← Chapters

အခန်း ၆၉၈

Vol. 47 Ch. 698

အခန်း ၆၉၈

Vol. 47 Ch. 698

အခန်း (၆၉၈) - ထျန်းမြောင် မြင့်မြတ်သောနယ်မြေ၏ အရှင်သခင် ယင်ရူရုံ

သူတော်စင်အဝင်အဆင့်၊ သူတော်စင်ထင်ရှားအဆင့်၊ ကောင်းကင်သူတော်စင်အဆင့်နှင့် အမြင့်မြတ်ဆုံးသူတော်စင်အဆင့်။

ဤသည်မှာ သူတော်စင်အဆင့်၏ အဆင့်ငယ် လေးခု ဖြစ်ချေသည်။ ရှန်ကျိုးတိုက်ကြီးတွင် အမြင့်မြတ်ဆုံးသူတော်စင်အဆင့်အထိ ရောက်ရှိသူ မပေါ်ပေါက်ဖူးသေးသကဲ့သို့ ပေါ်ပေါက်ခဲ့လျှင်လည်း လောကသားတို့ သိနိုင်မည် မဟုတ်ပေ။ ထိုအဆင့်မှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသတည်း။

ကောင်းကင်သူတော်စင်အဆင့်

ရှိသူမှာလည်း ရှန်ကျိုးတိုက်ကြီး

တစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရ၏။ အတိတ်က နတ်ဘုရားမျိုးနွယ်စု၏ မြင့်မြတ်သောအရှင်ကို တားဆီးရာတွင် ထျန်းမြောင် မြင့်မြတ်သောနယ်မြေ၏ ရှေးဟောင်းသူတော်စင်အရှင်မှာ အဓိက ကဏ္ဍမှ ပါဝင်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူတို့၏ ဂုဏ်သိက္ခာမှာ အလွန်ပင် ကြီးမားလှပေ၏။

မြင့်မြတ်သောနယ်မြေ ကိုးခုအနက် ထျန်းမြောင် မြင့်မြတ်သောနယ်မြေမှာ အထွတ်အထိပ်ဆုံးဟု ဆိုရပေလိမ့်မည်။

ယင်ရူရုံ၏ နောက်မှ လိုက်ပါရင်း လူအုပ်ကြီးသည် လွင့်မျောကျွန်းပေါ်ရှိ ‘စီ’ (အဂ်လိပ်လို C) ပုံသဏ္ဌာန် ရင်ပြင်သို့ ရောက်ရှိလာကြသည်။ ယဲ့ဖုန်းနှင့် အခြားသူများမှာ နေရာယူလိုက်ကြပြီး ယင်ရူရုံမှာမူ အားလုံးကို မျက်နှာမူလျက် အဓိကနေရာတွင် ထိုင်လိုက်၏။

“ဖျတ်… ဖျတ်”

ယင်ရူရုံက လက်ခုပ် နှစ်ချက် တီးလိုက်ရာ ဝတ်စုံဖြူဝတ် အမျိုးသမီးငယ် တစ်အုပ် ရောက်လာပြီး ဝိုင်ကောင်းများနှင့် ဝိညာဉ်သစ်သီးများကို လာရောက် တည်ခင်းကြတော့သည်။ ဧည့်သည်များက သစ်သီးများကို မြည်းစမ်းရင်း အရှေ့ရှိ အရှင်သခင်မထံ အကြည့်ပို့လိုက်ကြ၏။

“ဒီအစည်းအဝေးက နည်းနည်းတော့ ရုတ်တရက် ဆန်သွားတယ်.. အားလုံးပဲ ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်”

ယင်ရူရုံ၏ အသံမှာ အေးစက်သော်လည်း ကြည်လင်ပြတ်သားလှသည်။ သူမက အထက်နယ်မြေမှ ဆင်းသက်လာသည့် နတ်မိမယ် တစ်ပါးအလား ရှိနေပြီး သူမ၏ အရှိန်အဝါများမှာလည်း မှန်းဆရ ခက်လှသည်။ သူမက ယဲ့ဖုန်းကို တစ်ချက် လှမ်းကြည့်သော်လည်း ထိုးဖောက် မမြင်နိုင်ချေ။

'တကယ်ကို ခန့်မှန်းရ ခက်တဲ့လူပဲ' ဟု သူမ စိတ်ထဲမှ မှတ်ချက်ပြုလိုက်မိသည်။

ခေတ္တမျှ ရပ်နားပြီးနောက် သူမက ဆက်လက် ပြောကြား၏။

“ဒီအစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နတ်ဘုရားမျိုးနွယ်စုနဲ့ လနီနတ်ဆိုးတွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ဆွေးနွေးဖို့ပါပဲ။ အားလုံးပဲ အကြံဉာဏ်တွေ ပေးကြပါဦး”

ထိုစကားကို ကြားသောအခါ ရောက်ရှိနေသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အမှန်တကယ်တွင်မူ သူတို့သည် ဤအစည်းအဝေး၏ ရည်ရွယ်ချက်ကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်၏။

ရှောင်ချန်းထျန်းက လက်ပိုက်လျက် တုံ့ပြန်လိုက်၏။ “နတ်ဘုရားမျိုးနွယ်စုရဲ့ ဇစ်မြစ်က အရမ်း လျှို့ဝှက်လွန်းတယ်.. သူတို့ ဘယ်မှာ အခြေချနေလဲဆိုတာကို အရှင်သခင်အဆင့်ရှိတဲ့သူတွေပဲ သိနိုင်မှာပေါ့”

သူ ပြောလိုက်သည်နှင့် လူတိုင်းက ယင်ရူရုံထံ အကြည့်ပို့လိုက်ကြသည်။

ဤနေရာရှိ လူများအနက် သူမ တစ်ဦးတည်းသာ မြင့်မြတ်သောနယ်မြေ၏ အရှင်သခင် ဖြစ်သည် မဟုတ်ပါလော။

“နတ်ဘုရားမျိုးနွယ်စု ဘယ်မှာနေလဲဆိုတာကိုတော့ ငါ သိပါတယ်.. ဒါက လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး.. အားလုံး သိချင်နေကြပြီဆိုတော့ ... ဒီနေ့ပဲ ငါ ထုတ်ပြောလိုက်မယ်” ဟု ယင်ရူရုံက ဆိုလိုက်၏။

သူမက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ မြူခိုးများ စုစည်းသွားပြီး ဧရာမ တောင်တန်းကြီး တစ်ခု၏ ပုံသဏ္ဌာန် ပေါ်လာတော့၏။

“ဒါ ... လွင့်မျော တောင်တန်း မဟုတ်လား”

တစ်စုံတစ်ယောက်က ထိုတောင်တန်း၏ ပုံသဏ္ဌာန်ကို မှတ်မိသွား၏။

“ဝုန်း”

ယင်ရူရုံက ထိုမြူတောင်တန်းကို လက်ဝါးဖြင့် ရိုက်ခွဲလိုက်ရင်း အေးစက်စွာ ပြောဆိုလိုက်သည်။

“မှန်တယ်.. နတ်ဘုရားမျိုးနွယ်စုက နတ်ဘုရားတောင်တန်းကြီး ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ လွင့်မျော တောင်တန်းကို သူတို့ရဲ့ အခြေစိုက်စခန်းအဖြစ် သိမ်းပိုက်ထားကြတာပဲ”

“ဒါ မဖြစ်နိုင်တာကြီး”

“ဘယ်တုန်းက ဖြစ်သွားတာလဲ”

“အရင်တုန်းကတော့ လွင့်မျော တောင်တန်းက တစ်ခါတစ်လေ ပေါ်လာတတ်တာပဲ။ အဲဒီတုန်းက ဘာလို့ နတ်ဘုရားမျိုးနွယ်စုက ထွက်မလာခဲ့တာလဲ”

အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များမှာ အချင်းချင်း တီးတိုး ဆွေးနွေးကုန်ကြတော့၏။

ယင်ရူရုံကမူ သူတို့ ဤကဲ့သို့ မေးမြန်းမည်ကို ကြိုတင် သိထားဟန် တူ၏။ သူမက ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း ရှင်းပြသည်။

“နတ်ဘုရားမျိုးနွယ်စု မြင့်မြတ်သောအရှင်နဲ့ ကောင်းကင်ဘုံတို့ရဲ့ တိုက်ပွဲကို မှတ်မိကြသေးလား။ အဲဒီတိုက်ပွဲမှာ ကောင်းကင်ဘုံ ပြိုကွဲသွားခဲ့ပေမဲ့ ... ဒဏ်ရာရထားတဲ့ မြင့်မြတ်သောအရှင်လည်း ကောင်းကင်ဘုံရဲ့ တန်ပြန်ဒဏ်ကြောင့် အိပ်မောကျသွားခဲ့ရတာပဲ။ အဲဒီအချိန်ကစပြီး သူ ဘယ်တော့မှ ပေါ်မလာတော့သလို ဖြစ်သွားခဲ့ဝာာ.. ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက သူ ပြန်နိုးလာပြီး ခွန်အားအချို့ ပြန်ရလာခဲ့တယ်”

“အဲဒီနောက်မှာတော့ သူက သူတော်စင်အဆင့်ရှိတဲ့သူတွေနဲ့ တိုက်ခိုက်ပြီး လွင့်မျော တောင်တန်းကို ကာကွယ်ခဲ့သလို အဲဒီနေရာကိုလည်း ချိပ်ပိတ်ထားလိုက်တာပေါ့။ အဲဒီတိုက်ပွဲမှာ ကျန်နေတဲ့ ကောင်းကင်ကျောက်တိုင် အပိုင်းအစတွေလည်း ပျက်စီးကုန်သလို သူတို့ရဲ့ အနှစ်သာရတွေလည်း ပျောက်ကွယ်သွားခဲ့ရတယ်.. နောက်ပိုင်းမှာတော့ သူက လွင့်မျော တောင်တန်းက မူလသက်ရှိတွေကို နတ်ဘုရားမျိုးနွယ်စုဝင်တွေအဖြစ် ပြောင်းလဲပစ်ပြီး လနီတံခါးကို ဖန်တီးခဲ့တာပဲ”

“အခု လနီကြီး.. ဆင်းသက်လာတာဟာ မြင့်မြတ်သောအရှင်က နောက်ထပ် အဆင့်တစ်ခုကို ရောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ အခြေအနေက ပိုပြီး စိုးရိမ်စရာ ကောင်းလာပြီ။ လနီရဲ့ စွမ်းအားတွေက အပင်တွေကို နတ်ဆိုးတွေအဖြစ် ပြောင်းလဲပြီး ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးရဲ့ အသက်ဓာတ်တွေကို ဝါးမြိုဖို့ ကြံစည်နေဝာာ.. ဒါကြောင့် ငါတို့ ဒီပူးပေါင်းကြံစည်မှုကို တားဆီးရမယ်”

ယင်ရူရုံက အချက်အလက်များစွာကို ရှင်းလင်းပြလိုက်၏။

ရှန်ကျိုးတိုက်ကြီး၏ နေရာအနှံ့တွင် အပင်များ ရှိနေသည် မဟုတ်ပါလား။ အကယ်၍ ထိုအပင်များသာ နတ်ဆိုးသားရဲများ ဖြစ်ကုန်မည်ဆိုလျှင် ရှန်ကျိုးတိုက်ကြီးအတွက် ကမ္ဘာပျက်ကပ်ကြီးပင် ဖြစ်တော့မည်။

လူအများ၏ မျက်နှာများမှာ လေးနက်သွားရသည်။

ယဲ့ဖုန်းမှာမူ လက်ဖက်ရည်ကို မြည်းစမ်းရင်း အေးဆေးစွာ ထိုင်နေ၏။

လက်ဖက်ရည် အရသာမှာ အတော်လေး ကောင်းလှသည်။ အစည်းအဝေးသာ မဟုတ်လျှင် ... သူသည် ယင်ရူရုံထံမှ ဝိညာဉ်မျိုးစေ့အချို့ကို တောင်းယူကာ မြူခိုးဂိုဏ်းတွင် ပြန်လည် စိုက်ပျိုးလိုစိတ်ပင် ရှိနေတော့၏။

ယင်ရူရုံက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးလိုက်သည်။

“ငါ ပြောစရာရှိတာ ပြောပြီးပြီ။ မင်းတို့မှာ ဘာအကြံဉာဏ်တွေ ရှိလဲ”

အသွင်တစ်သောင်း မြင့်မြတ်သောနယ်မြေမှ တပိုင်း အဆင့် သူတော်စင်က အကြံပြုလိုက်၏။

“အခု လနီနတ်ဆိုးတွေက အားနည်းနေတုန်းပဲ။ ငါတို့ အင်အားစုတွေ အားလုံး ပေါင်းပြီး တပည့်တွေကို လွှတ်ပြီး နှိမ်နင်းမယ်ဆိုရင် ... ဒီကြံစည်မှုကို ဖျက်ဆီးနိုင်မှာပါ”

“ကျွန်တော်လည်း သဘောတူပါတယ်”

“ဒါက အကောင်းဆုံး နည်းလမ်းပဲ”

လူအများက ထောက်ခံလိုက်ကြသည်။ ယင်ရူရုံကမူ လှောင်ပြောင်သလို မေးခွန်းထုတ်လိုက်၏။

“အဲဒီလောက် ရိုးရှင်းမယ် ထင်နေတာလား။ လနီတံခါးအကြောင်းကိုရော စဉ်းစားပြီးပြီလား”

“ဟားဟားဟားဟား….”

လူတိုင်း တိတ်ဆိတ်သွားစဉ် ရှောင်ချန်းထျန်းက အားရပါးရ ရယ်လိုက်သည်။

“လနီတံခါးက ကြယ်လေးပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာပဲလေ.. သူတော်စင်အဆင့်ရှိတဲ့သူတွေ ဖြတ်လို့ မရဘူး.. အလွန်ဆုံးရှိလှမှ လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်လောက်ပဲ ထွက်လာနိုင်မှာပေါ့။ သူတို့ ထွက်လာတာနဲ့ ငါတို့ ဝိုင်းသတ်လိုက်ရင် ပြီးတာပဲ မဟုတ်လား”

“ဟုတ်တယ်.. ဟုတ်တယ်..မှန်တယ်”

လူတိုင်းက ခေါင်းညိတ် ထောက်ခံလိုက်ကြတော့၏။

-

All Chapters