အခန်း ၃၁၀
Vol. 22 Ch. 310
အပိုင်း(၃၁၀) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၆)
တောရိုင်းမြေ။
လင်းလုက ချင်းဖုန်းဟော်၏ ကျောပေါ်တွင် လဲလျောင်းနေပြီး သူ၏အမြင်အာရုံသည် သွေးများဖြင့် ပြည့်နှက်နေလေသည်။ ကောင်းကင်ယံက အနီရောင်အဖြစ် စွန်းထင်းနေပြီး မြေကြီးသည် သွေးပင်လယ်ထဲတွင် စိုရွှဲနေကာ ကမ္ဘာကြီးက ပြိုကျလုနီးပါး ဖြစ်နေလေသည်။
သူ၏လက်ထဲရှိ နတ်ဘုရားအဆင့်တစ်ပိုင်းလှံက ကျိုးပဲ့သွားပြီး လှံထိပ်ဖျား ပျောက်ကွယ်သွားကာ မျက်လုံးများကို မနည်းဖွင့်ထားရပြီး သူ၏အသက်စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါးဖြစ်နေကာ သူ၏ဘဝသည် အဆုံးသတ်တော့မည့် အခြေအနေသို့ ရောက်ရှိနေလေသည်။
"ဟွတ် ဟွတ်..."
"လင်းမိသားစုက ကောင်လေး၊ မင်းက တိုက်ပွဲကိုတောင် မနိုင်သေးဘူး။ ဘာလို့ အိပ်နေတာလဲ။ ငါက တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ ငါ့အသက်ကို ပေးထားပြီးပြီ။ သေရမယ့်အချိန် မရောက်သေးဘူး။"
ချင်းဖုန်းဟော်က ကျိုးပဲ့နေသောဓားကို အားပြုကာ မြေကြီးပေါ်တွင် ဒူးထောက်နေပြီး သေဆုံးနေသော အရဟတ္တတစ်ပါးသည် သူ၏ဒူးအောက်တွင် ရှိနေလေသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင်... အဟွတ် အဟွတ်... တိုင်းပြည်မဏ္ဍိုင်၊ စကားမပြောခင် ကျေးဇူးပြုပြီး မတ်တတ်ရပ်ပါဦး။" လင်းလုသည် သွေးများအန်ထုတ်ရင်း ပြောလိုက်သည်။
ချင်းဖုန်းဟော်၏မျက်နှာ နီရဲသွားပြီး ထရန် ကြိုးစားလိုက်သော်လည်း၊ သူက ယိမ်းယိုင်ပြီး လဲကျလုနီးပါး ဖြစ်သွားလေသည်။
သူ မော့ကြည့်လိုက်သည်။
ကမ္ဘာကြီးမှောက်လှန်သွားပြီး သွေးများစွန်းထင်းနေသောအလံများကို မြေကြီးပေါ်တွင် စိုက်ထူထားကာ ဗောဓိသတ္တအောက်ရှိ ကြာပလ္လင်သည် မြင့်မားသော တောင်တန်းများတွင် နစ်မြုပ်နေပြီး အရဟတ္တများသည် သေဆုံးလျက် ရှိနေကြပြီး စစ်သည်များသည် ဟိုဟိုဒီဒီ ပြန့်ကျဲနေပြီး မရေမတွက်နိုင်သော အလောင်းများက ဖရိုဖရဲလဲလျောင်းနေကြလေသည်။
တောရိုင်းမြေတစ်ခုလုံး နစ်မြုပ်သွားလေ၏။
"အဲဒီအချိန်တုန်းက မဟာကျင်းတိုင်းပြည်ဟာ မရေမရာအခြေအနေမှာ ရှိနေပြီးတော့ ပြိုကျလုနီးပါး ဖြစ်နေခဲ့တယ်။ တစ်နေ့ကျရင် ကြီးစိုးဖို့ယှဉ်ပြိုင်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းက ရန်သူတွေကို တိုက်ခိုက်နိုင်မယ်လို့ ဘယ်သူ ထင်ခဲ့မှာလဲ။"
"ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သမိုင်းမှာ ထာဝရအမှတ်ရခံရမယ့် ကံကြမ္မာပဲ။"
"ဒီကြင်နာမှု၊ ဒီကျေးဇူးတော်ဟာ ငါ့အသက် သောင်းနဲ့ချီ သေဆုံးရင်တောင် ပြန်ဆပ်လို့ မရနိုင်တဲ့ အရာတစ်ခုပဲ။ ဧကရာဇ်အတွက်၊ အရှင်မအတွက်၊ ငါက ပြာအဖြစ် ပြောင်းလဲသွားရင်တောင် ဝမ်းသာအားရ လက်ခံတယ်။"
"နောင်တမရဘူး။"
ချင်းဖုန်းဟော်၏ အနည်းငယ်ကြမ်းကြုတ်သော မျက်နှာသည် အကျည်းတန်သော အပြုံးတစ်ခုအဖြစ် တွန့်လိမ်သွားပြီး ကြွက်သားများနှင့် အရိုးများမှာ အက်ကွဲကာ ကျိုးကြေနေသော်လည်း သူက ယိမ်းယိုင်စွာဖြင့် မတ်တတ်ရပ်နိုင်ခဲ့သေးသည်။
အသက်စွမ်းအင်မီးတောက်က အရေပြားပေါ်တွင် လောင်ကျွမ်းနေလေသည်။
တိုင်းပြည်မဏ္ဍိုင်က နောက်ဆုံးအသက်စွမ်းအင် သွေးတစ်စက်အထိ လောင်ကျွမ်းနေသည်။
"ကောင်းပြီလေ..."
"တကယ်လို့ တိုင်းပြည်မဏ္ဍိုင်က မတ်တတ်ရပ်နိုင်ရင် ကျွန်တော်လည်း... လုပ်ရမှာပေါ့။"
လင်းလုက မျက်လုံးများကို အစွမ်းကုန်ဖွင့်လိုက်ပြီး လှံရိုးကိုလက်ငါးချောင်းဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ပျက်စီးနေသာမြေပြင်ပေါ်တွင်။
သေလုဆဲဆဲဖြစ်နေသော မဟာကျင်းတိုင်းပြည်၏ စစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် ရုန်းကန်ကာ မတ်တတ်ရပ်လာကြပြီး ဓားများကို ဆွဲထုတ်ကာ ရှေ့သို့ ယိမ်းယိုင်စွာလျှောက်လှမ်းသွားကြပြီး ဗုဒ္ဓတိုင်းပြည်နယ်မြေဆီသို့ ဆက်လက်ချီတက်နေကြသည်။
သူတို့၏ခန္ဓာကိုယ်များမှာ ပျက်စီးနေပြီး ဝိညာဉ်များမှာ လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေသဖြင့် လမ်းလျှောက်နေသော အလောင်းကောင်များနှင့် တူနေလေသည်။
သို့သော်လည်း သူတို့အားလုံးသည် ပြိုင်ဖက်ကင်းသော အလိုဆန္ဒတစ်ခုကို ထုတ်လွှတ်နေပြီး ငရဲမှ တွားသွား၍ထွက်လာသော နတ်ဘုရားများနှင့် နတ်ဆိုးများကဲ့သို့ ဖြစ်နေလေသည်။ နေဝင်ချိန်၏ နောက်ဆုံး အလင်းရောင်တွင် သူတို့က နေရောင်ခြည်နှင့် သူတို့၏အမိမြေမျှော်လင့်ချက်များကို ကျောခိုင်းထားကြသည်။ မျက်နှာများမှာ မှုန်ဝါးနေပြီး တိုက်ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေသော အရိပ်များသာ ကျန်ရစ်ကာ သူတို့သည် ဖြည်းညှင်းစွာနှင့် ပြတ်ပြတ်သားသား ရှေ့သို့ တိုးသွားနေကြလေသည်။
"သတ်။"
"သတ်။"
"သတ်။"
စစ်သည်တစ်ယောက်က "သတ်"ဟူသည့် စကားလုံးကို တီးတိုး ရေရွတ်လိုက်ရာ အခြားသူများကလည်း တစ်ပြိုင်နက်တည်း တုံ့ပြန်လာကြပြီး နောက်ဆုံးတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းသံတစ်ခု ပေါက်ကွဲထွက်လာသည်။
အဆုံးမရှိဘဲ မှောင်မိုက်နေသော စစ်သည်အုပ်စုကြီးသည် နောက်တစ်ကြိမ် ရှေ့သို့ပြေးဝင်သွားကြပြီး ရန်သူအပေါ် ကျန်ရှိနေသော စွမ်းအားများနှင့် ဂါထာမန္တန်များကို ထုတ်လွှတ်ရန် ကုန်ခမ်းနေသော ဝိညာဉ်စွမ်းအင်များကို ညှစ်ထုတ်လိုက်ကြသည်။
"ထပ်တိုက်ကြစို့။ ဘယ်သူက ဘယ်သူ့ကို ကြောက်မှာလဲ။"
ဗုဒ္ဓတိုင်းပြည်မှ ဇန်ဘုန်းကြီးများ၊ ကျန်ရှိနေသော ဗောဓိသတ္တတစ်ပါး၊ အရဟတ္တ(၅)ပါးနှင့် လက်အောက်ခံ အင်အားစုများမှ စစ်သည်များအားလုံး သွေးဆာစွာဖြင့် တိုက်ခိုက်လာကြပြီး ချဉ်းကပ်လာသော မဟာကျင်းစစ်သည်များကို ထိပ်တိုက်ရင်ဆိုင်ရန် ထလာကြသည်။
တိုက်ပွဲအော်ဟစ်သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
လင်းလုက ပြတ်နေသော လှံရိုးကို ကိုင်ဆောင်ကာ ချင်းဖုန်းဟော်အတွက် လမ်းရှင်းပေးရန် ရှေ့ရှိ လမ်းကြောင်းကို အကြိမ်ကြိမ် ပေါက်ကွဲပွင့်ထွက်စေလျက် [တိမ်တိုက်များမှထွက်ပေါ်လာခြင်း] နှင့် [နေမင်းကို ဖောက်ထွင်းခြင်း] တို့ကို အဆက်မပြတ် ထုတ်လွှတ်လေသည်။
အချိန်တစ်ခု၌။
တောင်ရွှေ့နယ်ပယ်မှ သာမန်ဇန်ကျင့်ကြံသူ တစ်ဦးသည် လင်းလု၏ကျောဘက်ထဲသို့ ဓားတစ်လက် ထိုးစိုက်လိုက်လေသည်။
ထွီး…
လင်းလုက သွေးများ အန်ထုတ်လိုက်သည်။
"ချီးပဲ။ မင်းက သေချင်နေတာလား။။" ချင်းဖုန်းဟော်က ဖြစ်ပျက်နေသည်ကို နောက်ကျမှ သဘောပေါက်သွားပြီး နောက်သို့ ဓားဖြင့်ခုတ်ပိုင်းလိုက်ရာ ချုံခိုတိုက်ခိုက်ခဲ့သော ဇန်ကျင့်ကြံသူကို နှစ်ပိုင်း ဖြတ်ပစ်လိုက်လေသည်။
အတွင်းကလီစာများပါဝင်သော သွေးနှင့်အသားစများက နေရာအနှံ့ ပန်းထွက်သွားလေသည်။
"လင်းမိသားစုကကောင်လေး၊ ဘယ်လိုနေလဲ။" ချင်းဖုန်းဟော်က လင်းလုကို အောက်ချကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ကျွန်တော်..."
"အဲဒါအလုပ်ဖြစ်မယ် မထင်ဘူး။"
လင်းလုက မြေကြီးပေါ်တွင် လဲလျောင်းနေပြီး မျက်လုံးများ တစ်ဝက်ပိတ်နေကာ အသက်စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
"မဖြစ်ရဘူး..." ချင်းဖုန်းဟော်က အိုမင်းနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ အားနည်းစွာ ဟိန်းဟောက်လိုက်ပြီး လင်းလု၏ဒဏ်ရာများကို ဖုံးအုပ်ပေးရန် အစွမ်းကုန် ကြိုးစားလေသည်။ သို့သော် သူက လင်းလု၏အဝတ်အစားများကို မလိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးတွင် အကြီးအသေးဒဏ်ရာ သောင်းနှင့်ချီ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက ၎င်းတို့ကို မည်သို့ ဖုံးအုပ်နိုင်မည်နည်း။
လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူများတွင် အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များရှိသည် ဆိုသောအချက်သာ မဟုတ်ပါက၊ ထို့ပြင် သူတို့သာ အနည်းငယ် အားနည်းသည် သို့မဟုတ် အလိုဆန္ဒ အနည်းငယ် အားနည်းပါက၊ အစောကြီးကတည်းက သေဆုံးသွားလောက်ပြီဖြစ်သည်။
"ပစ္စုပ္ပန်ရွာက နေ့ရက်တွေကို ကျွန်တော် တကယ်လွမ်းမိတယ်။"
"ဧကရာဇ်နဲ့ အရှင်မတို့က အချင်းချင်း လျှို့ဝှက်ချက်တွေ ထားပြီးတော့ နောက်ပြောင်ကြတယ်။ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်ဘဝတွေ ရှိတယ်။ အားလပ်ချိန်တွေမှာ ငါးမျှားတယ်။ ဧကရာဇ်ရဲ့ မိသားစု ကိစ္စတွေကို ဆွေးနွေးတယ်။ ပြီးတော့လည်း တစ်ခါတစ်လေ လယ်ထဲသွားပြီး စိုက်ပျိုးတယ်၊ ဂျုံရိတ်တယ်၊ ဝါဂွမ်းခူးကြတယ်။"
"ဘယ်မိသားစုက ကောင်မလေးတွေက ချောပြီးတော့ တင်ပါးကြီးလဲ၊ အဲဒါက သူတို့ကို ကလေးမွေးဖို့ ကောင်းစေတယ်ဆိုတာ ဆွေးနွေးကြတယ်..."
"အဟက်။"
"ကျွန်တော့်ရဲ့နောက်ဘဝမှာ အရာရှိတစ်ယောက်အနေနဲ့ အမှုထမ်းတော့မှာ မဟုတ်ဘူး။ ကျွန်တော် လူပြန်ဝင်စားတဲ့ အချိန်ကျရင် မဟာကျင်းတိုင်းပြည်ရဲ့ အလံတွေက မြေပြင်အနှံ့ စိုက်ထူထားပြီး ဖြစ်နေမယ်လို့ စိတ်ကူးကြည့်တယ်။ ပြီးတော့ ဧကရာဇ်နဲ့ အရှင်မတို့အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းပြီးတော့ အေးချမ်းတဲ့ ဘဝလေးကိုဖြတ်သန်းသွားမယ်..."
လင်းလု ပြုံးလိုက်ရာ သူ၏စွမ်းအင်နှင့်ဝိညာဉ်မှာ ပိုမိုပြည့်စုံလာပြီး သူ၏စကားပြောဆိုမှုမှာ ပိုမို၍ ချောမွေ့လာလေသည်။
သို့သော်လည်း ချင်းဖုန်းဟော်ကတော့ မျက်ရည်ကျနေခဲ့သည်။ ၎င်းက မသေဆုံးခင် နောက်ဆုံး စွမ်းအင်ပေါက်ကွဲထွက်လာမှုတစ်ခု ဖြစ်ကြောင်းကို သူ သိနေသည်။
ထိုလက္ခဏာများ ပေါ်လာပြီဆိုလျှင် ပြန်လည်သက်သာလာရန် မျှော်လင့်ချက် မရှိတော့ပေ။
"ဟုတ်တယ်။ ဖြစ်လာလိမ့်မယ်။"
"သေချာပေါက် ဖြစ်လာလိမ့်မယ်။" ချင်းဖုန်းဟော်က မျက်ရည်များကို အတင်းအကျပ် ထိန်းထားကာ ပြောလိုက်သည် ။ "ဒါပေမဲ့ အဲဒီနေ့ကို အတူတူ မျက်မြင်တွေ့နိုင်ဖို့ မင်း အသက်ရှင်ရမယ်။"
လင်းလုက ပြန်မဖြေဘဲ ခေါင်းလှည့်ကာ အဝေးသို့ ကြည့်လိုက်သည်။
ထိုနေရာက…
ဧကရာဇ် စစ်ပွဲဆင်နွှဲခဲ့သော နေရာပင်။
၎င်းသည် ကောင်းကင်ယံကို လင်းလက်သွားစေပြီး နတ်ဘုရားများကို သတ်ဖြတ်ခဲ့သည်။
ထိုနေရာက သူ နှစ်သိမ့်မှုနှင့် ခွန်အားကို ရှာတွေ့ခဲ့သော နေရာလည်း ဖြစ်သည်။
ရုတ်တရက်။
လင်းလု၏မျက်လုံးများ ပြူးကျယ်သွားပြီး တုန်ရီနေသော လက်ညှိုးက အထက်သို့မြင့်တက်လာကာ ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေသောနေရာဆီသို့ ညွှန်ပြလိုက်သည်။
"ဧကရာဇ်..."
"ဧကရာဇ် ပြန်ရောက်လာပြီ။"
"ဘယ်ပြောလိုက်တယ်…"
ချင်းဖုန်းဟော်က ရုတ်တရက်ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ မြူခိုးများနောက်မှပုံရိပ်တစ်ခု ဖြစ်သည်။ ကောင်းကင်ရှိ ထူးဆန်းသောဖြစ်ရပ်များ၏ ရောင်ပြန်ဟပ်မှုကြောင့် သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားပုံရလေသည်။ သူ၏ခြေအောက်ရှိ ပင်လယ်ပြင် ဧရိယာတစ်ခုလုံးသည် တောရိုင်းမြေနှင့်ယှဉ်နိုင်သော သေးငယ်သည့်လမ်းလေးတစ်ခုနှင့် တူနေလေသည်။ သူက အိမ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာနေလေသည်။
"နတ်ဘုရားတွေ ရှုံးနိမ့်သွားပြီ။"
"ဧကရာဇ် ပြန်ရောက်လာပြီ။"
ချင်းဖုန်းဟော်က စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်သည်။
ဝုန်း။
တောရိုင်းမြေတစ်ခုလုံး ဆူညံသံများ ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော စစ်မြေပြင်က ချက်ချင်း တိတ်ဆိတ်သွားလေသည်။
လူတိုင်းက တစ်ပြိုင်နက်တည်း ဓားများကို အောက်ချလိုက်ပြီး ထိုပုံရိပ်ကို လှည့်လိုက်ကြသည်။
"တိုင်းပြည်မဏ္ဍိုင်... ဧကရာဇ်ဆိုတဲ့ဘွဲ့နာမည်ကို ဖော်ထုတ်လို့မရဘူးလေ။" လင်းလုက ခက်ခက်ခဲခဲနှင့် သတိပေးလိုက်သည်။
"ဘာကို ကြောက်နေရမှာလဲ။"
"တောရိုင်းမြေက ပေါင်းစည်းလုနီးပါး ဖြစ်နေပြီ။ အခုချိန်မှာ ဒီအကြောင်းကို ဘယ်သူက ဂရုစိုက်မှာလဲ။" ချင်းဖုန်းဟော် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
နောက်ဆုံးကျန်ရှိနေသော ဗောဓိသတ္တရုပ်တုက ဒူးထောက်ကျသွားပြီး မျက်လုံးများမှာ ဗလာကျင်းနေ၏။
"အချိန်-နေရာလွတ် ဓားသူတော်စင် ပြန်ရောက်လာပြီ။"
"ဗုဒ္ဓတိုင်းပြည်..."
"ရှုံးနိမ့်ဖို့က ရှောင်လွှဲမရတော့ဘူး။"
ဇန်ဘုန်းကြီးများက မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။ ထိုပုံရိပ်၏ ခြေလှမ်းများသည် ရှေ့သို့ လျှောက်လှမ်းနေသည်ဟု မထင်ရဘဲ သူတို့၏နှလုံးသားများကို နင်းခြေနေသကဲ့သို့ ဖြစ်နေပြီး ကျန်ရှိနေသော မျှော်လင့်ချက်များကို အကြိမ်ကြိမ် ချေမှုန်းပစ်နေလေသည်။
"ဓားသူတော်စင်"ဟူသော နာမည်သည် ပြိုင်ဖက်ကင်းခြင်းနှင့် အဓိပ္ပာယ်တူ၏။
သူ မရှိသောအချိန်တွင် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရှိကောင်း ရှိနိုင်သည်။
သူ ပြန်လာသည်နှင့်၊ အကြံအစည်များအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"ငါတို့တွေ မှားယွင်းတဲ့ဘက်ကို ရွေးချယ်ခဲ့တယ်။ မှားယွင်းတဲ့ဘက်ကို ရွေးချယ်ခဲ့တယ်။" ဗုဒ္ဓတိုင်းပြည် အနောက်သို့ လိုက်ခဲ့သော လက်အောက်ခံအင်အားစုများ၏ အဆင့်မြင့်အရာရှိများသည် ခါးသီးစွာ ငိုကြွေးပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ကောင်းကင်သို့ ဟိန်းဟောက်လိုက်ကြသည်။
အရဟတ္တက ကြောက်ရွံ့စွာဖြင့် ပုန်းကွယ်နေပြီး ထွက်ပြေးရန် ကြိုးစားကာ သူ နောက်ဆုတ်နေစဉ် သူ့ဘာသာ တီးတိုးရေရွတ်နေသည်။ "ထွက်ပြေးရမယ်။ ငါ ထွက်ပြေးရမယ်။ မဟုတ်ရင် ငါ သေချာပေါက် သေလိမ့်မယ်။"
အချိန်-နေရာလွတ် ဓားသူတော်စင် ပြန်လာပြီဖြစ်ကြောင်း သတင်းသက်သက်က…
ဗုဒ္ဓတိုင်းပြည် တစ်ခုလုံးကို ပြိုကျသွားစေခဲ့ပြီး လူတိုင်းသည် ခုခံလိုစိတ် ပျောက်ဆုံးသွားကြသည်။ လူတစ်ယောက်က ထွက်ပြေးရန် ရွေးချယ်လိုက်သောအခါ ၎င်းသည် ဆည်တစ်ခုကို ဖြတ်ကျော်လာသော ရေလွှမ်းမိုးမှုကြီးကဲ့သို့ ဖြစ်သွားပြီး အခြေအနေမှာ ထိန်းချုပ်၍မရနိုင်အောင် ဖြစ်သွားတော့သည်။
သူတို့က ကျယ်ပြောလှသော လူပင်လယ်ကြီးကိုဖြတ်၍ ရူးသွပ်စွာဖြင့် ထွက်ပြေးကြသော်လည်း၊ ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီပြေးလွှားနေသော ခေါင်းမပါသည့် ယင်ကောင်များနှင့် တူနေလေသည်။
"ဟာဟားဟား..." ချင်းဖုန်းဟော် မြေကြီးပေါ်သို့ လဲကျသွားပြီး ရင်ထဲမှလှိုက်၍ ရယ်မောလိုက်သည်။
စစ်သေနာပတိ၏တဲအိမ်။
ကျန်းစန်းဟိုင်က ဆံပင်များ လုံးဝအဖြူရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းကာ စားပွဲပေါ်သို့ ခွေကျသွားလေသည်။
သဲကန္တာရစစ်မြေပြင် ပြိုကျသွားချိန်မှာပင်။
အေးစက်ပြီး ဂရုမစိုက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အချိန်-နေရာလွတ်ကို ပိတ်ဆို့ထားလိုက်ပြီ။"
"အနိုင်ရတဲ့သူက ဘုရင်ဖြစ်ပြီးတော့ ရှုံးနိမ့်တဲ့သူက သူခိုးပဲ။ ရှုံးနိမ့်တဲ့သူက ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကိုယ်စား အပြစ်ပေးခံရလိမ့်မယ်။"
စကားလုံးများ ကျဆင်းသွား၏။
ပုံရိပ်တစ်ခုက မြူခိုးများကို ဖောက်ထွက်လာပြီး ကောင်းကင်ယံကို လင်းသွားစေသော ထူးဆန်းသည့် ဖြစ်ရပ်များ ပျောက်ကွယ်သွားလေသည်။
အနက်ရောင်ဝတ်လူငယ်က လေဟာနယ်ကို ဖြတ်သန်းလျှောက်လှမ်းလာပြီး တောရိုင်းမြေသို့ တရားဝင် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
…