← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း(၂၁၈)

လှပဆန်းပြားသော ဘဏ္ဍာတိုက်၊ အေးစက်လှသော ကျောက်နံရံနှင့် စီတန်းထားသော ဆေးစင်များသည် ဒီရေအလား ဆုတ်ခွာသွားခဲ့သည်။ ၎င်းတို့နေရာတွင် အစားထိုးဝင်ရောက်လာသည်မှာ လူကို မွန်းကျပ်စေလောက်အောင် ဖိအားပေးနေသော အစိုးရရုံးတော်ကြီးတစ်ခုပင် ဖြစ်သည်။

မြင့်မားလှသော အမိုးခုံးအောက်တွင် စားပွဲခုံတန်းများ တန်းစီရှိနေပြီး ၊ အပေါ်တွင် ဝါကျစ်ကျစ် စာရွက်စာတမ်းများက တောင်လိုပုံနေ၏။

လေထုထဲတွင် ဆွေးမြည့်နေသော စာရွက်နံ့များနှင့် ခြောက်သွေ့နေသော မင်နံ့များ သင်းပျံ့နေကာ၊ “မျှော်လင့်ချက်မဲ့ခြင်း” ဟု အမည်ရသော အငွေ့အသက်တစ်ခုနှင့် ရောနှောလျက် ရှိနေသည်။

ရှင်းဝမ်လီနှင့် ဂိုဏ်းအကြီးအကဲများမှာ မိမိတို့ကိုယ်ပေါ်ရှိ တန်ဖိုးကြီးဝတ်ရုံများက ခပ်ဖျော့ဖျော့ တင်းကျပ်သည့် အဆင့်ကိုး အရာရှိငယ်လေးများ၏ ဝတ်စုံများအဖြစ် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ကြသည်။

၎င်းတို့လက်ထဲတွင် ဆုပ်ကိုင်ထားသည်မှာ အဆိပ်လူးထားသော လက်နက်များ မဟုတ်တော့ဘဲ လေးလံသော စုတ်တံတစ်ချောင်း ဖြစ်နေသည်။

ရုံးတော်၏ အနက်ရှိုင်းဆုံးနေရာ၊ မြင့်မားသော စားပွဲခုံကြီး၏ နောက်ကွယ်တွင် ရှောင်ရှန်းသည် စိတ်မရှည်သော မျက်နှာပေးဖြင့် ထိုင်နေပြီး လက်ညှိုးဖြင့် စားပွဲခုံကို တစ်ချက်ချင်း တောက်နေကာ ၊ အရည်အချင်းမရှိသော လက်အောက်ငယ်သားများကို နှိမ်ချဆက်ဆံသည့် အကြည့်များဖြင့် စိုက်ကြည့်နေ၏။

“ဘာတွေ ကြောင်တောင်တောင် လုပ်နေကြတာလဲ"

ရှောင်ရှန်း၏ အသံသည် အပေါ်စီးမှ ပျံလွင့်လာခဲ့ပြီး နားထောင်သူကို ဒေါသများ တောက်လောင်စေသည့် ခံစားချက်တစ်ခုကို သယ်ဆောင်ထားသည်။

“ဒီလအတွက် ‘လုပ်ငန်းစွမ်းဆောင်ရည်’ တွေကို အားလုံး ပြီးမြောက်ကြပြီလား၊ တောင်ပိုင်းနယ်မြေက ၃၆ ရွာကို အမြစ်ပြတ်ချေမှုန်းရမယ့် စံသတ်မှတ်ချက်...အနောက်ဘက်ဒေသက တိုင်းပြည်ကို အဆိပ်ခတ်ရမယ့် စံသတ်မှတ်ချက် ပြီးတော့ အရှေ့ပင်လယ်က တစ်ကိုယ်တော် ကျင့်ကြံသူတွေရဲ့ ‘မတော်တဆ သေဆုံးမှု’ စံသတ်မှတ်ချက်တွေကို စုစည်းထားတဲ့ စာရွက်စာတမ်းတွေ ဘယ်မှာလဲ"

ရှင်းဝမ်လီတို့အဖွဲ့ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

" လုပ်ငန်းစွမ်းဆောင်ရည်...စံသတ်မှတ်ချက်...စာရွက်စာတမ်း ၊ ဒါတွေက ဘာတွေလဲ'

သူသည် ခန္ဓာကိုယ်ထဲမှ အဆိပ်အတွင်းအားကို လည်ပတ်ရန် ကြိုးပမ်းလိုက်သော်လည်း ၊ အတွင်းအားများသည် ပင်လယ်ထဲ ကျောက်ခဲချလိုက်သကဲ့သို့ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့ရှိလိုက်ရသည်။

သူသည် ရတနာများကို ထုတ်ယူရန် ပြင်လိုက်သော်လည်း အင်္ကျီလက်စထဲမှ ခြောက်သွေ့နေသော မင်တုံးတစ်တုံးကိုသာ နှိုက်ယူနိုင်ခဲ့သည်။

“ဂိုဏ်းချုပ်... မဟုတ်ဘူး၊ အရာရှိကြီးရှင်း"

ဘေးနားက ဂိုဏ်းအကြီးအကဲတစ်ယောက်က တုန်ယင်နေသော အသံဖြင့် နံရံပေါ်တွင် ချိတ်ဆွဲထားသော သစ်သားဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။

“ကြည့်ပါဦး... ဟိုမှာ...”

ရှင်းဝမ်လီက လှည့်ကြည့်လိုက်ရာ၊ သစ်သားဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသော စာသားကြီးများကို မြင်တွေ့လိုက်ရသည်။

[သာရှမင်းဆက် ၊ အထူးကိစ္စရပ်များဦးစီးဌာန၊ လုပ်ငန်းစွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်ဇယား]

သူ့အမည်က အောက်ဆုံးတွင် ရှိနေပြီး၊ အနောက်တွင် အနီရောင် မှတ်ချက်တစ်ခု ရှိနေသည်။

“သုံးလဆက်တိုက် အောက်ဆုံး ရောက်နေသည် ၊ ဒီလမှာ တိုးတက်မှုမရှိရင် နယ်စပ်စစ်တပ်ဆီ ပို့ဆောင်ဖို့ အကြံပြုပြီး၊ စစ်သူကြီး ချင်ချန်းနောက် လိုက်ကာ တာဝန်ထမ်းဆောင်ရမည်"

ထိုအခိုက်အတန့်မှာပင် ၊ ရုံးတော်အပြင်ဘက်မှ အားအင်ပြည့်ဝသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ စစ်သူကြီး ချင်ချန်း၏ အသံနှင့် တူလှသည်။

“အထဲကလူတွေ အားလုံး သေသေချာချာ နားထောင်စမ်း ... လုပ်ငန်းစွမ်းဆောင်ရည် မပြီးမြောက်ရင် ညစာ မစားရဘူး၊ အရင်‌‌ဆုံး ကွင်းကို အပတ်ငါးဆယ် ပတ်ပြေးစမ်း"

ထို့နောက် ချက်ချင်းဆိုသလို အေးအေးဆေးဆေး ရှိသော်လည်း ၊ လွှမ်းမိုးနိုင်သော အာဏာအပြည့်ပါသည့် အသံတစ်သံ ထပ်မံ ထွက်ပေါ်လာ၏။

“ခန္ဓာကိုယ် လေ့ကျင့်ခန်း ပြီးရင် ငါကိုယ်တော်က မင်းတို့ကို "အရာရှိကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်"၊ "လူကြီးလူကောင်းတွေရဲ့ သီလခုနစ်ပါး" ၊ "အလုပ်အပေါ် တက်ကြွမှုနဲ့ ပေးဆပ်ခြင်း စိတ်ဓာတ်" ဆိုတာတွေကို သုံးနာရီကြာ ထပ်မံ သင်ကြားပြသပေးမယ် ၊ မင်းတို့ရဲ့ ပျင်းရိတဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးဖို့အတွက်ပဲ...”

ဝုန်း....

ကြောက်လန့်ခြင်း။

သေဆုံးခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့ထက် ပိုမို နက်ရှိုင်းသည့် ကြောက်လန့်မှုသည် စက္ကန့်ပိုင်းအတွင်း အဆိပ်တစ်သောင်းဂိုဏ်းဝင် မိစ္ဆာကောင်များ၏ နှလုံးသားကို ပြင်းထန်စွာ ကိုင်လှုပ်နိုင်ခဲ့သည်။

သူတို့ သေမှာကို မကြောက် ၊ နာကျင်မှာကိုလည်း မကြောက်ပေ။ သို့သော် ဤသို့ လှောင်ပိတ်ခံရမည့် ဘဝကိုတော့ ကြောက်မိသည်။

ယခုလို နေ့စဉ်ရက်ဆက်၊ အဆုံးသတ်ကို မမြင်နိုင်သည့် စာရွက်စာတမ်း အလုပ်ကိစ္စများဖြင့် ဘဝကြီးကုန်ဆုံးရမည်ကို အလွန် ကြောက်သည်။

အထက်လူကြီး၏ အထင်သေးသော အကြည့်၊ လုပ်ဖော်ကိုင်ဖက်များ၏ လုပ်ငန်းစွမ်းဆောင်ရည်အောက်တွင် ဖိနှိပ်ခံရမည့် အဖြစ်ကို ကြောက်မိသည်။

ကွင်းပတ်ပြေးရမှာကို ပို၍ပင် ကြောက်မိသည်။ ၎င်းတို့ထက် ဤအဖိုးအိုပေါက်စ၏ ရေရွတ်သံ နားထောင်ရမည့်အဖြစ်ကို ပို၍ပင် ကြောက်မိသည်။

“မြန်မြန် ၊ မြန်မြန်ရေးစမ်း"

ဂိုဏ်းအကြီးအကဲတစ်ဦးက အရင်ဆုံး စိတ်ဓာတ်ပြိုကွဲသွားခဲ့ပြီး၊ စားပွဲခုံရှေ့သို့ ပြေးဝင်ကာ စုတ်တံကို ဆုပ်ကိုင်လျက် စာရွက်စာတမ်းများပေါ်တွင် အရူးအမူး ရေးသားလေတော့သည်။ သူ၏ နှုတ်ခမ်းများကလည်း တတွတ်တွတ် ရေရွတ်နေသည် ။

“ဒီပစ်မှတ်ဆိုရင်... အရိုးပုပ်ရင်ခွဲမှုန့်ကို သုံးမယ်၊ သုံးချက်အတွင်း အသက်ပျောက်စေတယ်၊ စွမ်းဆောင်ရည် မြင့်မားတယ်... နောက်တစ်ခု...”

အလုပ်ဖိအား စတင်လာခဲ့ချေပြီ။

ရှင်းဝမ်လီမှာ မျက်မှောက်ရှိ တောင်လိုပုံနေသော စာရွက်စာတမ်းများကို ကြည့်ရင်း မိမိ၏စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။

.....

လက်တွေ့လောကထဲတွင်မူ၊ ဘဏ္ဍာတိုက်အတွင်း၌။

စူးဝမ်ချင်းနှင့် ကျိုးရှင်းယွမ်တို့သည် မျက်စိရှေ့က ဤဆန်းကြယ်သော မြင်ကွင်းကို မှင်သက်စွာဖြင့် စိုက်ကြည့်နေကြမိသည်။

ရှင်းဝမ်လီ ဦးဆောင်လာသော အဆိပ်တစ်သောင်းဂိုဏ်းမှ ထိပ်တန်းပညာရှင်များသည် အစီအရင်မိနေကြသည့်အလား နေရာမှာပင် ရပ်တန့်နေကြပြီး၊ မျက်ဝန်းများက အသက်မဲ့နေကာ အမူအရာမျိုးစုံ ဖြစ်နေကြသည်။

တစ်ခါတစ်ရံ နာကျင်လိုက်၊ တစ်ခါတစ်ရံ ခေါင်းကို ကုတ်ဖဲ့လိုက် ဖြစ်နေကြပြီး ၊ လောကတွင် ကြောက်စရာ အကောင်းဆုံး ညှင်းပန်းမှုကို ခံစားနေရသည့်အလား မှတ်ယူရသည်။

ရုတ်တရက် ဂိုဏ်းအကြီးအကဲတစ်ယောက်က လှည့်လိုက်ပြီး သူ့ဘေးနားက လုပ်ဖော်ကိုင်ဖက်ကို လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်နှက်လိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကောင်စုတ် ၊ မင်း ပြီးခဲ့တဲ့ အစီအစဉ်တုန်းက ငါ့ရဲ့ အတွေးအခေါ်ကို ခိုးယူသွားလို့ ငါ အရာရှိကြီးရဲ့ ဆဲဆိုတာကို ခံလိုက်ရတာ ....မင်းနဲ့ ငါနဲ့ အသေသတ်ကြတာပေါ့"

“စကားကို လျှောက်မပြောနဲ့ ...ဒါက မင်းတို့ အဖွဲ့ရဲ့ တိုးတက်မှု နှောင့်နှေးတာလေ"

အခြားတစ်ယောက်ကလည်း မျက်လုံးများ နီမြန်းလာကာ အဆိပ်လက်သည်းဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

“မဆူကြနဲ့တော့...အလုပ်ကို အချိန်မီ မပြီးရင် အဲ့ဒီဆရာကြီးရဲ့ တရားနာရတော့မှာကွ”

“အား——"

ရက်စက်ကြမ်းကြုတ်သော မိစ္ဆာကျင့်ကြံသူတစ်စုသည် ဖြောင့်မတ်လမ်းစဉ်က သူရဲကောင်းများ၏ နှိမ်နင်းခြင်းကို မခံရဘဲ၊ “လုပ်ငန်းစွမ်းဆောင်ရည် ဖိအား” ကြောင့် ရူးသွပ်ကုန်ကြတော့သည်။

All Chapters