← Chapters

အခန်း ၁၄၃

Vol. 8 Ch. 143

အခန်း ၁၄၃

Vol. 8 Ch. 143

အပိုင်း(၁၄၃) အဖွဲ့သားများကို ရောင်းစားခြင်းသာ

ဝူကျန့်ရှန်းက မကြာသေးမီက အလွန်အလုပ်များနေခဲ့သည်။

မရဏနတ် ဂိုဏ်းသားများပင်လျှင် သူတို့၏ ဂိုဏ်းချုပ်ကြီး ဘာတွေအလုပ်များနေမှန်း မသိကြပေ။

မည်သို့ပင်ဖြစ်စေ မနက်တိုင်း သူ့ကို မတွေ့ရတတ်ဘဲ ဒုတိယဂိုဏ်းချုပ်များပင်လျှင် သူတို့၏ ဂိုဏ်းချုပ်ကြီးကို ရှာမတွေ့နိုင်ကြချေ။

ထို့ကြောင့် ချန်းရီက ယနေ့ မနက်စောစော၌ပင် ဝူကျန့်ရှန်း၏ စာသင်ခန်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။

တံခါးခေါက်ပြီးနောက် အခန်းတွင်းမှ ဝူကျန့်ရှန်း၏ အသံ ထွက်ပေါ်လာ၏။

"ဝင်ခဲ့"

ဤသည်မှာ ပြီးခဲ့သော အသူရာ သွေးမျက်လုံးနှင့် တိုက်ပွဲပြီးကတည်းက ဝူကျန့်ရှန်းကို ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။

ချန်းရီက ဤစာသင်ခန်းကို ပေါ့ပေါ့တန်တန်ပင် အကဲခတ်ကြည့်ရှုနေသည်။

ယခင် ဆရာများနားနေခန်းနှင့် နှိုင်းယှဉ်လျှင် ဤစာသင်ခန်းက သိသိသာသာ ပို၍ ဆိုးရွားနေသည်မှာ အထင်အရှားပင်။

သို့သော် အခြေခံလိုအပ်သော ဆိုဖာ၊ ကုတင်နှင့် ရုံးသုံးစားပွဲ စသည့် ပစ္စည်းများကမူ ပြည့်စုံစွာ ရှိနေသေးသည်။

ဝူကျန့်ရှန်းက ချန်းရီကို မြင်သောအခါ သူ၏ မျက်လုံးထဲတွင် ဒေါသရိပ်များက တစ်ခဏမျှ လက်ကနဲ ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွား၏။

"မင်း ဘာလာလုပ်တာလဲ"

ချန်းရီက ဝူကျန့်ရှန်း၏ အေးစက်စက် မျက်နှာထားကို လုံးဝ ဂရုမစိုက်ပေ။ "ဝူကျန့်... မတွေ့တာ ကြာပြီ... မင်း ဘာတွေများ အလုပ်ရှုပ်နေလဲဆိုတာ လာကြည့်တာ"

ဝူကျန့်ရှန်းက ဒေါသကို ဖိနှိပ်ထားရင်း မျက်နှာကြွက်သားများ အနည်းငယ် တွန့်လိမ်သွားပြီးမှ စကားဆိုသည်။ "ချန်းရီ... မင်း ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ဆီကနေ မရဏနတ်သမီးသမီးရဲ့ သွေးမျက်ရည် (၁၀) ပုလင်း ယူသွားတယ်လေ... ငါ့ကို ကတိပေးထားတဲ့ ကိစ္စကရော ဘယ်လိုလဲ"

ချန်းရီက တဟီးဟီး ရယ်မောလိုက်သည်။ သူ ဤနေရာသို့ လာနိုင်သည်ဆိုမှတော့ သေချာပေါက် ကြိုတင်ပြင်ဆင်မှုအချို့ ရှိထားပြီးသား ဖြစ်၏။

ထို့နောက် အင်္ကျီရင်ဘတ်ထဲမှ စက္ကူတစ်ရွက်ကို ဆွဲထုတ်ပြသည်။

ထိုစက္ကူပေါ်တွင် စာလုံးများ သိပ်သည်းစွာ ရေးသားထားသည်။

"ဒါက ဘာလဲ"

"ရော့... ငါက သစ္စာမရှိဘူးလို့ မပြောနဲ့နော်... ဒါက မရဏနတ် ဂိုဏ်းထဲဝင်ဖို့ လျှောက်လွှာစာရင်းပဲ"

"ငါတို့ ယာဉ်တန်းဘက်က အသက်ရှင်ကျန်ရစ်သူ တစ်ဝက်လောက်က မင်းတို့ရဲ့ မရဏနတ် ဂိုဏ်းထဲကို ဝင်ချင်နေကြပြီ"

"ဘယ်လိုလဲ... ငါက မင်းပစ္စည်းတွေကို အလကားယူထားတာ မဟုတ်ပါဘူး"

ချန်းရီ ပါးစပ်ဟသည်နှင့် ပေါက်ကရတွေ စတင်ပြောတော့သည်။

အမှန်တကယ်တွင် မရဏနတ် ဂိုဏ်းသို့ ဝင်ရောက်လိုသော အသက်ရှင်ကျန်ရစ်သူများ အများအပြား ရှိနေသေးသည်။

မရဏနတ် ဂိုဏ်းတွင် တည်ငြိမ်သော နယ်မြေရှိသည့်အပြင် အလွန်တရာ အစွမ်းထက်သော မရဏနတ်သမီး၏ အကာအကွယ်လည်း ရှိနေပေသည်။

မည်သို့ပင်ကြည့်စေကာမူ ယာဉ်တန်းနှင့်အတူ လှည့်လည်သွားလာကာ ပင်ပန်းဆင်းရဲခံရခြင်းထက် အများကြီး ပိုကောင်းနေသေးသည်။

ကျောင်းပတ်ဝန်းကျင်တွင် ထူးဆန်းသောအရာများ ရှိနေလျှင်တောင်မှ ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ထူးဆန်းသောအရာများ မရှိသည့်နေရာဟူ၍ ဘယ်မှာ ရှိမည်နည်း။

ထို့ပြင် ထိုနေ့က မရဏနတ်သမီးသည် အလွန်တရာ အစွမ်းထက်သော အသူရာ သွေးမျက်လုံးကြီးကို အလွယ်တကူ သတ်ဖြတ်ပြခဲ့သဖြင့် လူအများအပြား၏ စိတ်ထဲတွင် အလွန် ခိုင်မာသော ယုံကြည်အားထားမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မရဏနတ် ဂိုဏ်းသည် ယာဉ်တန်းထက် အများကြီး ပိုမို အစွမ်းထက်ပေသည်။

ဦးလေးအားပေါင်ကသာ အမြဲတမ်း တားဆီးမထားခဲ့ပါက ဂိုဏ်းထဲသို့ ဝင်ရောက်သွားသူများ စောစောစီးစီးပင် ရှိနေလောက်ပြီ ဖြစ်၏။

စက္ကူပေါ်တွင် သိပ်သည်းစွာ ရေးသားထားသော နာမည်များကို မြင်သောအခါ ဝူကျန့်ရှန်း၏ နှုတ်ခမ်းထောင့်တွင် နောက်ဆုံးတော့ အပြုံးရိပ်လေး တစ်ခု ပေါ်လာခဲ့သည်။

"ဝူကျန့်... ငါက မဆိုးဘူး မဟုတ်လား"

ချန်းရီ၏ ဤစကားကို ကြားသောအခါ ဝူကျန့်ရှန်းသည် သူ၏ နဖူးမှ သွေးကြောများပင် ထောင်ထွက်လာသကဲ့သို့ ခံစားရသည်။

"မင်း ဘာလိုချင်တာလဲ... တိုက်ရိုက်သာ ပြောစမ်းပါ"

"ဒီလိုဆိုမှတော့ ငါလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်... မင်း ပြီးခဲ့တဲ့တစ်ခေါက်က အသူရာ သွေးမျက်လုံးကို သတ်ပြီး ရခဲ့တဲ့ ပစ္စည်းကို ငါဆီ ပြန်ပေးသင့်ပြီ မဟုတ်လား"

"ပြန်ပေးရမယ် ဟုတ်လား"

ဝူကျန့်ရှန်း၏ မျက်လုံးကြီးများက တဖြည်းဖြည်း ပြူးကျယ်လာသည်။

ချန်းရီက မျက်နှာပြောင်တိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောသည်။ "ဒါပေါ့... ပြီးခဲ့တဲ့တစ်ခေါက်က ငါသာ ဝင်မတိုက်ပေးခဲ့ရင် မင်း ဒီပစ္စည်းကို ရပါ့မလား... လူတွေအများကြီးရှေ့မှာ အသူရာ သွေးမျက်လုံးကို သတ်နိုင်ပါ့မလား"

"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီပစ္စည်းက ငါဟာလို့ သတ်မှတ်ရမှာပေါ့"

ဝူကျန့်ရှန်း၏ မျက်နှာကြီး တဖြည်းဖြည်း နီရဲလာပြီး နှာခေါင်းပေါက်များမှပင် အပူငွေ့များ ထွက်လာသည်။ "ချန်းရီ... ငါ့တစ်သက် မင်းလောက် မျက်နှာပြောင်တိုက်တဲ့ကောင်မျိုး တစ်ခါမှ မမြင်ဖူးဘူး"

"မင်းကြောင့်သာ မဟုတ်ရင် ငါ အခု ဒီနေရာကို ပြောင်းနေစရာ လိုပါ့မလား"

"မင်းကြောင့်သာ မဟုတ်ရင် မရဏနတ်သမီးက အသူရာ သွေးမျက်လုံးနဲ့ တိုက်ခိုက်စရာ အကြောင်းကို မရှိဘူး"

"မင်းကြောင့်သာ မဟုတ်ရင်"

ဝူကျန့်ရှန်းသည် စကားပြောလေ အသံပိုကျယ်လာလေဖြစ်ပြီး တံတွေးများပင် လွင့်စင်ထွက်လာသည်။

ချန်းရီ၏ အရှက်မရှိမှုကြောင့် သူ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်မှာ သိသာထင်ရှားလှ၏။

ချန်းရီကို မျက်နှာချင်းဆိုင်လျက် တရစပ် အော်ဟစ်ဆဲဆိုတော့သည်။

ချန်းရီက တစ်ရှူးတစ်ရွက်ကို ဆွဲယူကာ မျက်နှာကို သုတ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးမပျက်ရှိနေဆဲဖြစ်ကာ အနည်းငယ်မျှပင် ရှက်ရွံ့နေဟန် မပေါ်ပေ။

"ဝူကျန့်... မင်းကလည်းကွာ... ငါ မင်းကို မေးမယ်... တခြားသူတွေအကုန်လုံး မရဏနတ် ဂိုဏ်းထဲကို ဝင်လာတာကို မင်း မလိုချင်ဘူးလား"

"သူတို့အကုန်လုံးကို မရဏနတ် ဂိုဏ်းထဲ ဝင်စေချင်တယ်ဆိုရင်တော့"

"မင်းဘက်ကလည်း တစ်ခုခုတော့ ပြန်ပေးဆပ်ရမယ်လေ... ဟုတ်တယ်မလား"

"မင်း"

ဤတစ်ကြိမ်တွင်မူ ချန်းရီ အမှန်တကယ်ပင် အရှက်မရှိကြောင်း သူ ခံစားရပြီး ရင်ထဲမှ ဒေါသများ ပိုမို ဆူပွက်လာသည်။

ဤအရောင်းအဝယ် ကတိကဝတ်ကို ယခင်ကတည်းက သဘောတူညီထားပြီး ဖြစ်သည်။

ယခုမူ ချန်းရီက ထပ်မံ ထုတ်ဖော်ကာ အလျှော့အတင်း လာလုပ်နေပြန်သည်။

ဒါက အရှက်မရှိတာ မဟုတ်ရင် ဘာလဲ။

ဝူကျန့်ရှန်းသည် ယခုအချိန်တွင် မရဏနတ်သမီးကို ခိုင်း၍ ဤအရှက်မရှိသောကောင်ကို တံစဉ်ဖြင့် တစ်ချက်တည်း ခုတ်ပိုင်းပစ်ချင်စိတ်များပင် ပေါ်ပေါက်လာသည်။

ဝူကျန့်ရှန်း၏ မျက်နှာကြီး ဒေါသကြောင့် နီရဲနေသော်လည်း သူ၏ အသိစိတ်ကိုမူ မဆုံးရှုံးသေးပေ။

သူက ချန်းရီကို စူးစူးရဲရဲ တစ်ချက် ကြည့်ပြီး စက္ကန့်(၃၀) ခန့် ရပ်တန့်နေပြီးမှ စကားပြောသည်။ "မင်း အဲဒီမျက်လုံးကို လိုချင်တယ်ဆိုရင် ရတယ်... ဒါပေမဲ့ မင်း ဘာနဲ့ ပြန်လဲပေးမလဲ"

"လဲရမယ်... ဝူကျန့်... မင်းသာ ပြော... မင်း ဘာလိုချင်လဲ... ငါ ရှာပေးနိုင်သမျှ အကုန်ပေးမယ်"

ဝူကျန့်ရှန်းက အေးစက်စက် နှာခေါင်းရှုံ့သည်။

အချိန်အတော်ကြာမှ သူက ဆိုသည်။ "မင်းအဖွဲ့သားတွေ အားလုံးရဲ့ အချက်အလက်ကို ငါ လိုချင်တယ်... ပြီးတော့ သူတို့အကုန်လုံးကို မရဏနတ် ဂိုဏ်းထဲ ဝင်ခိုင်းရမယ်"

ဝူကျန့်ရှန်း၏ အမြင်တွင် ချန်းရီနှင့် ချူချယ်တို့ အဖွဲ့၏ ဆက်ဆံရေးမှာ မဆိုးလှဟု ထင်မြင်ထားသည်။

သူ သိထားသလောက်ဆိုလျှင် ဤလူများသည် သေအတူ ရှင်မကွာ ဆက်ဆံရေးမျိုး ရှိကြသဖြင့် ချန်းရီက သူတို့ကို ရောင်းစားရန်ဆိုသည်မှာ သေချာပေါက် အလွန် ခက်ခဲပေလိမ့်မည်။

သူ့အနေဖြင့် ချန်းရီနှင့် အတော်လေး ရင်းနှီးသော ဆက်ဆံရေး ရှိနေလျှင်ပင် ဤအခြေအနေမျိုးကို ချန်းရီ လက်ခံရန် မလွယ်ကူပေ။

ချန်းရီသာ ပုံမှန်လူတစ်ယောက်ဆိုလျှင် ဤကတိကို လုံးဝ လက်ခံမည် မဟုတ်ချေ။

သို့သော် ဘယ်သူ ထင်မည်နည်း။ ချန်းရီက မည်သည့် တွေဝေမှုမျှမရှိဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။ "ရတာပေါ့"

"ဝူကျန့်... ငါတို့ နှစ်ယောက် ဆက်ဆံရေးက ညီအစ်ကိုအရင်းတွေလို ဖြစ်နေပြီပဲကို... သူတို့ရဲ့ အချက်အလက်တွေကို သိချင်ရင် စောစောကတည်းက ပြောပါလား"

"ငါ မင်းကို ပြောပြမယ်... ချူချယ်က လမ်းပြသူ လမ်းစဉ်လေ... ဒီလမ်းစဉ်က ထူးဆန်းတဲ့အရာတွေနဲ့ ပတ်သက်ပြီး အာရုံခံနိုင်စွမ်း အကောင်းဆုံးပဲ"

"စွန်းချန်းချန်းက မင်းရဲ့ တူမလေ... ဒါကိုတော့ မင်း သိပြီးသားပဲ မဟုတ်လား"

ဝူကျန့်ရှန်း၏ ပါးစပ်အဟောင်းသား ဖြစ်နေသော အမူအရာရှေ့တွင်ပင် ချန်းရီက သူ၏ အဖွဲ့သားများကို တစ်ယောက်မကျန် အစအဆုံး ရောင်းစားတော့သည်။

သေချာသည်မှာ ချန်းရီ ပြောသော စကားအားလုံးက အမှန်များ ဖြစ်မနေနိုင်ပေ။

လိမ်ညာပြောဆိုရာတွင် အရေးအကြီးဆုံးမှာ အမှန်ကိုးဆ၊ အမှားတစ်ဆ ရောနှောပြောဆိုခြင်းပင် ဖြစ်သည်။

ချန်းရီက ဤသဘောတရားကို အလွန် နက်ရှိုင်းစွာ နားလည်ထားသူ ဖြစ်၏။

ဥပမာအားဖြင့် ချူချယ်တွင် အမှတ်အသားပြုခြင်း စွမ်းရည် ရှိသည်ဆိုသည့် အချက်ကို ချန်းရီ လုံးဝ ထည့်မပြောခဲ့ပေ။

အစပိုင်းတွင် ဝူကျန့်ရှန်းက ချန်းရီသည် သူ့ကို ပြီးစလွယ် လိမ်ညာလှည့်စားနေသည်ဟုသာ ထင်မှတ်ခဲ့သည်။

သို့သော် ဆက်လက် နားထောင်လေ သူ၏ ရင်ထဲတွင် ပို၍ အံ့အားသင့်လာလေ ဖြစ်၏။

ဝူကျန့်ရှန်းသည် အရူးတစ်ယောက် မဟုတ်သဖြင့် သူ၏ တပည့်များကို စေခိုင်းကာ ချန်းရီတို့၏ အချက်အလက်များကို ကြိုတင် စုဆောင်းထားပြီး ဖြစ်သည်။

ချန်းရီ ပြောပြသည်များနှင့် သူ စုဆောင်းထားသော အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကြည့်သောအခါ အားလုံးနီးပါး ကိုက်ညီနေသည်ကို တွေ့ရသည်။

"ကဲ... ဝူကျန့်... ငါ အကုန်ပြောပြပြီးပြီနော်... ဘယ်လိုလဲ... အခုဆိုရင် အဲဒီမျက်လုံးကို ငါဆီ ပေးလို့ရပြီ မဟုတ်လား"

"မင်း"

နောက်ဆုံး ရလဒ်အနေဖြင့် ချန်းရီသည် ထိုမျက်လုံးကို ရရှိသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် သဘာဝလွန်ပစ္စည်း အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။

ထို့အပြင် သူ့ကို ရက်အနည်းငယ်ခန့် ကစားရန် ငှားထားသည်ဟုသာ သဘောထားလိုက်မည်။ သူတို့အားလုံး သေဆုံးသွားသောအခါ ဤပစ္စည်းက သူ၏လက်ထဲ ပြန်ရောက်လာမည်သာ ဖြစ်၏။

ထိုမျက်လုံးနှင့် ထပ်မံ ရင်ဆိုင်ရချိန်တွင် ချန်းရီ၏ ကိုယ်တွင်း အလိုအလျောက် တုံ့ပြန်မှုအရ ရုပ်ပိုင်းဆိုင်ရာ မအီမသာ ဖြစ်မှုကို အနည်းငယ် ခံစားရသည်။

ထိုခံစားချက်မှာ သင့်လက်ထဲတွင် အချိန်ကိုက်ဗုံး တစ်လုံးကို ကိုင်ထားရသကဲ့သို့ပင်။

အန္တရာယ်ရှိမှန်း သိသိကြီးနှင့်ပင် ဆက်လက် ကိုင်ဆောင်ထားရပေသည်။

......

"ငယ်ငယ်တုန်းက ဦးလေးက ကျွန်မတို့အိမ်ကို ခဏခဏ လာလည်တတ်တယ်... အဖေကလွဲရင် ကျွန်မအပေါ် အကောင်းဆုံးလူက ဦးလေးပဲ"

"အရင်က ဦးလေး ကျွန်မတို့အိမ်ကို လာတိုင်း ကစားစရာတွေ အမြဲ ဝယ်လာပေးတတ်တယ်"

"နောက်ပိုင်း အဖေနဲ့အမေက အချိန်တစ်ခုအထိ အရမ်းအလုပ်များသွားတော့ ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တာက ဦးလေးပါပဲ"

"ကျွန်မ ကျောင်းက မိဘဆရာအစည်းအဝေးတွေကိုတောင် ဦးလေးကပဲ သွားတက်ပေးခဲ့တာ"

"အမ တင်းတုံ... အမ မသိပါဘူး... အဲဒီတုန်းကဆို ကျွန်မတို့ အတန်းပိုင်ဆရာမက ဦးလေးကိုပဲ ကျွန်မရဲ့ အုပ်ထိန်းသူလို့ ထင်နေခဲ့တာ"

"တစ်ခါကဆို ကျောင်းဆင်းတော့ အဖေက ပြန်ရောက်လာပြီး ကျောင်းလာကြိုတာကို ဆရာမက လူကို ထည့်မပေးလိုက်ဘူးလေ... ဟီးဟီး"

ဦးလေးဖြစ်သူ "ဝူကျန့်ရှန်း" ၏ ဇာတ်လမ်းများကို ပြောပြနေစဉ်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာပေါ်ရှိ ပုန်ကန်လိုသော အမူအရာများ များစွာ ပျောက်ကွယ်သွားပြီး ချိုမြိန်သော အပြုံးလေးများကသာ ဖုံးလွှမ်းနေသည်။

"အမ တင်းတုံ... အမ မသိပါဘူး... ဦးလေးက အခုဆို ကျွန်မအတွက် အရင်းနှီးဆုံး သူပါပဲ"

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မိသားစု တစ်ခုလုံးမှာ ထိုသစ်ပင်ကြီး၏ စားသောက်ခြင်းကို ခံရပြီး မိစ္ဆာသစ်သီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဤသို့ပြောသည်မှာ အမှား မဟုတ်ပေ။

တင်းတုံက မျက်မှောင်ကြုတ်သည်။ တစ်နေရာရာတွင် တစ်ခုခု မှားယွင်းနေသကဲ့သို့ သူမ အမြဲတမ်း ခံစားနေရ၏။

"ဒါနဲ့ အမ တင်းတုံ... အမနဲ့ ကျွန်မဦးလေးက ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ"

တင်းတုံက "ဝူကျန့်ရှန်း" နှင့် ပတ်သက်သော မှတ်ဉာဏ်များကို စတင် ပြန်လည်စဉ်းစားကြည့်သည်။

"ဦးလေးဝူက အရင်တုန်းက ကျွန်မတို့အိမ်ရဲ့ အိမ်နီးချင်းလေ"

"ငယ်ငယ်တုန်းက ကျွန်မတို့အိမ်က ဆင်းရဲတယ်... အမေက မနက်တိုင်း အစောကြီး အလုပ်ထွက်သွားရတော့ အိမ်မှာ ကျွန်မတစ်ယောက်တည်း ကျန်နေခဲ့တာက များတယ်... ဒီအပိုင်းမှာတော့ ကျွန်မနဲ့ ညီမလေးက တော်တော်လေး တူတယ်လို့ ပြောရမယ်"

တင်းတုံ၏ ပြောပြချက်များအရ ထိုအိမ်နီးချင်း ဦးလေးသည် သူမ၏ ကြီးပြင်းလာမှု လမ်းခရီးတွင် အလွန် အရေးပါသော နေရာမှ ပါဝင်ခဲ့ပေသည်။

သူမ ကြီးပြင်းလာသည့်တိုင်အောင် အဖော်ပြုပေးခဲ့သည်ဟုပင် ပြောနိုင်သည်။

အကယ်၍ မမျှော်လင့်ထားသော ကိစ္စများသာ မဖြစ်ပေါ်ခဲ့ပါက "ဝူကျန့်ရှန်း" သည် သူမ၏ ပထွေးပင် ဖြစ်လာနိုင်ချေ ရှိပေသည်။

ငယ်စဉ်က တင်းတုံသည် အလွန် ပိန်လှီပြီး ကြောက်တတ်ကာ သူတစ်ပါး၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။ ထို့ကြောင့် အနိုင်ကျင့် မခံရစေရန် ကိုယ်ခံပညာ သင်ယူလိုစိတ်များ ပေါ်ပေါက်လာခဲ့၏။

သို့သော် တင်းတုံ၏ မိခင်တွင် သူမကို ကိုယ်ခံပညာ သင်တန်းသို့ အပ်နှံပေးရန် ငွေကြေး လုံးဝ မရှိခဲ့ပေ။

ထို့ကြောင့် "ဝူကျန့်ရှန်း" က ကိုယ်တိုင် ကိုယ်ခံပညာများကို သင်ကြားပေးခဲ့သည်။

"ဝူကျန့်ရှန်း" သည် တင်းတုံ၏ ဆရာဟု ဆိုနိုင်သကဲ့သို့ ဖခင်တစ်ဝက်ဟုလည်း ဆိုနိုင်ပေသည်။

သေချာသည်မှာ အကယ်၍ ဤနေရာတွင် အခြားသူတစ်ယောက်ယောက်သာ ရှိနေမည်ဆိုပါက ဤဇာတ်လမ်း နှစ်ခုကြားရှိ ကွာဟချက်ကို သိသိသာသာပင် ကြားသိနိုင်ပေလိမ့်မည်။

ယခင်က တင်းတုံ ကိုယ်တိုင်ပင်လျှင် ဇာတ်လမ်းထဲမှ ကွာဟချက်ကို သတိထားမိခဲ့သေး၏။

သို့သော် ခဏကြာပြီးနောက်တွင် တင်းတုံသည် ခုနက သူမ၏ သံသယကို မေ့ပျောက်သွားခဲ့ပြီး အတိတ်ကို လွမ်းဆွတ်တမ်းတခြင်းများထဲတွင်သာ နစ်မျောသွားတော့သည်။

"အင်း... အမ တင်းတုံ... ဒီလို တွက်ကြည့်မယ်ဆိုရင် ကျွန်မတို့ကလည်း ဆွေမျိုးတွေလို့ ပြောလို့ရတယ်နော်... ဟီးဟီး"

"ဟုတ်တယ်... ဦးလေးဝူက အခု ကျွန်မအတွက် အရေးအကြီးဆုံး လူပဲ"

"အင်းအင်း... ကျွန်မလည်း အဲဒီလိုပဲ တွေးထားတာ... ဘယ်သူပဲဖြစ်ဖြစ် ကျွန်မဦးလေးကို ထိခိုက်အောင်လုပ်ရဲရင် ကျွန်မ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုသည်။

"ပြီးတော့ အခု ဒီနေရာက ဒီလောက်တောင် ရှုပ်ထွေးနေတာဆိုတော့ ဦးလေးကို ကူညီဖို့အတွက် ကျွန်မ ဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီ"

"အမ တင်းတုံရော... ဘယ်လိုလဲ"

ဆက်ရန်...

All Chapters