Chapters

အခန်း ၁၁၇၃

Vol. 111 Ch. 1173

အခန်း ၁၁၇၃

Vol. 111 Ch. 1173

အခန်း ၁၁၇၃ ဆေးဖော်စပ်ခြင်း

လူတိုင်း ထိုင်ခုံနေရာ ယူကြသည်။ ထိုပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မျိုးနွယ်စုဝင်များလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

​ကျိရှန်နှင့် ကုလင်တို့အတွက် လုံချန်းက သူ့အနားတွင် ထိုင်ခုံနှစ်ခုံကို စီစဉ်ပေးလိုက်သည်။ မြွေဘုရင်မှာမူ လုံချန်း၏ ပခုံးပေါ်တွင် ပုဝါတစ်ထည်ကဲ့သို့ အေးဆေးနားနေပြီး စကားမပြောဘဲ တိတ်ဆိတ်နေရန် ကတိပေးထားသည့်အတိုင်း လိုက်နာနေသည်။

​"အရှင်သခင်... ဒီနေ့ပွဲစဉ်တွေနဲ့ ဘာတွေဖြစ်ပျက်မလဲဆိုတာကို ကုဝမ် ပြောပြထားပြီးပြီလား" ဘုရင်က မေးသည်။

​"သူပြောပြတာကတော့ အရင်းအမြစ်တွေ ဝေငှဖို့၊ လူငယ်လူကြီး ယှဉ်ပြိုင်ဖို့ ဆိုတာလောက်ပဲ။ ပြီးတော့ ဘာပွဲစဉ်တွေ ယှဉ်ပြိုင်ရမလဲဆိုတာကိုလည်း ဘုရင်ကပဲ ဆုံးဖြတ်ရမယ်လို့ ပြောပါတယ်" လုံချန်းက အေးဆေးစွာ ဖြေသည်။

​"ဟုတ်ပါတယ်၊ အဲဒါ အနှစ်ချုပ်ပါပဲ" ဘုရင်က ပြန်ဖြေသည်။ "ဒီပြိုင်ပွဲမှာ အဆင့် ၃ ဆင့် ရှိပါတယ်။ ပထမအဆင့်က ၂၅ နှစ်အောက် လူငယ်တွေ ယှဉ်ပြိုင်ရတာ။ ဒုတိယအဆင့်က အသက်အရွယ် ကြီးသူတွေ။ တတိယအဆင့်က မျိုးနွယ်စုခေါင်းဆောင်တွေ ယှဉ်ပြိုင်ရတာပါ။ ပထမအဆင့်က စီးပွားရေး လုပ်ပိုင်ခွင့်လိုမျိုး အရင်းအမြစ် သေးသေးလေးတွေ အတွက်ပါ။ ဒုတိယအဆင့်ကတော့ သစ်တော။ ရေကန်လိုမျိုး မြေနေရာတွေအတွက် ဖြစ်ပြီး တတိယအဆင့်ကတော့ အရေးအကြီးဆုံးဖြစ်တဲ့ ရွှေတွင်း။ ဆေးပင် တောင်တန်းတွေ အတွက် ဖြစ်ပါတယ်"

​"နားလည်ပါပြီ။ ဒါဆို ပထမ အဆင့်ကို စလိုက်တော့" လုံချန်းက ပြောသည်။ သူသည် အင်မော်တယ်ကမ္ဘာမှ လူငယ်များ၏ စွမ်းရည်ကို မြင်တွေ့ရရန် စိတ်လှုပ်ရှားနေသည်။

​"ဒီအခွင့်အရေးကို အရှင်သခင်ကိုပဲ ပေးချင်ပါတယ်။ ဘာနဲ့ ယှဉ်ပြိုင်ရမလဲဆိုတာ ဆုံးဖြတ်ပေးပါ" ဘုရင်က ဖားယားရင်း ပြောလိုက်သည်။

​ထိုစကားကြောင့် ကုဝမ်အပါအဝင် မျိုးနွယ်စုခေါင်းဆောင်အားလုံး အံ့ဩသွားကြသည်။ လုံချန်းက ကုမျိုးနွယ်စု ကျွမ်းကျင်သည့် အဆိပ်ဖော်စပ်ခြင်းကို ရွေးချယ်ပြီး ကုမျိုးနွယ်စုအား အသာစီးရအောင် လုပ်ပေးမည်ဟု အခြားသူများက တွေးထင်နေကြသည်။ ကုဝမ်ကိုယ်တိုင်ကလည်း လုံချန်းကို ကြိုတင် တိုင်ပင်မထားမိသည့်အတွက် နောင်တရနေသည်။

​သို့သော် လုံချန်းကမူ စိတ်ကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။ "ပထမအဆင့်ကို ဆေးဖော်စပ်ခြင်းနဲ့ ယှဉ်ပြိုင်စေချင်တယ်"

​ထိုအခါ ဆေးဖော်စပ်ခြင်းတွင် ကျွမ်းကျင်သည့် တုမျိုးနွယ်စု ခေါင်းဆောင်က ဝမ်းသာအားရ ဖြစ်သွားသည်။ ကုမျိုးနွယ်စုတွင် ကုလင်က ဆေးဖော်စပ်ခြင်းတွင် တော်သည့်အတွက် ကုဝမ်လည်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။

​"ဒါဆို ဆေးဖော်စပ်ခြင်းပဲပေါ့။ အားလုံး ဆေးအိုးတွေ အသင့်ပြင်ထားကြပါ။ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ သားရဲ သွေဖယ် ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးမြစ်တွေ ရှိပါတယ်။ အမြန်ဆုံးနဲ့ အရည်အသွေး အကောင်းဆုံး ဖော်စပ်နိုင်တဲ့သူက အနိုင်ရမှာပါ" ဘုရင်က ကြေညာလိုက်သည်။

​"မျိုးနွယ်စု တစ်စုချင်းစီက ပါဝင်သူ နှစ်ယောက်စီ လွှတ်ပေးရမယ်။ ကုမျိုးနွယ်စုကတော့ ကုလင်နဲ့ ကုရမ် သွားကြ" ကုဝမ်က အမိန့်ပေးသည်။

​လုံချန်းကမူ ပါဝင်သူများအား အာရုံမစိုက်ဘဲ ဆေးမြစ်များကိုသာ စိတ်ဝင်တစား ကြည့်နေသည်။ ဤဆေးမြစ်များသည် သူနေခဲ့သည့် ကမ္ဘာတွင် ရှာမရနိုင်သော ရတနာများ ဖြစ်သည်။

​"ရွှင်း... သားရဲသွေဖယ် ဆေးလုံးဆိုတာ ဘာလဲ" လုံချန်းက မေးသည်။

​"သူက သိပ်မထူးဆန်းပါဘူး။ နာမည်အတိုင်းပါပဲ၊ ကိုယ့်ထက် အစွမ်းထက်တဲ့ သားရဲတွေက လိုက်ဖမ်းရင် ဒီဆေးလုံးကို ပစ်ပေါက်လိုက်ရုံပါပဲ။ သားရဲတွေက ဒီဆေးကို စားဖို့ အလုပ်ရှုပ်သွားပြီး လိုက်ဖမ်းတာ ရပ်သွားမှာ" ရွှင်းက ရှင်းပြသည်။

​"ဪ... ဒါဆို သားရဲသခင်တွေ အတွက်ပေါ့" လုံချန်း တွေးလိုက်သည်။

​"အရှင်မင်းကြီးက ဆေးပညာရှင်လည်း ဟုတ်တာပဲလား" လုံချန်းက ဘုရင်ကို မေးသည်။

​"ဟုတ်ကဲ့၊ ကျွန်တော်က ဆေးပညာရှင်ပါ။ ဒါပေမဲ့ သားရဲသခင်တော့ မဟုတ်ဘူး။ ကျွန်တော့်သမီးက သားရဲသခင်ပါ။ ဒီဆေးလုံးတွေကို သူ့အတွက် လုပ်ပေးမလို့ပါ။ အခုလို ပြိုင်ပွဲမှာ သုံးတာလည်း မဆိုးပါဘူး။ ဒါနဲ့ ကျွန်တော့်သမီးက အပျိုလေးပဲ ရှိသေးတယ်။ မိတ်ဆက်ပေးရမလား" ဘုရင်က ဝဝဖိုင့်ဖိုင့် သမီးတော်ကို ညွှန်ပြကာ ပြောသည်။

​"စိတ်မဝင်စားဘူး" လုံချန်းက တိုတိုပြတ်ပြတ် ငြင်းလိုက်သည်။

​"အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် စလိုက်ကြပါတော့" ဘုရင်က ကြေညာလိုက်သည်။