← Chapters

အခန်း ၃၂၃

Vol. 22 Ch. 323

အခန်း ၃၂၃

Vol. 22 Ch. 323

အပိုင်း(၃၂၃) ရှေးဟောင်းပဲ့တင်သံများ၊ ဘိုးဘေး၏ကိုယ်စားလှယ်

ချူမိသားစုဝင်များကို အဆင့်မြင့်အရာရှိများက မောင်းထုတ်လိုက်ပြီးနောက် နံနက်ခင်းအလင်းနယ်ပယ် တစ်စိတ်တစ်ပိုင်းကိုသာ ချန်ထားခဲ့လေသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် တိုက်ပွဲက နံနက်ခင်းအလင်းနယ်ပယ်ရှိသူများသာ မြင်တွေ့ခွင့်ရှိသော တိုက်ပွဲ ဖြစ်သည်။

"သူ့ကို တုန်းမင်ထျန်းနယ်မြေကနေ ခေါ်သွားပြီးတော့ ကြယ်ကောင်းကင်ယံမှာ တိုက်ခိုက်မယ်။" ချူထျန်းခွေ့က သွေးရဲနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လိုက်သည်။

ချူတိလုံ ခေါင်းညိတ်လိုက်ပြီး သူ၏ သဘာဝလွန်စွမ်းအားများကို ထုတ်လွှတ်ကာ မရေမတွက်နိုင်သော တာအိုနိယာမများ ပဲ့တင်ထပ်နေသော ဘိုးဘွားဓမ္မပုံရိပ်ကို ဖော်ပြလိုက်လေသည်။

ဘိုးဘေး(၂)ပါးသည် သူတို့၏စွမ်းအား၊ မရေမတွက်နိုင်သော တောက်ပသည့် တာအိုနိယာမများနှင့် နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကာ ကျိဝူရွှမ်ကို ကြယ်ကောင်းကင်ယံသို့ တွန်းပို့လိုက်လေသည်။

သို့သော်လည်း။

သူသေကိုယ်သေ တိုက်ခိုက်နေသော ဘိုးဘေး(၂)ပါးနှင့် ရင်ဆိုင်ရသောအခါ ကျိဝူရွှမ်သည် သူ၏ သံမဏိလက်သီးများကို အသုံးပြုကာ အတင်းအကျပ် ဖောက်ထွက်ပြီး ရွေ့လျားနေသော သူ၏ခန္ဓာကိုယ်ကို ထိန်းထားကာ တဖြည်းဖြည်း နောက်သို့တွန်းပို့နေလေသည်။

"သူက ငါတို့နှစ်ယောက်လုံးကို သူ့ရဲ့ အသားနဲ့သွေးသက်သက်ကို သုံးပြီးတော့ သတ်ဖြတ်ခြင်း သူ့ရဲ့ အာဏာကို တည်ဆောက်ချင်နေတာ။ အဲဒီလိုဆိုရင် တခြားမိသားစု(၃)ခုကို ခြိမ်းခြောက်ပြီး ကောင်းကင်ပြည်နယ် အာဏာရှင်အဖြစ် သူ့ရဲ့ဂုဏ်သတင်းကို တည်ဆောက်နိုင်မယ်။ ချူမိသားစုက ရှုံးနိမ့်ဖို့ ကံကြမ္မာပါလာပြီးတော့ အခြေအနေကို ပြောင်းလဲဖို့ ဘာနည်းလမ်းမှ မရှိတော့ဘူး။ အဲဒီလိုဖြစ်နေတော့ ငါတို့တွေ အရာအားလုံးကို စွန့်စားရမယ်ဆိုရင်တောင်မှ သူ့ကို သူ့သဘောအတိုင်း လုပ်ခွင့်ပေးလို့မရဘူး။ ငါတို့ရဲ့ တာအိုအသီးအပွင့်တွေကို စတေးပြီး သူ့ကို ဖြိုလှဲရမယ်။" ချူတိလုံကက သူ၏ နက်ရှိုင်းသောအမြင်ဖြင့် အသံကို ပို့လွှတ်လိုက်သည်။

"ကောင်းပြီလေ။" ချူထျန်းခွေ့ ခေါင်းညိတ်လိုက်သည်။

[တာအိုကို နားလည်သဘောပေါက်ခြင်း - တောရိုင်းမြေတွင် နဂါးများတိုက်ခိုက်ခြင်း]

[တာအိုအပေါ် နက်ရှိုင်းစွာသိမြင်ခြင်း - ပန်းများပွင့်လန်းခြင်း၊ သတ်ဖြတ်မှုတစ်ရာ]

ကျိဝူရွှမ်၏ အနက်ရောင်ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းကာ သူ၏ ပြိုင်ဖက်ကင်းသော သူရဲကောင်းဆန်သည့် ပုံရိပ်သည် တစ်လှမ်းချင်း ချဉ်းကပ်လာလေသည်။ ထိုနှစ်ဦးနှင့် ရင်ဆိုင်ရသောအခါ၊ သူက အစွမ်းကုန်ခွန်အားကို ခြွင်းချက်မရှိ ထုတ်လွှတ်လိုက်ပြီးနောက် ဘယ်သောအခါမျှ နောက်မဆုတ်ခဲ့ပေ။ သူ၏ သံမဏိလက်သီးသည် ကန့်လန့်ဖြတ် ရိုက်ခတ်သွားပြီး သတ်ဖြတ်ရေးအကွက် အများအပြားကို ချေမှုန်းပစ်လိုက်လေသည်။

"အဲဒီလောက်ပဲ ရှိတယ်ဆိုရင်တော့ မင်းတို့နှစ်ယောက်လုံး သေလို့ရပြီ။"

ကျိဝူရွှမ် စကားပြောလိုက်ပြီး ထို့နောက် ဒူးကိုကွေးကာ သူ၏ခွန်အားကို ခဏတာ စုစည်းလိုက်ပြီး လေဟာနယ်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။ ကောင်းကင်မှတရားစီရင်ခြင်းကဲ့သို့ သူ၏ခြေအောက်မှနေ၍ နေရာလွတ်အက်ကွဲကြောင်းများ ပြန့်ထွက်သွားလေသည်။ နေရာလွတ်အက်ကွဲကြောင်းများသည် နတ်ဘုရား လှံများကဲ့သို့ ဖြစ်နေပြီး တုန်းမင်ထျန်းနယ်မြေ၏ မိုင်သောင်းချီအကွာအဝေးကို ချေမှုန်းပစ်လိုက်ကာ ချူထျန်းခွေ့ဆီသို့ ရုတ်တရက် ထိုးတက်သွားလေသည်။

ဒုက္ခပဲ။

လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာ ၎င်း၏နတ်ဘုရားစွမ်းအားကို တားဆီး၍ မရနိုင်ပေ။

ထိုအခိုက်အတန့်တွင်။

တုန်းမင်ဘိုးဘွားပုံရိပ် ပျက်စီးသွားပြီး လက်သီးက ချူထျန်းခွေ့၏ ရင်ဘတ်ကို ဖောက်ထွင်းသွား၏။

"ကောင်းကင်စောင့်ကြည့်သူ ထောက်ခံတဲ့ ဒုတိယဧကရာဇ်ဆိုတဲ့အတိုင်းပဲ။ သူက ပထမဧကရာဇ်ရဲ့ ဟန်ပန် ရှိနေသေးတာပဲ။" ချူထျန်းခွေ့က မယုံနိုင်စွာဖြင့် ခေါင်းငုံ့လိုက်ပြီး ထို့နောက် သနားစရာကောင်းသော အပြုံးတစ်ခုကို ပြသလိုက်သည်။

လက်သီးက သူ၏ရင်ဘတ်ကို ဖောက်ထွင်းသွားသည့် အခိုက်အတန့်တွင် ပေါက်ကွဲမှုလှိုင်းဂယက်က သူ၏နှလုံးကို ချေမွပစ်လိုက်လေသည်။

သေစေနိုင်သောသွေးကြောဆုံမှတ်၏နေရာမှာ နှလုံး ဖြစ်သည်။ နှလုံးကိုဆုပ်နယ်ခြင်းက တွန်းကန်အား အရင်းအမြစ်ကို အသက်သွင်းပေးသည်။ နှလုံးထိခိုက်ပျက်စီးမှုက သေစေနိုင်သောသွေးကြောဆုံမှတ်ကို အချိန်မတိုင်မီ အဆုံးသတ်သွားစေလိမ့်မည်။

ချူထျန်းခွေ့သည် သေခြင်းတရားကတ်ကို လှန်ပြလိုက်သဖြင့် သူ၏ကံကြမ္မာမှာ သဘာဝကျကျ သေဆုံးခြင်းပင်။

"ဒါပေမဲ့ အဲဒါက သေခြင်းတရားကိုဆိုလိုရင်တောင် ငါ မင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်သွားမယ်။"

ချူထျန်းခွေ့ ဟိန်းဟောက်လိုက်ပြီး ကျိဝူရွှမ်၏လက်မောင်းကို ဆွဲကိုင်ကာ သူ၏တာအိုအသီးအပွင့်၊ ဝိညာဉ်နှင့် သွေးတို့ကို လောင်ကျွမ်းစေပြီး မပေါက်ကွဲခင် သူ၏ကျင့်ကြံမှုအားလုံးကို စုစည်းလိုက်သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းက ကပ်ဘေးတစ်ခုနှင့် ယှဉ်နိုင်သည်။

တစ်ခဏချင်းမှာပင် ကောင်းကင်ပြည်နယ်တစ်ခုလုံး၏ အလယ်တွင် ချောက်ကမ်းပါးကြီးတစ်ခု ကွဲအက်သွားပြီး လေထဲမှကြည့်လျှင် ၎င်းသည် ကောင်းကင်တာအို၏ဓားဖြင့် နှစ်ပိုင်း ခုတ်ပိုင်းခံလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။

"ကောင်းကင်ကြီးက ကျယ်ပြောတယ်။"

ချူတိလုံသည် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ဝမ်းနည်းပူဆွေးရန် အချိန်မရှိပေ။ သူသည် လက်ဖဝါးကိုဖြန့်ကာ ချိပ်ပိတ်တစ်ခု ဖန်တီးလိုက်ပြီး နောက်ဆက်တွဲ လှိုင်းဂယက်အများစုကို ပျက်ပြားစေကာ ၎င်း၏ရလဒ်အနေဖြင့် တုန်းမင်ထျန်းနယ်မြေ ဖျက်ဆီးမခံရစေရန် ကာကွယ်လိုက်သည်။

အားလုံးကို လုပ်ပြီးနောက် သူက တစ်ခဏမျှ အချိန်မဆွဲဘဲ ပေါက်ကွဲမှု၏ဗဟိုချက်ထဲကို မဆိုင်းမတွ ပြေးဝင်သွားခဲ့သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း ၎င်းက ကျိဝူရွှမ်ကို သတ်နိုင်မည်မဟုတ်ဘဲ အလွန်ဆုံး သူ့ကို အပြင်းအထန် ဒဏ်ရာရစေရုံသာဖြစ်နိုင်ကြောင်း ချူတိလုံ ကောင်းကောင်းသိသည်။ ချူထျန်းခွေ့၏ အစွမ်းကုန်ကြိုးစားမှုများကို အချည်းနှီး ဖြစ်ခွင့်မပေးနိုင်ပေ။

သို့သော်။

ထို့နောက် ခြေသံတစ်ခု ထွက်ပေါ်လာသည်။

အေးစက်ပြီး ဒေါသထွက်နေသောအသံတစ်ခု ထွက်ပေါ်လာ၏။ "ကောင်းတယ်။ သိပ်ကောင်းတယ်။"

"မင်းတို့ကောင်တွေ သတ္တိရှိသားပဲ။"

ချူတိလုံ၏ ပေါက်ကွဲထွက်မည့်အရှိန်အဟုန်က ရုတ်တရက် ရပ်တန့်သွားလေသည်။ သူ၏ မျက်လုံးက အရှေ့သို့ ဗလာကျင်းစွာ စူးစိုက်ကြည့်နေပြီး လည်ချောင်းမှ ဂလုဂလု မြည်သံတစ်ခု ထွက်ပေါ်လာသည်။ သူ ထိတ်လန့်သွားပြီး လက်များတုန်ရီနေကာ တတတီးတိုးရေရွတ်လိုက်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်က သူ့ကိုယ်သူစတေးတာတောင်မှ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာမရစေနိုင်ဘူးလား။။"

ပေါက်ကွဲမှု၏ဗဟိုချက်တွင်။

ကျိဝူရွှမ်သည် အပေါ်ပိုင်း ဗလာကျင်းနေပြီး ခန္ဓာကိုယ်က ကြယ်ရောင်များဖြင့် လင်းလက်နေသည်။ သူ၏အသားများ စုတ်ပြဲနေပြီး အရိုးများနှင့် အရွတ်များကို ပေါ်လွင်နေစေကာ သူ၏နှလုံးတွင်ပင် အပေါက်တစ်ပေါက် ရှိနေပြီး ထိုအပေါက်မှတစ်ဆင့် ရွှေရောင်နှလုံးတစ်ခုက အားကောင်းစွာ ခုန်နေလေသည်။

သို့သော်လည်း ဤဒဏ်ရာများက မျက်တောင်တစ်ခတ်အတွင်း ပြန်လည်ကောင်းမွန်သွားလေသည်။

တိုက်ပွဲကိုစောင့်ကြည့်နေသော မိသားစု(၄)ခုမှ အဆင့်မြင့်အရာရှိများအားလုံး အံ့အားသင့်သွားသည်။ သူတို့ထဲမှအချို့မှာ ယုံကြည်နိုင်ခြင်းမရှိဘဲ မျက်လုံးများကို အဆက်မပြတ်ပွတ်သပ်နေကြကာ သူတို့၏မေးရိုးများ ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။

"ဒါက လူရော ဟုတ်ရဲ့လား။" လီရှစ်၏ နှုတ်ခမ်းများ ဖြူရော်သွားလေသည်။

အကယ်၍ မိသားစုခေါင်းဆောင် (၄)ဦးစလုံး လှုပ်ရှားပါက ကျိဝူရွှမ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ ခုနက တွေးနေမိသည်။

သို့သော် လက်တွေ့က သူ့ကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးလိုက်ပြီး နောက်ဆုံးတွင် လီရှစ်က အမှန်တရားကို သဘောပေါက်သွား၏။

ပါရမီရှင်ဆိုတာ ဘာလဲ။ သူတို့နယ်ပယ်မှာ ပြိုင်ဖက်ကင်းတဲ့သူဆိုတာ ဘာလဲ။ ခေတ်ရေစီးကြောင်းကို ဖန်တီးသူဆိုတာ ဘာလဲ။

ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ တစ်ဦး သို့မဟုတ် ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ကျိဝူရွှမ်ကို ဖိနှိပ်ရန် ပကတိခွန်အားဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုပါက သူတို့သည် အလွဣ်ဆုံး အချိန်တိုလေးအတွင်းသာ ခုခံနိုင်ပြီး ရလဒ်က ပြောင်းလဲမည် မဟုတ်ပေ။

ဒဏ္ဍာရီလာ အချိန်-နေရာလွတ် ဓားသူတော်စင်က ကျိဝူရွှမ်ကို အဆင့်တူတွင် ရင်ဆိုင်ခြင်းမပြုပါက ဖြစ်နိုင်သည်မှာ...

လီရှစ်က ရုတ်တရက် မေးလိုက်သည်။ "အချိန်-နေရာလွတ် ဓားသူတော်စင်က သူ့ကို တကယ်ပဲ အနိုင်ယူနိုင်ပါ့မလား။"

လီမိသားစု၏ အဆင့်မြင့်အရာရှိများ တိတ်ဆိတ်သွားကြသည်။

သူတို့၏အမြင်တွင် ကျိဝူရွှမ်သည် ငယ်ရွယ်စဉ်က ပထမဆုံးလူသားဧကရာဇ် နှင့် ယှဉ်နိုင်သော ဒဏ္ဍာရီတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ အချိန်-နေရာလွတ် ဓားသူတော်စင်သည် ကျိဝူရွှမ်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးတစ်ကောင် ဖြစ်နေပါက ၎င်းသည် မည်သို့သော နယ်ပယ်မျိုး ဖြစ်မည်ကို စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

လီတိုင်ယွမ်သည် တစ်ခဏမျှ တွေးဝေသွားပြီး သူ့ဘာသာ တတီးတိုးရေရွတ်လိုက်သည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်က ကျိဝူရွှမ်ကို ရင်ဆိုင်ရမှာ ကြောက်နေလို့ ငါ့ရဲ့ခေါ်ဆိုမှုကို မတုံ့ပြန်ချင်တာများလား။"

...

...

"ဘိုးဘေး။"

နက်ရှိုင်းသောတွင်းကြီးထဲတွင် ချူရှီရန်၏မျက်လုံးများသည် သွေးရဲနေပြီး ချူထျန်းခွေ့ကိုယ်တိုင် ပေါက်ကွဲသွားသည်ကို ကြည့်နေကာ ချူတိလုံသည် သူ၏အသားနှင့်သွေးများ စုတ်ပြဲသွားသည်အထိ ရိုက်နှက်ခံရပြီး သူ၏ဝိညာဉ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေသည်။

ထို့အပြင်။

ချူတိလုံကို အတုခိုးပြီး သူနှင့်အတူ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်းမှ ကာကွယ်ရန် ကျိဝူရွှမ်သည် [အကျဉ်းချခြင်း] စွမ်းအားဖြင့် သူ့ကို ချိတ်ပိတ်ရန် [ကောင်းကင်ဘုံတာအိုနိယာမများ] ကို အသုံးပြုရန် မတွန့်ဆုတ်ခဲ့ပေ။

ချူတိလုံက သူ့ကိုယ်သူ ကာကွယ်ရန် ရုန်းကန်ခဲ့သော်လည်း ကျိဝူရွှမ်၏ ဒေါသကို သူ မည်ကဲ့သို့ ခံနိုင်ရည် ရှိနိုင်မည်နည်း။

ဇွတ်။

သူ၏လက်မောင်းများ ပြတ်ထွက်သွားပြီး ဒူးများ ကျိုးသွားလေသည်။

ဘုန်း။

ချူတိလုံသည် မြေကြီးပေါ်တွင် ဒူးထောက်ကျသွားပြီး အသက်ကို မနည်းတွယ်ကပ်ထားရကာ သူ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များက သူ၏မျက်လုံးများကို ဖုံးကွယ်ထားလေသည်။ သွေးများစွန်းထင်းနေသော ဆံပင်အမျှင်လေးများမှတစ်ဆင့် သူသည် ရှေ့မှလူငယ်လေးကို ကြည့်လိုက်ကာ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွန့်ကွေးသွားလေသည်။

"ဧကရာဇ်က ကုသိုလ်ကောင်းမှုနဲ့ လူထုရဲ့ထောက်ခံမှုကနေတစ်ဆင့် ထီးနန်းတက်ခဲ့တာ။ မင်းကတော့ လီမိသားစုကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး ချူမိသားစုကို ဖျက်ဆီးပစ်ခဲ့တယ်။ မင်း ကောင်းကင်ပြည်နယ်ကို အောင်မြင်စွာ ပေါင်းစည်းနိုင်ရင်တောင်မှ အနှေးနဲ့အမြန်ပဲ မင်းက ပုရွက်ဆိတ်တွေရဲ့ ဝါးမျိုတာကိုခံရပြီး ရက်ရက်စက်စက် သေဆုံးရလိမ့်မယ်။"

"ဘာပဲဖြစ်ဖြစ်... ချူမိသားစုက လောကကြီးအတွက် အရမ်းကောင်းတဲ့ စံပြတစ်ခုကို ပြသခဲ့ပြီးပြီ..."

"ဟဲဟဲ။"

"ဆုတောင်းနေလိုက်။ မင်းက အမြဲတမ်း ပြိုင်ဖက်ကင်းနေပါစေ၊ အမြဲတမ်း လူငယ်လေး ဖြစ်နေပါစေ... အမြဲတမ်း ခွန်အားတွေ ပြည့်ဝပြီးတော့ အမြဲတမ်း မင်းရဲ့အထွတ်အထိပ်မှာ ရှိနေပါစေလို့။ မဟုတ်ရင် မင်း ပင်ပန်းတဲ့အရိပ်အယောင်လေး ပြလိုက်တာနဲ့ အဲဒါက... မင်းရဲ့ သေခြင်းတရားပဲ ဖြစ်လိမ့်မယ်။"

စကားလုံးတိုင်းက လေးလံသော တူတစ်လက်ကဲ့သို့ ကျိဝူရွှမ်၏နှလုံးသားကို ရိုက်ခတ်သွားလေသည်။

ဤစကားများသည် နှလုံးသားကို တိုက်ခိုက်ခြင်းနှင့် တူညီလေသည်။ ထို့အပြင် ချူတိလုံပြောသည့် စကားတိုင်းက အဓိပ္ပာယ်ရှိပြီး ကျိမိသားစု၏ အဆင့်မြင့်အရာရှိများက အမြဲတမ်း ဆန့်ကျင်ခဲ့သည့်အရာလည်း ဖြစ်သည်။ အချို့လူများက သူ့ကို ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း ကျိဝူရွှမ်က သူတို့ကို ချေပခဲ့သည်။

ကျိဝူရွှမ်၏လမ်းစဉ်သည် လုယက်ခြင်းလမ်းစဉ်ဖြစ်ပြီး သူ့ကို အာဏာရှင်တစ်ဦး၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ကံကြမ္မာက ဖန်တီးထားလေသည်။

"ဧကရာဇ်က လူကြိုက်များတော့ ဘာကောင်းလို့လဲ။ သူလည်း ပျောက်ကွယ်သွားတာပဲလေ။ နှစ်တစ်သောင်း ကြာပြီးတဲ့နောက် အသက်ရှင်နေသေးတဲ့ အဘိုးကြီးတချို့ကလွဲရင် သူ့ရဲ့ ကောင်းမှုတွေကို ဘယ်သူက မှတ်မိတော့မှာလဲ။"

"ငါ့ကိုယ်ငါပဲ ယုံကြည်တယ်။ ငါက ပြိုင်ဖက်ကင်းနေပြီး တကယ့်ကို အန္တိမနယ်ပယ်ကို ရောက်နေသရွေ့ အနှေးနဲ့အမြန် ပထမဆုံးလူသားဧကရာဇ်ကို ကျော်လွန်သွားမှာပဲ။"

"အာဏာရှင် တစ်ယောက်က ကမ္ဘာကြီးကို အင်အားနဲ့အောင်နိုင်တော့ ဘာမှားလို့လဲ။" ကျိဝူရွှမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။

ချူတိလုံက အရှုံးမပေးသေးဘဲ သူ၏တာအိုနှလုံးသားကို ဖောက်ထွင်းရန် ကြိုးစားနေဆဲ ဖြစ်သည်ကို မြင်သောအခါ။

ကျိဝူရွှမ်သည် သူ့ကို နောက်ထပ်အခွင့်အရေး မပေးတော့ပေ။ သူက ချူတိလုံ၏လည်ပင်းကို ဆွဲကိုင်ကာ တွင်းစွန်းသို့လျှောက်သွားပြီး ချူရှီရန်၏ရှေ့တွင် သူ၏ခေါင်းကို ဆွဲကိုင်ကာ ဆွဲဖြုတ်ပစ်လိုက်လေသည်။

"ဘိုးဘေး။"

ချူရှီရန်၏မျက်လုံးများ သွေးရဲနေပြီး အက်ကွဲသောအသံဖြင့် ဟိန်းဟောက်လိုက်သည်။

တစ်ခဏချင်းမှာပင် ဒေါသနှင့်မုန်းတီးမှုများက သူ့ကို ဝါးမျိုသွားပြီး အဆုံးမရှိသောဒေါသက သူ၏အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်သည်။ ချူရှီရန်သည် လက်တစ်ဖက်ကို သူ၏ ရင်ဘတ်ထဲသို့ ထိုးသွင်းကာ သူ၏နှလုံးကို ဆုပ်ကိုင်လိုက်၏။

သို့သော်လည်း။

သေစေနိုင်သောအားနည်းချက်မှ ပြန်လည်မသက်သာသေးသောကြောင့် ချူရှီရန သည် ဤအကွက်ကို ပြန်လည်အသုံးမပြုခင် အားဖြည့်ရန် အချိန်အကြာကြီး လိုအပ်လေသည်။ လွန်ခဲ့သော လဝက်ခန့်ကမှ သူသည် ၎င်းကို တစ်ကြိမ် အသုံးပြုခဲ့သည်။

"မဟုတ်ဘူး..."

"ကျိဝူရွှမ်၊ မင်း သေရမယ်။။"

ချူရှီရန်က အံကြိတ်ကာ၊ မတ်တတ်ရပ်ရန် ခွန်အားအကုန်ကို အသုံးပြုလိုက်ပြီး နဂါးသွေးကျောက်စိမ်း ဆွဲကြိုးတစ်ခုကို ထုတ်ယူကာ သူ၏နှလုံးသွေးများကို ၎င်းအပေါ်သို့ လောင်းချလိုက်ပြီးနောက် ဆွဲကြိုးကို သူ၏ မျက်ခုံးကြားတွင် တင်းကျပ်စွာ ဖိထားကာ ပြောလိုက်သည်။

"ရန်သူတွေကို ဖယ်ရှားပြီးတော့ မကောင်းမှုကို နှိမ်နင်းဖို့ ဘိုးဘေးရဲ့ ထာဝရဝိညာဉ်က မထိုက်တန်တဲ့ မျိုးဆက်တွေကို ကူညီပေးပါ။"

ဝီး။

မမြင်ရသော လှိုင်းဂယက်များက အပြင်ဘက်သို့ ပြန့်ထွက်သွားပြီး ချူမိသားစု၏ ဘိုးဘွားပိုင် ဇာတိမြေသို့ ရောက်ရှိသွားလေသည်။

ချူမိသားစု အမွှေးတိုင်ခန်းမ။

ဘိုးဘွားပိုင် အိမ်ရှေ့တွင် မရေမတွက်နိုင်သော အောက်မေ့ဖွယ် ကျောက်စာတိုင်များကို ကိုးကွယ်ထားပြီး အဓိကခန်းမ၏ ထုပ်တန်းတွင် ရှေးဟောင်းခေါင်းလောင်းတစ်လုံး တွဲလွဲခိုနေလေသည်။

အညိုရောင်ရှိသော ရှေးဟောင်းခေါင်းလောင်းကြီးသည် နေရာအနှံ့ မှိုင်းညို့နေပြီး ဖုန်မှုန့်များနှင့် ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေကာ ၎င်း၏အပြင်ဘက်တွင် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ရန် လှံကိုင်ဆားသော အမျိုးသားတစ်ဦးကို ပုံဖော်ထားလေသည်။

လှံကိုင်ထားသော အမျိုးသားက လူအုပ်ကို ကျောခိုင်းထားပြီး နတ်ဘုရားများ၏ကျူးကျော်မှုကို ခုခံရန် အခြားပုံရိပ်သုံးခုနှင့် ပူးပေါင်းထားလေသည်။

သူ၏နောက်တွင် မရေမတွက်နိုင်သော အလင်းတန်းများ ရှိနေပြီး သူ၏ရှေ့တွင် အဆုံးမရှိသော ကပ်ဘေးကြီး ရှိနေလေသည်။

ထိုအမျိုးသားက သူ၏ဘေးတိုက်ပုံရိပ်ကိုသာ ပြသထားပြီး ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများသည် သူ၏နားထင်ဆီသို့ စောင်းနေကာ ဓားဖြင့်ထွင်းထုထားသကဲ့သို့ ထက်မြက်သောမျက်နှာ၊ ခမ်းနားသော အရှိန်အဝါ၊ ဖောင်းကြွနေသောကြွက်သားများ၊ လှံရှည်ကိုဆုပ်ကိုင်ထားသော လက်မောင်းများက နတ်ဘုရား တစ်ပါးကို မြေကြီးပေါ်တွင် စိုက်ထားပြီး ခြေထောက်များသည် အခြားနတ်ဘုရားများ၏ အလောင်းများကို နင်းခြေထားလေသည်။

လှိုင်းဂယက်များက ရှေးဟောင်းခေါင်းလောင်းနှင့် တိုက်မိသောအခါ နှလုံးသားရှိသော်လည်း ဝိညာဉ် မရှိသော ခေါင်းလောင်းသည် အဝေးမှလာသော ရှေးဟောင်းအသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ဟားဟား...

ရုတ်တရက်။

ရှေးဟောင်းခေါင်းလောင်းကြီးက အနီရင့်ရောင်သို့ ပြောင်းလဲသွားပြီး အသံမှာ ပိုမိုကျယ်လောင်လာကာ နယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး ကောင်းကင်ကိုရိုက်ခတ်သော အဆုံးမရှိသည့် လှိုင်းလုံးကြီးများကိုပင် ဖြစ်ပေါ်စေလေသည်။ ကောင်းကင်နှင့်မြေကြီးတွင် ထူးဆန်းသောဖြစ်ရပ်များ ပေါ်လာပြီး၊ ထူးဆန်းသော အဖြစ်အပျက် အမျိုးမျိုး မကြာခဏ ဖြစ်ပွားလာလေသည်။

ခေါင်းလောင်းပေါ်တွင် ပုံဖော်ထားသော လှံကိုင်အမျိုးသားသည် ဘေးတိုက်ပုံရိပ်တွင် ပို၍ပြင်းထန်ပြီး စူးရှသောအကြည့်တစ်ခု ရှိနေလေသည်။

ဉာဏ်အလင်းစစ်နတ်ဘုရားက ကိုယ်ထင်ပြနေလေပြီ။

ကမ္ဘာအနှံ့ ပြန့်ကျဲနေသော ထာဝရဝိညာဉ်များက ပြည်သူများ၏ခေါ်ဆိုမှုကို တုံ့ပြန်နေကြသည်။

[သတ်]

[မျိုးနွယ်စုအားလုံး တိုက်ခိုက်နေကြတယ်၊။ နတ်ဘုရားတွေက ယုတ်မာတယ်။ ကောင်းကင်ကတောင် တရားမမျှတဘူး။ လူသားတွေ ဘယ်တော့များမှ ပြန်လည်ထကြွလာမလဲ။ ခွန်အားကိုသုံးပြီးတော့ ဆူးခက်တွေကို ခုတ်ထွင်ဖို့၊ လှံတွေကိုသုံးပြီး ရှေ့ကိုသွားမယ့် လမ်းကြောင်းကို ဖောက်ဖို့ပဲ ရှိတယ်။ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ဖန်တီးဖို့ ငါတို့ကိုယ်ငါတို့ စတေးကြစို့။ အဲဒီအတွက် ငါတို့ သေပေးမယ်။]

[လောကကြီးက တရားမမျှတဘူးဆိုရင် ကောင်းကင်နဲ့မြေကြီးကို ဖြတ်ပြီးတော့ လမ်းကြောင်းကို ဖောက်ထွက်လိုက်။ အရှင်သခင်နဲ့ အုပ်ချုပ်သူ ဖြစ်လာစေရမယ်။ လူသားမျိုးနွယ်နဲ့သာ သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို တည်ထောင်ရမယ်]

[သွားသေလိုက် ကောင်းကင်တာအို။ မင်းက လူသားတွေကို ဖိနှိပ်ရဲတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် မင်းကို ငါ သတ်ပစ်မယ်]

ရှေးခေတ်မှ ပဲ့တင်ထပ်နေသော ထက်မြက်ပြီးသတ်ဖြတ်လိုသော အသံများက ကောင်းကင်ပြည်နယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

ထိုအသံများကိုကြားရုံနှင့်တင် ရှေးခေတ်ကိုပြန်ရောက်သွားပြီး ထိုအချိန်က လူသားများ၏ အားနည်းမှုနှင့် စိတ်ဆင်းရဲစရာများကို မျက်မြင်တွေ့ရသလိုပင်။

သူတို့က မျိုးနွယ်စုအားလုံး၏ လူ့အခွင့်အရေးရုပ်သိမ်းခြင်းခံခဲ့ရပြီး အုပ်စုလိုက် မွေးမြူခံရကာ ဝက်များနှင့် ခွေးများကဲ့သို့ အစာကျွေးခံခဲ့ရသည်။

ယုံကြည်ကိုးကွယ်မှုရရှိရန်နှင့် ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံးများအဖြစ် အသုံးပြုရန် နတ်ဘုရားများက သူတို့ကို အသုံးချခဲ့ကြသည်။ အကြောင်းမှာ ကိုးကွယ်မှုနှင့် ယုံကြည်ခြင်း၏ အရင်းအမြစ်သည် ဉာဏ်ရည်မြင့်မားသောသတ္တဝါများထံမှ လာရမည်ဖြစ်သောကြောင့်ပင်။

ကောင်းကင်တာအိုက ကရုဏာကင်းမဲ့ပြီး ဘိုးဘေးများ၏ ခေါ်ဆိုမှုနှင့် တောင်းပန်မှုများကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ။

၎င်းက မှောင်မိုက်ပြီး သွေးထွက်သံယိုများသော ခေတ်တစ်ခု ဖြစ်ခဲ့သည်။ လူသားဧကရာဇ်နှင့် ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်(၄)ခုတို့က မျိုးနွယ်စုအားလုံးကို သတ်ဖြတ်ပြီး နတ်ဘုရားခေတ်ကို အဆုံးသတ် လိုက်ပြီးမှသာ လူသားမျိုးနွယ်က ရွှေခေတ်ကို ရရှိခဲ့ကြသည်။

"ဘိုးဘေးတုန်းမင်ရဲ့ ထာဝရဝိညာဉ်။။" ကျိမိသားစု၏ အဆင့်မြင့်အရာရှိများ အားလုံးက ထိတ်လန့်သွားကြသည်။

တိတ်ဆိတ်စွာ တိုက်ပွဲကိုစောင့်ကြည့်နေသော လီ၊ လင်းနှင့် လုံမိသားစုများ အားလုံး ထိတ်လန့်၍ သွားကြသည်။

"ဒါက ချူမိသားစုရဲ့ အခြေခံအုတ်မြစ်လား။ သူတို့က တိုက်ပွဲမှာပါဝင်ဖို့ ဘိုးဘွားဝိညာဉ်ကိုတောင် ခေါ်ယူနိုင်တာပဲ။ မယုံနိုင်စရာပဲ။" လင်းမိသားစုခေါင်းဆောင်၏ အမူအရာက လေးနက်နေလေသည်။

အခြားတစ်ဖက်တွင်။

နဂါးခေါင်းတုတ်ကောက်ကို အားပြုထားသော လုံမိသားစု၏ အမျိုးသမီးအကြီးအကဲသည် လုံညီအစ်မများ၏ စကားပြောသံကို ရုတ်တရက် ကြားလိုက်ရပြီး မေးလိုက်သည်။

"လီမိသားစုက သူတို့ဘိုးဘေးရဲ့ အဓိကတာအိုနိယာမတွေကို ပိုင်ဆိုင်ထားတယ်လို့ သံသယရှိတယ်။ ပြီးတော့ ချူမိသားစုက သူတို့ရဲ့ ဘိုးဘေးတုန်းမင်ရဲ့ ထာဝရနတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်။ မိခင်ကြီး... ကျွန်မတို့ လုံမိသားစုမှာကော ဘယ်လိုအခြေခံအုတ်မြစ်မျိုးရှိလဲ။"

လုံမိသားစု၏ အမျိုးသမီး အကြီးအကဲက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ၏ အိုမင်းသော မျက်နှာသည် ဖြူရော်သွားကာ၊ ထို့နောက် နီရဲသွားပြီးနောက် တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ "အဲဒါက ဓားတစ်လက်သက်သက်ပါ။ ပြီးတော့ အဲဒါက ကျိုးနေပြီ။ ဝိညာဉ်အနှစ်သာရလည်း ဆုံးရှုံးသွားပြီ။"

ညီအစ်မနှစ်ဦး မှင်တက်သွား၏။

လုံမိသားစု၏ အဆင့်မြင့်အရာရှိများ တိတ်ဆိတ်နေသော်လည်း သူတို့၏မျက်နှာပေါ်ရှိ မနာလိုသော အမူအရာများကို မဖုံးကွယ်နိုင်ခဲ့ပေ။

သူတို့အားလုံးက ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်(၄)ခုထဲက မိသားစုတွေပဲလေ။ ဒါဆိုရင် ဘာလို့ ဒီလောက်တောင် ကွာခြားချက် ကြီးမားနေရတာလဲ။

"ကောင်းကင်စောင့်ကြည့်သူက သတိပေးစာ ပို့လိုက်တာနဲ့ ဘာလို့ ဒီလောက်တောင် အညံ့ခံချင်နေရလဲ ဆိုတာက အံ့ဩစရာ မဟုတ်တော့ဘူး။ ငါတို့ လုံမိသားစုက အရမ်းအားနည်းနေတာကိုး။" ညီအစ်မများမှာ အတော်လေး စိတ်ပျက်သွားကြလေသည်။

...

...

ရှေးဟောင်း ခေါင်းလောင်းပေါ်ရှိ လှံကိုင်ထားသော အမျိုးသားက သူ့ကိုယ်သူ ခွာထုတ်လိုက်ပြီး သူ၏ခြေအောက်တွင် လှေကားတစ်ခု ပေါ်လာလေသည်။ သူက ခေါ်ဆိုမှုကို တုံ့ပြန်လိုက်ပြီး ချူရှီရန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ သူ၏ မျက်ခုံးကြားသို့ ဝင်ရောက်သွားပြီး ချူရှီရန်၏ ဝိညာဉ်နှင့် တစ်သားတည်း ဖြစ်သွားလေသည်။

[အကယ်၍ လောကကြီးက ကပ်ဘေးတစ်ခု ကြုံတွေ့ရပြီးတော့ နတ်ဘုရားတွေ အင်အားအပြည့်နဲ့ ပြန်လာခဲ့ရင် ချူမိသားစုရဲ့မျိုးဆက်တွေဟာ လူသားမျိုးနွယ်ရဲ့ကံကြမ္မာကို ထိန်းသိမ်းဖို့ သေဖို့မတွန့်ဆုတ်ရဘူး။ ဒီထာဝရနတ်ဘုရားဝိညာဉ် တစ်မျှင်က နောက်ဆုံးဝှက်ဖဲ ဖြစ်လိမ့်မယ်]

တုန်းမင်ဘိုးဘေး၏ အသံက ရှေးခေတ်ကာလမှ ထွက်ပေါ်လာလေသည်။

ချူရှီရန်၏ စိတ်နေသဘောထားနှင့် ခမ်းနားသောအရှိန်အဝါတို့က ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်း၍ နေသော်လည်း သူ၏မျက်လုံးများမှာ အနည်းငယ် မှေးမှိန်နေသည်။ "ဘိုးဘေး... မထိုက်တန်တဲ့မျိုးဆက်က ဘိုးဘေးရဲ့ဆန္ဒကို ဖီဆန်ခဲ့ပါတယ်။"

"ဒါပေမဲ့ ချူမိသားစု မကျဆင်းဖို့ ဒါမှမဟုတ် မပြိုကျဖို့သေချာအောင် လောကကြီးအတွက် ဘိုးဘေးချန်ထားခဲ့တဲ့ ဝှက်ဖဲကို သုံးရပါလိမ့်မယ်။"

မှန်ပေသည်။

ဉာဏ်အလင်းစစ်နတ်ဘုရား ချန်ထားခဲ့သော ထာဝရနတ်ဘုရားဝိညာဉ်တစ်မျှင်သည် ချူမိသားစု၏ မျိုးဆက်များအတွက် မဟုတ်ပေ။

၎င်းက လူသားမျိုးနွယ်အတွက် သက်ရှိသတ္တဝါ အားလုံးအတွက်ပင်။

ချူမိသားစုသည် အသုံးပြုခွင့်သာရှိပြီး ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ယနေ့တွင် ချူမိသားစု၏မျိုးဆက် ဆက်လက်တည်ရှိနေစေရန်အတွက် သူတို့သည် ဘိုးဘေးဆန္ဒကို ဖီဆန်ခဲ့ကြပြီး ၎င်းမှာ သစ္စာဖောက်ခြင်းနှင့် တူညီလေသည်။ ထို့ကြောင့် ချူရှီရန်က ရှက်ရွံ့မှုကို ခံစားခဲ့ရသည်။

ဝုန်း။

ထာဝရနတ်ဘုရားဝိညာဉ်က သူနှင့် လုံးဝတစ်သားတည်း ဖြစ်သွားသောအခါ။

ချူရှီရန် မျက်လုံးများကို မှိတ်လိုက်ပြီး ဒဏ်ရာများသည် ချက်ချင်း ပြန်လည်ကောင်းမွန်သွားကာ ကောင်းကင်ထောက်တိုင်နယ်ပယ် အစောပိုင်းမှနေ၍ အဆက်မပြတ် တက်လှ်းလာခဲ့သည်...

ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်အဆင့်...

ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းအဆင့်။

"အဆင့်နှစ်ဆင့်လောက် ကျော်ဖြတ်သွားတာက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါက နှစ်(၃၀၀)အတွင်း ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်ရင်တောင် ငါ့ရဲ့ ကျင့်ကြံခြင်းပါရမီက လက်ခံနိုင်သေးတယ်လို့ ဆိုလိုတာပဲ။ ဒါပေမဲ့ ငါ့သွေးမျိုးဆက်ပြင်းအားကတော့ နှစ်တစ်သောင်းကြာ အမွေဆက်ခံပြီးတဲ့နောက်မှာ ပါးလျသွားခဲ့ပြီ။"

"မိသားစုမှတ်တမ်းတွေအရဆိုရင် သွေးမျိုးဆက်ပြင်းအား လုံလောက်ပြီး ထာဝရနတ်ဘုရားဝိညာဉ်နဲ့ ပေါင်းစပ်သွားရင် အဲဒါက ကောင်းကင်နယ်ပယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုတောင် အချိန်အတိုင်းအတာ တစ်ခုအထိ ထုတ်လွှတ်နိုင်တယ်တဲ့။"

ချူရှီရန်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ကာ၊ ထို့နောက် ကျိဝူရွှမ်ကို ကြည့်ရန် မျက်လုံးများကိုပင့်လိုက်ပြီး ပြောလိုက်သည်-

"ဒါပေမဲ့ အရမ်းကြီး မပျော်နေနဲ့ဦး။"

"နောက်တစ်ဆင့်အနေနဲ့ မင်းက ဘိုးဘေးတုန်းမင်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ထာဝရနတ်ဘုရားဝိညာဉ်ရဲ့ အကြီးမားဆုံးလုပ်ဆောင်ချက်က နယ်ပယ်ကို မြှင့်တင်ဖို့ မဟုတ်ဘဲနဲ့ ရန်သူတွေကို ကာကွယ်ဖို့ ဘိုးဘေးကို ခန္ဓာကိုယ်ထဲ ဝင်ပူးခိုင်းပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေးအလေ့အထအတိုင်း ဒီခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ပေးဖို့ပဲ။"

ထိုစကားကို ကြားသောအခါ ကျိဝူရွှမ်က အစပိုင်းတွင် မှင်တက်သွားပြီး၊ ထို့နောက် သူ၏အမူအရာသည် မှုန်မှိုင်းသွားလေသည်။

တုန်းမင်ရဲ့ တည်ထောင်သူနဲ့ တိုက်ရမယ်။

ဉာဏ်အလင်းစစ်နတ်ဘုရားသည် လူသားဧကရာဇ်လက်အောက်တွင် နံပါတ်တစ် တိုက်ခိုက်ရေး စွမ်းအား ဖြစ်ကြောင်း ကောင်းကင်ပြည်နယ်ရှိ လူတိုင်းသိသည်။ သူက ပထမဆုံးလူသားဧကရာဇ်၏ အစပိုင်းကတည်းက နောက်သို့လိုက်ခဲ့ပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ အသာမန်ဆုံး သာမန်လူ တစ်ယောက်မှသည် ကောင်းကင်နယ်ပယ်၏ အထွတ်အထိပ်အထိ၊ သူသည် အမြဲတမ်း သေခြင်းရှင်ခြင်းကြား အစွန်းတွင် ရှိနေခဲ့ပြီး ပိုမိုအစွမ်းထက်သော ရန်သူများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။

ဉာဏ်အလင်းစစ်နတ်ဘုရားနှင့်ပတ်သက်၍ ကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ သူ၏နယ်ပယ်၊ တာအိုနိယာမများ၊ သို့မဟုတ် ပါရမီမဟုတ်ဘဲ သူ၏ တိုက်ခိုက်ရေးအတွေ့အကြုံပင်။

ပထမဆုံးလူသားဧကရာဇ်ပင်လျှင် ဉာဏ်အလင်းစစ်နတ်ဘုရား၏ အရှေ့တွင် နိမ့်ကျသော ကျောင်းသား တစ်ဦး ဖြစ်ခဲ့ရသည်။

တိုက်ခိုက်ရေးအတွေ့အကြုံနှင့် ပတ်သက်လျှင် ဉာဏ်အလင်းစစ်နတ်ဘုရားက သီးခြားအဆင့်အတန်း တစ်ခုတွင် ရှိနေလေသည်။

"ကျိဝူရွှမ်... မင်း နာကျင်ရမယ့် အချိန်ရောက်ပြီ။"

ချူရှီရန်က ခြိမ်းခြောက်ပြီး သွေးဆာနေသည့်ဟန်ဖြင့် ပြုံးဖြီးဖြီး လုပ်လိုက်သည်။

ကျိဝူရွှမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပုံမှန်မဟုတ်ဘဲ လေးနက်နေကာ အနည်းငယ် စိုးရိမ်တကြီးဖြင့် ပပြောလိုက်သည်။

"လာစမ်းပါ။"

"အချိန်ကိုက်ပဲ။ ရှေးဟောင်း ဧကရာဇ်နန်းတော်ရဲ့ မဏ္ဍိုင်(၄)ခုဆိုတာက တကယ်တမ်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါလည်း ကြည့်ချင်တယ်။"

...

ဒရာမာဇာတ်လမ်းကို တိတ်တဆိတ် စောင့်ကြည့်နေသော မုန့်ချင်ကျိုးသည် သူကိုင်ထားသော ဖရဲသီးကို ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး အံ့အားသင့်စွာဖြင့် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ဘိုးဘေးကို တိုက်ခိုက်ခိုင်းနေတာပဲ...

ချီးပဲ။ အဲဒီလိုမျိုး လုပ်လို့ရတယ်လား။

ဒါက ညစ်တာ မဟုတ်ဘူးလား။

...

All Chapters