← Chapters

အခန်း ၇၀၅

Vol. 47 Ch. 705

အခန်း ၇၀၅

Vol. 47 Ch. 705

အခန်း (၇၀၅) - ဟူဖေးဖေး၏ ဇွဲလုံ့လနှင့် ကောင်းကင်ဧကရာဇ် နှစ်ဦးကို အဝေးမှနေ၍ မျက်စောင်းထိုး သတ်ဖြတ်ခြင်း

“စုစည်းစမ်း”

နတ်ဘုရားမျိုးနွယ်စုမှ အစွမ်းထက်သော ပညာရှင်များစွာသည် သူတို့၏ လက်များကို ဆန့်ထုတ်ကာ နဖူးမှ ဝိညာဉ်အစိတ်အပိုင်းများကို ဆွဲဆုတ်လိုက်ကြ၏။ ၎င်းနောက် ရွှံ့ရုပ်များအတွင်းသို့ ထည့်သွင်းကာ ယဇ်ပလ္လင်ပေါ်တွင် အချင်းချင်း ပေါင်းစပ်လိုက်ကြသည်။

သိပ်မကြာလိုက်ပေ။

နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်ရှိသော နတ်ဘုရားသူရဲကောင်း တစ်ဦး ပေါ်ထွက်လာတော့၏။

သူသည် မျက်နှာသေဖြင့် ဧရာမ ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ကာ လနီတံခါးထဲမှ ထွက်လာခဲ့၏။

“ဟားဟား ... နောက်တစ်ကောင် လာပြန်ပြီ”

ဟူဖေးဖေးမှာ အလွန် ဝမ်းသာသွားသည်။

“စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း”

ဘယ်သူပဲ လာလာ ... သူမသည် ဟွမ်ယွမ်တုတ်ကိုသာ အားကုန် ရိုက်ချလိုက်တော့၏။ သို့သော် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ထက် ဆယ်ဆခန့် ပိုမို အစွမ်းထက်သော နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် နတ်ဘုရားသူရဲကောင်းကိုမူ ဟူဖေးဖေး ယှဉ်နိုင်စွမ်း မရှိချေ။

“ဝှစ်*

နတ်ဘုရားသူရဲကောင်း၏ ဧရာမ ပုဆိန်ကြီးမှာ လေထုကို ခွဲခြမ်းကာ ဟူဖေးဖေးကို မီတာ ရာနှင့်ချီ အဝေးသို့ လွင့်ထွက်သွားစေတော့၏။ ၎င်းနောက် သူသည် ပုဆိန်ကို ထပ်မံ လွှဲခုတ်လိုက်ပြန်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ...

ဟူဖေးဖေးမှာ အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ အရိုက်ခံလိုက်ရသည်။ သူမ၏ ကိုယ်ခန္ဓာမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားတော့၏။

အလင်းတန်း မျက်နှာပြင်၏ အနောက်ဘက်တွင်..

“ဟားဟားဟား ... အဲဒီလို လုပ်စမ်း”

“ဒီအတိုင်းသာ ဆက်ရိုက်ပြီး ဒီဟူဖေးဖေးကို သတ်ပစ်လိုက်.. ပြီးရင် အဲ့ကောက်မလေး.. လနီတံခါးကို နေ့တိုင်း လာလာ ထုရဲသေးလား ကြည့်ရသေးတာပေါ့”

နတ်ဘုရားမျိုးနွယ်စုမှ ပညာရှင်များစွာမှာ အားရပါးရ ရယ်နေကြသည်။ အချို့၏ မျက်နှာတွင် ရူးသွပ်ပြီး ရက်စက်သော အပြုံးများပင် ပေါ်လွင်နေတော့၏။

*

လနီတံခါး၏ အထက်တွင်မူ..

ဟူဖေးဖေးမှာ ဟွမ်ယွမ်တုတ်ဖြင့် အဆက်မပြတ် ကာကွယ်နေသော်လည်း နတ်ဘုရားသူရဲကောင်း၏ ဖိနှိပ်မှုကို အပြည့်အဝ ခံနေရပြီး အကြိမ်ကြိမ် လွင့်စင်နေရဆဲ ဖြစ်၏။

*

မိုင်ပေါင်း သန်းနှင့်ချီ ဝေးသော နေရာတွင်..

ရှောင်ချန်းထျန်းသည် တံခါးပိတ် ကျင့်ကြံနေသည်။

သူသည် တတိယမြောက် ကောင်းကင်ဧကရာဇ်အဆင့် မူလစွမ်းအားကို သန့်စင်ပြီး သူ၏ ကိုယ်ထဲသို့ ပေါင်းစပ်ကာ နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေခြင်းပင်။

ရှောင်ချန်းထျန်း၏ နေအိမ်အပြင်ဘက်တွင်မူ ပိုင်ကျီသည် ဟူဖေးဖေးနှင့် နတ်ဘုရားသူရဲကောင်းတို့၏ တိုက်ပွဲကို စောင့်ကြည့်နေသော်လည်း ဝင်ရောက် မစွက်ဖက်ချေ။

ပိုင်ကျီက မကူညီချင်၍ မဟုတ်ဘဲ ... သူမ၏ ခွန်အားက ခွင့်မပြုသောကြောင့်သာ ဖြစ်သည်။

တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်ရှိသော ကာကွယ်စောင့်ရှောက်သူ ပင်လျှင် မျက်နှာထား လေးနက်နေပြီး ဝင်ရောက် ကူညီလိုသော်လည်း သူ၏ ခွန်အား မလုံလောက်ကြောင်း သိနေသဖြင့် အကူအညီမဲ့နေရရှာသည်။

မိုင်ပေါင်း ဘီလီယံနှင့်ချီသော ပတ်ဝန်းကျင် တစ်ဝိုက်တွင် ဖြစ်သည်။

ကောင်းကင်မျက်လုံးကို ဖွင့်ထားကြသော ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင်များစွာမှာ ဟူဖေးဖေး အရေးနိမ့်နေသည်ကို ကြည့်ကာ စိုးရိမ်နေကြ၏။

လူတိုင်းက ကူညီချင်ကြသော်လည်း သူတို့၏ ခွန်အားများမှာ အားနည်းလွန်းနေသည်။ အကယ်၍ ရှေ့ထွက်သွားပါက တိုက်ပွဲ၏ အားလှိုင်းများကိုပင် တောင့်ခံနိုင်မည် မဟုတ်ဘဲ အမှုန့်ဖြစ်သွားမည်ကို စိုးရိမ်နေကြရသည်။

“တတိယ တိုက်ခိုက်ရေးပုံစံ”

နောက်ဆုံးတွင် အကြိမ်ကြိမ် အရိုက်ခံရပြီးနောက် ဟူဖေးဖေးမှာ တိုက်ခိုက်ရေးစွမ်းအင်များ လုံလောက်စွာ စုဆောင်းမိသွားပြီး သူမ၏ ဆံနွယ်များမှာ သုံးမီတာခန့်အထိ ရှည်ထွက်သွားတော့၏။

သူမသည် တတိယ တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်သွားလေပြီ။

“ဝုန်း”

ဟူဖေးဖေး၏ ခွန်အားမှာ သာမန် တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်ထက် ရှစ်ဆခန့် မြင့်တက်သွားပြီး နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်နှင့် အလွန် နီးကပ်သွားခဲ့တော့၏။

သူမသည် ‘စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း’ ကို ထုတ်ဖော်လိုက်ပြီး နတ်ဘုရားသူရဲကောင်း၏ ဧရာမ ပုဆိန်ကြီးကို နောက်ဆုံးတွင် တားဆီးနိုင်ခဲ့သည်။

“ကောင်းကင်ပျံ ဧကရီ ရဲ့ ခွန်အားက ထပ်ပြီး မြင့်တက်လာပြန်ပြီ”

“ကောင်းလိုက်တာ”

အနီးအနားရှိ အင်အားစုကြီးများမှ ပညာရှင်များမှာ အလွန် စိတ်လှုပ်ရှားသွားကြသည်။

ထျန်းမြောင် မြင့်မြတ်သောနယ်မြေတွင်..

ယင်ရူရုံသည် ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့် မြင်ကွင်းကို စောင့်ကြည့်နေပြီး၊ ဟူဖေးဖေး၏ မြင့်တက်လာသော ခွန်အားများက နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် နတ်ဘုရားသူရဲကောင်းကို တားဆီးနိုင်ခဲ့သည်ကို မြင်သောအခါ အံ့ဩသွားရ၏။

“ဟွန်း”

“သူ့ရဲ့ ခွန်အားတွေ မြင့်လာတော့ရော ဘာထူးမှာလဲ.. နတ်ဘုရားမျိုးနွယ်စုရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကို သူ တားဆီးနိုင်မှာ မဟုတ်ပါဘူး.. နင်တို့ အားလုံး အရေးနိမ့်သွားတဲ့ အခါကျမှ ... ငါ အရှင်သခင်မ အပြစ်ပေးတာကို မခံနိုင်ဘူး မပြောနဲ့”

ယင်ရူရုံက လှောင်ပြောင်လိုက်၏။ သူမသည် ယဲ့ဖုန်းနှင့် ရှောင်ချန်းထျန်းတို့ကို မကျေနပ်သော်လည်း ရှန်ကျိုးတိုက်ကြီး၏ ဘက်တွင် ရပ်တည်နေဆဲ ဖြစ်ပြီး နတ်ဘုရားသူရဲကောင်းများကို အလွယ်တကူ အလွတ်ပေးမည် မဟုတ်ချေ။

လနီတံခါး၏ အထက်တွင် ဖြစ်သည်။

တတိယ တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်ပြီးနောက် ဟူဖေးဖေး၏ တိုက်ခိုက်ရေးစွမ်းအားများ တစ်ဟုန်ထိုး မြင့်တက်လာပြီး ‘စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း’ ကို မဆင်မခြင် အသုံးပြုကာ ဟွမ်ယွမ်တုတ်ဖြင့် အသည်းအသန် ထုနှက်နေတော့၏။

"အုန်း..အုန်း..အုန်း.."

သူမ၏ ဟွမ်ယွမ်တုတ်ကြောင့် နတ်ဘုရားသူရဲကောင်းမှာ အဆက်မပြတ် ကာကွယ်နေရသည်။ သို့သော် သူသည် ဒဏ်ရာရရှိခြင်း မရှိချေ။

“မင်းမှာ ဒီလောက်ပဲ စွမ်းရည် ရှိတာလား။ လနီရဲ့ စွမ်းအား ... သေစမ်း”

နတ်ဘုရားသူရဲကောင်းက လူစကားပြောလိုက်ပြီး သူ၏ စစ်ပုဆိန်ကို မြင့်မားစွာ မြှောက်ကာ လနီ၏ စွမ်းအား အမြောက်အမြားကို ဝါးမြိုလိုက်ပြီးနောက် အစွမ်းကုန် ရိုက်ချလိုက်တော့သည်။

“ရွှစ်”

ဟူဖေးဖေးမှာ ထပ်မံ ဖိနှိပ်ခံလိုက်ရပြန်၏။ သူမ၏ ကိုယ်ခန္ဓာမှာ နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်သွားရာ အရပ်မျက်နှာ အနှံ့အပြားမှ ပညာရှင်များ၏ နှလုံးသားများမှာ လည်ချောင်းဝအထိ ရောက်လာကြတော့သည်။

“ကောင်းကင်ပျံ ဧကရီ သေတော့မယ်”

“ဂိုဏ်းချုပ်ယဲ့ ... ခင်ဗျား ဘာလို့ အခုထိ မရောက်လာသေးတာလဲ”

အချို့က အော်ဟစ်လိုက်ကြ၏။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၇၅%)

သူမ၏ စွမ်းအင်မှာ ရုတ်တရက် ဆယ်ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

“စတုတ္ထ တိုက်ခိုက်ရေးပုံစံ”

ဟူဖေးဖေး၏ မျက်လုံးများမှာ ပန်းရောင်သန်းသွားပြီး နေမင်းနှစ်စင်းထက်ပင် ပိုမို တောက်ပ ပူပြင်းလာတော့၏။ သူမ၏ အရပ်အမောင်းမှာလည်း မြင့်မားလာသည်။ သူမ၏ ကိုယ်ခန္ဓာမှ တောက်ပလှသော ပန်းရောင် အလင်းတန်းများ ဖြာထွက်လာပြီး အရှိန်အဝါများမှာ နတ်ဘုရားသူရဲကောင်းကို ကျော်လွန်သွားသည်အထိ တစ်ဟုန်ထိုး မြင့်တက်လာတော့၏။

သူမ၏ အနောက်တွင် နောက်ထပ် အမြီးတစ်ချောင်း တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။ ဒါက ... အမြီးဆယ်ချောင်း နတ်မြေခွေး ပင် ဖြစ်သည်။

“ဟွမ်ယွမ်တုတ် ... စွမ်းအားဖြင့် အရာရာကို ချေမှုန်းခြင်း”

ဟူဖေးဖေးသည် ဟွမ်ယွမ်တုတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။ ထိုအခိုက်အတန့်၌ သူမ၏ တစ်ကိုယ်လုံးရှိ ခွန်အားများ အားလုံး တုတ်ကြီးဆီသို့ စုစည်းသွားပြီး အစွမ်းကုန် ရိုက်ချလိုက်၏။

“ဒုတ်”

နတ်ဘုရားသူရဲကောင်းနှင့် သူ၏ ဧရာမ ပုဆိန်ကြီးမှာ နှစ်ပိုင်း ပြတ်သွားရတော့၏။

ချက်ချင်းဆိုသလိုပင် ဟူဖေးဖေးသည် မျက်တောင်တစ်ခတ်အတွင်း အကြိမ်ပေါင်း ရာနှင့်ချီ၍ ရိုက်ချလိုက်သဖြင့် ထိုသူရဲကောင်းမှာ အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။

လေထဲတွင် ထူးခြားသော စွမ်းအင် အမြောက်အမြား လွင့်မျောနေ၏။ ဟူဖေးဖေးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူမ၏ စွမ်းအင်အညွှန်းကိန်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားတော့သည်။

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၈၀%)

...

(ဟူဖေးဖေး၏ အဆင့်တက်ရန် စွမ်းအင် - ၁၀၀ %+)

နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့်ရှိသော နတ်ဘုရားသူရဲကောင်း၏ ကိုယ်တွင်းမှ စွမ်းအင်များကြောင့် ဟူဖေးဖေး၏ စွမ်းအင်မှာ ၇၅ ရာခိုင်နှုန်းမှနေ၍ ၁၀၀ ရာခိုင်နှုန်း ကျော်လွန်သွားသည်အထိ တစ်ဟုန်ထိုး ခုန်တက်သွားခဲ့တော့၏။

ပို၍ပင် အံ့ဩစရာ ကောင်းသည်မှာ စွမ်းအင်များ လျှံကျနေခြင်းပင် စွမ်းအင်များ ပြည့်လျှံသွားသည်နှင့် ဟူဖေးဖေးမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။

“ဂိုဏ်းချုပ် ... မင်းသမီးလေး.. အရမ်း အိပ်ချင်နေပြီ”

သူမ၏ မျက်ခွံများမှာ ခဲများ ဆွဲထားသကဲ့သို့ အလွန် လေးလံနေပြီး နောက်ဆုံးတွင် မှိတ်ကျသွားတော့၏။ ဟွမ်ယွမ်တုတ်ကြီးပင်လျှင် သူမ၏ လက်ထဲမှ လွတ်ကျသွားခဲ့တော့၏။

လူတိုင်းမှာ ဟူဖေးဖေး ကောင်းကင်မှ ပြုတ်ကျလာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေကြရသည်။

ထိုအခိုက်အတန့်၌ ... သူမသည် အလွန်ပင် အားနည်းလွယ်ကူပုံ ရနေတော့၏။

“အို ဘုရားသခင်”

“ကောင်းကင်ပျံ ဧကရီ က နတ်ဘုရားသူရဲကောင်းကို သတ်ဖို့ သူမရဲ့ အရင်းအမြစ်တွေကို အကုန်အစင် သုံးလိုက်တာ ဖြစ်ရမယ်.. အခုတော့ သူ့မှာ ခွန်အား မကျန်တော့ဘဲ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး”

“ကောင်းကင်ပျံ ဧကရီကို ဘယ်သူ ကယ်မလဲ”

အင်အားစု အသီးသီးမှ လူများမှာ အော်ဟစ်နေကြသည်။ သူတို့မှာ အလွန် ဝေးကွာလွန်းနေသဖြင့် အချိန်မီ ရောက်ရှိရန် မဖြစ်နိုင်တော့ပေ။ ပို၍ အရေးကြီးသည်မှာ သူတို့၏ ခွန်အားက အားနည်းလွန်းနေခြင်းပင် ဖြစ်၏။

တိုက်ပွဲမြေပြင် အနီးတွင် အသည်းထိတ်ဖွယ် အားလှိုင်းများ ပြည့်နှက်နေသည်။ သူတို့၏ ခွန်အားဖြင့်ဆိုလျှင် တိုက်ပွဲ၏ အလယ်ဗဟိုသို့ မရောက်မီမှာတင် ထိုအားလှိုင်းများကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားကြမည်သာ ဖြစ်သည်။

*

ထျန်းမြောင် မြင့်မြတ်သောနယ်မြေ၌..

ယင်ရူရုံသည် ဟူဖေးဖေး ပြုတ်ကျလာသည်ကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းများ အသာအယာ တွန့်ကွေးသွားသည်။ သို့သော် သူမ၏ အပြုံး မပွင့်လန်းနိုင်မီမှာပင် ... နောက်တစ်စက္ကန့်၌ သူမ၏ မျက်နှာမှာ အေးခဲသွားတော့၏။

လေထဲတွင် ဖြစ်သည်။ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုမှာ ဟာလာဟင်းလင်းမှ ရုတ်တရက် ပေါ်ထွက်လာပြီး ပြုတ်ကျလာသော ဟူဖေးဖေးကို ခါးမှ လှမ်းဖက်၍ ဖမ်းလိုက်၏။ ဟွမ်ယွမ်တုတ်ကြီးကိုပင် ပြန်လည် ဆွဲယူလိုက်သေး၏။

“ဒါ ဂိုဏ်းချုပ်ယဲ့ ပဲ”

ထိုခန့်ညားသော ပုံရိပ်ကို မြင်လိုက်ရသောအခါ အရပ်မျက်နှာ အနှံ့အပြားမှ ပညာရှင်များမှာ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားကြသည်။ ၎င်းနောက် တိုက်ပွဲမှ ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်ခြင်း မရှိတော့သဖြင့် လနီတံခါး အနီးရှိ မြင်ကွင်းကို သူတို့ ဆက်လက် မစောင့်ကြည့်နိုင်ကြတော့ချေ။

အလင်းတန်း မျက်နှာပြင်၏ အနောက်ဘက်တွင် ဖြစ်သည်။

နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ ဟူဖေးဖေးကို ယဲ့ဖုန်း ဖမ်းယူသွားသည်ကို မျက်လုံးပြူးကာ ကြည့်နေကြသည်။ ခုနက အမှုန့်ဖြစ်သွားခဲ့ရသော နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် သူရဲကောင်းကို တွေးမိပြီး သူတို့ ဒေါသထွက်လွန်းသဖြင့် သွေးတက်နေကြရတော့၏။

“နတ်ဘုရားမျိုးနွယ်စု ... မင်းတို့က သတ္တိကြောင်တဲ့ ကြွက်အုပ်ပဲ”

“မင်းတို့မှာ သတ္တိရှိရင် ဂိုဏ်းချုပ်ဖြစ်တဲ့ ငါ့ဆီကို လာခဲ့စမ်းပါ”

“မိန်းမ တစ်ယောက်ကို ဖိနှိပ်နေရတာက ဘာများ စွမ်းရည်ရှိလို့လဲကွဟမ်”

ယဲ့ဖုန်းသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ဟူဖေးဖေးကို ဂိုဏ်းချုပ်နန်းဆောင်သို့ ပြန်ပို့လိုက်ပြီး၊ သူကိုယ်တိုင်ကမူ လနီတံခါးရှေ့တွင် ကျန်ရစ်ကာ ကျယ်လောင်စွာ ကြိမ်းမောင်းနေလေ၏။

ဟူဖေးဖေးမှာ တစ်စုံတစ်ရာ ဒဏ်ရာရရှိထားခြင်း မရှိပေ။ သူမသည် စွမ်းအင်များ ပြည့်သွားပြီးနောက် သဘာဝအလျောက် အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းနေခြင်းသာ။ သူမ နိုးထလာသောအခါ ကြယ်နှစ်ပွင့်အဆင့် မြင့်မြတ်သော ဝိညာဉ်ရတနာ တစ်ခု ဖြစ်လာပေလိမ့်မည်။

အလင်းတန်း မျက်နှာပြင်၏ အနောက်ဘက်တွင်..

ယဲ့ဖုန်း၏ ကြိမ်းမောင်းမှုများကို ရင်ဆိုင်ရင်း နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ ဒေါသတကြီး အံကြိတ်နေကြသည်။ အချို့မှာ ချက်ချင်းပင် လက်ဟန်များ ရေးဆွဲလိုက်ပြီး လနီတံခါး၏ အလင်းတန်း မျက်နှာပြင်ကို ထိလိုက်ရာ ၎င်းမှာ ပွင့်လင်းမြင်သာသွားတော့၏။

နောက်တစ်စက္ကန့်တွင် ...

ယဲ့ဖုန်းသည် အလင်းတန်း မျက်နှာပြင် အနောက်ရှိ ယဇ်ပလ္လင်နှင့် ၎င်းကို ဝိုင်းရံထားသော နတ်ဘုရားမျိုးနွယ်စု ပညာရှင် ရာပေါင်းများစွာကို နောက်ဆုံးတော့ မြင်တွေ့လိုက်ရတော့သည်။ ဦးဆောင်နေသူ နှစ်ဦးမှာ ကောင်းကင်ဧကရာဇ်အဆင့်များ ဖြစ်ကြ၏။

သူတို့သည် ယဲ့ဖုန်းကို မည်းမှောင်နေသော မျက်နှာများဖြင့် မကြည်မလင် ကြည့်နေကြသည်။

“ယဲ့ဖုန်း ... ခုနက အကောင်က အားနည်းတဲ့ နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်အဆင့် သူရဲကောင်း တစ်ယောက် သက်သက်ပဲ။ ငါတို့ အင်အားတွေ လုံလောက်အောင် ပြန်ရလာတာနဲ့ ... သုံးဆင့်ပြောင်း၊ လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင်တွေကို သေချာပေါက် စုစည်းပြီး မင်းတို့ အားလုံးကို အစအနတောင် မကျန်အောင် ချေမှုန်းပစ်မယ်”

ကောင်းကင်ဧကရာဇ် နှစ်ဦးက ပြိုင်တူ ကြွေးကြော်လိုက်ကြသည်။

“ဪ ... အဲဒီလိုလား”

ယဲ့ဖုန်းက ရယ်လိုက်၏။ သူ၏ မျက်နှာထားမှာမူ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေတော့၏။ သူသည် နတ်ဘုရားမျိုးနွယ်စုမှ ကောင်းကင်ဧကရာဇ် နှစ်ဦးကို စိုက်ကြည့်ရင်း ‘ထူးဆန်းသော ကျိန်စာ’ နတ်ဘုရားစွမ်းရည်ကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။

၎င်းနောက် ...

ယဲ့ဖုန်းသည် ရုတ်တရက် မျက်လုံးများကို ပြူးလိုက်၏။

ကြက်သီးထဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဓားမှာ သူ၏ အကြည့်နှင့်အတူ ပေါင်းစပ်သွားပြီး၊ လနီတံခါး၏ အလင်းတန်း မျက်နှာပြင်ကို ထိုးဖောက်ကာ ကောင်းကင်ဧကရာဇ် နှစ်ဦး၏ ဝိညာဉ်များကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် ...

“ဝုန်း”

ကောင်းကင်ဧကရာဇ် နှစ်ဦး၏ ကိုယ်ခန္ဓာများမှာ အမှုန့်ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ နတ်ဘုရားမျိုးနွယ်စု ပညာရှင်များစွာမှာလည်း အားလှိုင်းများကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားကြရသည်။

“မကောင်းတော့ဘူး”

“ယဲ့ဖုန်းက ကောင်းကင်ဧကရာဇ် နှစ်ယောက်ကို မျက်စောင်းထိုးပြီး သတ်လိုက်တာလား”

“မြန်မြန် အလင်းတန်း မျက်နှာပြင်ကို ပိတ်စမ်း”

နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ ပရမ်းပတာ ဖြစ်ကုန်ကြသည်။ တစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် မန္တန်များ အသက်သွင်းလိုက်ရာ ... နောက်ဆုံးတွင် အလင်းတန်း မျက်နှာပြင်မှာ မူလ အနီရောင်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားတော့၏။

ထိုသို့ဖြင့် ...

ယဲ့ဖုန်းသည် အလင်းတန်း မျက်နှာပြင် အနောက်ရှိ နတ်ဘုရားမျိုးနွယ်စု ပညာရှင်များကို ဆက်လက် ဒုက္ခပေးနိုင်စွမ်း မရှိတော့ချေ။

“ဟွန်း ... ပုရွက်ဆိတ်အုပ်ပဲ”

ယဲ့ဖုန်းသည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လနီတံခါးရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူသည် အထွတ်အထိပ် ဧကရာဇ် တစ်ပါးပမာ ဤနေရာကို စောင့်ကြပ်နေတော့သည်။

ထျန်းမြောင် မြင့်မြတ်သောနယ်မြေဝယ်..

ယင်ရူရုံသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူမ၏ မျက်လုံးအိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားရသည်။

“အကြည့် တစ်ချက်တည်းနဲ့တင် ... ကောင်းကင်ဧကရာဇ် နှစ်ယောက်ကို သတ်ပြီး ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒါဇင်ပေါင်းများစွာကို အမြစ်ပြတ် ရှင်းလင်းလိုက်တာလား။ ဒီလူရဲ့ နည်းလမ်းတွေက တကယ်ကို ထူးဆန်းပြီး ဒုက္ခပေးနိုင်တာပဲ”

ယင်ရူရုံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော မြင်ကွင်းကို ကြည့်လိုက်ရာ ယဲ့ဖုန်း၏ ပုံရိပ်မှာလည်း ဝေဝါးသွားခဲ့တော့၏။

သို့သော် ထိုစွမ်းအားကြီးသော ပုံရိပ်မှာ အိပ်မက်ဆိုးတစ်ခုပမာ ယင်ရူရုံ၏ စိတ်ထဲတွင် စွဲထင်နေပြီး မရပ်မနား နှောင့်ယှက်နေတော့သည်။

-

All Chapters