← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း (၁၆၅) - ပိန်လှီသောလူ

ပိန်လှီသောလူသည် ဒေါသထွက်သွားပြီး လင်းဖန်ထံသို့ ကြာပွတ်ဖြင့် ရိုက်ခတ်လိုက်လေသည်။

လင်းဖန်၏ စိတ်အာရုံထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၃၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

ဒေါင်…

ပိန်လှီသောလူမှ ပစ်လွှတ်လိုက်သည့်အားလှိုင်းကို လင်းဖန်က သံတူတစ်စုံဖြင့် ခုခံကာကွယ်လိုက်သည်။

ထို့နောက် သူသည် သံတူနှစ်လက်ကို အချင်းချင်း ရိုက်ခတ်လိုက်လေသည်။

ထွက်ပေါ်လာသော အသံလှိုင်းသည် ၎င်းတို့ရှိနေသည့် အခန်းတွင်း၌ ပဲ့တင်ထပ်သွားချေသည်။

ပိန်လှီသောလူသည် ကြက်သေသေသွားပြီး နားများကို လက်နှစ်ဖက်ဖြင့်အုပ်ရန် ကြိုးစားလိုက်သည်။

လင်းဖန်သည် သူ့ထံသို့ အရှိန်အဟုန်ဖြင့်ပြေးဝင်သွားပြီး ဘယ်ဘက်သံတူကို ထိုလူ၏ခြေထောက်ဆီသို့ လွှဲရိုက်လိုက်လေသည်။

ထိုလူသည် အောက်သို့ငုံ့ကြည့်ကာ သူ၏ခြေထောက်ကို မြှောက်လိုက်သည်။

ဒေါင်…

လင်းဖန်၏ ညာဘက်သံတူသည် ပိန်လှီသောလူ၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ကျရောက်သွားချေသည်။

ပိန်လှီသောလူသည် လွင့်ထွက်သွားပြီး နံရံကို ပြင်းထန်စွာ တိုက်မိသွားလေသည်။

ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အုတ်ခဲများမှာ အခန်းအနှံ့ လွင့်စင်သွားသည်။

လင်းဖန်သည် ပိန်လှီသောလူထံသို့ လျှောက်လှမ်းသွားရင်း နောက်ဆုံးတိုက်ကွက်အတွက် ပြင်ဆင်လိုက်သည်။

ဖြောင်း…

အုတ်ပုံထဲမှ ကြာပွတ်တစ်ချောင်းမှာ ရုတ်တရက်ထွက်ပေါ်လာပြီး လင်းဖန်၏ခြေထောက်ကို ရစ်ပတ်သွားလေသည်။

ထို့နောက် ကြာပွတ်ဖြင့် လင်းဖန်ကိုလဲကျသွားစေရန် ကြိုးစားလိုက်သည်။

သို့သော် လင်းဖန်သည် မလှုပ်မယှက်ရပ်နေပြီး ခြေထောက်ကို ပြန်လည်ဆွဲယူလိုက်ရာ ပိန်လှီသောလူမှာ အုတ်ပုံထဲမှ လွင့်ထွက်လာချေသည်။

လင်းဖန်သည် တဖြည်းဖြည်းနီးကပ်လာသော ပိန်လှီသောလူဆီသို့ သံတူများကို လွှဲရိုက်လိုက်သည်။

ပိန်လှီသောလူသည် ဦးခေါင်းကိုကာကွယ်ရန် လက်မောင်းများကို အသုံးပြုခြင်းမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။

ဂျွတ်…

သံတူများသည် ထိုလူ၏လက်မောင်းများကို ထိမှန်သွားသောအခါ အရိုးကျိုးကြေသွားသည့်အသံများ ထွက်ပေါ်လာသည်။

ပိန်လှီသောလူသည် ထပ်မံလွင့်ထွက်သွားပြီး ယခုတစ်ကြိမ်တွင်မူ နံရံကိုပင် ဖောက်ထွက်သွားလေသည်။

လင်းဖန်သည် အနောက်မှ လိုက်လံဖမ်းဆီးရာ ပိန်လှီသောလူသည် ဘေးတစ်ဖက်တစ်ချက်တွင် တွဲလောင်းကျနေသော လက်နှစ်ဖက်ဖြင့် ထရပ်ရန် ကြိုးစားနေချေသည်။

ပိန်လှီသောလူသည် လင်းဖန်ကိုစိုက်ကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် ပိန်လှီသောလူ၏ခန္ဓာကိုယ်မှ ချီစွမ်းအင်များပေါက်ကွဲထွက်လာပြီး မြေပြင်ပေါ်ရှိဖုန်မှုန့်များကို လွင့်စင်သွားစေသည်။

လင်းဖန်သည် ဖုန်မှုန့်များ မျက်စိထဲမဝင်စေရန် မျက်လုံးကို မှိတ်ထားလိုက်သည်။

ဖုန်မှုန့်များ ကင်းစင်သွားသောအခါ ပိန်လှီသောလူသည် မြွေတစ်ကောင်နှင့် တူနေချေပြီ။

သူ၏အရေပြားပေါ်တွင် အကြေးခွံများဖုံးလွှမ်းနေပြီး ပါးစပ်ကိုဖြဲကာ အစွယ်များကို ဖော်ပြထားသည်။

လင်းဖန်သည် သံတူဖြင့် ပိန်လှီသောလူထံသို့ ထပ်မံပြေးဝင်သွားပြန်သည်။

အံ့ဩစရာကောင်းသည်မှာ ပိန်လှီသောလူ၏ ကျိုးကြေနေသောလက်မောင်းများသည် မြွေနှစ်ကောင်ကဲ့သို့လှုပ်ရှားလာပြီး သံတူကို ရစ်ပတ်လိုက်ခြင်းပင်။

ထို့နောက် ပိန်လှီသောလူသည် လင်းဖန်ထံသို့တိုးကပ်လာပြီး သူ၏အစွယ်များဖြင့် ကိုက်ရန်ကြိုးစားလေသည်။

ထိုအစွယ်များတွင် အဆိပ်ရှိနိုင်ကြောင်း လင်းဖန်ရိပ်မိလိုက်သဖြင့် သံတူများကိုသိမ်းဆည်းကာ ပိန်လှီသောလူ၏ လည်ပင်းကိုညှစ်ရန် မူလချီလက်သည်းကို အသုံးပြုလိုက်သည်။

အရေပြားပေါ်ရှိအကြေးခွံများသည် ထိုးဖောက်ရန်ခက်ခဲလှသဖြင့် လင်းဖန်သည် မူလချီလက်သည်းထဲသို့ ချီစွမ်းအင်များကို ပိုမိုထည့်သွင်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ပိန်လှီသောလူသည် အစွယ်များကို လင်းဖန်၏လည်ပင်းဆီသို့ စိုက်သွင်းရန် ကြိုးစားနေသည်။

သို့သော် လင်းဖန်၏ မူလချီလက်သည်းသည် ပိန်လှီသောလူအတွက် အလွန်ပြင်းထန်လွန်းလှသည်။

၎င်းသည် အကြေးခွံများကို ဖောက်ထွက်သွားပြီး ပိန်လှီသောလူမှ လင်းဖန်အား အစွယ်ဖြင့်မကိုက်နိုင်မီ လင်းဖန်၏လက်သည်းများက ထိုလူ၏လည်ပင်းထဲသို့ ဦးစွာစိုက်ဝင်သွားချေသည်။

ရှူး…

လင်းဖန်က လက်ချောင်းများကိုကွေးလိုက်စဉ် သွေးများစီးကျလာပြီး အချိန်တန်သောအခါ လင်းဖန်သည် ပိန်လှီသောလူ၏လည်ပင်းထဲရှိ အရာအားလုံးကို ဆွဲထုတ်လိုက်သည်။

ပိန်လှီသောလူ၏လည်ပင်းမှ သွေးများပန်းထွက်လာချေသည်။

[ဒင် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၃၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၉၁၀]

လင်းဖန်သည် ချီစွမ်းအင်အချို့ကို ပြန်လည်ဖြည့်တင်းရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သူသည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကို ထုတ်ယူရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

ယခုအချိန်တွင် ကျောက်ကျားရွေ့သည် အခန်းထဲမှထွက်လာနိုင်ခဲ့ပြီး ဟိုမင်နှင့်အတူ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေချေပြီ။

လင်းဖန်က ပြိုင်ဘက်နှင့်တိုက်ခိုက်နေသော လိုင်ညီအစ်ကိုတို့၏တိုက်ပွဲကို ကြည့်လိုက်ရာ ၎င်းတို့မှာ အခြေအနေမကောင်းလှပေ။

၎င်းတို့၏ပြိုင်ဘက်များသည် သန်မာထွားကျိုင်းသော လူသန်ကြီးနှစ်ယောက် ဖြစ်ကြသည်။

တစ်ယောက်ချင်းစီမှာ အရပ်နှစ်မီတာခန့်မြင့်မားပြီး တစ်ဦးမှာ ဆံပင်စုချည်ထားကာ အခြားတစ်ဦးမှာမူ မျက်နှာတစ်ခုလုံးတွင် ဆေးမင်ကြောင်များဖြင့် ပြည့်နှက်နေသည်။

လိုင်ညီအစ်ကိုတို့၏ ကျားနှင့် ကြိုးကြာသိုင်းသည် ထိုလူများ၏ ထွားကျိုင်းသောခန္ဓာကိုယ်နှင့် ဖမ်းချုပ်တိုက်ခိုက်သည့်ပုံစံကို မယှဉ်နိုင်ပေ။

လိုင်မင်နှင့် လိုင်ချင်းတို့သည် မြေပြင်ပေါ်သို့ လဲကျနေချေပြီ။

လိုင်မင်က သူ၏ညီကို ထွက်ပြေးစေရန် ပြောလိုက်သည်။

“မင်းပြေးတော့... ငါ သူတို့ကို ထိန်းထားလိုက်မယ်...”

လိုင်ချင်းက ခေါင်းခါယမ်းလိုက်ပြီး ပါးစပ်မှသွေးများကို သုတ်လိုက်သည်။

“ဒီလောက်နှစ်တွေအများကြီး ကြာပြီးမှတော့ မင်းက ငါ့ကို အရူးလို့ ထင်နေတာလား...”

ဆံပင်စုချည်ထားသူက လိုင်မင်ထံသို့ ပြေးဝင်သွားလေသည်။

“အိုး... ဒီမှာကြည့်စမ်း... ညီအစ်ကိုသံယောဇဉ်တွေ အရမ်းပြင်းထန်နေကြတာပဲ... ဒါပေမဲ့ မင်းတို့ရဲ့ပြိုင်ဘက်က ငါတို့ဖြစ်နေတာ အရမ်းကံဆိုးတာပဲ...”

မီးတောက်သမင်တစ်ကောင်သည် ရုတ်တရက် ဆံပင်စုချည်ထားသူထံသို့ ဦးချိုများဖြင့် တိုးဝင်တိုက်ခိုက်လိုက်သည်။

ဆံပင်စုချည်ထားသူသည် ၎င်းကို မမျှော်လင့်ထားသဖြင့် ရဲရဲတောက်လောင်နေသော မီးတောက်ဦးချိုများသည် သူ၏အရေပြားကို လောင်ကျွမ်းသွားစေသည်။

“အား...”

ပြင်းထန်သောနာကျင်မှုကြောင့် ဆံပင်စုချည်ထားသူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။

သူသည် မီးတောက်သမင်ထံသို့လှည့်ကာ ဦးချိုများကို လှမ်းကိုင်လိုက်သည်။

မီးတောက်များက လက်များကို လောင်ကျွမ်းစေသော်လည်း ဆံပင်စုချည်ထားသူသည် ဂရုမစိုက်ဘဲ မီးတောက်သမင်ကိုမြှောက်ကာ နောက်ပြန်ပစ်ပေါက်ရန် ကြိုးစားလိုက်သည်။

အံ့ဩစရာကောင်းသည်မှာ နောက်တစ်စက္ကန့်တွင် မီးတောက်သမင်မှာ ပျောက်ကွယ်သွားပြီး လင်းဖန်သည် သံတူနှင့်အတူ ပေါ်လာခြင်းပင်။

သူ နောက်ဆုံးမြင်လိုက်ရသည်မှာ သူ၏ဦးခေါင်းဆီသို့ ကျရောက်လာသော သံတူကြီး ဖြစ်ချေသည်။

ဒေါင်…

သံတူ၏ ဝိညာဉ်ဖျက်သံမဏိသည် ဆံပင်စုချည်ထားသူကို ခဏတာ မိန်းမောသွားစေသည်။

ယခုအချိန်တွင် ဆေးမင်ကြောင်မျက်နှာသည် လင်းဖန်၏နောက်ကွယ်မှ ပြေးဝင်တိုက်ခိုက်လာချေပြီ။

လိုင်ချင်းက လင်းဖန်ကို သတိပေးရန် အော်ဟစ်လိုက်သည်။

“လင်းဖန်... နောက်ကို သတိထား...”

နောက်တစ်စက္ကန့်တွင် လင်းဖန်သည် မြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဆေးမင်ကြောင်မျက်နှာသည် သူ့ကို ဖြတ်သန်းသွားကာ ဆံပင်စုချည်ထားသူကိုသာ ဝင်တိုက်မိသွားလေသည်။

နှစ်ယောက်လုံးသည် မြေပြင်ပေါ်တွင် လိမ့်ဆင်းသွားကြပြီး မီတာနှစ်ဆယ်ခန့်အကွာတွင် ရပ်တန့်သွားကြသညိ။

“တောက်... ငါ မင်းကို ဖမ်းမိတဲ့အချိန်ကျရင် သေချင်စိတ်ပေါက်သွားစေရမယ်လို့ ကတိပေးတယ်...”

ဆေးမင်ကြောင်မျက်နှာသည် ထရပ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

၎င်းတို့သည် လင်းဖန်ကိုစိုက်ကြည့်ရင်း သူ၏အစွမ်းကို ခန့်မှန်းရန် ကြိုးစားနေကြသည်။

လင်းဖန်၏စိတ်အာရုံထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထပ်မံထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ၂ ခု ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၆၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူ ၂ ဦးကို သုတ်သင်ပါ]

လင်းဖန်သည် စနစ်၏ အသိပေးချက်ကိုမြင်သောအခါ သံတူများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ဆေးမင်ကြောင်မျက်နှာက လင်းဖန်ထံသို့ ဦးစွာပြေးဝင်လာသည်။

“သေစမ်း...”

သူ၏နောက်ကွယ်တွင် ဆံပင်စုချည်ထားသူသည် လေထဲသို့ခုန်တက်ကာ လင်းဖန်ထံသို့ ပစ်ဝင်လာချေသည်။

သူတို့သည် ပူးပေါင်း၍ လင်းဖန်ကိုဖမ်းချုပ်ရန် ကြိုးစားနေကြခြင်းပင်။

အကယ်၍ လင်းဖန်သည် ဆေးမင်ကြောင်မျက်နှာကိုသာ အာရုံစိုက်ပါက ဆံပင်စုချည်ထားသူ၏တိုက်ခိုက်မှုကို ခံရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့်လည်း ထိုနည်းတူပင်ဖြစ်သည်။

လင်းဖန်သည် ၎င်းတို့၏ပရိယာယ်ကို ရိပ်မိလိုက်သဖြင့် ဘေးဘက်သို့သာ ခုန်ရှောင်လိုက်သည်။

ဘုန်း…

ဆံပင်စုချည်ထားသူသည် လင်းဖန်ကို လွဲချော်ကာ မြေပြင်ပေါ်သို့ ဦးစွာကျရောက်သွားသည်။

သူသည် ချက်ချင်းလှည့်ကာ လင်းဖန်ထံသို့ ထပ်မံပြေးဝင်လာချေသည်။

All Chapters