← Chapters

အခန်း ၆၉၆

Vol. 47 Ch. 696

အခန်း ၆၉၆

Vol. 47 Ch. 696

အခန်း (၆၉၆) - တပိုင်း အဆင့် သူတော်စင် နှစ်ဦးရှိသော ဂိုဏ်းနှင့် ကျောက်သားဝိညာဉ် မွေးဖွားခြင်း

ကောင်းကင်ပျံ ဧကရီက ကောင်းကင်ဘုံကပ်ဘေးကို တစ်လုပ်တည်းနှင့် ဝါးမြိုပစ်လိုက်၏။

ဤသတင်းက အရပ်မျက်နှာအနှံ့ကို တုန်လှုပ်သွားစေတော့၏။ ၎င်းမှာ တပိုင်း အဆင့် သူတော်စင်အဆင့်သို့ တက်လှမ်းမည့် ကမ္ဘာပျက်ကပ် ကပ်ဘေးကြီးဖြစ်ရာ အင်မတန် အစွမ်းထက်လှသည်။

အစွမ်းထက်လှသော ရှောင်ချန်းထျန်းပင်လျှင် ထိုကပ်ဘေးကြောင့် တစ်ကိုယ်လုံး မည်းတူးသွားခဲ့ရသည် မဟုတ်ပါလော။

ထိုစဉ်က ရှောင်ချန်းထျန်းသည် ကပ်ဘေး၏ အစိတ်အပိုင်းအချို့ကိုသာ ဝါးမြိုရဲခဲ့ပါသည်။

သို့သော် ဟူဖေးဖေးမှာမူ ကောင်းကင်ယံမှနေ၍ ကြမ်းတမ်းစွာ ထွက်ပေါ်လာခဲ့၏။

သူမသည် ကပ်ဘေးတစ်ခုလုံးကို အကုန်အစင် ဝါးမြိုပစ်လိုက်ပြီးနောက် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်၏ ပေါက်ကွဲထွက်လာသော အရှိန်အဝါများကို ထုတ်ဖော်လိုက်ရာ လူတိုင်းကို အံ့ဩမှင်တက်သွားစေတော့၏။

“နောက်ဆုံးတော့ ထိုးဖောက်နိုင်ခဲ့ပြီပဲ”

ဘေးတွင် ရပ်နေသော ယဲ့ဖုန်း၏ မျက်နှာတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။ ယခုအခါ ဟူဖေးဖေးသည် ကြယ်တစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာအဖြစ်သို့ တက်လှမ်းနိုင်ခဲ့တော့၏။ သို့သော် ယဲ့ဖုန်းကို အံ့ဩသွားစေသည့်အချက်မှာ သူမ၏ ရုပ်သွင်မှာ သိသိသာသာ မပြောင်းလဲသွားဘဲ သူမ၏ အနောက်ရှိ အမြီးများမှာလည်း ကိုးချောင်းသာ ရှိနေဆဲပင် ဖြစ်၏။

'ဘာလို့ အခုထိ ကိုးမြီးနတ်မိမယ်ပဲ ဖြစ်နေရတာလဲ' ယဲ့ဖုန်း နားမလည်နိုင်အောင် ဖြစ်နေရသည်။

ဟူဖေးဖေးက သူမ၏ နှင်းပမာ ဖြူစင်သော လက်ချောင်းလေးများဖြင့် မေးစေ့ကို ထောက်ကာ ခေါင်းလေး စောင်းကာ စဉ်းစားနေ၏။ ထို့နောက် သူမက ခေါင်းကို တတွင်တွင် ခါယမ်းလိုက်သည်။

“ဂိုဏ်းချုပ် ... ကျွန်မလည်း မသိဘူး ရှင့်”

ယဲ့ဖုန်း ခေတ္တမျှ တိတ်ဆိတ်သွားမိ၏။ ဟူဖေးဖေးအနေဖြင့် စစ်မှန်သော သူတော်စင်လက်နက်အဆင့်သို့ ရောက်ရှိမှသာလျှင် အပြောင်းအလဲအသစ်များ ရှိလာနိုင်မည်ဟု သူ ခန့်မှန်းလိုက်သည်။

“မင်းရဲ့ စွမ်းအင်က ဘယ်လောက်အထိ စုမိသွားပြီလဲ”

ယဲ့ဖုန်းသည် အချက်အလက်ပြားကို အလျင်အမြန် ဖွင့်ကြည့်လိုက်၏။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၁၅ %)

“ဟင်”

“ကမ္ဘာပျက်ကပ် ကပ်ဘေးတစ်ခုလုံးကို ဝါးမြိုတာတောင် အဆင့်တက်ဖို့ စွမ်းအင်က ဆယ့်ငါးရာခိုင်နှုန်းပဲ တိုးတာလား။ ဒါက နည်းလွန်းတယ်”

ယဲ့ဖုန်းမှာ သိပ်ပြီး အားမရပေ။

“ဖေးဖေး ... လနီတံခါးကို ဆက်ပြီး တိုက်ခိုက်နေစမ်း။ သူတို့ဆီက စွမ်းအင်တွေကို အကုန်အစင် ညှစ်ထုတ်ရမယ်.. အပျင်းမထူနဲ့နော်”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ဟူဖေးဖေးသည် ဟွမ်ယွမ်တုတ်ဖြင့် လနီတံခါးကို ဆက်လက်၍ အသည်းအသန် ထုရိုက်နေတော့၏။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၁၅.၀၀၁ %)

ယဲ့ဖုန်း ချက်ချင်းပင် သဘောပေါက်သွားသည်။

'ဖေးဖေး အဆင့်တက်သွားပြီးနောက်မှာ လိုအပ်တဲ့ စွမ်းအင်ကလည်း ဆယ်ဆ တိုးလာတာပဲ။ သူမရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ ပြန်ကန်လာတဲ့ စွမ်းအင်တွေက မြင့်တက်လာပေမဲ့လည်း ... အခြေခံ စွမ်းအင်ပမာဏက ပြောင်းလဲသွားတာကြောင့် ရရှိတဲ့ ရာခိုင်နှုန်းကတော့ အတူတူပဲ ဖြစ်နေတာပေါ့'

'ဆိုလိုတာက ... သူမ စွမ်းအင်တွေ ပိုရချင်ရင် ပထမ သို့မဟုတ် ဒုတိယ တိုက်ခိုက်ရေးပုံစံထဲကို ဝင်ရမယ်ပေါ့'

ယဲ့ဖုန်းက တိတ်တဆိတ် ခွဲခြမ်းစိတ်ဖြာလိုက်၏။ သို့သော် သူသည် ဟူဖေးဖေးကို သတိမပေးခဲ့ပေ။ သူ၏ ကိုယ်ခန္ဓာမှာ ဝေဝါးသွားပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဂိုဏ်းချုပ်နန်းဆောင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားတော့၏။

ယဲ့ဖုန်းသည် တားမြစ်အစီအရင်ပေါင်း များစွာကို ခင်းကျင်းလိုက်၏။ ထို့နောက် သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ လက်နက်သွန်းဖိုကို ထုတ်ယူလိုက်ပြီး ကောင်းကင်ကျောက်တိုင် အပိုင်းအစ သုံးခုကို အတွင်းသို့ ထည့်လိုက်၏။

“တီ…စစ်ဆေးပြီးပါပြီ..ကောင်းကင်ကျောက်တိုင်ကို ပြုပြင်ဖို့ အတွက် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် လိုအပ်ပြီး၊ ရက်ပေါင်း (၁၀၈).. သန့်စင်ဖို့ လိုအပ်ပါတယ်”

စနစ်က အသိပေးလိုက်၏။

“အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ဟုတ်လား”

“ပြီးတော့ ရက်ပေါင်း တစ်ရာကျော်တောင် ကြာမှာလား”

“စနစ်.. ငါ့ကို နောက်နေတာလား”

ယဲ့ဖုန်းမှာ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ကောင်းကင်ကျောက်တိုင် အပိုင်းအစများကို အမြန် ပြန်ထုတ်ကာ စနစ်ဟင်းလင်းပြင်အတွင်းသို့ ပစ်ထည့်လိုက်ပြီး လောလောဆယ်တွင် မပြုပြင်ရန် ဆုံးဖြတ်လိုက်၏။ အဆင့်မြင့် ဝိညာဉ်ရတနာအဆင့်ရှိသော လက်နက်သွန်းဖိုမှာ ကောင်းကင်ကျောက်တိုင်ကို ပြုပြင်ရန်အတွက် အနည်းဆုံး လိုအပ်ချက်ကိုသာ ပြည့်မီသေးသဖြင့် အချိန်အများကြီး ပေးရခြင်းပင်။

“လက်နက်သွန်းဖိုက မြင့်မြတ်သော အဆင့် ဝိညာဉ်ရတနာ ဖြစ်သွားတဲ့အထိ စောင့်လိုက်တာ ပိုကောင်းမယ်”

ယဲ့ဖုန်းက ပြောလိုက်၏။

ထို့နောက် သူက ‘နေမင်း နတ်ဘုရားလက်သီး’ ကို ဆက်လက် ကျင့်ကြံနေတော့၏။ မိမိဘာသာ ဖန်တီးထားသော ဤနတ်ဘုရားစွမ်းရည်မှာ အလွန် အစွမ်းထက်လှသည်။ ယဲ့ဖုန်း၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့် သိမြင်နားလည်မှုများဖြင့်ပင် ယနေ့အထိ အစောပိုင်းအဆင့်ကိုသာ ရောက်ရှိသေးသဖြင့် ဆက်လက်၍ ဆင်ခြင်သုံးသပ်ရန် လိုအပ်နေသေး၏။

---

အချိန်များမှာ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။ ဟူဖေးဖေး တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် သတင်းမှာ နေရာအနှံ့ ဟိုးလေးကျော်သွားတော့၏။

“မြူခိုးဂိုဏ်းကတော့ တကယ်ကို မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ”

“ဟုတ်တာပေါ့ ... ဂိုဏ်းချုပ်ယဲ့ရော၊ ကောင်းကင်ပျံ ဧကရီရော နှစ်ယောက်စလုံးက တပိုင်း အဆင့် သူတော်စင်တွေ ဖြစ်ကုန်ကြပြီ။ တပိုင်း အဆင့် သူတော်စင် နှစ်ယောက်ရှိတဲ့ မြူခိုးဂိုဏ်းကတော့ သမိုင်းတွင်တော့မှာပဲ”

“ဒါဟာ လနီခေတ်ကာလ စတင်ကတည်းက ရှန်ကျိုးတိုက်ကြီးပေါ်မှာ အတောက်ပဆုံး ဂိုဏ်းပဲဗျ”

အင်အားစု အသီးသီးမှ လူများမှာ ဤကိစ္စကိုသာ ဆွေးနွေးနေကြ၏။ ထို့ကြောင့် ယုံကြည်မှုစွမ်းအားနှင့် ဂုဏ်သတင်းရမှတ်များမှာ အဆက်မပြတ် စီးဝင်လာပါတော့သည်။

သဲကန္တာရအတွင်း၌.. ချောင်ကျားရှီး၊ လုံထျန်းရှင်း၊ ဝူလန်နှင့် တပည့် ဒါဇင်ပေါင်းများစွာတို့မှာ သဲကန္တာရ တစ်ခုလုံးကို ရှင်းလင်းနေကြ၏။ သူတို့နှင့် ဆုံတွေ့သမျှ လနီနတ်ဆိုးအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ကြသည်။ ထိုနတ်ဆိုးများ၏ ကိုယ်ခန္ဓာများကို စုဆောင်းကာ ဝိညာဉ်ဆေးပင်များအတွက် မြေဩဇာအဖြစ် ပြောင်းလဲလိုက်ကြ၏။

လနီ၏ စွမ်းအားကို စုပ်ယူပြီးနောက် အပင်များမှာ အသွင်ပြောင်းသွားပြီး အသိစိတ်များ ပျောက်ကွယ်သွားသော်လည်း၊ သူတို့၏ ကိုယ်ပိုင်စွမ်းအင်များမှာမူ သန့်စင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသော ကိုယ်ခန္ဓာများမှာ အားဟာရဓာတ် ကြွယ်ဝသဖြင့် ဝိညာဉ်ဆေးခင်းများအတွက် အကောင်းဆုံး ကုန်ကြမ်းများ ဖြစ်နေတော့၏။ ဤအခွင့်အရေးကို သူတို့ လက်လွတ် မခံနိုင်ကြချေ။

“ညီငယ်၊ ညီမငယ်တို့ ... ဆက်ပြီး တိုက်ကြစမ်းဟေး”

ဒုတိယအဆင့် နဂါးစစ်မှန်ပုံစံသို့ အသွင်ပြောင်းထားသော လုံထျန်းရှင်းက အဖွဲ့ကို ဦးဆောင်နေပြီး၊ ချောင်ကျားရှီးကမူ ‘နတ်ဘုရားလက်သီး’ ကို ထုတ်ဖော်နေ၏။

သူတို့၏ အရှိန်အဝါများမှာ မြင့်တက်နေပြီး ကိုယ်ခန္ဓာများမှာလည်း ရွှေရောင်များ တောက်ပနေသဖြင့် တိုက်ခိုက်ရေးစွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်နေလေသည်။ သူတို့ နှစ်ဦး ရှိနေသရွေ့ အဆင့်မြင့် နတ်ဆိုးဘုရင် တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်လန့်နေစရာ မလိုပေ။

---

တာလျန် နတ်ဆိုးနိုင်ငံတော်။

ဤနေရာမှာ နတ်ဆိုးသားရဲများအတွက် နိဗ္ဗာန်ဘုံ တစ်ခု ဖြစ်နေခဲ့တော့၏။ ယခု လနီခေတ်ကာလ ရောက်ရှိလာမှုကြောင့် အပင်အမြောက်အမြားမှာ နတ်ဆိုးများအဖြစ် ပြောင်းလဲကုန်ကြသဖြင့် တာလျန် ဧကရီမှာ ကြီးမားသော ဖိအားများကို ခံစားနေရသည်။

“သတင်းပို့ပါတယ်”

နတ်ဆိုးဘုရင်အဆင့်ရှိသော နှင်းယုန်မလေးတစ်ဦးက တာလျန် ဧကရီ၏ ရှေ့တွင် ဒူးထောက်လိုက်၏။

“ဘာကိစ္စလဲ”

“အရှင်မ ... မင်းသမီး သုံးပါးစလုံးဟာ အနက်ရောင် ဝတ်စုံတွေ၊ မျက်နှာဖုံးဦးထုပ်တွေ ဆောင်းထားတဲ့ အမျိုးသမီး ရာပေါင်းများစွာနဲ့အတူ နတ်ဆိုးနိုင်ငံတော်အတွင်းကို ပြန်ရောက်နေပါပြီ။ သူတို့က လနီနတ်ဆိုး အမြောက်အမြားကို လိုက်လံ သတ်ဖြတ်နေကြပါတယ်”

“ဒါ အမှန်ပဲလား”

“ဟုတ်ကဲ့ပါ အရှင်မ ... ဒီလက်အောက်ငယ်သား အာမခံပါတယ်”

“အဲဒီ အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးတွေက ဘယ်သူတွေလဲဆိုတာ မင်း သိလား”

“ဒီလက်အောက်ငယ်သား တတိယမင်းသမီးကို မေးကြည့်တော့ ... သူတို့က မြူခိုးဂိုဏ်းက လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ ဖြစ်ပြီး ‘ဟေးလိုရှာ’ လို့ ခေါ်တယ်လို့ ပြောပါတယ်”

“ဟေးလိုရှာ ... တကယ့်ကို အန္တရာယ်ရှိတဲ့ နာမည်ပဲ” ဟု တာလျန် ဧကရီက တီးတိုး ရေရွတ်လိုက်မိသည်။

နတ်ဆိုးဘုရင်မလေးက အလျင်အမြန် မေးမြန်းလိုက်၏။

“အရှင်မ ... မင်းသမီး သုံးပါးဆီကို စစ်ကူတွေ လွှတ်ပေးရမလား ရှင့်”

“မလိုပါဘူး”

တာလျန် ဧကရီက ခေါင်းခါလိုက်၏။

“ငါတို့ နတ်ဆိုးနိုင်ငံတော်က လူတွေလည်း နေရာအနှံ့မှာ လနီနတ်ဆိုးတွေကို လိုက်သတ်နေရတာဆိုတော့ ... လောလောဆယ် လူပို မရှိဘူး.. ဒါ့အပြင် ငါ့သမီးတွေက တော်တော်လေး အစွမ်းထက်နေပြီဆိုတော့ ... ဘာအကူအညီမှ မလိုပါဘူး”

“နားလည်ပါပြီ အရှင်မ”

နတ်ဆိုးဘုရင်မလေးက အလျင်အမြန် ထွက်ခွာသွားတော့၏။ မိုင်ပေါင်း သောင်းချီ ဝေးသော နေရာတွင်မူ ... လျန်ဝမ်ဖန်၊ လျန်ဝမ်ရို့ နှင့် လျန်ဝမ်ယု မင်းသမီး သုံးပါးမှာ ဟေးလိုရှာ အဖွဲ့ဝင် ရာပေါင်းများစွာကို ဦးဆောင်ကာ သိပ်သည်းလှသော တောအုပ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။

ထိုဟေးလိုရှာ တပ်ဖွဲ့ဝင်များကြားတွင် အခြားသူများနှင့် ဝတ်စုံတူသော်လည်း အလွန် လျှို့ဝှက်ဆန်းကြယ်လှသော အမျိုးသမီး တစ်ဦး ပါဝင်နေသည်ကို မည်သူမျှ မသိကြပေ။ ဤသူကား မိုယင် ပင် ဖြစ်၏။

---

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန်ကျိုးတိုက်ကြီးသည် လနီခေတ်ကာလအတွင်းသို့ ရောက်ရှိခဲ့သည်မှာ တစ်လရှိခဲ့တော့၏။

ယဲ့ဖုန်းသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ၏ မျက်လုံးအိမ်များမှာ နေမင်းနှစ်စင်းပမာ စင်ကြယ်သော ရွှေရောင်များအဖြစ် ပြောင်းလဲသွားပြီး အသည်းထိတ်ဖွယ် ဖျက်ဆီးခြင်း အငွေ့အသက်များ ပါဝင်နေသည်။

“နောက်ဆုံးတော့ ငါ ကျွမ်းကျင်သွားပြီ”

ယဲ့ဖုန်းက အားရပါးရ ရယ်လိုက်၏။ ဤအချိန်အတောအတွင်း သူသည် အချိန် ဆယ်ဆ အရှိန်မြှင့်ထားသော ဝင်္ကပါအတွင်း၌ တွက်ချက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ‘နေမင်း နတ်ဘုရားလက်သီး’ ကို မြင့်မြတ်သော အဆင့်သို့ ရောက်အောင် လုပ်ဆောင်နိုင်သွားသည်။

'နတ်ဘုရားမျိုးနွယ်စုက တပိုင်း အဆင့် သူတော်စင်တွေကို အများကြီး ထပ်လွှတ်ပေးရင် ကောင်းမှာပဲ။ လက်သီးတစ်ချက်တည်းနဲ့ သူတို့ကို အမှုန့်ခြေပြီး ... ဒီနတ်ဘုရားစွမ်းရည်ရဲ့ ခွန်အားကို စမ်းသပ်ရုံတင် မကဘဲ ဖေးဖေးအတွက်လည်း စွမ်းအင်တွေ စုပေးလို့ ရတာပေါ့'

ယဲ့ဖုန်း မတ်တတ်ရပ်လိုက်၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂိုဏ်းအတွင်း လှည့်လည် စစ်ဆေးနေလိုက်သည်။

တပည့်အများစုမှာ ကြိုးစား ကျင့်ကြံနေကြပြီး၊ အချို့မှာမူ နတ်ဆိုးများကို နှိမ်နင်းရန် အပြင်သို့ ထွက်နေကြဆဲ ဖြစ်၏။ အထွတ်အထိပ် အကြီးအကဲ (၁၈) ဦးမှာမူ ဂိုဏ်းအတွင်းမှာပင် ရှိနေကြဆဲပင်။ ဤအဆင့်တွင် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော လနီနတ်ဆိုးများ မရှိသေးသဖြင့် ထိုအကြီးအကဲများကို စေလွှတ်ရန် မလိုအပ်သေးပေ။

“ဂိုဏ်းချုပ် ... နောက်ဆုံးတော့ ကျွန်တော့်ဆီကို လာကြည့်တော့တာပဲနော်”

ဝိညာဉ်ရေကန်အနီး၊ ဝိညာဉ်စုစည်းခြင်းမျှော်စင်နှင့် မလှမ်းမကမ်းရှိ ဂိုဏ်းချုပ်သီးသန့် ကျောက်စိမ်းပြာတုံးကြီးအတွင်းမှ ကလေးငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“မင်းရဲ့ တိုးတက်မှုက တော်တော်လေး မြန်တာပဲနော်”

ယဲ့ဖုန်းသည် ကျောက်သားဝိညာဉ် ကို ကြည့်လိုက်၏။ ၎င်းသည် ခိုင်မာသော ကိုယ်ခန္ဓာတစ်ခုအဖြစ် ဖွဲ့စည်းပြီး ဖြစ်ကာ ကျောက်စိမ်းပြာတုံးပေါ်တွင် လှဲလျောင်းနေသည်။ ၎င်းမှာ နောက်ဆုံးအဆင့် ထိုးဖောက်မှုကို လုပ်ဆောင်နေပုံရ၏။

“ကျွန်တော် အပြင်ကို ထွက်လာတော့မယ်လို့ ခံစားနေရတယ်” ဟု ကျောက်သားဝိညာဉ်က ရုတ်တရက် ပြောလိုက်၏။

“ဘယ်အချိန်လောက်လဲ”

“ရက်နည်းနည်း ကြာနိုင်သလို ... ဒီနေ့လည်း ဖြစ်နိုင်တာပဲ”

ကျောက်သားဝိညာဉ်၏ စကားပြောနှုန်းမှာ အလွန် မြန်ဆန်နေသဖြင့် သူ အလွန် စိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။

“ဒါဆိုရင် ငါ..မင်းကို ကူညီပေးမယ်လေ”

ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲကို ထုတ်ယူကာ လေဓာတ် ဝိညာဉ်စွမ်းအင် အမြောက်အမြားကို ထုတ်ယူပြီး ကျောက်သားဝိညာဉ်၏ ကိုယ်ထဲသို့ ပို့လွှတ်လိုက်၏။

“ဝါး ... ဘယ်လောက်တောင် နက်ရှိုင်းတဲ့ စွမ်းအင်တွေလဲ”

ကျောက်သားဝိညာဉ်မှာ လန်းဆန်းသွားရသည်။ သူ၏ ကိုယ်ခန္ဓာမှ စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်လာပြီး ကွဲအက်တော့မည့်အလား ရှိနေတော့၏။ ကောင်းကင်ယံတွင်လည်း ကြီးမားလှသော မိုးကြိုးတိမ်တိုက်များ စတင် စုစည်းလာပြီး လေပွေကြီး တစ်ခု ဖြစ်ပေါ်လာသည်။

“ဂျိန်း ... ဂျိန်း …”

မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာတော့၏။

“ဘာတွေ ဖြစ်နေတာလဲ”

မြူခိုးဂိုဏ်းအတွင်းရှိ တပည့်များမှာ ထိတ်လန့်သွားကြပြီး အခန်းများထဲမှ ထွက်လာကာ ဝိညာဉ်ရေကန် ကမ်းစပ်သို့ လှမ်းကြည့်လိုက်ကြသည်။

လေပွေ ပုံစံ ကပ်ဘေးတိမ်တိုက်အောက်တွင် ဖြစ်သည်။ ကျောက်စိမ်းပြာတုံးကြီးမှာ အသည်းထိတ်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေ၏။

“ဂျိန်း”

ရုတ်တရက် ပထမဆုံးသော မိုးကြိုးချက်မှာ ကျဆင်းလာပြီး ကျောက်စိမ်းပြာတုံး၏ မျက်နှာပြင်ကို ထိမှန်သွားရာ ၎င်းမှာ အက်ကြောင်းများဖြင့် ဖုံးလွှမ်းသွားတော့၏။

-

All Chapters