အခန်း ၃၂၀
Vol. 22 Ch. 320
အပိုင်း(၃၂၀) မျက်နှာသာရရှိရန် ကောင်းကင်နယ်ပယ်ကို လာဘ်ထိုးခြင်း
"ကျိရှန်း... ပြန်လာခဲ့။"
လီယဲ့က လီကျိရှန်း၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ၏ကျောနောက်တွင် ကာကွယ်ထားပြီး သံချေးတက်နေသော သံတူတစ်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားကာ အလွန်သတိထားနေလေသည်။
"စိတ်မပူပါနဲ့။ ကျုပ်က ဖြတ်သွားရုံသက်သက်ပါ။"
"ဟမ်။"
"ကောင်းကင်ပြည်နယ်မှာ စစ်ဖြစ်နေတဲ့ပုံပဲ။ အားကောင်းတဲ့အရှိန်အဝါတွေ အများကြီးက နယ်မြေကို ဖုံးလွှမ်းနေပြီးတော့... တုန်းမင်ထျန်းက ချူမိသားစုဆီကနေ လာတာလား။"
အနက်ရောင်ဝတ်လူငယ်က နွေးထွေးစွာ ပြုံးလိုက်ပြီး အခြေအနေကို သေချာအကဲခတ်ပြီးနောက် မေးခွန်းတစ်ခုကို ဟန်ဆောင်မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ...
လီယဲ့၏သတိထားမှု အနည်းငယ် လျော့ကျသွားပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ကောင်းကင်ပြည်နယ် ပေါင်းစည်းရေကို မင်း အချိန်ဆွဲချင်တာလား။ ကောင်းကင်ကြည့်ဆောင်က မင်းကို ပစ်မှတ်ထားမှာကို မကြောက်ဘူးလား။ ပြီးတော့ ငါက လီမိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်ပြီးတော့ မင်းကိုတားဆီးဖို့ တာဝန်ရှိတယ်။"
အနက်ရောင်ဝတ်လူငယ်၏ အပြုံးသည် အနည်းငယ် မှေးမှိန်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ခင်ဗျား လုပ်ရဲလို့လား။"
လီယဲ့က ချက်ချင်း ဒေါသထွက်သွားလေသည်။
လီမိသားစု၏ မျိုးဆက်သစ်များရှေ့တွင် ပွင့်ပွင့်လင်းလင်း ပြောဆိုသော ဤမျှပေါ်တင်စော်ကားမှုသည် သူ့ကို လုံးဝ မလေးစားခြင်းပင်။
သူက ထိုအကြောင်းကို တွေးနေတုန်းပင် ရှိနေသေးသည်။
လီယဲ့က တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံလိုက်မိပြီး ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရုတ်တရက် အေးခဲသွားပြီး မယုံကြည်နိုင်စွာ မျက်တောင်အကြိမ်ကြိမ် ခတ်လိုက်လေသည်။
မိုးမခပင်မှ စတင်၍ ပေ(၁၀၀) ပတ်လည်အတွင်းရှိ သစ်ပင်ပန်းမန်များသည် ငြိမ်သက်နေပြီး အနက်နှင့် အဖြူရောင်သို့ ပြောင်းလဲသွားကာ လေပြေလေးပင် ပုံသဏ္ဌာန် ဖြစ်ပေါ်လာပြီး လေထဲတွင် တွဲလွဲခိုနေသော ရေများကဲ့သို့ ချောမွေ့ပြီးစီးဆင်းနေသော မျဉ်းကြောင်းများအဖြစ် ဖြစ်ပေါ်နေကြောင်းကို ထိုအချိန်မှသာ သူ သဘောပေါက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ပေ(၁၀၀) အကွာအဝေးရှိ လီမိသားစုရွာမှ ရွာသားများသည် မိုးမခပင်အနီးတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို လုံးဝသတိမထားမိဘဲ သူတို့၏နေ့စဉ်ဘဝများကို ပုံမှန်အတိုင်း ဖြတ်သန်းနေကြလေသည်။
လီမိသားစုရွာတွင် အနည်းဆုံး နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ(၅၀) သို့မဟုတ် (၆၀)ခန့် နေထိုင်ကြသော်လည်း သူတို့က ဤအရာကို လုံးဝလျစ်လျူရှုထားကြောင်း သတိပြုသင့်သည်။
တစ်ချက်ကြည့်ရုံနှင့်တင်။
လီယဲ့၏ ပြင်းထန်သောဒေါသများ ချက်ချင်းပင် ပြေပျောက်သွားပြီး ပူလောင်နေသောဦးနှောက်က ရေခဲရေ တစ်ပုံးနှင့် ပက်ခံလိုက်ရသကဲ့သို့ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားလေသည်။
"ဘိုးဘေး လီရွှမ်းကျင်း သေသွားပြီ။ သူ သေဆုံးရတဲ့ အကြောင်းရင်းက ဘာလဲ။ ခင်ဗျား မှတ်မိလား။" အနက်ရောင်ဝတ်လူငယ်က မေးလိုက်သည်။
လီယဲ့က ရိုးသားစွာ ခေါင်းညိတ်လိုက်ပြီး ဖြောင့်မတ်စွာ ပြောလိုက်သည်။ "မှတ်မိတယ်၊ အဲဒါက ကောင်းကင်စောင့်ကြည့်သူတွေကို ခုခံဖို့နဲ့ ငါ့လူတွေ ရှင်သန်နိုင်ဖို့အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်ဖို့ပဲ။"
"ကျိမိသားစုကို ဘယ်သူက ကျောထောက်နောက်ခံ ပေးထားလဲ။ ခင်ဗျား သိလား။" အနက်ရောင်ဝတ် လူငယ်က ဆက်မေးသည်။
"သိတယ်။ အဲဒါက ကောင်းကင်ကြည့်ဆောင်ပဲ။" လီယဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။
လက်သေးသေးလေးကို အကိုင်ခံထားရသော လီကျိရှန်းက သူ၏ဒေါသကြီးမှုကြောင့် လူသိများသော ပန်းပဲဆရာကို ဗလာကျင်းနေသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ သူက ကျူရှင်ဆရာနှင့် တွေ့ဆုံရသော မူလတန်း ကျောင်းသားတစ်ယောက်နှင့် တူနေလေသည်။
ချက်ချင်းပင်။
လီကျိရှန်းသည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသော မှုန်ဝါးဝါး မီးခိုးရောင် ကန့်လန့်ကာကြီးကို စူးစိုက်ကြည့်ရန် လှည့်လိုက်ကာ သိချင်စိတ်ဖြင့် ၎င်းကို လက်ညှိုးဖြင့် ထိုးရန် လက်ဆန့်တန်းလိုက်သည်။
"အဲဒီလိုဆိုရင်..."
"ကျိမိသားစုကို ကောင်းကင်ပြည်နယ်ပေါင်းစည်းခွင့်မပေးအောင် တားဆီးနေတဲ့ ကျုပ်ရဲ့လုပ်ရပ်က လီရွှမ်းကျင်းရဲ့ နောက်ဆုံးဆန္ဒနဲ့ ကိုက်ညီသား။"
"အဲ... အဲဒါက ကိုက်ညီလောက်ပါတယ်။"
"ဒါဆို ခင်ဗျားက ကျုပ်ကို ဘာလို့ တားတာလဲ။"
"..."
"ပြောလေ။"
"ငါ မှားသွားပါတယ်။"
"ဒီကလေးက သင်ပေးလို့ရသားပဲ။"
အနက်ရောင်ဝတ်လူငယ်က သက်သာရာရမှု အရိပ်အယောင် အနည်းငယ် ပြသလိုက်သော်လည်း သူ၏ နှလုံးသားထဲတွင်တော့ သူ့ဘာသာ တီးတိုးရေရွတ်နေလေသည်။
ငါ့ရဲ့ အတိတ်ဘဝက နာမည်ကြီး စကားပု တစ်ခုကို မတွေးဘဲ မနေနိုင်ဘူး။ စာဖတ်တာက နိယာမတွေကို နားလည်ဖို့ဖြစ်ပြီးတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက အရူးတွေကို ငြိမ်သက်သွားစေဖို့ပဲ။ ဒါမှ သူတို့က မင်းရဲ့ အကျိုးအကြောင်းဆင်ခြင်မှုကို အေးချမ်းတဲ့စိတ်နဲ့ နားထောင်နိုင်မှာ။
အကယ်၍ ဒကာကြီးက မဟာယာန ဗုဒ္ဓဘာသာကို နားမလည်ဘူးဆိုရင် ဒီနှိမ့်ချတဲ့ဘုန်းကြီးက သိုင်းပညာမှာလည်း နည်းနည်း ကျွမ်းကျင်ပါတယ်။
ခွန်အားကသာ အမှန်တရားဆိုတာက လူမှုရေးစည်းမျဉ်းတွေကို ချိုးဖျက်ဖို့အတွက် အမြဲတမ်း အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲ။
လီယဲ့၏စိတ်က လုံးဝ ရှုပ်ထွေးသွားလေသည်။ သူက လှည့်စားခံလိုက်ရသလို ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် အားလုံးက အဓိပ္ပာယ်အများကြီး ရှိနေသည်။ သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"သိပ်မကြာခင်တုန်းက ဧကရာဇ်ခေါင်းလောင်းသံ မြည်ဟည်းလာပြီး တောရိုင်းမြေပေါင်းစည်းသွားပြီ ဆိုတာကို ကောင်းကင်ပြည်နယ်ရဲ့ မျိုးနွယ်စု(၅)ခုက သိသွားကြတယ်။ ရလဒ်အနေနဲ့ မိသားစုတိုင်း အလျင်စလို လုပ်ဖို့ လိုအပ်တယ်လို့ ခံစားလာရပြီးတော့ ကောင်းကင်စောင့်ကြည့်သူကလည်း သတိပေးစာတွေ ပေးပို့ခဲ့လို့ မိသားစု(၄)ခုကို အညံ့ခံအောင် အတင်းအကျပ်လုပ်ခဲ့တယ်။"
"လွန်ခဲ့တဲ့နှစ်ရက်က မဟာမိတ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မိသားစု(၄)ခုက ကျိမိသားစုကိုလည်း သဘောတူဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့လည်း အကြောင်းပြချက်တစ်ခုခုကြောင့် ချူမိသားစုက ရုတ်တရက် စိတ်ပြောင်းသွားပြီး ကျိမိသားစုရဲ့ ခေါင်းဆောင်ကျိရွှီခုံးကို အလစ်အငိုက် ဝင်တိုက်ခဲ့တယ်။"
"ဇာတ်လမ်းတစ်ခုလုံးကို မသိရခင် အချိန်အတန်ကြာ ငါ တိတ်တဆိတ် နားထောင်ပြီး လေ့လာခဲ့တယ်။ ချူရှီရန်ရဲ့ ကိုယ်ပိုင်ပြောဆိုချက်အရ ကျိရွှီခုံးဟာ ချူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေ အများအပြားကို သတ်ဖြတ်ခဲ့ပေမယ့် ဘာရှင်းပြချက်မှ မပေးခဲ့ဘူး။ ဒါကြောင့် သူက ရှင်းပြချက်တစ်ခု တောင်းဆိုချင်ခဲ့တာ။"
အနက်ရောင်ဝတ်လူငယ်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရယ်မောကာ ခေါင်းခါလိုက်သည်။
ရှင်းပြချက်တောင်းဆိုတယ်ဆိုတာက ဆင်ခြေတစ်ခုပဲ။ တကယ့်ရည်ရွယ်ချက်က အကျိုးအမြတ်ပိုရဖို့ပဲ။
တည်ထောင်သူဘိုးဘေးက တကယ်ကို ရဲရင့်ပြီး ပြိုင်ဖက်ကင်းခဲ့သော်လည်း သူ၏ဆန္ဒက နှစ်သောင်းချီ ကြာပြီးနောက်တွင် ချူမိသားစုကို လွှမ်းမိုးနိုင်လိမ့်မည်ဟု မဆိုလိုပေ။
မည်သည့်အဖွဲ့အစည်းမဆို ပထမဆုံးတည်ထောင်သောအခါ မူလမျှော်မှန်းချက်များရှိသော လူစုသည် သေချာပေါက် သန့်စင်၏။ သို့သော်လည်း အချိန်ကုန်လွန်လာတာနဲ့အမျှ ထိုအဖွဲ့အစည်းများက ခြွင်းချက်မရှိဘဲ ကပ်ပါးကောင်များနှင့် ကြွက်များ၏ ဖျက်ဆီးမှုကို ခံရမည်မှာ သေချာပြီး အညစ်အကြေးများနှင့် မကောင်းမှုများ နေထိုင်ရာများ ဖြစ်လာပေလိမ့်မည်။
မိသားစု(၅)ခု၊ ကောင်းကင်ကြည့်ဆောင်နှင့် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တို့အားလုံး မရှောင်လွှဲနိုင်ခဲ့ပေ။
ထို့ကြောင့် ရှေးခေတ်ကာလကတည်းက နဂါနိုင်သူရဲကောင်းများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာရခြင်းပင်။ အကြောင်းမှာ သူရဲကောင်းများ၏ နှလုံးသားထဲတွင်လည်း မကောင်းဆိုးဝါးနဂါးများ ခိုအောင်းနေ၍ပင်။ ထို့ပြင် သူတို့က အမြစ်တွယ်ရန်၊ အညှောင့်ပေါက်ရန်နှင့် အားကောင်းကောင်းနှင့် ကြီးထွားလာရန်အတွက် မြေသြဇာကောင်းသော မြေဆီလွှာကို လိုအပ်၍ပင်။
"ပြောစရာရှိတာတွေ အားလုံး ပြောပြီးပြီ။ ကျေးဇူးပြုပြီး ထပ်ပြီး အချိန်မဆွဲပါနဲ့တော့။ အပြင်လူတွေကို လီမိသားစုရွာက ကြိုဆိုမှာမဟုတ်ဘူး။" လီယဲ့က သူ၏စိတ်ခံစားမှုများကို အစွမ်းကုန်ဖိနှိပ်ရန် ကြိုးစားရင်း အတင်းအကျပ်ပြုံးကာ ပြောလိုက်သည်။
အနက်ရောင်ဝတ်လူငယ်က နှုတ်ခမ်းထောင့်များကို ကွေးတက်ကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။
သူက မတ်တတ်ရပ်ပြီး ထွက်ခွာတော့မည် ဖြစ်သည်။
လီကျိရှန်းက ချက်ချင်း ကန့်ကွက်လိုက်ပြီး ရုန်းကန်ကာအော်ဟစ်လိုက်သည်။ "ပန်းပဲဆရာကြီး၊ ဦးလေးကို ဘာလို့ အတင်းမောင်းထုတ်နေရတာလဲ။"
"ဦးလေးက နောက်ဆုံးတော့ အိမ်ပြန်ရောက်လာပြီ။ ပြီးတော့ အဘိုးက အရမ်းကို ရက်စက်တာပဲ။ အဘိုးကို ကျွန်တော် မုန်းတယ်။"
"ကျွန်တော့်ကိုလွှတ်။"
လီယဲ့၏မျက်နှာက ဒေါသကြောင့် ဖြူရော်သွားလေသည်။
သေစမ်း၊ ဘာတွေ ဖြစ်နေတာလဲ။
ငါတို့ဘိုးဘေးတွေရဲ့ အဓိကနိယာမက မိသားစုအပြင်ဘက်က လူတစ်ယောက်နဲ့ ရင်းနှီးအောင် ယှဉ်ပြိုင်ပြီး ဆူညံနေပြီးတော့ သူက လီမိသားစုနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရမယ့် အနာဂတ်ရန်သူ တစ်ယောက်လည်း ဖြစ်နေတယ်။
ငါတို့ရဲ့ ဘိုးဘေးတွေက ကိုယ့်လူတွေကို သစ္စာဖောက်တဲ့နေရာမှာ ရှေ့ဆောင်နေတာလား။
"ပါးစပ်ပိတ်ထား။" လီယဲ့ အော်ငေါက်လိုက်၏။
လီကျိရှန်း လန့်သွားသော်လည်း ခေါင်းမာစွာ စူးစိုက်ကြည့်နေဆဲဖြစ်ပြီး နှုတ်ခမ်းများစူနေလေသည်။
"ငါ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ရွာသားတွေက ဦးလေးကို မကြိုက်လို့ ဦးလေး အပြင်မှာ လေလွင့်နေရတာ။ ဟေး၊ ကလေးလေး... ပန်းပဲဆရာကို အပြစ်မတင်ပါနဲ့။ သူက ဦးလေးရဲ့ရုပ်ရည်ကို မနာလိုဖြစ်ပြီးတော့ ရွာမှာ ဦးလေးက သူ့ထက် ပိုထင်ပေါ်သွားမှာကို ကြောက်လို့ပါ။"
"မင်း ကြီးလာရင် အဲဒီပန်းပဲဆရာကြီးကို ကောင်းကောင်းရိုက်နှက်ဖို့ မင်းရဲ့ဦးလေးကို ကူညီရမယ်နော်။၊ ကြားလား။"
မုန့်ချင်ကျိုးက ဆောင့်ကြောင့်ထိုင်ကာ လီကျိရှန်း၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လီကျိရှန်း၏ အမူအရာက လေးနက်သွားပြီး တက်ကြွစွာ ခေါင်းညိတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "ဟုတ်ကဲ့။ ဦးလေးကို ကတိပေးပါတယ်။ ပန်းပဲဆရာကြီးကို မြေကြီးပေါ် လှဲချပြီး တူနဲ့ထုနိုင်တဲ့နေ့တစ်နေ့ ရောက်လာဖို့ ကျွန်တော် သေချာပေါက် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်။ ပြီးတော့ သူ့တင်ပါးကို မြားနဲ့ပစ်မယ်။"
"မင်း အတင့်ရဲလိုက်တာ။" လီယဲ့သည် ဒေါသထွက်လွန်း၍ မျက်စိများပင် ပြာသွားလေသည်။
"လိမ်မာတယ်၊ လိမ်မာတယ်နော်။ ကလေးလေး။" မုန့်ချင်ကျိုးက ရင်ထဲမှလှိုက်၍ ရယ်မောလိုက်ပြီး ခုံးများကို အကြိမ်အနည်းငယ်ပုတ်ကာ လက်ကောက်ဝတ်ကို တစ်ချက် ခေါက်လိုက်ရုံဖြင့် လေဟာနယ်ထဲမှ ဓားတစ်လက်နှင့်ဓားပညာရပ် စာအုပ်တစ်အုပ်ကို ဖန်တီးလိုက်ပြီး ပြောလိုက်သည်။
"ဧကရာဇ်အဆင့်ဓားပညာနဲ့ ဧကရာဇ်အဆင့် ဝိညာဉ်ရတနာတွေနဲ့ လေးကိုသယ်ဆောင်၊ ဓားကိုကိုင်စွဲပြီး တစ်နေ့နေ့မှာ လူသားဧကရာဇ်လိုမျိုး သူရဲကောင်းဆန်ပြီး ခန့်ညားလာမယ်လို့ ငါ မင်းကို မျှော်လင့်ပါတယ်။"
လီကျိရှန်း၏မျက်လုံးများတွင် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာပြီး အလွန် စိတ်လှုပ်ရှားသွားသည်။ သူက မုန့်ချင်ကျိုး၏အင်္ကျီလက်ကို ဆုပ်ကိုင်ကာ သနားစရာကောင်းသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဦးလေး... ကျေးဇူးပြုပြီး မသွားပါနဲ့။"
လီမိသားစုရွာသည် အထီးကျန်နေသော်လည်း ဤနေရာရှိ ကလေးများက လီရွှမ်းကျင်းပေးထားသော ဘက်စုံပညာရေးကို ရရှိထားကြပြီး ကျင့်ကြံခြင်းစနစ်အကြောင်းကို သိရှိကြသည်။
လီကျိရှန်းက ဧကရာဇ်အဆင့်ပညာရပ်တစ်ခု၏ တန်ဖိုးကို သိသည်။ လီရွှမ်းကျင်း၏ ပညာရေးကြောင့် လီကျိရှန်း၏စိတ်ထဲတွင် ကောင်းကင်အဆင့် ပညာရပ်တစ်ခုသည် လီမိသားစုတစ်ခုလုံးကို ဝယ်ယူနိုင်ပြီး ဧကရာဇ်အဆင့်ပညာရပ်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
"ချီးပဲ။" လီယဲ့က အံသွားများကို အမှုန့်ဖြစ်လုနီးပါး ကြိတ်ထားလေသည်။
လူတွေရဲ့နှလုံးသားကို အနိုင်ယူဖို့အတွက် မုန့်ချင်ကျိုးက ဧကရာဇ်အဆင့်ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ ငွေအများကြီး အကုန်အကျခံဖို့ ဆန္ဒရှိခဲ့တာပဲ။
သူတို့ မသိကြသည်မှာ။
ထိုပစ္စည်းများအားလုံးသည် အနောက်ဘက်ဗုဒ္ဓတိုင်းပြည်မှ သိမ်းဆည်းရမိခြင်းဖြစ်ပြီး စုစုပေါင်း အခု(၁၀၀)ကျော် ရှိလေသည်။ ၎င်းတို့၏ ထက်ဝက်ကို အကျိုးပြုသော အရာရှိများအား ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ပြီး လေးပုံတစ်ပုံကို မုန့်ချင်ကျိုးက ယူထားကာ အခု(၂၀)ကိုသာ တိုင်းပြည်ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားခဲ့သည်။
ချင်းလွမ်ဘိုးဘေး၏ အဓိကတာအိုနိယာမများ၏ မျက်နှာသာကို ဧကရာဇ်အဆင့် ပစ္စည်းတစ်စုံဖြင့် ရယူခြင်းက အလွန်တန်ဖိုးရှိသော အပေးအယူတစ်ခုပင်။
"မင်းကို ငါ ပြောပြီးပြီနော်။ ထပ်ပြီးတော့ ကံမစမ်းချင်နဲ့တော့။ အခုချက်ချင်း ထွက်သွား။" လီယဲ့က အော်ဟစ်လိုက်သည်။
"ကြည့်ဦး။"
"ပန်းပဲဆရာကြီးက စိတ်မရှည်တော့ဘူးဆိုတော့ ဦးလေး သွားရတော့မယ်။"
မုန့်ချင်ကျိုးသည် တွန့်ဆုတ်နေဟန်ဆောင်ကာ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။ မထွက်ခွာခင် သူက လီကျိရှန်း၏ခေါင်းကို ချစ်ခင်ယုယစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ ပေ(၁၀၀)အတွင်းရှိ မီးခိုး-အဖြူရောင်ဧရိယာသည် ၎င်း၏ မူလအရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားလေသည်။ ၎င်းက အစက်တစ်ခုအဖြစ် ကျုံ့ဝင်သွားသောအခါ ညင်သာသောလေပြေလေးက မိုးမခငပင်များကို တိုက်ခတ်သွားပြီး ထိုသူသည် လုံးဝ မရောက်လာခဲ့ဖူးသကဲ့သို့ ဖြစ်သွားလေသည်။
"ဦးလေး။"
"ကျွန်တော် သေချာပေါက် ကြိုးစားကျင့်ကြံပြီး ဦးလေးရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ့မယ်။" လီကျိရှန်းက မျက်ရည်များပြည့်နှက်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်လေသည်။
...