← Chapters

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း ၃၉၀ - ဤလူငယ်က လမ်းပြပေးရန် ဆန္ဒရှိသည်

​နန်းတော် တုန်ခါခြင်း ရပ်တန့်သွားချိန်တွင် ကောင်းကင်နေမင်းနယ်ပယ် ကြီးမြတ်သည့် ကျင့်ကြံသူ (၁၂) ဦးစလုံးမ လီချင်းချိုးကို မယုံနိုင်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။ အနက်ရောင် မိစ္ဆာသခင်ပင်လျှင် စကားတစ်ခွန်းမျှ မဟရဲတော့ဘဲ ဖန်းပိုမိုကတော့ ကြောက်ရွံ့လွန်းသဖြင့် မျက်နှာတခုလုံး လူသေကဲ့သို့ ဖြူရော်သွားသည်။

​ကျိုးလင်ဟွမ်းလည်း ကြောက်ရွံ့နေသည်။ လီချင်းချိုး အလွန် အစွမ်းထက်ကြောင်း သိထားသော်လည်း ကျန်းဟုန်းမင်နှင့် ယှဉ်နိုင်လိမ့်မည်ဟု သူမ အမှန်တကယ် မထင်မှတ်ထားခဲ့ချေ။

​ရလဒ်မှာ...

​ကျန်းဟုန်းမင်မှာ တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

​လီချင်းချိုး ထိုလက်သီးကို ထိုးလိုက်ပြီးနောက် နန်းတော်တစ်ခုလုံး ကြာရှည်စွာ ဆက်တိုက် တုန်ခါနေခဲ့သည်။

​လူတိုင်း အပေါ်ဘက်ရှိ ကြီးမားပြီး နက်နဲလှသော အပေါက်ကြီးကို စိုက်ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ အချို့က တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီး အသက်ပင် ကောင်းကောင်း မရှူရဲကြပေ။ သူတို့၏ ဝိညာဉ်အသိအာရုံများဖြင့် ကျန်းဟုန်းမင်ကို စစ်ဆေးနိုင်ကြသည်။

​ကျန်းဟုန်းမင်တယောက် မျက်နှာကျက်၏ အောက်ဘက်သို့ ပေရာပေါင်းများစွာ လွင့်စင်သွားပြီး သွေးများဖြင့် ရွှဲနစ်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ကျောက်တုံးများကြားတွင် ပိတ်မိနေသည်။ အသက်ရှင်နေဆဲ ဖြစ်သော်လည်း ပြန်လည် နာလန်ထူရန် အချိန်အနည်းငယ် လိုအပ်လိမ့်မည်။

​လီချင်းချိုးက အခြား ကြီးမြတ်သည့် ကျင့်ကြံသူများကို လှည့်ကြည့်၍.. "နောက်ထပ် ကန့်ကွက်မယ့်သူ ရှိသေးလား..." ဟု မေးလိုက်သည်။

​သူ့အကြည့်ကို ရင်ဆိုင်ရချိန်တွင် ကြီးမြတ်သည့် ကျင့်ကြံသူ အားလုံး အကြည့်လွှဲလိုက်ကြသော်လည်း ကျိုးလင်ဟွမ်းကတော့ သူ့ကို စူးစိုက်ကြည့်နေခဲ့သည်။

​ကျိုးလင်ဟွမ်း၏ ဘေးတွင် ရပ်နေသော ဖန်းရွှမ်၏စိတ်ထဲတွင်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

​ လီချင်းချိုး ဤမျှ အစွမ်းထက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ကျိုးလင်ဟွမ်း၏ လီချင်းချိုး စွမ်းအားအပေါ် ကြွားလုံးထုတ်မှုများကို အလွန်အမင်းချီးကျူးသည်ဟုသာ ထင်မြင်၍ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ကျန်းဟုန်းမင်ဆိုသူသည် ထျန်းချင်းမသေမျိုးဂိုဏ်းတွင် အရည်အချင်း အရှိဆုံးသူ ဖြစ်ပြီး မိုးပြာနဂါး အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး သုံးနေရာနှင့်ပင် မလျော့ကျဟု ယုံကြည်ထားခဲ့၏။

သို့သော်လည်း သူတို့နှစ်ဦး တိုက်ခိုက်ချိန်တွင် သူမ အမြဲတမ်း ယုံကြည်အားကိုးနေသော ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ပင် တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

​သူမ၏ ခံစားချက်များ အလွန် ရှုပ်ထွေးသွားပြီး သူမ၏ ပုံမှန် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ပေ။

​မည်သူမျှ လီချင်းချိုးကို ပြန်မဖြေရဲကြချေ။ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် လီချင်းချိုး လှည့်၍ ထွက်ခွာသွားသည်နှင့် ယွမ်လီနှင့် ယင်ကျင်းရှင်းတို့လည်း အနီးကပ် လိုက်ပါသွားကြသည်။

​ခဏမျှ လျှောက်လှမ်းပြီးနောက် သူတို့ သုံးဦး ဓားပျံကိုယ်စီ စီးနင်း၍ ပျံသန်း ထွက်ခွာသွားခဲ့သည်။

​"ဆရာ... ဆရာက တကယ့်ကို အံ့ဩစရာပဲ!" ယင်ကျင်းရှင်းက လီချင်းချိုးကို လေးစားမှုများဖြင့် ကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေပုံရသည်။

​ကျန်းဟုန်းမင်၏ လှုပ်ရှားမှုတိုင်းက ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ဖိနှိပ်မှုမျိုးကို ခံစားရစေခဲ့သည်။ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်သည်ပင် ဆရာ့လက်သီး တစ်ချက်တည်းကိုပင် မခံနိုင်သည်ကို ပြန်တွေးမိတော့ သွေးများ ဆူပွက်လာသည်။

လီချင်းချိုးက ဘာမှ ပြန်မဖြေပေ။ ထိုသို့သောစွမ်းဆောင်မှုက သူ အစွမ်းထက်သောကြောင့်သာ မဟုတ်ဘဲ ကျန်းဟုန်းမင် သတိလက်လွတ် ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။

​ထိုလက်သီးချက်ကအလစ်အငိုက် တိုက်ခိုက်ခြင်း ဖြစ်သည်။ သူတို့သာ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ပါက ကျန်းဟုန်းမင်ကို ဤမျှ လွယ်ကူစွာ ဒဏ်ရာရစေရန် မလွယ်ကူပေ။

​ဖန်းရွှမ်တို့လည်း သူတို့ သုံးဦး နန်းတော် အဝင်ဝမှ ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ဓားပျံပေါ် ခုန်တက်၍ လိုဏ်ခေါင်းဆီသို့ ပျံသန်းသွားခဲ့သည

ထိုစဉ်​ဖန်းပိုမို၏ မျက်လုံးများ အရောင်လက်သွားပြီး ယွဲ့လုံယန်ခြင်္သေ့၏ ခေါင်းထိပ်သို့ ပျံသန်းသွားကာ လိုဏ်ခေါင်းဆီသို့ အမြန်ဆုံး သွားရန် တိုက်တွန်းလိုက်သည်။

​အနက်ရောင် မိစ္ဆာသခင်၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ယွဲ့လုံယန်ခြင်္သေ့က ထောင့်တစ်နေရာတွင် နာလန်ထူနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဖန်းပိုမို၏ တိုက်တွန်းမှုကြောင့် ခန္ဓာကိုယ် ယိမ်းယိုင်လျက်နှင့် ရှေ့သို့ ရွေ့လျားနေပြီး ယခင်ကဲ့သို့သော ခမ်းနားထည်ဝါမှုမျိုး မရှိတော့ချေ။

ကျန်နေခဲ့သည့် အခြား ကြီးမြတ်သည့် ကျင့်ကြံသူများက လီချင်းချိုး၏ နောက်ခံအကြောင်းကို စတင် ဆွေးနွနေကြသည်။

တိုက်ခိုက်ခဲ့စဉ်က လီချင်းချိုးဘက်က မည်သည့် အရင်းအမြစ်ချီကိုမျှ အသုံးပြုခြင်း မရှိသည်ကို သူတို့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြသည်။

​ဤသူသည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ဦး ဖြစ်သည်!

​မိုးပြာနဂါးနယ်မြေတွင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူများစွာ ရှိသော်လည်း ဤမျှ စွမ်းအားရှိသူ ရှားပါးလှသည်။သူတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် နာမည်များစွာကို ပြောဆိုနေကြသည်။

ဖန်းရွှမ် ကျန်းဟုန်းမင်ထံသို့ ချဉ်းကပ်သွားပြီး စွမ်းအင်များကို အသုံးပြု၍ ဒဏ်ရာကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။ ကျန်းဟုန်းမင် ချောက်ကမ်းပါးဘေးတွင် လဲကျသွားချိန်တွင် သူမ သူ့ကို ထိန်းပေးလိုက်ရသည်။

ကျန်းဟုန်းမင်၏ အဖြစ်ဆိုးကို မြင်သောအခါ ဖန်းရွှမ်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေဆဲ ဖြစ်ပင်.

​လီပိုင်က ဘယ်သူလဲ……

​ကျန်းဟုန်းမင်၏ ပါရမီနှင့် ဆိုပါက သူနှင့် တန်းတူအဆင့်တွင် ဤကဲ့သို့ အနိုင်ယူနိုင်မည့်သူမှာ မရှိသလောက်ပင်။

​"သူမကို သွားတားလိုက်... သူမကို..." ဟု ကျန်းဟုန်းမင်က ခက်ခဲစွာဖြင့် ဆိုလိုက်သည်။

​ဖန်းရွှမ်က လီချင်းချိုးတို့နောက်သို့ လိုက်ပါသွားသော ကျိုးလင်ဟွမ်း၏ အရှိန်အဝါကို အာရုံခံမိလိုက်သဖြင့်…

"စိတ်မပူပါနဲ့... အဲဒီလူက သူမကို ထိခိုက်စေမှာ မဟုတ်ပါဘူး... သူတို့ အချင်းချင်း သိကြတယ်..." ဟု တိုးတိုးလေး ပြောလိုက်သည်။ဤစကားကို ကြားသောအခါ ကျန်းဟုန်းမင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့ပေ။

​အခုမှသာ ကျိုးလင်ဟွမ်းက ထိုသူကို တိုက်ခိုက်ခြင်းမှ သူ့ကို တားဆီးခဲ့ကြောင်း ရုတ်တရက် သတိရသွားသည်။

​ဖန်းရွှမ်က ဤဇာတ်လမ်းကို ပြောပြပြီးနောက် အခြား တစ်ခုခုကို တွေးမိသွားသည်။ တစ်ဖက်လူက ကျိုးလင်ဟွမ်း ကြောင့်သာ ကျန်းဟုန်းမင်ကို မသတ်ခဲ့ခြင်း ဖြစ်မည်။

​ကျန်းဟုန်းမင်လည်း ဤအရာကို တွေးမိသွားသည်။ ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို အခြေခံ၍ တဖက်လူက သူ့ကို သတ်ရန် ခက်ခဲမည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။

​ထိုလက်သီးချက်က သူ့ ကျောရိုးတစ်လျှောက်ကို အေးစက်သွားစေခဲ့သည်၊ ယခုထိပင် ထိုအဖြစ်ကို တွေးမိတိုင်း တုန်ယင်နေဆဲပင်။

​"သူ့နာမည်က ဘာလဲ..."

​"လီပိုင်"

​"ဓားမိစ္ဆာကို အနိုင်ယူခဲ့တဲ့ လီပိုင် လား..."

​"ဟုတ်တယ်..."

​အဖြေကို ရရှိပြီးနောက် ကျန်းဟုန်းမင် တိတ်ဆိတ်သွားတော့သည်။

…………………

​လီချင်းချိုးတို့တတွေ လိုဏ်ခေါင်းရှည်ကြီးတစ်ခုကို ဖြတ်ကျော်၍ မြေအောက်မြစ်များစွာ စီးဆင်းနေသော အခြား ကျယ်ဝန်းသည့် မြေအောက် အာကာသတစ်ခုသို့ ရောက်ရှိသွားကြသည်။

​"ခဏလေး!"

​ကျိုးလင်ဟွမ်း၏ အသံ အနောက်ဘက်မှ ထွက်ပေါ်လာသဖြင့် လီချင်းချိုးက မြေပြင်ပေါ်သို့ ချက်ချင်း ဆင်းသက်၍ သူမကို လှည့်ကြည့်လိုက်သည်။

​ယွမ်လီနှင့် ယင်ကျင်းရှင်းတို့က လီချင်းချိုး၏ နောက်မှ လိုက်ပါသွားကြပြီး ကျိုးလင်ဟွမ်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြကာ ဤအမျိုးသမီးက သူတို့နောက်သို့ လိုက်ပါလာရန် မည်မျှ ရဲရင့်သနည်းဟု တွေးတောနေကြသည်။

​ငယ်ရွယ်သူ ယင်ကျင်းရှင်းပင် ကျိုးလင်ဟွမ်းကို ပထမဆုံး မြင်လိုက်ရချိန်တွင် အလွန် လှပသည်ဟု ထင်မြင်လိုက်သည်။

​ကျိုးလင်ဟွမ်းက လှပရုံသာမကဘဲ သူတို့ မြင်ဖူးသမျှ အမျိုးသမီးများနှင့် မတူဘဲ မြင့်မြတ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

သူတို့ သတိရနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ စုန့်ချန်ရှန်းပင် ဖြစ်သည်။

​ယင်ကျင်းရှင်း တိတ်ဆိတ်နေသည်။ ဆရာနှင့် ဤအမျိုးသမီးက တစ်ဦးနှင့်တစ်ဦး သိကျွမ်းနေပုံ ရကြောင်း သိရှိလိုက်၏၊ မဟုတ်ပါက သူတို့ ရပ်တန့်မည် မဟုတ်ပေ။

​"လီပိုင်...ကျွန်မတို့ ပြန်တွေ့ကြပြန်ပြီ..."

ကျိုးလင်ဟွမ်းက လီချင်းချိုးကို ကြည့်၍ ပြောလိုက်ရင်း တည်ငြိမ်သော်လည်း စိတ်လှုပ်ရှားနေပြီး သူမ၏ မျက်ဝန်းများတွင် ချစ်ခင်မှုများ လျှံကျလုနီးပါး ဖြစ်နေသဖြင့် ယွမ်လီပင် ရုတ်တရက် သဘောပေါက်သွားတော့သည်။

​ယွမ်လီက ဆရာဖြစ်သူ အမျိုးသမီးများအပေါ် ရေပန်းစားမှုကို တစ်ခါမျှ မသံသယ ဝင်ခဲ့ဖူးချေ။ ဂိုဏ်းအတွင်းရှိ တပည့်များစွာက သူ့ဆရာကို အားကျနေကြသော်လည်း ဆရာဖြစ်သူက အမျိုးသမီးများကို မနှစ်သက်ဘဲ ကျင့်ကြံခြင်းကိုသာ သိရှိသူ ဖြစ်သည်။

​ယွင်ချိုင်၏ ခံစားချက်များကို ဂိုဏ်းအတွင်း၌ လူတိုင်း သိရှိကြသော်လည်း ဆရာဖြစ်သူက ဘာမှ မကြားသလို နေထိုင်ကာ ကျင့်ကြံခြင်းကိုသာ ဆက်လက် လုပ်ဆောင်နေသည်။ ဂိုဏ်းချုပ်က အိမ်ထောင်မပြု၊ကလေးမရှိသဖြင့် ဂိုဏ်းသားများစွာက သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြရာ ယွမ်လီသည်လည်း ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။

​လီချင်းချိုးက… "နောက်တစ်ခါ တွေ့ရင် တစ်ယောက်ကိုတစ်ယောက် မသိသလို နေကြမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..." ဟု ဆိုလိုက်သည်။

​ ဤအမျိုးသမီးက သူ့အပေါ် ပို၍ ခိုင်မာသော ခံစားချက်များ ရှိနေပုံ ရသည်။

​လီချင်းချိုးအနေနှင့် စိတ်ရှုပ်ထွေးနေခြင်းသာ ဖြစ်ပြီး ထိုခံစားချက်များကြောင့် မလှုပ်ရှားခဲ့ပေ။

​လီချင်းချိုးက အမြင်အာရုံဖြင့် ဖြစ်ပေါ်လာသော အချစ်ထက် အချိန်ကြာမြင့်စွာ တည်ရှိနေသော ခံစားချက်များကို ပိုမို နှစ်သက်သည်။

​အကြောင်းပြချက် မရှိပါဘူး၊ သူက ချောမောလွန်းနေတာကိုး…. အမျိုးသမီးတွေက သူ့ကို မြင်လိုက်ရုံနဲ့ ချစ်မိသွားတာက သာမန်ပါပဲ၊ တွေ့သမျှ အမျိုးသမီးတိုင်းကို လိုက်ချစ်နေလို့မှ မရတာ….

​ကျိုးလင်ဟွမ်းက သူ့ကို စူးစိုက်ကြည့်၍ …

"အရင်ကတော့ အဲဒီလို ထင်ခဲ့တာပဲ... ဒါပေမဲ့ ပြန်သွားပြီးတဲ့နောက် ရှင့်ကို မေ့မရတော့ဘူး... အဲဒါက ကျွန်မကို စိတ်တည်ငြိမ်အောင် မနေနိုင်စေသလို ကျင့်ကြံခြင်းကိုလည်း အာရုံမစိုက်နိုင်တော့ဘူး... အချစ်ရဲ့ ဒုက္ခကို ဖြတ်ကျော်မှသာ အချစ်ကို မြင်နိုင်မယ်လို့ ခံစားရတယ်... အခုကစပြီး ကျွန်မကို ရှင့်နောက် လိုက်ခွင့်ပေးပါ..."

​လီချင်းချိုးက သူမကို ထူးဆန်းစွာ ကြည့်လိုက်ပြီး သူမ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု တွေးလိုက်သည်။

​နင် အချစ်ဒုက္ခကို ဖြတ်ကျော်ချင်တာနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ?

​သို့သော်လည်း လင်းရွှင်းဖုန်းအကြောင်း တွေးမိချိန်တွင် အလွန် ရက်စက်၍ မရကြောင်း ခံစားလိုက်ရသဖြင့်….

"ငါ့ပုခုံးပေါ်မှာ တာဝန်တွေ အများကြီး ရှိတယ်... အချစ်အတွက် အချိန်မရှိဘူး... ပြီးတော့ မင်းအပေါ်မှာလည်း ဘာခံစားချက်မှ မရှိဘူး..."

​ကျိုးလင်ဟွမ်းက ဤစကားကို ကြားသောအခါ ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသော်လည်း…

"ကျွန်မ ရှင့်ကို ကူညီပေးနိုင်တယ်... ခံစားချက်တွေကတော့ နောက်မှ ပြောကြတာပေါ့... ရှင် လက်ခံဖို့ ကျွန်မ အတင်းအကြပ် မလုပ်ပါဘူး... ရှင့် ဘေးနားမှာပဲ နေချင်တာပါ..."

​"မင်းအဖေက ထျန်းချင်းမသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်.... ငါက အဲဒီလောက် ဂုဏ်အသရေကြီးတဲ့ နေရာနဲ့ မထိုက်တန်ပါဘူး..."

​လီချင်းချိုးက တည်ငြိမ်စွာ ဖြေလိုက်ရာ သူ၏ စကားများက ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ကို တစ်ဦးကိုတစ်ဦး ကြည့်စေခဲ့သည်။

​သူတို့အားလုံး ထျန်းချင်းမသေမျိုးဂိုဏ်းအကြောင်း ကြားဖူးကြပြီး မသေမျိုး ဖြစ်ရန် ရှာဖွေခဲ့သော သူတို့၏ ယခင်ဂိုဏ်းချုပ်က ထျန်းချင်းမသေမျိုးဂိုဏ်းမှ ဖြစ်ကြောင်း သိရှိထားကြသည်။

​ဆရာက ထျန်းချင်းမသေမျိုးဂိုဏ်းချုပ်ရဲ့ သမီးရဲ့ နှလုံးသားကို သိမ်းပိုက်ထားမှန်း သိရင် အရင်ဂိုဏ်းချုပ်ရဲ့ အမူအရာဘယ်လို ဖြစ်လာမလဲ?

​"သူက သူပဲ၊ ကျွန်မက ကျွန်မပဲ…ကျွန်မ ရှင့်နောက်ကို လိုက်သရွေ့ သူ့ရဲ့ သမီး မဟုတ်တော့ဘူး... ကျွန်မမှာ ကိုယ်ပိုင် အမှတ်အသား ရှိတယ်..."

​လီချင်းချိုး တိတ်ဆိတ်နေသည်။

​ကျိုးလင်ဟွမ်းက…

"ဒီ စစ်နတ်ဘုရား နန်းတော်မှာ ဂိုဏ်းပေါင်းစုံ ရှိတယ်... အကယ်၍ ရှင် ဘေးကင်းကင်း ထွက်သွားချင်ရင် ကျွန်မရဲ့ အကူအညီ လိုအပ်လိမ့်မယ်..."

​လီချင်းချိုးသည် စစ်နတ်ဘုရား ဓားတံဆိပ်ပြားကြောင့် စစ်နတ်ဘုရား နန်းတော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။သူသည် ခရီးစဉ်အတွင်း မည်သည့် အန္တရာယ်နှင့်မျှ မတွေ့ကြုံခဲ့ရသော်လည်း ဝင်ရောက်ခြင်း မပြုမီကပင် အဝေးတွင် အစွမ်းထက် ကျင့်ကြံသူ များစွာ စုရုံးနေကြကြောင်း သိရှိခဲ့သည်။

​ကျိုးလင်ဟွမ်း၏ စကားများက သူ့ ဆုံးဖြတ်ချက်ကို အနည်းငယ် ယိုင်နဲ့သွားစေသည်။

​"ပြီးတော့ ရှင်က လူသားဧကရာဇ် ခေါင်းလောင်း အတွက် ဒီကို ရောက်လာတာ မဟုတ်လား... စစ်နတ်ဘုရားနဲ့ စစ်နတ်ဘုရား နန်းတော်အကြောင်း ကျွန်မ အတော်လေး သိတယ်... နောက်ပိုင်း ဖြစ်လာမယ့် အရာတွေအတွက် ကူညီပေးနိုင်မယ်..."

​ဤစကားကို ကြားသောအခါ လီချင်းချိုး ဆုံးဖြတ်ချက် ချလိုက်ပြီး "ကောင်းပြီ... အခုတော့ ငါ့နောက် လိုက်ခဲ့..." ဟု ဆိုလိုက်သည်။

ထိုအခါ ​ကျိုးလင်ဟွမ်း အလွန် ဝမ်းသာသွားပြီး လီချင်းချိုးကို ချက်ချင်းပင် ဖက်လိုက်သည်။

​"ငါ့ တပည့်တွေ ရှိသေးတယ် သခင်မလေးကျိုး... ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာ ထိန်းသိမ်းပါဦး..."ဟု လီချင်းချိုးက အလျင်အမြန် ဆိုလိုက်သည်။

​ဤစကားကို ကြားသောအခါ ကျိုးလင်ဟွမ်း ချက်ချင်းပင် ရပ်တန့်သွားသည်။ သူမက ယွမ်လီတို့နှစ်ဦးကို ကြည့်၍ ပြုံးလိုက်ပြီး…

"ငါ့နာမည်က ကျိုးလင်ဟွမ်း ပါ... မင်းတို့ဆရာက ငါ့ကို ကယ်တင်ခဲ့တာ... သူသာ မရှိရင် ငါ မြေအောက်မှာ ပိတ်လှောင်ခံနေရဉီးမှာ..."

​ယွမ်လီတို့ နှစ်ဦး ရုတ်တရက် သဘောပေါက်သွားပြီးနောက် ရိုသေသော အမူအရာဖြင့် နှုတ်ဆက်လိုက်ကြသည်။

​ယွမ်လီက အရင်ဆုံး…

"ကျွန်တော့်နာမည် ဝူခုန်းပါ... စီနီယာကျိုး ကို ဂါရဝပြုပါတယ်..." ဟု ဆိုသည်။

​ယင်ကျင်းရှင်းက တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက်… "ကျွန်တော့်နာမည် ဝူနင်ပါ... စီနီယာကျိုး ကို တွေ့ရတာ ဝမ်းသာပါတယ်..." ဟု ဆိုလေသည်။

​ကျိုးလင်ဟွမ်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူမက ညာဘက် လက်ကောက်ဝတ်မှနေ၍ အဖြူရောင် သံရိုင်း နှစ်ခုကို ထုတ်ယူ၍…

"ဒါက နှစ်တစ်သောင်းသံရိုင်း... ဒီသံရိုင်းနဲ့ ဘယ်လို မှော်လက်နက် အမျိုးအစားကိုမဆို ဖန်တီးနိုင်တယ်... ယူသွားပြီး လက်နက် ဖန်တီးဖို့ သုံးလိုက်ပါ..."

​ဤအဖြူရောင် သံရိုင်း နှစ်ခုက သုံးပေ ရှည်လျားပြီး လက်ဝါးခန့် ကျယ်ဝန်းကာ ၎င်း၏ မျက်နှာပြင်တွင် စီးဆင်းနေသော အလင်းရောင်များ ရှိနေသဖြင့် သာမန် ပစ္စည်းမျိုး မဟုတ်ကြောင်း သိသာလှသည်။

​ဤမြင်ကွင်းကို မြင်သောအခါ ယွမ်လီတို့ နှစ်ဦး လီချင်းချိုးဆီသို့ အကြည့်ရောက်သွားကြသည်။

​"ယူလိုက်..." လီချင်းချိုးက ကျိုးလင်ဟွမ်းကို ပို၍ နှစ်သက်ဖွယ် ကောင်းသည်ဟု ထင်မြင်ရင်း ခွင့်ပြုပေးလိုက်သည်။

​ဒီလောက် ရက်ရောတာလား..!

​ယွမ်လီတို့ နှစ်ဦး ချက်ချင်းပင် နှစ်တစ်သောင်းသံရိုင်းကို လက်ခံယူ၍ ကျိုးလင်ဟွမ်းကို ကျေးဇူးတင်လိုက်ကြသည်။

​ကျိုးလင်ဟွမ်းက ယွမ်လီတို့ကို လက်ဆောင်များ ပေးအပ်ခြင်းဖြင့် သူတို့၏ နှစ်သက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။

​လီချင်းချိုးက ထိုနေရာတွင် စကားပြောရန် အချိန်မရှိသဖြင့် ရှေ့သို့ လျှောက်သွားလိုက်ရာ ကျိုးလင်ဟွမ်းက ယွမ်လီတို့ နှစ်ဦးနှင့် စကားပြောဆိုနေသည်။

​သူမက လီချင်းချိုး၏ နောက်ခံအကြောင်းကို မမေးမြန်းခဲ့သော်လည်း ယွမ်လီတို့ နှစ်ဦး မည်သို့ နေ့စဉ် ကျင့်ကြံကြသနည်း ဆိုသည်ကို စူးစမ်းနေသည်။

​ယင်ကျင်းရှင်းက အတော်လေး စကားများပြီး ဆူညံတတ်သူ ဖြစ်သဖြင့် ကျိုးလင်ဟွမ်း အုပ်စုထဲသို့ ရောက်ရှိလာသဖြင့် သူတို့ကို ပို၍ တိတ်ဆိတ်အောင် နေရန် ခက်ခဲသွားတော့သည်။

​အချိန်အနည်းငယ် ကြာပြီးနောက် အနောက်ဘက်မှ လူအများအပြား ရောက်ရှိလာကြသည်။

​"ကျေးဇူးပြုပြီး စောင့်ပေးပါ စီနီယာ!"

​ဖန်းပိုမိုက ယွဲ့လုံယန်ခြင်္သေ့ကို စီးနင်း၍ ပျံသန်းလာသဖြင့် လီချင်းချိုး ရပ်တန့်လိုက်ပြီး ကျိုးလင်ဟွမ်းကလည်း လှည့်ကြည့်၍ မျက်မှောင် ကြုတ်လိုက်သည်။

​"သူက ကျူထျန်းဂိုဏ်းက လာတာ... နာမည်က ဖန်းပိုမို... သူက မိုးပြာနဂါး အဆင့်သတ်မှတ်ချက်မှာ ကျော်ကြားတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ မောက်မာပြီး ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ်တွေ လုပ်လေ့ရှိတယ်၊ နာမည်ဆိုးနဲ့ ကျော်ကြားတယ်..." ဟု ကျိုးလင်ဟွမ်းက လီချင်းချိုးကို မိတ်ဆက်ပေးလိုက်သည်။ ယွမ်လီတို့ကလည်း ယွဲ့လုံယန်ခြင်္သေ့ကို ကြည့်၍ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

​လီချင်းချိုးမှာ ဤသူ သူ့နောက်သို့ လိုက်လာပြီးနောက် ဘာလုပ်ရန် ကြိုးစားဦးမလဲ ဆိုသည်ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်။

​ဖန်းပိုမိုက စီးတော်သားရဲပေါ်မှ ခုန်ချ၍ လီချင်းချိုးတို့ရှေ့တွင် ဆင်းသက်လိုက်ပြီး….

"စီနီယာ... ကျွန်တော့်နာမည် ဖန်းပိုမို ပါ... အကယ်၍ စီနီယာရဲ့ ရည်ရွယ်ချက်က လူသားဧကရာဇ် ခေါင်းလောင်းကို ယှဉ်ပြိုင်ဖို့ဆိုရင် လမ်းပြပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်..." ဟု ဆိုလိုက်လေသည်။

All Chapters