← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း(၂၁၇) လုပ်ငန်းစွမ်းဆောင်ရည် သတ်မှတ်ချက်ရဲ့ ခြောက်လှန့်မှုကို မြည်းစမ်းကြည့်လိုက်စမ်း

ကျိုးရှင်းယွမ်၏ သတိပေးချက်သည် ရေခဲရေတစ်ပုံးကို ဘဏ္ဍာတိုက်အတွင်းရှိ ပြေလျော့သွားခါစ လေထုပေါ်သို့ လောင်းချလိုက်သကဲ့သို့ပင်။

" အထက်လောကရဲ့ ကိုယ်ပွားဟုတ်လား ...အိမ်ရှေ့စံက ကွန်တိန်နာဖြစ်နေခဲ့တာလား"

စူးဝမ်ချင်း၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ပူထူသွားပြီး၊ သူမသည် အလိုအလျောက် ရှောင်ရှန်း၏ ရှေ့တွင် ရပ်ကာ ကာကွယ်ပေးလိုက်သည်။

သူမသည် ဆေးဘုရင်တောင်ကြား၏ မှတ်တမ်းများထဲတွင် မှတ်တမ်းတင်ထားသော တားမြစ်ပညာရပ်များကို မြင်တွေ့ဖူးသဖြင့် “ဝိညာဉ်လုယူခြင်း” နှင့် “ဆင်းသက်ခြင်း” တို့သည် မည်မျှအထိ ယုတ်မာပြီး ကြောက်စရာကောင်းသည်ကို သိရှိထားသည်။

တစ်ဖက်လူသည် ဤကဲ့သို့ အကွက်ချစီစဉ်ပြီး နဂါးသွေးကြောကို ပူဇော်သက္ကာအဖြစ် အသုံးပြုကာ တည်ဆောက်နေသည့် “အထက်လောက၏ ကိုယ်ပွား" ဟူသည်မှာ သူမ တွေးထားသည်ထက် ကျော်လွန်သော တည်ရှိမှုမျိုး ဖြစ်ရပေမည်။

ထို့အပြင် သာရှမင်းဆက်၏ အိမ်ရှေ့စံမင်းသား ရှောင်ရှန်းသည် ထိုပူဇော်သက္ကာ၏ အဓိကအကျဆုံး “ပန်းကန်ပြား” ဖြစ်နေခြင်းပင်။

ရှောင်ရှန်းလည်း ကြောင်အမ်းသွားသည်။ သူ ကြောင်အမ်းသွားရသည့် အကြောင်းရင်းမှာ ကြားရုံနှင့်ပင် ကြက်သီးမွှေးထစေသည့် “အထက်လောက၏ ကိုယ်ပွား” ဆိုသည့် စကားလုံးကြောင့် မဟုတ်ဘဲ “ ကွန်တိန်နာ" ဆိုသည့် စကားလုံးနှစ်လုံးကြောင့် ဖြစ်သည်။

' သူ့ဘဝရဲ့ ဆောင်ပုဒ်က ဘာလဲ ၊ အိပ်လိုက် စားလိုက် ... လွတ်လပ်ဖို့နဲ့ ကိုယ့်ဘဝမှာ ကိုယ်သာလျှင် အရှင်သခင်ဖြစ်ဖို့လေ'

' ဒီရဲ့ ခန္ဓာကိုယ်ကြီး ဆိုတာကလည်း ကိုယ်အိပ်ချင်တဲ့အချိန် အိပ်မှာပေါ့ .. အခု တစ်စုံတစ်ယောက်က သူ 'အိပ်လိုက်စားလိုက်အနားယူလိုက်'လုပ်ဖို့ အမြတ်တနိုး ထိန်းသိမ်းထားတဲ့ ခန္ဓာကိုယ်ကြီးကို တခြားလူက အိမ်အဖြစ် လာနေတော့မယ်လို့ ပြောနေတာလား'

' ဒါ သူ့အသက်ကို တောင်းတာထက် ပိုပြီး ခံရခက်တယ် ...ဒါ သူ့ရဲ့ ဇိမ်ခံလုပ်ငန်းကြီးအပေါ် ပြတ်ပြတ်သားသားနဲ့ စိန်ခေါ်လိုက်တာပဲ'

ယခင်က မရှိဖူးသော ဒေါသအဟုန်သည် သူ၏ ပျင်းရိသော အရိုးထဲမှနေ၍ တဟုန်ထိုး ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် ၊ ဘဏ္ဍာတိုက်၏ အပြင်ဘက်မှ ပြေးဝင်လာသော ခြေသံများနှင့် ထောင်လွှားသော အော်ဟစ်သံကို ကြားလိုက်ရသည်။

“ဂိုဏ်းချုပ်ရဲ့ အမိန့်...ဘဏ္ဍာတိုက်ကို ပိတ်ဆို့လိုက်စမ်း၊ ယင်ကောင်တစ်ကောင်တောင် အပြင်ကို ပေးမထွက်စေနဲ့"

“ဒုန်း"

သံနက်ဖြင့် သွန်းလုပ်ထားပြီး စောစောကတင် ရှောင်ရှန်းတစ်ယောက် တံဆိပ်ပြားဖြင့် အလွယ်တကူ ဖွင့်လှစ်ခဲ့သော တံခါးကြီးသည် အပြင်ဘက်မှ ပြင်းထန်သော အားတစ်ခုဖြင့် ဆောင့်ပိတ်ခံလိုက်ရသည်။ ၎င်း၏ စက်ယန္တရား သော့ကျသွားသံသည် လူကို မျှော်လင့်ချက်မဲ့စေသည်။

ထို့နောက် ချက်ချင်းပင် ဘဏ္ဍာတိုက်အတွင်းရှိ ဟင်းလင်းပြင်သည် အခိုက်အတန့်မျှ ရွဲ့စောင်းသွားပြီး၊ အေးစက်သော အရှိန်အဝါများရှိသည့် ပုံရိပ်အချို့ ထွက်လာကြသည်။

ခေါင်းဆောင်ဖြစ်သူသည် အမည်းရောင် ကင်းမြီးကောက်ပုံစံ ပန်းထိုးထားသော တန်ဖိုးကြီး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာသည် ရက်စက်တတ်ပုံရကာ ဆိုးယုတ်သော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

ထိုသူမှာ အဆိပ်တစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ် —— ရှင်းဝမ်လီ ပင် ဖြစ်သည်။

သူ့နောက်တွင် အားကောင်းသော အရှိန်အဝါများ ရှိသည့် အကြီးအကဲအချို့ လိုက်ပါလာကြသည်။

ရှင်းဝမ်လီသည် ကွင်းပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ ပထမဆုံးအဖြစ် မြေပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေသော ကျိုးရှင်းယွမ်ပေါ်သို့ ကျရောက်သွားပြီး သရော်လှောင်ပြောင်သော အပြုံးတစ်ခု လှစ်ဟသွား၏။

“အို... ဒါ ဆေးဘုရင်တောင်ကြားက ဂျူနီယာညီလေး ကျိုး မဟုတ်ဘူးလား ၊ အနှစ်နှစ်ဆယ်လောက် မတွေ့ရတာ ဘာလို့ အချဉ်သိပ်ခံထားရတဲ့ ရုပ်ပေါက်နေရတာလဲ"

ထို့နောက် ချက်ချင်းပင် သူ၏ အကြည့်က သတိကြီးစွာဖြင့် စောင့်ကြည့်နေသော စူးဝမ်ချင်းပေါ်သို့ ကျရောက်သွားပြီး သူ့နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ဆိုလေ၏။

“ဒါဆေးဘုရင်တောင်ကြားက မိန်းမလှလေးပါလား၊ ဒါကတော့ မျှော်လင့်မထားတဲ့ ပျော်ရွှင်မှုပဲ"

နောက်ဆုံးတွင်မူ သူ၏ အကြည့်သည် ရှားပါးသော ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိသွားသည့်အလား တက်မက်မှု နှင့် ပြင်းပြမှုတို့ ပြည့်နှက်နေသော အကြည့်များဖြင့် ရှောင်ရှန်းကို စိုက်ကြည့်လိုက်သည်။

“သံဖိနပ်ပေါက်မတတ် ရှာဖွေတုန်းက မတွေ့ဘဲ အခုတော့ ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ ရောက်လာခဲ့ပြီပဲ"

ရှင်းဝမ်လီ၏ အေးစက်သော ရယ်မောသံသည် ဘဏ္ဍာတိုက်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

“အစကတော့ နည်းနည်း လက်ဝင်ဦးမယ် ထင်ထားတာ... အိမ်ရှေ့စံမင်းသားကိုယ်တိုင် တံခါးဝအထိ ရောက်လာမယ်လို့ ထင်မထားဘူး ၊ ငါတို့အတွက် ဒုက္ခအများကြီး သက်သာသွားတာပေါ့"

" လာစမ်း ၊ လိမ္မာပါးနပ်စွာနဲ့ လက်လျှော့လိုက်ပြီး ‘အထက်နတ်ဘုရား’ ဆင်းသက်ဖို့အတွက် မြင့်မြတ်တဲ့ သန့်စင်ခန္ဓာကိုယ်အဖြစ် ခံယူလိုက်စမ်း”

သူ့နောက်က အကြီးအကဲများကလည်း ရူးသွပ်သော မျက်နှာပေးများဖြင့် ရှိနေကြသည်။ အထက်နတ်ဘုရား ဆင်းသက်လာပြီးနောက် ၊ မိမိတို့ အဆိပ်တစ်သောင်းဂိုဏ်းသည် လောကတစ်ခုလုံးကို အုပ်စိုးကာ အထက်လောကသို့ တတ်လှမ်းနိုင်တော့မည့် တောက်ပသော အနာဂတ်ကြီးကို မြင်တွေ့နေရသည့် အလား ပြုံးပျော်နေကြသည်။

ဘဏ္ဍာတိုက်တစ်ခုလုံး၏ လေထုသည် အေးခဲသွားပြီး အေးစက်သော အဆိပ်ငွေ့များနှင့် အားကောင်းသော ဖိအားများကြောင့် စူးဝမ်ချင်းသည်ပင် အသက်ရှုမွန်းကျပ်လာ၏။

သို့သော်လည်း ပန်းကန်ပြားပေါ်က ပစ်မှတ်ဖြစ်သော ရှောင်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် နားကိုသာ နှိုက်နေ၏။

သိပ်ကို ဆူညံလွန်းသည်။

ဤလူများ၏ အားအင်အပြည့် စကားပြောဆိုသံများသည် ကျယ်လောင်လွန်းလှသဖြင့် သူ၏နားစည်ကို ထုံကျင်စေသည်။

မူလက သူသည် ထို “မုန်လာချဉ်ဖတ်" ကိစ္စကို ရှင်းလင်းပြီးနောက် နောက်တစ်ဆင့်အနေဖြင့် ရေခဲကျောက်စိမ်းကုတင်ကို မည်သို့ သယ်ဆောင်ရမည်ကို တွေးနေစဉ် ၊ ယခု သူ့လမ်းကို ပိတ်ဆို့‌ထားသော လူအုပ်ကြီး တစ်ဖွဲ့ ထပ်ပေါ်လာပြန်၏။

သူသည် ပျင်းရိငြီးငွေ့စွာဖြင့် ရှင်းဝမ်လီကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ သူ့ခြေရင်းနားက အရိပ်နှင့် လုံးဝ တစ်သားတည်း ဖြစ်နေသော အိမ်မက်ဆိုး မိစ္ဆာလေးကို လက်ဖျောက်တစ်ချက် တီးလိုက်သည်။

“အိမ်မက်လေး”

သူ့အသံမှာ မကျယ်လောင်သော်လည်း ရှင်းရှင်းလင်းလင်း ကြားရသည်။

“သူတို့ကို အလုပ်တစ်ခု ပေးလိုက်စမ်း၊ ငါတို့... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိမ်မက်ထဲမှာ လေ့ကျင့်ထားတဲ့ အဲ့ဒီအလုပ်ပဲ"

"ခ်ခ်ခ်……”

အရိပ်ထဲမှနေ၍ စိတ်လှုပ်ရှား‌နေသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှင်းဝမ်လီနှင့် လူအုပ်ကြီးသည် “အိမ်မက်လေး”မှာ မည်သူဖြစ်သည် ၊ “လေ့ကျင့်ထားတဲ့ အဲ့အလုပ်” ဟူသည် မည့်သည့်အရာမှန်း သတိမပြုမိခင်မှာပင် ၊ မျက်မှောက်ရှိ မြင်ကွင်းသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

All Chapters