← Chapters

အခန်း ၆၉၅

Vol. 47 Ch. 695

အခန်း ၆၉၅

Vol. 47 Ch. 695

အခန်း (၆၉၅) - ကောင်းကင်ဘုံကပ်ဘေးကို ဝါးမြိုခြင်း၊ ကြယ်တစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ

“ဂိုဏ်းချုပ် ... ရှင်က တကယ်ကို အစွမ်းထက်တာပဲနော်”

ဟူဖေးဖေးသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ယဲ့ဖုန်း၏ ဘေးနားသို့ ရောက်ရှိလာသည်။

သူမ၏ မျက်ဝန်းများမှာ ယဲ့ဖုန်း၏ ကိုယ်ပေါ်မှ ရွှေရောင် အလင်းတန်းများကို ကြည့်ကာ အားကျ ကြည်ညိုမှုများဖြင့် ပြည့်နှက်နေ၏။

“တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်လောက်ကတော့ လက်သီးတစ်ချက်တည်းနဲ့ အဆုံးသတ်လို့ ရပါတယ်”

ယဲ့ဖုန်းက ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။ သူသည် ‘နေမင်း နတ်ဘုရားလက်သီး’ ၏ စွမ်းအားကို စတင် စမ်းသပ်ရုံသာ ရှိသေးသည်။ ဤနတ်ဘုရားစွမ်းရည်မှာ အသစ်ဖန်တီးထားကာ အချောသတ်ရန် လိုအပ်နေသေးသဖြင့် အထွတ်အထိပ် အခြေအနေသို့ မရောက်ရှိသေးပေ။ အကယ်၍သာ အပြည့်အဝ အချောသတ်ပြီးပါက ... နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်များပင်လျှင် တောင့်ခံနိုင်မည် မဟုတ်ချေ။

“ဂိုဏ်းချုပ်ကတော့ တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ”

ဟူဖေးဖေးက အဆက်မပြတ် ချီးကျူးနေတော့၏။ သူတို့နှစ်ဦးကြားတွင် ပြင်းထန်သော တိုက်ပွဲ မဖြစ်ပွားသဖြင့် အားလှိုင်းများမှာ သိပ်မကြီးမားလှပေ။ ထို့ကြောင့် အဝေးမှ စောင့်ကြည့်နေကြသော ပညာရှင်များမှာ သူတို့၏ စကားဝိုင်းကို ကြားနိုင်စွမ်း မရှိကြချေ။

ယဲ့ဖုန်းက ယုံကြည်မှုအပြည့်ဖြင့် မှာကြားလိုက်၏။

“မင်းသမီးလေး ... လနီတံခါးကို ဆက်ပြီး တိုက်ခိုက်နေစမ်းပါ.. ကြယ်တစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာအဖြစ် တက်လှမ်းနိုင်ဖို့ စွမ်းအင်တွေကို မြန်မြန် စုဆောင်းရမယ်”

“နားလည်ပါပြီ”

ဟူဖေးဖေးသည် ဟွမ်ယွမ်တုတ်ကို ထမ်းကာ လနီတံခါးကို ထုနှက်တော့၏။ သို့သော် သူမ၏ တိုက်ခိုက်ရေး စွမ်းအင်များမှာ ကုန်ဆုံးနေပြီဖြစ်ရာ ဒုတိယ တိုက်ခိုက်ရေးပုံစံသို့ ပြန်လည် ကျဆင်းသွားသည်။ ထို့ကြောင့် ရိုက်ချက် တစ်ချက်လျှင် စွမ်းအင် ၀.၀‌၃ % ~ ၀.၀၄% ခန့်သာ စုပ်ယူနိုင်တော့၏။

သို့သော်လည်း ဤနှုန်းမှာ အတော်လေး မြန်ဆန်နေဆဲ ဖြစ်သည်။ ဤအတိုင်း ဆိုပါက ရက်အနည်းငယ်အတွင်း စွမ်းအင်များ ပြည့်သွားပေလိမ့်မည်။

"ဝီး..ဝီး..ဝီး.."

ဟူဖေးဖေး၏ တိုက်စစ်များမှာ အဆက်မပြတ် ကျရောက်နေသည်။ သူမ ပြင်းပြင်းထန်ထန် တိုက်ခိုက်လေတိုင်း ထွက်ပေါ်လာသော အားလှိုင်းများမှာ အလွန်ပင် ကြီးမားလှသည်။ မိုင်ပေါင်း သန်းနှင့်ချီ ဝေးသော နေရာများမှ ကောင်းကင်မျက်လုံး အတတ်ကို ဖွင့်ထားကြသော ကျင့်ကြံသူတိုင်း ဤမြင်ကွင်းကို မြင်တွေ့နေကြရ၏။

“ကောင်းကင်ပျံ ဧကရီ က လနီတံခါးကို ထပ်ပြီး တိုက်နေပြန်ပြီ”

“သူ ဖျက်လို့ မရဘူးဆိုတာကို သိသိကြီးနဲ့ ... ဘာလို့ ဒီလောက်အထိ ကြိုးစားနေရတာလဲ”

“ဒါ..တစ်ခုခုတော့ အဓိပ္ပာယ် ရှိရမယ်”

အင်အားစု အသီးသီးမှ ပညာရှင်များမှာ တစ်ဦးတစ်မျိုးစီ ခန့်မှန်းနေကြသည်။

ထိုစဉ် ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးက သဘောပေါက်သွားဟန်ဖြင့် ပြောဆိုလိုက်၏။

“ငါ သိပြီ ကောင်းကင်ပျံ ဧကရီ က လနီတံခါးကို တမင်တကာ ထုရိုက်နေဝာာ.. အထဲက မြွေကို အပြင်ထွက်လာအောင် ချောက်ထုတ်နေတာပဲ”

“နတ်ဘုရားမျိုးနွယ်စုက ပညာရှင်တွေ ထွက်လာတာနဲ့ သူတို့ ချက်ချင်း အပြတ်ရှင်းမှာပေါ့”

“ခုနက ဖြစ်သွားတာကိုပဲ ကြည့်လေ.. အထဲက ထွက်လာတဲ့သူက ထိပ်တန်း ကောင်းကင်ဧကရာဇ် ဆိုရင် ... ကောင်းကင်ပျံ ဧကရီ ကပဲ အမြစ်ပြတ် သတ်ပစ်လိမ့်မယ်.. အကယ်၍ တပိုင်း အဆင့် သူတော်စင် ထွက်လာရင်တော့ ... ဂိုဏ်းချုပ်ယဲ့က ဝင်ပြီး ဖြေရှင်းလိမ့်မယ်.. ဒီနည်းနဲ့ သူတို့က နတ်ဘုရားမျိုးနွယ်စုရဲ့ အင်အားတွေကို တစ်စစီ ဖြိုခွဲနေကြတာပဲ”

ဤကောက်ချက်မှာ ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးသို့ မီးလို ဟုန်းဟုန်းတောက်သွားတော့၏။

“ဪ ... ဒီလိုကိုး”

“ဒါဆိုရင် ဂိုဏ်းချုပ်ယဲ့က တကယ့်ကို သတ္တိရှိတာပဲ။ နတ်ဘုရားမျိုးနွယ်စုရဲ့ ပညာရှင်တွေကို ကိုယ်တိုင် အန္တရာယ်ခံပြီး နှိမ်နင်းပေးနေတာပဲ။ တကယ့်ကို စံနမူနာယူစရာ ပါပဲလား”

“ဂိုဏ်းချုပ်ယဲ့ကတော့ တကယ်ကို အားကိုးထိုက်တဲ့သူပဲ”

ရှန်ကျိုးတိုက်ကြီး အနှံ့အပြားတွင် ယဲ့ဖုန်းကို ချီးကျူးသံများ ဖုံးလွှမ်းသွားတော့၏။

---

စိမ်းပြာရောင် တားမြစ်နယ်မြေအတွင်း၌..

ယဲ့ဖုန်းသည် ‘နေမင်း နတ်ဘုရားလက်သီး’ ကို အချောသတ်နေစဉ်အတွင်း နားထဲတွင် စနစ်၏ အသိပေးသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

ဂိုဏ်း၏ ဂုဏ်သတင်းရမှတ်များနှင့် ယုံကြည်မှုစွမ်းအားများမှာ တစ်ဟုန်ထိုး တိုးတက်နေခြင်းပင်။

ယခုအခါ ဂိုဏ်း၏ ဂုဏ်သတင်းမှာ နှစ်ဘီလီယံကို ကျော်လွန်ကာ သုံးဘီလီယံသို့ ဦးတည်နေပြီ ဖြစ်သည်။ ယုံကြည်မှုစွမ်းအားမှာလည်း ဘီလီယံ နှစ်ရာကျော်သွားပြီဖြစ်ရာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် စတုတ္ထအလွှာ၏ အထွတ်အထိပ် စွမ်းအားများကို ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။

'ယုံကြည်မှုစွမ်းအားက လိုသေးတာပဲ'

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်မိ၏။ သူ တွက်ချက်ကြည့်လိုက်ရာ ယုံကြည်မှုစွမ်းအားမှာ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရန်အတွက် အနည်းဆုံး ဘီလီယံ နှစ်ရာ၊ သုံးရာခန့် ထပ်မံ လိုအပ်နေသေးသည် မဟုတ်ပါလား။ ယုံကြည်မှုစွမ်းအား ကောင်းကင်ဧကရာဇ် ဖြစ်လာရန်မှာ လိုအပ်ချက်များစွာ ရှိနေသေးသည်။

“စနစ် ... ငါ အခုကစပြီး ရှေးဟောင်းသူရဲကောင်း ဝိညာဉ်စွမ်းအားနဲ့ ဝိညာဉ်အာရုံစွမ်းအားကို ပေါင်းစပ်ပြီး တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဖြစ် တက်လှမ်းဖို့ ကြိုးစားရင် ရမလား” ဟု ယဲ့ဖုန်းက မေးမြန်းလိုက်၏။

'ရပါတယ် ... ဒါပေမဲ့ ဂိုဏ်းချုပ် အဆင့်တက်ဖို့ လိုအပ်တဲ့ မူလစွမ်းအား ငါးမျိုးကို သေချာ စဉ်းစားပြီးပြီလား။ ပေါင်းစပ်တဲ့ အစီအစဉ်အလိုက် ရရှိလာမယ့် ခွန်အားတွေက ကွာခြားမှု ရှိနိုင်တယ်.. အဲဒီတော့ အကောင်းဆုံး နည်းလမ်းကို သေချာ ရွေးချယ်ပါ' ဟု စနစ်က ပုံမှန်ထက် ပို၍ ရှည်လျားစွာ အကြံပြုလိုက်၏။

ယဲ့ဖုန်း ချက်ချင်းပင် စဉ်းစားခန်း ဝင်သွားတော့၏။

'လောလောဆယ် ငါ့မှာ ရှိတဲ့ စွမ်းအားတွေက ... အချိန်စွမ်းအား၊ ဟင်းလင်းပြင်စွမ်းအား၊ နေမင်းစွမ်းအား၊ ဝိညာဉ်အာရုံစွမ်းအား၊ ယုံကြည်မှုစွမ်းအား၊ ရုပ်ခန္ဓာခွန်အား၊ သတ်ဖြတ်ခြင်းအရှိန်အဝါနဲ့ သူရဲကောင်းဝိညာဉ်စွမ်းအား စုစုပေါင်း ရှစ်မျိုး ရှိတာပဲ'

'ဒါပေမဲ့ အချိန်စွမ်းအား၊ ဟင်းလင်းပြင်စွမ်းအားနဲ့ ရုပ်ခန္ဓာခွန်အားကိုတော့ ပေါင်းစပ်လို့ မရဘူး.. ဒါဆိုရင် ကျန်တဲ့ စွမ်းအား ငါးမျိုးပဲ ကျန်တော့တာပေါ့'

'ဝိညာဉ်အာရုံစွမ်းအား၊ ယုံကြည်မှုစွမ်းအား၊ သတ်ဖြတ်ခြင်းအရှိန်အဝါ၊ သူရဲကောင်းဝိညာဉ်စွမ်းအားနဲ့ နေမင်းစွမ်းအား ... ဒီငါးမျိုးကို ပေါင်းစပ်ပြီး နိယာမသူတော်စင် ဖြစ်အောင် လုပ်ရင်ရော ဘယ်လိုလဲ.. စနစ် ... မင်း ဘယ်လို ထင်လဲ'

ယဲ့ဖုန်းက စိတ်ရှည်စွာ မေးမြန်းလိုက်၏။

'ဒီစွမ်းအား ငါးမျိုးက အဆင်ပြေပါတယ်' စနစ်က အဖြေပေးလိုက်သည်။

'ပေါင်းစပ်မယ့် အစီအစဉ်အတွက်ကတော့ ... ယုံကြည်မှုစွမ်းအား ကောင်းကင်ဧကရာဇ်အဆင့် ရောက်ပြီးမှ ဉာဏ်အလင်းပွင့် နှလုံးသားကို သုံးပြီး အကောင်းဆုံး နည်းလမ်းကို ထပ်ပြီး တွက်ချက်သင့်ပါတယ်' စနစ်က ထပ်လောင်း အကြံပြုလိုက်ပြန်သည်။

“ပြဿနာ မရှိပါဘူး”

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

‘ကြည့်ရတာ စနစ်က ငါ့ကို အခုချက်ချင်း အဆင့်တက်ဖို့ အကြံမပေးတာက အခုသွားမယ့် လမ်းစဉ်က အကောင်းဆုံး မဟုတ်သေးလို့ကိုး’

'ဒါဆိုရင် ပထမဆုံး ပေါင်းစပ်ရမယ့် စွမ်းအားထဲမှာ ယုံကြည်မှုစွမ်းအား ပါကိုပါရမယ်.. ဒါပေမဲ့ ဘယ်စွမ်းအားနဲ့ အရင် ပေါင်းစပ်ရမလဲဆိုတာကတော့ ... '

ယဲ့ဖုန်း အတွေးထဲ နစ်ဝင်သွားတော့၏။

---

မျက်တောင်တစ်ခတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားလေပြီ။

ဟူဖေးဖေးမှာမူ မမောမပန်းဘဲ လနီတံခါးကိုသာ တရစပ် ထုရိုက်နေခဲ့သဖြင့် အဆင့်တက်ရန် စွမ်းအင်များ ပြည့်သွားခဲ့တော့သည်။

[ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၁၀၀%]

ထိုနေ့တွင် ယဲ့ဖုန်းသည် သူ မျှော်လင့်နေသော အသိပေးသံကို ကြားလိုက်ရသည်။

“ဂိုဏ်းချုပ် ... ကျွန်မ စွမ်းအင်တွေ ပြည့်သွားပြီ”

ဟူဖေးဖေးသည် ဝမ်းသာအားရဖြင့် ယဲ့ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

“မင်းကတော့ ထပ်ပြီး ငါ့ကို လာထိပြန်ပြီ”

ယဲ့ဖုန်းက ဟူဖေးဖေး၏ နဖူးကို လက်ဖြင့် တွန်းကာ ဖယ်ရှားလိုက်၏။

“စွမ်းအင်တွေ ပြည့်ပြီဆိုတော့ ... ကပ်ဘေးကို ကျော်ဖြတ်ပြီး ကြယ်တစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာအဖြစ် တက်လှမ်းဖို့ ပြင်ဆင်တော့”

ယဲ့ဖုန်းသည် လက်နက်သွန်းဖို ကို ထုတ်ယူလိုက်၏။ မကြာသေးမီက လက်နက်သွန်းဖိုသည်လည်း လက်နက်များကို အဆက်မပြတ် သွန်းလုပ်ပေးခဲ့သဖြင့် စွမ်းအင်များ စုဆောင်းမိနေလေပြီ။

၎င်းသည်လည်း အသွင်ပြောင်းရန် အသင့်ဖြစ်နေတော့၏။ အောင်မြင်ခဲ့မည် ဆိုပါက ကပ်ဘေးကို ကျော်ဖြတ်ပြီး အဆင့်မြင့် ဝိညာဉ်ရတနာအဖြစ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

“ဝုန်း”

ရုတ်တရက် လက်နက်သွန်းဖိုသည် ကောင်းကင်သို့ ပျံတက်သွားပြီး ကမ္ဘာပျက်ကပ် ကောင်းကင်ဘုံကပ်ဘေးကို ဆင့်ခေါ်လိုက်၏။

“စပြီဟေ့”

ယဲ့ဖုန်း တကယ်ကို မျှော်လင့်နေမိသည်။ လက်နက်သွန်းဖိုသာ အဆင့်မြင့် ဝိညာဉ်ရတနာ ဖြစ်သွားခဲ့လျှင် သူသည် ကောင်းကင်ကျောက်တိုင် ကို ပြုပြင်နိုင်မည် မဟုတ်ပါလား။

သို့သော် သူ၏ ခွန်အားက မလုံလောက်သေးသဖြင့် ပြုပြင်ပြီးလျှင်ပင် ထိုကျောက်တိုင်ကို ခေတ္တ သိမ်းထားဦးမည်ဟု ဆုံးဖြတ်လိုက်၏။ သူ လုံလောက်အောင် သန်မာလာမှသာ လွင့်မျော တောင်တန်းဆီကို သွားပြီး နတ်ဘုရားမျိုးနွယ်စုကို အငိုက်ဖမ်း တိုက်ခိုက်ရမည်။

“ဂျိန်း”

လက်နက်သွန်းဖို၏ ကပ်ဘေးမှာ မြန်ဆန်စွာ ကျရောက်လာသည်။ သို့သော် သွန်းဖိုမှာလည်း အချဉ် မဟုတ်ပေ။ ၎င်းသည် အဖုံးကို ဖွင့်လိုက်သည်နှင့် ဧရာမ လေပွေကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ မိုးကြိုးများကို ရူးသွပ်စွာ ဝါးမြိုတော့၏။ ထိုမိုးကြိုးများကို မရေမတွက်နိုင်သော ရှေးဟောင်း မှော်စာလုံးများအဖြစ် ပြောင်းလဲကာ သွန်းဖိုနံရံများတွင် ရေးထွင်းလိုက်ခြင်းဖြင့် သူ၏ အရည်အသွေးကို မြှင့်တင်နေလေသည်။

အခြားတစ်ဖက်တွင်မူ ...

ဟူဖေးဖေးမှာ အိပ်မောကျသွားခဲ့ပြီး သူမ စုဆောင်းထားသော စွမ်းအင်များကို အသုံးပြုကာ စတင် အသွင်ပြောင်းလိုက်၏။

"ဝှစ်"

ဤတစ်ကြိမ်တွင် ယဲ့ဖုန်းမှာ အမှားအယွင်း မရှိစေရန်အတွက် ဟူဖေးဖေးကို အချိန် ဆယ်ဆ အရှိန်မြှင့်ထားသော ဝင်္ကပါအတွင်း ထည့်သွင်းထားလိုက်သည်။ ထို့ကြောင့် အသွင်ပြောင်းခြင်းမှာ ရက်အနည်းငယ်အတွင်း ပြီးဆုံးသွားပေလိမ့်မည်။

ကောင်းကင်ယံတွင် လက်နက်သွန်းဖို၏ ကပ်ဘေးကျော်ဖြတ်မှုမှာ ချောမွေ့နေသည်။ ၎င်းသည် မိုးကြိုးအားလုံးကို ဝါးမြိုကာ အဆင့်မြင့် ဝိညာဉ်ရတနာအဖြစ်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့တော့၏။ သူ၏ မျက်နှာပြင်မှာလည်း ယခင်ကထက် ပိုမို တောက်ပနေတော့သည်။

“ဂလွမ်”

လက်နက်သွန်းဖိုသည် အဖုံးကို ပြန်ပိတ်ကာ ယဲ့ဖုန်း၏ လက်ဝါးပေါ်သို့ ဆင်းသက်လိုက်၏။ ၎င်းသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေ၏။

“ကောင်းတယ်”

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သွန်းဖိုကို ပြန်လည် သိမ်းဆည်းလိုက်သည်။

ဆက်လက်၍ သူသည် ‘နေမင်း နတ်ဘုရားလက်သီး’ ကို ဆက်လက် မွမ်းမံနေသည်။ ထိုအချိန်အတွင်း လနီတံခါးမှ ထွက်ပေါ်လာသော နတ်ဘုရားမျိုးနွယ်စု ပညာရှင်များကို ယဲ့ဖုန်းက စမ်းသပ်ခံများအဖြစ် အသုံးပြုကာ နေမင်း နတ်ဘုရားလက်သီးဖြင့် လိုက်လံ အမှုန့်ခြေနေတော့၏။

---

မိုင်ပေါင်း သန်းနှင့်ချီ ဝေးသော နေရာတွင် ဖြစ်သည်။

ရှောင်ချန်းထျန်းသည် ယဲ့ဖုန်းက ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးကို နေမင်း နတ်ဘုရားလက်သီးဖြင့် အဆုံးသတ်လိုက်သည်ကို ကြည့်ကာ ဆွံ့အလျက် ရှိနေသည်။

'ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ယောက်တည်းအတွက်နဲ့ ဒီလောက်အထိ လုပ်စရာ လိုလို့လား'

ထိပ်တန်း ကောင်းကင်ဧကရာဇ် တစ်ဦးကို နေမင်း နတ်ဘုရားလက်သီးဖြင့် သတ်ခြင်းမှာ ပုရွက်ဆိတ်ကို သတ်ရန် ဧရာမ တူကြီးဖြင့် ရိုက်သကဲ့သို့ပင် ဖြစ်သည် မဟုတ်ပါလား။ တကယ့်ကို နှမြောစရာ ကောင်းလှသည်။ ရှောင်ချန်းထျန်းမှာ ယဲ့ဖုန်း၏ လုပ်ရပ်များကို ပိုပိုပြီး နားမလည်နိုင်အောင် ဖြစ်လာရသည်။

“ဂျိန်း ဂျိန်း ဂျိန်း”

ရုတ်တရက် ကောင်းကင်ယံထက်တွင် အရပ်မျက်နှာ အနှံ့အပြားမှ မိုးကြိုးများ စုစည်းလာပြီး အသည်းထိတ်ဖွယ် ကမ္ဘာပျက်ကပ် ကပ်ဘေးကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။ ရှောင်ချန်းထျန်းသည် ထိုမိုးကြိုးများ၏ ပြင်းထန်မှုကို အာရုံခံမိလိုက်ပြီး မှင်တက်သွားရသည်။

“ဒါ ... ဒါက တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဖြစ် တက်လှမ်းမယ့် ကမ္ဘာပျက်ကပ် ကပ်ဘေးပဲ ... ။ ဒါဆိုရင် ကောင်းကင်ပျံ ဧကရီ က တပိုင်း အဆင့် သူတော်စင် ဖြစ်တော့မှာလား”

“အရမ်း မြန်လွန်းတာ မဟုတ်ဘူးလား”

ရှောင်ချန်းထျန်း၏ နှလုံးသားမှာ ဤမျှလောက်သော ဒဏ်ကို မခံစားနိုင်တော့ချေ။

*

လနီတံခါး၏ အထက်တွင်..

“ဟားဟား ... ဒါ ငါ အကြိုက်ဆုံး ကောင်းကင်ဘုံကပ်ဘေးပဲဟေ့”

ဟူဖေးဖေးသည် အသွင်ပြောင်းခြင်းမှ နိုးထလာပြီး ကောင်းကင်သို့ ပျံတက်သွားသည်။

လူပေါင်းများစွာ၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်တွင် သူမသည် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ပြီး ... ကောင်းကင်ယံမှ ကပ်ဘေး မိုးကြိုးများ အားလုံးကို တစ်ပြိုင်နက်တည်း ဝါးမြိုပစ်လိုက်၏။

-

All Chapters