အခန်း ၃၂၁
Vol. 22 Ch. 321
အပိုင်း(၃၂၁) အမျိုးမျိုးသော ပရိယာယ်များ၊ ချူမိသားစု ပေါက်ကွဲထွက်လာခြင်း
"ထူးဆန်းတယ်။"
"ဒါက အတုများ ဖြစ်နေမလား။"
လီတိုင်ယွမ်သည် လက်ဖဝါးထဲရှိ အပိုင်းအစများကို ကြည့်ကာ ငေးမောနေမိသည်။ ဓားအဆောင်ကို ချေမွလိုက်ပြီးဖြစ်၍ အချိန်-နေရာလွတ် ဓားသူတော်စင်သည် ကောင်းကင်ပြည်နယ်သို့ ရောက်ရှိလာရမည် ဖြစ်သည်။ ၎င်းကို သူကိုယ်တိုင် ပြောခဲ့၏။
သို့သော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီး အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးသည်အထိ မည်သူမျှ ပေါ်မလာခဲ့ပေ။
"ချီးပဲ။ ရှင် လိမ်တယ်။" လီတိုင်ယွမ်က ဒေါသတကြီးဖြင့် ဓားအဆောင် အပိုင်းအစများကို ပစ်လိုက်ပြီး အံကြိတ်ကာ ခြေထောက်ဖြင့် အကြိမ်အနည်းငယ် ဆောင့်နင်းလိုက်ရာတွင် အပိုင်းအစများနှင့် ဖုန်မှုန့်များ လွင့်စဉ်သွားလေသည်။
တောင်စောင်းတွင်။
လီရှစ်က ခိုးနားထောင်နေရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "မိသားစုခေါင်းဆောင်၊ မင်းက ဘယ်သူ့ကို ဆဲနေတာလဲ။"
မိသားစုခေါင်းဆောင်က တစ်ယောက်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရတာလား...
"ရှင်နဲ့မဆိုင်ဘူး။" လီတိုင်ယွမ်က လက်ပိုက်ပြီး ခေါင်းလှည့်ကာ သူ့ကို အေးစက်စွာကြည့်လိုက်သည်။
လီရှစ်က နှုတ်ခမ်းကိုစေ့လိုက်ပြီး စူးစမ်းလိုစိတ် ပျောက်ဆုံးသွားကာ လက်ဖြင့် မျက်လုံးကိုဖုံးအုပ်ပြီး အဝေးသို့ ကြည့်လိုက်ကာ ပြောလိုက်သည်။
"ဝိုး။ သူတို့တွေ တကယ် စတိုက်နေကြပြီ။"
"ချူမိသားစုက စစ်နတ်ဘုရားရဲ့မျိုးဆက်တွေဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို လိုက်ဖက်တယ်။ အရမ်းကို အစွမ်းထက်တယ်။ ချူရှီရန်တစ်ယောက်တည်းနဲ့တင် ကျိမိသားစုရဲ့ ဘိုးဘေး(၂)ပါးကို ရိုက်နှက်နေပြီး အသာစီး ရနေတယ်။"
လီယွမ်ခုံးက မုတ်ဆိတ်ကို ပွတ်သပ်ရင်း စိတ်မရှည်စွာ ပြောလိုက်သည်။
"မင်းမှာ ဘာမှအဓိပ္ပာယ်ရှိတဲ့ အချက်အလက်မရှိရင်တော့ စကားမပြောပါနဲ့တော့။"
"ကျိမိသားစုရဲ့ ဘိုးဘေး(၃)ပါးထဲမှာ ကျိရွှီခုံးက အဆင့်အမြင့်ဆုံး ဖြစ်ပေမယ့် အလစ်ဝင်တိုက်ခံရလို့ သေသွားခဲ့တယ်။ ကျိဝူမင်နဲ့ ကျိခုံးကျိတို့က ကောင်းကင်ထောက်တိုင်နယ်ပယ် အစောပိုင်း အဆင့်လောက်ပဲ ရှိတော့တာ။ သူတို့ရဲ့သက်တမ်းတွေ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီးတော့ သွေးနဲ့ချီတွေလည်း ပါးလျနေတယ်။ သူတို့က ဘဝရဲ့အဆိုးရွားဆုံးအချိန်မှာ ရောက်နေတာ။ ချူရှီရန်ကတော့ အသက်(၅၀၀)ပဲ ရှိသေးတော့ ကောင်းကင်ထောက်တိုင်နယ်ပယ်မှာ အထွတ်အထိပ် အရွယ် ဖြစ်နေတာ။ စကားပုံအတိုင်းပဲ။ သိုင်းပညာမှာ လက်သီးအားကြီးတာကိုကြောက်ရသလို ကျင့်ကြံခြင်းမှာလည်း အတူတူပဲ။"
"ပြီးတော့ ချူရှီရန်က ချူမိသားစုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဉာဏ်အလင်းစစ်နတ်ဘုရားရဲ့ ကိုယ်ခံပညာ အစုံလိုက်ကို အပြည့်အဝ ဆက်ခံထားတယ်။ သူက ဘယ်လိုလုပ် အစွမ်းမထက်ဘဲ နေနိုင်မှာလဲ။"
လီရှောင်၏ အမူအရာမှာ လေးနက်နေပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
"အဘိုးကြီးလီ ပြောတာ မှန်တယ်။ ပိုအရေးကြီးတာက ကျိဝူရွှမ် မလှုပ်ရှားသေးဘူး။ သူသာ လှုပ်ရှားရင် ချူမိသားစုဟာ အကြီးအကျယ် အန္တရာယ် ကြုံရလိမ့်မယ်။"
"တည်ထောင်သူဘိုးဘေး ချန်ထားခဲ့တဲ့ အရင်းအမြစ်တွေကို အသုံးမပြုရင်တော့ ဒါက သူတို့ရဲ့ ဝှက်ဖဲတွေကို ကြိုတင်ထုတ်ဖော်လိုက်သလို ဖြစ်သွားလိမ့်မယ်။ ကျိမိသားစုကတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ပြီး ပိုထိန်းချုပ်တဲ့နည်းလမ်းကို သုံးလိမ့်မယ်။"
"ဒီတိုက်ပွဲက တကယ်တော့ နှစ်ဖက်စလုံးရဲ့ ခွန်အားအပေါ် မူတည်တာ မဟုတ်ဘူး။ အပေါ်ယံမှာတော့ ကျိမိသားစုနဲ့ ချူမိသားစုက တူညီနေပြီးတော့ ကျိဝူရွှမ် တစ်ယောက်တည်းကပဲ အပြောင်းအလဲ ဖြစ်တယ်။ တကယ်တော့ ဒါက သည်းခံနိုင်စွမ်းကို စမ်းသပ်တာပဲ။ ဘယ်သူက အရင်ဆုံး စိတ်ထိန်းနိုင်စွမ်း ပျောက်ဆုံးပြီး စစ်မှန်တဲ့ခွန်အားကို ထုတ်ဖော်ပြသလဲ ဆိုတာပဲ။ ထုတ်ပြတဲ့သူက ရှုံးနိမ့်မှာပဲ။"
အဘိုးကြီးနှစ်ဦး အပြန်အလှန်ဆွေးနွေးနေရာ လီရှစ်တစ်ယောက် မှင်တက်ကာ နားထောင်နေမိသည်။ ထို့နောက် သူက သူ၏အမှတ်တံဆိပ်လို ဖြစ်နေသောအပြုအမူအတိုင်း သူ၏ခေါင်းကို မျောက်တစ်ကောင်ကဲ့သို့ ကုတ်လိုက်ပြီး အကြောင်းအကျိုး ဆက်စပ်မှုများကို ရှင်းလင်းရန် လက်ချောင်းများကို ရေတွက်လိုက်လေသည်။
အချိန်အတော်ကြာပြီးနောက်။
လီရှစ်သည် "လောကကြီး ရူးသွပ်နေချိန်မှာ ငါတစ်ယောက်တည်းပဲ သတိရှိတယ်" ဟူသော ပေါ့ပေါ့ဆဆ ဟန်ပန်ဖြင့် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
"နားလည်ပြီ။ အခုတော့ နားလည်သွားပြီ။"
လီယွမ်ခုံးက သူ့ကို စောင်းကြည့်ကာ မျက်စောင်းထိုးလိုက်သည်။
ဒီမြေးက ဝက်တစ်ကောင်လို မိုက်မဲနေမှန်း ငါ ဘာလို့ အရင်က မသိခဲ့တာလဲ။ သူက လီတိုင်ယွမ်နဲ့ မိသားစုခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့တောင် ကြိုးစားခဲ့သေးတယ်။
ဒဏ္ဍာရီလာ "မြေးစစ်" စနစ်များလား။
"အကြီးအကဲနှစ်ဦးရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ကျိုးကြောင်း ဆီလျော်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မက အပြင်လူတစ်ယောက်ကို ပြဿနာရှာခိုင်းချင်ခဲ့တာ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ ကျွန်မကို လှည့်စားသွားတယ်။" လီတိုင်ယွမ်က နောင်တရစွာ သက်ပြင်းချလိုက်သည်။
လီရှစ်က ချက်ချင်း သဘောပေါက်သွားပြီး ပါးစပ်မှ ထွက်လာသည်။
"မင်းကို သစ္စာဖောက်ပြီး လှည့်စားသွားတာက အချိန်-နေရာလွတ် ဓားသူတော်စင်လား။"
လီရှစ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်သွားကာ အသက်ရှူမှားသွားသည်။ လီတိုင်ယွမ်နှင့် ထိုမျက်မမြင် အကြားတွင် ထိုမျှလောက် ဆက်နွှယ်မှု ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထင်ခဲ့မိပေ။
"မင်း စကားမပြောရင် ဘယ်သူမှ မင်းကို ငအလို့ မထင်ပါဘူး။" လီယွမ်ခုံးက ရှက်လွန်း၍ သူ့ကို ဆူလိုက်မိသည်။
...
...
လီရှစ်၏နောက်တွင် တည်ရှိမှုနှင့် မတည်ရှိမှုကြားတွင် လွင့်မျောနေသော ပုံရိပ်တစ်ခုကို လီမိသားစု၏ အဆင့်မြင့်အရာရှိများက လျစ်လျူရှုထားခဲ့ကြသည်။ သူတို့က မေးစေ့ကို ပွတ်သပ်ရင်း တိတ်တဆိတ် ထိတ်လန့်နေကြသည်-
"ဘယ်လို။"
"တိုက်ပွဲတစ်ခုပဲ ရှိတာကို ဘာလို့ ဒီလောက်တောင် အလှည့်အပြောင်းတွေ များရတာလဲ။"
ကောင်းလိုက်တဲ့အဖြစ်။
မိသားစု(၅)ခုထဲမှ မည်သူမှ ကိုင်တွယ်ရ မလွယ်ပေ။ ပထမဦးဆုံးအနေနှင့် ချူမိသားစုက မတရား အသတ်ခံလိုက်ရသောသူတို့၏လူများအတွက် တရားမျှတမှုရှာဖွေသည်ဟူသောဆင်ခြေကိုသုံးပြီး အကျိုးအမြတ် ပိုရအောင် လုပ်ခဲ့သည်။
စိတ်နှေးသူတိုင်းက ချူမိသားစုသည် ဘိုးဘေးများ၏ သွေးနှင့်သတ္တိကို ဆက်ခံထားသည်ဟု ထင်ကြမည် ဖြစ်သည်။ ထိုမျှလောက်အထိ တွေးမိမည် မဟုတ်။
ထို့နောက် ချူရှီရန်က ရုတ်တရက် တိုက်ခိုက်ပြီး လူကို သတ်ပစ်လိုက်သည်။
မုန့်ချင်ကျိုးပင်လျှင် ၎င်းက လုံလောက်ပြီဟု ခံစားခဲ့ရပြီး စားပွဲခုံကို မှောက်ခုံဖြစ်သွားစေသည်အထိ ဒေါသထွက်လိမ့်မည်ဟု ထင်ခဲ့သည်။
ကျီရွှီခုံးကို သတ်လိုက်ခြင်းက ကစားပွဲ၏ နောက်ထပ်အစပျိုးခြင်း ဖြစ်လိမ့်မည်ဟု မည်သူ သိမည်နည်း။
၎င်းက အနိုင်အရှုံးအကြောင်း မဟုတ်ပေ။ သည်းခံနိုင်စွမ်း အကြောင်းပင်။ နှစ်ဖက်စလုံးက သူတို့၏ စစ်မှန်သောခွန်အားကို အရင်ဆုံး ထုတ်ဖော်ပြသရန် စောင့်နေကြခြင်းပင်။
"လခွမ်းတဲ့မှ။"
"ဒီလူမိုက်တွေက (၂၃)ရာစုက ရိုးသားတဲ့ ကျောင်းသားတစ်ယောက်ကို ပရိယာယ်များတဲ့ မြေခွေးအိုကြီး တစ်ကောင်ဖြစ်အောင် ပြောင်းလဲပစ်လိုက်ကြပြီ။"
မုန့်ချင်ကျိုးက လျှောက်သွားရင်း တိုက်ပွဲကိုစောင့်ကြည့်နေကြသော လုံ၊ လင်းနှင့် လီမိသားစုတို့ကို အကဲခတ်နေပြီး သူတို့၏ထင်မြင်ချက်များကို နားထောင်နေလေသည်။
ရလဒ်များမှာ အံ့သြစရာကောင်းလောက်အောင် တစ်သမတ်တည်း ရှိနေပြီး အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်သည်။
အဖြေအပေါ် အခြေခံရလျှင်။
အချိန်အတော်ကြာစဉ်းစားပြီးနောက် မုန့်ချင်ကျိုးသည် နောက်ထပ် အနည်းငယ် ထပ်စောင့်ပြီးနောက် မြန်မြန်ဆန်ဆန် မလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူက ပေါ်လာပြီး ချူမိသားစုကို ကျိမိသားစုအား အောင်နိုင်အောင် ကူညီပေးလိုက်လျှင် ချူမိသားစု၏ ဖုံးကွယ်ထားသောခွန်အားကို ကြောက်ရွံ့သွားသည့် ကျိမိသားစုက အလျှော့ပေးရန် ရွေးချယ်ပြီး ချူမိသားစု၏ တောင်းဆိုချက်တွေကို မလိုလားဘဲ လိုက်လျောပေလိမ့်မည်။
ဝင်စွက်ဖက်ပြီး အကျိုးအမြတ် ရိတ်သိမ်းရန် အကောင်းဆုံးအချိန်က နှစ်ဖက်စလုံး အပြင်းအထန် အားနည်းသွားချိန်မှာပင်။
...
...
တုန်းမင်ထျန်းနယ်မြေ။
ချူရှီရန်သည် ဧကရာဇ်အဆင့်လှံကို ကိုင်ဆောင်ထားပြီး သူ၏မျက်လုံးများက တောက်လောင်နေသော နေမင်းကဲ့သို့တောက်ပကာ သူရဲကောင်းဆန်သောပုံရိပ်မှာ ခမ်းနားလှသည်။ သူ၏နောက်တွင် ဉာဏ်အလင်း စစ်နတ်ဘုရား၏ ဓမ္မပုံရိပ် ရှိနေပြီး သူ၏လက်ယာလက်ကို အမြင့်သို့ မြှောက်ထားကာ လက်ဖဝါးကို အနည်းငယ် ကွေးထားပြီး လက်ညှိုးကို ကောင်းကင်သို့ ညွှန်ပြနေသကဲ့သို့ ပုံဖော်ထားသည်။
"ခွေးအိုနှစ်ကောင်၊ သမင်နဲ့ကြွက်တွေ။"
"သူတို့က ဧကရာဇ်နဲ့ဧကရီအဖြစ် လိမ်ညာပြောဆိုပြီးတော့တစ်ချိန်က မိသားစုတစ်ခုရဲ့ ကျွန်ခံခဲ့ဖူးတယ်။ ပြီးတော့ သူတို့ရဲ့သခင်ကို ပြန်တိုက်ခိုက်ပြီး ကောင်းကင်စောင့်ကြည့်သူရဲ့အကူအညီနဲ့ ကျိမိသားစုကို တည်ထောင်ခဲ့တယ်။ သူတို့က နာမည်သေးသေးလေးနဲ့ လေးစားရတဲ့ မိသားစု(၄)ခုကို အစားထိုးဖို့ ကြိုးစားပြီး ဧကရာဇ်ရဲ့ထီးနန်းကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။"
"ငါက မင်းတို့နဲ့ အေးအေးဆေးဆေး စကားပြောဖို့ ကြိုးစားခဲ့ပေမယ့် မင်းတို့က ငါ့ကို လျစ်လျူရှုခဲ့တာ မဟုတ်လား။"
"ဒါဆိုရင်တော့ ကျိမိသားစုရဲ့ မဏ္ဍိုင်သုံးခုကို ဖျက်ဆီးပစ်ပြီး နောက်ကွယ်ကလူက တည်ငြိမ်နေနိုင်မလား ဆိုတာကို ကြည့်ဖို့ပဲ ရှိတော့တယ်။"
ချူရှီရန်သည် လှံရိုးကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လှံက ပစ်ထွက်သွားကာ ကျိဝူမင်၏မျက်ဆံများထဲတွင် တစ်စက္ကန့်အတွင်း ကြီးမားလာလေသည်။
[ကောင်းကင်နှင့်မြေကြီး၏ကံကြမ္မာကို ထင်သလိုဆုံးဖြတ်ခြင်း၊ ဥပေဒကို ချိုးဖျက်ခြင်း]
ချလွမ်။
ဖရိုဖရဲဖြစ်နေသောအချိန်အခါကြောင့် အသံသည် ကစားပွဲ၏ စည်းမျဉ်းများကို ဖျက်ဆီးပစ်လိုက်ရာ ကျိဝူမင်၏သွေးများ အေးခဲသွားပြီး သူ၏ခန္ဓာကိုယ် တဖြည်းဖြည်း တောင့်တင်းလာလေသည်။
ဖွတ်။
လှံထိပ်ဖျားက ကျိဝူမင်၏ရင်ဘတ်ကို ဖောက်ထွင်းပြီး နောက်မှ ထွက်လာလေသည်။
"ထစမ်း…"
ချူရှီရန်က အာဏာရှင်တစ်ဦး ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ဖြစ်နေပြီး သူ၏ခွန်အားမှာ နှစ်ဆ တိုးလာလေသည်။ သူက ရုတ်တရက် သူ့ကိုယ်သူနှင့် လှံကိုမြှောက်လိုက်ရာ ကျိဝူမင်ကို အခြောက်လှန်းထားသော အသားတုံးတစ်ခုကဲ့သို့ လေထဲတွင် တွဲလွဲခိုနေစေသည်။
"မောက်မာမှုတွေ တော်လိုက်တော့။"
ကျိခုံးကျိက မြေကြီးမှ ပေသုံးသောင်းအမြင့်သို့ တက်လာပြီး အပြာရောင်ကောင်းကင်နှင့် ယှဉ်ပြိုင်နိုင်ရန် ကတိပြုကာ ကျယ်ပြောလှသောမြေကြီးကို ငုံ့ကြည့်လိုက်သည်။ သူက လက်ညှိုးနှစ်ချောင်းကို ပူးလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပပြောလိုက်သည်။
"ကျားရှန်း၊ လမ်းကို မြှုပ်နှံခြင်း။"
ကောင်းကင်နှင့်မြေကြီး မှောင်မိုက်နေပြီး၊ ပေါ့ပါးသောမိုးရေများ ရွာသွန်းနေကာ တစ်စက်ချင်းစီတိုင်းက ချူရှီရန်အပေါ်သို့ ကျရောက်နေလေသည်။
ရေစက်တစ်စက်ချင်းစီတိုင်းတွင် စကြဝဠာတစ်ခု၏ အလေးချိန် ပါဝင်နေ၏။
ရေစက်က ချူရှီရန်၏ ပခုံးပေါ်တွင် ကွဲထွက်သွားပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားကာ အသားများကို ဆုတ်ဖြဲပြီး အရိုးများနှင့် ကြွက်သားများကို ပေါ်ထွက်လာစေသည်။
အကြီးမားဆုံးအသံမှာ တိတ်ဆိတ်ခြင်းပင်။၊ ကြီးမားသော လှုပ်ရှားမှုက ပတ်ဝန်းကျင်တွင် လေဟာနယ် တစ်ခုကို ဖန်တီးပေးလေသည်။
ပထမဆုံးရေစက်က ပေါက်ကွဲသံထွက်လာခြင်းကလွဲ၍ ချူရှီရန် ထပ်ခါတလဲလဲ ဒဏ်ရာရသွားသည်အထိ အရာအားလုံး တိတ်ဆိတ်နေလေသည်။
ဤမိုးစက်များက ထူးဆန်းလှသည်။ သူတို့က ချူရှီရန်အပေါ်သို့ ကျရောက်သောအခါ စကြဝဠာ ပြန်လည်စတင်ခြင်းကဲ့သို့ အစွမ်းထက်သော်လည်း ဆောင်းဦးရွက်တစ်ရွက်ဖြင့် သယ်ဆောင်ထားနိုင်သည်။ အရွက်က ကွေးညွတ်သွားပြီး ရေစက်များ မြေကြီးထဲသို့လှိမ့်ဝင်သွားကာ ခြောက်သွေ့ပြီး မြေဩဇာကင်းမဲ့သော မြေကြီးထဲသို့ ပေါင်းစပ်သွားလေသည်။
မိုးများသည် ချူရှီရန်ကို ငရဲပြည်ထဲသို့ ရိုက်ချလိုက်ပြီး မြှုပ်နှံပစ်ရန် ပြုလုပ်နေသကဲ့သို့ ကောင်းကင်မှ ရွာသွန်းနေလေသည်။
"အဲဒါက စိတ်ဝင်စားစရာပဲ။"
"ဒါပေမဲ့ ဒီအရာနဲ့ ငါ့ကိုမြှုပ်နှံဖို့ မင်း မထိုက်တန်ဘူး။"
[ဆူးများနှင့်ချုံနွယ်များကိုဖယ်ရှားရန် သေခြင်းရှင်ခြင်းကို အသုံးပြုခြင်း၊ ပြတ်သားစွာ လုပ်ဆောင်ခြင်း နည်းလမ်း]
ချူရှီရန်က ကောင်းကင်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ကျောကို ကွေးညွတ်လိုက်ကာ လေထဲတွင် လွင့်မျောနေသော ကျိခုံးကျိဆီသို့ သူ၏လှံကို ပြင်းထန်စွာ ပစ်လိုက်လေသည်။
လှံထိပ်ဖျားက ရန်သူကိုညွှန်ပြနေပြီး လှံ၏အဖျားပိုင်းက အိမ်ရှင်၏အသက်နှင့် ချိတ်ဆက်နေသည်။
ချူရှီရန်သည် တာအိုနိယာမများကို အဆက်မပြတ် စုစည်းပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်လိုက်သဖြင့် လှံ၏အရှိန်အဟုန်မှာ နှင်းလုံးကြီးတစ်ခုကဲ့သို့ ပိုမိုကြီးမားလာလေသည်။
ကောင်းကင်ကြီး ပြိုကွဲသွားသည်အထိပင်။
လှံ၏အရိပ်က ကောင်းကင်နှင့်မြေကြီးကို ဆုတ်ဖြဲသွားပြီး သွေးများနေရာအနှံ့ ပန်းထွက်သွားကာ ကျိခုံးကျိသည် ခါးတစ်ဝက်မှ ပြတ်ထွက်သွားတော့သည်။
…