← Chapters

အခန်း ၃၁၉

Vol. 22 Ch. 319

အခန်း ၃၁၉

Vol. 22 Ch. 319

အပိုင်း(၃၁၉) ကံကြမ္မာ၏အခြေခံအုတ်မြစ်၊ ကောင်းကင်ပြည်နယ်သို့ထပ်သွားခြင်း

အစိမ်းရောင်အုတ်ကြွပ်များ မိုးထားသော အိမ်ငယ်လေးတွင်။

မြစ်ကမ်းဘေးတစ်လျှောက်တွင် မိုးမခပင်များက လေထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေလေသည်။

လက်ရှိတွင် ဧကရီသည် ပါးပြင်ကို လက်တစ်ဖက်ဖြင့် ထောက်ကာ အခြားလက်တစ်ဖက်ကို စားပွဲပေါ်တွင် တင်ထားပြီး အနက်ရောင်ဝတ်လူငယ်က သူ၏သွေးခုန်နှုန်းကို စမ်းသပ်ကာ ခန္ဓာကိုယ်ကို စစ်ဆေးနေသည်ကို စူးစိုက်ကြည့်နေလေသည်။

ညင်သာသောလေပြေလေးနှင့် တောက်ပသောနေရောင်ခြည်၊ အေးချမ်းပြီးငြိမ်းချမ်းသော ဘဝလေးက တန်ဖိုးထားစရာဖြစ်ပြီး စွန့်ခွာရန် တွန့်ဆုတ်နေမိသည်။

တုန်းဖန်လျူလီ၏ မျက်နှာပေါ်တွင် သတိမထားမိဘဲ ပေါ်လာသော နူးညံ့သည့် အပြုံးလေး တဖြည်းဖြည်း မှေးမှိန်သွားပြီး မျက်လုံးများ မှေးမှိန်သွားကာ၊ လွှားငှက်များ သူတို့၏နှုတ်သီးများတွင် အစာများကို ကိုက်ချီကာ အသိုက်များဆီသို့ တစ်ခါတစ်ရံ ပြန်သွားတတ်သည့် ကြည်လင်သော အပြာရောင် ကောင်းကင်ကြီးကို ဘေးတိုက် ကြည့်လိုက်လေသည်။

ဒီလိုဘဝမျိုးက မကြာခင် အဆုံးသတ်တော့မယ်...

တကယ်တမ်းတွင် သူရော ငါးပိကောင်ပါ ဘာမှမသိသလို ဟန်ဆောင်နေခဲ့ကြခြင်းဖြစ်သည်။ သူက ကောင်းကင်တာအို၏ ဒုတိယမြောက် လူသားဧကရာဇ်အဖြစ် ရွေးချယ်ခံရပြီး တောရိုင်းမြေ၏ကံကြမ္မာက သူ့ကို သခင်အဖြစ်အသိအမှတ်ပြုလိုက်တဲ့ အခိုက်အတန့်မှစပြီး တုန်းဖန်လျူလီ၏ကံကြမ္မာက အတည်ပြုပြီးသား ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင်တော့ သူတို့က ကောင်းကင်တာအိုနှင့် ကောင်းကင်ကြည့်ဆောင်ကြားမှ ကစားပွဲတွင် အသုံးချခံနယ်ရုပ်လေးများ ဖြစ်လာခဲ့သည်။

အနာဂတ်ကို မည်သူမှ ကြိုမဟောနိုင်ပေ။ သူ ထီးနန်းတက်ပြီး ဧကရီဖြစ်လာခြင်းသည် သာမန်ပြည်သူတွေအတွက် ကောင်းကင်တာအို၏ ရုပ်သေးရုပ်ဖြစ်ရန် ရွေးချယ်နိုင်သည်။ သို့မဟုတ် ကောင်းကင်စောင့်ကြည့်သူများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် သူ သေဆုံးနိုင်သည်။ သို့မဟုတ်... သူက ငါးပိကောင်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားနိုင်၏။

အကျပ်အတည်းကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းက ကစားပွဲကိုဖျက်ဆီးရန်၊ စစ်တုရင်ခုံ အပြင်ဘက်ကိုထွက်ပြီး ကျော်လွန်သွားရန်ပင်။ ထိုအခါမှသာ ကိုယ့်ကံကြမ္မာကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

"မင်းရဲ့အတွင်းစကြဝဠာကို တောရိုင်းမြေရဲ့ကံကြမ္မာနဲ့ ဧကရာဇ်တာအိုတို့နဲ့ တည်ဆောက်ထားတာ။ ဒါကြောင့် အဲဒါက တောရိုင်းမြေတစ်ခုလုံးရဲ့ ကံကြမ္မာကို မောင်းနှင်ပြီးတော့ လှုံ့ဆော်ပေးနိုင်တယ်။ ပြီးတော့ ရန်သူတွေကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့တောင် အသုံးပြုနိုင်တယ်။"

"ကံကြမ္မာဆိုတဲ့အယူအဆက ဝေဝါးပြီး ထိတွေ့လို့ မရနိုင်ဘူး။ တကယ်လို့ အဲဒါသာ တကယ် ဖြစ်လာရင် တူညီတဲ့နယ်ပယ်ရှိတဲ့ သူနည်းနည်းလောက်ပဲ မင်းကို တိုက်ခိုက်နိုင်လိမ့်မယ်။ အဲဒါက ကောင်းတဲ့အရာ ဖြစ်သလို ဆိုးတဲ့အရာလည်း ဖြစ်နိုင်တယ်။"

မုန့်ချင်ကျိုးက လက်ကိုလွှတ်လိုက်ကာ မျက်မှောင် အနည်းငယ်ကြုတ်သွားပြီး ဆက်မပြောတော့ပေ။

တုန်းဖန်လျူလီက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူတို့၏ လက်ချောင်းများ ယှက်နွှယ်ပြီး အချင်းချင်း၏ နွေးထွေးမှုကို ခံစားလိုက်လေသည်။

ငါးပိကောင်၏ စကားများနောက်ကွယ်ရှိ မပြောဘဲသိနေသော အဓိပ္ပာယ်ကို သူ နားလည်လေသည်။

တောရိုင်းမြေ၏ ကံကြမ္မာကို ကောင်းကင်နှင့်မြေကြီး၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခြင်းသည် အားသာချက်များစွာရှိပြီး အဆုံးတွင် အကြီးမားဆုံးသော အခွင့်အရေးပင် ဖြစ်သည်။ သို့သော်လည်း အားနည်းချက်များမှာလည်း ထင်ရှားလေသည်။ ၎င်းက တုန်းဖန်လျူလီသည် ကောင်းကင်နှင့်မြေကြီး၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပြီး ကျင့်ကြံမှုအားလုံးကို မဖယ်ရှားမချင်း ဘယ်တော့မှ ထပ်မံလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ဆိုလို၏။ ထိုအချိန်မှသာ သူ ကောင်းကင်တာအို၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

"ကိစ္စမရှိပါဘူး။"

"အဲဒါကို ဖယ်ရှားလို့ မရမှတော့ တစ်နေ့ကျရင် ကိုယ်ကိုယ်တိုင် ကောင်းကင်ဘုံကို တက်လှမ်းပြီး အဲဒီ ကောင်းကင်တာအိုကို လုံးဝ အသံတိတ်သွားအောင် လုပ်ပစ်မယ်။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် သူ၏လက်ဖဝါး သတိမထားမိဘဲ တင်းကျပ်သွားမှုက တုန်းဖန်လျူလီအား သူ၏နှလုံးသားထဲရှိ မငြိမ်မသက်ဖြစ်မှုများကို သဘောပေါက်သွားစေသည်။

"အင်း။"

"ကျွန်မ ရှင့်ကို ယုံပါတယ်။" တုန်းဖန်လျူလီ နူးညံ့စွာ ပြုံးလိုက်သည်။

မုန့်ချင်ကျိုး နောက်ထပ် တစ်ခုခု ပြောချင်နေသော်လည်း ရုတ်တရက် သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။ သူက ရုတ်တရက် မတ်တတ်ရပ်ကာ လေးနက်စွာ ပြောလိုက်သည်။

"လီတိုင်ယွမ် ဓားအဆောင်ကို ချေမွလိုက်တာလား။။"

"ကောင်းကင်ပြည်နယ်က နောက်ဆုံးတိုက်ပွဲ ဒီလောက်မြန်မြန် အဆုံးသတ်သွားမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

တုန်းဖန်လျူလီသည် သူ့ကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်ကာ မေးလိုက်သည်။ "ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့လို့ရမလား။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး ပြောသည်။

"မရဘူး။"

"မင်းက ကောင်းကင်တာအိုရဲ့ ဒုတိယမြောက် လူသားဧကရာဇ်ဖြစ်ဖို့ ရွေးချယ်ခံရတာကို ကောင်းကင်ကြည့်ဆောင်က သိနေလောက်ပြီ။ တကယ်လို့ မင်း တောရိုင်းမြေမှာ နေမယ်ဆိုရင် သူတို့က မင်းကို ပွင့်ပွင့်လင်းလင်း ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်ပြည်နယ်က ကောင်းကင်ကြည့်ဆောင်ရဲ့ အိမ်ကွင်းပဲ။ ကောင်းကင်တာအိုတောင်မှ ကောင်းကင်ပြည်နယ်ကို ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်။ အဲဒီကို မင်း ရောက်သွားတာနဲ့၊ ကောင်းကင်တာအိုရဲ့ အမြင်အာရုံကနေ လွတ်ကင်းသွားပြီးတော့ တောရိုင်းမြေကံကြမ္မာရဲ့ အထောက်အပံ့ကို ဆုံးရှုံးသွားတာနဲ့တူတူပဲ ဖြစ်လိမ့်မယ်။ ကောင်းကင်ကြည့်ဆောင်က သစ္စာဖောက်တာတောင် ခံရနိုင်တယ်။"

"စိတ်မပူပါနဲ့။ ဒါကို ကိုယ်တစ်ယောက်တည်း ဖြေရှင်းနိုင်ပါတယ်။"

တုန်းဖန်လျူလီက နှုတ်ခမ်းနီလေးများကို စေ့ထားကာ တင်းကျပ်စွာ ကိုက်ထားလေသည်။

အချိန်တိုင်းတွင် မုန့်ချင်ကျိုးတစ်ယောက်တည်း အန္တရာယ်ထဲကို ဝင်သွာသည်ကို ဘာမှမကူညီနိုင်ဘဲ ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

အမြဲတမ်း ထိုကဲ့သို့ပင်။ အချိန်တိုင်းတွင် ကန့်သတ်ချက်အမျိုးမျိုး ရှိနေပြီး သူ့ကို ပိတ်လှောင်ထားကာ မဟာကျင်းတိုင်းပြည်တွင်သာ နေခဲ့ရလေသည်။

သူက တောရိုင်းမြေကိုပေါင်းစည်းပြီး သူ့လက်အောက်တွင် ပါရမီရှင် အများအပြား ရှိနေသည့်တိုင် သူက လက်ရှိအခြေအနေကို မပြောင်းလဲနိုင်သေးပေ။

ထိုခံစားချက်က တကယ်ကို မသက်မသာ ဖြစ်ရ၏။

အထူးသဖြင့် တုန်းဖန်လျူလီလို စိတ်ဓာတ်ခိုင်မာသောသူ တစ်ယောက်အတွက်ပင်။

"တိုင်းပြည်အုပ်ချုပ်တဲ့အကြောင်းကို ကိုယ် ဘာမှမသိဘူး။ ကိုယ်လုပ်နိုင်တာက ဓားနဲ့ ရန်သူကို တိုက်ခိုက်ဖို့ပဲ။ သာမန်ဇနီးမောင်နှံတစ်တွဲလိုပဲ ခင်ပွန်းက ပိုက်ဆံရှာဖို့ အလုပ်လုပ်တယ်၊ ဇနီးက အိမ်က ကိစ္စတွေကို ဂရုစိုက်တယ်။ ကိုယ်တို့ရှေ့က အမှောင်ထုကို ကိုယ် ခုခံမယ်။ နောက်က သန်းနဲ့ချီတဲ့ ပြည်သူတွေကို မင်းက ကာကွယ်ပေး။"

"မင်းမှာ ကိုယ့်ထက်မလျော့တဲ့ တာဝန်နဲ့ဖိအားတွေ ရှိတာမို့လို့ အပြစ်ရှိသလို ခံစားနေဖို့မလိုပါဘူး။"

မုန့်ချင်ကျိုး တိုးညင်းစွာ ပြောလိုက်သည်။

ချက်ချင်းပင် သူ၏ပုံရိပ်က အရောင်လွင့်နေသော ဓာတ်ပုံဟောင်းတစ်ပုံကဲ့သို့ တဖြည်းဖြည်း ပွင့်လင်းမြင်သာလာပြီး နေရောင်အောက်တွင် ပျောက်ကွယ်သွားသည့် အလင်းစက်လေးများအဖြစ် ပြောင်းလဲ၍ သွားလေသည်။

ကောင်းကင်ဘုံသို့သွားရာလမ်းတွင် ၃၀၀% ရောက်ရှိပြီး အချိန်-နေရာလွတ် ဓားတွင် [အန္တိမ] အဆင့်သို့ တက်လှမ်းပြီးနောက် အချိန်-နေရာလွတ် တာအိုအပေါ်တွင် သူ၏ထိန်းချုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ယခင်ကကဲ့သို့ သယ်ယူပို့ဆောင်ရေးအဖြစ် အချိန်-နေရာလွတ်မြစ်ကိုခေါ်ရန် မလိုအပ်တော့ပေ။

ယခုတွင်။

သူက အချိန်-နေရာလွတ်ထဲသို့ ဝင်ရောက်နိုင်ပြီး အတိတ်၏အရိပ်အယောင်များကို ကျောက်ဆူးချကာ ထိုနေရာတွင် ချက်ချင်း ပေါ်လာနိုင်သည်။

လီတိုင်ယွမ်က ဓားအဆောင်ကို ချေမွခြင်းဖြင့် နေရာလွတ်ပို့ဆောင်ရေး လမ်းကြောင်းတစ်ခုကို ဖွင့်နိုင်သော်လည်း ယခုတွင် မုန့်ချင်ကျိုးအတွက်တော့ ၎င်းကို မလိုအပ်ပေ။ သူ သိရှိရန် လိုအပ်သည်မှာ ကောင်းကင်ပြည်နယ်ရှိ နောက်ဆုံးတိုက်ပွဲ အဆုံးသတ်တော့မည် ဆိုသည်ကိုသာ။

ထို့အပြင်...

ဓားအဆောင်လမ်းကြောင်းမှာ အန္တရာယ်အချို့ ရှိလေသည်။

လီတိုင်ယွမ်သည် ကောင်းကင်ပြည်နယ်ရှိ အဓိကမိသားစု(၅)ခုထဲမှတစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။ သူ ရုတ်တရက် စိတ်ပြောင်းသွားပြီး သူ့ကို ဆန့်ကျင်ကာ ဓားအဆောင်ကို တမင်တကာ ချေမွပြီးနောက် အခြား မိသားစု(၄)ခုနှင့် ပူးပေါင်းပြီး သူ့ကို ဝိုင်းရံတိုက်ခိုက်ရန် ခေါ်ယူကာ တောရိုင်းမြေရှိ ခြိမ်းခြောက်မှု အကြီးမားဆုံး ရန်သူကို ဖယ်ရှားရန် ကြိုးစားနိုင်ခြေ ရှိလေသည်။

"အခြေအနေတွေ မျှော်လင့်ချက်မဲ့နေတဲ့အခါ ခေါင်းမမာနဲ့။ ပြန်လာတာကို စောင့်နေတဲ့သူတွေ အိမ်မှာ ရှိနေတယ်ဆိုတာ မှတ်ထား။"

"ကောင်းပြီလေ။"

မုန့်ချင်ကျိုးက ချင်းလွမ်ထျန်းရှိ လီမိသားစုတွင် မှတ်သားထားလိုက်လေသည်။

မျက်မိတစ်မှိတ်အတွင်း။

ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် ဝိညာဉ်က အချိန်-နေရာလွတ်ထဲ ပေါင်းစပ်သွားကာ အချိန်ခရီးသွားများက သမိုင်းဟုခေါ်သော စာအုပ်တစ်အုပ်ကို ဖွင့်လှစ်ပြီး အတိတ်မှ အမှတ်တစ်ခုကိုရွေးချယ်ကာ စာအုပ်ထဲတွင် ဖော်ပြထားသောမြင်ကွင်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသကဲ့သို့ပင် သေးငယ်သော အမှုန်များအဖြစ် ပျောက်ကွယ်သွားလေသည်။

...

ကောင်းကင်ပြည်နယ်။

ချင်းလွမ်ထျန်း၊ လီမိသားစုရွာ။

လေးနှင့်မြားများကို သယ်ဆောင်လာသော ကောင်လေးလီကျိရှန်းသည် ရွာလယ်ရှိ မိုးမခပင်အောက် ပျင်းရိစွာ ထိုင်နေပြီး သူ၏ မျက်မမြင်ဦးလေး မကြာခဏ ဗေဒင်ဟောသည့် ကျောက်တုံးဆီသို့ ဘယ်ဘက်ကို တစ်ခါတစ်ရံ ကြည့်နေလေသည်။

"ဦးလေးက အခုကစပြီး လီမိသားစုနေရာမှာပဲ နေမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ သူက ထပ်ပျောက်သွားရပြန်တာလဲ။" လီကျိရှန်းက စိုးရိမ်သောအမူအရာဖြင့် ညည်းညူလိုက်သည်။

ငါးဖမ်းရာမှ ရွာသို့ပြန်လာသော လီယဲ့သည် လီကျိရှန်း၏ စကားများကို မတော်တဆ ကြားလိုက်ရပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "မင်းကို ငါ အကြိမ်ရေ မရေမတွက်နိုင်အောင် ပြောပြီးပြီလေ။ သူက မင်းရဲ့ ဦးလေး မဟုတ်ဘူး။ သူ့မျိုးနွယ်စုနာမည်က မုန့်ပဲ။ ငါ့ရဲ့ လီမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ သူက ဒီမှာ ရက်နည်းနည်းပဲ လာနေတာ။"

"သူက မင်းကို လေးနဲ့မြားတွေ ပေးခဲ့ပေမယ့် တကယ်တော့ သူက မင်းရဲ့နေထိုင်စရိတ်ကို ပေးနေတာ။"

"အနာဂတ်ရဲ့ တစ်နေ့နေ့မှာ သူက လီမိသားစုရဲ့ ရန်သူဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူက သိမှာလဲ။ သူ့အကြောင်းကို မင်း ဘာလို့ဆက်ပြောနေရတာလဲ။"

လီကျိရှန်း မျက်လုံးများကို ကစားသလိုလှိမ့်လိုက်ပြီး နှုတ်ခမ်းကိုစူကာ မယုံကြည်နိုင်သောဟန်ဖြင့် ပြောလိုက်သည်။

"မယုံဘူး။"

"ဦးလေး ကျွန်တော့်ကို လိမ်နေတာ သေချာတယ်။ အဘိုးက ယုတ်မာတယ်။ ဦးလေးက ကျွန်တော့်အပေါ် အမြဲတမ်းကောင်းတယ်။ သူက ဘယ်လိုလုပ် လီမိသားစုရဲ့ရန်သူ ဖြစ်နိုင်မှာလဲ။ ပြီးတော့ ကျွန်တော်တို့ရွာက စုတ်ပြတ်ပြီး ဆင်းရဲတယ်။ ဦးလေးက ကျွန်တော်တို့ကို ပစ်မှတ်ထားပြီး ဘာရချင်လို့လဲ။"

"ဦးလေးက လယ်ထဲက ပိန်လှီနေတဲ့နွားအိုကြီး အနည်းငယ်ကို လိုချင်နေတယ်လို့ ကျွန်တော့်ကို ပြောချင်တာလား။ ဒါမှမဟုတ် သားသတ်သမားဆီက ဝက်သားတုံး အနည်းငယ်လား။ ဒါမှမဟုတ် ကြက်၊ ဘဲ၊ ငါး၊ ဒါမှမဟုတ် အဘိုးရဲ့ဆိုင်က သံတိုသံဟောင်းတွေလား။"

"ဟွန့်၊ အဘိုးတို့လူကြီးတွေက ကလေးတွေကို လိမ်ရတာ အမြဲသဘောကျတာပဲ။"

လီယဲ့က လုံးဝ ကူကယ်ရာမဲ့စွာဖြင့် သူ၏နဖူးကို ပွတ်သပ်လိုက်လေသည်။

မုန့်ချင်ကျိုးက လီကျိရှန်းကို စကားလုံးအနည်းငယ်ဖြင့် ဤမျှလောက် ဖမ်းစားနိုင်စွမ်းရှိပြီး သူ့ကို အစားအသောက်ပျက်စေကာ နေ့ရက်တိုင်း မိုးမခပင်အောက်တွင် လေးနဲ့မြားကိုင်ပြီး ဦးလေးမုန့် ဆိုသူကို မည်သည်ကြောင့် စောင့်နေကြာင်း သူ လုံးဝ နားမလည်နိုင်ခဲ့ပေ။

"ဦပန်းပဲဆရာ... ဦးလေးက ရွာကို ဘယ်တော့ ပြန်လာမယ်လို့ ထင်လဲ။" လီကျိရှန်းက ကျောက်တုံးကို ကြည့်ကာ တိုးညင်းစွာ မေးလိုက်သည်။

တွေဝေမှုတစ်ခုထဲတွင် သူ၏မျက်လုံးများကို ဖုံးကွယ်ထားသော အနက်ရောင်ဝတ်လူငယ်တစ်ဦးသည် နောက်တွင် ဗေဒင်ဟောသည့် ဆိုင်းဘုတ်တစ်ခု စိုက်ထူထားကာ ပြုံးပြနေသည်ကို မှုန်ဝါးဝါး မြင်လိုက်ရသည်။

"ဦးလေး။" လီကျိရှန်းက အစပိုင်းတွင် အလွန်ဝမ်းသာသွားပြီး အမြန် မတ်တတ်ရပ်လိုက်သော်လည်း ထို့နောက် လေးနှင့်မြားများကိုကိုင်ကာ စိတ်ပျက်လက်ပျက် ပြန်ထိုင်လိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။ "ဦးလေး လုံးဝပြန်မလာဘူး။ အဲဒါ ငါ စိတ်ကူးယဉ်နေတာ သက်သက်ပဲ..."

"ငါ့ကို အရမ်းလွမ်းနေတာလား။ မင်းရဲ့ လေးပစ်စွမ်းရည်တွေ တိုးတက်လာလို့လား။ ဒါဆို မင်းကို သေချာ စစ်ဆေးပေးရမှာပေါ့။"

ရုတ်တရက်။

နူးညံ့ချိုသာသောအသံတစ်ခု ထွက်ပေါ်လာလေသည်။

လီကျိရှန်း ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် အတိတ်၏ အရိပ်အယောင်များပေါ်လာကာ နေရောင်ခြည်နှင့်ထိတွေ့ပြီး သူတို့၏အရိပ်များကို ထင်ဟပ်နေသော ကျောက်တိုင်ကို စူးစိုက်ကြည့်နေလေသည်။ သူက အံ့သြဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည်။

"ဦးလေး။"

"ဟမ်…" လီယဲ့၏ မျက်ဆံများ ရုတ်တရက် ကျုံ့သွားပြီး အံ့အားသင့်စွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားလေသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ နောက်သို့ လှည့်လိုက်ပြီး ထိုသူကို စူးစိုက်ကြည့်နေကာ သူ၏နှလုံးသားထဲတွင် မငြိမ်မသက်မှုများ ပြည့်နှက်နေလေသည်။

သူ ဘယ်အချိန်က ပေါ်လာတာလဲ။

အကယ်၍ သူက စကားမပြောခဲ့လျှင် လီယဲ့ သတိထားမိမည် မဟုတ်ပေ။

လီယဲ့၏နဖူးတွင် ချွေးပေါက်လေးများ ပေါ်လာပြီးနောက် သူ၏လည်စေ့က လှုပ်ရှားသွားကာ လက်သီးများကို သတိမထားမိဘဲ ဆုပ်ထားလိုက်လေသည်။

"အချိန်-နေရာလွတ် တာအိုနိယာမတွေ..."

"သူက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ။"

...

All Chapters