အခန်း ၁၃၉
Vol. 10 Ch. 139
အပိုင်း (၁၃၉)
systemက တစ်ခါတည်း ဖွင့်ပြောလိုက်တော့၏။ [သတ္တမတွဲ ရောင်းချတဲ့ သတင်း ထွက်လာတာနဲ့ တစ်နာရီ မပြည့်ခင်မှာတင် လက်ကျန် ပစ္စည်းတွေ အကုန် ရောင်းထွက်သွားတယ်။ ဒေသ အသီးသီးက စာအုပ်ဆိုင်တွေလည်း အလျင်အမြန် ပုံနှိပ်နေကြတယ်။ အိမ်နီးချင်း တိုင်းပြည်တွေတောင် ဒီလို ပစ္စည်းပြတ်လပ်တဲ့ အဖြစ်အပျက်ကို မရှောင်နိုင်ကြဘူး]
ဒေါက်ခနဲ အသံနှင့်အတူ ချူဟွား လက်ထဲမှ စုတ်တံ ကျိုးပဲ့သွားပြီး ဖြူဖွေးသော စာရွက်ပေါ်သို့ သစ်သားစ အချို့ ကျသွားလေသည်။
အမြဲတမ်း တည်ငြိမ်နေတတ်သော သူမ၏ တစ်ကိုယ်လုံးတွင် နင် သေချင်နေတာလားဟူသော အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
system မှာ ကြောက်လန့်တကြား ညည်းတွားနေသော်လည်း မပြောဘဲ မနေရဲပေ။ [မမကြီးဟွား၊ နင် ကြိုတင် ခန့်မှန်းထားသင့်တာလေ]
[ပထမတွဲနဲ့ ဒုတိယတွဲက သာ့ရှန်းမှာ ရောင်းအားကောင်းခဲ့တယ်။ ကုန်သည် အများအပြားက အများကြီး ဝယ်လှောင်ပြီး အိမ်နီးချင်း နိုင်ငံတွေကို ယူသွားကြတယ်။ အဲဒီတုန်းက ရောင်းအား မဆိုးဘူး။ တချို့က ဆန်းသစ်လို့၊ တချို့က ပင်နီစလင် အကြောင်း သိချင်လို့၊ တစ်ကိုယ်ရေ လိုအပ်ချက်နဲ့ နိုင်ငံရေး လိုအပ်ချက် နှစ်မျိုးလုံး ရှိတယ်လို့ ပြောရမှာပေါ့]
[မနှစ်က နင် စာမေးပွဲ ဝင်ဖြေတော့ စာမေးပွဲမှာ ပထမ ရခဲ့တယ်လေ၊ ယောကျာ်းလေးတွေ အကုန်လုံးကို ခေါင်းမဖော်နိုင်အောင် လုပ်နိုင်ခဲ့တာ။ ရလဒ် ထွက်လာတဲ့နေ့မှာ မြို့တော်က အမျိုးသမီးတွေ ပျော်ရွှင်ပြီး ကြွေးကြော်ခဲ့ကြတယ်။ ဆိုင်ရှင် အမျိုးသမီး အများကြီးက ပွဲတော်ရက်လိုပဲ လက်ဆောင်တွေ ပေးခဲ့ကြတယ်။ "ချူဟွား၏ အတ္ထုပ္ပတ္တိ" က အမျိုးသမီးတွေ ကြားမှာ ပိုရေပန်းစားလာတယ်။ တချို့ဆို စာမဖတ်တတ်ပေမဲ့ အမှတ်တရ သိမ်းထားဖို့ တစ်အုပ် ဝယ်ကြတာလေ]
[ဒီနှစ် ပြည်နယ်စာမေးပွဲ ပထမ ရလဒ် ထွက်လာတော့ ပိုပြီး ရူးသွပ်ကုန်ကြပြီ။ အမျိုးသမီးတွေက နင့်ကို စံပြအနေနဲ့ ထားပြီး ကြိုးစားကြတယ်။ အမျိုးသားတွေက နင့်ကို ပြိုင်ဘက် အနေနဲ့ သတ်မှတ်ပြီး ကြိုးစားကြရော။ မိဘတွေက နင့်ကို သမီးအရင်းလို သဘောထားပြီး လူငယ်တွေကို တွန်းအားပေးကြတယ်။ နင်က သူများအိမ်က ကလေး ဖြစ်လာပြီလေ၊ "ချူဟွား၏ အတ္ထုပ္ပတ္တိ" က တစ်တွဲထက် တစ်တွဲ ပိုရောင်းကောင်းလာတာ ပုံမှန်ပဲ မဟုတ်ဘူးလား]
system က ပြောရင်း ပြောရင်း မှန်သည်ဟု ထင်လာပြီး ဤကိစ္စသည် အပြစ်ကင်းစင်သော အတင်းအဖျင်း system တစ်ခု ဖြစ်သည့် သူနှင့် ဘာဆိုင်ပါသနည်း။
သူက အဖြစ်အပျက် စဖြစ်တဲ့ အချိန်မှာ သခင် စိတ်ချမ်းသာအောင်၊ သခင် စာမေးပွဲ ဖြေတာကို မထိခိုက်အောင် စေတနာနဲ့ ဖုံးကွယ်ထားရုံလေးပါ၊ နောက်ကျမှ ပြောပြရုံလေးပါ။
သူ့မှာ အပြစ် ရှိလား။ မရှိဘူးလေ။
system က ပိုပြီး ယုံကြည်ချက် ရှိလာပြီး သခင် က သူ့ရဲ့ စာနာနားလည်မှုနဲ့ လျော်ညီစွာ ပြုမူတတ်မှုအတွက် ကျေးဇူးတင်သင့်သည်ဟုပင် ထင်မြင်လာတော့သည်။
ချူဟွား က system ဘာတွေ တွေးနေမှန်း မသိသောကြောင့်သာ။ မဟုတ်လျှင် လူ့စိတ်ထား ယုတ်မာမှု ဆိုတာ ဘာလဲ ဆိုတာကို system သိအောင် သေချာပေါက် ပြသလိုက်ပေဦးမည်။
system: [ဓာတ်မြေဩဇာ ကြော်ငြာကို ဆက်တိုက် လုပ်ဆောင်နေကြတာ။ ပြည်သူတွေကြားမှာ ဓာတ်မြေဩဇာကို ဆန့်ကျင်တဲ့ အသံတွေ အများကြီး ရှိနေတုန်းပဲ၊ တစ်ချက်က ဓာတ်မြေဩဇာ သုံးစွဲမှုမှာ ကန့်သတ်ချက်တွေ များလွန်းတယ်။ နည်းလို့ မရဘူး။ များလို့ မရဘူး။ မှားလို့ မရဘူး။ လယ်စိုက်တဲ့ ပြည်သူ အများစုက စာမတတ်ကြတော့ အလွယ်တကူ မှားတတ်ကြတယ်။ ဒီအချက်ကို လူတွေက ဝေဖန်တာ များတယ်]
[နောက်တစ်ချက်က ဓာတ်မြေဩဇာ သုတေသန လုပ်ငန်းစဉ်က အချိန်ကြာမြင့်ခဲ့တယ်။ လူအများအပြားက ဓာတ်မြေဩဇာ ကောင်းမှန်း သိနေကြပေမဲ့ ညီလာခံက လက်ထဲမှာ ဆုပ်ကိုင်ထားပြီး မပေးဘဲ ချမ်းသာတဲ့ အိမ်တွေနဲ့ အရာရှိတွေကိုတော့ ပေးခဲ့တယ်။ တိကျတဲ့ ဖြေရှင်းချက်က ရှိတယ်လေ။ အဓိကက စမ်းသပ်ဖို့ပဲ၊ ဒါပေမဲ့ ပြည်သူတွေက နားမထောင်ဘူးလေ၊ သူတို့က ဒါကို အရာရှိနဲ့ ကုန်သည် ပေါင်းစားတယ်။ တစ်လေသံတည်း ထွက်တယ်လို့ပဲ ထင်ကြတာ]
အရေးကြီး ကိစ္စ ပြောလာသဖြင့် ချူဟွား၏ ဒေါသ ယာယီ ပြေလျော့သွားပြီး အကျိုးသင့်အကြောင်းသင့် သုံးသပ်လိုက်သည်။ [ဒီလို အခြေအနေမျိုးက ရှောင်လွှဲလို့ မရပါဘူး]
[ဓာတ်မြေဩဇာ အမျိုးအစား တစ်ဆယ်ကျော်ရဲ့ အသုံးပြုပုံ အသုံးပြုနည်းကို အမြန်ဆုံး သိရှိဖို့ဆိုရင် စမ်းသပ်မှု အရှိန်မြှင့်ရမယ်၊ ပါဝင်တဲ့ လူအင်အားက ပိုများလာမှာပဲ၊ လယ်စိုက်တာက နောက်ဆုံးတော့ လယ်သမားတွေဆီပဲ ရောက်သွားမှာ၊ လူအများအပြားက လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း ဆိုတဲ့ အတွေး မရှိကြဘူး]
[အမှန်တရားနဲ့ သက်သေအထောက်အထားတွေကို သူတို့ရှေ့မှာ ချပြရင်တောင် လူအများအပြားက သူတို့ ယုံကြည်တာ၊ သူတို့ ကြားချင်တာ၊ သူတို့ အကျိုးစီးပွားနဲ့ ကိုက်ညီတာကိုပဲ နားထောင်ချင်ကြတာ၊ ဒီကိစ္စက ယုတ္တိ ရှိမရှိ ဆိုတာကို တွေးမှာ မဟုတ်ဘူး]
system: [ဟုတ်တယ်။ ပြည်သူတွေရဲ့ မျက်လုံးထဲမှာ အရာရှိနဲ့ ကုန်သည် ပေါင်းစားတာက ပုံမှန်ပဲ၊ မပေါင်းစားရင် သူတို့က ပိုကြောက်ကြတယ်။ ပိုကြောက်စရာ ကောင်းတဲ့ ကိစ္စတွေ စောင့်ကြိုနေမှာကို စိုးရိမ်ကြတယ်]
အဓိကက အကျင့်ပျက် အရာရှိတွေနဲ့ မသမာ ကုန်သည်တွေရဲ့ ဒဏ်ကို ခံခဲ့ရလို့ ကြောက်နေကြတာ။
ဒါက နှစ်ပေါင်းများစွာ ဆယ်စုနှစ်များစွာ နိုင်ငံရေး တည်ငြိမ်ပြီး အေးချမ်းသာယာတော့မှ ပြည်သူတွေရဲ့ အမြင် တဖြည်းဖြည်း ပြောင်းလဲလာမှာ။
နောင်လာမည့် ဆယ်စုနှစ်များစွာကို ချူဟွားတို့ မျိုးဆက်သစ် လူငယ်များက လုပ်ဆောင်ရတော့မည်။ သူမသည် ဖိအားကို ခံစားနေရပြီ ဖြစ်သလို မင်းဆရာကြီး၊ မင်းဆရာအိုကြီးတို့ သာ့ရှန်းအတွက် မည်မျှ ပင်ပန်းခဲ့ရသည်ကို ခံစားမိလာသည်။
မျိုးဆက် တစ်ခုပြီး တစ်ခု ဆက်လက် ကြိုးပမ်းမှသာ သာ့ရှန်း ပိုမို ချမ်းသာကြွယ်ဝလာပြီး ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်မည် ဖြစ်သည်။
system က လမ်းခင်းလို့ ပြီးပြီဟု ထင်မြင်သဖြင့် ဆက်ပြောလိုက်သည်။ [ညီလာခံက "ချူဟွား၏ အတ္ထုပ္ပတ္တိ" ထဲကနေ ကြော်ငြာနဲ့ ဈေးကွက်မြှင့်တင်ရေးရဲ့ စွမ်းအားကို မြင်တွေ့ခဲ့ရတယ်။ နင့်ရဲ့ တစ်ကိုယ်ရေ ဆွဲဆောင်မှုကိုလည်း မြင်တွေ့ခဲ့ရတယ်။ ဒီတစ်ခါ ဓာတ်မြေဩဇာ ဖြန့်ဝေရာမှာ ချက်ချင်း ထည့်သွင်း အသုံးပြုလိုက်တယ်]
ချူဟွား ခေါင်းထဲတွင် မေးခွန်းထုတ်စရာ တစ်ခု ပေါ်လာပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
"ချူဟွား၏ အတ္ထုပ္ပတ္တိ" သတ္တမတွဲ ဒီလောက် ရောင်းကောင်းနေတာ ညီလာခံက နောက်ကွယ်ကနေ လုပ်နေလို့များလား။
ဒါပေါ့
system က ပြောလိုက်၏။ [တုန်းဖန်ဟန်က ရှေ့ပိုင်း အတွဲတွေမှာ သဲလွန်စတွေ ချန်ထားခဲ့တယ်။ ဥပမာ လယ်သမားတွေ ငိုယိုပြီး ဂျုံရိတ်သိမ်းနေတာကို မြင်တော့ နင်က "ဂျုံတွေ ပိုထွက်အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းမျိုး မရှိဘူးလား" လို့ မေးခဲ့တယ်။ နင့်အမေက "ရှိတာပေါ့၊ မြေဩဇာ ရှိတယ်လေ" လို့ ပြန်ဖြေခဲ့တယ်]
[တုန်းဖန်ဟန်က နင့်ရဲ့ စိတ်ခံစားမှုကို စာကြောင်းတစ်ကြောင်း ရေးခဲ့တယ်။ "အဲဒီ မြေဩဇာက တကယ် အသုံးဝင်လို့လား၊ သူတို့ ဘာလို့ ငိုနေကြသေးတာလဲ" တဲ့၊ ပြီးတော့ သတ္တမတွဲ မှာ ဒီအကြောင်းအရာကို ချဲ့ထွင် ရေးသားထားတယ်။ နင်က အရာရှိ မိသားစုက ဆင်းသက်လာပေမဲ့ ဘိုးဘွားတွေက မြေကြီးထဲ ရွှေရှာတဲ့ သာမန် လယ်သမားတွေ ဖြစ်ခဲ့တာကို ဘယ်တော့မှ မမေ့ဘူး ဆိုပြီးတော့လေ]
[လယ်သမားတွေ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ပြီး ဂျုံစေ့ နည်းနည်းလေးပဲ ရိတ်သိမ်းရတဲ့ သနားစရာ အခြေအနေကို ပြောင်းလဲချင်တဲ့အတွက် နင်ဆိုတဲ့ စည်းစိမ်ခံ သူဌေးသမီးလေးက သဘာဝမြေဩဇာ ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်တာလဲ၊ ဘာလို့ မြေဩဇာက ဂျုံပင်တွေအတွက် အကျိုးရှိတာလဲ ဆိုတာကို သွားရောက် လေ့လာခဲ့တယ် တဲ့]
[နင် နှစ်ပေါင်းများစွာ လေ့လာပြီးနောက် နောက်ဆုံးမှာ နိယာမ တစ်ခုကို တွေ့ရှိခဲ့တယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် သီးနှံတွေကလည်း လူတွေလိုပဲ၊ ပိန်လွန်းရင်၊ ဖျားနာရင် ဆေးသောက်ဖို့ လိုအပ်တယ် ပေါ့။ နင်က သီးနှံတွေ ကြီးထွားဖို့ လိုအပ်တဲ့ စွမ်းအင်တွေကို စုစည်းပြီး ဓာတ်မြေဩဇာ နှစ်မျိုးကို တီထွင်ခဲ့တယ်။ တခြား ဓာတ်မြေဩဇာတွေက ဒီအခြေခံပေါ်မှာ ချဲ့ထွင်ထားတာ တဲ့]
ချူဟွား: [ဒါဆို ငါ ဓာတ်မြေဩဇာ ထုတ်ပေးပြီး တိကျတဲ့ အသုံးပြုပုံ အသုံးပြုနည်း မပေးခဲ့တာကို သူ ဘယ်လို ရှင်းပြထားလဲ]
system: [သူ ပြောတာက သမားတော်လိုပဲတဲ့၊ ဆေးတစ်မျိုးက အသုံးဝင်မှန်း သိပေမဲ့ တကယ်တမ်း ဘယ်လောက် သုံးရမလဲ၊ ဘယ်လို သုံးရမလဲ ဆိုတာ သမားတော် တစ်ယောက်နဲ့ တစ်ယောက် အမြင် မတူကြဘူး။ ဆေးတစ်မျိုးကို နှစ်ပေါင်းများစွာ သုံးပြီးမှ တခြား အသုံးပြုနည်းတွေကို ရှာဖွေတွေ့ရှိတဲ့ သမားတော်တွေ ရှိသေးတယ်။ ဒါတွေက ပုံမှန်ပါပဲတဲ့]
[နင်က ဓာတ်မြေဩဇာကို လုပ်နိုင်ခဲ့ပြီ၊ ဒါပေမဲ့ သီအိုရီ အရ လုပ်နိုင်ခဲ့တာ၊ လက်တွေ့ ဘယ်လို လုပ်ရမလဲ ဆိုတာ ကျွမ်းကျင်သူတွေကို ကြည့်ရမှာပေါ့။ လယ်ထဲမှာ တစ်သက်လုံး အလုပ်လုပ်ခဲ့တဲ့ လယ်သမားအိုကြီးတွေတောင် ရဲရဲကြီး အာမ မခံရဲတာ၊ လယ်ထဲ မဆင်းတဲ့ သူဌေးသမီးလေး တစ်ယောက်က ဘယ်လိုလုပ် အာမခံနိုင်မှာလဲ တဲ့]
ချူဟွား: [တကယ့် လူတော်ပဲ၊ ဒါကိုတောင် သူ ဖြစ်အောင် ဆက်စပ်ပေးနိုင်တယ်] တုန်းဖန်ဟန်ရဲ့ ဝတ္ထုက ညီလာခံရဲ့ ပံ့ပိုးမှု မပါဘဲနဲ့တောင် ရောင်းကောင်းမယ် ဆိုတာ သူမ ယခု ယုံကြည်သွားပြီ။
[သူက ငါ လယ်ထဲ မဆင်းဘူးလို့တောင် ပြောထားတာ၊ ငါဆိုတဲ့ ဝါသနာရှင် လုပ်ထားတဲ့ ဓာတ်မြေဩဇာကို မယုံကြည်တဲ့သူ မရှိဘူးလား။ ဘယ်သူမှ မေးခွန်း မထုတ်ကြဘူး ဆိုတာ သိပ္ပံနည်း မကျဘူး]
system: [ရှိတာပေါ့]
[ဓာတ်မြေဩဇာ မသုံးဘဲ နေတဲ့သူတွေက "လယ်ထဲ မဆင်းတဲ့ သူဌေးသမီးလေးက ဘယ်လိုလုပ် ပစ္စည်းကောင်း လုပ်နိုင်မှာလဲ" ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြားလူတွေကို နားချကြတာ၊ နင်က "တခြား လယ်သမားတွေရဲ့ ရလဒ်ကို လုယူထားတာ သေချာတယ်" လို့တောင် ပြောကြသေးတယ်]
ချူဟွား မျက်နှာ မပျက်ခင် system က ဆက်ပြောသည်။ [လူအများစုကတော့ ဓာတ်မြေဩဇာရဲ့ အာနိသင်ကိုပဲ ကြည့်ကြတာပါ၊ ဓာတ်မြေဩဇာ ဘယ်က လာလဲ ဆိုတာ ဂရုမစိုက်ကြပါဘူး။ တချို့လူတွေက နင် အရင်တုန်းက ပစ္စည်းကောင်းတွေ အများကြီး ထုတ်ပေးခဲ့တော့ နောက်ထပ် ဓာတ်မြေဩဇာ တစ်ခု ထပ်ထုတ်ပေးတာ မဆန်းဘူးလို့ ထင်ကြတယ်]
[တချို့လူတွေကကျတော့ တကယ်လို့ နင့်ကို ဂုဏ်ပြုချင်ရင် တခြား အောင်မြင်မှုတွေ မရှိဘူးလား၊ ဘာလို့ ဓာတ်မြေဩဇာ ဖြစ်နေရတာလဲ ပေါ့၊ ပြီးတော့ ဓာတ်မြေဩဇာ ဆိုတာ ဘာနဲ့ လုပ်ထားမှန်း လူအများစုက ကြည့်ရုံနဲ့ မသိကြဘူး။ အတွေ့အကြုံရှိတဲ့ လယ်သမားအိုကြီးတွေလည်း နားမလည်ကြဘူးလေ]
ချူဟွားသည် ပစ္စည်းများကို ညီလာခံ လက်ထဲ အပ်လိုက်ခြင်းက ညီလာခံကို စီမံခန့်ခွဲစေချင်လိုသောကြောင်ပင်။ ဂုဏ်ပြုခံရခြင်းက သူမ ဆီ ရောက်ရောက် မရောက်ရောက် ဂရုမစိုက်ချေ။ ဒါက သူမ သုတေသန လုပ်ထားတဲ့ ပစ္စည်း မဟုတ်ဘူး ဆိုတာ ညီလာခံ တစ်ခုလုံး သိကြတယ်။ သူမလည်း သိပ်ဂရုမစိုက်ပါဘူး။
system: [အငြင်းပွားစရာ ရှိမှ ရေပန်းစားမှာလေ၊ ဒီတစ်ခါ ဓာတ်မြေဩဇာကြောင့် သတ္တမတွဲက ကုန်သွားပြီ၊ လူအများစုက သတ္တမတွဲ ဝယ်မရလို့ ရှေ့က လက်ကျန်တွေကို ဝယ်သွားကြတယ်]
[မမကြီးဟွား၊ နင် အခု တကယ် နာမည်ကြီးနေပြီ၊ ဘယ်လောက်ထိ နာမည်ကြီးလဲ ဆိုရင် ရှီးရုံက သုံးနှစ်သား ကလေးတောင် သာ့ရှန်း မှာ အရမ်းတော်တဲ့ ချူဟွား ဆိုတာ ရှိတယ်။ နင် စာမေးပွဲ ဖြေနေပြီး အမှတ်အမြင့်ဆုံး အမျိုးသမီး စာသင်သား ဖြစ်ချင်နေတယ်။ နင် လုပ်ပေးတဲ့ ကျောက်ရောဂါ ကာကွယ်ဆေး အတွက် ကျေးဇူးတင်တယ် ဆိုတာ သိနေကြတယ်]
ချူဟွားတစ်ယောက် အလွန် အံ့သြသွားရတော့သည်။ [ရှီးရုံရဲ့ ကျောက်ရောဂါ ကာကွယ်ဆေးက ဘယ်လို ရသွားတာလဲ]
system: [နွားကျောက်က ကျောက်ရောဂါကို ကာကွယ်နိုင်တယ်လေ၊ အစောပိုင်းတုန်းက သာ့ရှန်း အရာရှိ တချို့က "ချူဟွား၏ အတ္ထုပ္ပတ္တိ" ထဲက နွားကျောက် ကာကွယ်ဆေး အကြောင်းကို ဖျက်ပစ်သင့်တယ်။ ဝတ္ထု ပျံ့နှံ့သွားရင် တခြားနိုင်ငံတွေက နွားကျောက် ကာကွယ်ဆေးကို အမြန် သုတေသန လုပ်နိုင်လိမ့်မယ် လို့ အကြံပြုခဲ့ကြတယ်။ မင်းဆရာကြီးနဲ့ မင်းဆရာအိုကြီး တို့ သိသွားတော့ အဲဒီလူကို စိတ်ဓာတ်ကျသွားအောင် ဆူပူကြိမ်းမောင်းခဲ့ကြတယ်]
[သုံးနှစ်ကျော် ကာလအတွင်းမှာ သာ့ရှန်း ပြည်သူ အကုန်လုံး မသုံးစွဲရသေးဘူး။ နယ်စပ်က ပြည်သူတွေနဲ့ စစ်သည်တွေလည်း မသုံးရသေးဘူး။ တကယ်လို့ ရှီးရုံ ဘက်မှာ ကျောက်ရောဂါ ဖြစ်ပြီး နယ်စပ်ကို တမင်သက်သက် ရောဂါ လာဖြန့်ရင် သာ့ရှန်းမှာ လူဘယ်လောက် သေမလဲ။ အဲဒါတွေက လူငယ် လုပ်အားတွေလေ၊ သာ့ရှန်းက လူငယ်အင်အား နည်းပါးနေတာ၊ ဒီလို ယုတ်မာတဲ့ နည်းလမ်းနဲ့ အပြုန်းတီး မခံနိုင်ဘူး]
[ရှီးရုံက နွားကျောက် ကာကွယ်ဆေး ရပြီးရင် သာ့ရှန်းကို ကျေးဇူးတင်မှာ မဟုတ်ပေမဲ့ ဒီကိစ္စကြောင့် စစ်မတိုက်ဘဲ နေမှာ မဟုတ်ပေမဲ့ အနည်းဆုံးတော့ အန္တရာယ် နည်းနည်း လျော့သွားတာပေါ့။ သာ့ရှန်းက စမ်းသပ်မှုတွေ အများကြီး လုပ်ခဲ့တယ်။ နွားကျောက် ကာကွယ်ဆေး ထိုးထားတဲ့သူတွေက ကျောက်ရောဂါ မကူးစက်တာ သေချာတယ်။ ဒါပေမဲ့ ကျောက်ရောဂါသာ အကြီးအကျယ် ပျံ့နှံ့လာရင် ဘယ်လို ရလဒ် ထွက်မလဲ ဆိုတာ လူတိုင်း စိတ်ထဲမှာ နည်းနည်းတော့ စိုးရိမ်နေကြတာ]
ခေတ်သစ်မှာ သေချာ ပြောနိုင်တာက လုံလောက်တဲ့ ဆေးပညာ ဗဟုသုတနဲ့ သုတေသနတွေ ရှိလို့ပါ။ သာ့ရှန်း က ကာကွယ်ဆေး၊ ပဋိပစ္စည်း၊ ပဋိဇီဝဆေး စတဲ့ သဘောတရားတွေကို ပထမဆုံးအကြိမ် ထိတွေ့ဖူးတာ။ လိုက်လုပ်ကြတာက ဘယ်သူမဆို ကျောက်ရောဂါကို ကြောက်ကြလို့ပါ။ ဒါပေမဲ့ ဒါက ကာကွယ်မှု သက်သက်ပဲလေ။ ကုသမှု မဟုတ်ဘူး ဆိုတာ လူတိုင်း ကောင်းကောင်း သိကြတယ်။
ကျောက်ရောဂါ ဖြစ်ပြီးသား လူတွေက နွားကျောက် ကာကွယ်ဆေး ထိုးလို့ မရတော့ဘူးလေ။
ချူဟွားသည် ညီလာခံထဲ တရားဝင် မရောက်သေးသော်လည်း မင်းဆရာကြီးနှင့် မင်းဆရာအိုကြီး တို့၏ သင်ကြားမှုအောက်မှာ အမြင်ကျယ်လာပြီး အပြောင်းအလဲ အများကြီး ဖြစ်လာခဲ့သည်။
[ဆရာ နှစ်ယောက်က အမြင်ကျယ်တယ်။ အန္တရာယ်ကို ကြိုမြင်နိုင်စွမ်းလည်း မြင့်မားတယ်]
ရှီးရုံ အရှင်မင်းကြီးက အောက်တန်းကျလွန်းတယ်။ ဒေါသထွက်ရင် ရောဂါဖြန့်မလား ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ တကယ် အဲဒီ အဆင့် ရောက်သွားရင် သွားပြီပဲ။
system: ["ချူဟွား၏ အတ္ထုပ္ပတ္တိ" ဒီလောက် ရောင်းကောင်းတာက အဲဒီထဲမှာ လျှို့ဝှက်ချက် အများကြီး ပါဝင်နေတာနဲ့ သက်ဆိုင်တယ်။ ပင်နီစလင်က မှိုတက်နေတဲ့ လိမ္မော်သီးက ထုတ်ယူတယ် ဆိုတာ ပြောထားတယ်။ နွားကျောက် ကာကွယ်ဆေးက နွားကျောက်က ထုတ်ယူတယ် ဆိုတာ ပြောထားတယ်။ နိုင်ငံ အသီးသီးက စမ်းသပ်နေကြပြီး အောင်မြင်နေကြပြီ]
[နင်က သာ့ရှန်း လူမျိုး ဖြစ်ပေမဲ့ တခြား နိုင်ငံတွေကိုလည်း အကျိုးကျေးဇူးတွေ အများကြီး ပေးခဲ့တယ်။ ရှီးရုံ အရှင်မင်းကြီးတောင် နင့်ကို မသတ်ချင်တော့ဘူး။ နေ့တိုင်း မှူးမတ်တွေကို "ချူဟွား၏ အတ္ထုပ္ပတ္တိ" ထဲက အကြောင်းအရာတွေ အတိုင်း သုတေသန လုပ်ဖို့ တိုက်တွန်းနေတယ်။ နယ်စပ်က နှောင့်ယှက်မှုတွေနဲ့ တိုက်ပွဲတွေလည်း အရင်လောက် မပြင်းထန်တော့ဘူး]
[ဗုဒ္ဓဘာသာ စကားအရ ပြောရရင် မမကြီးဟွား ရေ၊ နင့်ရဲ့ ဒီလုပ်ရပ်တွေက လူပေါင်း မရေမတွက်နိုင်အောင် ကယ်တင်နိုင်ခဲ့တယ်။ ကုသိုလ်တွေ အများကြီး ရနေပြီ]
ချူဟွားကတော့ ဟွန်း ဟုသာ လုပ်ချင်တော့သည်။ နင် ဆိုတဲ့ system က စက်ရုံက ထွက်တာ ဘယ်နှနှစ် ရှိသေးလို့လဲ။ စစ်မြေပြင်မှာ ကျင်လည်ခဲ့တဲ့ ဝန်ထမ်းကို လာပြီး မျှော်လင့်ချက်တွေ ပေးမနေနဲ့။
[တစ်ကမ္ဘာလုံး ရှေ့မှောက်မှာ လူမှုရေးအရ သေဆုံးရတဲ့ ကုသိုလ်မျိုး နင့်ကို ပေးရင် နင် ယူမလား]
Systemခမျာ ငြိမ်ကျသွားလေတော့သည်။
...