← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉) - လက်နက်များစွာ

တွားသွားသတ္တဝါနှစ်ကောင်သည် မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းသွားသောအခါ ကျန်ရှိနေသော အဖွဲ့ဝင်များအားလုံးသည် သက်ပြင်းအသာချနိုင်ကြပြီး မြေပြင်ပေါ်တွင် ချက်ချင်းပင် ထိုင်ချလိုက်ကြလေသည်။

“အရင်ဆုံး ဒဏ်ရာတွေကိုကုသပြီး အင်အားပြန်ဖြည့်ကြရအောင်...”

ယခုတစ်ကြိမ်တွင် စကားပြောလိုက်သူမှာ ဟူထော် ဖြစ်ချေသည်။

လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုတွားသွားသတ္တဝါများထံမှ မိစ္ဆာသားရဲအမြုတေကိုထုတ်ယူရန် သူ့အလုပ်ကို စတင်လိုက်လေသည်။

သူသည် ရွှေရောင်တွားသွားသတ္တဝါ၏ ဝမ်းဗိုက်ကို အရင်ဆုံးခွဲလိုက်ပြီး ကလီစာများအတွင်းသို့ နှိုက်ရှာလိုက်သည်။

သူ နှိုက်ရှာနေစဉ်အတွင်း နဖူးပြင်ပေါ်၌ချွေးစေးများ တဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

နောက်ဆုံးတွင် သူသည် မာကျောသောအရာတစ်ခုကို ဆုပ်ကိုင်မိသွားပြီး ၎င်းကိုဆွဲထုတ်ရန် လက်နှစ်ဖက်လုံးကို အသုံးပြုလိုက်ရသည်။

ထိုမိစ္ဆာသားရဲအမြုတေသည် သတ္တုရောင်အသွင်ရှိပြီး ရွှေရောင်အလင်းတန်းများ တောက်ပနေချေသည်။

၎င်းအတွင်း၌ တွားသွားသတ္တဝါတစ်ကောင်၏ ပုံရိပ်ယောင်ကို မြင်တွေ့နိုင်ပေသည်။

ကျန်ရှိသောသူများက တင်ပျဉ်ခွေထိုင်ကာ ၎င်းတို့၏ ချီစွမ်းအင်များကို ပြန်လည်စုစည်းနေစဉ် လင်းဖန်က နောက်ထပ်တစ်ကောင်ထံသို့ ဆက်သွားလိုက်သည်။

ထို့နောက် သူသည်လည်း ထိုင်ချလိုက်ပြီး ချီစွမ်းအင်များကို ပြန်လည်အားဖြည့်လိုက်လေသည်။

သူ့အား အံ့အားသင့်စေသည်မှာ ဤမျှော်စင်အတွင်းရှိ ချီစွမ်းအင်သိပ်သည်းဆသည် လျှို့ဝှက်နယ်မြေပြင်ပထက် နှစ်ဆခန့် ပိုမိုများပြားနေခြင်းပင်။

ဤအခွင့်အရေးကို အလဟဿမဖြစ်စေလိုသဖြင့် သူသည် ကျန်းရီနျန်သင်ကြားပေးထားသော ခန္ဓာကိုယ်ကြံ့ခိုင်ရေး အသက်ရှူသွင်းကျင့်စဉ်ကိုအသုံးပြုကာ ချီစွမ်းအင်များကို တန်းထျန်အတွင်းသို့ စတင်လည်ပတ်စေလိုက်သည်။

တဖြည်းဖြည်းချင်းပင် သူသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

၎င်းသည် ကောင်းကင်တာအိုကို သိမြင်နားလည်ခြင်းပင်။

လင်းဖန်၏စိတ်အာရုံအတွင်း တစ်စုံတစ်ခုက လှုံ့ဆော်ပေးလိုက်သကဲ့သို့ ချီစွမ်းအင်များသည် သွေးကြောများတစ်လျှောက် မည်သို့လည်ပတ်နေသည်ကို ပိုမိုရှင်းလင်းစွာ နားလည်လာလေသည်။

၎င်းသည် မြေပုံပေါ်မှ ဖုံးကွယ်ထားသောမြူခိုးများကို တစ်စုံတစ်ယောက်က ဖယ်ရှားပေးလိုက်သကဲ့သို့ဖြစ်ပြီး လင်းဖန်သည် ယခုအခါ ဖြစ်ပျက်နေသမျှကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ပြီ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီစွမ်းအင်များကို လေးဆယ့်ကိုးပတ်တိတိ လည်ပတ်စေပြီးနောက် လင်းဖန်သည် မျက်လုံးများကိုဖွင့်လိုက်ရာ အရာအားလုံးကို သေ‌ချာရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။

လူတိုင်း၏ သေးငယ်သောလှုပ်ရှားမှုတိုင်းကို သူ သတိပြုမိနေချေသည်။

၎င်းတို့၏ မျက်တောင်ခတ်လှုပ်ရှားမှုများကိုပင် အချိန်တိုင်း၌ အသေးစိတ် မြင်တွေ့နေရပေသည်။

လူတိုင်း အဆင်သင့်ဖြစ်သောအခါ လင်းဖန်က ပြောလိုက်သည်။

“နောက်တစ်ဆင့်ကို ဆက်သွားကြရအောင်...”

လင်းဖန်နှင့် ဟိုမင်တို့က ရှေ့မှဦးဆောင်ပြီး ဟူထော်က ၎င်းတို့နောက်မှ ကပ်လျက် လိုက်ပါလာသည်။

ကျန်ရှိသောသူများကမူ ဟူထော်၏နောက်ကွယ်မှ လိုက်ပါလာကြလေသည်။

စတုတ္ထထပ်ဖြစ်သော ဤအဆင့်တွင် လက်နက်များနှင့် မှော်ရတနာများ ရှိနေပေသည်။

ထိုစဉ် အဘိုးအိုတစ်ဦး၏ အသံသည် ၎င်းတို့၏ စိတ်အာရုံထဲသို့ ဟိန်းထွက်လာလေသည်။

“တစ်ခုကိုရွေးချယ်ပြီး နောက်တစ်ထပ်ကို ဆက်သွားပါ...”

၎င်းသည် လင်းဖန်တစ်ယောကါ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ပထမဆုံးစမ်းသပ်မှု၌ ဆုံတွေ့ခဲ့သော အဘိုးအို၏ အသံပင်။

လင်းဖန်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်ရာ ဓားများ၊ ပုဆိန်များ၊ လှံများနှင့် ကြာပွတ်များကဲ့သို့သော လက်နက်မျိုးစုံကို မြင်တွေ့လိုက်ရလေသည်။

မည်သည့်သံတူကိုမျှ မတွေ့ရသဖြင့် သူသည် မည်သည့်လက်နက်ကို ယူဆောင်သွားရမည်နည်းဟု စဉ်းစားနေမိသည်။

ယခုအချိန်တွင် သူ့၌ အလတ်စားအကွာအဝေးအတွက် သံတူများရှိပြီး အနီးကပ်တိုက်ခိုက်မှုအတွက် မူလချီလက်သည်း ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူသည် အဝေးတိုက်ခိုက်မှုအတွက် အသုံးဝင်မည့်လက်နက်တစ်ခု လိုအပ်သည်ဟု တွေးတောလိုက်မိပေသည်။

လှံများကသာ သူ့ကို စိတ်ဝင်စားမှု ပေးနိုင်ချေသည်။

သူက ရှေ့သို့လျှောက်သွားပြီး လှံတစ်စင်းကို ကောက်ကိုင်လိုက်သောအခါ အဘိုးအို၏အသံသည် သူ၏စိတ်အာရုံထဲသို့ ထပ်မံရောက်ရှိလာပြန်သည်။

“ဒါက ကောင်းကင်ဒေါသလှံပဲ… လျှို့ဝှက်ဆန်းကြယ်အဆင့်ရှိပြီး ဝိညာဉ်ပြောင်းလဲခြင်းအဆင့်အောက်မှာရှိတဲ့ ဘယ်သူ့ကိုမဆို ဖောက်ထွက်နိုင်စွမ်း ရှိတယ်...”

“ဒါပေမဲ့ မင်းအနေနဲ့ နေ့တိုင်း သူ့ကို မင်းရဲ့သွေးတွေ တိုက်ကျွေးရလိမ့်မယ်...”

လင်းဖန်သည် ချက်ချင်းပင် စိတ်ပျက်သွားပြီး အခြားလှံတစ်စင်းကို ပြောင်းလဲကောက်ကိုင်လိုက်သည်။

မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိသော လှံတစ်စင်းကိုရှာမတွေ့မချင်း သူသည် ဤသို့ပင် ဆက်လက်ရှာဖွေနေခဲ့လေသည်။

“ဒါက နဂါးဟိန်းသံလှံပဲ… လျှို့ဝှက်ဆန်းကြယ်အဆင့်ရှိပြီး ရန်သူ့သွေးတွေကို ပိုပြီးတိုက်ကျွေးလေလေ သူ့အတွင်းမှာ ကိန်းအောင်းနေတဲ့ နဂါးဝိညာဉ်က ပိုပြီးသန်မာလာလေလေပဲ...”

လင်းဖန်သည် အချိန်ဆွဲမနေတော့ဘဲ ၎င်းကို သူ၏ဖားပြုတ်ရုပ်ထုငယ်အတွင်းသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

သူသည် နောင်တွင် လှံသိုင်းကျင့်စဉ်ကျမ်းစာများကို ရှာဖွေရပေလိမ့်မည်။

ဤအချိန်တွင် အခြားအဖွဲ့ဝင်များသည်လည်း ၎င်းတို့နှစ်သက်သော လက်နက်များနှင့် မှော်ရတနာများကို ရွေးချယ်ပြီးစီးသွားကြပြီ ဖြစ်သည်။

ဟိုမင်သည် သိုလှောင်မှုနှင့် ကာကွယ်ရေးစွမ်းရည်ရှိသော လိပ်ခွံပုံသဏ္ဌာန် မှော်ရတနာတစ်ခုကို ရွေးချယ်လိုက်သည်။

လိုင်ညီအစ်ကိုသည် မှော်ရတနာများထဲမှ လက်ကောက်ဝတ်တွင် ဝတ်ဆင်ရသော ချပ်ဝတ်တန်ဆာပြားတစ်စုံကို ရွေးချယ်လိုက်ကြလေသည်။

ဟူထော်ကမူ လက်နက်တင်မက မှော်ရတနာပါဖြစ်သည့် ပုတီးစေ့တစ်ကုံးကို ရွေးချယ်လိုက်သည်။

ကလဲ့စားချေလိုစိတ်ပြင်းပြနေသော ကျောက်ရွေ့သည် ရန်သူ၏သွေးလည်ပတ်မှုကို ပြောင်းပြန်စီးဆင်းစေနိုင်သည့် သွေးနီရောင်ကျောက်တုံးတစ်တုံးကို ရွေးချယ်လိုက်သည်။

ရှန်းရွေ့ကမူ ကျောက်မျက်ရတနာများစီခြယ်ထားပြီး တန်ဖိုးကြီးပုံရသော ဓားတစ်စင်းကိုသာ ရွေးချယ်လိုက်လေသည်။

ပဉ္စမထပ်သည်ကား ကွဲပြားခြားနားနေပေသည်။

အစပိုင်းတွင် ၎င်းသည် ဗလာကျင်းနေသော်လည်း သူတို့ ခြေချလိုက်သည့်အခိုက်အတန့်တွင် လူတိုင်းသည် တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ချေ။

ထို့နောက် လင်းဖန်သည် အမှောင်ထုထဲသို့ ထပ်မံစိုက်ကြည့်နေရသကဲ့သို့ ခံစားလိုက်ရပြန်သည်။

ယခုတစ်ကြိမ်တွင်မူ ခေါင်းနှစ်လုံးရှိသောကျားကို စီးနင်းထားသည့်အဘိုးအို ရှိမနေပေ။

သူ့ရှေ့တွင် သတ္တုများနှင့် စက်သွားများဖြင့် ပြုလုပ်ထားပြီး လက်ထဲတွင် လှံတစ်စင်းကိုကိုင်ဆောင်ထားသော လူသားပုံသဏ္ဌာန် စက်ရုပ်တစ်ရုပ်ရှိနေချေသည်။

လင်းဖန်သည် သံတူများကို ထုတ်ယူရန်ကြိုးစားသော်လည်း မရရှိခဲ့ပေ။

ထို့ကြောင့် ဤအဆင့်သည် ယခင်ကရွေးချယ်ခဲ့သော လက်နက်ကိုသာ အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ထို့ကြောင့် သူသည် ဖားပြုတ်ရုပ်တုငယ်အတွင်းမှ လှံကို ထုတ်ယူလိုက်လေသည်။

သူသည် လှံကို လက်တွင်ကိုင်ဆောင်ကာ ထိုလူသားပုံသဏ္ဌာန်စက်ရုပ်၏ လှုပ်ရှားမှုအလိုက် သူ၏ကိုယ်ဟန်အနေအထားကို ပြင်ဆင်လိုက်သည်။

ဝူး...

လူသားပုံသဏ္ဌာန်စက်ရုပ်သည် လင်းဖန်ထံသို့ လှံဖြင့်ထိုးနှက်လိုက်ရာ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာလေသည်။

လင်းဖန်သည် ဘေးဘက်သို့ ခုန်ရှောင်လိုက်သဖြင့် ထိုပြင်းထန်သော စွမ်းအင်လှိုင်း တိုက်ခိုက်မှုသည် လွဲချော်သွားလေသည်။

ဒုန်း...

စွမ်းအင်လှိုင်း ရိုက်ခတ်မိသွားသောအခါ မြေပြင်သည်ပေါက်ကွဲသွားပြီး သေးငယ်သောတွင်းတစ်တွင်း ဖြစ်ပေါ်သွားလေသည်။

လူသားပုံသဏ္ဌာန်စက်ရုပ်သည် အချိန်ဆွဲမနေဘဲ လေထဲသို့ ခုန်တက်လိုက်သည်။

အလွန်အမင်း မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ထိုစက်ရုပ်သည် လင်းဖန်ထံသို့ လှံဖြင့် အဆက်မပြတ်ထိုးနှက်လိုက်ရာ လှံသွားများ၏ တောက်ပသောအလင်းတန်းများသည် မိုးရွာသွန်းသကဲ့သို့ ကျဆင်းလာချေသည်။

လှံများ၏ ပုံရိပ်ယောင်များသည် လင်းဖန်ထံသို့ကျရောက်လာပြီး မြေပြင်ပေါ်တွင် အပေါက်များစွာကို ဖြစ်ပေါ်စေလေသည်။

ဒုန်း...

လင်းဖန်သည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ ထိုနေရာမှ ရှောင်တိမ်းလိုက်သည်။

လူသားပုံသဏ္ဌာန်စက်ရုပ် မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်လာသောအခါ မြေကြီးသည် တုန်ခါသွားပြီး လှံသည် မြေကြီးထဲသို့ စိုက်ဝင်သွားလေသည်။

ဝူး...

နောက်တစ်ခဏတွင် လင်းဖန်သည် လှံကို ထိုစက်ရုပ်ထံသို့ ပစ်လွှတ်လိုက်သည်။

ဒေါင်...

လူသားပုံသဏ္ဌာန်စက်ရုပ်သည် လှံကိုအသုံးပြုကာ လင်းဖန်၏လှံကို ပယ်ဖျက်လိုက်လေသည်။

လင်းဖန်၏လှံသည် မြေပြင်ပေါ်သို့ ကျသွားလေသည်။

လူသားပုံသဏ္ဌာန်စက်ရုပ်သည် အခွင့်အရေးကို အမိအရယူကာ လင်းဖန်ထံသို့ ပြေးဝင်လာလေသည်။

၎င်းသည် အနီးသို့ရောက်ရှိလာသောအခါ လင်းဖန်၏လှံသည် ရုတ်တရက် အသက်ဝင်လာပြီး ၎င်း၏နောက်ကျောဘက်မှနေ၍ ပစ်ခတ်ဝင်ရောက်သွားသည်။

ဖုန်း...

လင်းဖန်၏လှံသည် ထိုလူသားပုံသဏ္ဌာန်စက်ရုပ်၏ လည်ပင်းကို ဖောက်ထွက်သွားချေသည်။

သူသည် လှံကိုထိန်းချုပ်ရန်အတွက် ရှစ်ကွက်အင်းတူပစ်လွှတ်ခြင်းတိုက်ကွက်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လင်းဖန်သည် သဏ္ဍာန်မဲ့ခြေလှမ်းစွမ်းရည်ကိုအသုံးပြုကာ ထိုစက်ရုပ်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားပြီး သူ၏လှံကို ဆုပ်ကိုင်လိုက်သည်။

သူသည် ခြေထောက်တစ်ဖက်ဖြင့် လှံပေါ်သို့နင်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် လှံ၏အောက်ခြေပိုင်းကိုကိုင်ဆောင်ကာ အောက်သို့ ဖိချလိုက်သည်။

ထိုလုပ်ရပ်သည် လူသားပုံသဏ္ဌာန်စက်ရုပ်ကို လေထဲသို့ မြှောက်တက်သွားစေပြီး လင်းဖန်သည် ခန္ဓာကိုယ်ကိုလှည့်ကာ ထိုစက်ရုပ်ကြီးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

All Chapters