အခန်း ၁၁၇
Vol. 8 Ch. 117
အပိုင်း (၁၁၇)
ဓာတ်မြေဩဇာသည် သံသယဖြစ်ဖွယ်မရှိ အထွက်တိုးစေသော လက်နက်ကောင်းတစ်ခု ဖြစ်ပြီး ပြည်သူများ၏ ဘဝ ပိုမို ကောင်းမွန်လာနိုင်သည်။
ချူဟွားသည် ဓာတ်မြေဩဇာ၏ အကျိုးကျေးဇူးကို သိသော်လည်း ထုတ်မသုံးသေးခြင်းမှာ စိုးရိမ်ပူပန်မှုများ ရှိနေသောကြောင့်ပင်။
ရှေးခေတ် လယ်သမားများသည် အခြေခံအားဖြင့် စာမတတ်ကြပေ။ သူတို့ကို ဓာတ်မြေဩဇာ မည်သို့ မှန်ကန်စွာ အသုံးပြုရမည်၊ အလွန်အကျွံ မသုံးမိစေရန် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို မည်သို့ သင်ကြားပေးရမည်နည်း။
တစ်စုံတစ်ယောက်က မှားယွင်းစွာ အသုံးပြုမိပြီး အထွက်မတိုးသည့်အပြင် အပင်လောင်ခြင်း၊ အမြစ်ပုပ်ခြင်းများ ဖြစ်ပေါ်လာပါက ဓာတ်မြေဩဇာ ထုတ်ပေးသော သူမရော၊ ဓာတ်မြေဩဇာ ဖြန့်ဝေပေးသော ညီလာခံပါ ဒုက္ခရောက်နိုင်သည်။
ပြဿနာ အသေးအဖွဲလောက်ကို ဂရုမစိုက်သော်လည်း အဆိုးရွားဆုံးမှာ လူများက ဓာတ်မြေဩဇာသည် မကောင်းသော အရာဟု ထင်မြင်ယူဆပြီး ဆက်လက် အသုံးမပြုတော့ဘဲ နောက်ဆုံးတွင် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုကို လူတိုင်း ဝိုင်းပယ်လိုက်ကြမည့် အဖြစ်မျိုးကို ကြောက်ရွံ့ခြင်းပင်။
နောက်ထပ် စောစောစီးစီး ထုတ်မပေးချင်သည့် အကြောင်းရင်းတစ်ခုမှာ သူမသည် ဓာတ်မြေဩဇာ၏ ပါဝင်ပစ္စည်းများကိုသာ သိရှိပြီး မည်သို့ အသုံးပြုရမည်ကို အတိအကျ မသိရှိခြင်းကြောင့် ဖြစ်သည်။
အပင်တစ်မျိုးစီနှင့် ကြီးထွားမှု အဆင့်တစ်ဆင့်စီတိုင်းတွင် လိုအပ်သော အာဟာရဓာတ်များ မတူညီသဖြင့် အသုံးပြုရမည့် ဓာတ်မြေဩဇာလည်း ကွဲပြားသည်။ တစ်မျိုးတည်း သုံး၍ မရပေ။
ချူဟွား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သည်။ တစ်နေ့တွင် သူစိမ်းတစ်ယောက်က ဓာတ်မြေဩဇာကို ကိုင်ပြီး သူမကို "ဒါ ကျွန်တော် လုပ်ထားတာ၊ သုံးပြီးရင် အပင်တွေ အထွက်တိုးမယ်၊ ဒါပေမဲ့ ဘယ်လို သုံးရမလဲ၊ ဘယ်အချိန် သုံးရမလဲ ဆိုတာ ကျွန်တော် မသိဘူး၊ ခင်ဗျားဘာသာ လေ့လာကြည့်" ဟု လာပြောပါက...
သူမက မျက်စောင်းဖြင့် မကြည့်လျှင်ပင် သူမ၏ သဘောထားက မဆိုးဘူးဟု ပြောရမည်။
ယခု ကြိုတင် ထုတ်ပေးချင်ခြင်းမှာ အခြေအနေ မကောင်းသည်ကို သိသောကြောင့် ဖြစ်သည်။ ကိုယ့်ဘက်က စွမ်းဆောင်နိုင်ရည် ရှိပါလျက်နှင့် ရှောင်လွှဲမနေသင့်ပေ။
ထို့အပြင် ငရုတ်သီးနှင့် ကန်စွန်းဥ ကိစ္စများ ရှိခဲ့ဖူးသဖြင့် အရှင်မင်းကြီးနှင့် မှူးမတ်များသည် သူမကို ယုံကြည်မှု ရှိကြသည်။ ထို့ကြောင့် စမ်းသပ်ကြည့်နိုင်သည်။
System ရှာဖွေတွေ့ရှိသော အသေးစိတ် အချက်အလက်များကို ချူဟွားက တစ်ခုချင်းစီ မှတ်တမ်းတင်ပြီး သူမ၏ စာတစ်စောင်နှင့်အတူ နန်းစောင့်တပ်မှတစ်ဆင့် ဒီနေ့ အစီရင်ခံစာနှင့်အတူ နန်းတော်သို့ ပို့လိုက်သည်။
ထို့နောက် သူမသည် အသေးစိတ် စာရင်းတစ်ခု ပြုစုပြီး ကျားယီနှင့် ချိုက်ကန်းတို့ကို ပေးလိုက်သည်။
"စာရင်းထဲက ပစ္စည်းတွေကို အမြန်ဆုံး စုဆောင်းပေးပါ၊ ပိုက်ဆံကို ချင်းကျူဆီက တောင်းလိုက်"
ကျားယီနှင့် ချိုက်ကန်း: "ဟုတ်ကဲ့ပါ"
ထိုနေ့မှစပြီး ချူဟွားသည် နေ့ဘက်တွင် သိုင်းလေ့ကျင့်ခြင်း၊ စာသင်ခြင်းများကို ပုံမှန်အတိုင်း လုပ်ဆောင်ပြီး ညဘက် နက္ခတ်တာရာ လေ့လာသည့် အချိန်ကို ဖဲ့ထုတ်ကာ ဓာတ်ခွဲခန်းတွင် သုတေသန ပြုလုပ်လေသည်။
ဓာတ်မြေဩဇာ အမျိုးအစား များစွာ ရှိပြီး အသုံးများသော အမျိုးအစားများမှာ နိုက်ထရိုဂျင် မြေဩဇာ၊ ဖော့စဖရပ် မြေဩဇာ၊ ပိုတက်ဆီယမ် မြေဩဇာ၊ ဒြပ်ပေါင်း မြေဩဇာနှင့် ရေတွင် ပျော်ဝင်နိုင်သော မြေဩဇာတို့ ဖြစ်သည်။
ခေတ်မီ ဓာတ်ခွဲခန်းတွင် ဆိုပါက ယူရီးယား၊ ထုံး၊ ကျောက်မှုန့် စသော ကုန်ကြမ်းများကို ဝယ်ယူပြီး နိုက်ထရိုဂျင် မြေဩဇာကို လျင်မြန်စွာ ပြုလုပ်နိုင်သည်။
ယခုကဲ့သို့ လိုအပ်ချက်များပြားသော အခြေအနေတွင် ချူဟွားသည် ကိုယ်တိုင် အကြိမ်ကြိမ် ထုတ်ယူ စမ်းသပ်ရသည်။ ထိုအခါ ချန်ဟွားကျွီအနီးရှိ လူများ ဒုက္ခရောက်ကြရပြီး ဓာတ်ခွဲခန်းမှ ထွက်လာသော ထူးဆန်းသော အနံ့များကို မကြာခဏ ရှူရှိုက်ရလေသည်။
ပဉ္စမမင်းသားသည် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးသည့် အရွယ်ဖြစ်ပြီး ချူဟွား၏ ဖိအားပေးမှုကြောင့် ညဘက်တွင် စာဖတ်လေ့ရှိကာ ညတိုင်း ညစာစားပြီးမှ အိပ်လေ့ရှိသည်။
ချူဟွား စမ်းသပ်မှု စတင်ပြီးကတည်းက သူသည် ညစာစားခြင်းကို စွန့်လွှတ်လိုက်ပြီး နေ့စဉ် စောစော အိပ်ရာဝင်ကာ နောက်တစ်နေ့ စောစောထပြီး စာဖတ်ခြင်း၊ သိုင်းလေ့ကျင့်ခြင်းများ ပြုလုပ်တော့သည်။
system ဖရဲသီးစားသည်ကို နားထောင်ချင်သော ချူအိမ်တော်မှ အစေခံ အများအပြားသည် ချန်ဟွားကျွီအနီးသို့ မကပ်ချင်ကြတော့ပေ။
ချင်းကျူ၊ ဟုန်မေ စသော အနီးကပ် အစေခံများပင်လျှင် ချူဟွား ဓာတ်ခွဲခန်း ဝင်သွားသည်ကို မြင်သည်နှင့် အခြား အဆောင်များသို့ သွားရောက် စကားစမြည် ပြောဆိုရန် အကြောင်းပြချက် ရှာကြပြီး အချိန်တန်မှ ပြန်လာကြသည်။
ထွက်ပြေး မရသော ကျားယီနှင့် ချိုက်ကန်း: "..."
သူတို့သည် နန်းစောင့်တပ်တွင် နှာခေါင်းပုပ်စေသော ပြစ်ဒဏ်မျိုး ထပ်ထည့်သင့်သည်ဟု ရိုးသားစွာ ခံစားမိကြလေသည်။
ထိုသို့ လဝက်ခန့် ဒုက္ခခံပြီးနောက် ချူဟွားထံမှ မည်သည့်အရာမှ ထွက်မလာသေးချိန်တွင် မင်းဆရာကြီးသည် နေသာသော နေ့လယ်ခင်း တစ်ခု၌ မေးမြန်းလာလေသည်။ "ကြားတာတော့ မင်း ဒီရက်ပိုင်း ညဘက် အပြင်မထွက်ဘူး ဆို"
ချူဟွား: ?
အရည်အချင်းရှိသော ကျောင်းသား တစ်ယောက်သည် ဆရာ၏ ဆိုလိုရင်းကို ပြီးပြည့်စုံစွာ နားလည်နိုင်ရမည်။
ထို့အပြင် ပဉ္စမမင်းသားနှင့် နန်ကုန်းလင်တို့၏ သိချင်စိတ် ပြင်းပြသော အကြည့်များကို ပေါင်းစပ်လိုက်လျှင် ကိစ္စအတော်များများ ရှင်းလင်းသွားသည်။
ချူဟွား သဘောပေါက်သွားပြီး ပြောလိုက်သည်။ "ဟုတ်ပါတယ်၊ ပစ္စည်း တစ်ခု လုပ်ချင်လို့ပါ"
မင်းဆရာကြီးက သွယ်ဝိုက် ပြောဆိုသည်။ "တကယ်လို့ အရေးကြီးတဲ့ ပစ္စည်းဆိုရင် ဆရာ အရှင်မင်းကြီးကို လျှောက်တင်ပြီး လူတွေ ထပ်လွှတ်ပေးခိုင်းလို့ ရတယ်"
ချူဟွားက ခေတ္တ တွန့်ဆုတ်သွားသည်။ "အရမ်းကြီး အရေးမကြီးပါဘူး"
မင်းဆရာကြီးနှင့် ပဉ္စမမင်းသားတို့သည် အရှင်မင်းကြီးထံမှတစ်ဆင့် နန်းစောင့်တပ်က ချူဟွားအတွက် မည်သည့်အရာများ ပြင်ဆင်ပေးနေသည်ကို သိရှိထားပြီး ဖြစ်သည်။ ဆီး၊ ထုံး၊ ကျောက်မှုန့် စသည်တို့ပင်။
တခြားအရာတွေ မပြောတော့ဘူး။ ဆီးကတော့ တကယ်ကို... ခေါင်းပေါက်အောင် စဉ်းစားလည်း ဘာလုပ်ရမှန်း မသိဘူး။
သူတို့သုံးယောက်၏ နှလုံးသားကို ကြောင်ပေါက်လေးက ကုတ်နေသလို ခံစားနေရပြီး သိပ်အရေးမကြီးသော ပစ္စည်းက ဘာလဲ၊ ဘာကြောင့် အနံ့က ဒီလောက် ထူးဆန်းနေရတာလဲ ဆိုတာကို အရမ်း သိချင်နေကြသည်။
"ပြောပြလို့ အဆင်ပြေမလား" ပဉ္စမမင်းသားက ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
ချူဟွား နေ့တိုင်း ဓာတ်ခွဲခန်းထဲတွင် ဆီးများကို သုတေသန ပြုလုပ်နေသည်ကို သိပြီးနောက် သူ တကယ် ဂရုမစိုက်ဘဲ မနေနိုင်တော့ပေ။ တစ်နေ့ ချူဟွားက ဆီးနဲ့ လုပ်ထားတဲ့ ဆေးကို ယူလာရင် သူ သောက်ရမလား၊ မသောက်ရဘူးလား။
"မပြေစရာ မရှိပါဘူး" ချူဟွားက ဒါသည် အရေးကြီး လျှို့ဝှက်ချက်ဟု မထင်သဖြင့် လျင်မြန်စွာ ပြောလိုက်သည်။ "ဓာတ်မြေဩဇာ လုပ်နေတာပါ"
သုံးယောက်စလုံး၏ မျက်နှာပေါ်တွင် တူညီသော ကြောင်အမ်းအမ်း အမူအရာ ပေါ်လာသည်။ ဓာတ်မြေဩဇာ ဆိုတာ ဘာလဲ။
ချူဟွားက အနည်းငယ် ရှင်းပြလိုက်သည်။ "ပြည်သူတွေ အခု သုံးနေတဲ့ မြေဩဇာက လူနဲ့ တိရစ္ဆာန်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ မြက်ခြောက်ပြာတွေ၊ မြစ်ထဲက ရွှံ့တွေကို ဆွေးမြေ့အောင် လုပ်ထားတာပါ၊ ဒါက ယေဘုယျ သုံးတာ၊ ဆိုလိုတာက ဘာအပင်မဆို ဒီမြေဩဇာ တစ်မျိုးတည်း သုံးကြတာ"
"အခု ကျွန်မ လုပ်နေတဲ့ ဓာတ်မြေဩဇာက အပင် ကြီးထွားဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခွဲခြားထားတာ၊ အပင်က ဘာလိုလဲ၊ အဲဒါ ကျွေးမယ်၊ ပိုပြီး ထိရောက်မှု ရှိမယ်၊ ဓာတ်မြေဩဇာကို မှန်မှန်ကန်ကန် သုံးရင် အသီးအနှံ အထွက်နှုန်းကို အများကြီး တိုးတက်စေနိုင်တယ်"
ရှင်းပြချက်က ရိုးရှင်းပြီး နားလည်လွယ်သဖြင့် ချူဟွား ဘာကြောင့် ဆီးကို သုတေသန ပြုလုပ်နေသည်ကို သူတို့ သဘောပေါက်သွားကြသည်။ ဒါက မြေဩဇာရဲ့ ကုန်ကြမ်း တစ်ခုကိုး။
ပဉ္စမမင်းသားနှင့် နန်ကုန်းလင်တို့သည် အဆင့်အတန်းနှင့် ကျားမ ဖြစ်တည်မှုကြောင့် ကိုယ်တိုင် စိုက်ပျိုးရေး မလုပ်ဖူးသဖြင့် စိုက်ပျိုးရေး အကြောင်း နားမလည်ကြသော်လည်း မင်းဆရာကြီးက နားလည်သည်။ သူ ငယ်ရွယ်စဉ်က ကိုယ်တိုင် စိုက်ပျိုးခဲ့ဖူးပြီး ယခုထိ အိမ်တွင် ပန်းစိုက်နေဆဲ ဖြစ်သည်။ ပန်းများ လှပစွာ ပွင့်သဖြင့် မင်းဆရာအိုကြီးကို မကြာခဏ ကြွားလေ့ရှိသည်။
"အထွက်နှုန်း ဘယ်လောက် တိုးနိုင်လဲ"
ချူဟွားတစ်ယောက် ခေတ္တ တွန့်ဆုတ်သွားသည်။ ခေတ်သစ် ဓာတ်မြေဩဇာသည် သာ့ရှန်းရောက်လျှင် ဘယ်လောက် ထိရောက်မှု ရှိမည်ကို မသိသဖြင့် စိတ်ချရသော ကိန်းဂဏန်း တစ်ခုကို ပြောလိုက်သည်။
"၃ ဆ၊ ၄ ဆလောက်တော့ ပြဿနာ မရှိလောက်ဘူး"
မင်းဆရာကြီး: "..."
ယခုနှစ် ဂျုံ အထွက်နှုန်းကို ညီလာခံသို့ စောစောစီးစီး တင်ပြထားပြီး အထွက်နှုန်း နည်းသော နေရာများတွင် တစ်ဧကလျှင် ပိဿာ ၃၀ သာ ရှိပြီး များသော နေရာများတွင် ပိဿာ ၁၅၀ ခန့် ရှိသည်။ ဒါကလည်း ရာသီဥတု၊ ဒေသ၊ မြေဆီလွှာ စသည့် အချက်များအပေါ် မူတည်သည်။
ဓာတ်မြေဩဇာ သုံးလိုက်ပါက သာ့ရှန်း နေရာတိုင်းတွင် တစ်ဧကလျှင် ပိဿာ ၁၀၀ ကျော် ထွက်ရှိနိုင်ပြီး အများဆုံး ပိဿာ ၄၀၀၊ ၅၀၀ အထိ ရရှိနိုင်မည် မဟုတ်ပါလား။ ဒါဆို လူဦးရေ ဘယ်လောက်တောင် ပိုကျွေးနိုင်မလဲ။
"ကျွတ်ကျွတ်..." မင်းဆရာကြီးသည် ဂဏန်းများကို ကြည့်ပြီး ခေါင်းမူးသွားသည်မှာ ပထမဆုံး အကြိမ်ပင်။
Systemက ချူဟွား၏ စွမ်းရည်ကြောင့် အခြားသူများ အံ့ဩသွားသည့် ပုံစံကို ကြည့်ရသည်မှာ သဘောကျသဖြင့် ရယ်မောကာ ပြောလိုက်သည်။ [မမကြီးဟွား၊ နင် အရမ်း နှိမ့်ချမနေပါနဲ့၊ ဓာတ်မြေဩဇာက အပင်တွေအပေါ် ဘယ်လောက် ထိရောက်မှု ရှိလဲ ဆိုတာ နင် မသိဘဲ နေမလား]
ဒါ့အပြင် ၃ ဆ၊ ၄ ဆ ဆိုတာ နည်းသေးတယ်လို့ ပြောချင်တာလား။ မင်းဆရာကြီး လေအေး တစ်ချက် ရှူသွင်းလိုက်သည်။
နေပါဦး၊ သူ့ကို အနားယူခွင့် ပေးပါဦး၊ အသက်ကြီးပြီမို့ ဒီလောက် ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုကို မခံနိုင်တော့ဘူး။
မကြာမီ မင်းဆရာကြီးသည် ချူဟွား နှိမ့်ချရသည့် အကြောင်းရင်းကို ကြားလိုက်ရသည်။ သူမက ပြောလာသည်။ "ဓာတ်မြေဩဇာ အာနိသင် ဘယ်လောက်ကောင်းကောင်း မှန်မှန်ကန်ကန် သုံးမှ အကျိုးရှိမှာ၊ မှားသုံးမိရင် အပင် ရှင်နေတာတင် ကံကောင်းတယ် ပြောရမယ်"
System: [ဟုတ်တယ်၊ ဓာတ်မြေဩဇာကို အချိုးအစား မှန်မှန် မရောစပ်ဘဲ ဒီအတိုင်း လောင်းထည့်လိုက်ရင် အပင်လောင်လွယ်တယ်]
ဒါဆို မှန်မှန်ကန်ကန် သုံးရင် ၅ ဆ၊ ၆ ဆလည်း ပြဿနာ မရှိဘူးပေါ့။
မင်းဆရာကြီးသည် ဤခန့်မှန်းချက်ကြောင့် စိတ်လှုပ်ရှားလွန်း၍ မျက်နှာ ရဲတက်လာပြီး ချူဟွားက ဒါ သိပ်အရေးမကြီးဘူးဟု ပြောခဲ့သည်ကို တွေးမိကာ သူမကို သဘောမတူသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဓာတ်မြေဩဇာက ဘယ်လိုလုပ် အရေးမကြီးရမှာလဲ" တကယ့် ရတနာကို ပိုင်ဆိုင်ထားပြီး တန်ဖိုး မသိကြဘူး။
ပဉ္စမမင်းသားနှင့် နန်ကုန်းလင်တို့သည် ကိုယ်တိုင် စိုက်ပျိုးရေး မလုပ်ဖူးသဖြင့် သာ့ရှန်းရှိ သီးနှံ အမျိုးမျိုး၏ တစ်ဧက အထွက်နှုန်းကို အတိအကျ မသိကြသော်လည်း ချူဟွားနှင့် system ပြောစကားများ၊ မင်းဆရာကြီး၏ တုံ့ပြန်မှုများကို ကြည့်ပြီး ဓာတ်မြေဩဇာ၏ အရေးပါပုံကို နားလည်လိုက်ကြသည်။
ထိုအခါ နှစ်ယောက်စလုံးက "နင် ဘယ်လိုလုပ် အရေးမကြီးဘူးလို့ ပြောရက်တာလဲ" ဟူသော အကြည့်ဖြင့် ချူဟွားကို ကြည့်ကြသည်။
ချူဟွား: "..."
အကြည့်လွှဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်မက လုပ်ပဲ လုပ်တတ်တာ၊ မသုံးတတ်ဘူး"
သုံးယောက်: ???
သုံးယောက်: !!!
ဘာ၊ ဘာပြောလိုက်တာလဲ။
ဓာတ်မြေဩဇာ လုပ်ပဲ လုပ်တတ်ပြီး မသုံးတတ်ဘူး ဆိုတာ အံ့ဖွယ်ခုံးခုံးက စက်ပစ္စည်း လုပ်ပဲ လုပ်တတ်ပြီး မသုံးတတ်ဘူး ပြောတာနဲ့ ဘာကွာလို့လဲ။ ငါတို့ ယုံမယ် ထင်လား။
ချူဟွားသည် သုံးယောက်သား၏ "နင် ငါ့ကို နောက်နေတာလား" ဟူသော အကြည့်အောက်တွင် ခေါင်းမာမာဖြင့် ဆက်ပြောလိုက်ရသည်။ "သာမန် သီးနှံတွေ ဘာမြေဩဇာ သုံးရမလဲ ဆိုတာလောက်ပဲ ကျွန်မ သိတာ၊ ဘယ်အချိန် သုံးရမလဲ၊ ဘယ်လောက် သုံးရမလဲ၊ ဘယ်လို သုံးရမလဲ ဆိုတာ မသိဘူး၊ အဲဒါတွေက စိုက်ပျိုးရေးဝန်ကြီးဌာနကို အပ်ရမှာ"
သုံးယောက်: "..."
ဒီခံစားချက်က တော်ဝင်သမားတော်ချုပ်က သူတို့ကို "ဒီဆေး ဘယ်လိုဖော်ရမလဲ ကျွန်တော် သိတယ်၊ ဒါပေမဲ့ ဘယ်လို ကျိုရမလဲ၊ ဘယ်လောက် ကျိုရမလဲ၊ ဘယ်လောက် သုံးရမလဲ ဆိုတာ မသိဘူး၊ ခင်ဗျားတို့ဘာသာ လေ့လာကြ" လို့ ပြောသလိုမျိုးပဲ။
သောက်ကျိုးနည်း။ ခင်ဗျားက သမားတော်လား၊ ငါက သမားတော်လား။
အခြေအနေက အလွန် အနေရခက်နေသဖြင့် ချူဟွားတစ်ယောက် မနေတတ် မထိုင်တတ် ဖြစ်နေတော့သည်။
သူမ ထွက်ပြေးသလိုမျိုး systemနှင့် သွားပြောလိုက်သည်။ [တွေ့လား၊ ဒါကြောင့် ငါ စောစောစီးစီး ထုတ်မပေးခဲ့တာ၊ ငါ လုပ်ပဲ လုပ်တတ်ပြီး မသုံးတတ်ဘူး ဆိုတာ ဘယ်သူမှ မယုံကြဘူး]
Systemသည် ချူဟွား၏ ယခင်ဘဝ ဖရဲသီးကို စားဖူးသဖြင့် အကြောင်းရင်းကို သိသော်လည်း ထုတ်မပြောသာသဖြင့် သူမကို လှိုက်လှိုက်လှဲလှဲ စာနာကြောင်း ပြသလိုက်သည်။
[ငါ ယုံတယ်]
Systemက လူမဟုတ်သော်လည်း "ဘယ်သူမှ" ဟူသော အထဲတွင် မပါဝင်သဖြင့် အနည်းနှင့်အများ နှစ်သိမ့်မှု ရစေသည်။
ချူဟွားလည်း နှစ်သိမ့်မှု ရသွားသည်။ [ဘယ်လိုပဲ ဖြစ်ဖြစ် ဓာတ်မြေဩဇာကို ငါ လုပ်ပြီးသွားပြီ၊ သုံးမသုံး၊ ဘယ်လို သုံး၊ ဘယ်လောက် သုံး ဆိုတာ ညီလာခံကပဲ ခေါင်းစားပါစေတော့]
ညီလာခံတွင် လူတွေ ဒီလောက် အများကြီး ရှိတာ၊ စမ်းသပ်မှု လုပ်တတ်တဲ့သူ၊ နှိုင်းယှဉ်မှု လုပ်တတ်တဲ့သူ မရှိဘူး ဆိုတာ သူမတော့ မယုံဘူး။
System: [ဟုတ်တယ် ဟုတ်တယ်၊ လစာ တစ်ပြားမှ မရဘဲ နင်က ဘာလို့ ပူနေမှာလဲ။ အဲဒီအချိန်တွေမှာ ရှန်လု အလှလေးကို သွားကြည့်နေတာ မကောင်းဘူးလား]
[နင် ကြည့်ချင်နေတာ မဟုတ်လား] systemတွင် ရုပ်ချောတာ ကြိုက်တတ်သော အကျင့် ရှိသည်ကို ချူဟွား မသိခဲ့ပေ။
System: [ရုပ်ချောတဲ့သူကို ဘယ်သူက မကြည့်ချင်ဘဲ နေမလဲ။ နင်ပဲ ပြောကြည့်၊ သူ့ကို ကြည့်ပြီး ထမင်းတစ်ပန်းကန် ပိုစားနိုင်လား၊ မစားနိုင်ဘူးလား]
ချူဟွားက လက်တွေ့ကျကျ ဖြေလိုက်သည်။ [မစားနိုင်ဘူး]
System: [......]
ချူဟွား: [ငါက အစကတည်းက တစ်ပန်းကန်ပဲ စားနိုင်တာ၊ နှစ်ပန်းကန် စားရင် ဗိုက်ကွဲသေသွားမှာ၊ သူ ဘယ်လောက် ချောချော မရဘူး]
System: [......] သောက်ကျိုးနည်း။ ဒါက သိပ္ပံကျောင်းသားတွေရဲ့ တိကျသေချာမှုလား။ မှားသွားပြီ။
အားလုံး: "..."
ငါတို့ ကြားနေရတယ် ဆိုတာ နင်တို့နှစ်ယောက် မေ့နေကြပြီလား။
ဓာတ်မြေဩဇာ ကိစ္စက အထက်သို့ အရေးပေါ် ရောက်ရှိသွားသည်။
အရှင်မင်းကြီး သိသွားသောအခါ အလွန် တည်ငြိမ်စွာဖြင့် ဘဏ္ဍာရေးဝန်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီးကို ဆင့်ခေါ်လိုက်သည်။ "တစ်ဧက အထွက်နှုန်းကို အဆပေါင်းများစွာ တိုးစေနိုင်တဲ့ ဓာတ်မြေဩဇာ အကြောင်း မောင်မင်းတို့ ကြားဖူးလား"
ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ မြေယာနှင့် အခွန်အခများကို စီမံခန့်ခွဲပြီး စိုက်ပျိုးရေးဝန်ကြီးဌာနသည် စိုက်ပျိုးရေးဆိုင်ရာ သီးသန့် စီမံခန့်ခွဲသောဌာန ဖြစ်သည်။ ဌာနနှစ်ခုသည် မြေယာနှင့် လယ်ယာထွက်ကုန် အပိုင်းတွင် လုပ်ငန်းတာဝန်များ ထပ်နေသည်။
နှစ်ယောက်စလုံး လျင်မြန်စွာ ငြင်းဆိုလိုက်သည်။ "ကျွန်တော်မျိုး မကြားဖူးပါဘူး"
အရှင်မင်းကြီးက ချန်ကျို့ကို ချူအိမ်တော်မှ ပေးပို့လာသော အစီရင်ခံစာကို သူတို့နှစ်ဦးအား ပေးလိုက်ခိုင်းသည်။
ဘဏ္ဍာရေးဝန်ကြီးက ချူဟွား သုတေသန လုပ်နေသော ပစ္စည်း ဖြစ်ကြောင်း မြင်လိုက်သည်နှင့် သဘောပေါက်သွားသည်။ "ဒီအကြံဉာဏ်က စိတ်ဝင်စားစရာပဲ၊ လူလိုမျိုးပေါ့၊ ဘာလိုလဲ၊ အဲဒါ ဖြည့်ပေးတာ၊ အယူအဆအရတော့ အမှားမရှိပါဘူး၊ ဓာတ်မြေဩဇာ ရရင် စမ်းသပ်မှု တချို့ လုပ်ရမယ်"
တစ်ဧက အထွက်နှုန်း ၃၊ ၄ ဆ တိုးတက်လာမည့် ကိစ္စသည် စိုက်ပျိုးရေးဝန်ကြီး၏ အသိဉာဏ်ကို စိန်ခေါ်နေသော်လည်း ပစ္စည်း မရသေးခင် မဖြစ်နိုင်ဘူးဟု ကခုန်ပြီး အော်ဟစ် ငြင်းဆန်မနေပေ။
"ဘာနဲ့ စမ်းသပ်မလဲ။ ဆောင်းဝင်တော့မယ်၊ ဂျုံနဲ့ စပါးက မရတော့ဘူး၊ မုန်လာဥနဲ့ မုန်လာဥဖြူလောက်ပဲ စိုက်လို့ ရမယ်"
ဘဏ္ဍာရေးဝန်ကြီး: "မုန်လာဥတွေနဲ့ ဂျုံစပါးတွေ သုံးရတဲ့ မြေဩဇာ တူပါ့မလား။ သခင်မလေးချူကို အရင် မေးကြည့်တာ ပိုကောင်းမယ်"
သခင်မလေးချူ ဟုတ်လား။ စိုက်ပျိုးရေးဝန်ကြီး မျက်ခုံး ပင့်သွားသည်။ ချူဟွားက အရာရှိ မဖြစ်သေးဘူးလေ။
သူ အရှင်မင်းကြီးဘက် အသာ လှမ်းကြည့်လိုက်ရာ အရှင်မင်းကြီးက မကြားချင်ယောင် ဆောင်နေသည်ကို တွေ့လိုက်ရသဖြင့် သဘောပေါက်သွားသည်။
အရှင်မင်းကြီးက နောက်တစ်ကြိမ် စာမေးပွဲအထိ မစောင့်နိုင်တော့ဘဲ လူကို ဆွဲခေါ်ပြီး အရာရှိ ခန့်တော့မလို့လား။
စိုက်ပျိုးရေးဝန်ကြီး: "..."
လက်ဖက်ရည် တစ်အိုး ကုန်ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီးတို့ တော်ဝင်စာဖတ်ခန်းမှ ထွက်ခွာသွားပြီး ချူအိမ်တော်သို့ အတူတူ သွားလိုက်ကြသည်။
နှစ်ယောက်သား လက်ဗလာနှင့် သွားကြပြီး ပြန်လာတော့ ဓာတ်မြေဩဇာ တစ်အိတ်နှင့် ဓာတ်မြေဩဇာ အသုံးပြုရာတွင် သတိထားရမည့် အချက်များ ပါဝင်သည့် မှင်နံ့သင်းနေသော စာရွက်တစ်ရွက် ပါလာသည်။
အဝေးကြီး မရောက်သေးခင် system၏ ထင်ရှားသော ကလေးသံလေးကို ကြားလိုက်ရသည်။
[ဟားဟား ဒီနှစ်ယောက် ကုန်လာကူးတာလား]
ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး: "..." ပြောရရင် တော်တော် တူသားပဲ။
ချူဟွားက ရယ်မောလိုက်သည်။ [ထုံအာ၊ အရာရှိ မလုပ်ရတဲ့ အားသာချက်ကို ငါ ရုတ်တရက် တွေ့သွားပြီ]
System: [ဟင်]
ချူဟွား: [ငါ့ဆီမှာ ဓာတ်မြေဩဇာ ၁၀ မျိုးလောက် ရှိတယ်၊ တစ်မျိုး ထုတ်ပေးလိုက်တာနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက ရွာလည်နေတော့မှာ၊ ၂ နှစ် ၃ နှစ်လောက် မကြာဘဲ သေချာပေါက် နားလည်မှာ မဟုတ်ဘူး၊ ၁၀ မျိုးလုံး ထုတ်ပေးလိုက်ရင်...]
ဘဏ္ဍာရေးဝန်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီး နေရာမှာတင် ကြောင်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ၁၀ မျိုးတောင်!
သူတို့ တစ်မျိုးတောင် နားမလည်သေးဘူး။ ၁၀ မျိုးဆို ဘယ်လောက် ကြာမလဲ။ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်လောက် ဓာတ်မြေဩဇာနဲ့ပဲ လုံးပန်းနေရပြီး အငြိမ်းစားယူမဲ့ အရွယ်ထိ ပြီးပါ့မလား။
မဖြစ်နိုင်ဘူးလေ။
သူတို့က အေးအေးဆေးဆေး အိုမင်းသွားချင်ကြတာ။
System ရုတ်တရက် သဘောပေါက်သွားသည်။ [ဟုတ်သားပဲ။ နင် အရာရှိ မလုပ်ရင် ကိစ္စတွေကို သူများဆီ လွှဲချလို့ ရတယ်၊ အရာရှိ လုပ်ရင် နင်ကိုယ်တိုင် လုပ်ရမှာ၊ ဒီအလုပ်က တွက်ခြေကိုက်သားပဲ]
မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ဘဏ္ဍာရေးဝန်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ကြသည်။ အဲဒီလို တွက်လို့ မရဘူးလေ။
Systemက သူတို့နှစ်ဦး၏ ငြင်းဆန်လိုစိတ် မည်မျှ ပြင်းပြသည်ကို ဂရုမစိုက်ဘဲ အနာဂတ်တွင် ချူဟွားက ပစ္စည်းတစ်ခု ထုတ်ပေးလိုက်သည်နှင့် ညီလာခံ တစ်ခုလုံး ခြေမကိုင်မိ လက်မကိုင်မိ အလုပ်ရှုပ်သွားမည့် မြင်ကွင်းကို တွေးပြီး တဟားဟား ရယ်မောနေလေသည်။
[ဓာတ်မြေဩဇာ တစ်ခုတည်းနဲ့တင် သူတို့ အလုပ်ရှုပ်နေပြီ၊ နင်သာ ဘိလပ်မြေ၊ သံချောင်း၊ ကွန်ကရစ်တွေ ထပ်ထုတ်ပေးလိုက်ရင် ညီလာခံမှာ အားတဲ့လူ ရှိပါဦးမလား]
ချူဟွား: [ဘိလပ်မြေ၊ သံချောင်း၊ ကွန်ကရစ်တွေက အဆောက်အအုံ ဆောက်ဖို့နဲ့ လမ်းခင်းဖို့ သုံးတာ၊ အဲဒါက ဆောက်လုပ်ရေးဝန်ကြီးဌာန အလုပ်၊ အလွန်ဆုံး ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆွဲထည့်လို့ ရတယ်]
System: [သံမဏိ၊ စတီး၊ အဟေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အလုပ်ပဲ၊ ဘဏ္ဍာရေးဝန်ကြီးဌာနကို ထပ်ခေါ်လို့ ရတယ်]
ဘဏ္ဍာရေးဝန်ကြီး: "..."
စိုက်ပျိုးရေးဝန်ကြီးက ဘဏ္ဍာရေးဝန်ကြီးကို ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ကောင်းကောင်း သွားပါလေ။
ဘဏ္ဍာရေးဝန်ကြီးက မဲ့ရွဲ့သော အပြုံးတစ်ခု ပြုံးလိုက်သည်။ သခင်မလေးချူ၊ အရာရှိ မလုပ်ဘဲ ငါတို့ကို နှိပ်စက်နေတာပေါ့လေ။ ဒါဆို ငါလည်း မညှာတာတော့ဘူး။
…