အခန်း ၃၀၉
Vol. 22 Ch. 309
အပိုင်း(၃၀၉) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၅)
"အရှက်မရှိတဲ့ကောင်။ မင်းက တစ်ချိန်က အထက်စီးကနေ မောက်မာခဲ့တဲ့ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ပြီး ဘာလို့ လူသားပုရွက်ဆိတ်ကို သခင်အဖြစ်ကိုးကွယ်ပြီးတော့ နတ်ဘုရားအဆင့်အတန်းကို အရှက်ရစေရတာလဲ။"
ယန်မိုက မျက်လုံးပြူးကာ စူးစိုက်ကြည့်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဟောင်တုက လှောင်ပြောင်လိုက်ပြီး ကြယ်ကောင်းကင်ယံတွင် လဲလျောင်းနေသော အလောင်းကို လက်ညှိုးထိုးပြကာ ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။ "အတိတ်ရဲ့ ဂုဏ်ကျက်သရေတွေထဲ နစ်မွန်းနေတုန်းလား။ သူ့ကို ကြည့်လိုက်။ သူက မင်းအတွက် သတိပေးချက်ပဲ။ မင်း အညံ့မခံဘူးဆိုရင်တော့ ရှေ့မှာ သေခြင်းတရားပဲ ရှိတယ်။"
ထိုစကားကို ကြားသောအခါ ယန်မိုသည် ပါးစပ်ကို အနည်းငယ်ဟထားပြီး သူ၏ရင်ဘတ်မှာ ညင်သာစွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ နောက်ဆုံးတွင် ကြောက်ရွံ့မှုက ကြီးစိုးသွားပြီး သူက ငြင်းခုံခြင်းကို ရပ်တန့်လိုက်လေသည်။
ရုတ်တရက်။
အချိန်-နေရာလွတ်မြစ်က မြင့်တက်လာပြီး မငြိမ်မသက် ဖြစ်နေကာ မရေမတွက်နိုင်သော ကြယ်များကို နစ်မြုပ်စေသည့် ဧရာမလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေလေသည်။
နေမင်း ငြိမ်းသတ်ခံလိုက်ရပြီး အမည်းရောင်တွင်းနက်ကြီး ပေါက်ကွဲထွက်သွားကာ အချိန်-နေရာလွတ် မှော်လက်နက်တစ်ခုသည် မြေကြီးဓားသန္ဓေသား တစ်ခုအဖြစ် စုစည်းသွားပြီး အပေါ်သို့ ထိုးတက်လာလေသည်။
၎င်း၏ ထက်မြက်သောအစွန်းသည် ကြယ်များကို အပိုင်းပိုင်းအစစ ကျိုးကြေသွားစေသည်။
ရွှေကျီက မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ "ကပ်ဘေး။ မင်း ဘာလုပ်နေတယ် ထင်နေတာလဲ။"
"ဒါ... ဒါ ငါနဲ့ ဘာမှ မဆိုင်ဘူး။ အချိန်-နေရာလွတ်မြစ်ကို ငါ့မှာ ထိန်းချုပ်ခွင့် မရှိဘူး။" ဟောင်တုလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။
ချွမ်။
ဓားရှည်က လေထုကို ဖောက်ထွင်းသွားပြီး ယန်မို၏ရင်ဘတ်ကို ဆုတ်ဖြဲကာ အနီရင့်ရောင် စိန်ပုံစံ ပုံဆောင်ခဲတစ်ခုကို ဖော်ထုတ်လိုက်လေသည်။
ချက်ချင်းပင် ဟိန်းဟောက်နေသော အသံတစ်ခုက ဖန်ဆင်းရှင်၏ အသံကဲ့သို့ ဘယ်ဆီကမှန်းမသိ ထွက်ပေါ်လာသည်။
"သူက ငါ့ရဲ့သတိပေးချက်တွေကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့တယ်။ နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ပေမယ့် သူက ခေါင်းမာပြီးတော့ ဖီဆန်ခဲ့တယ်။ သူ့ရဲ့ တစ်ခုတည်းသောကံကြမ္မာက သေခြင်းတရားပဲ။"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အချိန်-နေရာလွတ်မြစ်ထဲမှ ဓားသန္ဓေသား အများအပြား ထွက်ပေါ်လာလေသည်။
နေရာတိုင်းတွင် ဆူးချွန်များ ပေါက်ရောက်လာပြီး ပြည့်နှက်နေလေသည်။
"ငါတို့ စကားပြောလို့ ရပါသေးတယ်။ ဒြပ်(၅)ပါးနတ်ဘုရားတွေဟာ တစ်ပါးတည်းဖြစ်ပြီးတော့ သူတို့ရဲ့ စွမ်းအားနဲ့လွှမ်းမိုးမှုက ကပ်ဘေးနတ်ဘုရားထက် အများကြီး သာလွန်ပါတယ်။ ငါတို့ အညံ့ခံဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ ထွက်ပေါက်တစ်ခုကိုပဲ တောင်းဆိုချင်ပါတယ်။"
ရေနတ်ဘုရားက ပြတ်ပြတ်သားသားလုပ်ဆောင်လိုက်ပြီး နေရာလွတ်တွင် ဒူးထောက်ကျသွားလေသည်။ သူက အလွန်တည်ငြိမ်နေပြီး လက်ရှိအခြေအနေက အဆင်မပြေကြောင်းနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်းကို သိရှိထားသည်။
သို့သော် ဟောင်တုကတော့ ၎င်းကို လက်မခံချင်ပေ။
ချီးပဲ။ မင်းတို့ကို သတိပေးဖို့ ငါ့အသက်ကို စွန့်ခဲ့ရတာ။ အခု မင်းတို့ခွေးမသားတွေက ငါ့အလုပ်ကို လုချင်နေတာလား။
"သခင်... ဒြပ်(၅)ပါးနတ်ဘုရားတွေဟာ တစ်ပါးတည်းဖြစ်ပြီးတော့ သူတို့ရဲ့ သံယောဇဉ်က ရွှေထက် ပိုခိုင်မာတဲ့ ညီအစ်ကိုတွေလိုပါပဲ။ သခင်က ယန်မိုနဲ့ ကျင်းကောကို သတ်ပြီးပြီ။ သူတို့ကို လုံးဝ အမြစ်ပြတ် မသုတ်သင်ဘူးဆိုရင် အနာဂတ်မှာ ပြဿနာတွေ အဆုံးမရှိ ဖြစ်လာလိမ့်မယ်။" ဟောင်တုသည် သစ္စာရှိသော ဝန်ကြီးနှင့် ဖြောင့်မတ်သောလူတစ်ယောက်၏ဟန်ပန်ဖြင့် ဝမ်းနည်းပူဆွေးကာ အော်ဟစ်လိုက်သည်။
ရွှေကျီ၊ ဟိုတုနှင့် ချန်းမုတို့က ဟောင်တုကို မယုံကြည်နိုင်စွာ မျက်လုံးပြူးကာ စူးစိုက်ကြည့်လိုက်သည်။ "မင်းက ဒီကပ်ဘေးရဲ့ အရင်းအမြစ်ပဲ။။"
"မင်း ဘယ်လိုများ ဒီလောက်တောင် အရှက်မရှိရတာလဲ။"
"နတ်ဘုရားတွေက သဘာဝကနေ မွေးဖွားလာတာ။ သူတို့မှာ ဘယ်လိုလုပ် ခွဲခွာလို့မရတဲ့ ချစ်ခင်ယုယမှု သံယောဇဉ်တွေ ရှိနိုင်မှာလဲ။ မင်းက လုံးဝ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။"
ဟောင်တုက နှုတ်ခမ်းကို ကွေးလိုက်သည်။ "ဟွန့်... မင်းတို့က ကျေးဇူးကန်းပြီးတော့ တရားမျှတမှု မရှိတဲ့သူတွေပဲ။ ပြီးတော့ မင်းတို့မှာ ခံစားချက်တွေ ရှိ၊ မရှိဆိုတာ ဘယ်သူ သိမှာလဲ။"
"နတ်ဘုရားတွေရဲ့ ရက်စက်မှုဟာ သူတို့ရဲ့ မသေနိုင်ခြင်းနဲ့ ဖျက်ဆီးလို့မရခြင်းအပေါ်မှာ အခြေခံတယ်။ သူတို့က လူ့လောကကို ထောင်ပေါင်းများစွာသော နှစ်တွေတစ်လျှောက် စောင့်ကြည့်ခဲ့ပြီး အရာအားလုံးအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့တယ်။ ဒီရက်စက်မှုက သူတို့ဆီမှာ ဘယ်လိုမျိုး စိတ်ခံစားမှုမှ လုံးဝမရှိဘူးလို့ မဆိုလိုဘူး။"
ရေနတ်ဘုရားက ရှင်းပြချင်နေဆဲ ဖြစ်သည်။
ဓားသန္ဓေသားတစ်ခုက သူ့ဆီသို့ တည့်တည့် ပစ်ထွက်လာပြီး သူ၏ရင်ဘတ်ကို ဖောက်ထွင်းကာ အစိမ်းရောင်နတ်ဘုရားအနှစ်သာရတစ်ခုကို ထုတ်ယူလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဟိုတုနှင့် ချန်းမုတို့သည်လည်း ဓားထောင်ပေါင်းများစွာဖြင့် ထိုးဖောက်ခံရပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြသည်။
စကားတစ်ခွန်းမျှမဟဘဲ သူသည် ခွေး(၅)ကောင်ကို သတ်ရသလောက် လွယ်ကူစွာဖြင့် ဒြပ်(၅)ပါး နတ်ဘုရားများကို သတ်ဖြတ်လိုက်လေသည်။
"ဒြပ်(၅)ပါးဟာ ရှေးဦးခေတ်က မွေးဖွားလာခဲ့ပေမယ့် ဒီလိုဝမ်းနည်းဖွယ်အဆုံးသတ်နဲ့ ကြုံတွေ့ခဲ့ရပြီး သူတို့ရဲ့ကံကြမ္မာကို ဘယ်သူမှ မသိနိုင်ကြတော့ဘူး။"
မသေဆုံးခင် ရွှေကျီသည် ကြယ်ကောင်းကင်ယံကို ဗလာကျင်းနေသော မျက်လုံးများဖြင့် ကြည့်ကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
ကြယ်ကောင်းကင်ယံက တိတ်ဆိတ်နေပြီး ကြယ်ရောင်များဖြင့် လင်းလက်နေလေသည်။ မငြိမ်မသက် ဖြစ်နေသော အချိန်-နေရာလွတ်မြစ်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ထာဝရတည်ရှိနေသကဲ့သို့ အတိတ်မှ အနာဂတ်သို့ ၎င်း၏ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းနေလေသည်။
အလင်းရောင်သည် လေဟာနယ်တွင် လွင့်မျောနေသော နတ်ဘုရားအလောင်း (၅)လောင်းကို လင်းလက်သွားစေပြီး တစ်ခါတစ်ရံတွင် ဥက္ကာခဲများနှင့်တိုက်မိကာ သူတို့၏ လမ်းကြောင်းရှိ အတားအဆီးများကို ချေမှုန်းပစ်လေသည်။
ဟောင်တုသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ၏လက်များမှာ မသိမသာ တုန်ရီနေလေသည်။
နတ်ဘုရားတွေ သေသွားပြီ။
အယူအဆဆိုင်ရာ အကြံဉာဏ်တစ်ခုက မျက်စိရှေ့တွင် တကယ်ပေါ်လာသောအခါ ကြောက်ရွံ့လေးစားမှု ခံစားချက်က ပြိုင်ဖက်ကင်းလှ၏။
အထူးသဖြင့် ကပ်ဘေးနတ်ဘုရားက မသေနိုင်၊ မပျက်စီးနိုင်သော နတ်ဘုရားတစ်ပါးဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကဲ့သို့ သက်တမ်းရှည်ကြာစွာ နေထိုင်ရသည့်အခါ တခြားမည်သည့်သက်ရှိထက်မဆို ထိုကြောက်ရွံ့လေးစားမှု ခံစားချက်ကို ပိုပြီးခံစားရနိုင်သည်။
သေဆုံးခြင်းကို ကြောက်ရွံ့မှုက အဆပေါင်းများစွာ ပိုမို ကြီးမားလာ၏။
နတ်ဘုရားတွေဟာ အချိန်အကြာကြီး အသက်ရှင်ခဲ့ရပြီး သေခြင်း ရှင်ခြင်းကို ဂရုမစိုက်တော့ဘူး။
ဒါပေမဲ့ အခုတော့ နတ်ဘုရားတွေက တကယ် သေသွားပြီ။
ကပ်ဘေးနတ်ဘုရားက နေရာမှာတင် အေးခဲသွားပြီး အချိန်-နေရာလွတ်မြစ်ထဲမှ စမ်းသပ်တံမှင်အချို့ ထွက်ပေါ်လာကာ ညင်သာစွာလှည့်ပတ်ပြီး နတ်ဘုရားအနှစ်သာရ(၅)ခုကို ရေထဲသို့ ဆွဲယူသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေလေသည်။
ကပ်ဘေးနတ်ဘုရား မြစ်လက်တက်တစ်ခုတည်းသာ ရှိခဲ့သော အချိန်-နေရာလွတ် မြစ်ရှည်ကြီးက ယခုအခါ အရောင်အမျိုးမျိုးရှိသည့် မြစ်လက်တက် (၅)ခုကို ဖွင့်လှစ်လိုက်ပြီး တစ်ခုစီတိုင်းသည် ဒြပ်(၅)ပါး၏ စွမ်းအားများကို ထုတ်လွှတ်နေလေသည်။
"နတ်ဘုရားတွေက သက်ရှိသတ္တဝါအားလုံးကို ပုရွက်ဆိတ်တွေအဖြစ် သတ်မှတ်သလို၊ အချိန်-နေရာလွတ်ကလည်း နတ်ဘုရားတွေကို ဝက်တွေခွေးတွေလို သတ်မှတ်တယ်။ အကြောင်းနဲ့ အကျိုး သံသရာလည်ပြီး အချင်းချင်း ထိန်းချုပ်ထားကြတယ်။"
"ငါ ခံစားမိတယ်..."
"ကောင်းကင်ဘုံအားလုံးနဲ့ မရေမတွက်နိုင်တဲ့နယ်မြေတွေအားလုံးကို မှောက်လှန်ပစ်မယ့် အမှောင်ခေတ် မကြာခင် ရောက်လာတော့မယ်။"
ဟောင်တုက တိတ်ဆိတ်ပြီး အထီးကျန်သွားကာ သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် စဉ်းစားနေပြီး စကားတစ်ခွန်းမျှ မဟဘဲ မြစ်အောက်ခြေသို့ နစ်မြုပ်သွားလေသည်။
...
...
တစ်ချိန်တည်းမှာပင်။
ပြင်ပကမ္ဘာ။
မုန့်ချင်ကျိုး၏နားထဲတွင် စနစ်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
[နတ်ဘုရားအဆင့်အတန်းများစုဆောင်းမှု - ၆/၁၀၀။]
[အပိုဆုကြေးကို အသက်သွင်းလိုက်သည်။ ကောင်းကင်ဘုံသို့သွားရာလမ်း တိုးတက်မှု ၂၀%တိုးလာပြီး လက်ရှိစုစုပေါင်းတိုးတက်မှုမှာ ၂၀၀%ဖြစ်ကာ ကောင်းကင်ဘုံသို့သွားရာလမ်း၏ အလယ်အလတ်အဆင့်သို့ အချိန်မရွေး ဖောက်ထွင်းဝင်ရောက်နိုင်သည်]
[စွမ်းအားများကိုဆွဲယူခြင်း- သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီး]
[တွီ။ ဒြပ်(၅)ပါးသည် မူလက တစ်ပါးတည်းဖြစ်ကြောင်း တွေ့ရှိရသည်၊ စွမ်းအားကို ပြန်ပေါင်းစပ်မည်]
အတွင်းစကြဝဠာကမ္ဘာ။
အချိန်-နေရာလွတ်မြစ်ရှည်ကြီးမှ မြစ်ဖျားခံသော မြစ်လက်တက်၅)ခုသည် အချင်းချင်း ဆွဲငင်ကာ ပေါင်းစပ်သွားပြီး မိုင်ရာချီကျယ်ဝန်းပြီး မိုင်သိန်းချီရှည်လျားကာ [ကပ်ဘေးစွမ်းအား] မြစ်လက်တက်ထက် (၁၀)ဆမက ပိုမိုခမ်းနားကြီးကျယ်သော ဧရာမမြစ်လက်တက်ကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားလေသည်။
[တွီ]
[စွမ်းအားများကို ပေါင်းစပ်လိုက်သည်။ ဒြပ်(၅)ပါးစွမ်းအားများ]
[ဒြပ်(၅)ပါးစွမ်းအား - အထွတ်အထိပ်နတ်ဘုရားများအနက် တစ်ပါးဖြစ်သော ဒြပ်(၅)ပါး နတ်ဘုရားထံမှ မြစ်ဖျားခံသည်။ လက်ခံသူသည် နတ်ဘုရား မဟုတ်ကြောင်း တွေ့ရှိရသဖြင့် စွမ်းအား၏ ၁၀%အောက်ကိုသာ အသုံးပြုနိုင်သည်။ စွမ်းအား၏ အမြင့်ဆုံးကန့်သတ်ချက်သည် လက်ခံသူ၏ အတွင်းစကြဝဠာ ပြီးပြည့်စုံမှုအပေါ် မူတည်သည်။ အကယ်၍ လက်ခံသူ၏ အတွင်းစကြဝဠာသည် ပြင်ပကမ္ဘာနှင့်ယှဉ်နိုင်ပါက စွမ်းအား၏ ၁၀၀%ကို အသုံးပြုနိုင်သည်]
...
...
မုန့်ချင်ကျိုးက သူ၏ခွန်အားများ ထပ်မံ၍ မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး ပင်လယ်ပြင်ပေါ်တွင် မတ်မတ်ရပ်ကာ ရေ၏အသက်ပေးစည်းချက်များ၊ မီးတောက်များ၏ပူပြင်းသောစည်းချက်များနှင့် မြေကြီး၏ ကျယ်ပြောမှုတို့ကို ခံစားလိုက်ရသကဲ့သို့ ဖြစ်နေလေသည်...
မယုံနိုင်လောက်အောင် အံ့သြဖွယ်ကောင်းတဲ့ ခံစားချက်ပဲ။
"ဘယ်လိုစွမ်းအားမျိုးတွေ ရလာမလဲဆိုတာ ငါ သိချင်တယ်။"
"အဲဒါက ကပ်ဘေးရဲ့စွမ်းအားထက် မညံ့တာ သေချာတယ်။"
သူက ထိုအကြောင်းကို တွေးနေတုန်းပင် ရှိသေးသည်။
စနစ်သတိပေးချက် ထပ်မံ ထွက်ပေါ်လာပြန်၏။
[နားလည်သဘောပေါက်မှု - ဒြပ်(၅)ပါး၏စွမ်းအား။ ဒြပ်(၅)ပါးကို ကျွမ်းကျင်ခြင်း]
[နားလည်သဘောပေါက်မှု - ဒြပ်(၅)ပါး၏စွမ်းအားများ။ မီး၊ အသွင်ပြောင်းခြင်း၊ ရေငြိမ်၊ မြေကြီးဂုဏ်သတ္တိနှင့် ကောင်းကင်မွေးဖွားခြင်း]
မုန့်ချင်ကျိုး၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
သိပ်ကောင်းတယ်။
တကယ့်ကို အံ့သြစရာပဲ။
ဒြပ်(၅)ပါးကို ထိန်းချုပ်ခြင်းဆိုတာ ပြောစရာတောင် မလိုဘူး။ အဲဒါက ဒြပ်(၅)ပါးအပေါ်မှာ အလိုလို ထိန်းချုပ်နိုင်စွမ်း ရှိတယ်ဆိုတဲ့ စာသားအတိုင်းပါပဲ။ သေချာတာပေါ့၊ အဲဒါကို လုံးဝထိန်းချုပ်နိုင်တယ်လို့တော့ မခေါ်နိုင်ဘူး။ အလွန်ဆုံး အဲဒီထဲကတစ်စိတ်တစ်ပိုင်းကို လွှမ်းမိုးနိုင်ရုံပေါ့။
အရေးအကြီးဆုံးအရာက ဒုတိယစွမ်းအားပဲ။
[မိစ္ဆာမီးတောက်]၊ [ရေငြိမ်]၊ [အသွင်ပြောင်းခြင်းကိုယ်ထည်]၊ [မြေကြီးဂုဏ်သတ္တိ]၊ [ကောင်းကင်အသက်]
လုံးဝကို အံ့မခန်းပင်။
၎င်းက ဒြပ်(၅)ပါးနတ်ဘုရားများ အမြဲတမ်း အားကိုးခဲ့သော အဓိက တိုက်ခိုက်ရေးလက်နက်ပင်။ ရေ၊ မီးနှင့် သတ္တုက သတ်ဖြတ်ခြင်းဘက်ကို တိမ်းညွတ်ပြီး မြေကြီးက ကာကွယ်ရေးဘက်ကို တိမ်းညွတ်ကာ သစ်သားက ကုသပေးသူနှင့် တူသည်။
ဒြပ်(၅)ပါးညီညွတ်မှုနှင့်ဆိုလျှင် အချိန်-နေရာလွတ်နိယာမများကို အသုံးမပြုဘဲ နယ်ပယ်တူ ကျင့်ကြံသူ အများအပြားကို အနိုင်ယူနိုင်၏။
ထို့ပြင်…
ကောင်းကင်ဘုံသို့သွားရာလမ်း၏ တိုးတက်မှုသည် ၂၀၀%အထိ မြင့်တက်သွားခဲ့ပြီး ၎င်းသည် ကောင်းကင်ဘုံသို့သွားရာလမ်း၏ အလယ်အလတ်အဆင့်နှင့် ညီမျှသည်။ ယခုတစ်ကြိမ်တွင် ချက်ကောင်းထိချက် အပိုဆုကြေးကို မရနိုင်ခဲ့သည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက ၃၀၀%အထိ တိုက်ရိုက် ရောက်သွားနိုင်သည်။
"တောရိုင်းမြေက တိုက်ပွဲအခြေအနေကို သွားကြည့်ဖို့ အချိန်ရောက်ပြီ။"
မုန့်ချင်ကျိုးက အပြုံးကို ဖိနှိပ်ထားလိုက်ပြီး [အချိန်-နေရာလွတ်ပိုးကောင်]ဖြင့် ဖြတ်တောက်ထားသော ပေ(၁၀၀)ရှည်လျားသည့် တွင်းနက်ဧရိယာတစ်ခုလုံးကို ခေါက်သိမ်းရန် လက်ဝှေ့ယမ်းလိုက်လေသည်။
ယခုတွင် သူ့အတွက်တော့ နေရာလွတ်ကို ခေါက်သိမ်းခြင်းက အလွန် လွယ်ကူနေပြီ ဖြစ်သည်။
၎င်းသည် မုန့်ချင်ကျိုး အလွယ်တကူ လုပ်ဆောင်နိုင်သည့် အသေးအဖွဲကိစ္စတစ်ခု ဖြစ်သော်လည်း ပျမ်းမျှခွန်အားရှိသော ကျင့်ကြံသူတစ်ဦးအတွက် သာမန်နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးပင်လျှင် ၎င်းအတွင်းသို့ ပြုတ်ကျသွားပါက သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
…