← Chapters

အခန်း ၃၁၃

Vol. 22 Ch. 313

အခန်း ၃၁၃

Vol. 22 Ch. 313

အပိုင်း(၃၁၃) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၉)

အပြင်ဘက်နေရာလွတ်။

ဘုန်းကြီးအိုက ဗုဒ္ဓဂါထာများကို ရွတ်ဆိုနေပြီး ကစီရည်တိုက်ထားကာ အရောင်လွင့်နေသော သူ၏သင်္ကန်းသည် လေမတိုက်ဘဲ လွင့်ဝဲနေလေသည်။ ဇန်စိတ်ကူးစိတ်သန်းများ ပါဝင်သော သင်္ကေတများဖြင့် ပြုလုပ်ထားသည့် သံကြိုးများက သူ၏လက်မောင်းများနှင့်ခါးတွင် ရစ်ပတ်နေသည်။ အောက်သို့ တွဲကျနေသော သူ၏မျက်လုံးများက မှေးမှိန်နေပြီး ဝိညာဉ်ရစွမ်းအားများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသော်လည်း သူ၏စကားလုံးများမှာ မိုးခြိမ်းသံကဲ့သို့ ဖြစ်နေသည်။

"ရှင်းလင်းပစ်။"

"သန့်ရှင်းပြီးဗလာဖြစ်နေတဲ့အခန်း။"

"ဖုန်မှုန့်တွေကို တံမြက်စည်းလှည်းပစ်။"

စကားလုံးတိုင်းက တန်ဖိုးရှိပြီး မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေလေသည်။

တုန်းဖန်လျူလီသည် အတူတကွရင်ဆိုင်ရန် ရှေ့သို့ တိုးချင်ခဲ့သော်လည်း မုန့်ချင်ကျိုးက သူ့ကို လက်မောင်းဖြင့် တားဆီးကာ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

ဘုန်းကြီးအိုက သေရန်ဆုံးဖြတ်ထားပြီး မသေခင်တွင် သူ၏ ဘဝတစ်သက်တာ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုကို အတည်ပြုချင်ရုံသာ။ မုန့်ချင်ကျိုးသည် သူ၏ဤဆန္ဒကို ဖြည့်ဆည်းပေးရန် ငြင်းဆန်ခြင်း မရှိပေ။

ဇန်စိတ်ကူးစိတ်သန်းများပါဝင်သော သံကြိုးများ ပြတ်တောက်သွားပြီး အနက်ရောင်ဝတ်လူငယ်ဆီသို့ ဆန့်ထွက်လာလေသည်။

မုန့်ချင်ကျိုးက အန္တရာယ်အရိပ်အယောင်တစ်ခုကို ရှင်းလင်းစွာ အာရုံခံနိုင်သဖြင့် ရှောင်တိမ်းချင်ခဲ့သည်။

သို့သော်လည်း။

သူ အရေးယူ ဆောင်ရွက်ချင်သောအခါ။

"ရှင်းလင်းပစ်"ဆိုသည့် အယူအဆက စိတ်ထဲတွင် သတိမထားမိဘဲ ပေါ်လာပြီးနောက် ချက်ချင်းပင် အရေးမပါသော အတွေးအမျိုးမျိုး ပျောက်ကွယ်သွားလေသည်။ သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ပေ။

လူ့လောကသည် အခက်အခဲများဖြင့် ပြည့်နှက်နေပြီး ကိုယ့်သားသမီးများအပေါ် အနက်ရှိုင်းဆုံး ချစ်ခင်ယုယမှုများကိုပင် ဖြတ်တောက်နိုင်သည်။ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှု အားလုံးသည် နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်ပြီး အစမှ ပြန်လည်စတင်ရန် လူဝင်စားခြင်းသံသရာ ထဲသို့ ထွက်ပြေးရမည် ဖြစ်သည်။

ဘဝဆိုတာ ပျင်းစရာကောင်းတယ်။ အဲဒါက ဆုံးဖြတ်ချက်တွေချတာ၊ လက်လျှော့တာ၊ ပြီးတော့ စွန့်လွှတ်လိုက်တာတွေကလွဲပြီး ဘာမှ မဟုတ်ဘူး။

ဘာလို့ ဒုက္ခခံပြီး အဲဒါကိုရှောင်နေမှာလဲ။ အဲဒါကို ရှောင်ဖို့မလိုဘူး။

မုန့်ချင်ကျိုးက အနည်းငယ် အံ့အားသင့်သွားသော်လည်း တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူ၏ တာအိုနှလုံးသားက သန့်စင်ပြီး ရှင်းလင်းသွားကာ စိတ်ခံစားမှုများနှင့် အလိုဆန္ဒများ အားလုံးကို ဖြတ်တောက်သည့် အစွန်းရောက် အခြေအနေတစ်ခုသို့ ရောက်ရှိသွားကြောင်း သူ သဘောပေါက်လိုက်သည်။ ညင်သာစွာ ရုန်းကန်လိုက်ရုံဖြင့် သံကြိုးများက ချက်ချင်း ပြတ်တောက်သွားလေသည်။

သို့သော် သူ နောက်မဆုတ်ခဲ့ပေ။ မျက်နှာသာပေးခြင်းဖြစ်ရာ သူကိုယ်တိုင် တွေ့ကြုံခံစားကြည့်ခြင်းက ပိုကောင်းမည်ဟု သူ တွေးလိုက်သည်။

"မင်းရဲ့ဆုံးဖြတ်ချက်က ကျောက်တုံးတစ်တုံးလို ခိုင်မာတယ်။ မင်းကို သွန်သင်ဖို့ ကြိုးစားခဲ့တာက ငါ စည်းကျော်လွန်သွားတယ်။" အတ္တကင်းမဲ့ဗုဒ္ဓက ခါးသီးသောအပြုံးဖြင့် ပြောလိုက်ပြီး သူ၏မျက်လုံးများကို အနည်းငယ်ပင့်ကာ ပြောလိုက်သည်။

နောက်ဆက်တွဲ "အခန်းကိုသန့်ရှင်းခြင်း"နှင့် "ဖုန်မှုန့်များကိုတံမြက်စည်းလှည်းခြင်း"တို့သည် "ရှင်းလင်းပစ်" ဟူသော အယူအဆအပေါ် အခြေခံ၍ ဤစိတ်အခြေအနေကို ပိုမို နက်ရှိုင်းစေမည့် နည်းလမ်းများ အားလုံးဖြစ်သည်။

"ဒီစွမ်းအားက ရန်သူတွေကို အနိုင်ယူဖို့သက်သက် မဟုတ်ဘူး။"

ဗုဒ္ဓနယ်မြေအတွင်းရှိ အတုအယောင်ဗုဒ္ဓများနှင့် ဘုန်းကြီးများကို ဖယ်ရှားရန်နှင့် ဤနတ်ဆိုးများနှင့် ဘီလူးများအားလုံးကို လုံးဝကူးပြောင်းပေးရန် ၎င်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အတ္တကင်းမဲ့ဗုဒ္ဓက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကံဆိုးချင်တော့ အဲဒါကို အကောင်အထည် မဖော်နိုင်ခင်မှာပဲ အဆုံးသတ်က နီးကပ်လာပြီ..."

မုန့်ချင်ကျိုးက လက်ကို နောက်ပစ်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "မဆိုးပါဘူး၊ ခင်ဗျားမှာ တာဝန်ယူမှု စိတ်ဓာတ် နည်းနည်းတော့ ရှိသားပဲ။ ဒါပေမဲ့ သိပ်တော့ မများဘူးပေါ့။"

ဇန်စိတ်ကူးစိတ်သန်းများပါဝင်သော သံကြိုးများက သူ့ကို ချည်နှောင်ထားဆဲ ဖြစ်သည်။

သင်္ကေတများသည် ဗုဒ္ဓဘာသာအလင်းတန်းများကို ထုတ်လွှတ်နေပြီး သင်္ကေတ (၉၉၉၉)ခု ပါဝင်သော သံကြိုးတစ်ခုကို ဖန်တီးထားကာ သင်္ကေတတစ်ခုစီတိုင်းတွင် နက်နဲသော ဇန်နတ်ဘုရားစွမ်းအားတစ်ခု ပါဝင်နေလေသည်။

"ဒကာကြီး... ဒါက ဒုတိယအကွက်ပဲ။" အတ္တကင်းမဲ့ဗုဒ္ဓက ပြောလိုက်သည်။

မုန့်ချင်ကျိုး တိတ်ဆိတ်နေပြီး အခြေအနေကို အာရုံခံနေလေသည်။

ချက်ချင်းပင်။

သူ၏အသိစိတ်က ခမ်းနားကြီးကျယ်သော ကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

ဤနေရာတွင် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီး အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သဖြင့် မုန့်ချင်ကျိုး အံ့အားသင့်သွားလေသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ၎င်းသည် ဒဏ္ဍာရီလာ ကမ္ဘာမြေပေါ်ရှိသုခဘုံ ဖြစ်လာလေသည်။

ဗုဒ္ဓဘာသာနှင့် တာအိုကျမ်းစာများတွင် ဖော်ပြထားသော သခုဘုံ ဆိုသည်မှာ လာမည့်ဘဝတွင် ပူပင်သောကကင်းသောသုခံဘုံသို့ ဝင်ရောက်နိုင်ရန်အတွက် ယခုဘဝတွင် ဆင်းရဲဒုက္ခများကို ခံစားကာ ကုသိုလ်ယူရသည့် နေရာကို ရည်ညွှန်းပြီ အဆုံးစွန်သော ပျော်ရွှင်မှုရှိသည့် အခြားကမ်းခြေဟု သိကြသည်။

လူ့ဘဝဆိုတာ ဆင်းရဲဒုက္ခ ပင်လယ်ကြီးပဲ။ အဲဒါကို တစ်ကြိမ်ဖြတ်ကျော်မှသာ အခြားကမ်းခြေကို ရောက်နိုင်ပြီးတော့ နောက်ဆုံးမှာ ပျော်ရွှင်မှုထဲကို ဝင်ရောက်နိုင်မှာ။

"စိတ်ဝင်စားစရာပဲ။"

"ငါ့မျက်လုံးတွေ ပြန်ကောင်းလာတာ မဟုတ်ဘဲ ငါ့ရဲ့ ဝိညာဉ်ကို ငါ့ရဲ့မသိစိတ်ထဲ ဆွဲသွင်းသွားတာ။ ပြီးတော့ ငါမြင်ရတဲ့ မြင်ကွင်းတွေက ငါ စိတ်ကူးယဉ်ထားတဲ့ သုခဘုံတစ်ခု သက်သက်ပဲ။"

"လူတိုင်းရဲ့ နှလုံးသားထဲမှာ သုခဘုံတစ်ခုစီ ရှိကြပြီ လူတစ်သောင်းမှာ မတူညီတဲ့ သုခဘုံ တစ်သောင်း ရှိလိမ့်မယ်။"

"အဲဒီဘုန်းကြီးအိုက အံ့သြစရာကောင်းတာပဲ။"

"ပထမဆုံး သူက တကယ့်ကမ္ဘာမှာ ဗုဒ္ဓတိုင်းပြည်တစ်ခုကို ဖန်တီးခဲ့တယ်။ ပြီးတော့ ဝိညာဉ်ကမ္ဘာမှာ သုခံဘုံတစ်ခုကို တည်ဆောက်ခဲ့တယ်။ တကယ်လို့ အချိန်သာပေးခဲ့ရင်တော့ သူက အဲဒါကို ကျော်လွန်ပြီး သွားနိုင်လောက်တယ်။"

မုန့်ချင်ကျိုးသည် နတ်ဘုရားများနှင့်ဗုဒ္ဓများ ပြည့်နှက်နေသော ကောင်းကင်ကိုကြည့်ကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး နတ်ဘုရားများနှင့် ဗုဒ္ဓများ အတိအကျ (၉၉၉၉၉)ပါး ရှိသည်ဟု အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။ သူတို့က ထိုသံကြိုး၏ ကိုယ်ပွားများဖြစ်ပြီး မတူညီသော ကြီးမားလှသည့် ဇန်၏ သဘာဝလွန်စွမ်းအားများနှင့် ကိုက်ညီလေသည်။

ကောင်းကင်ယံကဲ့သို့ ခမ်းနားကြီးကျယ်သော နတ်ဘုရားများနှင့် ဗုဒ္ဓများက ဆင်းလာကြသည်။

သို့သော်လည်း။

အနက်ရောင်ဝတ်လူငယ်၏ အေးစက်သောမျက်လုံးများက လျှပ်စီးများကဲ့သို့ တောက်ပသွားလေသည်။ တစ်လက်မမျှ မလှုပ်ရှားဘဲ သူ၏လက်မောင်းကို ကောင်းကင်သို့ မြှောက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဓား... လာခဲ့စမ်း။"

ဓာအသိက ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်ယံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံးကို ချက်ချင်းပင် အပိုင်းပိုင်း ပျက်စီးသွားစေသည်။

ကြီးမားလှသည့် သဘာဝလွန်စွမ်းအားများဆိုသည်မှာ ဂါထာရွတ်ဆိုသူ၏ ကျင့်ကြံမှုအခြေခံအုတ်မြစ် အပေါ် အခြေခံရမည်ဖြစ်သည်။ ကောင်းကင်ထောက်တိုင်နယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးသော အတ္တကင်းမဲ့ဗုဒ္ဓအတွက် သူ၏သဘာဝလွန်စွမ်းအားများ မည်မျှပင် များပြားပါစေ ပြိုင်ဖက်ကင်းသော အချိန်-နေရာလွတ် နိယာမများကို ယှဉ်နိုင်မည် မဟုတ်ပေ။

"နှစ်ကွက် ပြီးသွာားပြီ။ ခင်ဗျားမှာ နောက်ဆုံးတစ်ကွက်ပဲ ကျန်တော့တယ်။"

မုန့်ချင်ကျိုးက လက်ဆန့်တန်းကာ ခန္ဓာကိုယ်ကို ချည်နှောင်ထားသော သံကြိုးများကို ချိုးဖျက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ခင်ဗျားမှာ နောက်ဆုံး ပြောစရာစကားတွေရှိရင် အခု ပြောလို့ရပြီ။"

ဘုန်းကြီးအိုက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

စွမ်းရည်တွေနဲ့နည်းစနစ်တွေအားလုံး အသုံးမဝင်ဘူး။ ပါရမီရှင်တစ်ယောက်ရဲ့ရှေ့မှာ ကြိုးစားအားထုတ်မှု ဆိုတာက တကယ်ကို အရေးမပါဘူး။

သူက သတ်ဖြတ်ရေးအကွက်များကို ဘဝတစ်ဝက်နီးပါး သေချာစွာ လေ့လာခဲ့သော်လည်း သူ၏ ပြိုင်ဘက်က ညင်သာစွာ လှုပ်ရှားလိုက်သောအခါ အားလုံးက နှစ်ပိုင်းပျက်စီးသွားခဲ့သည်။

"ငါသာ အနာဂတ်ကို ကြိုမြင်နိုင်ခဲ့ရင် ဒီခေတ်ကြီးမှာ ဆင်းရဲဒုက္ခခံဖို့ ငါ ရွေးချယ်ခဲ့မှာ မဟုတ်ဘူး။ ငါ စောစောကတည်းက လှုပ်ရှားခဲ့သင့်တာ။"

"မဟုတ်ဘူး..."

"အခွင့်အရေး မရှိဘူး။ ကောင်းကင်စောင့်ကြည့်သူက အဲဒါကို ခွင့်ပြုမှာ မဟုတ်ဘူး။"

အတ္တကင်းမဲ့ဗုဒ္ဓ၏ မျက်လုံးများမှ ထက်မြက်မှုများ မှေးမှိန်သွားပြီး မုန့်ချင်ကျိုးဆီသို့ ခြေလှမ်းလိုက်ကာ သူ၏ရှေ့ နှစ်မီတာအကွာတွင် ရပ်တန့်လိုက်ပြီး လက်ညှိုးကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

"သေချာစဉ်းစားပြီးတော့ ငါ အစွမ်းကုန် ကြိုးစားရင်တောင်မှ မင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ငါတွေးမိတယ်။"

"အဲဒီလိုဆိုမှတော့ ဒီနောက်ဆုံးအခွင့်အရေး မင်းကို ပေးမယ်။ မင်းရဲ့ အကြီးမားဆုံး အားနည်းချက်က အချိန်အကြာကြီး မကျင့်ကြံခဲ့ရတာနဲ့ ကျင့်ကြံခြင်းအကြောင်း နားလည်မှု နည်းလွန်းတာပဲလို့ မင်း တစ်ခါက ပြောခဲ့ဖူးတယ်။"

"ဒါဆိုရင် ဒီဘုန်းကြီးအိုက မင်းကို (၉)ဘဝလူဝင်စားခြင်းထဲကို ပို့ပေးမယ်။ နှစ်ထောင်ပေါင်းများစွာ ကြာမယ့် အိပ်မက်ကြီးတစ်ခု။ ဒါပေမဲ့ လက်တွေ့မှာတော့ မျက်မိတစ်မှိတ်ပဲကြာမယ့် အရာတစ်ခုပေါ့။"

လက်ညှိုးက မုန့်ချင်ကျိုး၏နဖူးကို ထိလုနီးပါး ဖြစ်သွားချိန်တွင်ပင်။

ရုတ်တရက် အသံတစ်ခုက ဝင်ရောက် နှောင့်ယှက်လိုက်သည်။

"နေ... နေပါဦး။"

တုန်းဖန်လျူလီက ပေါ့ပါးပြီး မြန်ဆန်သော ခြေလှမ်းများဖြင့် ပြေးလာကာ မုန့်ချင်ကျိုး၏ ဘေးတွင် ရပ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မကိုပါ အဲဒီထဲ ပို့ပေးလို့ရမလား။ ချင်ကျိုးနဲ့အတူ (၉)ဘဝလူဝင်စားခြင်းကို ဖြတ်သန်းချင်တယ်။"

သူ စကားပြောနေစဉ်။

တုန်းဖန်လျူလီက သူ့ဘေးနားမှလူ၏ လက်ကြီးကို လက်သေးသေးလေးဖြင့် တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်ပြီး သူတို့၏လက်ချောင်းများ ယှက်နွှယ်ကာ လက်သီးဆုပ်ထားလိုက်ကြသည်။

အင်း...

အတ္တကင်းမဲ့ဗုဒ္ဓ၏ နှုတ်ခမ်းများ တုန်ခါသွားပြီး အချိန်အတော်ကြာပြီးနောက် ခေါင်းညိတ်လိုက်သည်။ "အင်း။ ရပါတယ်။"

"ကျေးဇူးတင်ပါတယ်။" တုန်းဖန်လျူလီက ပြုံးလိုက်သည်။

ဘုန်းကြီးအိုသည် လူနှစ်ဦး၏နဖူးကို လက်နှစ်ချောင်းဖြင့် တစ်ပြိုင်နက်တည်း ထိလိုက်သောအခါ သူ၏လက်ချောင်းထိပ်များမှ ဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဉာဏ်အလင်းပွင့်သွားသကဲ့သို့ သူတို့၏ ဝိညာဉ်များထဲသို့ စိမ့်ဝင်သွားလေသည်။

သူတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားချိန်တွင် ကျယ်ပြောလှသော အချိန်-နေရာလွတ်မြစ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့နှစ်ဦးကို အလယ်ဗဟိုတွင် ရစ်ပတ်ထားလိုက်လေသည်။

အတ္တကင်းမဲ့ဗုဒ္ဓက မည်သည့်စိတ်ခံစားမှုမျှမပြဘဲ သူ၏မျက်လုံးများကိုအောက်ချကာ ပုတီးစေ့များကို ပွတ်သပ်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

(၉)ဘဝလူဝင်စားခြင်းသံသရာ စတင်သည်နှင့် တစ်ပြိုင်နက် ဂါထာရွတ်ဆိုသူပင်လျှင် ဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် ချောင်းကြည့်ခြင်းမျိုး ပြုလုပ်၍ မရနိုင်တော့ပေ။

ထို့အပြင်...

မုန့်ချင်ကျိုးသည်လည်း အကယ်၍ ချောင်းကြည့်ချင်လျှင်ပင် မဖြစ်နိုင်အောင် အထူး နည်းလမ်းများ စီစဉ်ထားခဲ့သည်။

တစ်ခဏချင်းမှာပင်။

သူတို့နှစ်ဦး၏ ဝိညာဉ်များက လူဝင်စားခြင်းသံသရာထဲသို့ ဝင်ရောက်သွားလေသည်။

...

ပထမဘဝတွင် မုန့်ချင်ကျိုးသည် လက်ရှိအုပ်ချုပ်နေသောတိုင်းပြည်၏ဧကရာဇ် ဖြစ်ခဲ့သော်လည်း၊ ဧကရီတုန်းဖန်လျူလီ၏ လျစ်လျူရှုခြင်းကို ခံခဲ့ရပြီး လူထုသဘောထားကို နှုတ်ဆိတ်စေရန် ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုခံခဲ့ရသည်။ နှစ်ပေါင်း(၂၀၀)ကြာ သူတို့နှစ်ဦးသည် သူစိမ်းများကဲ့သို့ ဖြစ်ခဲ့ပြီး အတူတကွနေထိုင်ကာ ချစ်ခင်ရသောစုံတွဲတစ်တွဲအဖြစ် ဟန်ဆောင်နေခဲ့ကြသည်။

ကျင့်ကြံမှုက တိမ်တက်နယ်ပယ်တွင် ပိတ်မိနေပြီး အဆင့်တက်ရန် ကျရှုံးခဲ့သည်အထိ ရုပ်သေးဧကရာဇ်တွင် ပြောရေးဆိုခွင့်မရှိသလို အရင်းအမြစ်များလည်း မရှိခဲ့ပေ။ သူက အေးစက်သော နန်းတော်သို့ ပြည်နှင်ဒဏ်ခံရသော မိဖုရားတစ်ပါးကဲ့သို့ သနားစရာကောင်းပြီး စိတ်ဆင်းရဲစရာ ဖြစ်နေခဲ့သည်။ နှစ်ပေါင်း(၂၀၀) ကြာပြီးနောက် သူ ကွယ်လွန်သွားခဲ့သည်။

တတိယရာစုနှစ်တွင် ဧကရီက အိပ်မက်မှနိုးလာသကဲ့လို နိုးလာခဲ့ပြီး အကြောင်းပြချက်တစ်ခုခုကြောင့်၊ သေဆုံးသွားသောချစ်ရသူအပေါ် လွမ်းဆွတ်မှုတစ်ခုကို ခံစားခဲ့ရသည်။ တဖြည်းဖြည်းနှင့် သူက ဧကရာဇ်ကို လွမ်းဆွတ်နေမိကြောင်း တွေ့ရှိလာခဲ့ပြီး မသိလိုက်မီမှာပင်၊ ကွယ်လွန်သွားသောဧကရာဇ်အပေါ် စစ်မှန်သော ခံစားချက်များ ပွင့်လန်းလာခဲ့သည်။

ဧကရာဇ်၏သင်္ချိုင်းဂူရှေ့တွင်။

ဧကရီက သင်္ချိုင်းဂူကို သုတ်သင်ရင်း တီးတိုးရေရွတ်လိုက်သည်။ "ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ခဲ့ပြီး ကျွန်မရဲ့ကျင့်ကြံမှုက အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ။ ဘဝက ဘာနောင်တမှမရှိဘဲ လုံးဝ ပြီးပြည့်စုံနေပါပြီ။ ဘာလို့... ကျွန်မ ရှင့်ကို ဒီလောက်တောင် လွမ်းနေရတာလဲ။"

စတုတ္ထရာစုနှစ်တွင် တိုင်းပြည်က တည်ငြိမ်ပြီး၊ ပြည်တွင်းပုန်ကန်မှုများ မရှိသလို ပြင်ပရန်သူများလည်း မရှိဘဲ ငြိမ်းချမ်းပြီး သာယာဝပြောနေလေသည်။

သို့သော် ဤအချိန်တွင် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

ဧကရီကိုယ်တိုင် သေခြင်းရှင်ခြင်း သံသရာတွင် ပျက်စီးသွားပြီး လူဝင်စားခြင်းသံသရာထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားခဲ့သည်။

...

ဒုတိယဘဝ။

မုန့်ချင်ကျိုးက နှစ်ပေါင်း(၂၀၀)ကြာကျင့်ကြံခဲ့ပြီး လရောင်ထွန်းလင်းနယ်ပယ်သို့ ရောက်ရှိကာ ချင်ယွန်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ သို့သော် သူသည် နံနက်ခင်းအလင်းနယ်ပယ်၏ တံခါးဝနှင့် ရင်ဆိုင်ရသောအခါ၊ အတိတ်ဘဝမှမှတ်ဉာဏ်များ ရုတ်တရက် နိုးထလာခဲ့သည်။

သူက ဧကရီအကြောင်းကို တွေးမိသော်လည်း နှစ်ဦးကြားတွင် မည်သည့်ခံစားချက်မျှ မရှိခဲ့ဖူး၍ သူ ဂရုမစိုက်ခဲ့ပေ။

ထို့နောက် ထိုမှတ်ဉာဏ်ကို မေ့ပစ်လိုက်လေသည်။

အနှစ်(၂၀)ကြာပြီးနောက် ဂိုဏ်းသည် တပည့်အသစ်များကို ရွေးချယ်နေလေသည်။ ဂိုဏ်းချုပ်က သူတို့၏စွမ်းရည်များကိုအကဲဖြတ်ရန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး အလှဆုံးမိန်းကလေးများထဲမှ တစ်ဦးကို သဘောကျသွားလေသည်။ သူ၏အာရုံကို ဖမ်းစားခဲ့သည်မှာ ထိုမိန်းကလေး၏ အလှအပမဟုတ်ဘဲ သူ၏ ထူးကဲသောပါရမီပင်။

ရုတ်တရက် သဘောကျမှုကြောင့် သူက ထိုမိန်းကလေးကို တပည့်အဖြစ် လက်ခံလိုက်သည်။

ကောင်မလေး၏နာမည်မှာ လျူလီ ဖြစ်သည်။ သူက ဓားပညာတွင် ပါရမီရှိပြီး သူ၏ကျင့်ကြံမှုပါရမီသည် ဂိုဏ်းချုပ်ဖြစ်သော ဆရာဖြစ်သူထက်ပင် သာလွန်လေသည်။

"သေခါနီးအချိန်ကျရင် အတိတ်ဘဝမှတ်ဉာဏ်တွေကို ထိန်းသိမ်းဖို့အတွက် ကျင့်ကြံမှု အားလုံးကို အသုံးပြုမယ်။ ဘဝဆိုတာ နှင်းတွေလို အထီးကျန်တယ်။ အထွတ်အထိပ်က ရှုခင်းတွေကို မြင်ဖူးပေမယ့် လူ့လောကရဲ့ အရသာတွေကို မခံစားဖူးသေးဘူး။ ဘာပဲဖြစ်ဖြစ် ပျင်းနေပြီ။ ဧကရာဇ်… ကျွန်မကို အဖော်ပြုပေးပါ။"

မကျန်းမမာဖြစ်နေသော အနီရဲရဲ အလင်းစက်ဝန်းတစ်ခုသည် ကောင်မလေး၏ မျက်လုံးများတွင် ပေါ်လာလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရာစုနှစ်တစ်ခု ကုန်လွန်သွားခဲ့သည်။

ဤကာလအတွင်း ကောင်မလေး၏ပါရမီကို သက်သေပြနိုင်ခဲ့သည်။ နှစ်(၁၀၀) အတွင်းမှာပင် သူသည် ချင်ယွန်ဂိုဏ်း၏ဂိုဏ်းချုပ်ကို ကျော်သွားပြီး နံနက်ခင်းအလင်းနယ်ပယ်သို့ ပထမဆုံးရောက်ရှိသူ ဖြစ်လာခဲ့သည်။

အဆင့်တက်သည့်နေ့မှာပင်။

ရုတ်တရက် ကောင်မလေးသည် ဆရာဖြစ်သူကို ချည်နှောင်ရန် ချည်နှောင်ရေးပညာရပ်တစ်ခုကို အသုံးပြုလိုက်ပြီး သူ့ကို ပခုံးပေါ်သို့တင်ကာ အိပ်ခန်းထဲသို့ ပစ်ချလိုက်လေသည်။

"ဆရာ... မင်္ဂလာပါ။" ကောင်မလေးက ရူးသွပ်စွာ ပြုံးလိုက်သည်။

...

"ရိုင်းလိုက်တာ။"

"လျူလီ... မင်းက ဆရာနဲ့ ဘိုးဘွားတွေကို သစ္စာဖောက်နေတာပဲ။ ရပ်လိုက်စမ်း။ အခုချက်ချင်း ရပ်လိုက်စမ်း။"

ချင်ယွန်ဂိုဏ်းချုပ်အိုကြီး စိတ်ကျန်းမာရေး ချို့ယွင်းလုနီးပါးဖြစ်နေပြီး ကောင်မလေး အဝတ်အစားများ ချွတ်နေသည်ကို ကူကယ်ရာမဲ့စွာကြည့်နေရကာ ဘာမှမလုပ်နိုင်ဘဲ လဲလျောင်းနေရလေသည်။

"ဆရာ... ဒီနေ့အတွက် ကျွန်မက အနှစ်(၁၀၀) ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့တယ်။ အန္တရာယ်များတဲ့ နေရာတွေကို ဝင်ရောက်ခဲ့တယ်။ မောက်မာတဲ့သူတွေကို တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ သေခြင်းရှင်ခြင်း ကြားကနေ အသက်ရှင်ကျန်ရစ်ခဲ့တယ်။"

"အခုကစပြီး ဆရာက ကျွန်မပိုင်တဲ့အရာ ဖြစ်သွားပြီ။"

လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ကောင်မလေးက ဂိုဏ်းချုပ်၏အပေါ်မှခွထိုင်ကာ သူ၏ အဝတ်အစားများကို ချွတ်ပေးလေသည်။

အချိန်အနည်းငယ် ကြာပြီးနောက်။

အခန်းက ဆွဲဆောင်မှုရှိပြီး ပျက်စီးယိုယွင်းနေသော တေးသံများဖြင့် ပြည့်နှက်နေကာ ပြင်းပြသော ချစ်တင်းနှီးနှောခြင်းများ၊ ရင်းနှီးသောအခိုက်အတန့်များနှင့် နူးညံ့ပြီးကြာရှည်တည်ရှိနေသော စိတ်ခံစားမှုများကို သရုပ်ဖော်နေလေသည်...

"တော်ပါတော့..." ဂိုဏ်းချုပ်က အားနည်းစွာဖြင့် အော်ဟစ်ကာ အကူအညီတောင်းနေလေသည်။

ထိုအချိန်မှစ၍ ချင်ယွန်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကမ္ဘာကြီး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီး သူ၏ တစ်ဦးတည်းသော တပည့်ဖြစ်သူက ဆရာဖြစ်သူသည် တံခါးပိတ်ကျင့်ကြံနေကြောင်းနှင့် မည်သူမျှ မနှောင့်ယှက်ရကြောင်း ကြေညာခဲ့သည်။

နှစ်(၁၀၀)ကြာသည်အထိပင်။

ချင်ယွန်ဂိုဏ်းသည် ပြင်ပရန်သူများ၏ ကျူးကျော်ခြင်းကိုခံရချိန် စုတ်ပြတ်နေသော အဝတ်အစားများနှင့် စိတ်ဓာတ်ကျနေသော ဂိုဏ်းချုပ်က သူတို့ကို ခုခံရန် ပြေးထွက်လာလေသည်။

နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်ပြီး ရှုံးနိမ့်သွားကာ အသတ်ခံလိုက်ရသည်...

ကောင်မလေးလျူလီသည်လည်း ကျင့်ကြံမှုအပေါ် ပေါ့ဆမှုကြောင့် ရန်သူကို အနိုင်ယူရန် ကျရှုံးခဲ့သည်။ ကူကယ်ရာမဲ့သော ခါးသီးသည့် အပြုံးဖြင့် သူက နောက်တစ်ကြိမ် ပြိုကွဲသွားပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားကာ လူဝင်စားခြင်းသံသရာထဲသို့ လွင့်မျောသွားလေသည်။

...

တတိယဘဝ။

သူက မဟာချန်တိုင်းပြည်၏ အိမ်ရှေ့မင်းသား ဖြစ်ပြီး လျူလီက ရန်သူတိုင်းပြည်မှ မင်းသမီး ဖြစ်သည်၊ တစ်ယောက်က လိုက်ဖမ်းနေပြီး နောက်တစ်ယောက်က ထွက်ပြေးနေလေသည်။

အိမ်ရှေ့မင်းသမီးသည် ယခင်ဘဝနှစ်ခုမှ မှတ်ဉာဏ်များကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ဤမဟာချန် တိုင်းပြည်၏ အိမ်ရှေ့မင်းသားသည် သူ တောင့်တနေခဲ့သော ဧကရီှန်း သိလေသည်။ သူက ယုတ်မာသော ရည်ရွယ်ချက်များကို ဘယ်သောအခါမှ မစွန့်လွှတ်ခဲ့သော်လည်း ဤဘဝတွင် အဆင်မပြေသော လူဝင်စားခြင်း သံသရာ၏ဒဏ်ကို ခံစားနေရပြီး သူတို့သည် ဆန့်ကျင်ဘက်စခန်းများတွင် ရှိနေကြလေသည်။

"ချီးပဲ။ ဒီအရူးမက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။။"

"သူက နေ့တိုင်း ငါ့ကို နှောင့်ယှက်နေပြီးတော့ ငါ့ကလေးတွေကို မွေးချင်တယ်လို့ အော်နေတယ်။ သူက ရူးနေတာလား။။"

"တကယ်လို့ အိမ်ရှေ့မင်းသားဖြစ်တဲ့ငါက သူနဲ့ ဆက်ဆံရေးရှိခဲ့ရင် ငါ့ရဲ့အိမ်ရှေ့မင်းသားရာထူးက ချက်ချင်းရုပ်သိမ်းခံရလောက်တယ်။"

မဟာချန်တိုင်းပြည်၏ အိမ်ရှေ့မင်းသားက အရက်မူးနေပြီး အမှန်တရားကို ပြောကာ ဒေါသတကြီးဖြင့် ဝိုင်ခွက်အများအပြားကို မြေကြီးပေါ်သို့ ရိုက်ခွဲပစ်လိုက်သည်။

စားပွဲ၏တစ်ဖက်တွင် ပါးပြင်များ နီရဲနေသော ချောမောသည့် လူငယ်လေးတစ်ဦး ထိုင်နေပြီး သူ့ကို အရက်များ အဆက်မပြတ် ငှဲ့ပေးရင်း ပြောနေလေသည်။ "ဝိုင်က မင်းရဲ့ ပူပင်သောကတွေအားလုံးကို ပြေပျောက်စေနိုင်တယ်။ များများသောက်။ များများသောက်ပါ။"

သူတို့စကားပြောနေစဉ် ချောမောသော လူငယ်လေး၏မျက်နှာက အရက်ကြောင့်ဖြစ်ေစ။ တခြား အကြောင်းပြချက်ကြောင့်ဖြစ်စေ ပိုပိုပြီး နီရဲလာလေသည်။ သူ၏ ဆောင်းဦးရေကဲ့သို့ မျက်လုံးများသည် စိတ်ခံစားမှုများဖြင့် လှိုင်းထနေပြီး မျက်က်နှာကို လက်နှစ်ဖက်ဖြင့် ထောက်ကာ အရက်မူးပြီး သတိလစ်ကာ စားပွဲပေါ်သို့ ခွေကျနေသော မဟာချန်တိုင်းပြည်၏ အိမ်ရှေ့မင်းသားကို စူးစိုက်ကြည့်နေလေသည်။ သူက တီးတိုးရေရွတ်လိုက်သည်။

"ရှင် ထပ်ပြီးတော့ အဖမ်းခံရပြန်ပြီ။"

ထိုမျှပင်။

ချောမောသောလူငယ်လေးက မျက်နှာကို သုတ်လိုက်ရာ အမျိုးသမီးတစ်ဦး၏ အသွင်အပြင်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် သူက ဆံပင်များကို ဖြည်ချလိုက်ပြီး၊ အရက်မူးနေသော အိမ်ရှေ့မင်းသားကို သယ်ကာ စားသောက်ဆိုင်အခန်းထဲသို့ ဝင်သွားလေသည်။

"ဒါက ကျွန်မတို့ လက်ထပ်တာ တတိယအကြိမ်ပဲ။ လှဲနေလိုက်။၊ အလုပ်ကို ကျွန်မ လုပ်လိုက်မယ်။"

အမျိုးသမီးက အိမ်ရှေ့မင်းသား၏ အဝတ်အစားများကို ကျွမ်းကျင်စွာ ချွတ်ပစ်လိုက်လေသည်။

နောက်နေ့မနက်တွင်။

တွေဝေစွာဖြင့် အိမ်ရှေ့မင်းသားသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ရင်ခွင်ထဲတွင်အိပ်နေသူမှာ ရန်သူတိုင်းပြည်မှ မင်းသမီး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူက အလွန် ထိတ်လန့်သွားသဖြင့် မျက်လုံးများ နောက်သို့လန်သွားပြီး မေ့လဲသွားလေသည်။

"ဟင်... နိုးပြီလား။"

"နောက်တစ်ခါ ထပ်လုပ်ရအောင်။"

မင်းသမီးက အိပ်ချင်မူးတူးဖြင့် နိုးလာပြီး မျက်လုံးများကိုပွတ်ကာ နတ်ဆိုးလေး တစ်ကောင်ကဲ့သို့ တခစ်ခစ် ရယ်မောလိုက်လေသည်။

မကြာမီမှာပင်။

သူတို့၏ဆက်ဆံရေး ပေါက်ကြားသွားရာ မဟာချန်တိုင်းပြည်၏ ဧကရာဇ်က ဒေါသထွက်သွားပြီး အိမ်ရှေ့မင်းသား၏ဘွဲ့ကို ချက်ချင်းရုပ်သိမ်းကာ အေးစက်သောနန်းတော်သို့ ပြည်နှင်ဒဏ် ပေးလိုက်လေသည်။

အိမ်ရှေ့မင်းသမီးက အတော်လေး ပြတ်သားလေသည်။ သူက လက်ထဲတွင် ဓားတစ်လက်ကိုင်ကာ တံခါးဆီသို့ တိတ်တဆိတ် သွားလေသည်။

အသားဝါပြီး ပိန်လှီနေသော ကောင်လေးကို ကြည့်ကာ သူက ပြောလိုက်သည်။ "ရှင် ထပ်ပြီးတော့ အမှားလုပ်ပြန်ပြီ။ အင်း... ကောင်းပြီလေ။ နောက်ဘဝကျမှ တွေ့ကြတာပေါ့။"

ကောင်လေးက အဆဲတစ်ခွန်းကိုသာ မနည်းပြောနိုင်ခဲ့သည် - "မင်းအမေကို xxx"

ထို့နောက် ဓားများ လင်းလက်သွားလေ၏။

အိမ်ရှေ့မင်းသားက ရုတ်တရက် သေဆုံးသွားပြီး အိမ်ရှေ့မင်းသမီးသည်လည်း တိုက်ပွဲတွင် နောက်တစ်ကြိမ် အသတ်ခံလိုက်ရသည်။

...

စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ...

(၉)ဘဝမြောက် အဆုံးသတ်အထိတိုင်အောင်။

(၉)ဘဝလူဝင်စားခြင်း တစ်လျှောက်လုံး သူတို့နှစ်ဦးသည် အနှစ်(၃၀၀၀)ကြာ အချစ်နှင့်အမုန်း ဆက်ဆံရေးတွင် ပိတ်မိနေခဲ့ကြသည်။

လက်ရှိအချိန်တွင်။

ထင်းခုတ်သမားတစ်ဦးသည် ချောက်ကမ်းပါး အစွန်းတွင်ထိုင်ကာ နေဝင်ဆည်းဆာကို ကြည့်နေပြီး သူ၏ရင်ခွင်ထဲရှိ မြေခွေးလေးကို ငုံ့ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"မင်း ဒါကို မမျှော်လင့်ထားခဲ့ဘူး မဟုတ်လား။ အချိန်အကြာကြီး မောက်မာနေခဲ့ပြီးတော့ (၉)ဘဝမြောက်မှာ မြေခွေးတစ်ကောင်အနေနဲ့ ပြန်လည်မွေးဖွားလာတယ်။ ပြီးတော့ ငါက မင်းကို သတ်ပြီးတော့ စွပ်ပြုတ်လုပ်တော့မလို့။"

"လာ၊ လာ... ငါ့ကို တစ်ချက်လောက် အော်ပြ။"

ထင်းခုတ်သမားက လက်ချောင်းများဖြင့် မြေခွေးလေး၏မေးစေ့ကို ဆော့ကစားကာ မညှာမတာ လှောင်ပြောင်နေလေသည်။

မြေခွေးလေးက လူးလှိမ့်သွားပြီး သူ့ကို ဘေးတိုက်ကြည့်လိုက်ရာ မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေပြီး ၎င်း၏ခေါင်းကို ဝှက်ကာ စိတ်ပျက်စွာဖြင့် ဆက်လက် အိပ်စက်နေရုံသာ တတ်နိုင်တော့သည်။

မြေခွေးလေးတစ်ကောင်အဖြစ် လူပြန်ဝင်စားရခြင်းက တကယ်တမ်း အတော်လေး ကောင်းပေသည်။ ၎င်းက သရဲပုံပြင်တစ်ခုကို သရုပ်ဆောင်နေရသလိုပင်။

ဝမ်းနည်းစရာက သူသည် ကျင့်ကြံခြင်းအတွက် မည်သည့်အခြေခံအုတ်မြစ်မှမရှိသော သာမန် မြေခွေးလေးတစ်ကောင်သာ ဖြစ်နေသည်။

ဤထင်းခုတ်သမားက ၎င်းကို (၇)နှစ်၊ (၈)နှစ်လောက် ပြုစုပျိုးထောင်ခဲ့ပြီး တစ်နေကုန် ကြောင်လေး ဒါမှမဟုတ် ခွေးလေးတစ်ကောင်လို ဆော့ကစားနေခဲ့၏။

(၉)ဘဝလူဝင်စားခြင်းအပြီးတွင် ထင်းခုတ်သမားသည် မှတ်ဉာဏ်အားလုံးကို ပြန်လည်ရရှိခဲ့သည်။ ထို့အပြင် သူသည် ဤဘဝတွင် ပြိုင်ဖက်ကင်းသူ ဖြစ်ပြီး သူ၏ကျင့်ကြံမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေကာ ပထမဘဝမှ ဧကရီနှင့် ယှဉ်နိုင်လေသည်။ သူသည် မြေခွေးလေး၏ မူလအစကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သောကြောင့် သူ့ကိုခေါ်ယူပြီး ကျင့်ကြံခြင်း မလုပ်နိုင်အောင် တမင်တကာ တားဆီးခဲ့သည်။

"ထားလိုက်ပါတော့။"

"ဒီရှုပ်ထွေးမှုတွေအားလုံးပြီးရင် ငါတို့ဘဝရဲ့ကျန်တဲ့အချိန်တွေကို အေးအေးချမ်းချမ်း နေထိုင်ရအောင်။ ပြီးတော့ ပြဿနာတွေ ရှာနေတာ တော်လိုက်ကြတောပေါ့။"

ထင်းခုတ်သမားက တိုးတိုးလေး ရယ်မောလိုက်သည်။ နေဝင်သွားချိန် သူသည် တောင်ပေါ်တေးသီချင်း တစ်ပုဒ်ကို သီဆိုရင်း ထင်းများကိုသယ်ကာ အိမ်ပြန်သွားပြီး မြေခွေးလေးသည် သူ၏နောက်မှ အနီးကပ် လိုက်ပါသွားလေသည်။

...

...

နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သောအိပ်မက်တစ်ခု။ သို့သော် လက်တွေ့တွင် စက္ကန့်အနည်းငယ်သာ ကုန်လွန်သွားလေသည်။

မုန့်ချင်ကျိုးနှင့် တုန်းဖန်လျိုလီတို့ နိုးလာကြသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူတို့နှစ်ဦး တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။

"မင်းမှာ အချစ်ရူးဘက်ခြမ်း ရှိတယ်ဆိုတာ ကိုယ် လုံးဝမသိခဲ့ဘူး။" မုန့်ချင်ကျိုးက အံ့သြတကြီး ရေရွတ်လိုက်သည်။

၎င်းမှာ (၉)ဘဝလူဝင်စားခြင်း သံသရာ မဟုတ်ပေ။ အသေအချာပင် တုန်းဖန်လျိုလီ၏ လူဝင်စားခြင်း သုခဘုံပင်။

၎င်းက သူ့အပေါ် အမှန်တကယ် ဆိုးရွားသောသက်ရောက်မှု ရှိခဲ့သည်။

သို့သော်လည်း ဤအတွေ့အကြုံများသည် မုန့်ချင်ကျိုးအား ထိုးထွင်းသိမြင်မှု အများအပြားကို ဆောင်ကြဉ်းပေးခဲ့ပြီ စိတ်အခြေအနေမှာ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် ပြောင်းလဲနေလေသည်။

"အဲဒါအိပ်မက်တစ်ခု၊ ထင်ယောင်ထင်မှားတစ်ခုပါ။ ရှင်က အဲဒါကို ဘယ်လိုလုပ် အတည်ယူနိုင်မှာလဲ။" တုန်းဖန်လျိုလီ မျက်နှာနီရဲသွားပြီး ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်ပါတယ်..."

အတ္တကင်းမဲ့ဗုဒ္ဓက လူနှစ်ဦးကို သံသယဖြင့် ကြည့်လိုက်ပြီး သူ၏ကတုံးကိုစမ်းကာ အနည်းငယ် ရှုပ်ထွေးနေပုံရလေသည်။

အချိန်အနည်းငယ် ကြာပြီးနောက်။

မုန့်ချင်ကျိုး၏အပြုံး ပျောက်ကွယ်သွားပြီး ဘုန်းကြီးအိုဘက်သို့လှည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

"သဘောတူထားတဲ့အတိုင်းပဲ။ ခင်ဗျား သုံးကွက်ပြီးရင် ကျုပ်ဆီကနေ နောက်ထပ် သုံးကွက်ကို ခံရမယ်။ အဲဒါပြီးရင် ခင်ဗျားကို ထွက်ပေါက်တစ်ခု ပေးမယ်..."

"ကျုပ် နောက်ဆုတ်ထားပေးမယ်။ အလွန်ဆုံး ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ ကနဦးအဆင့်ကိုပဲ ပြသမယ်။ ပြီးတော့ အချိန်-နေရာလွတ် နိယာမတွေကို မသုံးဘူး။ ခင်ဗျားက..."

အတ္တကင်းမဲ့ဗုဒ္ဓက ခေါင်းခါလိုက်ပြီး ပြုံးလျက် ပြောသည်။

"မလိုပါဘူး။"

"ငါတို့ရဲ့ ကံကြမ္မာက အဆုံးသတ်သွားပြီ။ ငါ သွားရတော့မယ်။"

"ဒီအချိန်ကစပြီး တောရိုင်းမြေရဲ့ကံကြမ္မာကို အတည်ပြုလိုက်ပြီ။ ပြီးတော့ မဟာကျင်းတိုင်းပြည်ဟာ နှစ်တစ်သောင်းအတွင်း ပထမဆုံးအင်အားကြီးတိုင်းပြည် ဖြစ်လာလိမ့်မယ်။"

"ကံတရားနဲ့ကံကြမ္မာ ပေါင်းစုံသွားတဲ့အခါ ကံကြမ္မာရဲ့ အကြောင်းအကျိုးက တိုင်းပြည်တစ်ခုတည်းမှာ စုရုံးသွားလိမ့်မယ်။"

…

All Chapters