အခန်း ၃၁၄
Vol. 22 Ch. 314
အပိုင်း(၃၁၄) အတ္တကင်းမဲ့တာအို၊ အာဏာရှင်မွေးဖွားလာခြင်း
တောရိုင်းမြေက ပျက်စီးသွားလေသည်။
အလောင်းများက တောင်တန်းများသဖွယ် ပုံကျနေပြီး မျက်စိတစ်ဆုံးတိုင်အောင် ကျယ်ပြန့်နေသည်။ သွေးပင်လယ်က အလောင်းတောင်များကို ဝါးမျိုသွားပြီး မဟာတာအို ပြိုကျကာ သက်ရှိသတ္တဝါအားလုံး ဆင်းရဲဒုက္ခ ရောက်ခဲ့ရသည်။
ဘုန်းကြီးအိုတစ်ပါးက သွေးအိုင်ကိုဖြတ်၍ ခြေဗလာဖြင့် လျှောက်သွားရင်း ပြန်လည်မွေးဖွားခြင်း ဂါထာကို ရွတ်ဆိုနေလေသည်။
သူတစ်ပါးတည်းသာ လျှောက်လှမ်းနေပြီး သာမန်လူတစ်ယောက်၏ ခွန်အားဖြင့် မြေပြင်ကို တိုင်းတာ၍ နေလေသည်။ သူက အသက်ရှင်နေသေးသူများ သို့မဟုတ် ဒဏ်ရာရနေသူများနှင့် ကြုံတွေ့ရတိုင်း ခရီးမဆက်မီ သူတို့ကို ကုသပေးရန် ရပ်တန့်လေသည်။
ဘုန်းကြီးအိုက သူ၏ရွှေရောင်ခန္ဓာကိုယ်နှင့် ဇန်အရှိန်အဝါကို ဖယ်ရှားလိုက်ပြီး ကျင့်ကြံမှုနှင့် စွမ်းအင်များကို ဖုံးကွယ်ထားကာ ခြိုးခြံကျင့်ကြံသောရသေ့တစ်ပါးနှင့် တူနေလေသည်။
"အရှင်ဘုရားက ဗုဒ္ဓတိုင်းပြည်က ဇန်ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးလားဘုရား။" လင်းလုက ဒဏ်ရာများကို သုတ်သင်ပေးနေသော ဘုန်းကြီးအိုကို ကြည့်ကာ ယဉ်ကျေးစွာ မေးလိုက်သည်။ ဘုန်းကြီးအို၏ အစက်အပြောက်များနှင့် အရေတွန့်နေသောလက်များသည် အပြင်းထန်ဆုံး ဒဏ်ရာများကိုပင် မျက်စိတစ်မှိတ် အတွင်း ကုသပေးနိုင်စွမ်း ရှိလေသည်။
"ဒီတောရိုင်းမြေမှာ ဇန်ဗုဒ္ဓဘာသာဆိုတာ မရှိတော့သလို ဘယ်ဗုဒ္ဓတိုင်းပြည်မှလည်း မရှိတော့ပါဘူး။"
"ငါက မသေခင် အပြစ်တချို့ကို ပေးဆပ်ချင်နေတဲ့ သေလုဆဲဆဲ လူတစ်ယောက် သက်သက်ပါ။"
"ကုသိုလ်ကောင်းမှုတချို့ကို ကျင့်ကြံနေတာပါ။"
ဘုန်းကြီးအိုက ကြင်နာစွာ ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ပြီးနောက် အဝေးသို့ ဆက်လက် လျှောက်လှမ်းရန် လှည့်ထွက်သွားလေသည်။
လင်းလု မတ်တတ်ရပ်လိုက်သည်။ ဧကရာဇ်က သူ၏ကုန်ခမ်းသွားသော အသက်စွမ်းအင်ကို ပြန်လည်၍ ဖြည့်တင်းပေးခဲ့ပြီး ထို့နောက်တွင် ဘုန်းကြီးအိုက သူ၏ဒဏ်ရာများကို ကုသပေးခဲ့သည်။ သူသည် လုံးဝ အထိအခိုက်မရှိတော့ဘဲ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူ သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
"အရှင်ဘုရားက ဘယ်လို အပြစ်တွေများ ကျူးလွန်ခဲ့လို့လဲ။"
ဘုန်းကြီးအိုက အနည်းငယ် ရပ်တန့်သွားပြီး ခေါင်းလှည့်ကာ ပြောလိုက်သည်။
"မြေခွေးတွေက ဘုန်းကြီးသင်္ကန်းကို ဝတ်ဆင်ပြီးတော့ ဝက်ဝံတွေ ဗုဒ္ဓကျမ်းစာတွေကို ခိုးယူသွားတာကို ငါက လက်ပိုက်ကြည့်နေခဲ့တယ်။ ဗုဒ္ဓအဖြစ် အတုအယောင်သတ်မှတ်ခံထားရသူတွေကို သာမန်ပြည်သူတွေ အပေါ်ကို အန္တရာယ်ပြုခွင့်ပေးခဲ့တယ်။ ဒါက ငါတစ်ယောက်တည်းရဲ့ အပြစ်ပါပဲ။"
"တောရိုင်းမြေမှာ စစ်ပွဲစတင်ခဲ့ပြီး သန်းရာချီတဲ့လူတွေကို သေဆုံးစေခဲ့တာက ငါနဲ့ မဟာကျင်းတိုင်းပြည် ဧကရာဇ်နဲ့ ဧကရီတို့ အတူတူ မျှဝေခံရမယ့် အပြစ်တစ်ခုပါ။"
ထိုသို့ပြောပြီးနောက်တွင် ဘုန်းကြီးအိုသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ နှေးကွေးပုံရသော်လည်း မျက်မိတစ်မှိတ်အတွင်း မိုင်တစ်ထောင် ခရီးကို ရောက်ရှိသွားလေသည်။
သူဖြတ်သွားရာ လမ်းဘေးတစ်လျှောက်နှင့် မိုင်သောင်းချီ ကျယ်ပြန့်သော နေရာများအထိပင် သွေးပင်လယ်များ အငွေ့ပျံသွားပြီး အလောင်းတောင်များသည် မြေကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ပျက်စီးနေသော ကမ္ဘာကြီးသည် ဖြည်းညှင်းစွာ ပြန်လည်ကောင်းမွန်လာပြီး မြေကြီးထဲမှ စိမ်းလန်းသော သစ်ပင်များနှင့် ပန်းပွင့်အစုအဝေးများ ပေါက်ရောက်လာလေသည်။
အသက်နှင့်မျှော်လင့်ချက်ကို အုပ်ချုပ်သော နတ်ဘုရားတစ်ပါးသဖွယ် ရွှေရောင်ကြာပန်းများ နေရာအနှံ့ ပွင့်လန်းလာပြီး အနီနှင့်အစိမ်းရောင်ပန်းများ နေရာတိုင်းတွင် ပွင့်လန်းလာလေသည်။
"သူက... အတ္တကင်းမဲ့ဗုဒ္ဓလား။" လင်းလု ထိတ်လန့်သွားလေသည်။
ချင်းဖုန်းဟော်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောသည်။ "ဒီစကားတွေကို ပြောဖို့ သူတစ်ယောက်တည်းပဲ အရည်အချင်း ပြည့်မီတယ်။"
အတ္တကင်းမဲ့ဗုဒ္ဓက အသက်ရှင်လျက် ပြန်လာတယ်ဆိုတော့ ဧကရာဇ်နဲ့ ဧကရီကကော ဘယ်လိုလဲ...
လင်းလု၏နှလုံးသားက လည်ချောင်းဝသို့ ရောက်လုမတတ် ဖြစ်သွား၏။ သူက စိုးရိမ်တကြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏အမြင်အာရုံထဲ၌ ယှဉ်တွဲလျှောက်နေသော ပုံရိပ်နှစ်ခုကို မှုန်ဝါးဝါး မြင်လိုက်ရသည်။ တစ်ဦးက အနီရောင်ဝတ်ဆင်ထားပြီး တစ်ဦးက အနက်ရောင်ဝတ်ဆင်ထားကာ အတ္တကင်းမဲ့ဗုဒ္ဓ၏နောက်မှ တိတ်တဆိတ် လိုက်ပါလာပြီး မနှောင့်ယှက်၊ ဝင်မစွက်ဖက်ဘဲ သူ့ကို တိတ်တဆိတ် လိုက်ပို့ပေးနေလေသည်။
"ဘာတွေ ဖြစ်နေတာလဲ။" လင်းလုက နားမလည်နိုင်စွာဖြင့် ခေါင်းကိုကုတ်လိုက်သည်။
ချင်းဖုန်းဟော်က အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးနောက် တွေးတွေးဆဆ ပြောလိုက်သည်။ "ကရာဇ်နဲ့ ဘုန်းကြီးအိုတို့ကြားမှာ နားလည်မှုတစ်ခုခု ရရှိသွားတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘုန်းကြီးအိုက တောရိုင်းမြေမှာ ဇန်ဗုဒ္ဓဘာသာ ဒါမှမဟုတ် ဗုဒ္ဓတိုင်းပြည်ဆိုတာ မရှိတော့ဘူးလို့ ပြောသွားတယ်။ ပြီးတော့ သူကလည်း သေလုဆဲဆဲ လူတစ်ယောက်ပဲ။ ဆိုလိုတာက ဧကရာဇ် အနိုင်ရသွားပြီပေါ့။"
"ဟုတ်တယ်။"
လင်းလု ရုတ်တရက် သဘောပေါက်သွားပြီး ထို့နောက် ဘုန်းကြီးအို ကုသပေးခဲ့သော ဒဏ်ရာဟောင်းကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်သည်။ "ဒီဘုန်းကြီးအိုက ထင်ထားသလောက် မဆိုးဘူး ထင်ပါရဲ့။"
ချင်းဖုန်းဟော်က ရယ်လိုက်ပြီး ပပြောလိုက်သည်။
"လောကမှာ လုံးဝကိုဆိုးတဲ့သူဆိုတာ မရှိသလို လုံးဝကိုကောင်းတဲ့သူဆိုတာလည်း မရှိဘူး။"
"ငါတို့ကိုယ်တိုင်တောင်မှ အပြစ်မကင်းဘူး မဟုတ်လား။ မဟာကျင်းတိုင်းပြည်ရဲ့ ပြည်သူတွေနဲ့ စစ်သားတွေရဲ့ အမြင်မှာတော့ ငါတို့က တိုင်းပြည်ကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းတွေပေါ့။ ဒါပေမဲ့ တောရိုင်းမြေက တိုင်းပြည်အသီးသီးရဲ့ အမြင်မှာတော့ ငါတို့က ပြဿနာတွေဖန်တီးတဲ့ နတ်ဆိုးတွေနဲ့ ဘာများကွာခြားလို့လဲ။"
ဤအချက်သို့ ရောက်သောအခါ ချင်းဖုန်းဟော်က သက်ပြင်းချလိုက်ပြီး ပြောသည်။ "လောကကြီးမှာ အမှားအမှန်ဆိုတာ မရှိဘူး၊။ မတူညီတဲ့ အမြင်တွေပဲ ရှိတာ။"
"အဲဒီကောင်းကင်စောင့်ကြည့်သူဆိုတဲ့သူကရော တကယ်ပဲ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်ကောင်တွေလား။ သူတို့က လူသားဧကရာဇ်ကို ပြန်လည်ဖန်တီးဖို့အတွက် ကြိုးစားတာက ကယ်တင်ခြင်းလမ်းကြောင်းတစ်ခုလည်း ဖြစ်နိုင်တယ်။ ပြောဖို့တော့ ခက်ပါတယ်။"
"ဒါကြောင့် အရမ်းကြီး မတွေးပါနဲ့။ အခုပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်ဖို့ကိုပဲ အာရုံစိုက်။"
လင်းလုက ကျိုးပဲ့နေသောလှံကိုကိုင်ကာ မျက်လွှာချပြီး တိတ်ဆိတ်နေခဲ့သည်။ အချိန်အတော် ကြာပြီးနောက် သူက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် တစ်ခုခုကို သင်ယူလိုက်ရပါပြီ။"
...
...
"ချင်ကျိုး။"
"ဘုန်းကြီးအိုက သူ့ရဲ့ကျင့်ကြံမှုနဲ့ တာအိုအသီးအပွင့်ကို ဖြန့်ကျက်နေတယ်။ ပျက်စီးနေတဲ့ ကမ္ဘာကြီးကို ပြုပြင်ဖို့နဲ့ အပြင်းအထန် ဒဏ်ရာရနေတဲ့ စစ်သားတွေကို ကုသပေးဖို့ သူ့ရဲ့ ကြီးမားတဲ့အခြေခံအုတ်မြစ်ကို အသုံးပြုနေတယ်..." တုန်းဖန်လျူလီက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ...
မုန့်ချင်ကျိုးသည် သူ၏အတိတ်ဘဝမှ ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ထဲက နာမည်ကြီးစာသားတစ်ခုကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ "ငါ့ဘဝတစ်သက်တာမှာ ကုသိုလ်ကောင်းမှုတွေကိုမကျင့်ကြံခဲ့ဘဲ သတ်ဖြတ်ခြင်းနဲ့ မီးရှို့ခြင်းကိုပဲ နှစ်သက်ခဲ့တယ်။ ရုတ်တရက် ရွှေရောင်သံကြိုးတွေကနေ ရုန်းထွက်လာပြီး ကျောက်စိမ်းသော့ခလောက်ကို ချိုးဖျက်လိုက်တယ်။ ချန်းထန်မြစ်ရေလှိုင်းလုံးကြီးတွေ ဝင်ရောက်လာတယ်။ ဒီနေ့မှပဲ ငါက ဘယ်သူလဲဆိုတာ ငါသိတော့တယ်။"
သေလုဆဲဆဲအချိန်မှာ တစ်သက်လုံး ဘာကောင်းမှုမှ မလုပ်ခဲ့ဘူးဆိုတာကို သူ သဘောပေါက်သွားပြီး ကျင့်ကြံမှုတွေကို ဖြန့်ကျက်ပြီး ကောင်းကင်နဲ့မြေကြီးဆီကို ပြန်ပေးဖို့ သူ တွေးလိုက်တာပဲ။
"သူ့ဆီမှာ စစ်မှန်တဲ့ဗုဒ္ဓရဲ့အရိပ်အယောင်လေးတော့ ရှိပါတယ်။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
ပြန်တွေးကြည့်လျှင် ဘုန်းကြီးအိုနှင့် ပထမဆုံး စတွေ့ကတည်းက သူသည် အမြဲပင် ထိုသို့ပင်။ သူ၏ တပည့်များ မည်သို့ဖြစ်စေကာမူ၊ သူကိုယ်တိုင်ကတော့ မကောင်းမှု မလုပ်ခဲ့ပေ။
သူက နည်းလမ်းပေါင်းစုံနှင့် သည်းခံခဲ့ပြီး ငြိမ်းချမ်းရေးကိုသာ စိတ်နှလုံးအပြည့်နှင့် ရှာဖွေခဲ့သည်။
အတ္တကင်းမဲ့ဗုဒ္ဓ၏အမှားက ဝံပုလွေများနှင့် ကျားတွေကို သာမန်ပြည်သူများအပေါ် အန္တရာယ်ပြုခွင့် ပေးခဲ့ခြင်းပင်။ အရဟတ္တ(၁၈)ပါးက အမျိုးသမီးကျွန်များကို မွေးမြူထားပြီး လန်ယတိုင်းပြည်ရဲ့ မြေအောက်မြို့တော်တွင် အကျဉ်းချထားကြောင်းကို သူသိသော်လည်း လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူ၏တပည့်များက လူသတ်ခြင်း၊ မီးရှို့ခြင်းနှင့် မကောင်းမှုအမျိုးမျိုးကို ကျူးလွန်နေကြောင်း သိသော်လည်း မျက်ကွယ်ပြုထားခဲ့၏။ ၎င်းက သူ၏ တကယ့်အမှားပင်။
တခြားအရာများကတော့...
မုန့်ချင်ကျိုး တကယ်ကို မမှတ်မိတော့ပေ။
သူက ဆက်လျှောက်သွားရင်း လမ်းတစ်လျှောက်တွင် တာအိုအသီးအပွင့်များကို ဖြန့်ကျက်ပြီး သေလုမျောပါးဖြစ်နေသော ဒုက္ခသည်များစွာကို ကယ်တင်ကာ ကမ္ဘာကြီးကို သူ၏အခြေခံအုတ်မြစ်နှင့် ပြုပြင်ပေးခဲ့သည်။ သူက သုံးရက်နှင့်သုံးညတိတိ လျှောက်သွားခဲ့၏။
ဤကာလအတွင်း တုန်းဖန်လျူလီနှင့် မုန့်ချင်ကျိုးတို့သည် ခဏတာမျှသာ လိုက်ပါသွားပြီးနောက် တိတ်တဆိတ်နောက်ဆုတ်သွားကာ စမ်းချောင်းလေးတစ်ခုဘေး သစ်သားအိမ်တစ်လုံးဆောက်၍ သာမန်လူ များကဲ့သို့ပင် အဝတ်လျှော်၊ ဟင်းချက်ကာ နေထိုင်ခဲ့ကြသည်။
သူတို့ စောင့်ဆိုင်းနေကြသည်။
သူ လုံးဝပျောက်ကွယ်သွားသောအချိန်၊ တောရိုင်းမြေ၏ကံကြမ္မာများ ပေါင်းစည်းသွားသည့်အချိန်က အာဏာရှင်မွေးဖွားလာမည့်နေ့ရက် ရောက်လာမည် ဖြစ်သည်။
ဤသုံးရက်အတွင်းတွင် မဟာကျင်းတိုင်းပြည်၏ အရာရှိများရော၊ သာမန်ပြည်သူများပါ ဧကရာဇ် သို့မဟုတ် ဧကရီကို မရှာဖွေခဲ့ကြပေ။
ကျန်းစန်းဟိုင်က နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိတစ်စုကို ဦးဆောင်ကာ တိုင်းပြည်အသီးသီးကို ပြန်လည်သိမ်းပိုက်ခြင်း၊ စနစ်ကိုပြန်လည်ဖွဲ့စည်းခြင်း၊ ပျက်စီးနေသောမြေကြီးနှင့်ကောင်းကင်ကို ပြုပြင်ခြင်းနှင့် ဗုဒ္ဓတိုင်းပြည်သို့ သွားရောက်၍ အရင်းအမြစ်များ စုဆောင်းခြင်းစသည့် အရာများကို လုပ်ဆောင်ခဲ့သည်။
တတိယမြောက်ည သန်းခေါင်ယံအချိန်တွင် ဖြစ်ပွားခဲ့သည်။
တောရိုင်းမြေတစ်ခုလုံးက နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေပြီး လူတိုင်း မျက်စိမဖွင့်နိုင်လောက်အောင် တောက်ပနေလေသည်။ အိပ်ပျော်ခါစလယ်သမားများက အိပ်ရာမှခုန်ထပြီး သူတို့၏ပေါက်ပြားများကိုကိုင်ကာ နွားလှည်းများကို မောင်း၍ လယ်ကွင်းများဆီသို့ ထွက်သွားကြသည်။
အိပ်ချင်မူးတူးဖြင့် လယ်သမားက တစ်ခုခု မှားယွင်းနေကြောင်းကို အာရုံခံလိုက်မိသည်။ နွားအိုကြီးက နွေးနေဆဲဖြစ်ပြီး အလုပ်လုပ်ပြီးခါစဖြစ်ကြောင်း သိသာနေသည်။
ခေါင်းကိုလှည့်ကြည့်လိုက်ရာ နေကိုမမြင်ရဘဲ ကောင်းကင်တွင် တင်ပလ္လင်ခွေထိုင်ကာ စကြဝဠာ ဗုဒ္ဓဘာသာအလင်းတန်းများကို ဖြန့်ကြက်နေသော ဧရာမရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးကို မြင်လိုက်ရသည်။
"စစ်ပွဲကပြီးသွားပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြန်စလာတာလဲ။" လယ်သမားက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော်လည်း။
တဖြည်းဖြည်းနှင့် လူများက ထူးဆန်းမှုတစ်ခုကို သတိထားမိလာကြသည်။
ဂါထာများရွတ်ဆိုနေသော ဗုဒ္ဓရုပ်ပွားတော်ကြီးက အလွန်ကြီးမားပြီး ပဲ့တင်ထပ်နေလေသည်။ ထို့အပြင် သူ၏ရွှေရောင်ခန္ဓာကိုယ်ပေါ်ရှိ သုတ်ဆေးများ ကွာကျလာပြီး တောရိုင်းမြေသို့ သဲကြီးမဲကြီး မိုးရွာသွန်းစေသော ရွှေရောင်အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားလေသည်။
ရွှေရောင်မိုးရေက အရာအားလုံးကို တိတ်တဆိတ် အာဟာရဖြည့်ပေးပြီး ကောင်းကင်နှင့် မြေကြီးထဲသို့ စိမ့်ဝင်သွားလေသည်။
၎င်းက အရာအားလုံးကို ရှင်သန်ကြီးထွားစေပြီး အသက်စွမ်းအင်ကို တိုးပွားစေခဲ့သည်။ တောင်များနှင့် မြစ်များကို ပြန်ကောင်းမွန်စေခဲ့သည်။ မြေအောက်မြစ်များ မြေပြင်ပေါ် ရောက်လာခဲ့သည်။ ဆည်မြောင်းများကို ပြန်လည်တူးဖော်ခဲ့ပြီး စစ်ပွဲကြောင့် ပျက်စီးသွားသော မြေပြင်မှ အနီနှင့်အစိမ်းရောင်အပင်များ စတင်၍ ပေါက်ရောက်လာခဲ့သည်။ ရွာထိပ်ရှိ သစ်ပင်သေများက စိမ်းလန်းစိုပြေသော သစ်ရွက်များဖြင့် တန်ဆာဆင်လာကြသည်။
မရေမတွက်နိုင်သော လူများက အံ့အားသင့်သွားကြပြီး နတ်ဘုရားတစ်ပါး လောကကြီးကို ကယ်တင်ရန် ရောက်ရှိလာသည်ဟု ထင်မှတ်ကာ ဒူးထောက်လိုက်ကြသည်။
အချို့က အော်ဟစ်လိုက်ကြသည်။ မဟာကျင်းတိုင်းပြည်၏ ကုသိုလ်ကြောင့် ဧကရာဇ်နှင့် ဧကရီတို့သည် မိစ္ဆာဘုန်းကြီးကို သတ်ပစ်နိုင်ခဲ့ပြီး စစ်မှန်သောဗုဒ္ဓကို ဆင်းသက်လာစေကာ လောကကြီးကို ကျေးဇူးတော်များ ပေးသနားစေခဲ့သည်ဟူ၍ပင်။
...
တောင်ပေါ်ရှိ သစ်တောတစ်ခုထဲတွင်။
စမ်းချောင်းဘေးတွင် အနက်ရောင်ဝတ်လူငယ်တစ်ဦးနှင့် ဆံပင်နီအမျိုးသမီးတစ်ဦးတို့ ယှဉ်တွဲရပ်ကာ ရွှေရောင်ဗုဒ္ဓပေါ်ထွက်လာရာ အရပ်သို့ မျက်နှာမူထားကြသည်။
"လွန်ခဲ့တဲ့ တစ်ရက်ကတည်းက သူ့ရဲ့တာအိုကျင့်ကြံမှုတွေ အားလုံး ကုန်ခမ်းသွားခဲ့ပြီ။ အခု သူ ကုန်ခမ်းစေနေတာက... ကျန်နေသေးတဲ့ အသက်စွမ်းအင်ပဲ။ တကယ်လို့ ဒီလောကမှာ လူဝင်စားခြင်းဆိုတာ ရှိခဲ့ရင်တောင် သူ့ရဲ့ လုပ်ရပ်တွေက ပြန်လည်မွေးဖွားလာဖို့ အခွင့်အရေးကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲ။"
"သူ့ရဲ့လက်ရှိအခြေအနေက..."
"ဗုဒ္ဓဆိုတဲ့နာမည်ကို ခံယူဖို့ ထိုက်တန်ပါတယ်။"
အနက်ရောင်ဝတ်လူငယ်က အမူအရာမဲ့စွာ ပြောလိုက်ပြီး မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင် တစ်ခုနှင့်အတူ တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
ဆံပင်နီနှင့်အမျိုးသမီးက သူ၏ပခုံးပေါ်တွင် မှီထားပြီး ဘာစကားမှမဆိုသလို ဘာနှစ်သိမ့်မှုမှလည်း မပေးခဲ့ပေ။
ကစားပွဲထဲ ပိတ်မိနေသောအခါ ရှင်းပြချက်တိုင်းက ဆင်ခြေတစ်ခုဟု ထင်ရသည်။ ကစားပွဲထဲမှ ထွက်လိုက်မှသာ စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရကို မြင်နိုင်ပေမည်။
တိတ်ဆိတ်စွာ အဖော်ပြုပေးခြင်းက အကောင်းဆုံး နှစ်သိမ့်မှုပင်။
ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်များ လုံးဝ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် လေဟာနယ်ထဲတွင် ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏အသံက ကြီးမားသောခေါင်းလောင်းကြီးတစ်ခုလို ပဲ့တင်ထပ်ကာ နေရာတိုင်းသို့ တိတ်ဆိတ်စွာ ရောက်ရှိသွားလေသည်။
ကမ္ဘာကြီးတစ်ခုလုံး၏ ကံကြမ္မာ စုရုံးလာပြီး ၎င်း၏ထက်ဝက်သည် မဟာကျင်း တိုင်းပြည်ထံသို့ ကျရောက်သွားကာ ကျန်တစ်ဝက်ကို အနက်ရောင်ဝတ်လူငယ်နှင့် ဆံပင်နီအမျိုးသမီးတို့က သယ်ဆောင်၍ ထားလေသည်။
ဤအချိန်မှစ၍ တောရိုင်းမြေ၏အာဏာရှင် မွေးဖွားလာခဲ့လေပြီ။
ကောင်းကင်၏အမိန့်တော်သည် မဟာကျင်းနှင့်သက်ဆိုင်လေသည်။
...
"ကောင်းကင်ကြည့်ဆောင်ကို သတိထားပါ..."
"သူတို့ရဲ့ အကြံအစည်က ဧကရာဇ်ကို ပြန်ဖန်တီးဖို့ မဟုတ်ဘဲ လောကကြီးကို မှောက်လှန်ပစ်နိုင်တဲ့ လျှို့ဝှက်အန္တရာယ်တစ်ခုကို ဖန်တီးဖို့ ဖြစ်နိုင်ခြေများတယ်။"
"ငါ တစ်ချိန်က သူလျှိုဖြစ်ခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည်လေး တစ်ခုကို သတိထားမိခဲ့တယ်။ ဒါကြောင့် အသက်ရှင်ဖို့ နည်းလမ်းကို ငါ ရှာဖွေနေခဲ့တာ။"
"ဒီတစ်ခေါက်မှာ ဒြပ်(၅)ပါးနတ်ဘုရားတွေက မင်းရဲ့လမ်းကို ပိတ်ဆို့ခဲ့တာရယ်၊ ငါ ရုတ်တရက် စစ်ကြေညာခဲ့တာရယ် အားလုံးက ကောင်းကင်စောင့်ကြည့်သူရဲ့ အမိန့်ကြောင့်ပဲ။ မဟုတ်ရင် မဟာကျင်းနဲ့ ငြိမ်းချမ်းစွာ နေထိုင်ဖို့ကိုပဲ ငါ တကယ် ရွေးချယ်ချင်ခဲ့တာ..."
"ပြီးတော့ ငါ့မှာ စစ်မှန်တဲ့ဗုဒ္ဓတစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ တပည့်တစ်ယောက် ရှိတယ်။ မင်း စိတ်ဝင်စားရင် သူ့ကို မင်းဘေးမှာ ထားနိုင်တယ်။ အနာဂတ်မှာ သူက မင်းကို ကူညီပေးနိုင်လိမ့်မယ်။"
"မင်းရဲ့ဆန္ဒတွေ ပြည့်ဝပါစေ။ ပြီးတော့ မဟာကျင်းက လောကကြီးကို တကယ် ပြောင်းလဲနိုင်ပါစေ။"
ရုတ်တရက်။
မုန့်ချင်ကျိုးက ဘုန်းကြီးအို၏နောက်ဆုံးစကားများကို ကြားလိုက်ရလေသည်။
…