← Chapters

အခန်း ၃၁၆

Vol. 22 Ch. 316

အခန်း ၃၁၆

Vol. 22 Ch. 316

အပိုင်း(၃၁၆) လက်ရှိအခြေအနေ၊ ကျင့်ကြံခြင်းတွင် အဆင့်တက်ခြင်း

ပစ္စုပ္ပန်ရွာ။

ပစ္စုပ္ပန်ရွာ၏ စည်းမျဉ်းဟောင်းများကို ဖျက်သိမ်းလိုက်ပြီး ထပ်မံဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ စည်းမျဉ်းတစ်ခုတည်းသာ အသက်ဝင်နေဆဲ ဖြစ်သည်။ [ပစ္စုပ္ပန်ရွာအတွင်း ဧကရာဇ်နှင့် ဧကရီတို့အတွက်ပင် တရားဝင် ဘွဲ့နာမည်များကို အသုံးပြုခွင့် မရှိပါ ]

ဟင်းသီးဟင်းရွက် ခြင်းတောင်းကို ကိုင်ဆောင်ထားသော ဝူတျဲက ဈေးမှ ဈေးဝယ်ပြီးပြန်လာကာ လမ်းတစ်လျှောက်ရှိ ရွာသားများ၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားများကို တုံ့ပြန်နေလေသည်။

ရွာထိပ်တွင်။

လျန်ချွီက ပြုံးပြီး ဝူတျဲကို လက်ဝှေ့ယမ်းပြလိုက်ကာ သူ၏ဘေးရှိ ခန္ဓာကိုယ်တောင့်တင်းသော အမျိုးသားတစ်ဦးကို မျက်စိမှိတ်ပြပြီး ပြုံးလျက် ပြောလိုက်သည်။

"အဘိုးကြီးချင်း... မြန်မြန်လုပ်ပြီး ပိုကြိုးစားစမ်းပါ။ ဝူတျဲကို ကြည့်ဦး။ သူက အသက်(၂၂)နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း ရောက်နေပြီ။ စုချင်ချိုးလည်း လရောင်ထွန်းလင်း နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရောက်နေပြီ။ မင်းက တစ်ချိန်က တိုင်းပြည်ကိုကာကွယ်ခဲ့တဲ့ စစ်နတ်ဘုရား ဖြစ်ခဲ့ပေမယ့် အခုတော့ အောက်ခြေကို ရောက်လုနီးပါး ဖြစ်နေပြီ။"

ချင်းဖုန်းဟော်က စားပွဲပေါ်တွင် ခွေကျနေပြီး စုတ်တံကိုကိုက်ကာ ညီလာခံတွင် ဧကရီပေးခဲ့သော "အိမ်စာ"အပေါ် အကြိတ်အနယ် စဉ်းစားနေသည်။ လျန်ချွီ၏ ပေါ့ပေါ့ဆဆနှင့် အဓိပ္ပာယ်မဲ့သောစကားများကို ကြားသောအခါ သူ ဒေါသထွက်လွန်း၍ နှာခေါင်းတွန့်လိမ်လုနီးပါးဖြစ်သွားပြီး ဆဲဆိုလိုက်သည်။

"ထွက်သွားစမ်း။"

"ငါတို့နှစ်ယောက်လုံးက အသက်မွေးဝမ်းကျောင်း အစောပိုင်းအဆင့်တွေမှာပဲ ရှိသေးတယ်။ ဒါကြောင့် ဘယ်သူက ပိုတော်လဲဆိုတာ ငြင်းခုံနေဖို့ အဓိပ္ပာယ်မရှိဘူး။ အဓိပ္ပာယ်မရှိတာတွေနဲ့ အချိန်ဖြုန်းနေမယ့်အစား အဲဒါကို ဘယ်လိုရေးရမလဲ ဆိုတာကို စဉ်းစားဦး။"

"ပေါင်းစည်းထားတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်၊ တရားဝင်ရွေးချယ်ရေးစနစ်၊ မဟာကျင်း တိုင်းပြည်ရဲ့ ဥပဒေနဲ့စည်းမျဉ်းတွေကို ရေးမှတ်ထားရမယ်။ မဟုတ်ရင်တော့ မနက်ဖြန်ညီလာခံမှာ ငါ မျက်နှာပျက်ရလိမ့်မယ်။"

ထိုစကားကို ကြားသောအခါ...

လျန်ချွီ၏အပြုံး ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။

"ငါတို့အတွက် တစ်ခုလောက်ရေးပေးဖို့ အဘိုးကြီးကျန်းကို ပြောကြည့်မလား။ သူက မနက်ဖြန် စစ်ဆေးရတဲ့သူဖြစ်မှာဆိုတော့ သူ့ရဲ့အရေးအသားက သေချာပေါက် အပြစ်ကင်းစင်မှာပဲ။"

"အဲဒါက ညစ်တာ မဟုတ်ဘူးလား။" ချင်းဖုန်းဟော်က တွန့်ဆုတ်စွာ ပြောလိုက်သည်။

လျန်ချွီက မျက်စောင်းထိုးကာ ဆဲဆိုလိုက်သည်။ "အဓိပ္ပာယ်မရှိတာ။ အဲဒါကို အရင်းအမြစ်တွေ ဦးစားပေးခွဲဝေခြင်းလို့ ခေါ်တယ်။ မင်းက ကြွက်သားတွေပဲရှိတဲ့ ရိုင်းစိုင်းတဲ့ကောင်။ ပြီးတော့ ငါက အခွင့်အရေး ယူတတ်တဲ့ကောင် သက်သက်ပဲ။ ငါတို့နှစ်ယောက်လုံး ဒါတွေကိုသာ သိခဲ့ရင် ငါတို့ နှစ်ယောက်လုံး နန်းရင်းဝန် ဖြစ်နိုင်တာပေါ့။"

"အဲဒါ အဓိပ္ပာယ်ရှိတယ်၊ သွားကြစို့။"

...

...

အစိမ်းရောင်အုတ်ကြွပ်များမိုးထားသော အိမ်ငယ်တစ်ခု။

နေရာအများအပြားမှာ လူမနေဘ အခြားသူများကိုလည်း ခြံထဲသို့ ကျူးကျော်ဝင်ရောက်ခွင့် မပြုပေ။ ရလဒ်အနေဖြင့် ခြံထဲတွင် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေလေသည်။ မုန့်ချင်ကျိုးသည် မြက်ရိတ်ရန် တံစဉ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး ၎င်းကို သပ်ရပ်စွာ ရှင်းလင်းရန် အချိန်အနည်းငယ် ယူလိုက်သည်။ ထို့နောက်မှသာ သူက နေပူဆာလှုံပြီး လတ်လတ်ဆတ်ဆတ် ညှစ်ထားသော ဖရဲသီးဖျော်ရည်ကို သောက်ရန် ကျေနပ်စွာ လဲလျောင်းနေလိုက်သည်။

အေးအေးဆေးဆေး အနားယူခြင်းပင်။

"သေချာတာပေါ့၊ အမြဲတမ်းလဲလျောင်းနေရတာက တကယ်ကို မပျော်ရွှင်ရပါဘူး။ လုပ်စရာ တစ်ခုခုကို ရှာရမယ်။ အလုပ်များနေပြီး ပျော်ရွှင်ဖို့အတွက် လဲလျောင်းနေရတဲ့ အချိန်ကျမှပဲ ဒီသက်သောင့်သက်သာရှိမှုက ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို သဘောပေါက်လိမ့်မယ်။"

"ဘဝဆိုတာ ဧရာမတံတိုင်းကာရံထားတဲ့ မြို့ကြီးတစ်မြို့ပါပဲ။"

ကျွီ။

ခြံတံခါးကို တွန်းဖွင့်လိုက်ပြီး လှပသောပုံရိပ်တစ်ခု အပြေးအလွှား ရောက်လာကာ မုန့်ချင်ကျိုး၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာသည်။ သူမ၏ လှပသောဆံပင်များနှင့်ရနံ့တို့က လေထဲတွင် ပြည့်နှက်သွားလေသည်။

သူက ထိုသူ၏ အချိုးအစားများကို ပေါ့ပေါ့ပါးပါး တိုင်းတာလိုက်ပြီး ၎င်းမှာ သူ၏ဇနီးဖြစ်ကြောင်း သိလိုက်သည်။

"ရှင် ဘာလုပ်နေတာလဲ။" တုန်းဖန်လျူလီက ကိုယ်ကို မတ်လိုက်ပြီး ဒေါသထွက်နေဟန်ဆောင်ကာ ဇာမဏီမျက်လုံးများဖြင့် စူးစိုက်ကြည့်နေပြီး အနီရင့်ရောင် ဆံပင်ရှည်ကြီးများ ဖြာကျနေလေသည်။ သူတို့နှစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြရာ တစ်ယောက်၏ ပူနွေးသောအသက်ရှူသံကို အခြားတစ်ယောက်က ခံစားနိုင်၏။

"မျက်မမြင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဇနီး ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ သူ့ကို ထိတွေ့ပြီး တိုင်းတာဖို့ လက်ကိုအသုံးပြုရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူးဆိုတာကို မင်း နားလည်ဖို့ လိုတယ်။" မုန့်ချင်ကျိုးက မျက်နှာမနီဘဲ အသက်ရှူမပျက်ဘဲ ပြောလိုက်ပြီး လက်များက လျူလီ၏ လုံးဝန်းနေသော တင်ပါးများကို အားပြုထားလေသည်။

တုန်းဖန်လျူလီ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"တကယ်လို့ မဟုတ်ခဲ့ရင်ကော။ အဲဒါဆိုရင် ရှင်က ကောင်မလေးကို အခွင့်ကောင်း ယူလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား။"

ဟေး…

မုန့်ချင်ကျိုး လန့်သွားလေသည်။

ဒီလိုမျိုး အပြစ်ရှာလို့ ရတယ်လား။

"မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။ အဲဒါကို ထိလိုက်လို့ အသားတွေလာတွေ ပဲ့မပါသွားပါဘူးလေ။" မုန့်ချင်ကျိုးက တစ်ခဏမျှ စဉ်းစားလိုက်သည်။ ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူက တစ်ဖက်လူ ပြောနေသည်ကို သဘောမတူနိုင်ပေ။ သူက ဆန့်ကျင်ဘက်သို့ သွားရမည်ဖြစ်သည်။

"ဟမ်။"

"ပြောစမ်း။ ရှင်က ဒီရည်ရွယ်ချက်ကို အရင်ကတည်းက ရှိနေခဲ့တာလား။" တုန်းဖန်လျူလီက တိုးညင်းစွာ မေးလိုက်ပြီး သူ၏လက်ချောင်းထိပ်များဖြင့် မုန့်ချင်ကျိုုး၏ရင်ဘတ်ပေါ်တွင် စက်ဝိုင်းများ ရေးဆွဲနေလေသည်။

မုန့်ချင်ကျိုး၏လက်များသည် ဂနာမငြိမ်ဖြစ်နေပြီး ဆုပ်နယ်ကာ ပြားချပ်နေအောင်လုပ်ရင်း သူက တည်ငြိမ်စွာ ပပြောလိုက်သည်။

မဖြစ်နိုင်တာ။

"ကိုယ်က ရိုးသားပြီးတော့ ဥပဒေကိုလိုက်နာတဲ့ လူတစ်ယောက်ပါ။ (၉)ဘဝလူဝင်စားခြင်း တစ်လျှောက်လုံးမှာ ကာမရာဂကြီးမားတဲ့ နတ်ဆိုးမလေးတစ်ကောင်လို ကိုယ့်ကို တွယ်ကပ်နေပြီးတော့ မလွှတ်ပေးတဲ့သူက ဘယ်သူများလဲ။"

ဟွန့်။

တုန်းဖန်လျူလီ၏ လှပသောမျက်နှာလေး အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ် ချက်ချင်းပူနွေးလာကာ ဆံပင်များမှအငွေ့များ ထွက်ပေါ်လာလေသည်။ သူက မုန့်ချင်ကျိုး၏ အင်္ကျီကော်လာကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ရှက်ရွံ့ပြီး အနေရခက်စွာဖြင့် တီးတိုး ပြောလိုက်သည်။

"အဲဒီကိစ္စကို ထပ်မပြောတော့ဘူးလို့ သဘောတူထားတယ် မဟုတ်ဘူးလား။"

"ဘယ်သူက မင်းကို အဲဒီလို ပြောလဲ။ အထူးအကြောင်းပြချက်မရှိရင် အဲဒါကို ထပ်မပြောတော့ဘူးလို့ ကိုယ် ပြောခဲ့တာလေ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းက ပြဿနာရှာဖို့ တမင်ရောက်လာတာ ထင်ရှားနေတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပေါ့။"

တုန်းဖန်လျူလီက အသက်ပြင်းပြင်း ရှူလိုက်ပြီး နှုတ်ခမ်းနီလေးများ အနည်းငယ် ကွေးတက်သွားကာ ရုတ်တရက် သူ၏သဘောထားကို ပြောင်းလဲလိုက်ပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်သည်။

"ဟားဟား။"

"ကျွန်မကို ကာမရာဂကြီးမားတဲ့ နတ်ဆိုးမလေးလို့ ရှင်ခေါ်မှတော့ ရှင့်ဆန္ဒအတိုင်း တစ်ကြိမ်လောက် ကာမရာဂကြီးမားတဲ့ သရဲမ ဖြစ်ပေးမယ်။"

"ကျွန်မနဲ့အတူ အထဲကိုဝင်လာခဲ့။"

ထိုသို့ပြောပြီးနောက် လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ အခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

မုန့်ချင်ကျိုးက အလွန်ထိတ်လန့်သွားပြီး ချက်ချင်း သနားခံလေသည်။

"မလုပ်ပါနဲ့။ တံခါးပိတ်ကျင့်ကြံတဲ့ရက်တွေတုန်းက မင်း ငါ့ကို တစ်ခဏလေးတောင် အနားမပေးခဲ့ဘူး။ မင်း ပြန်လာရင် သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး လုပ်မယ်လို့ ကတိပေးထားပြီးတော့ အခုမှ နေ့တဝက်ပဲ ရှိသေးတယ်လေ။ ပြန်စချင်နေပြီလား။ တောရိုင်းမြေရဲ့အာဏာရှင် ဧကရီတစ်ယောက်အနေနဲ့ မင်းရဲ့ကတိကို ဘယ်လိုများ ဖျက်ရက်ရတာလဲ။"

"ကြိတ်ဆုံကိုဆွဲနေတဲ့ မြည်းတစ်ကောင်တောင် အနားယူဖို့ လိုသေးတာပဲ။ ကိုယ့်ကို ကျွဲနွားတိရစ္ဆာန် တစ်ကောင်လို ဆက်ဆံလို့ မရဘူးလေ။"

သူက ခေါင်းမာနေပြီး မဏ္ဍပ်တိုင်ကိုပင် ဖက်ထားကာ မလွှတ်ပေးရန် ငြင်းဆန်နေသည်ကို မြင်သောအခါ တုန်းဖန်လျူလီက စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကိုကောက်မကာ ပခုံးပေါ်သို့တင်လိုက်ပြီး လျှောက်သွားရင်း ပြောလိုက်သည်။

"သိမ်ဖျင်းတဲ့ ယောကျ်ားတွေနဲ့ မိန်းမတွေကိုသာ ကိုင်တွယ်ရတာ ခက်ခဲတယ်ဆိုတဲ့ စကားပုံကို ရှင် မကြားဖူးဘူးလား။ ဧကရီတွေနဲ့မိဖုရားတွေဆိုတာ အပြင်လူတွေရဲ့ရှေ့မှာပဲ ရှိတာပါ။ အိမ်မှာတော့ ကျွန်မဆီမှာ အဲဒီလောက် ကန့်သတ်ချက်တွေ အများကြီး မရှိဘူး။"

"ကျွန်မကိုရန်စဖို့ ရှင့်ကို ဘယ်သူက ပြောလဲ။"

မုန့်ချင်ကျိုးက ဖြူရော်နေပုံရပြီး သနားခံလေသည်။ "ကိုယ့်ကို နောက်ထပ် ရက်အနည်းငယ်လောက် အနားယူခွင့်ပေးပါ။ ချင်ချိုးနဲ့ ဝူတျဲတို့ မကြာခင် ပြန်ရောက်လာတော့မှာလေ။ သူတို့သိသွားရင် ကောင်းမှာ မဟုတ်ဘူး။"

"ကိစ္စမရှိပါဘူး။ နန်းတော်အပြင်ဘက်က ချင်းစံအိမ်မှာ ရက်အနည်းငယ် သွားနေဖို့ သူတို့ကို အသိပေးဖို့ စိတ်နဲ့ဆက်သွယ်ပြီးသွားပြီ။ မနက်ဖြန် နန်းတွင်းညီလာခံကို ကျန်းစန်းဟိုင်က တာဝန်ယူလိမ့်မယ်။ ကျွန်မ တစ်ပတ်လောက် အနားယူဖို့လိုတယ်။"

"ဘာပြောတယ်။ တစ်ပတ် ဟုတ်လား။ လုံးဝ မဖြစ်နိုင်ဘူး၊ ဧကရီ။"

နောက်အခိုက်အတန့်တွင် အစိမ်းရောင်အုတ်ကြွပ်မမိုးထားသော အိမ်လေးကို ပိတ်ဆို့လိုက်လေသည်။

မည်သူမျှ သူတို့ကို မနှောင့်ယှက်ရပေ။

ဧကရီက ဉာဏ်အလင်းရရှိသွားပြီး တံခါးပိတ်ကျင့်ကြံရန် လိုအပ်ကြောင်းနှင့် ဧကရာဇ်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးနေကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။

...

...

လင်းလုက ပေါက်ပြားကို ထမ်းကာ အိမ်ပြန်လာပြီး ဤမြင်ကွင်းကို မြင်သောအခါ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

"ဧကရီနဲ့ ဧကရာဇ်တို့က အာဏာရဲ့အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်ပေမယ့် သူတို့က ဒီလောက် ကြိုးကြိုးစားစား ကျင့်ကြံနေကြတုန်းပဲ။ သူတို့က ငါတို့အတွက် တကယ့် စံပြပုဂ္ဂိုလ်တွေပဲ။"

စိတ်ဆက်သွယ်မှုမှတစ်ဆင့် အသိပေးခံရပြီးနောက် တံခါးဝသို့ ပြန်ရောက်လာခါစဖြစ်သော ဝူတျဲသည် လင်းလု၏ စကားများကို ကြားလိုက်ရပြီး ခြံတံခါး အပြင်ဘက်သို့ ပစ်ထုတ်ခံထားရသော နေမင်းအရှင်သခင်ကို တစ်ချက်ကြည့်ကာ တိတ်တဆိတ် နှုတ်ခမ်းကို စေ့လိုက်လေသည်။

ရိုးအတဲ့ ပျက်စီးကမ်းပါးဘုရင်။ ရှင်က တကယ်ကို ဘာမှ မသိဘူးပဲ။

ဘာလို့ တံခါးကိုပိတ်ရမှာလဲ။ ငါ့ကို ဘာလို့ အိမ်ထဲကနေ မောင်းထုတ်ရတာလဲ။

နေမင်းအရှင်သခင်သည် နားမလည်နိုင်သော အမူအရာဖြင့် မြေကြီးပေါ်တွင် ထိုင်နေလေသည်။ သူ နိုးလာသောအခါ ခွက်နှင့်ခွေးအိပ်ရာတို့ ပစ်ထုတ်ခံထားရသည်ကို တွေ့လိုက်ရသည်။

ဘာတွေဖြစ်နေတာလဲ။

"ဝါကြီး... သွားကြစို့။ ကျွန်မတို့က နန်းတော်အပြင်ဘက်က ချင်းစံအိမ်မှာ ရက်အနည်းငယ်လောက် သွားနေကြမယ်။ ဧကရီနဲ့ဧကရာဇ်တို့က တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်တယ်။" ဝူတျဲက ခေါ်လိုက်သည်။

နေမင်းအရှင်သခင်သည် ပိုပိုပြီး နားမလည်နိုင် ဖြစ်လာသည်။

တံခါးပိတ်ကျင့်ကြံနေတော့ကော ဘာဖြစ်လဲ။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါ့ကို ဘာလို့ အိမ်ထဲကနေ မောင်းထုတ်ရတာလဲ။

ရုတ်တရက်။

ဝူတျဲ၏အမူအရာ ပြောင်းသွားပြီး အချိန်ဆွဲနေသော နေမင်းအရှင်သခင်ကို ကောက်မကာ နန်းတော်ထဲမှ အလျင်အမြန် ထွက်သွားလေသည်။

"ဝုတ်…" နေနတ်ဘုရားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ခမ်းနားထည်ဝါတဲ့ တိုင်းပြည်ရတနာတစ်ခုက မိန်းမပျိုလေးတစ်ယောက်ရဲ့ လက်မောင်းထဲမှာ ဘယ်လိုလုပ် အဖက်ခံထားရမှာလဲ။ တခြားသူတွေမြင်ရင် အိမ်မွေးခွေးလေးလို့ ထင်သွားကြမှာပေါ့။

"နေမင်းအရှင်သခင်... ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပါ။ ကျွန်မ... ကျွန်မ အဆင့်တက်တော့မယ်။"

"ကျွန်မ ချင်ချိုးထက်တောင် ပိုမြန်မြန် နံနက်ခင်းအလင်းနယ်ပယ်ကို ရောက်တော့မယ်။။"

ဝူတျဲက စိတ်လှုပ်ရှားမှုကို မနည်းဖိနှိပ်ထားကာ ပြောလိုက်သည်။

နံနက်ခင်းအလင်းကို ရောက်တော့မှာလား။

နေမင်းအရှင်သခင်က အံ့အားသင့်သွားသော်လည်း ၎င်းကို ဂရုမစိုက်ပေ။ ၎င်းသည် လက်ရှိတွင် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသည့်အဆင့်တွင် ရှိနေပြီး တောရိုင်းမြေ၏ ကံကြမ္မာ ကောင်းချီးပေးမှုနှင့်အတူ အလွန်ဆုံး နှစ်ဝက်အတွင်း ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ခြေလှမ်းနိုင်မည် ဖြစ်သည်။

သဘာဝကျကျပင် ၎င်းမှာ အံ့သြစရာမဟုတ်ပေ။

…

All Chapters