← Chapters

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ( ၃၈၅ ) မိုးပြာနဂါး အဆင့်သတ်မှတ်ချက်

​ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများကို လပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော နန်းတော်မှ လွတ်မြောက်လာပြီးနောက် ကျန်းကျောက်ရှားက ဂိုဏ်းသားများကို ဦးဆောင်၍ လျင်မြန်စွာ ရှေ့သို့ တိုးထွက်လာခဲ့သည်။

အမှောင်ထု လိုဏ်ခေါင်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် သူတို့၏ အမြင်အာရုံ လင်းလက်သွားတော့သည်။

​ရှေ့တွင် မြင်ကွင်းကျယ်ပြန့်သော မြေအောက်လိုဏ်ခေါင်းကြီးတစ်ခု ရှိနေသည်။ ၎င်း၏ ဘေးဘက် တောင်နံရံတစ်လျှောက်တွင် မြစ်ကြီးတစ်စင်းက အင်အားကြီးမားစွာဖြင့် စီးဆင်းနေပြီး အားမာန်အပြည့်ဖြင့် ရှေ့သို့ လျင်မြန်စွာ စီးဆင်းနေလေသည်။

​အမြင့်ဆုံး အမှတ်မှာ ကျန်းကျောက်ရှားနှင့် အခြားသူတို့၏ ခြေဖဝါးအောက်ရှိ မြေပြင်မှ ပေရာပေါင်းများစွာ မြင့်မားနေပြီး သူတို့၏ ရှေ့ရှိ မြေပြင်က မညီမညာ ဖြစ်နေကာ တောင်နံရံများကို ကုတ်တွယ်ထားသော ချောက်ကမ်းပါးများကလည်း ကုန်းမြေသားရဲတိရစ္ဆာန်များ၏ လက်သည်းများကဲ့သို့ ချွန်ထက်နေသည်။

​ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများက တစ်ဦးစီ အသီးသီး ဓားပျံစီးနင်း၍ ရှေ့သို့ တိုးဝင်သွားကြသည်။ ကျန်းကျောက်ရှားကိုလည်း မတားဆီးကြသလို မေးခွန်းများလည်း မမေးကြပေ။ သူတို့အားလုံး အနောက်သို့ ကျန်ရစ်မည်ကို စိုးရိမ်သဖြင့် အာရုံစိုက်နေကြသည်။

ထိုစဉ် အရှေ့က တောင်နံရံ တစ်နေရာ ပေါက်ကွဲသွားပြီး လူရိပ်တစ်ခုက ကျည်ဆန်တစ်ခုကဲ့သို့ ပစ်ထွက်လာကာ ပြီးပြည့်စုံသော လမ်းကြောင်းအတိုင်း မျဉ်းကွေးပုံစံ လွင့်ပျံသွားပြီးနောက် ပေရာပေါင်းများစွာ ဝေးကွာသော မြေရိုင်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ဆင်းသက်ပြီးနောက် ထိုသူမှာ အကွာအဝေးတစ်ခုအထိ နောက်သို့ လျှောတိုက်လွင့်စဉ်သွားခဲ့သည်။

​ဤသူမှာ ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ခန့်ညားသော မျက်နှာ ရှိသည့် ဆံပင်ဖြူ အဘိုးအို ဖြစ်ကာ အလျား ပေဆယ်ကျော် ရှည်လျားသော လှံရှည်ကြီးကို ကိုင်ဆောင်ထားပြီး ၎င်း၏ ဓားသွားမှာ နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေသည်။

"ချောင်လင်ရှောင်း... ဒီနေ့ ငါတို့ရဲ့ ကံကြမ္မာကို ရှင်းကြရအောင်..."

​နက်ရှိုင်းပြီး အစွမ်းထက်သော အသံကြီး မိုးကြိုးသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာရာ ကျန်းကျောက်ရှားနှင့် အခြားသူတို့၏ သွေးနှင့် ချီများပင် တုန်ယင်သွားတော့သည်။

​ကျန်းကျောက်ရှား မျက်မှောင် ကြုတ်လိုက်ပြီး လျှို့ဝှက်စွာ စိုးရိမ်နေမိသည်။

​ကောင်းကင်နေမင်းနယ်ပယ်ရှိ ကြီးမြတ်သည့် ကျင့်ကြံသူ နှစ်ဦး ထပ်တိုးလာပြန်ပြီလား?

​သာမန်အားဖြင့် မောက်မာလေ့ရှိသော လူတစ်ယောက်အတွက်ပင် ဤသည်မှာ ကံဆိုးလှပေသည်။ သူတို့ အဘယ်ကြောင့် ဤမျှ အန္တရာယ်များသော နေရာသို့ ရောက်ရှိလာခဲ့ကြသနည်း။

​သူသည် လှုပ်ရှားမှုကို နှေးကွေးစေလိုက်ပြီး မကြာမီမှာပင် ထွက်ခွာလာခဲ့သော တောင်နံရံ လိုဏ်ခေါင်းပေါက်မှ ဝက်ဝံညိုကြီး တစ်ကောင်ကဲ့သို့ အရွယ်အစားရှိပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။

အနက်ရောင်ဝတ်ရုံနှင့်လူက အပြာရောင် မီးလျှံများ ဝန်းရံထားသော လှံတံရှည် နှစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ချောက်ကမ်းပါးပေါ်သို့ ဆင်းသက်ပြီး အားကုန်သုံး၍ တွန်းကန်လိုက်ရာ ချောက်ကမ်းပါး ပြိုကျသွားတော့သည်။ သူသည် လှံရှည်များကို မြှင့်တင်၍ ဒေါသတကြီးဖြင့် အောက်သို့ ရိုက်ချလိုက်ရာ ၎င်း၏ စွမ်းအားကြောင့် မြေပြင် တုန်ဟီးသွားလေသည်။

​ပေတစ်သောင်းကျော် ဝေးကွာသော နေရာတွင် ရှိနေသော ကျန်းကျောက်ရှားနှင့် အခြားသူတို့ပင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။

​ကျန်းကျောက်ရှားက အလွန်အမင်း နီးကပ်စွာ မသွားရဲသဖြင့် အရှိန်နှေးကွေးသွားပြီး ပတ်လမ်းကြောင်း တစ်ခု ရှာဖွေရန် ကြိုးစားလိုက်သည်။

​"အဲဒါ အထွတ်အထိပ် မသေမျိုးဂိုဏ်းက ချောင်လင်ရှောင်းနဲ့ အနီရောင်သွေးမိစ္ဆာဂိုဏ်းက အနက်ရောင် မိစ္ဆာသခင် ဟေးရှားပဲ! သူတို့ တကယ်ပဲ ရောက်လာကြတာလား! ဒီနေရာက တကယ်ပဲ ဒဏ္ဍာရီလာ စစ်နတ်ဘုရား နန်းတော် ဖြစ်နေတာလား..."

ထိုစဉ် အနောက်ဘက်မှ ထိတ်လန့်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ကျောတွင် ယပ်တောင်ကြီး တစ်ခုကို သိုင်းလွယ်ထားသော အရပ်ပုပု ဝဖိုင့်ဖိုင့် အဘိုးအိုတစ်ဦး ဖြစ်သည်။

ရှေ့ကမြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူ့အနောက်ဘက်တွင် အမှောင်ထုထဲမှ ကျင့်ကြံသူများဆက်တိုက် ထွက်ပြေးနေကြသည်။

​ကျန်းကျောက်ရှားအဖို့ ထိုအရေးပါသော ပုဂ္ဂိုလ်ကြီးတို့၏ တိုက်ပွဲများကို အံ့ဩရန် အချိန်မရှိဘဲ ဂိုဏ်းသားများကို မည်သို့ ဘေးကင်းအောင် ခေါ်ဆောင်သွားရမည်ကိုသာ တွေးတောနေမိသည်။

​ဤဂိုဏ်းသားများမှာ ဂိုဏ်း၏ ထူးချွန်သူများ ဖြစ်ကြပြီး အများစုမှာ အရေးပါသော ရာထူးများကို ရရှိထားသူများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ဦးဦးသာ ကျဆုံးသွားခဲ့လျှင် စီနီယာအစ်ကိုကို တောင်းပန်စရာ ဖြစ်လာမည်ဟု သူ ခံစားလိုက်ရသည်။ ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသား ဒါဇင်ပေါင်းများစွာထဲတွင် ပိုင်နင်းအာ တစ်ဦးသာလျှင် စိတ်အေးလက်အေး ရှိနေပြီး တိုက်ပွဲကို အလွန် စိတ်ဝင်စားစွာဖြင့် ကြည့်ရှုနေလေသည်။

ချင်းရှောင်ဂိုဏ်းက အလွန် ကြီးမားပြီး အစွမ်းထက်သည်ဟု ထင်ခဲ့သော်လည်း အနောက်ဘက်သို့ ရောက်လာပြီးနောက်တွင် ချင်းရှောင်ဂိုဏ်းက အလွန် သေးငယ်နေသေးကြောင်း တွေ့ရှိလိုက်ရသည်။ ယခုအခါတွင် အပြင်ဘက်ရှိ ကျင့်ကြံရေးလောကအပေါ် အလွန် စိတ်ဝင်စားနေသည်။

​မှန်ပေသည်၊ ဤသည်ကလည်း စူးစမ်းလိုစိတ်သာ ရှိခြင်း ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းမှ ထွက်ခွာသွားရန် ဆန္ဒမရှိချေ။

​ချင်းရှောင်ဂိုဏ်းက သေးငယ်နေသော်လည်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည်။ မကြာမီ ဤအဓိက ဂိုဏ်းကြီးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်သည်။ အနည်းဆုံးတော့ ပိုင်နင်းအာ က ထိုသို့ ထင်မြင်နေမိသည်။

​အနက်ရောင် မိစ္ဆာသခင်နှင့် ချောင်လင်ရှောင်းတို့ တိုက်ခိုက်နေသည်ကို အဝေးမှ ကြည့်ရင်း သူတို့၏ အရှိန်အဝါနှင့် ဖိနှိပ်မှုများကြောင့် ပိုင်နင်းအာ လျှို့ဝှက်စွာ ထိတ်လန့်သွားတော့သည်။ ထိုသူတို့နှင့် ဂိုဏ်းချုပ်တို့ကြားတွင် မည်သူက ပိုမို အစွမ်းထက်မည်ကို တွေးတောနေမိသည်။

​ထိုအခိုက်တွင် ပိုင်နင်းအာ၏ ရှေ့ရှိ ကမ္ဘာကြီး ရုတ်တရက် ပြောင်းလဲသွားသည်။ ဤမြေအောက်ကောင်းကင်ကြီးတခွင်လုံး မှောင်မိုက်သွားပြီး မြေပြင်ပေါ်တွင် ထူထပ်သော မြူခိုးများ လိပ်တက်လာတော့သည်။

​သူ ဆက်လက် မတွေးတောနိုင်မီမှာပင် အရာရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

​"မင်း တကယ်ပဲ ငါ့ရဲ့ ဓမ္မနယ်မြေကို ဖောက်ထွက်နိုင်ခဲ့တာပဲ!"

​အနက်ရောင် မိစ္ဆာသခင်၏ အသံက ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်လျက် ထွက်ပေါ်လာသည်။

​ဓမ္မနယ်မြေ?

​ပိုင်နင်းအာ ထိုစကားလုံးကို လျှို့ဝှက်စွာ မှတ်သားထားလိုက်ပြီး ၎င်းမှာ ကောင်းကင်နေမင်းနယ်ပယ်၏ ထူးခြားသော ပညာရပ် တစ်ခု ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

​"ဒီဘက်ကိုလာကြ!"

​ကျန်းကျောက်ရှား ရုတ်တရက် အော်ဟစ်လိုက်သဖြင့် ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားအားလုံး သူ့နောက်သို့ လိုက်ပါသွားကြပြီး အဝေးရှိ တောင်နံရံဆီသို့ လှည့်၍ ပျံသန်းသွားကြတော့သည်။ အနီးကပ် ကြည့်လိုက်သောအခါ ထိုတောင်နံရံတွင် အက်ကြောင်းတစ်ခု ရှိနေပြီး အဝေးမှ ကြည့်လျှင် အလွန် ပါးလွှာနေသော်လည်း အမှန်တကယ်တွင် နှစ်မီတာခန့် ကျယ်ဝန်းသည်။

​အက်ကြောင်းအတွင်းသို့ ပျံသန်းဝင်ရောက်ပြီးနောက် ကျန်းကျောက်ရှားက လမ်းကြောင်းကို စစ်ဆေးရန် ဝိညာဉ်အသိအာရုံကို အသုံးပြုလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အက်ကြောင်းမှာ ပွင့်နေပြီးသား ဖြစ်သဖြင့် ပျံသန်း ထွက်ခွာနိုင်ခဲ့ကြသည်။

​နှစ်မိုင်ခန့် ပျံသန်းပြီးနောက် အခြား မြေအောက် အာကာသတစ်ခုသို့ ရောက်ရှိသွားကြသည်။ သို့သော်လည်း ထိုနေရာတွင် တိုက်ပွဲများ ရှိနေဆဲပင်။

ကောင်းကင်နေမင်းနယ်မြေရှိ ကြီးမြတ်သည့် ကျင့်ကြံသူများ နတ်ဘုရားများကဲ့သို့ တိုက်ခိုက်နေခြင်း မဟုတ်သော်လည်း ဂိုဏ်းနှစ်ခု ပဋိပက္ခ ဖြစ်နေပြီး ထိုတိုက်ပွဲတွင် လူပေါင်း ငါးရာကျော် ပါဝင်နေကြသဖြင့် အလွန် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေသည်။

​"ဒီလူတွေ အရူးတွေလား... ဘာလို့ နေရာတိုင်းမှာ တိုက်ခိုက်နေကြတာလဲ..."

​ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသား တစ်ဦးက စိုးရိမ်တကြီးဖြင့် မနေနိုင်ဘဲ ပြောလိုက်သည်။

​သူတို့သည် ကြီးမြတ်သည့် ကျင့်ကြံသူများ မဟုတ်သော်လည်း ဝိညာဉ်အသိအာရုံအဆင့်ရှိ ကျင့်ကြံသူ ရာနှင့်ချီ၍ မှော်ပညာများဖြင့် တိုက်ခိုက်နေသည်ကို မြင်တွေ့ရခြင်းမှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းလှပေသည်။

​ရွှယ်ကျင်းက…

"ဆရာ... ကျွန်တော်တို့ ပုန်းဖို့ နေရာတစ်ခု ရှာတာ ပိုကောင်းမယ်... ဒီလို ထွက်ပြေးနေရင် သေကျေဒဏ်ရာရတာတွေ ဖြစ်လာလိမ့်မယ်..."

​ကျန်းကျောက်ရှားက ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု တွေးမိပြီး ခေါင်းညိတ်ကာ ပုန်းဖို့ နေရာရှာရန် ကြိုးစားလိုက်တော့သည်။

​တစ်ချိန်တည်းမှာပင်….

​အခြား မြေအောက် အာကာသတစ်ခုတွင် ကျိုးလင်ဟွမ်းနှင့် ဖန်းရွှမ်တို့ တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေကြသည်။ သူတို့၏ အောက်ဘက်တွင် အဆုံးအစမရှိသော ပင်လယ်ကဲ့သို့ ဖြစ်နေသည့် လှိုင်းထန်နေသော မြေအောက်မြစ်ကြီး တစ်စင်း ရှိနေသည်။

​"မျှော်လင့်ထားတဲ့အတိုင်း ကိစ္စတွေက ရှုပ်ထွေးလာပြီ... အဲဒီလူတွေက လူသားဧကရာဇ် ခေါင်းလောင်းကို စိတ်မဝင်စားကြဘဲ ဂုဏ်သတင်းအတွက်ပဲ တိုက်ခိုက်ပြီး အရင်က ရန်ငြိုးတွေကို ရှင်းချင်နေကြတာ..."

​ကျိုးလင်ဟွမ်းက သက်ပြင်းချလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

​ဖန်းရွှမ်က ရှေ့ကို ကြည့်၍…

"ပျော်မနေနဲ့ဦး... ငါတို့ရဲ့ ရန်သူတွေလည်း ရောက်လာနိုင်တယ်..." ဟု ဆိုလိုက်သည်။

​ကျိုးလင်ဟွမ်းက ပေါ့ပေါ့ပါးပါးဖြင့်…

"ဘာမှ မဖြစ်ပါဘူး... ကျန်းဟုန်းမင်က ငါ့အဖေရဲ့ စီစဉ်မှုနဲ့ ငါ့နောက်ကနေ လျှို့ဝှက်ပြီး လိုက်လာမှာပဲ..."

​ "ချောင်လင်ရှောင်း ရောက်နေတယ်လို့ ကြားတယ်... သူက မိုးပြာနဂါး အဆင့်သတ်မှတ်ချက်မှာ တတိယမြောက် ဖြစ်ပြီး ကျန်းဟုန်းမင် က စတုတ္ထမြောက်လေ... သူတို့နှစ်ယောက်ကို အာရုံလွှဲပေးနိုင်မယ်လို့ ငါ ထင်တယ်..."

​"သူက တကယ့် ဂုဏ်သတင်း အလွတ်တွေအတွက် တကယ် ဂရုစိုက်လို့လား..."

​"မမေ့နဲ့လေ... သူက အဲဒီနှစ်ယောက်လက်ထဲကနေ မနည်း လွတ်မြောက်ခဲ့ရတာ... အခု တခြားသူ တစ်ယောက်ယောက်က သူ့ကို ကျော်တက်သွားပြန်ပြီ... ထျန်းချင်းမသေမျိုးဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်အနေနဲ့ သူ ခံစားနေရတဲ့ ဖိအားတွေက နင်နဲ့ ငါ စိတ်ကူးကြည့်လို့ ရတာထက် ပိုများတယ်..."

​"ဒါတော့ ဟုတ်မှာပေါ့... သူက အရမ်း လေးနက်တဲ့ လူတစ်ယောက်ဆိုတော့ သူ့နောက်ကွယ်မှာ အရမ်း ပရိယာယ် များမှာပဲ..."

​ဤစကားကို ကြားသောအခါ ဖန်းရွှမ်က သူမကို မျက်စောင်းထိုးလိုက်ပြီး စကားပြောရာတွင် လုံးဝ စည်းကမ်းမရှိကြောင်း တွေးတောလိုက်သည်။

​ကျိုးလင်ဟွမ်းကလည်း ကျန်းဟုန်းမင် ကြားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း ဖြစ်သည်။

သူမ ​ငယ်စဉ်ကတည်းက ကျန်းဟုန်းမင်က သူမ၏ ကျင့်ကြံခြင်းတွင် လိုက်ပါခဲ့ပြီး မကြာခဏဆိုသလို ဆူပူအပြစ်တင်ခြင်းကို ခံခဲ့ရသဖြင့် ငြီးငွေ့နေသည်မှာ ကြာပြီ ဖြစ်၏။

​"အကယ်၍ လီပိုင်သာ ရောက်လာခဲ့ရင် သူက မိုးပြာနဂါး အဆင့်သတ်မှတ်ချက်ရဲ့ တတိယ သို့မဟုတ် စတုတ္ထ နေရာကို ယှဉ်ပြိုင်နိုင်မှာ... ဒါမှမဟုတ် ထိပ်ဆုံး နှစ်နေရာထိတောင် ရောက်နိုင်တယ်..."

ထိုသို့ဆိုရင်း ​ကျိုးလင်ဟွမ်းက စိတ်လှုပ်ရှားစွာဖြင့် ရယ်မော၍ သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

​ဖန်းရွှမ်က ဆက်လက် သည်းမခံနိုင်တော့ဘဲ…

"ဒီဘဝမှာ အချစ်အကြောင်းကို ဘယ်တော့မှ မမေးတော့ဘူး၊ မသေမျိုးလမ်းကြောင်းကိုပဲ အာရုံစိုက်မယ်လို့ ပြောခဲ့တဲ့သူက ဘယ်သူလဲ မသိဘူး... နှစ်အနည်းငယ် အဝေးကို သွားပြီး ပြန်လာတော့ အချစ်ဝေဒနာခံစားနေရတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာတယ်..." ဟု နောက်ပြောင်လိုက်သည်။

​ကျိုးလင်ဟွမ်းက သက်ပြင်းချ၍…

"ငါ အရင်က အဲလို ပြောခဲ့ဖူးတာ မှန်ပါတယ်... ဒါပေမဲ့ ငါ့ရဲ့ လွမ်းဆွေးမှုတွေကို ဖိနှိပ်လေ ပိုပြီး နာကျင်လေ ဖြစ်လာတယ်... အချစ် ဆိုတာ ဘဝရဲ့ မလွှဲမရှောင်သာတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်မှန်း ငါ နားလည်လာပြီ... ရှောင်လွှဲလို့ မရရင် ဘာလို့ အတွေ့အကြုံ မယူရမှာလဲ..."

​"နင် အတွေ့အကြုံ ယူချင်ရင်တောင် သူတို့က နင့်ကို ခွင့်ပြုမှာ မဟုတ်ဘူး..."

​ဖန်းရွှမ်၏ စကားများက ကျိုးလင်ဟွမ်း၏ မျက်နှာပေါ်က အပြုံးများကို အေးခဲသွားစေသည်။

……………………

​မှိန်ဖျော့သော ခန်းမဆောင် အတွင်းတွင် ကြယ်တာရာကဲ့သို့သော အလင်းရောင် အစက်အပြောက်လေးများ လွင့်မျောနေပြီး အာကာသကို လင်းလက်စေသည်။

​ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသား ဒါဇင်ပေါင်းများစွာ ခန်းမဆောင်အတွင်း၌ တရားမှတ်၍ ကျင့်ကြံနေကြသဖြင့် လူပြည့်ကျပ်နေသကဲ့သို့ ဖြစ်နေ၏။

ယန်တောက်ကျုံးတို့က နံရံရှေ့တွင် မတ်တတ်ရပ်လျက် နံရံပေါ်ရှိ ရှေးခေတ် စာလုံးများကို စူးစိုက်ကြည့်ကာ နက်နဲစွာ တွေးတောနေကြသည်။

​ကျန်းကျောက်ရှားကတော့ နန်းတော်၏ တစ်ခုတည်းသော ကျောက်တံခါး ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေပြီး အကြည့်များက ယန်တောက်ကျုံး တို့အပေါ်တွင် စူးစိုက်နေကာ အနည်းငယ် မျက်မှောင်ကြုတ်နေသည်။

​သူသည် ယန်တောက်ကျုံးအပေါ် စီနီယာအစ်ကို၏ အကဲဖြတ်ချက်များကို အမြဲတမ်း မှတ်မိနေပြီး ယန်တောက်ကျုံးသာ မသေမျိုး လမ်းကြောင်းကို စတင် ကျင့်ကြံပါက လူတိုင်းကို အံ့အားသင့်စေလိမ့်မည်ဟု ဆိုခဲ့ဖူးသည်။

​သို့သော်လည်း ယန်တောက်ကျုံးက အလွန် ခေါင်းမာလွန်းသည်။ မည်သည့်အရာကိုမျှ မပြုလုပ်ဘဲ မသေမျိုး လမ်းကြောင်းကို ငြင်းပယ်နေသဖြင့် ၎င်းမှာ လေးစားဖွယ်ကောင်းသလို နှမြောစရာလည်း ကောင်းလှပေသည်။

​ဤနေရာသို့ ရောက်ရှိပြီးနောက် ယန်တောက်ကျုံးတယောက် ဤကဲ့သို့ တရားမှတ်သည့် အခြေအနေသို့ မကြာခဏ ရောက်ရှိသွားသဖြင့် အခွင့်အရေး တစ်ခုခု ရှိနိုင်မည်ဟု ကျန်းကျောက်ရှား သံသယ ဖြစ်နေမိသည်။

​အကယ်၍ ဤခရီးစဉ်က ယန်တောက်ကျုံးအတွက် အသွင်ကူးပြောင်းမှု တစ်ခု ဖြစ်လာနိုင်ပါက ၎င်းမှာ မမျှော်လင့်ထားသော အကျိုးကျေးဇူးတစ်ခု ဖြစ်ပေလိမ့်မည်။

​ဤအကြောင်းကို တွေးမိသောအခါ ကျန်းကျောက်ရှား ပြုံးလိုက်မိသည်။

​ဂိုဏ်းအတွင်း၌ ပါရမီရှင်များ ပိုမို ပေါ်ထွက်လာသည်နှင့်အမျှ သူ့ရဲ့ ကိုယ်ပိုင် ပါရမီကလည်း ထိပ်ဆုံး ဆယ်ဦး စာရင်းဝင်ရန် မလုံလောက်တော့သော်လည်း ဂုဏ်ယူဝင့်ကြွားမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး အစွမ်းထက်သူများ ပေါ်လာလျှင်ပင် သူ စိုးရိမ်နေခြင်း မရှိချေ။

​မည်သို့ပင်ဆိုစေ သူသည် ဒုတိယ ဂိုဏ်းချုပ် ဖြစ်သည် မဟုတ်ပါလော!

ဝုန်း...

ထိုစဉ် ​နန်းတော်ကြီးတခုလုံး တုန်လှုပ်သွားပြီး ဖုန်မှုန့်များ ဆက်လက်ကျဆင်းလာသည်။

​ဂိုဏ်းသူလေး တစ်ဦးက….

"လအတော်ကြာသွားပြီ... ဘာလို့ အခုထိ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်နေတာလဲ... ကျွန်မတို့ ဘယ်လို ပဋိပက္ခမျိုးထဲ ရောက်နေတာလဲ..." ဟု မနေနိုင်ဘဲ မေးလိုက်သည့်အခါ အခြား ဂိုဏ်းသားများလည်း မျက်လုံးဖွင့်၍ ဆွေးနွေးလာကြသည်။

​သူတို့တွေ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း မည်သည့် ပြဿနာမျှ မကြုံခဲ့ရသော်လည်း သူတို့ မြင်တွေ့ခဲ့ရသော လှုပ်ရှားမှုများက ထိတ်လန့်နေစေဆဲပင်။

​ကျန်းကျောက်ရှားက တိတ်ဆိတ်နေဆဲ ဖြစ်ပြီး ဂိုဏ်းသားများ စိတ်ဖိစီးနေကြပြီး တင်းမာမှုများ လျော့ကျသွားစေရန် စကားပြောရန် လိုအပ်ကြောင်း သိရှိထားသည်။

​ယန်ကျွယ်တိန်လည်း ဂိုဏ်းသားများ၏ ဆွေးနွေးမှုတွင် ပါဝင်လာပြီး သူသည်လည်း ဤနေရာနှင့် ပတ်သက်၍ သိချင်စိတ်များစွာ ရှိနေသည်။

​တစ်စုံတစ်ယောက် စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပိုင်နင်းအာတယောက် တက်ကြွလာပြီး သူ့အသံက အကျယ်ဆုံး ဖြစ်လာရာ ထိုအရာကြောင့်ပင် တင်းမာနေသော လေထုမှာ လျော့ကျသွားခဲ့ရသည်။

​အနည်းငယ် စကားပြောဆိုပြီးနောက် ယန်ကျွယ်တိန်က တစ်စုံတစ်ခုကို အာရုံခံမိ၍ သိုလှောင်အိတ်ထဲမှ ချင်းရှောင်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

​"တိတ်တိတ်နေကြ!"

​ယန်ကျွယ်တိန် ပြောလိုက်တော့ လူတိုင်း တိတ်ဆိတ်သွားပြီး ကျန်းကျောက်ရှားနှင့် ရွယ်ကျင်းတို့ အပါအဝင် အားလုံး သူ့ထံသို့ လှည့်ကြည့်လိုက်ကြသည်။

​ချင်းရှောင်တံဆိပ်ပြားကို ကိုင်ထားသော ယန်ကျွယ်တိန်၏ လက်က တုန်ယင်နေပြီး ဂိုဏ်းသားများလည်း တံဆိပ်ပြားအတွင်းမှ ဝိညာဉ် စွမ်းအင် အတက်အကျကို ခံစားမိလိုက်ကြသည်။

​ချင်းရှောင်တံဆိပ်ပြား အဆက်အသွယ် ရသွားတာလား?

​ဂိုဏ်းသားများ အားလုံး စိတ်လှုပ်ရှားသွားပြီး အသက်ရှူနှုန်းများ မြန်ဆန်လာကြသော်လည်း အမှားအယွင်းများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် မည်သူမျှ စကားမပြောရဲကြချေ။

​သူတို့တွေ ဤနေရာတွင် ကြာမြင့်စွာ ပိတ်မိနေခဲ့ကြပြီး ထုတ်မပြောခဲ့သော်လည်း စိတ်ထဲတွင် တစ်ခုခုတော့ ဖြစ်လာလိမ့်မည်ဟု တွေးမိနေကြသည်။

​ဒါဆို သူတို့ ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူးပေါ့….

​ယန်ကျွယ်တိန်က ချင်းရှောင်တံဆိပ်ပြားထဲသို့ အရင်းအမြစ်ချီများကို ပို့လွှတ်လိုက်သည်နှင့် ချင်းရှောင်တံဆိပ်ပြားမှာ အရင်းအမြစ်ချီနှင့် ဝိညာဉ်အသိအာရုံ စွမ်းအင် အားလုံးကို လက်ခံနိုင်သည်။

“... ဒါက အကြီးအကဲ ယန်လား..."

​ဤအသံကို ကြားသောအခါ ဂိုဏ်းသားများအားလုံး စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ ကျန်းကျောက်ရှား၏ မျက်လုံးများပင် ပြူးကျယ်သွားတော့သည်။

​ဂိုဏ်းချုပ်ရဲ့ အသံပဲ!

​ယန်ကျွယ်တိန်၏ မျက်လုံးများ နီရဲလာပြီး ဤကလေးမှာ အမှန်တကယ်ပင် အားကိုးရဆုံး ဖြစ်နေဆဲဟု ဝမ်းသာအားရတွေးလိုက်မိသည်။

​"ကျွန်တော်ပါ ဂိုဏ်းချုပ်! ကျွန်တော်တို့ ဒီနေရာမှာ ပိတ်မိနေတာ..."

​"ဘာမှ ပြောမနေနဲ့... ငါ ရောက်နေပြီ... ငါ ရောက်မနေရင် မင်းတို့နဲ့ အဆက်အသွယ် ရမှာ မဟုတ်ဘူး... ပုန်းဖို့ နေရာတစ်ခု ရှာထားလိုက်... ငါ လာခဲ့မယ်..."

လီချင်းချိုး၏ အသံ ချင်းရှောင်တံဆိပ်ပြား အတွင်းမှ ထွက်ပေါ်လာသည်။ သူ့လေသံက သာမန် ကိစ္စတစ်ခုအကြောင်း ပြောနေသကဲ့သို့ တည်ငြိမ်နေသော်လည်း ဂိုဏ်းသားများအတွက်တော့ အတိုင်းအဆမဲ့သော ယုံကြည်မှုကို ပေးစွမ်းနိုင်ခဲ့လေသည်။

All Chapters