← Chapters

အခန်း ၅၅၇

Vol. 38 Ch. 557

အခန်း ၅၅၇

Vol. 38 Ch. 557

အခန်း (၅၅၇) အရှေ့ဘက်တံခါး (အပိုင်း ၂)

“ဒီအချိန်မှာ ဂိုဏ်းကြီး (၇) ဂိုဏ်းက စုပေါင်းပြီး လမ်းပြကို ရှာဖို့ ထာဝရညတောင်ကြားကို ဝင်တိုက်တော့မယ် ဆိုတဲ့ သတင်းသာ ထွက်လာရင်...”

သွမ့်ဆုန်က အေးဆေးတည်ငြိမ်စွာပင် စကားကို ဆက်လိုက်သည်။

“အဲဒီသတင်းက တစ်စုံတစ်ယောက်ကိုတော့ ဂယောက်ဂယက် ဖြစ်သွားစေမှာ အသေအချာပဲ... အပေါ်ယံမှာတော့ လမ်းပြကို ရှာဖို့လို့ အကြောင်းပြထားပေမဲ့ တကယ့် ရည်ရွယ်ချက်အစစ်က ညသခင်ရဲ့ တည်နေရာကို စုံစမ်းဖို့ပဲ... ငါတို့သာ လျင်လျင်မြန်မြန်နဲ့ ပြတ်ပြတ်သားသား လှုပ်ရှားနိုင်မယ်ဆိုရင် သူ့ကို ကြားဖြတ်ဟန့်တားနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိပါသေးတယ်... ဒါပေမဲ့... တကယ်လို့ ငါတို့သာ သူ့ကို ကြားဖြတ်မတားနိုင်ခဲ့ရင်ရော...”

“ဟင့်အင်း... မလုပ်ပါနဲ့...”

ဆုမိုက ပြတ်သားစွာပင် ခေါင်းခါယမ်းလိုက်၏။

“သူ့ကို လိုက်ရှာမနေပါနဲ့ ခင်ဗျာ... အဲဒါက သမုဒ္ဒရာထဲမှာ အပ်ကျတာကို လိုက်ရှာနေသလိုပဲ... ညသခင်ရဲ့ စရိုက်နဲ့ ဉာဏ်ရည်အရဆိုရင် သူကသာ ပုန်းကွယ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သူက သိုင်းပညာတွေ အကုန်လုံး ဆုံးရှုံးသွားခဲ့ရင်တောင် သူ့ကို ရှာတွေ့ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရတာထက်တောင် ခက်ခဲလိမ့်ဦးမယ်... အဲဒီလို လိုက်ရှာနေတာက သူ့ကို တစ်ခုခု ရိပ်မိသွားအောင် သတိပေးလိုက်သလိုပဲ ဖြစ်လိမ့်မယ်...”

“သူ့ကို သေသွားပြီလို့ ကျွန်တော်တို့ တကယ် ယုံကြည်နေတယ်လို့ပဲ သူ ထင်ပါစေ... အဲဒီနောက်မှ ညသခင် သေဆုံးသွားတာကို အခွင့်ကောင်းယူပြီး အင်အားစုတွေ ပေါင်းစည်းကာ ထာဝရညတောင်ကြားကို တိုက်ခိုက်တာက ပိုပြီး ယုတ္တိရှိလိမ့်မယ်... ဒါပေမဲ့... လမ်းပြကို မရှာတွေ့သေးသရွေ့တော့ ထာဝရညတောင်ကြားရဲ့ တည်နေရာအစစ်ကို ရှာတွေ့ဖို့က မဖြစ်နိုင်သေးဘူးလေ... ဒါကတော့ ဒီကာလအတွင်းမှာ ပေါ်ပေါက်လာမယ့် တခြား အပြောင်းအလဲတွေအပေါ်မှာပဲ မူတည်လိမ့်မယ်...”

“တကယ်လို့ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်လာပြီဆိုရင် ထာဝရညတောင်ကြားက တဖြည်းဖြည်းနဲ့ နောက်ဆုတ်ပေးရလိမ့်မယ်... အဲဒီကြားထဲမှာ ညသခင်က တစ်ခုခု အကွက်ချဖို့ ကြံစည်လာရင်တော့ သူက အားနည်းချက်ကို ပြမိလိမ့်မယ်... တကယ်လို့ သူက ဘာမှဝင်မပါဘဲ လျစ်လျူရှုထားမယ်ဆိုရင်လည်း ထာဝရညတောင်ကြားက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ အခွင့်အရေး ရတာပေါ့... ဒီကစားပွဲမှာ အသာစီးရနေတာက အရှေ့မြို့ဂိုဏ်းတွေပဲ... ညသခင် အားကိုးလို့ ရတာဆိုလို့ သူ မသေသေးဘူးဆိုတဲ့ အချက်တစ်ခုပဲ ရှိတာ... သူက အရိပ်ထဲမှာ ပုန်းနေတာက အလားအလာ ကောင်းတယ်လို့ ထင်နေလိမ့်မယ်... ဒါပေမဲ့ အဲဒါက တကယ့်ကို အမှားကြီးပဲဗျ...”

သွမ့်ဆုန်သည် ဆုမို၏ စကားကို ကြားပြီးမှသာ သူ၏ အတွေးများကို သဘောပေါက်သွားတော့၏။ သူက ဆုမိုကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။

“မိုအာ ပြောတာ အဓိပ္ပာယ် ရှိပါတယ်... ညသခင်သာ လူလုံးထွက်ပြလာရင် သဲလွန်စတွေ သေချာပေါက် ပေါ်လာမှာပဲ... အဲဒီကျရင် ငါတို့လည်း အသင့်ဖြစ်နေမှာပေါ့... တကယ်လို့ သူက လူလုံးမပြလာဘူးဆိုရင်လည်း ငါတို့က အစစ်အမှန်အတိုင်းပဲ ရှေ့ဆက်ကြတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဘက်က သိပ်ပြီး နစ်နာစရာ မရှိပါဘူး... ဒါပေမဲ့ ဒီကိစ္စကိုတော့ လူသိရှင်ကြား မဖြစ်စေသင့်ဘူး ထင်တယ်...”

“ဟုတ်ပါတယ်...”

ဆုမိုက ခေါင်းညိတ်လိုက်၏။

“ဒီကိစ္စကို ဇီယန်အာမခံဌာနနဲ့ လင်ယွဲ့နန်းဆောင်ကပဲ သိထားရင် လုံလောက်ပါပြီ... တွမ်းဦးလေး... ခင်ဗျားက နောက်ပိုင်းမှာ ရှေ့တန်းကနေ ပါဝင်လာရမယ့်သူ ဆိုတော့ ဒါကို ကြိုတင် နားလည်ထားမှ နောက်ပိုင်း ပြဿနာတွေ ကြုံလာရတဲ့အခါ အချက်အခြာကို သဘောပေါက်မှာပါ... ပြီးတော့ ဝေဇီယီ... ဒီကိစ္စကို နင့်ရဲ့ ဆရာနဲ့ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်...”

ဝေဇီယီက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း တုံ့ပြန်လိုက်သည်။

“ငါ နားလည်ပါပြီ...”

သို့သော် သူမ၏ ရင်ထဲတွင်မူ ဆုမိုကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

ဤမျှ ကြောက်စရာကောင်းသော ရန်သူက လက်တစ်ကမ်းအကွာမှ လွတ်မြောက်သွားခြင်းအပေါ် သာမန်လူဆိုလျှင် စိတ်ပျက်အားငယ်ကာ ဂယောက်ဂယက် ဖြစ်နေမည်မှာ အမှန်ပင်။

သို့သော် ဆုမိုကမူ အချိန်တိုအတွင်းမှာပင် အရာအားလုံးကို ပြန်လည် ပြင်ဆင်နိုင်ခဲ့သည်။ သူ၏ အာရုံစိုက်မှုက ပတ်ဝန်းကျင် အခြေအနေတင် မဟုတ်ဘဲ အခြေအနေ တစ်ခုလုံးကို ခြုံငုံကြည့်မြင်နေခြင်းပင်။ ဤကဲ့သို့သော စိတ်ဓာတ်၊ ဉာဏ်ရည်နှင့် အစီအစဉ်ဆွဲမှုတို့က တကယ့်ကို လေးစားစရာ ကောင်းလှ၏။

သို့သော် ချီးကျူးမိသည်နှင့် တစ်ပြိုင်နက် သူမက နှုတ်ခမ်းကို မဲ့လိုက်ရင်း...

“တကယ့်ကို လှည့်ကွက်တွေ များတဲ့ လူယုတ်မာလေးပဲ...”

“...”

ဆုမိုမှာ ခဏမျှ ဆွံ့အသွားရတော့သည်။

သွမ့်ဆုန်က သူတို့နှစ်ဦးကို ကြည့်ကာ အတွေးများစွာ နယ်ချဲ့နေသော်လည်း ယခုအချိန်က ထိုအကြောင်းများကို ပြောရမည့်အချိန် မဟုတ်ကြောင်း သိသဖြင့် ဆုမိုကို မေးခွန်းတစ်ခု ထပ်မေးလိုက်၏။

“မိုအာ... တကယ်လို့ ဂိုဏ်းကြီး (၇) ဂိုဏ်းက ထာဝရညတောင်ကြားကို စုပေါင်းတိုက်ခိုက်ကြမယ် ဆိုရင်... ယူချွမ်ဂိုဏ်းကိုရော ဘယ်လို လုပ်ကြမလဲ...”

ထိုမေးခွန်းကို ကြားတော့ ဆုမိုက သူ၏ မေးစေ့ကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ရင်း ပြုံးလိုက်သည်။

“ကျွန်တော့် သဘောအတိုင်းဆိုရင်တော့ လွယ်ပါတယ်... ချီမေတောအုပ်ကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ရုံပဲ... ပြီးရင် မိုးအေးတောင်ကြားနဲ့ ချင်းရှုတောင်ကနေ ဆုတ်ခွာပြီး ထာဝရညတောင်ကြားကို တစ်ပြိုင်နက်တည်း အပြတ်အသတ် ဝင်တိုက်လိုက်မယ်လေ...”

(ယခင်အပိုင်းများက ချင်းရှို့ကို ချင်းရှုဟု ပြင်ဆင် ဖတ်ရှုပေးပါရန်)

“ဟင်...”

သွမ့်ဆုန်မှာ ထိတ်လန့်သွားပြီး ဆုမို နောက်ပြောင်နေသည်ဟု ပထမဆုံး ထင်လိုက်မိသည်။ သို့သော် ထပ်မံ စဉ်းစားကြည့်လိုက်သောအခါ သူ လေပူများကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်မိတော့၏။

“ကျားကို မောင်းထုတ်ပြီး ဝံပုလွေကို ဝါးမြိုခိုင်းတာလား...”

“ဟုတ်တယ်...”

ဆုမိုက ခေါင်းညိတ်ပြလိုက်၏။

“ယူချွမ်ဂိုဏ်းချုပ်က သေသွားပြီ... ထာဝရညတောင်ကြားရဲ့ ညသခင်ကလည်း သေသွားပြီလေ...”

“နေဦး...”

ဝေဇီယီက လျင်မြန်စွာပင် ဖြတ်ပြောလိုက်သည်။

သွမ့်ဆုန်မှာလည်း မှင်သက်သွားရင်း...

“ယူချွမ်ဂိုဏ်းချုပ်က ဘယ်တုန်းက သေသွားတာလဲ...”

“...မနေ့က နေ့ခင်းပိုင်းကပဲ...”

ယခုက မိုးလင်းနေပြီ ဖြစ်သဖြင့် မနေ့က နေ့ခင်းပိုင်းဟု ပြောလျှင် မှန်ကန်၏။

“သူ ဘယ်လို သေသွားတာလဲ...”

သွမ့်ဆုန်က အလောတကြီး မေးလိုက်သည်။

ဆုမိုက ခဏမျှ စဉ်းစားလိုက်ပြီးမှ...

“ညသခင်က ယူချွမ်ဂိုဏ်းချုပ်ကို ထျန်းချူမြို့ထဲရောက်အောင် လှည့်စားပြီး ခေါ်လာခဲ့တာ... အဲဒီမှာ ဂိုဏ်းကြီး (၇) ဂိုဏ်းက သိုင်းပညာရှင်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံခဲ့ရတာလေ...”

“ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ လူတွေရော... အထိအခိုက် များလား...”

ဝေဇီယီနှင့် သွမ့်ဆုန်တို့မှာ မျက်နှာပျက်သွားကြ၏။ ယူချွမ်ဂိုဏ်းချုပ်၏ သိုင်းပညာက ထူးခြားလွန်းလှသဖြင့် သူသာ သေဆုံးသွားခဲ့လျှင် ဂိုဏ်းကြီး (၇) ဂိုဏ်းမှ ပညာရှင်များလည်း အထိနာခဲ့မည်မှာ အသေအချာပင်။

“ကိစ္စမရှိပါဘူး... ဒဏ်ရာ အနည်းအကျဉ်းစီပဲ ရကြတာပါ...”

“...ဒါက မဟုတ်သေးဘူးလေ...”

သွမ့်ဆုန်က စကားကို ရပ်လိုက်ရင်း...

“နေဦး... မင်းက ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ ပညာရှင်တွေ ဝိုင်းတိုက်ကြတယ်လို့ပဲ ပြောတာ... ယူချွမ်ဂိုဏ်းချုပ်က အဲဒီလို ဝိုင်းတိုက်လို့ သေသွားတာလို့ မပြောဘူးနော်... သူ တကယ်က ဘယ်လို သေသွားတာလဲ...”

“ကျွန်တော်ကပဲ လက်ဝါးတစ်ချက်တည်းနဲ့ သူ့ကို အသက်ပျောက်အောင် လုပ်လိုက်တာပါ...”

ဆုမိုသည် လက်နှစ်ဖက်ကို ဖြန့်ပြကာ အမှန်တရားကို ဖွင့်ဟလိုက်ရတော့သည်။

သွမ့်ဆုန်နှင့် ဝေဇီယီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခဏမျှ ဘာပြောရမှန်း မသိဘဲ ဆွံ့အသွားကြ၏။

ဆုမိုသည်လည်း ဤအကြောင်းကို ထပ်မံ ရှင်းမပြတော့ဘဲ စကားလမ်းကြောင်းကို ပြန်ဆက်လိုက်သည်။

“ဒီလူနှစ်ယောက်က... တစ်ယောက်ကတော့ တကယ် သေသွားတာ၊ နောက်တစ်ယောက်ကတော့ သေချင်ယောင် ဆောင်ထားတာ... ဒါပေမဲ့ အပြင်လူတွေအတွက်ကတော့ ရလဒ်က အတူတူပါပဲ... ကျိလေ နန်းတော်ရဲ့ ဒုတိယနန်းတော်သခင်က ပျောက်ဆုံးနေပေမဲ့ နန်းတော်သခင်ကတော့ အခုထိ ဘေးကင်းကင်း ရှိနေသေးတယ်လေ... ဒီလို အရှုံးနဲ့ အမြတ်တွေ ကြားမှာ မိစ္ဆာဂိုဏ်း (၃) ဂိုဏ်းက တစ်စိတ်တစ်ဝမ်းတည်း ရှိနေဖို့က မဖြစ်နိုင်တော့ဘူး... ကျိလေ နန်းတော်က ဘယ်လိုလုပ်ပြီး…”

--

All Chapters