← Chapters

အခန်း ၃၁၈

Vol. 22 Ch. 318

အခန်း ၃၁၈

Vol. 22 Ch. 318

အပိုင်း(၃၁၈) ကောင်းကင်ပြည်နယ် ပြည်တွင်းစစ်၊ ချူမိသားစု စိတ်ပြောင်းသွားခြင်း

ကောင်းကင်ပြည်နယ်။

ချင်းလွမ်ထျန်းနယ်မြေ။

လီမိသားစု ဘိုးဘွားပိုင်ခန်းမဆောင်တွင် အမွှေးတိုင်အခိုးအငွေ့များဖြင့် ပြည့်နေပြီး အောက်မေ့ဖွယ် ကျောက်စာတိုင် သောင်းနှင့်ချီ ရှိလေသည်။ ဘိုးဘွားပိုင်ခန်းမဆောင်တွင် ကိုးကွယ်ထားသူများ အားလုံးသည် သက်ရှိထင်ရှားရှိစဉ်က ကြီးမားသော အကျိုးပြုမှုများနှင့် အောင်မြင်မှုများကို ပြုလုပ်ခဲ့ကြသည့် ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

လူသားဧကရာဇ်ခေတ်ကတည်းက လီမိသားစုသည် ထူးကဲသေ ပါရမီရှင်များကို မရေမတွက်နိုင်အောင် မွေးထုတ်ပေးခဲ့သည်။ အတောက်ပဆုံးအချိန်ကာလမှာ လူသားဧကရာဇ်ခေတ်တွင် ဖြစ်ပြီး ထိုအချိန်က ချင်းလွမ် ဘိုးဘေးအပြင်၊ လီမိသားစုသည် ချန်ပီယံမြို့စား (၁၀)ဦးနှင့် ကောင်းကင်အရှင်သခင် (၁၀)ပါးတို့ကိုလည်း မွေးထုတ်ပေးခဲ့သည်။ သူတို့က လူသားဧကရာဇ်၏ ရွှေခေတ်အတွင်းတွင် ထင်ရှားလာခဲ့ကြသည်။

သို့သော်လည်း။

ထိုသူများအားလုံးသည် သမိုင်းရေစီးကြောင်းနှင့်အတူ မှေးမှိန် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။

ယခုအခါတွင်။

နဂါးကြေးခွံဝတ်ရုံကို ဝတ်ဆင်ထားသော ကျိဝူသည် ဆံပင်များကို သရဖူတစ်ခုဖြင့် ထုံးနှောင်ထားကာ သူ၏လက်ထဲတွင် အမွှေးတိုင်သုံးတိုင် ကိုင်ထားပြီး နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြီးနောက်တွင် အမွှေးတိုင်များကို အိုးထဲရှိ ပြာများထဲသို့ ထိုးစိုက်လိုက်သည်။

သူ၏နောက်တွင် လက်ရှိ မိသားစုခေါင်းဆောင် လီတိုင်ယွမ်၊ အကြီးအကဲချုပ် လီရှစ်၊ လီရှောင်၊ လီယွမ်ခုံးနှင့် အခြားသူများအပါအဝင် လီမိသားစု၏ အဆင့်မြင့် အရာရှိတစ်စု ရပ်နေကြလေသည်။

"ချင်းလွမ်ဘိုးဘေးက ဘယ်လောက်တောင် ထူးကဲပြီးတော့ တောက်ပခဲ့လဲ။ မင်းတို့က သူ့ရဲ့ မျိုးဆက်တွေ ဖြစ်ပြီးတော့ အရမ်းကိုခေါင်းမာပြီး အညံ့မခံနိုင် ဖြစ်နေကြတယ်။ တောရိုင်းမြေက ပေါင်းစည်းသွားလို့ ကောင်းကင်စောင့်ကြည့်သူကိုယ်တိုင် ထွက်ပြောရတာမျိုးသာ မရှိခဲ့ရင် မင်းတို့က ဆက်ပြီး ခုခံချင်နေဦးမှာလား။"

"လုံးဝကို မိုက်မဲလွန်းတယ်။"

ကျိဝူရွှမ်က နောက်သို့လှည့်ကာ အေးစက်စွာ လှောင်ပြောင်လိုက်သည်။

လီရှစ်က ဒေါသတကြီး ပြောလိုက်၏။

"မင်းက ဘာဖြစ်လို့ ဒီလောက်တောင် မောက်မာနေရတာလဲ။ ငါ့ရဲ့ လီမိသားစုမှာ အခြေခံအုတ်မြစ် ရှိသေးတယ်။ တောရိုင်းမြေက ရုတ်တရက် ပေါင်းစည်းသွားတာရယ်၊ ပြီးတော့ ချင်းလွမ်ဘိုးဘေးရဲ့ အဓိက နိယာမတွေကလည်း ကောင်းကင်ပြည်နယ်ကို အမြန်ဆုံးပေါင်းစည်းချင်နေတာရယ်ကြောင့်သာ မဟုတ်ခဲ့ရင် မင်းရဲ့ဆန္ဒတွေ ဘယ်လိုလုပ် ပြည့်ဝနိုင်မှာလဲ။"

"မမေ့နဲ့ဦး။ လီမိသားစုကို မင်း အောင်နိုင်ခဲ့တာ မဟုတ်ဘူ။၊ တခြားမိသားစု(၄)ခုက ဆန္ဒအလျောက် အလျှော့ပေးပြီး အညံ့ခံခဲ့လို့ပဲ။"

"အဲဒီလိုသာ မဟုတ်ရင် ရလဒ်က မသေချာသေးဘူး။"

ကျိဝူရွှမ်၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု တွန့်ကွေးသွားလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က တောရိုင်းမြေမှ ခေါင်းလောင်းသံများ ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပြည်နယ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ကာ မိသားစု(၅)ခုစုစလုံး သူတို့၏ စစ်ပွဲကို ရပ်တန့်ခဲ့ကြသည်။

ခေါင်းလောင်းသံက မည်သည်ကို ဆိုလိုကြောင်း သူတို့အားလုံး သိကြသည်။

ဧကရာဇ်ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ကံကြမ္မာများ ပေါင်းဆုံလာ၏။ ထို့နောက် အန္တိမအုပ်ချုပ်သူ တစ်ဦး မွေးဖွားလာလေပြီ။

စုံစမ်းစစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် တောရိုင်းမြေ၏ မဟာကျင်းတိုင်းပြည်သည် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နှင့် စစ်ပွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် အချိန်-နေရာလွတ် ဓားသူတော်စင်က အဆုံးသတ်ပေးခဲ့ကာ နှစ်ရာချီ သို့မဟုတ် ထောင်ချီကြာမြင့်ခဲ့သော ဖရိုဖရဲစစ်ပွဲများကို အဆုံးသတ်ပေးခဲ့ကြောင်း သိရှိရလေသည်။

မဟာကျင်းတိုင်းပြည်က ထို့ကြောင့်ပင် မဟာကျင်း အင်ပါယာတိုင်းပြည် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ကောင်းကင်ပြည်နယ်၏ မျိုးနွယ်စု(၅)ခုသည် အကျပ်အတည်းတစ်ခုကို ခံစားခဲ့ကြရခြင်း ဖြစ်သည်။ မျိုးနွယ်စု(၅)ခုကြား ပြည်တွင်းစစ်မှာ နောက်ဆုံးတွင် ကောင်းကင်ပြည်နယ်ကို ထိန်းချုပ်ရန် ကြိုးစားမှု သက်သက်သာ ဖြစ်သည်။ လာမည့်နယ်မြေနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်မှုက သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။

မည်သည့်အရာကပိုအရေးကြီးပြီး မည်သည်ကအရေးမကြီးကြောင်း မိသားစု(၅)ခုက ရှင်းရှင်းလင်းလင်း နားလည်ကြသည်။

ထို့အပြင် နယ်မြေတစ်ခု၏ကံကြမ္မာက အကျိုးသက်ရောက်မှု မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း လူသားဧကရာဇ်၏ရှေးခေတ်ကာလက အဘယ်ကြောင့် ထိုမျှစည်ပင်ခဲ့ရကြောင်းနှင့် ကောင်းကင်တာအိုကို အိပ်မောကျသွားစေပြီး နတ်ဘုရားများအားလုံးကို သေဆုံးသွားစေသည့်တိုင်အောင် ဖြစ်ခဲ့ရကြောင်းကို သူတို့ထက် ပိုနားလည်သူ မရှိကြပေ။

ဤအရာအားလုံးမှာ လူသားဧကရာဇ်သည် နယ်မြေနှစ်ခုစလုံး၏ ကံကြမ္မာတစ်ခုလုံးကို ပိုင်ဆိုင်ထား၍ ဖြစ်သည်။ လူတစ်ယောက်က ဉာဏ်အလင်းရရှိသောအခါ ကြက်များနှင့် ခွေးများပင်လျှင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ပြီး လူသားမျိုးနွယ်တစ်ခုလုံးသည် လူမျိုးစုအားလုံး၏ခေါင်းဆောင် ဖြစ်လာရန် ခုန်တက်၍ သွားလေသည်။

အကယ်၍ မိသားစု(၅)ခုသည် ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွှဲနေပြီး တောရိုင်းမြေကို ဖွံ့ဖြိုးရန် အချိန်ပေးမည်ဆိုပါက မကြာခင်တွင် တောရိုင်းမြေသည် ကဏ္ဍအားလုံးတွင် ကောင်းကင်ပြည်နယ်ကို ကျော်လွန်သွားလိမ့်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် မိသားစု(၅)ခုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။

ထို့ကြောင့်။

အမြဲတမ်း ခုခံရန်ရွေးချယ်ခဲ့ကြသော မိသားစု(၄)ခုက တုံ့ဆိုင်းသွားခဲ့ကြသည်။

ထို့အပြင် ကောင်းကင်ကြည့်ဆောင်မှ ဂိုဏ်းချုပ်သည် မိသားစု(၄)ခု၏ အကြီးအကဲများထံ သတင်းတစ်ခု ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြန်ခဲ့ပြီး ၎င်းမှာ နောက်ဆုံးရာဇသံနှင့် တူညီလေသည်။ အကယ်၍ မိသားစု(၄)ခုသည် ဆက်လက်တိုက်ခိုက်ရန် ရွေးချယ်ပါက ကောင်းကင်ကြည့်ဆောင်သည် ရှုပ်ထွေးမှုများကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းရန် ကောင်းကင်တာအို၏ပိတ်ဆို့ခြင်းကိုခံရမည့် အန္တရာယ်ကို စွန့်စားပေလိမ့်မည်။ အကယ်၍ အခြေအနေများ ထိုမျှအထိ ကြီးထွားလာပါက မိသားစု(၄)ခုသည် တည်ရှိနေရန် မလိုအပ်တော့ဘဲ အမြစ်ပြတ် သုတ်သင်ခံရနိုင်သည်။

နောက်ပိုင်းတွင် မိသားစု(၄)ခု၏ အကြီးအကဲများနှင့် ကောင်းကင်ကြည့်ဆောင်တို့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးတွင် မဟာမိတ်စာချုပ်တစ်ခုကို ရေးဆွဲခဲ့ပြီး မိသားစု(၄)ခုသည် အညံ့ခံရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသော်လည်း ကျိမိသားစုသည် ကောင်းကင်ပြည်နယ်၏ ကံကြမ္မာကို သိမ်းပိုက်ပြီးနောက်တွင် တောရိုင်းမြေကိုအနိုင်ယူကာ လူသားဧကရာဇ်အဖြစ် ထီးနန်းတက်ပြီးနောက်တွင်ပင် ယုန်ကိုဖမ်းမိပြီးနောက် အသုံးဝင်သောခွေးကို စွန့်ပစ်ခြင်း၊ မြစ်ကိုကူးပြီးနောက် တံတားကိုဖျက်ဆီးခြင် ကဲ့သို့သော သစ္စာဖောက်သည့် လုပ်ရပ်များကို မပြုလုပ်ရဟူသော အခြေအနေတစ်ရပ် ပါဝင်သည်။

ကောင်းကင်ကြည့်ဆောင်က သဘောတူခဲ့သည်။

မျိုးနွယ်စု(၄)ခု အညံ့ခံခဲ့၏။

ကျိမိသားစုက မျိုးနွယ်စု(၄)ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အင်အားကြီးတိုင်းပြည်၏ အဆင့်အတန်းသို့ တက်လှမ်းတော့မည် ဖြစ်သည်။

ထိုအချိန်တွင်ပင်။

ကျိဝူရွှမ်၏အမူအရာသည် ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားလေသည်။ သူက ချူမိသားစုရှိရာ ဦးတည်ချက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ မျက်လုံးများသည် ရုတ်တရက် အဆုံးမရှိသော ဒေါသများဖြင့် တောက်ပသွားလေသည်။ သူက အေးစက်စွာ ရယ်မောလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီလေ..."

"မင်းတို့က နောက်ဆုံးမိနစ်ကျမှ စိတ်ပြောင်းသွားတာပဲ မဟုတ်လား။ ချူမိသားစုက အမြင်ကျယ်တဲ့ ဘိုးဘေးရဲ့မျိုးဆက်တွေဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တယ်။ သူတို့ရဲ့ ရက်စက်တဲ့သဘာဝကို ဆက်ခံထားကြတာပဲ။ ငါ့ကျိမိသားစုရဲ့ ခြေကုပ်စခန်းကို တကယ်ပဲ အလစ်အငိုက်ဝင်တိုက်ရဲတယ်။ ဒီလောက် ရဲတင်းအောင် မင်းတို့ကို ဘယ်သူက အခွင့်အရေး ပေးထားတာလဲ။။"

ထိုမျှပင်။

ကျိဝူရွှမ်သည် ဟင်းလင်းပြင်ကို တစ်ချက်တည်းဖြင့် ဆုတ်ဖြဲလိုက်ပြီး ကောင်းကင်ပြည်နယ်တစ်ခုလုံးကို တုန်လှုပ်သွားစေသော ပဲ့တင်ထပ်သည့် ဟိန်းဟောက်သံကြီးဖြင့် ကောင်းကင်သို့ တက်လှမ်းကာ တုန်းထျန်း ကောင်းကင်နယ်မြေဆီသို့ လေဟာနယ်ကို ဖြတ်၍ ခြေလှမ်းသွားလေသည်။

လမ်းတစ်လျှောက်တွင် ဟင်းလင်းပြင်က လက်မအနည်းငယ်စီ ပေါက်ကွဲပွင့်ထွက်သွားပုံရလေသည်။

သူက နှလုံးသားထဲရှိ ကြီးမားလှသောဒေါသကို ဖုံးကွယ်ထားရန် မကြိုးစားဘဲ လွတ်လပ်စွာ ထုတ်လွှတ်လိုက်ပြီး သူ၏အာဏာကို ကမ္ဘာတစ်ခုလုံးအား ပြသလိုက်လေသည်။

"ချူမိသားစု။"

"သူတို့ကို ဖျက်ဆီးပစ်။"

လီမိသားစု ဘိုးဘွားပိုင်ခန်းမဆောင်။

လူအုပ်ကြီးက အချင်းချင်း ကြည့်လိုက်ကြပြီး အစပိုင်းတွင် အံ့အားသင့်သွားကာ၊ ထို့နောက်တွင် သူတို့ အားလုံး ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားပြီး ထိတ်လန့်မှုကြောင့် မျက်နှာများ ဖြူရော်သွားကြသည်။

ချူမိသားစုက နောက်ဆုံးမိနစ်ကျမှ စိတ်ပြောင်းသွားခဲ့တယ်။ သူတို့က သေလမ်းရှာနေတာလား။

"မိသားစုခေါင်းဆောင်။ ငါတို့မှာ လုပ်စရာတစ်ခုခုများ ရှိလား။" လီရှစ်က အသံတိုးတိုးဖြင့် မေးလိုက်ရာ သူ၏မျက်လုံးများ အနည်းငယ် တုန်ခါနေလေသည်။

တကယ်တမ်းတွင်။

တောရိုင်းမြေက ရုတ်တရက် ပေါင်းစည်းသွားခြင်းနှင့် ကောင်းကင်ကြည့်ဆောင်၏ သတိပေးချက်ကြောင့်သာ မဟုတ်ခဲ့လျှင် မျိုးနွယ်စု(၄)ခုက လုံးဝလျှော့ပေးရန် ဆန္ဒရှိခဲ့မည် မဟုတ်ပေ။

မျိုးနွယ်စု(၅)ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲနေ့တွင် မုန့်ချင်ကျိုး၏ စကားများသည် သံမှိုများကဲ့သို့ မျိုးနွယ်စု(၄)ခု၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေခဲ့သည်။

ကျိမိသားစုသည် ကောင်းကင်ကြည့်ဆောင်၏ ကျောထောက်နောက်ခံရှိနေပြီး ဒိုင်းကာတစ်ခုပင် ဖြစ်နိုင်လေသည်။ ထို့အပြင် သူတို့၏ ဘိုးဘေးများသည် လူသားဧကရာဇ်ဟုခေါ်ဆိုသော ပုဂ္ဂိုလ်၏မျိုးဆက်များ မဟုတ်ကြပေ။ ဤအချက်များအားလုံးက ကျိမိသားစုကို လျှို့ဝှက်ဆန်းကြယ်မှုနှင့် သံသယများဖြင့် ဖုံးလွှမ်း၍ သွားစေသည်။

ထို့အပြင်...

နှစ်များတစ်လျှောက် ကျိဝူရွှမ်၏ လုပ်ရပ်များကို လူတိုင်း မြင်တွေ့ခဲ့ရပြီး မှတ်မိနေကြသည်။

ဒီလိုရက်စက်တဲ့သူကို ဘယ်သူက တကယ်အညံ့ခံဖို့ ဆန္ဒရှိမှာလဲ။ ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ်၊ သူ့အတွက် အသုံးဝင်တဲ့ ဘယ်သူ့ကိုမဆို သူတို့ရဲ့ နိယာမတွေကို မဆိုင်းမတွ ဖယ်ရှားပစ်လိမ့်မယ်။

တာအိုနိယာမတွေကို ခိုးယူတယ်ဆိုသည့် စကားလုံးများကို ကြားရုံနှင့်တင် ၎င်းက မည်မျှလောက် ရက်စက်ကြောင်းကို စိတ်ကူးကြည့်ရန် လွယ်ကူပေသည်။

"လမ်းမှန်ကိုလိုက်တဲ့သူတွေက အကူအညီတွေ အများကြီး ရလိမ့်မယ်။ လမ်းလွဲတဲ့သူတွေကတော့ အကူအညီနည်းနည်းပဲ ရလိမ့်မယ်"ဆိုတဲ့ စကားပုံက အကြောင်းပြချက်မရှိဘဲ ပေါ်လာတာ မဟုတ်ပါဘူး။ အရမ်း ရက်စက်လွန်းတာ ဒါမှမဟုတ် ရက်ရောလွန်းတာက မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ကို ဖြစ်စေလိမ့်မယ်။

လုံးဝကို အကျိုးအကြောင်း ဆင်ခြင်နိုင်ပြီး လုံးဝကို ဂရုမစိုက်ဘဲ လုံးဝတစ်ကိုယ်ကောင်းဆန်သော သူတစ်ယောက်ကို ကိုင်တွယ်ရခက်ခဲနိုင်ပြီး အလွန်အစွမ်းထက်နိုင်သော်လည်း ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင်တော့ အရူးတစ်ယောက်၊ စိတ်ပိုင်းဆိုင်ရာပျက်စီးနေသူ တစ်ယောက်၊ သို့မဟုတ် မိမိကိုယ်ကို နာကျင်အောင်လုပ်ပြီး သာယာနေသူတစ်ယောက် မဟုတ်လျှင် မည်သူကမှ သူ့နောက်ကို လိုက်ရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။

"အဲဒါကို လျစ်လျူရှုလိုက်။"

"သွားပြီးတော့ အရင်ကြည့်ရအောင်။ အလျင်စလို ဆုံးဖြတ်ချက်မချနဲ့။ ချူမိသားစုရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ကြည့်ကြစို့။"

လီတိုင်ယွမ်က လက်စွပ်ထဲတွင် ဖုံးကွယ်ထားသော ဓားအဆောင် တစ်ခုကို ကိုင်ထားပြီး သူ၏ လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်နေလေသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် သူက ခေါင်းခါပြီး ပြောလိုက်သည်။

မိသားစုခေါင်းဆောင် တစ်ယောက်အနေနဲ့ မလုပ်ခင် သုံးခါလောက် စဉ်းစားရမယ်။

တကယ်လို့ ချူမိသားစုက ဟန်ဆောင်ပြနေရုံ သက်သက်ဖြစ်ပြီးတော့ ဒီနည်းလမ်းနဲ့ အကျိုးအမြတ် ပိုရဖို့အတွက် ကြိုးစားနေတာဆိုရင် လီမိသားစုက အဲဒီအတိုင်း လိုက်လုပ်မယ်ဆိုရင် ကိုယ့်ခြေထောက်ကို ကိုယ်ရိုက်ချိုးလိုက်လို ဖြစ်မသွားဘူးလား။

ချူမိသားစုက တကယ်ပဲ ခုခံတယ်ဆိုရင်တောင်မှ။

လီမိသားစုက တကယ်တော့ ပါဝင်ပတ်သက်ဖို့ မလိုဘူး။ နှစ်ဖက်စလုံးကို လျစ်လျူရှုထားလိုက်ရင် သူတို့က နှစ်ဖက်စလုံးကို အလောင်းအစား လုပ်နေတာပဲ။

လီမိသားစုအတွက် တိုက်ခိုက်ပေးဖို့ ဆန္ဒရှိတဲ့သူတွေ အမြဲတမ်း ရှိနေတယ်။

ဥပမာအားဖြင့်...

အချိန်-နေရာလွတ် ဓားသူတော်စင်။

လီတိုင်ယွမ်က မတုံးအပေ၊ အချိန်-နေရာလွတ် ဓားသူတော်စင် မထွက်သွားခင် သူ့ကို ဓားအဆောင် တစ်ခု ပေးခဲ့ခြင်း၏ နောက်ကွယ်မှ နက်ရှိုင်းသောအဓိပ္ပာယ်ကို သူ ရှင်းရှင်းလင်းလင်း နားလည်၏။

အပေါ်ယံတွင်တော့ လီမိသားစုအပေါ် ကျေးဇူးဆပ်နေသလို ထင်ရသော်လည်း တကယ်တမ်းတွင်မူ လီတိုင်ယွမ်က အရေးကြီးသောအချိန်တွင် ၎င်းကို ချေမွပစ်ရန် သူ လိုလားနေလေသည်။ ထိုသို့ဆိုလျှင် သူက နေရာလွတ်ပို့ဆောင်ရေးနှင့်လာပြီး ပြဿနာရှာနိုင်မည်ဖြစ်၍ တောရိုင်းမြေအတွက် အချိန်ပိုရစေလိမ့်မည်။

သူတို့က အချင်းချင်း အမြတ်ထုတ်နေကြရာ လီတိုင်ယွမ်က အပြစ်ရှိသလို မခံစားရပေ။ ၎င်းကို စိတ်ထဲထားပြီး သူက ဆက်မတွေးတော့ဘဲ လီမိသားစု၏ အဆင့်မြင့်အရာရှိများကို ဦးဆောင်ကာ အခြေအနေကို စောင့်ကြည့်ရန် တုန်းမင်ထျန်းဆီကို သွားခဲ့သည်။

တုန်းမင်ထျန်းနယ်မြေ။

ချူမိသားစု။

ချူရှီရန်သည် ကျိရွှီခုံးကို လည်ပင်းမှ ကိုင်မြှောက်ကာ လေထဲတွင် ကိုင်ထားလေသည်။ အေးစက်သော မျက်လုံးများက သူ၏ရှေ့ရှိ ကျိမိသားစုနောက်လိုက် ထောင်ပေါင်းများစွာနှင့်အတူ ဘိုးဘေး(၂)ပါးဖြစ်သည့် ကျိခုံးကျိနှင့် ကျိဝူမင်တို့ကိုပါ ဖြတ်ကြည့်လိုက်လေသည်။

"လူယုတ်မာတွေ... မင်းတို့က ငါ အငိုက်မိနေတာကို အခွင့်ကောင်းယူပြီး ချူမိသားစုရဲ့ မဏ္ဍိုင်သုံးခု ပေါင်းစပ်အင်အားနဲ့ အလစ်အငိုက် ဝင်တိုက်ခဲ့တယ်။ တည်ထောင်သူဘိုးဘေးရဲ့ မောက်မာပြီး ဂုဏ်ယူဝင့်ကြွားတဲ့ ဝိညာဉ်ကို မင်းတို့ ဘယ်လိုမျက်နှာပြရဲတာလဲ။"

ကျိရွှီခုံးက ဒဏ်ရာများဖြင့်ပြည့်နှက်နေပြီး ရင်ဘတ်က လက်သီးတစ်ချက်ဖြင့် ထိုးဖောက်ခံထားရကာ သူ၏နှလုံးသားမှာ ပျောက်နေသည်။ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် သူက အနောက်မှ ချုံခိုတိုက်ခိုက်ခံရပြီး လက်သီးတစ်ချက်တည်းဖြင့် နှလုံးကို ချေမွခံခဲ့ရကြောင်း သိသာထင်ရှားလေသည်။

သံချောင်း(၅)ချောင်းကို သူ၏ခန္ဓာကိုယ်ထဲသို့ ရိုက်သွင်းထားလေသည်။

ခေါင်းထိပ်ရှိ ပိုင်ဟွီသွေးကြောဆုံမှတ်၊ လက်ကောက်ဝတ်နှစ်ဖက်နှင့် တင်ပဆုံရိုးနှစ်ဖက်ရှိ သွေးကြောဆုံမှတ်များတွင် တည်ရှိပြီး အမည်းရောင်သံချောင်းများတွင် ရှေးဟောင်းကန့်သတ်ချက်များ၏ စွမ်းအား ပါဝင်ကာ ကျင့်ကြံမှုနှင့်တာအိုအသီးအပွင့်ကို ချိတ်ပိတ်ထားလေသည်။

ကျိရွှီခုံး၏ ဒွါရ(၇)ပေါက်မှ အမည်းရောင်သွေးများ စီးကျနေပြီး သူ၏ ဝိညာဉ်ပင်လယ်တွင်လည်း အမည်းရောင်သံချောင်းတစ်ချောင်း ရှိနေသဖြင့် စုစုပေါင်း(၆)ခြောင်း ဖြစ်သွားလေသည်။ ၎င်းက ခုခံရန် အခွင့်အရေး မှန်သမျှကို လုံးဝ ဖြတ်တောက်သွားစေသည်။

"ယုတ်မာလိုက်တာ။" ကျိခုံးကျိက အံကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ဘိုးဘေးရွှီခုံးကို လွှတ်ပေးလိုက်။ မဟုတ်ရင် ချူမိသားစုဟာ အပြည့်အဝပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ မင်းတို့ မျိုးနွယ်စု တစ်ခုလုံး သူနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်။။"

ချူမိသားစု၏ အခြားဘိုးဘေး(၂)ပါးသည် ချူမိသားစု၏ ဘိုးဘွားပိုင်အိမ်အထက်တွင် လွင့်မျောနေပြီး သူတို့၏ဖိနှိပ်မှုအားများကို နေမင်းကဲ့သို့ ထုတ်လွှတ်နေလေသည်။

ချူထျန်းခွေ့နှင့် ချူတိလုံ။

သူတို့က အသက်(၁၀၀၀)ကျော် အဘိုးအိုများ ဖြစ်ကြပြီး သူတို့၏ ဆံပင်များနှင့် မုတ်ဆိတ်မွေးများမှာ ဒေါသကြောင့် ထောင်မတ်နေကာ မျက်လုံးများသည် ကြမ်းကြုတ်သော စွမ်းအားများဖြင့် တောက်ပနေပြီး ကျိမိသားစုဝင် မရေမတွက်နိုင်သော လူများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။

လူတစ်သိန်းရှိသော ချူမိသားစု တစ်ခုလုံးသည် အပြင်သို့ ထွက်လာကြပြီး ကောင်းကင်နှင့်မြေကြီးကို ထူထပ်ပြီးမှောင်မိုက်နေသောအုပ်စုကြီးဖြင့် ပြည့်နှက်သွားစေသည်။ သူတို့ တစ်ဦးစီတိုင်း သေချင်စော်နံနေပြီး ဒေါသတကြီး စူးစိုက်ကြည့်နေကြလေသည်။

"ဟီးဟီး။"

"အလစ်အငိုက် ဝင်တိုက်တာလား။ ယုတ်မာတာလား။ မင်းတို့ ကျိမိသားစုက ကောင်းကင်ကြည့်ဆောင်ရဲ့ ကျောထောက်နောက်ခံရှိပြီးတော့ တကယ်ပဲ လူတွေကို စကားတွေနဲ့ ထင်သလို အပြစ်ပေးနေတာလား။"

ချူရှီရန်က ရယ်လိုက်ပြီး သူ၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပလာကာ ဟိန်းဟောက်လိုက်သည်။

"အဲဒါ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။။"

"လွန်ခဲ့တဲ့ သုံးလေးရက်က ကျိရွှီခုံးဟာ ငါ့ရဲ့ ချူမိသားစုကို ဝိုင်းရံဖို့အတွက် သူ့လူတွေကို ဦးဆောင်ခဲ့ပြီး တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ ငါတို့မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေ တရားမျှတစွာနဲ့ တိုက်ခိုက်နိုင်ဖို့နဲ့ အနိုင်ရသူက ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ဖို့ ကောင်းကင်ထောက်တိုင်နယ်ပယ်က မလှုပ်ရှားဘူးလို့ ရှင်းရှင်းလင်းလင်း သဘောတူထားခဲ့တယ်။"

"ဒါပေမဲ့ အဲဒီခွေးအိုကြီးကျိရွှီခုံးက သူ့ကတိကို ဖျက်ပြီးတော့ အလစ်အငိုက် ဝင်တိုက်ခဲ့ကာ။ လက်ဖဝါး တစ်ချက်တည်းနဲ့ ချူမိသားစုဝင် တစ်သောင်းနီးပါးကို သတ်ဖြတ်ခဲ့တယ်။ ငါ့သားအပါအဝင်ပေါ့။"

"တောရိုင်းမြေပေါင်းစည်းသွားပြီးနောက် ကောင်းကင်ကြည့်ရေးဆောင်က သတိပေးစာတစ်စောင် ပို့ခဲ့ပြီး ငါ့ချူမိသားစုကို ဒီစော်ကားမှုကို မျိုသိပ်ခံခိုင်းလို့ရမယ်လို့ ထင်နေတာလား။ ဆုတောင်းလေ။"

"ငါက ဟန်ဆောင်ပြီးတော့ သဘောတူလိုက်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ပြီးတော့လည်း အခွင့်အရေးကို တိတ်တဆိတ်ရှာနေခဲ့တာ။ နောက်ဆုံးတော့ ငါ အခွင့်အရေး ရသွားပြီ။ ဒီခွေးအိုကြီးက ဒီနေ့အထိ ငါတို့ တံခါးဝကို လာရဲပြီးတော့ ချူမိသားစုကို လောကကြီးဆီ သက်သေပြဖို့ အညံ့ခံစာတစ်စောင် ရေးခိုင်းတယ်။ ဒါက အရမ်းကို လွန်လွန်းသွားပြီ။"

သူ၏ဒေါသတကြီးစကားများက လူတိုင်းကို တိတ်ဆိတ်သွားစေ၏။

ကျိမိသားစုဝင် အများအပြား အံ့အားသင့်သွားကြသည်။

ဘိုးဘေးကျိရွှီခုံးက ဘယ်လိုလုပ် ဒီလောက် ယုတ်မာရတာလဲ။ ချူမိသားစုက နောက်ဆုံးမိနစ်ကျမှ စိတ်ပြောင်းသွားတာ အံ့သြစရာ မဟုတ်တော့ဘူး။ သံမဏိလက်သီးလို သဘာဝရှိတယ်လို့ နာမည်ကြီးတဲ့ ချူမိသားစုက ဒီလိုစော်ကားမှုကို သည်းခံနိုင်မှာ မဟုတ်ဘူး။

ကျီခုံးကျိနှင့် ကျိဝူမင်တို့ နှစ်ဦးစလုံး တစ်ခဏမျှ စကားပြောမထွက် ဖြစ်သွားကြသည်။

"ရွှီခုံး... သူပြောတာ အမှန်ပဲလား။" ကျိခုံးကျိက ကျိရွှီခုံးကိုကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ကျီရွှီခုံးက တိတ်ဆိတ်နေပြီး မျက်နှာတွင် နာကျင်မှုများပေါ်လွင်နေကာ ဖြေဆိုရန်အတွက် ဆန္ဒမရှိပုံ ပေါက်နေလေသည်။

၎င်းကို မြင်သောအခါ ကျိခုံးကျိက တိုးညင်းစွာ သက်ပြင်းချလိုက်သည်။

ချူမိသားစု စိတ်ပြောင်းသွားတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီအကြောင်းပြချက် ရှိနေတာကိုး။ ကျိရွှီခုံးက သူစိုက်ပျိုးထားတာကို သူ ပြန်ရိတ်သိမ်းနေရတာပဲ။

ဒီနည်းဗျူဟာက တခြားမိသားစုတွေကိုတော့ အလုပ်ဖြစ်နိုင်ပေမယ့် ချူမိသားစုအတွက် မသင့်တော်ဘူး။ သူတို့ရဲ့ဘိုးဘေးဟာ သတ်ဖြတ်ခြင်းနဲ့စစ်ရေးစစ်ရာမှာ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ဉာဏ်အလင်းစစ်နတ်ဘုရား ဖြစ်တယ်။ သူ့ကို ရန်စမိရင် သူက ကောင်းကင်ကိုတောင် အပေါက်ဖောက်ဖို့ ရဲတင်းလိမ့်မယ်။

မင်းက သူတို့ရဲ့ တိုက်ရိုက်မျိုးဆက် တစ်သောင်းနီးပါးကို လက်ဝါးနဲ့ ရိုက်သတ်ခဲ့တာ။ ဘယ်သူက ဒေါသ မထွက်ဘဲ နေမှာလဲ။

"ကျိမိသားစုက တောင်းပန်ဖို့ ဆန္ဒရှိပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ မိသားစုခေါင်းဆောင် ချူအနေနဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး သူတို့ကို သက်ညှာခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ငါတို့က အခု အရေးကြီးတဲ့အချိန်အခါမှာ ရောက်နေတယ်။ တောရိုင်းမြေက ပေါင်းစည်းသွားပြီ။ ငါတို့ ထပ်ပြီး အချိန်ဆွဲနေမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်။ မိသားစုခေါင်းဆောင်ချူက အခြေအနေကို သေချာစဉ်းစားဖို့ တိုက်တွန်းပါတယ်။" ကျိခုံးကျိက လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

ချူရှီရန်သည် ကျိရွှီခုံး၏လည်ပင်းကို ကိုင်ထားသောလက်ကို တင်းကျပ်လိုက်ရာ ကျိုးလုနီးပါး ဖြစ်သွားလေသည်။ အဘိုးအိုက နာကျင်စွာ ရုန်းကန်နေရပြီး သူ၏အသက်စွမ်းအင်များ ပြိုကျလုနီးပါး ဖြစ်နေသည်ကို သူ ပိုကြည့်ရလေလေ ပိုပြီးကျေနပ်လေလေ ဖြစ်နေသည်။

တိုက်ရိုက်မျိုးဆက်သောင်းနှင့်ချီကို အသားစဉ်းများအဖြစ် ပြောင်းသွားစေခဲ့သော ထိုလက်ဝါးချက်ကို တွေးလိုက်မိတိုင်း ချူရှီရန်၏နှလုံးသားက နာကျင်နေရသည်။

သူ၏ တစ်ဦးတည်းသောသားလေး။

ကောင်းကင်ထောက်တိုင်နယ်ပယ်တွင် ကျင့်ကြံသူများက ကလေးရနိုင်ရန် ခက်ခဲနေပြီဖြစ်ကာ သူက မျိုးဆက်မရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ဤရန်ငြိုးကို သွေးနဲ့သာ ဖြေရှင်း၍ ရနိုင်ပေလိမ့်မည်။

"မင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။"

"တောင်းပန်တာလား။ အသုံးမဝင်ဘူး။ ငါတို့တွေ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆက်မဆွေးနွေးခင် ဒီမကောင်းဆိုးဝါးအိုကြီးက အသက်နဲ့ ပေးဆပ်ရမယ်။ မဟုတ်ရင် တိုက်ခိုက်မယ်။" ချူရှီရန် လှောင်လိုက်၏။

ထိုအချိန်တွင်ပင်။

ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး တောင်များနှင့် မြစ်များ လူးလှိမ့်သွားလေသည်။

ပုံရိပ်တစ်ခုက နေရာလွတ်ကို ချိုးဖျက်ကာ တစ်လှမ်းချင်းလျှောက်လှမ်းလာပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

"သူ့ကို သတ်လိုက်။"

"မင်း အခုချက်ချင်း ကျိရွှီခုံးကို သတ်ပစ်လို့ ရတယ်။ မင်းကို ငါ ခွင့်ပြုချက်ပေးတယ်။"

ကျိဝူရွှမ်၏မျက်နှာက ရေခဲလိုအေးစက်နေပြီး ချူမိသားစုဝင်များကို ဂရုမစိုက်စွာ စူးစိုက်ကြည့်နေသည်။ သူ၏ ကြည်လင်သော အနက်နှင့်အဖြူမျက်ဆံများက သူ၏ရက်စက်မှုကို ဖော်ပြနေပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "မြန်မြန်လုပ်ပြီးလေ။ ငါ့အကူအညီ လိုသေးလား။"

ထိုစကားကို ကြားသောအခါ ကျိမိသားစုဝင်များအားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲ၍ သွားလေသည်။

သူတို့ အားလုံး အော်ဟစ်လိုက်ကြသည်။

"မလုပ်ပါနဲ့။ ဘိုးဘေးရွှီခုံးက ကျိမိသားစုကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တယ်။ သူ အသတ်ခံရမှာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။"

"ဟုတ်တယ်။သခင်လေး ပြန်စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။"

ကျီခုံးကျိနှင့် ကျိဝူမင်တို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး တစ်ယောက်၏အတွေးကို အခြားတစ်ယောက်က နားလည်ကာ နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်ကြသည်။

ကျိဝူရွှမ်၏ အေးစက်သောမျက်လုံးများက သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူ၏အကြည့်များ ဖြတ်သွားသည်နှင့်အမျှ ဒေါသထွက်နေခဲ့သော ကျိမိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် ငြိမ်သက်သွားကြပြီး ညှိုးနွမ်းနေသောခရမ်းချဉ်သီးများကဲ့သို့ ခေါင်းငိုက်စိုက်ကျသွားကာ သူ၏မျက်လုံးများကို မကြည့်ရဲကြတော့ပေ။

မြင်ကွင်းက လုံးဝ တိတ်ဆိတ်သွားသည်အထိပင်။

ကျိဝူရွှမ်က ပြုံးလျက်ပင် ပြောလိုက်သည်။ "မိသားစုခေါင်းဆောင်ချူ... မြန်မြန်လုပ်လိုက်ပါ။ ဘာလဲ။ ကြောက်နေတာလား။"

ချူရှီရန်က မျက်မှောင်ကြုတ်ကာ ကျိဝူရွှမ်ကို စူးစိုက်ကြည့်လိုက်သည်။

ဒီကောင်က အရင်ကလိုပဲ ကိုင်တွယ်ရခက်တုန်းပဲ။

သူ ကျိရွှီခုံးကို ပြန်ပေးဆွဲခဲ့ခြင်းက လက်စားချေချင်ရုံသက်သက် မဟုတ်ပေ။ ထိုသို့သာဆိုလျှင် သူက ၎င်းကို လူသိရှင်ကြားဖြစ်အောင် လုပ်ခဲ့မည် မဟုတ်ပေ။ သူ့ကို တိတ်တဆိတ် သတ်ပစ်လိုက်ပေမည်။

ချူမိသားစု အရေးယူဆောင်ရွက်ခဲ့ရသည့် အကြောင်းရင်းနှစ်ခု ရှိသည်။ ပထမတစ်ခုမှာ သူတို့၏ ဒေါသကို ထုတ်ဖော်ရန်နှင့် ဒုတိယမှာ ကျိမိသားစုကို အလျှော့ပေးလာစေရန် ဤကိစ္စကို အသုံးချပြီး ကောင်းကင် ပြည်နယ်၏ ကံကြမ္မာတစ်စိတ်တစ်ပိုင်းကို မိသားစု(၄)ခုထံ လုံခြုံရေးအတွက် လွှဲပြောင်းပေးရန် ဖြစ်သည်။ ၎င်းမှာ ကျိမိသားစု၏ အာဏာတည်ဆောက်ပြီးနောက်တွင် မဟာမိတ်ကို မဖျက်ဆီးဘဲ အသုံးချပြီးနောက်တွင် မစွန့်ပစ်အောင် သေချာစေရန် ဖြစ်သည်

သို့သော်လည်း ကျိဝူရွှမ်၏ သဘောထားက ချူမိသားစု မျှော်လင့်ချက်များကို များစွာ ကျော်လွန်နေ၏။

ဒီကောင်က လူမဆန်အောင် ရက်စက်တာပဲ။

လူသားရော ဟုတ်ရဲ့လား။

မင်းရဲ့ဘိုးဘေးကို ငါ့လက်ထဲမှာ ကိုင်ထားတာတောင်မှ ဒီလိုမျိုး လုပ်နေတယ်။

တကယ့်ကို သားလိမ္မာလေးပဲ။

အနီးအနားမှ တိတ်တဆိတ် စောင့်ကြည့်နေကြသော လီ၊ လုံနှင့် လင်မိသားစုတို့လည်း ကျောရိုးတလျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။

သူတို့အားလုံးကို ကြိုတင်မတိုင်ပင်ထားဘဲနှင့် နောင်တရသလို ခံစားလိုက်ရသည်

ဤကဲ့သို့ သွေးအေးသောသူကို ကောင်းကင်ပြည်နယ်၏ အာဏာရှင်အဖြစ် ခွင့်ပြုလိုက်ခြင်းက သိပ်ပြီး ပညာမရှိသလိုပင်။

သူ့ဘိုးဘေးတွေရဲ့အသက်ကိုတောင် တန်ဖိုးမရှိသလို သဘောထားနိုင်ရင် မျိုးနွယ်စု(၄)ခုဆိုရင် ပြောစရာတောင် မလိုတော့ဘူး။

"ချီးပဲ။ ဒါ အသက်ရှင်နေတဲ့ သားရဲတစ်ကောင် မဟုတ်ဘူးလား။" လီရှစ်က ဒေါသတကြီးဖြင့် တီးတိုးရေရွတ်လိုက်သည်။

သို့သော် ကျိဝူရွှမ်က ခေါင်းလှည့်ပြီး သူ့ကို ဘေးတိုက်ကြည့်လိုက်သည်။

ချက်ချင်းပင် လီရှစ်သည် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏ အသိစိတ်နှင့်ဝိညာဉ် ပေါက်ကွဲလုနီးပါး ဖြစ်သွားကာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ကျိုးကြေသွားပြီး နောက်သို့ လဲကျသွားလေသည်။

"သူ့ကို ကုသဖို့ ပြန်ခေါ်သွား။"

လီတိုင်ယွမ်က အမိန့်တစ်ခုပေးလိုက်ပြီး ကျိဝူရွှမ်ကို အဝေးမှ ဦးညွှတ်ကာ တောင်းပန်လိုက်သည်။

ကျိဝူရွှမိက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။

"ဘယ်လောက်တောင် ဗိုလ်ကျစိုးမိုးလိုက်လဲ။" လီမိသားစု၏ အဆင့်မြင့်အရာရှိတစ်ဦးက သူ့ဘာသာ တီးတိုးပြောလိုက်ပြီး အသံထွက်မပြောရဲဘဲ ကျောနောက်တွင်သာ မကောင်းပြောနိုင်လေသည်။

လီတိုင်ယွမ်၏ အကြည့်များ ထက်မြက်လာပြီး သူ၏မျက်လုံးများထဲတွင် မငြိမ်မသက်ဖြစ်နေသော ရေစီးကြောင်းတစ်ခု မြင့်တက်လာကာ လက်စွပ်ထဲတွင် ဖုံးကွယ်ထားသော ဓားအဆောင်ကို တိတ်တဆိတ် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

ဒီကောင့်ကို ကောင်းကင်ပြည်နယ်ရဲ့ အာဏာရှင်အဖြစ်ခန့်အပ်တာ မသင့်တော်ဘူးလို့ ထင်ရတယ်။

ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းမြေကြားက ပြေလည်အောင်ဖြေရှင်းလို့မရတဲ့ ပဋိပက္ခနဲ့ ယှဉ်ရင်တောင် ဒီကောင်ရဲ့ ခြိမ်းခြောက်မှုအဆင့်က အဲဒီထက် မလျော့ဘူး။

ငါတို့ကို ကူညီဖို့ အချိန်-နေရာလွတ်ဓားသူတော်စင်ကိုမလွှတ်ခင် ချူမိသားစုလှုပ်ရှားတာကို စောင့်ရမယ်။

သေချာစဉ်းစားပြီးနောက် လီတိုင်ယွမ်က နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်လေသည်။

... …

"ငါ မလုပ်ရဲဘူးလို့ မင်း တကယ်ထင်နေတာလား။"

ချူရှီရန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ရုတ်တရက် ကြမ်းကြုတ်လာကာ ကျိရွှီခုံး၏နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ ကျိရွှီခုံး၏ အသိဉာဏ်ပင်လယ်ထဲရှိ အမည်းရောင်သံချောင်းက ၎င်းကို ချက်ချင်း ဖျက်ဆီးပစ်လိုက်လေသည်။

ကျိရွှီခုံး ... သေသွားလေပြီ။

တိတ်ဆိတ်သွား၏။

သေမင်းတမျှ တိတ်ဆိတ်ခြင်းပင်။

ကျိမိသားစုဝင်များ အံ့အားသင့်သွားကြပြီး ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်အဆင့် ဘိုးဘေးတစ်ပါး ဤကဲ့သို့ သေသွားသည်ကို မယုံနိုင်စွာ မျက်လုံးပြူးကာ ကျိရွှီခုံးကို စူးစိုက်ကြည့်နေကြသည်။ သူတို့က ကျိဝူရွှမ်ကို ကြည့်လိုက်မိပြီး သူတို့၏လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်ကြသည်။

ကျိဝူရွှမ်သည်လည်း အနည်းငယ် မှင်တက်သွားလေ၏။

ချီးပဲ။

ဘာလို့ မင်းက စည်းကမ်းအတိုင်းမကစားတာလဲ။

ချူမိသားစုက သူ့ဆီကနေ ငွေညှစ်ရန် ဤအကြောင်းပြချက်ကို သုံးနေသည်ဟု သူ အစပိုင်းတွင် ထင်ခဲ့၍ အခြေအနေကိုအခွင့်ကောင်းယူပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာအရ အညံ့ခံအောင် အတင်းအကျပ်လုပ်ရန် ထိုကဲ့သို့ လိုက်လုပ်ခြင်းပင်။

လူတိုင်း အံ့အားသင့်သွားအောင် ချူရှီရန်က အလွန်ရမ်းကားလွန်းနေပြီး ရန်စသည်ကို မခံနိုင်ဘဲ ကျိရွှီခုံးကို တိုက်ရိုက် သတ်ပစ်လိုက်သည်။

ယခုတွင် သူ မသတ်ခဲ့လျှင်ပင် ကျိမိသားစုအပါအဝင် လူတိုင်းက ကျိရွှီခုံး၏သေဆုံးမှုအတွက် သူ့ကို အပြစ်တင်ကြပေလိမ့်မည်။

ငါ ထုံသွားပြီ။

လုံးဝကို ထုံသွားပြီ။

…

All Chapters