့ကြချေ၊ ထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည့် အမာရွတ်ပင်လျှင် သူ၏ခေါင်းကို အနည်းငယ် ငုံ့ထားမိသည်။

ရှီလဲ့က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး

“အရမ်းကောင်းတယ် မင်းတို့ထဲက ဘယ်သူမှ မတိုက်ဝံ့ကြတဲ့အတွက် အခုကစပြီး နည်းပြချုပ် ကျိုးချန်ရဲ့ အမိန့်ကို သေသေချာချာ နာခံကြ”

ကျိုးချန်က

“စိတ်ချပါ... ငါ မင်းတို့ကို သေသေချာချာ လေ့ကျင့်ပေးပြီး အရည်အချင်းပြည့်မီတဲ့ စစ်သားကောင်းတွေ ဖြစ်လာအောင် လုပ်ပေးမယ်”

“အဟွတ်... အဟွတ်” ရှီလဲ့က နှစ်ချက်မျှ ချောင်းဆိုးလိုက်ပြီး -

“ကျိုးချန်... သူတို့ကို အရည်အချင်းပြည့်မီတဲ့ လုံခြုံရေးဝန်ထမ်းတွေ ဖြစ်အောင် လေ့ကျင့်ပေးပါ၊ သတိရပါ... လုံခြုံရေးဝန်ထမ်းတွေနော်” ရှီလဲ့က စစ်သားများကို လေ့ကျင့်ပေးခြင်းသည် နိုင်ငံတော်နှင့် သက်ဆိုင်သော ကိစ္စဖြစ်ပြီး JSSL လုံခြုံရေးကုမ္ပဏီသည် လုံခြုံရေးဝန်ထမ်းများကိုသာ လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း ကျိုးချန်အား သတိပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ခုစလုံး၏ အနှစ်သာရမှာတော့ သိပ်ပြီး ကွာခြားလှသည်မဟုတ်ပေ။

ကျိုးချန်က ခေါင်းညိတ်ပြကာ

“နားလည်ပါပြီ၊ သူဌေး”

ရှီလဲ့က လူမိုက်များကို သတိပြုမိစေရန် လက်ခုပ်တီးလိုက်ပြီး

“နားကပ်၊ အားမောင်၊ မျောက်၊ ဓါးမြှောင်”

နားကွင်းတစ်ဖက် အပါအဝင် လေးယောက်စလုံး ရှေ့သို့ တစ်လှမ်းတက်လာကာ ရှီလဲ့ကို အလေးအနက် စိုက်ကြည့်လိုက်ကြပြီး သူတို့ကို အဖွဲ့ခေါင်း‌ေဆာင်အဖြစ် ခန့်အပ်မည့်အချိန် ရောက်ပြီလားဟု ခန့်မှန်းနေကြသည်။

မှန်းဆချက်အတိုင်းပင် ရှီလဲ့က ပြောလိုက်သည်။

“မင်းတို့ လေးယောက်ကို ယာယီအားဖြင့် အဖွဲ့ခေါင်းဆောင်တွေအဖြစ် သတ်မှတ်လိုက်တယ်” ထိုသို့ပြောပြီးနောက် ရှီလဲ့က အခြားလူမိုက်လူငယ်များကို ကြည့်ကာ နှာခေါင်းရှုံ့လျက်

“သူတို့ အဖွဲ့ခေါင်းဆောင်ဖြစ်သွားတာကို မင်းတို့ မကျေမနပ် ဖြစ်နေကြတာလား သူတို့ ဘာလို့ အဖွဲ့ခေါင်းဆောင် ဖြစ်ရတာလဲဆိုတာ သံသယဝင်နေကြတာလား ငါ မင်းတို့ကို ပြောပြမယ်... သူတို့ လေးယောက်က ငါပေးခဲ့တဲ့ တာဝန်နှစ်ခုကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့ကြတယ်၊ သူတို့ရဲ့ စွမ်းဆောင်ရည်က အဖွဲ့ခေါင်းဆောင် ဖြစ်ဖို့ လုံလောက်တယ်”

နားကပ်တစ်ဖက် အပါအဝင် လေးယောက်စလုံးသည် စိတ်လှုပ်ရှားစွာဖြင့် ရှီလဲ့ကို ကြည့်လိုက်ကြပြီး သူတို့၏စိတ်ထဲတွင် ‘ပညာရှိသည် မိမိကို သိနားလည်သူအတွက် အသက်ပေးဝံ့သည်’ ဟူသော ခံစားချက်မျိုး ပေါ်ပေါက်လာခဲ့တော့သည်။

“မင်းတို့အားလုံး ငါတို့ကုမ္ပဏီရဲ့ အဆင့်အတန်းနဲ့ ခံစားခွင့်တွေကို သိကြမှာပါ နောက်ထပ် အဖွဲ့ခေါင်းဆောင် လုပ်ချင်တဲ့လူ ရှိသေးလား” ရှီလဲ့က ကျန်ရှိနေသော လူ ၃၆ ဦးကို ကြည့်လိုက်ရာ ထိုအထဲတွင် ခြောက်ဦးမှာ နားကပ်တစ်ဖက်နောက်သို့ အစောဆုံး လိုက်ပါခဲ့ကြသော ညီအစ်ကိုများ ဖြစ်ကြသည်။

“ပြောစမ်း... မင်းတို့ အဖွဲ့ခေါင်‌ဆောင် ဒါမှမဟုတ် တပ်စုမှူး ဖြစ်ချင်ကြလား” ရှီလဲ့က အော်မေးလိုက်သည်။

ကျန်ရှိသော လူမိုက် ၃၆ ဦးသည် ဆူညံစွာဖြင့် အော်ဟစ်ကြတော့သည်။

“ဖြစ်ချင်ပါတယ် ကျွန်တော် အဖွဲ့ခေါင်းဆောင် ဖြစ်ချင်ပါတယ်”

“ကျွန်တော် တပ်စုမှူး ဖြစ်ချင်တယ်”

“ဘယ်သူက ငါနဲ့ တပ်စုမှူး ရာထူးကို လုဝံ့လဲဟေ့”

ရှီလဲ့သည် သူ၏ဘောင်းဘီအိတ်ထဲမှ ဖဲထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး စပိတ် ၊ ဟတ် နှင့် ကလပ် တို့၏ ဖဲချပ်များကို ဖယ်ထုတ်လိုက်ကာ ဤဖဲချပ် ၃၆ ချပ်ကို မွှေနှောက်ပြီး ပြောလိုက်သည်။

“ငါ့လက်ထဲမှာ ဖဲချပ် ၃၆ ချပ် ရှိတယ်။ မင်းတို့ တစ်ယောက်ချင်းစီ လာနှိုက်ကြ။ တူညီတဲ့ ဖဲချပ်အမျိုးအစားထဲက Ace ကနေ 6 အထိက တစ်အုပ်စု ဖြစ်ပြီး 7 ကနေ Q အထိက နောက်တစ်အုပ်စု ဖြစ်မယ်၊ ဒါဆိုရင် အုပ်စုငယ် ၆ စု ရလိမ့်မယ်၊ ခြောက်ယောက်ပါတဲ့ အုပ်စုငယ်တစ်ခုစီမှာ နှစ်ယောက်ချင်းစီ ယှဉ်ပြိုင်တိုက်ခိုက်ပြီး အနိုင်ရသူ သုံးယောက်ကို ရွေးချယ်မယ်”

ခဏမျှ ရပ်နားပြီးနောက် ရှီလဲ့က ဆက်ပြောသည်။

“အနိုင်ရတဲ့သူ သုံးယောက်ဟာ တူညီတဲ့ ဖဲချပ်အမျိုးအစားထဲက 7 ကနေ Q အထိ အုပ်စုရဲ့ အနိုင်ရသူ သုံးယောက်နဲ့ သုံးယောက်ချင်းစီ အုပ်စုလိုက် တိုက်ခိုက်ရမှာဖြစ်ပြီး နောက်ထပ် အနိုင်ရသူ သုံးယောက်ကို ထပ်မံရွေးချယ်မယ်” လူမိုက်များ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ရှီလဲ့က ဥပမာပေးကာ ရှင်းပြလိုက်ရသည်။

“ရိုးရိုးရှင်းရှင်း ပြောရရင် စပိတ် Ace ကနေ 6 အထိ ရတဲ့ လူခြောက်ယောက်ထဲမှာ စပိတ် 1 နဲ့ စပိတ် 2 တိုက်ရမယ်၊ စပိတ် 3 နဲ့ စပိတ် 4 တိုက်ရမယ်၊ စပိတ် 5 နဲ့ စပိတ် 6 တိုက်ရမယ်။ အဲဒီကနေ နိုင်တဲ့သူ သုံးယောက်ဟာ စပိတ် 7 ကနေ Q အထိ အုပ်စုက နိုင်တဲ့သူ သုံးယောက်နဲ့ သုံးယောက်ချင်းစီ အုပ်စုလိုက် ပြန်တိုက်ရမယ် နားလည်လား”

လူမိုက်များသည် နောက်ဆုံးတွင်တော့ အနည်းငယ် နားလည်သွားကြသည်။ အမာရွတ်က လက်ထောင်လိုက်ပြီး ရှီလဲ့ ခေါင်းညိတ်ပြမှသာ မေးလိုက်သည်။

“အစ်ကိုကြီးရှီ... နှစ်ချီ တိုက်ခိုက်ပြီးတဲ့နောက် ကိုးယောက် ကျန်ဦးမှာပေါ့ ငါတို့ကုမ္ပဏီရဲ့ အဖွဲ့ဖွဲ့စည်းပုံ စည်းမျဉ်းအရဆိုရင် နားကပ်တစ်ဖက်တို့ လေးယောက်အပြင် ငါတို့နောက်ထပ် အဖွဲ့ခေါင်းဆောင် ခြောက်ယောက်ပဲ လိုတာ မဟုတ်ဘူးလား”

ရှီလဲ့က အမာရွတ်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။ ဤကောင်လေးသည် ပျိုးထောင်ရန် တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်ပေသည်။

“ကျန်တဲ့ ကိုးယောက်ထဲကနေ ငါတို့ နည်းလမ်းသုံးမျိုး သုံးပြီး အဖွဲ့ခေါင်းဆောင် ခြောက်ယောက်ကို ရွေးချယ်မယ် ပထမနည်းလမ်းကတော့ ကံတရားပဲ အနိုင်ရတဲ့ ကိုးယောက်ဟာ Ace ကနေ 9 အထိ ဖဲချပ်တွေကို နှိုက်ရမယ် Ace ဖဲချပ်ကို နှိုက်မိတဲ့လူက အဖွဲ့ခေါင်းဆောင် တိုက်ရိုက်ဖြစ်မယ်” ရှီလဲ့က သူ၏နှာခေါင်းပေါ်ရှိ မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်သည်။

“ကံတရားဆိုတာလည်း အစွမ်းတစ်မျိုးပဲ”

အမာရွတ်က ခေါင်းကို အပြင်းအထန် ညိတ်လိုက်ပြီး

“အစ်ကိုကြီးရှီ ပြောတာ မှန်ပါတယ်၊ ကံတရားဆိုတာလည်း အစွမ်းတစ်မျိုးပါပဲ”

“ဒုတိယနည်းလမ်းကတော့ အဖွဲ့ခေါင်း‌ေဆာင်ရာထူးကို ရဖို့အတွက် ကိုယ့်ရဲ့ အစွမ်းအစအစစ်အမှန်ပေါ် မူတည်ရမယ် ကျန်တဲ့ ရှစ်ယောက်ဟာ နှစ်ယောက်ချင်းစီ ပြန်တိုက်ရမယ်၊ 2 နဲ့ 3 တိုက်ရမယ့် ပုံစံမျိုးပေါ့၊ အဲဒီကနေ နိုင်တဲ့သူတွေက အဖွဲ့ခေါင်းဆောင် ဖြစ်မယ်” ရှီလဲ့က သူ၏ညာဘက်လက်တွင် ဖဲချပ်များကို ကိုင်ထားရင်း ဆက်ပြောသည်။

“ရှုံးနိမ့်သွားတဲ့ လေးယောက်ကတော့ ဒီဖဲချပ်လေးချပ်ကို ထပ်နှိုက်ရမယ်၊ ပြီးရင် နှစ်ယောက်ချင်းစီ ပြန်တိုက်ပြီး နောက်ဆုံးအနိုင်ရသူကို ရွေးချယ်မယ်၊ ဒါက ရှုံးနိမ့်မှုကနေ ပြန်လည်စိန်ခေါ်နိုင်မယ့် အခွင့်အရေးပဲ တစ်ခါတစ်ရံမှာ ပထမအကြိမ် ရှုံးနိမ့်သွားတာက ကြောက်စရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ ရှုံးနိမ့်ပြီးတဲ့နောက်မှာလည်း မင်းတို့ အောင်မြင်နိုင်သေးလို့ပဲ”

ကျိုးချန်က ရှီလဲ့ကို တစ်ချက် ထပ်ကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည် ‘မရိုးရှင်းဘူးပဲ သေးငယ်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ပေမဲ့ ပထမအချီက တစ်ဦးချင်း စွမ်းဆောင်ရည် စမ်းသပ်ချက် ဖြစ်ပြီး ဒုတိယအချီကတော့ အဖွဲ့လိုက် စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်ပဲ ဒုတိယအချီမှာ လူတိုင်းက ရဲဘော်ရဲဘက်တွေ ဖြစ်ကြပေမဲ့ တတိယအချီမှာတော့ အဲဒီရဲဘော်ရဲဘက်တွေက ပြိုင်ဘက်တွေ ပြန်ဖြစ်သွားကြမှာ၊ ဒါကြောင့် ဒုတိယအချီမှာ ပူးပေါင်းဆောင်ရွက်မှုရော ဗျူဟာပါ လိုအပ်တယ်။ ဒီစမ်းသပ်မှုက လူမိုက်တွေထဲက ပါရမီရှင်တွေကို လွယ်လွယ်ကူကူ ရှာဖွေဖော်ထုတ်ပေးနိုင်လိမ့်မယ်၊ ဒီရှီလဲ့က တကယ်ကို မရိုးရှင်းတဲ့လူပဲ’

ရှီလဲ့သည် ပထမဦးစွာ ဖဲချပ်များကို ထုတ်ယူကာ သူ၏ညာဘက်လက်တွင် ကိုင်ထားပြီး ပြောလိုက်သည်။

“အရာရာတိုင်းက ကံတရားပေါ်မှာပဲ မူတည်တယ် တစ်ယောက်ချင်းစီ လာနှိုက်ကြ၊ ပြီးရင် ကိုယ့်ပြိုင်ဘက်ကို ရှာကြ ရက်စက်တဲ့ ကွက်တွေ သုံးခွင့်မရှိဘူး၊ ပြိုင်ဘက်ကို မြေပြင်ပေါ် လဲကျအောင် လုပ်နိုင်ရုံနဲ့ အနိုင်ရမယ်”

အမာရွတ်က ပထမဆုံး ရှေ့သို့ တက်လာပြီး ပထမဆုံး ဖဲချပ်ကို တိုက်ရိုက်နှိုက်ယူလိုက်ရာ စပိတ် 2 ဖြစ်နေသည်။ ကျန်ရှိသော လူ ၃၅ ဦးသည်လည်း ရှီလဲ့၏ လက်ထဲမှ ဖဲချပ်များကို အသီးသီး နှိုက်ယူကြပြီး သူတို့၏ ပြိုင်ဘက်များကို အလျင်အမြန် ရှာဖွေလိုက်ကြသည်။

ရှီလဲ့က လက်ခုပ်တီးလိုက်ပြီး

“စမယ် ပြိုင်ဘက်ကို မြေပြင်ပေါ် လဲကျအောင် လုပ်နိုင်ရင် အနိုင်ပဲ”

အမာရွတ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ၏ပြိုင်ဘက်ထံသို့ ပြေးဝင်သွားသည်။ သူသည် တည်ငြိမ်စွာဖြင့် သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ သူ၏လက်မောင်းဖြင့် တစ်ဖက်လူ၏ နောက်ကုတ်ကို သိုင်းဖက်ချုပ်လိုက်ပြီးနောက် သူ၏ညာဘက်ခြေထောက်ဖြင့် ပြိုင်ဘက်၏ခြေထောက်များကို နောက်မှနေ၍ ပိတ်ဆို့လိုက်ကာ သူ၏လက်မောင်းကို ရုတ်တရက် အားစိုက်၍ ပြိုင်ဘက်ကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် လှဲချလိုက်တော့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာ ဆယ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့ပြီး သူသည် ပထမဆုံး အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။

ရှီလဲ့သည် အမာရွတ်ကို အထူးအလေးထား စောင့်ကြည့်နေခဲ့ပြီး သူ၏ပြိုင်ဘက်ကို လွယ်လွယ်ကူကူ နှိမ်နင်းလိုက်သည်ကို မြင်သောအခါ လက်ခုပ်တီးလျက် ပြောလိုက်သည်။

“ကောင်းတယ် အမာရွတ်... ငါ မင်းကို တော်တော်လေး မျှော်လင့်ချက်ထားတယ်နော်”

အမာရွတ်က သူ၏ဘယ်ဘက်လက်ဖြင့် ခေါင်းကိုကုတ်ကာ ရှက်ပြုံး ပြုံးပြရင်း

“အစ်ကိုကြီးရှီ... ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

ဆယ်မိနစ်ကျော် ကြာပြီးနောက် လူမိုက် ၃၆ ဦး၏ ထက်ဝက်မှာ ပြုတ်ထွက်သွားခဲ့သည်။ ကျန်ရှိသော ၁၈ ဦးမှာ သုံးယောက်တစ်ဖွဲ့ စီခွဲကာ သုံးယောက်ချင်းစီ အုပ်စုလိုက် တိုက်ခိုက်ခြင်းကို ဆက်လက် ပြုလုပ်ကြတော့သည်။

ဤတစ်ကြိမ်တွင်တော့ အနိုင်ရရှိသူ ကိုးဦးကို ရွေးချယ်ရန် မိနစ်သုံးဆယ်နီးပါး ကြာမြင့်ခဲ့သည်။ အမာရွတ်သည် ထိုကိုးဦးထဲမှ တစ်ဦးဖြစ်ပြီး ရှီလဲ့ လူမရွေးမှားခဲ့ချေ။

ရှီလဲ့က ထိုလူမိုက် ကိုးဦးကို ကြည့်ကာ ပြောလိုက်သည်။

“ပထမဦးဆုံးအနေနဲ့ မင်းတို့အားလုံးကို ဂုဏ်ပြုပါတယ် မင်းတို့က ကိုယ့်ရဲ့ ပန်းတိုင်ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တယ် အခု ဘယ်သူက ကံကောင်းတဲ့လူလဲဆိုတာ ကြည့်ကြရအောင်” ရှီလဲ့က Ace ကနေ 9 အထိ ဖဲချပ် ကိုးချပ်ကို သူ၏လက်ထဲတွင် ကိုင်ထားပြီး ထိုလူမိုက် ကိုးဦးအား ပြောလိုက်သည်။

“လာပြီး ဖဲချပ်တစ်ချပ်စီ နှိုက်ကြ”

လူမိုက် ကိုးဦးသည် ဖဲချပ်တစ်ချပ်စီကို နှိုက်ယူလိုက်ကြသည်။ ထိုအထဲမှ နားကပ်တစ်ဖက်နောက်သို့ အစောဆုံး လိုက်ပါခဲ့သော ကန်းဇိ ဟု အမည်ရသည့် လူမိုက်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်တော့သည်။

“ဟားဟားဟား... ဟားဟားဟား... ငါ Ace ဖဲချပ်ကို နှိုက်မိပြီ၊ ငါ စိန်ဖဲချပ်ကို နှိုက်မိပြီဟေ့”

ရှီလဲ့က နားကပ်တစ်ဖက်အား အသံတိုးတိုးဖြင့် တစ်စုံတစ်ခု ပြောလိုက်ရာ နားကပ်တစ်ဖက်က ချက်ချင်းပင် ပြောလိုက်သည်။

“ကန်းဇိ... ဒီကိုလာခဲ့”

ကန်းဇိသည် နားကွင်းတစ်ဖက်၏ ဘေးသို့ ချက်ချင်း ပြေးဝင်သွားပြီး ပဉ္စမမြောက် အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့တော့သည်။

ကျန်ရှိသော လူရှစ်ဦးမှာ သူတို့နှိုက်မိသည့် ဖဲချပ်များအပေါ် မူတည်၍ နှစ်ယောက်ချင်းစီ စတင် တိုက်ခိုက်ကြတော့သည်။ ဆက်တိုက် တိုက်ခိုက်ခဲ့ရသည့် နှစ်ချီကြောင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အင်အားများစွာ ကုန်ခမ်းနေပြီ ဖြစ်ရာ ဤပွဲမှာ ယခင်တိုက်ပွဲများလောက် ပြင်းထန်ခြင်း မရှိတော့ပေ။ ၁၅ မိနစ်ခန့် ကြာပြီးနောက် နောက်ဆုံး အောင်နိုင်သူ လေးဦးမှာ အမာရွတ်၊ကြောင်ကြီး ၊ မာအာ နှင့် ဆံပင်စိမ်းတို့ ဖြစ်ကြသည်။

ထိုလေးယောက်စလုံးမှာ အသစ်ဝင်လာသူများ ဖြစ်ကြပြီး နားကပ်တစ်ဖက်၏ အရင်းနှီးဆုံး လူယုံများ မဟုတ်ကြချေ။

နားကပ်တစ်ဖက်က ထိုလေးဦးကိုလည်း သူ၏ဘေးသို့ ထပ်မံခေါ်ယူလိုက်သည်။ ရှီလဲ့သည် နောက်ဆုံး ဖဲချပ်လေးချပ်ကို ထုတ်ယူလိုက်ပြီး လူမိုက်များထဲမှ တစ်ဦးကို စိတ်ဝင်တစား ကြည့်ကာ ပြောလိုက်သည်။

“မင်း ခုနက အဖွဲ့ခေါင်းဆောင် ဖြစ်ချင်တယ်လို့ အော်နေတာ ငါ ကြားလိုက်ပါတယ် မင်းက ဒီအတိုင်းပဲ အရှုံးပေးလိုက်တော့မလို့လား ပြောစမ်း... မင်းနာမည် ဘယ်လိုခေါ်လဲ”

ဤလူမိုက်၏ မျက်ဝန်းများမှာ အရိုင်းဆန်နေပြီး မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိသည့် အသွင်သဏ္ဌာန် ရှိနေသည်။ သို့မဟုတ် သူ့ကို အသက်စွန့် တိုက်ခိုက်စေနိုင်သည့် တစ်စုံတစ်ခု ရှိနေပုံရပေသည်။

All Chapters