← Chapters

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း ၃၈၁

Vol. 39 Ch. 381

​ အခန်း ၃၈၁ - ဘေးချင်းယှဉ် တိုက်ခိုက်ခြင်း

​စုန့်ချန်ရှန်း ထွက်ခွာသွားခြင်းက ဂိုဏ်းအတွင်း၌ မည်သည့် လှုပ်ခတ်မှုကိုမျှ မဖြစ်ပေါ်စေခဲ့ပေ။ သူမ တရားဟောပြောရန် အလှည့်ရောက်လာချိန်မှသာ ဓားဂိုဏ်းမှ တပည့်များက သူမ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိခဲ့ကြ၏။ သူတို့အားလုံး သူမ ထွက်ခွာသွားသည်ကို မမြင်လိုကြဘဲ ဟန်လန်၊ ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့ကို သူမ ဘယ်တော့ ပြန်လာမည်နည်းဟု မေးမြန်းခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် တိကျသော အဖြေကို မရရှိခဲ့ကြချေ။

လီချင်းချိုးလည်း စုန့်ချန်ရှန်း ထွက်ခွာသွားခြင်းအတွက် ဝမ်းနည်းနေမိသည်။ သူမသည် ကောင်းကင်နေမင်း နယ်ပယ် နဝမအဆင့်ရှိ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ကြီးမားလှသော မဟာဗျူဟာမြောက် အရေးပါမှုကို ပိုင်ဆိုင်ထား၏။

ကံကောင်းထောက်မစွာဖြင့် သူ့တွင် ဓားမိစ္ဆာ ရှိနေဆဲ ဖြစ်သည်။ သူသည် ဓားမိစ္ဆာနှင့် ဆယ်နှစ် သဘောတူညီချက် မရှိသဖြင့် သူ့ကို ထွက်သွားခွင့် ပြုမည် မဟုတ်ပေ။

​နေ့ရက်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ​စုန့်ချန်ရှန်း ထွက်ခွာသွားပြီးနောက် လီချင်းချိုးက ချင်းရှောင်ဂိုဏ်းကို ကောင်းကင်နေမင်းနယ်ပယ်တွင် ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်လာစေရန် မျှော်လင့်နေသဖြင့် အာရုံစိုက်မှုများကို ယွမ်လီထံသို့ ပြောင်းလဲလိုက်သည်။

ယွမ်လီ ကြီးပြင်းလာပြီ ဖြစ်သော်လည်း ဆရာဖြစ်သူ၏ အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံမှု မပါဘဲ ကျင့်ကြံခြင်း အမြန်နှုန်းက အခြားသူများထက် အဆမတန် သာလွန်သော အဆင့်တစ်ခုသို့ ရောက်ရှိရန် ခက်ခဲကြောင်း လီချင်းချိုး တွေ့ရှိလိုက်ရသည်။

​ဤလုပ်ငန်းစဉ်အတွင်း လီချင်းချိုးသည် ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ကိုလည်း အတူတကွ တွေ့ဆုံစေခဲ့သည်။ ရှေးဟောင်း သန့်စင်သော ခန္ဓာကိုယ် နှစ်ခု တွေ့ဆုံချိန်တွင် အမှန်တကယ်ပင် အနည်းငယ် ထူးဆန်းနေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် လီချင်းချိုး၏ ညှိနှိုင်းပေးမှုများကြောင့် လအနည်းငယ် အကြာတွင် သူတို့၏ ဆက်ဆံရေးမှာ အများကြီး ပိုမို ရင်းနှီးလာခဲ့ပြီး ၎င်းက လီချင်းချိုးကို ကျေနပ်သွားစေသည်။

စီနီယာအစ်ကို ယွမ်လီ၏ လမ်းညွှန်မှုဖြင့် ယင်ကျင်းရှင်းလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။

​ယခင်က ယင်ကျင်းရှင်းသည် ယွမ်လီ အလွန် အစွမ်းထက်ကြောင်း ကြားဖူးရုံသာ ရှိသော်လည်း တကယ်တမ်း တိုက်ခိုက်ပြီးနောက်တွင် စီနီယာအစ်ကို ယွမ်လီ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သဘောပေါက်သွားတော့သည်။

​ယွမ်လွက အစွမ်းထက် ယန်စွမ်းအား မီးလျှံများ ရှိနေသော်လည်း သူ့အနီးသို့ ချဉ်းကပ်လာနိုင်ခဲ့သည်။ မီးပင်လယ်ထဲတွင် ယွမ်လီ၏ ခန္ဓာကိုယ် လောင်ကျွမ်း၍ ပုံစံအသစ် ပြန်လည် ဖွဲ့စည်းနေသည်ကို မြင်ရချိန်တွင် သူ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

ထူထပ်သော မြူခိုးများက တောင်တန်းများနှင့် လယ်ကွင်းများကို လွှမ်းခြုံထားသည်…..

လီချင်းချိုး ချောက်ကမ်းပါးပေါ်တွင် တင်ပျဉ်ခွေ ထိုင်၍ ကျင့်ကြံနေပြီး ယွမ်လီ၊ ယင်ကျင်းရှင်းနှင့် ရွှီယွီချုံးတို့က အောက်ဘက်ရှိ တောင်စောင်းတွင် တင်ပျဉ်ခွေ ထိုင်လျက် အချင်းချင်း ခပ်ခွာခွာ နေနေကြသည်။

​ဤတောင်တန်းနယ်မြေမှာ ချင်းရှောင်တောင်၏ အရှေ့ဘက်တွင် တည်ရှိပြီး ကောင်းကင်လက်မှုခန်းမက တည်ဆောက်ထားသော ဝိညာဉ်စွမ်းအင် စုဆောင်းရေး အစီအရင် အသစ်တစ်ခု ပတ်လည်တွင် တည်ရှိနေသဖြင့် ဤနယ်မြေကို ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေစေသည်။

​ဤနေရာသည် လီချင်းချိုး အထူးတလည် တည်ဆောက်ထားသော ကျင့်ကြံရေး နေရာတစ်ခု ဖြစ်ပြီး ၎င်း၏ ဝိညာဉ်ချီများက သူ့ကိုယ်ပိုင် မသေမျိုး လှိုဏ်ဂူထက် မလျော့နည်းပေ။

​တောင်တန်းများနှင့် မြစ်ချောင်းများကြားတွင် ကျင့်ကြံခြင်းက သီးသန့် လှိုဏ်ဂူတစ်ခုတွင် ကျင့်ကြံခြင်းထက် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုအတွက် ပိုမို အထောက်အကူ ဖြစ်စေသည်ဟု လီချင်းချိုး ခံစားရသည်။

​ရွှီယွီချုံး မျက်လုံးဖွင့်၍ ခေါင်းလှည့်ကြည့်လိုက်တော့ အပေါ်ဘက်ရှိ ဆရာသခင်နှင့် ဦးလေး နှစ်ဦးတို့ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေကြဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။

​သူသည် ထိုသူတို့ကို လျှို့ဝှက်စွာ လေးစားအားကျနေမိပြီး သူ့ရဲ့ စိတ်နေသဘောထားက ဆရာသခင်နှင့် ဦးလေးတို့လောက် မမြင့်မားကြောင်း ခံစားနေရသည်။ထို့ကြောင့် မျက်လုံးများကို ပြန်မှိတ်၍ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

​အချိန်အနည်းငယ် ကြာပြီးနောက်…

​လီချင်းချိုးက မျက်လုံးများကို ဖွင့်၍ သိုလှောင်အိတ်ထဲမှ ဂိုဏ်းချုပ် တံဆိပ်ပြားကို ထုတ်ယူကာ ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်၏။ ချက်ချင်းပင် ထိုအထဲမှ "ဂိုဏ်းချုပ်... ခန်းမဆောင် အကြီးအကဲယန်နဲ့ တခြားသူတွေ တိုက်ခိုက်ခံရပြီး အဆက်အသွယ် ပြတ်သွားပါတယ်..." ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။

​သတင်းပို့သူမှာ အခြားသူ မဟုတ်ဘဲ ရှောင်ဝူချင်းပင် ဖြစ်၏။

​ဤစကားကို ကြားသောအခါ လီချင်းချိုး မျက်မှောင် ကြုတ်လိုက်သည်။ ချင်းရှောင်ဂိုဏ်းကို ကိုယ်စားပြုသော ယန်ကျွယ်တိန်၊ ကျန်းကျောက်ရှားနှင့် ရွှီကျင်းတို့တွေ သူတို့၏ တပည့်များနှင့်အတူ ထိုက်ယာ စံအိမ်တော်သို့ သွားရောက်နေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်ပြီး ဤခရီးစဉ်အတွက် သူ သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။ သို့သော်လည်း မထင်မှတ်ဘဲ ပြဿနာတစ်ခုခု ဖြစ်သွားခဲ့သည်။

​သူသည် တာအိုမျိုးဆက်စနစ်ကို ဆွဲထုတ်၍ "အခြေအနေက ဘယ်လိုလဲ..." ဟု မေးလိုက်သည်။

​ယွမ်လီက မျက်လုံးဖွင့်၍ လီချင်းချိုးကို ကြည့်လိုက်ရာ သူသည် တောင်ပေါ်မှ ဆင်းရန် အသင့်ဖြစ်နေပြီ ဖြစ်၏။

​ယင်ကျင်းရှင်းက သိပ်ပြီး ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေပြီး ရွှီယွီချုံးကမူ ခိုးနားထောင်နေခဲ့သည်။

​"စားသောက်ပွဲလုပ်နေချိန်မှာ မည်သူမည်ဝါမှန်း မသိတဲ့ ကျင့်ကြံသူ တစ်စုက ထိုက်ယာ စံအိမ်တော်ကို တိုက်ခိုက်ခဲ့လို့ စားသောက်ပွဲကို ရပ်လိုက်ရပါတယ်... ထိုက်ယာ စံအိမ်တော်က အများကြီး သေကျေဒဏ်ရာရခဲ့ပြီး ခန်းမသခင်ယန်နဲ့အဖွဲ့သားတွေ ကြိုတင် ဆုတ်ခွာခဲ့ရတယ်... မပြန်ခင်မှာ သူတို့က ဒီသတင်းကို အရင် ပို့လိုက်တာပါ... အဲဒီနောက်တော့ သူတို့ရဲ့ ချင်းရှောင်တံဆိပ်ပြား အဆက်အသွယ် ပြတ်သွားတယ်... ဒါကြောင့် သူတို့ တိုက်ခိုက်ခံရတယ်လို့ ကျွန်တော်တို့ ခန့်မှန်းလိုက်တာပါ..."

​ယန်ကျွယ်တိန်၊ ကျန်းကျောက်ရှားနှင့် ရွှီကျင်းတို့၏ အဆင့်အတန်းကို သူ သိရှိထားသည်။ အကယ်၍ ဤသုံးဦးသာ ပျောက်ဆုံးသွားပါက ဤသည်မှာ သေးငယ်သော ကိစ္စတစ်ခု မဟုတ်တော့ချေ။

ကျန်းကျောက်ရှားနှင့် အခြား နှစ်ဦးတို့၏ ပုံရိပ်များ ရှိနေဆဲ ဖြစ်ကြောင်း လီချင်းချိုး သတိပြုမိလိုက်၏။ သူက အတူလိုက်ပါသွားသော တပည့်များအကြောင်း ဆက်လက် မေးမြန်းလိုက်ရာ ရှောင်ဝူချင်းက သူသိသော လူများ၏ အမည်များကို ပြောပြခဲ့သည်။ ဤလူများ အားလုံး အသက်ရှင်နေသေးကြောင်း လီချင်းချိုး တွေ့ရှိလိုက်ရသည်။

​သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းကျောက်ရှားနှင့် တခြားသူများ တစ်နေရာရာတွင် ပိတ်မိနေရမည်ဟု ခန့်မှန်းလိုက်သည်။

​ကျန်းကျောက်ရှား၏လောကီကမ္ဘာမှ စစ်မှန်သောနဂါး ကံကြမ္မာ လှုပ်ရှားလာပြီ ဖြစ်၏။

​"မြို့စားလုက ရှာဖွေဖို့ လူတွေကို စေလွှတ်လိုက်ပါပြီ..."

​မြို့စားလု ဆိုသည်မှာ တရားစီရင်ရေး ခန်းမမှ လုချင်းကို ဆိုလိုခြင်း ဖြစ်သည်။ သူသည် လက်ရှိတွင် ဝမ်ကန်း မသေမျိုးမြို့တော်၏ မြို့စားအဖြစ် တာဝန်ထမ်းဆောင်နေ၏။ ဝမ်ကန်း မသေမျိုးမြို့တော်မှာ မကြာသေးမီ နှစ်များအတွင်းက တည်ဆောက်ခဲ့သော မသေမျိုးမြို့တော်တစ်ခု ဖြစ်သည်။ ၎င်းမှာ ဖျင်လျိုချန်ယွမ်တွင် တည်ရှိပြီး အန္တရာယ်များသော အနောက်ဘက် နယ်မြေ၏ အနောက်ဘက်ရှိ ခံစစ်စခန်း အားလုံးကို ညွှန်ကြားရန် ဗဟိုကွပ်ကဲရေး မြို့တော်အဖြစ် တာဝန်ယူထားသည်။ ထိုမြို့တော်တွင် ပြီးပြည့်စုံသော အစီအရင်များ ရှိပြီး ဂိုဏ်းသား ထောင်ပေါင်းများစွာ စုရုံးနေကြ၏။ စွမ်းအားပိုင်းတွင် ၎င်းကို အစွမ်းထက်ဆုံး မသေမျိုးမြို့တော်အဖြစ် သတ်မှတ်နိုင်သည်။

​ဝမ်ကန်း မသေမျိုးမြို့တော်က ခံစစ်စခန်း ၂၂၃ ခုကို ကြီးကြပ်ကွပ်ကဲနေသဖြင့် လုချင်းသည် သဘာဝကျကျပင် ချင်းရှောင်ဂိုဏ်းရှိ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီး မင်းမျိုးမင်းနွယ် မိသားစုများစွာက သူ့ကို လိုလားနေကြသည်။လုချင်းအပေါ် လီချင်းချိုးကလည်း အတော်လေး စိတ်ချထားသည်၊ အကြောင်းမှာ သူသည် ချင်းရှောင်ဂိုဏ်း၏ မူလ ဂိုဏ်းသားတစ်ဦး ဖြစ်ပြီး သိုင်းပညာပြိုင်ပွဲတွင် ထိပ်တန်း တပည့်ဆယ်ဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်ခဲ့ကာ ထူးချွန်သော ပါရမီ၊ ကျင့်ကြံခြင်းနှင့် စီမံခန့်ခွဲမှု စွမ်းရည်များကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

​"သူ စပြီး လှုပ်ရှားနေပြီဆိုတော့ ငါတို့ စောင့်ကြည့်ကြတာပေါ့..." ဟု လီချင်းချိုးက ဆိုလိုက်သည်။

​ရှောင်ဝူချင်းက ပြန်လည် ဖြေကြားပြီးနောက် အသက်ရှူကြိမ် အနည်းငယ်မျှ စောင့်ဆိုင်းပြီး ချင်းရှောင်တံဆိပ်ပြားနှစ်ခု၏ အဆက်အသွယ်ကို ဖြတ်တောက်လိုက်သည်။

​လီချင်းချိုးက ဂိုဏ်းချုပ် တံဆိပ်ပြားကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်ကို မြင်သောအခါ ယွမ်လီက "ဆရာ... ကျွန်တော် သွားဖို့ လိုအပ်လား..." ဟု မေးလိုက်သည်။

​လီချင်းချိုးက သူ့ကို မျက်စောင်းခဲလိုက်ပြီး မကျေမနပ်ဖြင့်….

"မင်းကို တိုက်ခိုက်ဖို့ လွှတ်တာတော့ ကောင်းပါတယ်... ဒါပေမဲ့ လူရှာဖို့ဆိုတာ သေချာရဲ့လား..." ဟု ဆိုလိုက်သည်။

​ယွမ်လီက မချိပြုံး ပြုံးလိုက်ပြီး သူသည် ဤကဲ့သို့သော စဉ်းစားတွေးခေါ်မှုများ၏ အရေးပါမှုကို လျစ်လျူရှုမိခဲ့ကြောင်း သဘောပေါက်သွားသည်။

​"ကျင့်ကြံတာကို ဆက်လုပ်ပါ... နေဝင်ချိန်ရောက်ရင် မင်းတို့ သုံးယောက် ပေါင်းပြီး ငါ့ကို တိုက်ရမယ်... တစ်ယောက်ယောက်က ညံ့ဖျင်းတယ်ဆိုရင် ငါ အပြစ်ပေးမယ်..." ဟု လီချင်းချိုးက ဖြည်းညင်းစွာ ပြောလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

​ဤစကားများကို ကြားသောအခါ ယွမ်လီ၊ ယင်ကျင်းရှင်းနှင့် ရွှီယွီချုံးတို့ အားလုံး တုန်ယင်သွားကြသည်။

​လီချင်းချိုးက သူတို့ကို ပူးပေါင်းရန် ပထမဆုံးအကြိမ် တောင်းဆိုခဲ့စဉ်က သူတို့ အလွန် စိတ်လှုပ်ရှားခဲ့ကြသည်။ သို့သော်လည်း တိုက်ပွဲပြီးနောက် အခြေအနေမှာ သူတို့ မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေခဲ့၏။ ယွမ်လီပင်လျှင် လီချင်းချိုးကို မလှုပ်ခတ်နိုင်ခဲ့ချေ။

​သူတို့၏ အစွမ်းကုန် ထိုးနှက်ချက်ကို လီချင်းချိုးက လက်တစ်ချောင်းတည်းဖြင့် ဖမ်းဆုပ်လိုက်သည့် မြင်ကွင်းကို ယွမ်လီ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။

​သူသည် ဝိညာဉ်အသိအာရုံအဆင့်တွင် ဂိုဏ်း၏ အစွမ်းထက်ဆုံး တပည့်တစ်ဦး အမှန်တကယ် ဖြစ်သော်လည်း သူ လုံလောက်အောင် မစွမ်းထက်သေးကြောင်းကို ယခုအခါ သူ နားလည်သွားပြီ ဖြစ်၏။ အနည်းဆုံးတော့ ဆရာဖြစ်သူနှင့် ဘေးချင်းယှဉ်၍ တိုက်ခိုက်ရန် လုံလောက်အောင် မစွမ်းထက်သေးချေ။

​ယွမ်လီနှင့် အခြား နှစ်ဦးတို့က ကျင့်ကြံခြင်းတွင် အာရုံစိုက်သွားကြပြီးနောက် လီချင်းချိုး မျက်လုံးများကို ဖွင့်၍ သူတို့ကိ ငုံ့ကြည့်လိုက်သည်။

​"မင်းတို့နဲ့ ဘေးချင်းယှဉ် တိုက်ခိုက်ဖို့ အခွင့်အရေး ရနိုင်ဦးမလား မသိဘူး..." လီချင်းချိုး စိတ်ထဲကနေ တွေးလိုက်မိသည်။

ဤသည်မှာ ယွမ်လီ မကြာခဏ ပြောလေ့ရှိသော စကားဖြစ်ပြီး အစွမ်းထက်သော ရန်သူများကို အတူတကွ တိုက်ခိုက်ရန် မျှော်လင့်ကြောင်း ဖော်ပြလေ့ရှိသည်။

​လီချင်းချိုးသည်လည်း မိမိ၏ တပည့်များကို ဦးဆောင်၍ အစွမ်းထက်သော ရန်သူများကို တိုက်ခိုက်သည့် မြင်ကွင်းကို စိတ်ကူးကြည့်လေ့ရှိသည်။ အကယ်၍ ထိုကဲ့သို့သော အခွင့်အရေး ရလာမည်ဆိုပါက ရန်သူက မည်မျှပင် အန္တရာယ်ကြီးမားပါစေ တပည့်များနှင့်အတူ တိုက်ခိုက်ရခြင်းက အတော်လေး ကြည်နူးစရာ ကောင်းပေလိမ့်မည်။

​ထိုအကြောင်းကို တွေးရုံဖြင့် လီချင်းချိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

​ဝုန်းး…..ဝုန်းးး

​မိုးရာသီ ညတစ်ညတွင် လျှပ်စီးများ လက်၍ မိုးကြိုးများ မြည်ဟည်းနေပြီး သဲကြီးမဲကြီး ရွာသွန်းနေသော မိုးရေများက မြေကမ္ဘာနှင့် တောင်တန်းများကို အဆက်မပြတ် ဆေးကြောနေသည်။

​တောအုပ်ထဲတွင် လင်းရွှင်းဖုန်းက ကောင်မလေး တစ်ယောက်ကို ကျောပိုး၍ လျင်မြန်စွာ ရွေ့လျားနေပြီး လမ်းတစ်လျှောက်တွင် ရေများနှင့် ရွှံ့များ လွင့်စင်နေသည်။

​လင်းရွှင်းဖုန်း၏ မျက်နှာမှာ မိုးရေများဖြင့် ရွှဲစိုနေသော်လည်း သူ့ မျက်ဝန်းများက ရှေ့ကို စူးစိုက်ကြည့်ရင်း ပြတ်သားနေပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများစွာမှ သွေးများ စိမ့်ထွက်နေဆဲ ဖြစ်သည်။

​"စီနီယာ... ကျွန်မ ချမ်းတယ်..."

​အနောက်ဘက်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသဖြင်ြ လင်းရွှင်းဖုန်းကို အနည်းငယ် မှင်တက်သွားခဲ့သည်။

​အရင်တုန်းက သူ လီတုန်းယွဲ့ကို တောင်ပေါ်သို့ ကျောပိုးလာစဉ်က ထိုကောင်မလေးကလည်း ဤကဲ့သို့ အလားတူ စကားမျိုးကို ပြောခဲ့ဖူးသည်။

​သူက ဝေ့ရုံကို နွေးထွေးသွားစေရန် စွမ်းအင်များကို တိတ်တဆိတ် ပို့လွှတ်ပေးလိုက်ပြီး…

"နည်းနည်းလောက် ထပ်တောင့်ထားလိုက်ပါ... မင်းကို အနားယူဖို့ နေရာတစ်ခုဆီ ငါ ခေါ်သွားပေးမယ်..." ဟု တိုးတိုးလေး ပြောလိုက်သည်။

​ဝေ့ရုံက သူ့ကျောပေါ်တွင် ခေါင်းငုံ့၍ မှီနေသော်လည်း မိုးရေများက သူမ၏ ပါးစပ်ထဲသို့ ဝင်ရောက်နေဆဲ ဖြစ်သဖြင့် သူမကို တစ်ခါတစ်ရံ ချောင်းဆိုးစေသည်။

​လင်းရွှင်းဖုန်းတယောက် တောအုပ်ထဲတွင် ပျံသန်းနေသော မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေ၏။

​အချိန်အတော်ကြာသွားပြီးနောက်…

​လင်းရွှင်းဖုန်း နောက်ဆုံးတွင် လှိုဏ်ဂူတစ်ခုကို ရှာတွေ့သွားခဲ့သည်။ သူက ဝေ့ရုံကို အတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် အစီအရင်တစ်ခု ဖန်တီးရန် ဂူအပေါက်ဝသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။

​ဝေ့ရုံက ဂူနံရံကို မှီ၍ ဒူးနှစ်ဖက်ကို ပိုက်ထား၏။ သူမက ခေါင်းကို အနည်းငယ် မော့၍ အလုပ်ရှုပ်နေသော လင်းရွှင်းဖုန်း၏ ပုံရိပ်ကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများ တဖျတ်ဖျတ် လက်နေသည်။ သူမ သိတတ်စအရွယ်ကတည်းက မည်သူကမျှ သူမအပေါ် ဤမျှ မကောင်းမွန်ခဲ့ဖူးချေ။

​သူမ လင်းရွှင်းဖုန်းအပေါ် သတိထားခဲ့သော်လည်း သူမ မျှော်လင့်ချက်မဲ့နေချိန်တွင် လင်းရွှင်းဖုန်း ပေါ်လာမှုက သူမ၏ ယုံကြည်မှုကို အပြည့်အဝ ရရှိသွားစေခဲ့သည်။

​ လင်းရွှင်းဖုန်းကို ကြည့်လိုက်ရင်း ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ဤနေရာတွင် သေဆုံးရမည်ကို မဟုတ်ဘဲ လင်းရွှင်းဖုန်းကိုပါ ဒုက္ခပေးမိမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။

​လင်းရွှင်းဖုန်း ရုတ်တရက် ပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် မျက်တောင်မခတ်စတမ်း စူးစိုက်ကြည့်နေခဲ့သည်။

​ဂူအပြင်ဘက်တွင် မိုးရွာသွန်းမှု စတင် ရပ်တန့်သွားပြီး လရောင်တစ်တန်းက လင်းရွှင်းဖုန်းအပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။ ဝေ့ရုံက လင်းရွှင်းဖုန်း၏ ဒဏ်ရာများကို ကြည့်ကာ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။

​လင်းရွှင်းဖုန်းမှာ အချိန်အတော်ကြာအောင် လှုပ်ရှားနေပြီးနောက် နောက်ဆုံးတွင် ဂူအပေါက်ဝကို ဖုံးကွယ်နိုင်၊ အရှိန်အဝါကို ဖုံးကွယ်နိုင်ပြီး အသံများကို တားဆီးပေးနိုင်သည့် သုံးထပ် အစီအရင်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

​သူ မတ်တတ်ရပ်လိုက်တော့မှ ဝေ့ရုံ၏ အကြည့်ကို သတိပြုမိသွားသည်။ ချက်ချင်းပင် သူက ခါးထောက်၍ ခါးကို မတ်ကာ ရယ်မောလိုက်ပြီး "ကောင်းပြီ... ဘယ်သူကမှ ငါတို့ကို ရှာမတွေ့နိုင်တော့ဘူး... မင်း မအိပ်ခင်မှာ ပူပူနွေးနွေး ဆန်ပြုတ် တစ်ပန်းကန်လောက် စားချင်လား... အသားပါတဲ့ ဆန်ပြုတ်မျိုးလေ..." ဟု ဆိုလိုက်သည်။

​အသက် ငါးနှစ်အရွယ် ဝေ့ရုံက လင်းရွှင်းဖုန်း၏ အပြုံးကို ကြည့်ကာ ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာ၏။ သူမ စကားပြောရန် ပြင်လိုက်ချိန်တွင်...

​ဖူး!

​ဓားတစ်လက်က လင်းရွှင်းဖုန်း၏ ရင်ဘတ်ကို ထွင်းဖောက်ဝင်ရောက်လာရာ သွေးများ ပန်းထွက်လာပြီးနောက် သူ့ ပုခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာကာ သူ့ ခန္ဓာကိုယ်ကို အောက်သို့ ဖိချလိုက်သည်။

​လင်းရွှင်းဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကြိုတင် ကာကွယ်မှု မရှိဘဲ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရကြောင်း သိသာလှပေသည်။

​ အရင်းအမြစ်ချီများ ပိတ်ဆို့ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ကြောင်း ခံစားလိုက်ရသဖြင့် သူ့ကို ထိတ်လန့်သွားစေသည်။

​"ဘယ်သူ... မင်း ဘယ်သူလဲ..."

​လင်းရွှင်းဖုန်း အံကြိတ်၍ မေးလိုက်သည်။ တစ်ဖက်လူ၏ အရှိန်အဝါထံမှ အအေးဓာတ်ကို သူ ခံစားနေရပြီး ဤအရာမှာ သူ တစ်ခါမျှ မကြုံဖူးခဲ့သော အရာ ဖြစ်၏။

​"ယွမ် မိသားစုက လိုချင်တဲ့သူကို လုယူရဲတယ်ပေါ့... မင်း တကယ် သေချင်နေတာပဲ..."

​အနောက်ဘက်မှ နက်ရှိုင်းပြီး လူသတ်ချင်သော အသံတစ်ခု ထွက်ပေါ်လာရာ ဤစကားကို ကြားသောအခါ လင်းရွှင်းဖုန်း လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားတော့သည်။

​အချိန်အကြာကြီး လိုက်လံ ဖမ်းဆီးခံခဲ့ရသဖြင့် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ယခုအခါ ခုခံရန် လုံးဝ အစွမ်းအစ မရှိတော့ချေ။

​သူက ဝေ့ရုံကို တောင်းပန်သော အမူအရာဖြင့် ကြည့်လိုက်သည်။

​သို့သော်လည်း ဝေ့ရုံက ကြောက်ရွံ့နေခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အနောက်ဘက်က လူကို စူးစိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများမှာ အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။

All Chapters