← Chapters

အခန်း ၁၂၄

Vol. 9 Ch. 124

အခန်း ၁၂၄

Vol. 9 Ch. 124

အပိုင်း (၁၂၄)

လူတိုင်း ဆွံ့အသွားကြပြီး တစ်ချိန်တည်းမှာပင် စပ်စုချင်လာကြ၏။

ဆန်စေ့တစ်စေ့က ထိုမျှ သေးငယ်ရာ အားစိုက်ရ ခက်ခဲလှသည်။ လက်ချောင်းဖြင့် ထိန်းထားရန်ပင် ခက်ခဲလှသည်တွင် ကောချန်သည် ဆန်စေ့ပေါ်တွင် မည်သို့ စာလုံးထွင်းမည်နည်း။

သီးသန့်ခန်းထဲတွင် ဆန်စေ့မရှိချေ။ တစ်စုံတစ်ယောက်က ပန်းကန်ထဲရှိ ဖရဲစေ့ကို မြင်လိုက်ပြီး ဆန်စေ့အကြီးစားအဖြစ် သတ်မှတ်ကာ စမ်းသပ်ကြည့်လိုက်လေသည်။

"ဖရဲစေ့က ဆန်စေ့ထက် အများကြီး ပိုကြီးတာတောင် ကိုင်ထားဖို့ ခက်နေတာ။ ဘယ်လိုလုပ် စာထွင်းမှာလဲ"

"စာထွင်းတာက ခဏလေးနဲ့ ပြီးတာမှ မဟုတ်တာ။ အချိန်ကြာလေ ပိုခက်လေပဲ"

"ထွင်းရမဲ့ ပစ္စည်းက သေးလေ။ သုံးရမဲ့ ကိရိယာက သေးလေပဲ၊ ဆန်စေ့ပေါ် စာထွင်းဖို့ဆိုရင် ကိရိယာက ဘယ်လောက်တောင် သေးရမလဲ"

"လက်နဲ့ တကယ် ကိုင်လို့ရပါ့မလား"

ရောက်ရှိနေသူများမှာ ဗဟုသုတ နှံ့စပ်သူများ ဖြစ်ကြသည်။ သစ်ကြားသီးနှင့် မြေပဲခွံပေါ်တွင် အနုစိတ် လက်ရာများကို မြင်ဖူးကြပြီး မင်းသား ၅ ဆိုလျှင် သက်ရှိနှင့်တူသော သစ်ကြားသီးလှေကိုပင် မြင်ဖူးခဲ့လေသည်။ သို့သော် ဆန်စေ့ပေါ်တွင် ထွင်းထုနိုင်သည် ဆိုခြင်းကိုမူ သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။

ကျောက်တုံး၊ သစ်တုံး၊ သစ်ကြားသီးနှင့် မြေပဲများကို ထွင်းထုနိုင်လျှင် ဆန်စေ့ကိုလည်း သဘာဝကျစွာ ထွင်းထုနိုင်ပေလိမ့်မည်။ သို့သော် လက်ရာ မည်သို့ ရှိမည်ကို မသိနိုင်ချေ။

ချူဟွားကတော့ ကြားဖူးလေသည်။ ခေတ်သစ်တွင် လူအများအပြား ဆန်စေ့ပန်းပုကို ကစားကြပြီး ဆန်စေ့တစ်စေ့ပေါ်တွင် စာလုံးရေ တစ်ရာကျော်အထိ ထွင်းထုနိုင်သလို ပန်းမန်၊ ငှက်နှင့် လူပုံများကိုပါ ထွင်းထုနိုင်ကြောင်း၊ ၎င်းသည် သာမန်လူများ မမီနိုင်သော အနုပညာတစ်ခု ဖြစ်လာပြီး ဆန်စေ့ပန်းပု ပြပွဲများပင် ရှိကြောင်း သိထား၏။

သူမသည် လက်တွေ့တွင် မမြင်ဖူးဘဲ အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ဗီဒီယိုများမှတစ်ဆင့်သာ ကြည့်ရှုဖူးသော်လည်း အလွန် အံ့မခန်း ဖြစ်ပေသည်။

ချူဟွား: [ကောချန်ရဲ့ ဆန်စေ့ပန်းပု ပညာက ဘယ်အဆင့် ရောက်နေပြီလဲ]

System: [ဆန်စေ့တစ်စေ့မှာ စာလုံး သုံးလေးလုံးလောက် ထွင်းနိုင်တယ်။ တော်တော်လေး သပ်ရပ်အောင် ထွင်းနိုင်ပြီး မျဉ်းကြောင်းတွေ ရှုပ်ထွေးရင်လည်း ပြဿနာ မရှိပါဘူး]

လူတိုင်းသည် ဆန်စေ့ပန်းပု လက်ရာကို ကိုယ်တိုင် မမြင်ဖူးကြဘဲ စိတ်ကူးဖြင့်သာ တွေးကြည့်ကြရာ ဤပညာရပ်သည် အနည်းငယ် ခက်ခဲမည်ဟု ထင်မြင်မိကြလေသည်။

မင်းသား ၅ ၏ စပ်စုချင်စိတ်မှာ ပြင်းထန်လှ၏။ သီးသန့်ခန်းထဲတွင် စာရေးကိရိယာများ အဆင်သင့် ရှိနေသဖြင့် သူသည် အနုဆုံး စုတ်တံကို ယူကာ ဖရဲစေ့ပေါ်တွင် စာလုံး သုံးလုံး ရေးရန် ကြိုးစားကြည့်လိုက်သည်။

မထွင်းထုတတ်လျှင်တောင် စာမရေးတတ်ဘဲ နေမည်လား။

အခက်အခဲချင်း မတူညီသော်လည်း ထိုခံစားမှုကို အတိုင်းအတာ တစ်ခုအထိ ခံစားကြည့်နိုင်ပေလိမ့်မည်။

သူ၏ လုပ်ရပ်ကို မြင်သောအခါ အခြားသူများသည်လည်း စပ်စုလိုစိတ် ဖြစ်ပေါ်လာကြပြီး ဆန်နှင့် စုတ်တံများ သွားရောက် ဝယ်ယူခိုင်းကာ ဆန်စေ့ပေါ်တွင် စာရေးရန် ကြိုးစားကြတော့သည်။ မည်သူ ပိုကောင်းအောင် ရေးနိုင်မည်ကိုလည်း ယှဉ်ပြိုင်ချင်နေကြ၏။

အခြား သီးသန့်ခန်း တစ်ခုတွင် ကောချန်သည် တုန်းဖန်းဟန်နှင့် ရှီးမန်ကျဲတို့ စိတ်အားထက်သန်စွာ ဆန်စေ့ကစားနေသည်ကို ကြည့်ပြီး ပြောစရာ စကား မရှိ ဖြစ်နေလေသည်။

သူနှင့် ရှီးမန်ကျဲသည် တုန်းဖန်းဟန် ဖိတ်ကြားသဖြင့် ရောက်လာခြင်း ဖြစ်သည်။ ဧည့်သည်က အခြားဧည့်သည် တစ်ယောက်ကို မောင်းထုတ်လိုက်လျှင် အိမ်ရှင်အတွက် အခက်တွေ့စေလိမ့်မည်။

ထို့ပြင် ရှီးမန်ကျဲ ယခင်က လိမ်ညာလှည့်ဖြားခဲ့သော ကိစ္စများ ပေါက်ကြားသွားပြီး မြို့တော်တစ်ခုလုံး သိရှိသွားကြပြီ ဖြစ်ရာ သူလည်း သိပ်ပြီး ဒေါသ မထွက်တော့ပေ။

ယခု သူတို့နှစ်ဦး စားပွဲပေါ် မှောက်လျက် ဆန်စေ့ကစားနေပုံကို ကောချန် ကြည့်မရတော့ချေ။

"ခင်ဗျားတို့က တကယ်ပဲ စမ်းသပ်ချင်တာလား။ ဒါမှမဟုတ် ကျွန်တော့်ကို ရှက်အောင် လုပ်ချင်တာလား"

"ဒါပေါ့၊ စမ်းသပ်မှာပေါ့" သူတို့နှစ်ဦးက ပြိုင်တူ ဖြေလိုက်ကြသည်။

ဆန်စေ့ပေါ်တွင် ထွင်းထုခြင်းက သည်လောက် ပျော်စရာ ကောင်းနေသည်ဖြစ်ရာ အဘယ်ကြောင့် လူကို ရှက်အောင် လုပ်ရမည်နည်း။ ဒါက လူသိရှင်ကြား လုပ်ရမည့် ကိစ္စလည်း မဟုတ်ပေ။

တကယ်တမ်းတွင်မူ အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် ဤပညာရပ် မလွယ်ကူကြောင်း သိရှိသွားကြပြီး ဆန်စေ့ပေါ်တွင် စာလုံးထွင်းနိုင်သည့် ကောချန်ကို လေးစားမိသွားကြသည်။

သို့သော် ဆန်စေ့ကို ထွင်းထုရခြင်း၏ အစရည်ရွယ်ချက်က အနည်းငယ် ထူးဆန်းနေသည်။ ကဗျာ၊ စာပေများ ထွင်းထုထားသော ဆန်စေ့ကို စားသုံးလိုက်လျှင် ပညာအရည်အချင်း ပိုမို ထက်မြက်လာမည်ဟု သူ အဘယ်ကြောင့် တထစ်ချ ယုံကြည်နေရသနည်း။

ထိုအယူအဆအရဆိုလျှင် စာပေပညာရှင်များ စားသမျှ ဟင်းပွဲတိုင်းကို ထွင်းထုသည့် အဆင့်ကို ကျော်ဖြတ်ပြီးမှ ချက်ပြုတ် စားသောက်ရမည်လော။ ထိုသို့ဆိုလျှင် အလွန် အလုပ်ရှုပ်မည်မဟုတ်ပါလား။

"အစ်ကိုကောချန်၊ ဒီနည်းလမ်းက တကယ် အစွမ်းထက်ရဲ့လား" ရှီးမန်ကျဲသည် ပညာအရည်အချင်း တိုးတက်မည့် နည်းလမ်းကို အလွန် လိုချင်နေရှာသည်။

သူ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်ဝန်းများကို ကြည့်ရသည်မှာ ကောချန်သာ ထိရောက်သည်ဟု ပြောလိုက်လျှင် နောက်ပိုင်း၌ ရှီးမန်ကျဲသည် ထမင်းတစ်နပ်လျှင် သုံးပန်းကန် စားတော့မည့်ပုံ ပေါက်နေသည်။

ကောချန်: "..."

အကယ်၍ အာနိသင် မရှိဟု ပြောလိုက်လျှင် သူ ဘာကြောင့် ဇွဲနဘဲနှင့် လုပ်နေမည်နည်း။ အကယ်၍ ထိရောက်သည်ဟု ပြောလိုက်ပြီး ရှီးမန်ကျဲ စားပြီးသည့်အခါ အာနိသင် မပြလျှင် သူက လိမ်ညာသူ ဖြစ်သွားပေလိမ့်မည်။

ဘယ်လိုလုပ်လုပ် လူမှန် ဖြစ်တော့မည် မဟုတ်ချေ။ ဘယ်လိုဖြေဖြေ အမှားသာ ဖြစ်နေတော့သည်။

ကောချန်သည် သတင်းဖွင့်ချလိုက်သူကို တကယ်ပင် သေလောက်အောင် စိတ်ပျက်မိသွား၏။

ထိုလူက သူ့အိမ်နံရံတွင် ကပ်ပြီး အတင်းအဖျင်းများ ချောင်းကြည့်နေသည်မှာ သေချာသည်။ သို့မဟုတ်လျှင် သည်လို အသေးစိတ် သိရှိနိုင်မည် မဟုတ်သလို ဤနေရာတွင် ဖွင့်ချမည် မဟုတ်ချေ။ တကယ့်ကို အောက်တန်းကျပြီး အရှက်မရှိသည့် လူသာဖြစ်သည်။

အရှေ့တိုင်းလက်ဖက်ရည်ဆိုင် အတွင်းနှင့် အပြင်တွင်လည်း ထိုကဲ့သို့ အပြုအမူ လုပ်ဆောင်နေသူ မနည်းပေ။ အားလုံးက ဆန်စေ့ပန်းပုကို စပ်စုချင်နေကြခြင်း ဖြစ်သည်။

လက်ရှိတွင် ချက်ပြုတ်ရန် အဆင်မပြေသောကြောင့်သာ။ သို့မဟုတ်ပါက တစ်စုံတစ်ယောက်သည် ကျိန်းသေပေါက် ချက်ပြုတ်စားသောက်ကြည့်ပြီး ပညာဉာဏ် တိုးမတိုး စမ်းသပ်ကြည့်ကြပေလိမ့်မည်။

ချူဟွားသည် ခဏမျှ ကြည့်ရှုပြီးနောက် စိတ်ဝင်စားမှု လျော့နည်းသွားသည်။ ဘေးနားမှ လူများအားလုံး သွားရောက် စမ်းသပ်နေကြပြီ ဖြစ်ရာ ကျန်ရှိနေသည့် အဖိုးတန် ရတနာတစ်ပါးမှာ ရှန်လု တစ်ယောက်သာ ရှိတော့၏။

"ရှင် သွားမကစားဘူးလား"

"မသွားတော့ပါဘူး" ရှန်လုသည် သစ်ကြားသီး ခွာရန် အလုပ်ရှုပ်နေသည်။ ခွာပြီးသား သစ်ကြားသီးအဆန်များကို ပန်းကန်ပြားလေးထဲ ထည့်ကာ ချူဟွားရှေ့သို့ တွန်းပို့ပေးလိုက်၏။ ရည်ရွယ်ချက်က သိသာထင်ရှားလှသည်။

System: ဟင်?

ချူဟွား သူ့ကို ကြည့်လိုက်သောအခါ ရှန်လုသည် အကြည့်ကို ရှောင်လွှဲခြင်း မရှိပေ။ သူတို့နှစ်ဦး အချိန်အတော်ကြာ စိုက်ကြည့်နေကြပြီး မည်သူကမျှ အကြည့် မလွှဲကြချေ။

ချူဟွားသည် ခေါင်းလှည့်ကာ ကြည့်လိုက်တော့ အခြားသူများ ဆန်စေ့ ကစားရန် အလုပ်ရှုပ်နေသဖြင့် သူတို့နှစ်ဦးကို သတိမထားမိကြပေ။ သူမသည် ခဏမျှ စဉ်းစားပြီးနောက် ပန်းကန်ပြားလေးကို ပြန်တွန်းပို့လိုက်၏။

ရှန်လု၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားသည်။

System ပြောပြချက်အရ သူ့ရုပ်ရည်သွင်ပြင်က ချူဟွား ကြိုက်နှစ်သက်သည့် ပုံစံမျိုး ဖြစ်သည် ဆိုရာ သူ ဘယ်နေရာများ လွဲမှားသွားသနည်း။

System မှာမူ ခုန်ဆွခုန်ဆွ ဖြစ်လုနီးပါးပင်။ မဖြစ်နိုင်တာ။ သူ ship ထားတဲ့ CP ပြိုလဲတော့မှာလား။

[ကောချန်ရဲ့ ဖရဲသီး မစားတော့ဘူးလား]

ချူဟွားသည် ရှန်လုဘက်သို့ အကြည့်မရောက်စေရန် အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်၏။ ကြည့်မိလျှင် စိတ်ပျော့သွားမည် စိုးသောကြောင့်ပင်။

[စားမှာပေါ့၊ ဆက်ပြော]

ကောချန် ကိုယ်တိုင်: ??!

ထပ်လာပြန်ပြီလား။ ထိုလူက သူ့အိမ်နံရံတွင် ကပ်ပြီး ဘယ်လောက်များများ ခိုးကြည့်ထားပါသနည်း။

ထိုစကားကို ကြားလိုက်ရတော့ တုန်းဖန်းဟန်၊ ရှီးမန်ကျဲနှင့် မင်းသား ၅ အပါအဝင် လူအများအပြား လက်ထဲရှိ အလုပ်များကို ရပ်တန့်လိုက်ကြသည်။

ဆန်စေ့ပန်းပုက ခက်ခဲလှသည်။ ဖရဲသီးလောက် မစားကောင်းပေ။

System: [ဒါက လူမသိသူမသိ ဝါသနာလေး တစ်ခုပါ၊ ဘာမှ မဖြစ်ပါဘူး]

[ကောချန်ဆီမှာ ကြီးလိုက် သေးလိုက် ဖရဲသီးတွေ မရေမတွက်နိုင်အောင် ရှိတယ်။ တန်ဖိုးကတော့ နည်းပါတယ်။ ငါ စိတ်ဝင်စားစရာ ကောင်းတာလေး ပြောပြမယ်]

[သူက မျက်နှာကို ကြည့်တတ်တဲ့သူ၊ ပြောရရင် ရုပ်ရည်ကို ကြည့်တဲ့သူပေါ့၊ ရုပ်ရည်ချောမောတဲ့သူဆိုရင် ဘာလုပ်လုပ် အမှန်လို့ ထင်တတ်တယ်။ ဒါကြောင့် တုန်းဖန်းဟန်က ကုန်သည် မိသားစုက ဆင်းသက်လာပြီး အချိန်အများစုမှာ ကုန်သည်တို့ရဲ့ ဉာဏ်နီဉာဏ်နက် ရှိပြီး ပါးပါးနပ်နပ် နေထိုင်တတ်ပေမဲ့ ကောချန် မျက်လုံးထဲမှာတော့ ဘာမှ မဟုတ်သလိုပါပဲ]

ဤအကြောင်းကို ကြားလိုက်ရသောအခါ ကောချန်သည် နှင်းကျနေသည့် ရာသီဥတုတွင် တစ်ကိုယ်လုံး ချွေးပြန်လာတော့သည်။

တုန်းဖန်းဟန်နှင့် ရှီးမန်ကျဲတို့၏ အံ့ဩတကြီး အကြည့်များကို ခံစားလိုက်ရပြီး သူတို့၏ ဇဝေဇဝါ ဖြစ်နေသော ပုံစံများကို မြင်လိုက်ရသောအခါ ရှက်လွန်းလှသဖြင့် နေရာတွင်ပင် တွင်းတူးပြီး ဝင်ပုန်းချင်စိတ် ပေါက်သွားလေသည်။

သူနှင့် ထိုကလေးကြားတွင် မည်သို့သော အမုန်းတရားနှင့် အငြိုးအတေးများ ရှိနေသနည်း။ ယနေ့ကဲ့သို့ ပြည်သူအများအပြား စုဝေးနေသည့် နေ့ရက်မျိုးတွင်မှ သူ့အကြောင်းကို ဖွင့်ချရသည်လို့။

ကောချန်က သည်လောက်ဖြင့် ပြီးသွားပြီဟု ထင်မှတ်ထားသော်လည်း ထိုကလေးက ဆက်ပြောနေသေး၏။ [ဒါကြောင့် ရှီးမန်ကျဲရဲ့ စာပေစွမ်းရည် မကောင်းတာကို သိလိုက်ရပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် မကြိုးစားဘဲ လိမ်ညာလှည့်ဖြားဖို့ သွားလုပ်တာကို တွေ့လိုက်ရတော့ သူက အဲဒီလောက် ဒေါသထွက်ခဲ့တာပေါ့]

"ဟင်" တုန်းဖန်းဟန်နှင့် ရှီးမန်ကျဲတို့ အံ့အားသင့်သွားကြသည်။

သူတို့အားလုံးက ကောချန်သည် စိတ်သဘောထား မြင့်မြတ်ပြီး မာနကြီးသူ ဖြစ်သောကြောင့် ရှီးမန်ကျဲက သူတပါး၏ ဆောင်းပါးကို ဝယ်ယူပြီး မိမိအရာအဖြစ် အသုံးပြုသည်ကို သည်းမခံနိုင်ခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။ မထင်မှတ်ဘဲ အမှန်တရားက ဤသို့ ဖြစ်နေပါကလား။

ဒါက ချစ်လွန်းလို့ အပြစ်တင်တာများလား။

ကောချန်၏ မျက်လုံးများ ပြာဝေသွားပြီး တံခါးကို ဖွင့်ကာ ထွက်ပြေးချင်စိတ် ပေါက်သွားတော့သည်။

သူက ရုပ်ရည်ချောမောသူများ၊ အရည်အချင်း ရှိသူများကို နှစ်သက်ရုံသာ ဖြစ်သည်။ ဤသည်မှာ ဘာများ မှားယွင်းနေသနည်း။ ဘာကြောင့် လူအများရှေ့တွင် ထုတ်ဖော်ပြောဆိုခံရသနည်း။ ဝူး ဝူး ဝူး။

ချူဟွားက system က အကြောင်းအရာ တစ်ခုခုကို ကျော်သွားသည်ဟု ခံစားလိုက်ရသည်။ [ဒီကိစ္စကို မသိခင်တုန်းက ကောချန်နဲ့ ရှီးမန်ကျဲ ဆက်ဆံရေးက မဆိုးဘူး မဟုတ်လား]

System: [ဟုတ်ပါတယ်။ သူတို့ ဘယ်လို သိကျွမ်းခဲ့လဲဆိုတာ ငါ နင့်ကို ပြောပြမယ်]

[အရှေ့တိုင်းလက်ဖက်ရည်ဆိုင်က စာပေပညာရှင်တွေ စုဝေးရတာ ကြိုက်တဲ့နေရာလေ။ ကောချန်လည်း ဒီနေရာကို လာပြီး ဝါသနာတူတွေနဲ့ စကားစမြည် ပြောရတာ နှစ်သက်တယ်။ တုန်းဖန်းဟန်က အရှေ့တိုင်းလက်ဖက်ရည်ဆိုင်ရဲ့ သခင်လေးဆိုတော့ မကြာခဏ လာကြည့်တတ်တယ်။ ဒီလိုနဲ့ သူတို့ နှစ်ယောက် ခင်မင်သွားကြတာ]

[ရှီးမန်ကျဲက အရှေ့တိုင်းလက်ဖက်ရည်ဆိုင်ရဲ့ ဂုဏ်သတင်းကို ကြားဖူးသလို မြို့တော် ဂုဏ်ဆောင်လေးယောက်ထဲက ၃ ယောက်က ဒီနေရာမှာ မကြာခဏ ရှိနေတတ်မှန်းလည်း သိထားတော့ သူ ကိုယ်တိုင် ရောက်လာခဲ့တယ်။ အစတုန်းက သူက သူ့ကဗျာကိုပဲ သုံးခဲ့တာ။ ဒါပေမဲ့ ဘာမှ ထူးခြားမှု မရှိခဲ့ဘူး။ ကောချန်က ရှီးမန်ကျဲ ရုပ်ရည် ချောမောတာကို မြင်တော့ စေတနာနဲ့ အကြံဉာဏ်တချို့ ပေးခဲ့တယ်]

[ရှီးမန်ကျဲက စမ်းကြည့်ပေမဲ့ ဘာမှ မထူးခြားဘူး။ ကောချန်လည်း လက်မလျှော့ဘဲ သူ့ရဲ့ နှစ်ပေါင်းများစွာ ကဗျာ၊ စာပေ ရေးသားတဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တယ်။ သူတို့နှစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် အချိန်အတော်ကြာ ရှိနေခဲ့ကြတယ်။ ကောချန်က လျှို့ဝှက်ချက်ကို သိလိုက်ရတဲ့ အချိန်အထိပေါ့]

ဒီဇာတ်လမ်းသွားကို ချူဟွား အလွန် ရင်းနှီးနေပြီး နောက်ဆက်တွဲကို သိနေလေသည်။ [ကောချန်က ရုပ်ချောတဲ့သူတွေဟာ လူဆိုး မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမဲ့ ကိုယ်အထင်လွဲမှန်း သိလိုက်ရတော့ ဒေါသထွက်ပြီး လိမ်ညာလှည့်ဖြားသူတွေနဲ့ မပေါင်းသင်းဘူးလို့ ပြောလိုက်တာပေါ့]

System: [မျက်နှာကြည့်တဲ့သူ... အဟမ်း၊ မျက်နှာကို ကြည့်တတ်တဲ့သူက ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြောင်းလဲသွားမှာလဲ]

[မျက်နှာကြည့်တဲ့သူ အများစုရဲ့ အမြင်က ရုပ်ရည်နောက်ကို လိုက်သွားတတ်ကြတယ်။ အစ်ကိုကြီးသာ ရုပ်ချောရင် ဘာလုပ်လုပ် အစ်ကိုကြီးရဲ့ အမှား မဟုတ်ဘူးလို့ ခံယူတတ်ကြတာ]

အားလုံး: "..." ဒီလို အရိပ်အမြွက် ပြောဆိုမှုမျိုးကတော့ တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။

ကောချန်နှင့် ရှီးမန်ကျဲတို့သည် ညီလေးနှင့် အစ်ကိုကြီး နေရာတွင် ဝင်ရောက် ခံစားကြည့်လိုက်သောအခါ မျက်နှာများ ပြာနှမ်းသွားပြီး အော့အန်ချင်သလို ဖြစ်သွားကြလေသည်။

တုန်းဖန်းဟန်သည် သူငယ်ချင်း နှစ်ယောက်ရှေ့တွင် အသံထွက်မရယ်မိစေရန် အတော်လေး ကြိုးစား အောင့်ထားလိုက်ရသဖြင့် ဗိုက်ပင် နာလာတော့သည်။

ဘုရားရေ၊ သတင်းဖွင့်ချတဲ့သူကို သိအောင်လုပ်ဖို့ နည်းလမ်း တစ်ခုခု ရှာရမယ်။ အဲဒီလူလက်ထဲမှာ သေချာပေါက် ပိုစိတ်ဝင်စားစရာ ကောင်းတဲ့ ဖရဲသီးတွေ ရှိဦးမှာပဲ။

ပြည်သူများမှာ ကြောင်အမ်းသွားကြပြီး ပွဲဆူသွားကာ ဆူညံပွက်လောရိုက်ကုန်ကြသည်။

"အစက ကောချန်က ရှီးမန်ကျဲအပေါ် ဒီလို သဘောထားမျိုး ရှိနေတာကိုး"

"ကောချန်က အိမ်ထောင်ကျပြီးပြီလို့ ငါ ကြားထားပါရဲ့"

"သူ့ဇနီးလေး သနားစရာ ကောင်းလိုက်တာ"

"ဟင်၊ ငါတစ်ယောက်တည်းပဲ တစ်မျိုးကြီး ဖြစ်နေတာလား"

ချူဟွား၏ သီးသန့်ခန်းထဲတွင်လည်း လူတိုင်းတွင် အလားတူ သံသယများ ဖြစ်ပေါ်နေကြသည်။

ချူဟွားက သတိပေးလိုက်၏။ [ထုံအာ၊ လျှောက်မပြောနဲ့။ ကောချန်ကို ဒုက္ခရောက်စေလိမ့်မယ်]

System: [ဟင် ငါက နှစ်ခုက တော်တော် တူနေလို့ ဥပမာ ပေးလိုက်တာပါ]

[ကောချန်က ရုပ်ချောတဲ့သူတွေကို သဘောကျတဲ့ သဘောထားက လူအများစု ပန်းလှလှလေးတွေ၊ စာလုံးပန်းချီကားတွေကို တွေ့ရင် သဘောကျပြီး နှစ်ခါလောက် ကြည့်မိသလိုပါပဲ၊ သာမန် ဝါသနာ တစ်ခုပါ]

[နေပါဦး၊ နင်တို့ အထင်လွဲသွားကြတာလား။ ဘုရားရေ၊ ကိုယ့်အတွေး ညစ်ပတ်နေပြီးတော့ သူများ ကောချန်ကို မရိုးသားဘူးလို့ ထင်နေကြတာလား။ လွန်လိုက်တာ]

အားလုံး: "..." မင်းပဲ ရှင်းရှင်းလင်းလင်း ပြောခဲ့တာလေ။ အခုကျတော့ ပြန်ပြီး အပြစ်တင်နေပါရောလား။

ပြန်စဉ်းစားကြည့်လိုက်တော့ ထိုကလေးက "သိပ်မတူဘူးလား" ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ရှေ့စာကြောင်းက အဖြစ်အပျက်ကို ပြောပြခြင်း ဖြစ်ပြီး နောက်စာကြောင်းကတော့ ပုဂ္ဂိုလ်ရေးအရ ဆက်စပ်ပြခြင်းသာ ဖြစ်သည်မှာ ထင်ရှားသည်။

သူတို့က ဆက်စပ်ပြသည့် အကြောင်းအရာနှင့် အဖြစ်အမှန်တို့၏ ကိုက်ညီမှုကို အံ့ဩသွားကြပြီး ဆက်စပ်ပြခြင်းနှင့် အဖြစ်အမှန်တို့ မသက်ဆိုင်ကြောင်းကို လျစ်လျူရှုမိသွားကြခြင်း ဖြစ်သည်။

...

All Chapters