← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း (၇၃) မဟာချင်တွင် သုတေသနပြုလုပ်ခြင်း၊ ဤအရာကို ဦးစွာ သင်ယူရမည်

ခုနစ်ရက်အကြာတွင် မဟာချင် သိပ္ပံအကယ်ဒမီ၊ ဓာတုဗေဒ ဓာတ်ခွဲခန်း၌ ဖြစ်လေသည်။

"ဘုန်း..."

ကြီးမားကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ထူထပ်သော မီးခိုးငွေ့များနှင့် မီးတောက်များက ဓာတ်ခွဲခန်းထဲမှ လွင့်ပျံလာလေသည်။

ထို့နောက် ချက်ချင်းပင် ပြင်းထန်သော ချောင်းဆိုးသံများ ထွက်ပေါ်လာ၏။

"အဟွတ် အဟွတ် အဟွတ်..."

ဟူဟိုက်သည် မီးခိုးငွေ့များကြားမှ ဖရိုဖရဲ ပုံစံဖြင့် ထွက်ပေါ်လာပြီး ပေါက်ကွဲမှုကြောင့် သူ၏ ဆံပင်များ ကောက်ကွေးနေကာ မျက်နှာတွင် အမည်းရောင်နှင့် အဖြူရောင် အကွက်များ ပေကျံနေပြီး သူ၏ အဝတ်အစားများမှာလည်း မီးလောင်ကျွမ်းထားသဖြင့် အပေါက်များစွာ ဖြစ်ပေါ်နေလေသည်။

သူ၏ အနောက်တွင် တစ်အုပ်စုတည်းမှ ကျောင်းသားသုံးဦးသည်လည်း သနားစရာကောင်းသော အခြေအနေဖြင့် ပြေးထွက်လာကြပြီး တစ်ဦးမှာ သွေးများ တဟုန်ထိုး စီးကျနေသော သူ၏ နှာခေါင်းကို ဆုပ်ကိုင်ထားလေသည်။

“မင်းသားလေး အဆင်ပြေရဲ့လား…”

သူ၏ လုံခြုံရေးအတွက် တာဝန်ရှိသော အစောင့်က အပြေးအလွှား ရောက်လာသော်လည်း ဟူဟိုက်က တွန်းဖယ်လိုက်၏။

“ငါအဆင်ပြေတယ် ငါအဆင်ပြေတယ်…”

ဟူဟိုက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက မီးခိုးငွေ့များကြားမှ တောက်ပနေလေသည်။

“ခုနက ဖော်မြူလာက သေချာပေါက် အလုပ်ဖြစ်တယ် ပေါက်ကွဲသံ ဘယ်လောက်တောင် ကျယ်လဲဆိုတာ ကြည့်လိုက်လေ…”

အစောင့်မှာ စကားပြောရခက်သွားလေသည်။ ကျယ်လောင်သော ပေါက်ကွဲသံက ထိရောက်သည်ဟု ဆိုလိုသလော။ ယခုလေးတင် ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲတော့မတတ် ဖြစ်သွားသည်ကိုပင် ထိရောက်သည်ဟု သတ်မှတ်ပါသလော။

“မင်းသား ဒါက ဒီနေ့အတွက် မင်းသားလေးရဲ့ တတိယမြောက် ပေါက်ကွဲမှုပဲနော်…”

အစောင့်က ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောလိုက်၏။

“အဲ့အတိုင်းသာ ဆက်သွားနေရင် မင်းသားက ဒီဓာတ်ခွဲခန်းကို ဖြိုခွင်းပစ်တော့မှာပဲ…”

“ဘာကြောက်စရာရှိလို့လဲ…”

ဟူဟိုက်က သူ၏ မျက်နှာပေါ်ရှိ ကျပ်ခိုးများကို သုတ်လိုက်ရင်း ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

“စမ်းသပ်မှုတွေ လုပ်တဲ့အခါ အမြဲတမ်း စတေးမှုတချို့တော့ ရှိမှာပေါ့ ဒါ့အပြင် ဒီတစ်ကြိမ် ငါ ပါဝင်ပစ္စည်းအသစ်တွေ ထည့်ထားတယ်လေ…”

သူသည် ဝတ်ရုံထဲမှ မှတ်စုစာအုပ်ငယ်တစ်အုပ်ကို ဆွဲထုတ်လိုက်ရာ ၎င်းအပေါ်တွင် ဖော်မြူလာအမျိုးမျိုးကို သိပ်သည်းစွာ ရေးမှတ်ထားလေသည်။

“ကြည့်လိုက် ပထမအကြိမ်တုန်းက ငါ ကန့်နဲ့ မီးသွေးပဲ ထည့်ခဲ့တယ် အသံမြည်ပေမယ့် သိပ်မကျယ်ဘူးလေ…”

“ဒုတိယအကြိမ် ငါ ဟင်္သာပြဒါးရိုင်း ထည့်လိုက်တယ် ပေါက်ကွဲသံ ပိုကျယ်လာပေမယ့် မလုံလောက်သေးဘူး…”

“ဒီတစ်ကြိမ်တော့ ငါ ခွေးသွေးရယ်၊ ကြက်သွန်ဖြူရယ်၊ ပြီးတော့…”

သူသည် စာမျက်နှာကို လှန်လိုက်ပြီး သူ၏ မျက်လုံးများ ပိုမို၍ စိတ်လှုပ်ရှားလာကာ ဆက်ပြောလိုက်၏။

“ပြီးတော့ နန်းတွင်းသမားတော်ရုံးကနေ ခိုးလာတဲ့ ဆေးဒန်းတွေ ထည့်လိုက်တယ်လေ…”

အစောင့်မှာ လုံးဝ စကားပြောမထွက်တော့ချေ။ ခွေးသွေး၊ ကြက်သွန်ဖြူနှင့် ဆေးဒန်း ဟုတ်လော။ ယမ်းမှုန့် ပြုလုပ်နေခြင်းလော သို့မဟုတ် နတ်ဆိုးနှင်ထုတ်နေခြင်းလော။

“မင်းသားလေး စမ်းသပ်မှုတွေကို အဆင့်လိုက် လုပ်ရမယ်လို့ ဆရာဝမ် ပြောခဲ့တယ်လေ ဖြစ်သလို လျှောက်ထည့်လို့ မရဘူး…*

“ငါသိတယ် ငါသိတယ်…”

ဟူဟိုက်က စိတ်မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းလိုက်၏။

“ဒါပေမယ့် အဆင့်လိုက်လုပ်ရတဲ့ လုပ်ငန်းစဉ်က အရမ်းနှေးတယ်လေ ခုလိုမျိုး အရာအားလုံးကို တစ်ပြိုင်နက်တည်း ထည့်လိုက်ရင် အကောင်းဆုံး ဖော်မြူလာကို ပိုမြန်မြန် ရှာတွေ့နိုင်မယ် မဟုတ်ဘူးလား…”

သူသည် အစောင့်၏ ပခုံးကို "မင်းနားမလည်ပါဘူး" ဆိုသည့် အမူအရာဖြင့် ပုတ်လိုက်လေသည်။

“ဒါကို စွမ်းဆောင်ရည်လို့ ခေါ်တယ် နားလည်လား ကိန်းရှင်တွေအားလုံးကို စမ်းသပ်ဖို့ စမ်းသပ်မှုတစ်ခုတည်း လုပ်ရုံနဲ့ အချိန်နဲ့ လူအင်အားကို သက်သာစေတယ်လေ…”

အစောင့်မှာ တိတ်ဆိတ်သွား၏။ သူသည် ကိန်းရှင်များနှင့် ပတ်သက်၍ ဘာမျှ နားမလည်သော်လည်း ဤအတိုင်းသာ ဆက်သွားနေပါက ဟူဟိုက်သည် ဓာတ်ခွဲခန်းကို အမှန်တကယ်ပင် အပိုင်းပိုင်းအစစဖြစ်အောင် ဖောက်ခွဲပစ်တော့မည်ကို သူ သိလေသည်။

ထိုအချိန်တွင် ဝမ်ကျန့်ကော်က အပြေးအလွှား ရောက်ရှိလာလေသည်။

“ဟူဟိုက်…”

ဝမ်ကျန့်ကော်၏ မျက်နှာထားမှာ အလွန် တည်ကြည်နေ၏။

“ဒါက မင်းရဲ့ လက်ချက်ပဲလား…”

“ဆရာဝမ်…”

ဟူဟိုက်က သူ့ကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။

“ဆရာ အချိန်ကိုက် ရောက်လာတာပဲ ငါ နောက်ထပ် စမ်းသပ်မှုတစ်ခု အခုလေးတင် ပြီးသွားတာ ဒီတစ်ကြိမ် ဖော်မြူလာက ကန့် နှစ်ကျပ်သား၊ မီးသွေး သုံးမူး၊ ဟင်္သာပြဒါးရိုင်း တစ်မူး၊ ခွေးသွေး ဇလုံတစ်ဝက်၊ ကြက်သွန်ဖြူ သုံးမြွှာနဲ့ ဆေးဒန်း တစ်မူ ထည့်ထားတာ ကြည့်လိုက်လေ ပေါက်ကွဲသံ ဘယ်လောက်တောင် ကျယ်သလဲလို့…”

ဝမ်ကျန့်ကော်သည် ဟူဟိုက်၏ မည်းနက်နေသော မျက်နှာနှင့် သူ၏ အနောက်ဘက်ရှိ မီးခိုးများ ထွက်နေဆဲဖြစ်သော ဓာတ်ခွဲခန်းကို ကြည့်ကာ နားထင်ကြောများ တဆစ်ဆစ် နာကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဤကလေးသည် အမှန်တကယ်ပင် သေရမည်ကို မကြောက်ချေ။

“ဟူဟိုက် ငါ့ကို အရင်ပြောပြပါဦး…”

ဝမ်ကျန့်ကော်သည် ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ လေသံကို တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားရင်း ပြောလိုက်၏။

“ဒီစမ်းသပ်မှုနဲ့ မင်း ဘာကို စမ်းသပ်ဖို့ ကြိုးစားနေတာလဲ…”

“အကောင်းဆုံး ယမ်းမှုန့်ဖော်မြူလာကို စမ်းသပ်နေတာပေါ့…”

ဟူဟိုက်က ၎င်းမှာ သိသာထင်ရှားသည့်အလား ပြောလိုက်သည်။

“ဒါဆိုရင် မင်း ခုနက အရာတွေ အများကြီး ထည့်လိုက်တာမှာ ဘယ်အရာက အလုပ်ဖြစ်ပြီး ဘယ်အရာက အလုပ်မဖြစ်ဘူးဆိုတာ မင်း သိလား…”

“အမ်…”

ဟူဟိုက်မှာ ဆွံ့အသွားလေသည်။ ထိုမေးခွန်းကို သူ မစဉ်းစားမိခဲ့ပေ။

သူ၏ အမြင်တွင် ဤအရာများကို ထည့်လိုက်ခြင်းက ပေါက်ကွဲသံကို ပိုကျယ်လာစေသဖြင့် ၎င်းသည် ထိရောက်သည်ဟု မှတ်ယူထားသည်။ မည်သည့်အရာက ထိရောက်၍ မည်သည့်အရာက မထိရောက်ကြောင်းက အရေးပါသလော။

“မင်း မသိဘူးလား…”

ဝမ်ကျန့်ကော်က အေးစက်စက်

ရယ်မောလိုက်၏။

“ဒါဆို ငါ မင်းကို မေးမယ် နောက်တစ်ကြိမ် ပေါက်ကွဲသံကို ပိုကျယ်စေချင်ရင် မင်း ဘာကို ထည့်ရမလဲ…”

“ဒါကတော့…”

ဟူဟိုက်က ခေါင်းကို ကုတ်လိုက်သည်။

“ဒါဆို အရာအားလုံးကို နည်းနည်းစီ ပိုထည့်ရမလား ဒါမှမဟုတ်... ခွေးသွေး ပိုထည့်ရမလား…”

“ခွေးသွေးကို ဘာလို့ ထည့်ရတာလဲ…”

“ဘာလို့လဲဆိုတော့... ခွေးသွေးက ပိုပြီး စွမ်းအားကြီးပုံပေါ်လို့ပေါ့…”

ဝမ်ကျန့်ကော်မှာ လုံးဝ စကားပြောမထွက်တော့ချေ။ ဤကလေးသည် သိပ္ပံနည်းကျ စမ်းသပ်မှုဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း အနည်းငယ်မျှ နားမလည်ပေ။

သူ၏ အမြင်တွင် စမ်းသပ်မှုလုပ်ခြင်းဆိုသည်မှာ "ဤအရာကို စမ်း၊ ထိုအရာကို စမ်း" မျှသာဖြစ်ပြီး ကံကောင်းလျှင် မှန်ကန်သောအဖြေကို ရှာတွေ့ကာ ကံမကောင်းပါက ထပ်မံကြိုးစားရန်သာ ဖြစ်သည်။ ဤသည်မှာ "အဂ္ဂိရတ်ပညာရပ်" ၏ ပုံမှန် တွေးခေါ်ပုံပင် ဖြစ်လေသည်။

“ဟူဟိုက် ဒီကိုလာခဲ့…”

ဝမ်ကျန့်ကော်က အနီးရှိ စားပွဲတစ်လုံးကို လက်ညှိုးထိုးပြလိုက်၏။

“ငါ မင်းကို တစ်ခုခုပြချင်တယ်…”

စားပွဲပေါ်တွင် ဇယားတစ်ခု ဆွဲထားသော စက္ကူတစ်ရွက် ရှိနေလေသည်။ ဇယားကွက်များတွင် ကန့်၊ မီးသွေး၊ ဟင်္သာပြဒါးရိုင်း၊ အခြား ပါဝင်ပစ္စည်းများနှင့် စမ်းသပ်မှုရလဒ်များ ဟူ၍ ဖြစ်သည်။ အတန်းများတွင် စမ်းသပ်မှု ၁၊ စမ်းသပ်မှု ၂၊ စမ်းသပ်မှု ၃... ဟု ရှိနေ၏။

“ကြည့်လိုက် ဒါက စံသတ်မှတ်ထားတဲ့ စမ်းသပ်မှုမှတ်တမ်းရွက်ပဲ…”

ဝမ်ကျန့်ကော်က ပြောလိုက်သည်။

“စမ်းသပ်မှုလုပ်တယ်ဆိုတာ မျက်ကန်းယုံကြည်မှုနဲ့ ခန့်မှန်းရတာ မဟုတ်ဘူး စနစ်တကျ စမ်းသပ်ရတာ…”

“စနစ်တကျ စမ်းသပ်တာလား…”

ဟူဟိုက်မှာ အနည်းငယ် ရှုပ်ထွေးသွားလေသည်။

“မှန်တယ်…”

ဝမ်ကျန့်ကော်က ဇယားကို လက်ညှိုးထိုးပြလိုက်၏။

“ဥပမာအနေနဲ့ ယမ်းမှုန့်ရဲ့ စွမ်းအားအပေါ် ကန့်ပါဝင်မှုရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်ချင်ရင် မင်း လုပ်ရမှာက…”

“ပထမအချက် အခြားအခြေအနေတွေကို ပုံသေသတ်မှတ်ထားရမယ် မီးသွေးပါဝင်မှုကို မပြောင်းလဲစေဘဲ ဟင်္သာပြဒါးရိုင်း ပါဝင်မှုကိုလည်း မပြောင်းလဲစေဘဲ အခြားပါဝင်ပစ္စည်းတွေ အားလုံးကိုလည်း မပြောင်းလဲစေရဘူး…”

“ဒုတိယအချက် ကန့်ပါဝင်မှုကိုပဲ ပြောင်းလဲရမယ် ပထမတစ်ကြိမ်မှာ တစ်ကျင်းသုံးပြီး ဒုတိယအကြိမ်မှာ နှစ်ကျင်း သုံးကာ တတိယအကြိမ်မှာ သုံးကျင်း သုံးရမယ်…”

*တတိယအချက် စမ်းသပ်မှုတစ်ခုချင်းစီရဲ့ ရလဒ်တွေကို မှတ်တမ်းတင်ရမယ် ပေါက်ကွဲသံ ဘယ်လောက်ကျယ်သလဲ၊ မီးခိုး ဘယ်လောက်ထွက်သလဲ၊ ပြီးတော့ စွမ်းအား ဘယ်လောက်ပြင်းသလဲ ဆိုတာတွေကိုပေါ့…”

“အဲဒီအခါကျမှ အလုပ်ဖြစ်တာက ကန့်လား ဒါမှမဟုတ် အခြားပါဝင်ပစ္စည်းတွေလား ဆိုတာ မင်း သိနိုင်မှာလေ…”

ဟူဟိုက်သည် ဇယားကို ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ပိုမို၍ တွေဝေသွားလေသည်။

“ဆရာဝမ် ဒါက... အရမ်း အလုပ်ရှုပ်မနေဘူးလား…”

“အလုပ်ရှုပ်တယ် ဟုတ်လား…”

ဝမ်ကျန့်ကော်က သူ့ကို စိုက်ကြည့်လိုက်၏။

“ပါဝင်ပစ္စည်း ဆယ်မျိုးကို တစ်ပြိုင်နက်တည်း ထည့်လိုက်ပြီးတော့ ဘယ်အရာက ထိရောက်ပြီး ဘယ်အရာက အသုံးမဝင်ဘူးဆိုတာကို မသိတာကကော အလုပ်မရှုပ်ဘူးလို့ မင်း ထင်နေတာလား…”

“ဒါ့အပြင် နောက်တစ်ကြိမ်မှာ ဒီရလဒ်ကို အတိအကျ ပြန်လိုချင်ရင် မင်း ဘယ်လိုလုပ်မလဲ ကန့် ဘယ်လောက်ထည့်ရမလဲ မင်းသိလား မီးသွေး ဘယ်လောက်ထည့်ရမလဲ ခွေးသွေး ဘယ်လောက်ထည့်ရမလဲ သိလို့လား…”

ဟူဟိုက်မှာ တိတ်ဆိတ်သွားလေသည်။ အမှန်ပင် မည်သည့်ပါဝင်ပစ္စည်းက အလုပ်ဖြစ်ကြောင်း သူ မသိပါက နောက်တစ်ကြိမ်တွင် ထိုရလဒ်ကို အတိအကျပြန်ရရန် သူ လုပ်နိုင်သည်မှာ... ထပ်ကြိုးစားရန်သာ ဖြစ်မည်မဟုတ်လော။ သို့သော် သူ ကံမကောင်း၍ အတိအကျ ပြန်မရနိုင်ပါက မည်သို့လုပ်မည်နည်း။

“ဆရာဝမ် ဆရာဆိုလိုတာက ငါက တစ်ကြိမ်ကို အခြေအနေတစ်ခုပဲ ပြောင်းလဲလို့ရမယ်ဆိုတဲ့ သဘောလား…”

“မှန်တယ်…”

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်၏။

“ဒါကို ထိန်းချုပ်နိုင်သော ကိန်းရှင်နည်းလမ်းလို့ ခေါ်တယ် အဲဒါက သိပ္ပံနည်းကျ စမ်းသပ်မှုရဲ့ အခြေခံနိယာမပဲ…”

“အခြားကိန်းရှင်တွေကို ပုံသေထားပြီး ကိန်းရှင်တစ်ခုတည်းကိုပဲ ပြောင်းလဲခြင်းအားဖြင့်သာ ရလဒ်အပေါ် အဲဒီကိန်းရှင်ရဲ့ အကျိုးသက်ရောက်မှုကို မင်း ဆုံးဖြတ်နိုင်မှာ…”

“အဲဒါက ဘာနဲ့တူလဲဆိုတော့…”

ဝမ်ကျန့်ကော်က ခဏတာ စဉ်းစားလိုက်ပြီး ပို၍ မြင်သာသော ဥပမာတစ်ခုကို ရှာတွေ့သွားသည်။

“မင်း ဟင်းချက်တာနဲ့ တူတယ် မင်းက ဆား၊ သကြား၊ ရှာလကာရည်၊ ပဲငံပြာရည်နဲ့ ငရုတ်သီးတွေကို တစ်ပြိုင်နက်တည်း ထည့်လိုက်ပြီး ဟင်းက အရသာရှိလာရင် ဘယ်ဟင်းခတ်အမွှေးအကြိုင်ကြောင့် အဲဒီလိုဖြစ်လာလဲဆိုတာ မင်း သိပါ့မလား…”

ဟူဟိုက်က ခေါင်းယမ်းပြလိုက်၏။

“ဒါပေမယ့် မင်းက ပထမဆုံး ဆားကိုပဲ ထည့်ပြီး အကျိုးသက်ရောက်မှုကို စမ်းသပ်မယ်၊ ပြီးရင် သကြားကိုပဲ ထည့်ပြီး စမ်းသပ်မယ်ဆိုရင်... ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးကို တစ်ကြိမ်ပဲ စမ်းသပ်ခြင်းအားဖြင့် ဘယ်ဟင်းခတ်အမွှေးအကြိုင်က လိုအပ်ပြီး ဘယ်အရာက ပိုလျှံနေတယ်ဆိုတာ မင်း သိလာမှာပေါ့…”

“ငါ နားလည်ပြီ…”

ဟူဟိုက်၏ မျက်လုံးများက တောက်ပသွားလေသည်။

*ဒါက... အမဲလိုက်တာနဲ့ တူတယ် မြားဆယ်စင်းကို တစ်ပြိုင်နက်တည်း ပစ်လို့ မရဘူးလေ ဘယ်မြားက ပစ်မှတ်ကို ထိလဲဆိုတာ သိဖို့ တစ်စင်းချင်းစီ ပစ်ရမယ် မဟုတ်လား…”

ဝမ်ကျန့်ကော်မှာ ဆွံ့အသွားလေသည်။ ဥပမာပေးပုံက အနည်းငယ် ထူးဆန်းသော်လည်း လက်ခံနိုင်ဖွယ်တော့ ရှိပေသည်။

“နီးစပ်ပါတယ်…”

ဝမ်ကျန့်ကော်က ပြောလိုက်၏။

“ဒါပေမယ့် အမဲလိုက်တာက မြားပစ်တာဖြစ်ပြီး စမ်းသပ်တာကတော့ ကိန်းရှင်တွေကို စမ်းသပ်တာပဲလေ အခြေခံအားဖြင့်တော့ အတူတူပါပဲ တစ်ကြိမ်မှာ အခြေအနေတစ်ခုတည်းကိုပဲ ပြောင်းလဲပြီး ရလဒ်ကို စောင့်ကြည့်ရတာ…”

“ကောင်းပြီလေ…”

ဟူဟိုက်က စားပွဲကို ရိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါ အခုချက်ချင်း စမ်းသပ်မှုကို ပြန်လုပ်မယ် ဒီတစ်ကြိမ်တော့ ငါ ကန့်ပါဝင်မှုကိုပဲ ပြောင်းလဲပြီး တခြားအရာအားလုံးကို အတူတူပဲ ထားတော့မယ်…”

သူသည် ဓာတ်ခွဲခန်းထဲသို့ ပြန်ပြေးဝင်ရန် လှည့်လိုက်သော်လည်း ဝမ်ကျန့်ကော်က သူ့ကို ဆွဲဖမ်းထားလိုက်၏။

“နေပါဦး…”

ဝမ်ကျန့်ကော်က မီးခိုးများ ထွက်နေဆဲဖြစ်သော ဓာတ်ခွဲခန်းကို လက်ညှိုးထိုးပြလိုက်သည်။

“အနံ့တွေအရင် ပြယ်သွားပါစေဦး ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည့်ပါဦး မျက်နှာ အရင်သွားသစ်ချေ…”

“အော် ဟုတ်သားပဲ…”

ထိုအခါမှသာ ဟူဟိုက်သည် သူ့မျက်နှာ မည်းနက်နေဆဲဖြစ်ကြောင်းကို သတိရသွားသည်။ သူက ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။

“ဒါဆို ငါ အရင်သွားဆေးကြောလိုက်ဦးမယ်…”

ထွက်ခွာသွားသော ဟူဟိုက်၏ ကျောပြင်ကို ကြည့်ရင်း ဝမ်ကျန့်ကော်က သက်ပြင်းချလိုက်လေသည်။

ဤကလေးသည် ကြမ်းတမ်းသော်လည်း အနည်းဆုံးတော့ အကြံဉာဏ်ကို နားထောင်တတ်ပေသည်။ ထို့အပြင် စမ်းသပ်မှုအပေါ် သူ၏ စိတ်အားထက်သန်မှုမှာ အစစ်အမှန်ပင် ဖြစ်၏။ သင့်လျော်သော လမ်းညွှန်မှုသာ ရရှိပါက သူသည် အမှန်တကယ်ပင် ထူးချွန်သော သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။ သေချာသည်မှာ သူ ကိုယ့်ကိုယ်ကိုယ် အရင် ဖောက်ခွဲမပစ်ပါက ဖြစ်လေသည်။

ထိုအချိန်တွင် ရှန်းယန်နန်းတော်ရှိ နန်းတွင်းသမားတော်ရုံး၌ ဖြစ်လေသည်။

ဆံပင်ဖြူအဘိုးအိုတစ်ဦးသည် အဂ္ဂိရတ်မီးဖိုကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။

ဤသူမှာ နန်းတွင်းသမားတော်ရုံး၏ အဂ္ဂိရတ်ဆရာဖြစ်ပြီး ရွှီ ဟူသော မျိုးရိုးအမည်ရှိကာ "အဂ္ဂိရတ်ဆရာ ရွှီ" ဟု လူသိများသည်။ သူသည် ဆေးလုံးများကို ဖော်စပ်လာခဲ့သည်မှာ နှစ်လေးဆယ်ကျော်ရှိပြီဖြစ်ပြီး မဟာချင်တွင် အကျော်ကြားဆုံးသော အဂ္ဂိရတ်ဆရာများထဲမှ တစ်ဦး ဖြစ်၏။

သို့သော် ယနေ့တွင် သူသည် ခက်ခဲသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။

“ထူးဆန်းလိုက်တာ ဘာလို့ ဒီဆေးလုံးက ပြီးခဲ့တဲ့တစ်ကြိမ်ကဟာနဲ့ မတူရတာလဲ…”

အဂ္ဂိရတ်ဆရာ ရွှီသည် ယခုလေးတင် ဖော်စပ်ပြီးသော ဆေးလုံးတစ်လုံးကို ကောက်ယူကာ သူ၏ နှာခေါင်းရှေ့တွင် နမ်းကြည့်လိုက်၏။

“အနံ့ကလည်း မမှန်ဘူး…”

“ဆရာ…”

သူ၏ ဘေးရှိ တပည့်ဖြစ်သူက သတိထား၍ ပြောလိုက်သည်။

“မီးအပူချိန် ထိန်းချုပ်တာမှာ... ပြဿနာရှိလို့များလား…”

“မီးအပူချိန် ဟုတ်လား…”

အဂ္ဂိရတ်ဆရာရွှီက ခေါင်းယမ်းလိုက်၏။

“ငါက တစ်ချိန်လုံး ဒ္မီးအပူချိန်ကိုပဲ သုံးနေတာလေ မဖြစ်နိုင်ပါဘူး…”

“ဒါဆိုရင်... ဆေးဖက်ဝင်ပစ္စည်းတွေမှာ ပြဿနာရှိနေလို့များလား ဒီတစ်ကြိမ် ဝယ်လာတဲ့ ဟင်္သာပြဒါးရိုင်းက ပြီးခဲ့တဲ့တစ်ကြိမ်ကထက် အရောင်ပိုရင့်နေသလိုပဲ…”

“ဟင်္သာပြဒါးရိုင်း ဟုတ်လား…”

အဂ္ဂိရတ်ဆရာ ရွှီသည် ဟင်္သာပြဒါးရိုင်း တစ်ဆုပ်ကို ကောက်ယူကာ သေချာစွာ ကြည့်ရှုလိုက်၏။

“တကယ်ပဲ အရောင်က နည်းနည်း ပိုရင့်နေတယ် ဒါပေမယ့် ဟင်္သာပြဒါးရိုင်းမှာ အရောင်ပိုရင့်တာက ဆေးအစွမ်းအာနိသင်အပေါ် သက်ရောက်မှု မရှိသင့်ဘူး မဟုတ်လား…”

သူကိုယ်တိုင်လည်း မသေချာပေ။ အဂ္ဂိရတ်ပညာရပ် ကိစ္စများတွင် တစ်ခါတစ်ရံ အောင်မြင်မှုရှိပြီး တစ်ခါတစ်ရံ ကျရှုံးမှုများ ရှိတတ်လေသည်။ အကြောင်းရင်းက မည်သည့်နေရာတွင် ရှိသည်ကိုတော့ မည်သူမျှ တပ်အပ် မပြောနိုင်ချေ။

မီးအပူချိန် မှားယွင်းခြင်း၊ ပစ္စည်းများ မှားယွင်းခြင်း၊ အချိန်ကိုက် မှားယွင်းခြင်းတို့ ဖြစ်နိုင်သကဲ့သို့ ဖြစ်နိုင်သည်မှာ. ကောင်းကင်ဘုံ၏ အလိုတော် မှားယွင်းနေခြင်းလည်း ဖြစ်နိုင်လေသည်။

ဤသည်မှာ အဂ္ဂိရတ်ပညာရပ်၏ ခက်ခဲမှုပင် ဖြစ်၏။ အရာအားလုံးက "ခံစားချက်" နှင့် "အတွေ့အကြုံ" အပေါ်တွင်သာ မှီခိုနေရလေသည်။

သို့သော် ခံစားချက်နှင့် အတွေ့အကြုံတို့ကို အတိအကျ ပြန်လည်မဖန်တီးနိုင်ပေ။ ဤတစ်ကြိမ် အောင်မြင်မှုက နောက်တစ်ကြိမ် အောင်မြင်မည်ဟု အာမမခံနိုင်ချေ။ ဤတစ်ကြိမ် ကျရှုံးမှုကလည်း နောက်တစ်ကြိမ် ကျရှုံးမည်ဟု အာမမခံနိုင်ပေ။

“ဆရာ…”

တပည့်ဖြစ်သူက ခဏတာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။

“သိပ္ပံအကယ်ဒမီက ဆရာဝမ်က ထိန်းချုပ်နိုင်သော ကိန်းရှင်နည်းလမ်းဆိုတဲ့... နည်းလမ်းအသစ်တစ်ခုကို သင်ပေးတယ်လို့ ကြားတယ် စမ်းသပ်မှုတွေ လုပ်တဲ့အခါ တစ်ကြိမ်ကို အခြေအနေတစ်ခုပဲ ပြောင်းလဲတာမို့လို့ ဘယ်အခြေအနေက ရလဒ်အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ အတိအကျ သိနိုင်တယ်တဲ့…”

“ထိန်းချုပ်နိုင်တဲ့ ကိန်းရှင်နည်းလမ်း ဟုတ်လား…”

အဂ္ဂိရတ်ဆရာရွှီမှာ ခဏတာ ဆွံ့အသွားလေသည်။

“အဲဒါက ဘယ်လိုအရာမျိုးလဲ…”

“ကျွန်တော်လည်း မသိဘူး…”

တပည့်ဖြစ်သူက ခေါင်းယမ်းလိုက်၏။

“ဒါပေမယ့် သိပ္ပံအကယ်ဒမီက ကျောင်းသားတွေကတော့ အဲ့နည်းလမ်းကို အသုံးပြုပြီး စမ်းသပ်မှုတွေ လုပ်တာက အောင်မြင်မှုနှုန်းကို အများကြီး ပိုမြင့်မားစေတယ်လို့ ပြောတာ ကြားတယ်…”

အဂ္ဂိရတ်ဆရာရွှီက တိတ်ဆိတ်သွားလေသည်။ သူသည် သိပ္ပံအကယ်ဒမီမှ ဆရာဝမ်အကြောင်းကို ကြားဖူးထား၏။

ထိုသူသည် "ကောင်းကင်ဘုံမှ ကျဆင်းလာသော" ထူးဆန်းသူတစ်ဦးဖြစ်ပြီး ထူးဆန်းကာ အံ့ဩဖွယ်ကောင်းသော ဗဟုသုတအချို့ကို ပိုင်ဆိုင်ထားသည်ဟု သူ ကြားသိခဲ့ရသည်။

သို့သော် အဂ္ဂိရတ်ပညာရပ်ကဲ့သို့သောအရာကို "သိပ္ပံပညာ" ဖြင့် မည်သို့ ရှင်းပြနိုင်မည်နည်း။ ဤသည်မှာ ရှင်းလင်းစွာပင် နာမ်ပိုင်းဆိုင်ရာပညာရပ် ဖြစ်လေသည်။ ၎င်းသည် ကောင်းကင်ဘုံ၏ လမ်းစဉ် ဖြစ်၏။ မွေးရာပါ နားလည်နိုင်စွမ်း လိုအပ်ပေသည်။

“မေ့လိုက်ပါတော့…”

အဂ္ဂိရတ်ဆရာရွှီက လက်ကိုဝှေ့ယမ်းလိုက်၏။

“ငါတို့ဆေးလုံးတွေကို ငါတို့နည်းလမ်းနဲ့ပဲ ဖော်စပ်မယ် သူတို့ရဲ့ စည်းမျဉ်းတွေကို သွားဂရုမစိုက်နဲ့…”

သူသည် အဂ္ဂိရတ်မီးဖိုကို ပြန်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ဖော်စပ်ရန်အတွက် စတင်ပြင်ဆင်လိုက်လေသည်။

သို့သော် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် သူ၏ ရင်ထဲမှ အသံတစ်ခုက အဆက်မပြတ် မေးခွန်းထုတ်နေမိ၏။ အကယ်၍ ထိုနည်းလမ်းက မည်သည့်အခြေအနေက ရလဒ်အပေါ် သက်ရောက်မှုရှိကြောင်းကို အမှန်တကယ် ဖော်ထုတ်နိုင်ပါက ၎င်းက အောင်မြင်မှုနှုန်းကို တိုးစေမည် မဟုတ်လော။

သုံးရက်အကြာတွင် မဟာချင် သိပ္ပံအကယ်ဒမီ၊ ဓာတုဗေဒ ဓာတ်ခွဲခန်း၌ ဖြစ်လေသည်။

ဟူဟိုက်သည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဝမ်ကျန့်ကော်၏ ရုံးခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာလေသည်။

“ဆရာဝမ်….. ဆရာဝမ် ငါ အောင်မြင်သွားပြီ…”

ဝမ်ကျန့်ကော်သည် အိမ်စာများကို အမှတ်ပေးနေလေသည်။ ဟူဟိုက်၏ အသံကို ကြားလိုက်ရသဖြင့် သူ မော့ကြည့်လိုက်၏။

“ဘာကိုအောင်မြင်တာလဲ…”

“ယမ်းမှုန့် ဖော်မြူလာလေ…”

ဟူဟိုက်သည် ဝတ်ရုံထဲမှ မှတ်စုစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ရာ ၎င်းအထဲတွင် ဇယားများနှင့် မှတ်တမ်းများ ပြည့်နှက်နေလေသည်။

“ဆရာ ပြောခဲ့တဲ့ ထိန်းချုပ်နိုင်သော ကိန်းရှင်နည်းလမ်းကို အသုံးပြုပြီး ကန့်ပါဝင်မှုကို ငါ စမ်းသပ်ခဲ့တယ်…”

“ပထမအကြိမ် ကန့် တစ်ကျင်းက အသံတိုးပြီး မီးခိုးနည်းနည်းပဲ ထွက်တယ် ဒုတိယအကြိမ် ကန့် နှစ်ကျင်းက အသံအလယ်အလတ်နဲ့ မီးခိုးအလယ်အလတ်ပဲ ထွက်တယ် တတိယအကြိမ် ကန့် သုံးကျင်းက အသံကျယ်ပြီး မီးခိုးအများကြီး ထွက်တယ်လေ…”

“စတုတ္ထအကြိမ် ကန့် လေးကျင်းက…”

ဟူဟိုက်၏ အမူအရာမှာ ရုတ်တရက် အနည်းငယ် အနေရခက်သွားလေသည်။

“အဲဒါ ပေါက်ကွဲသွားတယ်…”

ဝမ်ကျန့်ကော်မှာ ဆွံ့အသွားလေသည်။ ဤကလေးသည် အဆုံးတွင် အများကြီး မထည့်ဘဲ မနေနိုင်ခဲ့ပေ။

“ဒါပေမယ့်…”

ဟူဟိုက်က အလျင်အမြန် ဆက်ပြောလိုက်၏။

“ကန့်ပါဝင်မှုက နှစ်ကျင်းနဲ့ သုံးကျင်းကြားမှာ ရှိတဲ့အခါ အကျိုးသက်ရောက်မှုက အကောင်းဆုံးဆိုတာကို ငါ အခု သိသွားပြီ…”

သူသည် မှတ်စုစာအုပ်၏ နောက်ထပ် စာမျက်နှာတစ်ခုကို လှန်လိုက်ရာ ၎င်းတွင် ရိုးရှင်းသော ဇယားတစ်ခု ဆွဲထားလေသည်။ အလျားလိုက် ဝင်ရိုးမှာ ကန့်ပါဝင်မှုဖြစ်ပြီး ဒေါင်လိုက် ဝင်ရိုးမှာ "စွမ်းအား အဆင့်သတ်မှတ်ချက်" ဖြစ်၏။

ကြမ်းတမ်းစွာ ရေးဆွဲထားသော်လည်း အပြောင်းအလဲတစ်ခုကိုမူ ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။ ကန့်ပါဝင်မှု တိုးလာသည်နှင့်အမျှ စွမ်းအားက ပထမတွင် မြင့်တက်လာပြီးနောက် ကျဆင်းသွားခြင်း ဖြစ်သည်။

“ဒါ့အပြင် ငါက မီးသွေးပါဝင်မှုကိုလည်း စမ်းသပ်ခဲ့တယ်…”

ဟူဟိုက်က စိတ်လှုပ်ရှားစွာ ဆက်ပြောလိုက်၏။

မီးသွေးပါဝင်မှုအတွက်လည်း အကောင်းဆုံး *တန်ဖိုးတစ်ခု ရှိနေတာကို ငါ တွေ့ခဲ့တယ် အဲဒါက များလေကောင်းလေ မဟုတ်သလို နည်းလေကောင်းလေလည်း မဟုတ်ဘူးလေ…”

ဟူဟိုက်၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်ရင်း ဝမ်ကျန့်ကော်သည် သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရလေသည်။

ဤကလေး နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်၏။ "ကိန်းရှင်များကို ထိန်းချုပ်ခြင်း" ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သူ နားလည်သွားသည်။ "စနစ်တကျ စမ်းသပ်ခြင်း" ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သူ နားလည်သွားသည်။ သိပ္ပံပညာသည် ကံကြမ္မာအပေါ်တွင် အခြေမခံဘဲ နည်းစနစ်အပေါ်တွင်သာ အခြေခံကြောင်းကို သူ နားလည်သွားလေပြီ။

“အရမ်းကောင်းတယ်…”

ဝမ်ကျန့်ကော်က ခေါင်းညိတ်လိုက်၏။

“ဒါဆို ကန့်ပါဝင်မှုက ဘာလို့ အရမ်းနည်းလို့ မရသလို အရမ်းများလို့လည်း မရတာလဲဆိုတာကို မင်း သိလား…”

“ဟင့်အင်း…”

ဟူဟိုက်က ခေါင်းကို ကုတ်လိုက်သည်။

“ငါ မသိဘူး ဆရာ ငါ့ကို ပြောပြနိုင်မလား…”(မင်းသားတစ်ပါးမို့ ကျွန်တော်လို့မသုံးတာပါ)

“ရတာပေါ့…”

ဝမ်ကျန့်ကော်သည် မတ်တတ်ရပ်ကာ ကျောက်သင်ပုန်းဆီသို့ လျှောက်သွားလိုက်၏။

“ဒါက ဓာတုဗေဒ ဓာတ်ပြုမှုရဲ့ အခြေခံနိယာမတွေနဲ့ သက်ဆိုင်တယ်…”

သူသည် ကန့်၊ မီးသွေးနှင့် ယမ်းစိမ်းတို့၏ ဓာတုဗေဒ ဓာတ်ပြုမှု နိယာမများကို စတင်ရှင်းပြလေသည်။

ဟူဟိုက်သည် စူးစိုက်စွာ နားထောင်ရင်း သူ၏ မှတ်စုစာအုပ်ထဲတွင် အခါအားလျော်စွာ မှတ်စုများ ရေးမှတ်နေလေသည်။

သူသည် အယူအဆများစွာကို အပြည့်အဝ နားမလည်သေးသော်လည်း အနည်းဆုံးတော့ အမှန်တရားတစ်ခုကို သူ သိရှိသွားပြီ ဖြစ်သည်။ စမ်းသပ်မှုများ ပြုလုပ်ခြင်းဆိုသည်မှာ မျက်ကန်းစမ်းသပ်၍ အမှားများမှ သင်ယူခြင်းမျိုး မဟုတ်ပေ။

ထိုအစား နည်းလမ်း၊ ယုတ္တိနှင့် ရည်ရွယ်ချက်တစ်ခု ရှိရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သဘာဝတရား၏ စစ်မှန်သော နိယာမများကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်၏။ ကံကြမ္မာအပေါ် မှီခိုနေခြင်းထက်စာလျှင်ပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် နန်းတွင်းသမားတော်ရုံး၌ ဖြစ်လေသည်။

အဂ္ဂိရတ်ဆရာရွှီသည် အဂ္ဂိရတ်ခန်း အပြင်ဘက်တွင် တုံ့ဆိုင်းစွာ ရပ်နေ၏။ သူ ဤနေရာတွင် ရပ်နေခဲ့သည်မှာ နာရီဝက်ခန့် ရှိနေပြီ ဖြစ်သည်။

သူ၏ လက်ထဲတွင် စမ်းသပ်မှု မှတ်တမ်းပုံစံအချို့ ရေးသားထားသော စက္ကူတစ်ရွက် ရှိနေလေသည်။

သိပ္ပံအကယ်ဒမီတွင် ရှိနေသော သူ၏ တူဝမ်းကွဲတစ်ဦးထံမှ ၎င်းကို သူ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အဂ္ဂိရတ်ပညာရပ် လုပ်ငန်းစဉ်ကို မှတ်တမ်းတင်ရန် ဤနည်းလမ်းကို အသုံးပြုခြင်းက မည်သည့်အဆင့်တွင် ပြဿနာရှိနေကြောင်းကို ပိုမိုရှင်းလင်းစေမည်ဟု ထိုတူဖြစ်သူက ပြောခဲ့၏။

အဂ္ဂိရတ်ဆရာရွှီသည် မူလက ၎င်းကို အသုံးမပြုချင်ခဲ့ပေ။ အဂ္ဂိရတ်ပညာရပ်ကဲ့သို့သောအရာက သိပ္ပံပညာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနုပညာတစ်ရပ် ဖြစ်၏။ ၎င်းသည် မွေးရာပါ နားလည်နိုင်စွမ်း လိုအပ်လေသည်။

သို့သော် မကြာသေးမီက သူ၏ အဂ္ဂိရတ်ပညာရပ် အောင်မြင်မှုနှုန်းမှာ တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ အတိတ်တွင် အကြိမ်ဆယ်ကြိမ်လျှင် ငါးကြိမ် အောင်မြင်ခဲ့သော်လည်း ယခုအခါတွင် ဆယ်ကြိမ်လျှင် သုံးကြိမ်သာ အောင်မြင်တော့သည်။

ဤအတိုင်းသာ ဆက်သွားနေပါက အရှင်မင်းကြီး၏ မသေဆေးဖော်စပ်ရန် အသာထား သာမန်ဆေးလုံးများကိုပင် သူ ဖော်စပ်နိုင်တော့မည် မဟုတ်ပေ။

“ငါ... တစ်ချက်လောက် စမ်းကြည့်သင့်သလား…”

အဂ္ဂိရတ်ဆရာရွှီက သူ့ကိုယ်သူ ရေရွတ်လိုက်၏။

သူသည် လက်ထဲရှိ စက္ကူကို ကြည့်လိုက်ပြီးနောက် အခန်းထဲရှိ အဂ္ဂိရတ်မီးဖိုကို ကြည့်လိုက်လေသည်။

နောက်ဆုံးတွင် သူသည် အံကို တင်းတင်းကြိတ်ကာ အဂ္ဂိရတ်ခန်းထဲသို့ ဝင်သွားလိုက်၏။

“ငါ တစ်ချက်လောက် စမ်းကြည့်မယ် အဆိုးဆုံးကတော့ ပစ္စည်းတစ်သုတ် အလဟဿ ဖြစ်သွားတာပါပဲလေ…”

သူသည် စက္ကူပေါ်ရှိ ပုံစံအတိုင်း စတင်မှတ်တမ်းတင်လေသည်။ နေ့စွဲ... ပါဝင်ပစ္စည်းများ၊ ဟင်္သာပြဒါးရိုင်း သုံးကျင်း၊ ကန့် တစ်ကျင်း၊ ဆေးဒန်း ကျင်းတစ်ဝက်၊ ပြဒါး တစ်မူး... မီးအပူချိန်၊ မီးအေးအေးဖြင့် နှစ်နာရီကြာ တည်ထားရန်... အဆင့် ၁၊ ဟင်္သာပြဒါးရိုင်းကို အရင်ထည့်ရန်... အဆင့် ၂၊ ထို့နောက် ကန့်ကို ထည့်ရန်... အဆင့် ၃…

သူသည် တစ်ခုချင်းစီကို မှတ်တမ်းတင်နေပြီး သူ၏ လှုပ်ရှားမှုများမှာ ပုံမှန်ထက် များစွာ နှေးကွေးနေလေသည်။ သူ မှတ်တမ်းတင်ရမည်ဖြစ်သောကြောင့် ပိုမို သေချာစွာ စောင့်ကြည့်ရမည်ဖြစ်၏။

ဤသို့ သေချာစွာ စောင့်ကြည့်ခြင်း၏ ရလဒ်မှာ အရင်က တစ်ကြိမ်မျှ သတိမပြုမိခဲ့သော အသေးစိတ် အချက်အလက်များကို သူ ရှာဖွေတွေ့ရှိသွားခြင်းပင် ဖြစ်သည်။

ဥပမာအားဖြင့် ဟင်္သာပြဒါးရိုင်းကို အပူပေးလိုက်သောအခါ ၎င်း၏ အရောင်မှာ ပြောင်းလဲသွားလေသည်။ တောက်ပသော အနီရောင်မှ အနီရင့်ရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အမည်းရောင်ဖြစ်သွား၏။

ဥပမာအားဖြင့် မတူညီသော ဟင်္သာပြဒါးရိုင်း အသုတ်များတွင် ပြောင်းလဲမှုအမြန်နှုန်းမှာ ကွဲပြားခြားနားလေသည်။

ဥပမာအားဖြင့် မီးအပူချိန်မှာ အနည်းငယ်မျှ လွန်ကဲသွားပါက ဟင်္သာပြဒါးရိုင်းသည် အချိန်မတိုင်မီ အမည်းရောင်ပြောင်းသွားကာ ဆေးအစွမ်းအာနိသင်ကို ထိခိုက်စေလေသည်။

“ဪ ဒီလိုကိုး…”

အဂ္ဂိရတ်ဆရာရွှီက သူ့ကိုယ်သူ ရေရွတ်လိုက်၏။

အရင်တုန်းက သူသည် ဟင်္သာပြဒါးရိုင်းကို ဤသို့ ဖော်စပ်သင့်သည်ဟုသာ သိခဲ့ပြီး အဘယ်ကြောင့်ဆိုသည်ကိုမူ သူ မသိခဲ့ပေ။

ယခုအခါတွင် သူ စတင်နားလည်လာပြီ ဖြစ်သည်။ "ကိန်းရှင်များကို ထိန်းချုပ်ခြင်း" ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သူ နားလည်သွားသည်။ "အသေးစိတ် အချက်အလက်များကို စောင့်ကြည့်ခြင်း" ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သူ နားလည်သွားသည်။ "စနစ်တကျ စမ်းသပ်ခြင်း" ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သူ နားလည်သွားလေပြီ။

သူ ၎င်းကို အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရလေသည်။ သိပ္ပံနည်းကျ နည်းလမ်းများမှတစ်ဆင့် အဂ္ဂိရတ်ပညာရပ်ကို တိုးတက်စေမည့် မျှော်လင့်ချက်ကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်၏။

ညနေပိုင်းတွင် မဟာချင် သိပ္ပံအကယ်ဒမီရှိ ဝမ်ကျန့်ကော်၏ ရုံးခန်း၌ ဖြစ်လေသည်။

ဝမ်ကျန့်ကော်သည် ယနေ့ သင်ကြားရေးမှတ်စုများကို စီစဉ်နေ၏။ ထိန်းချုပ်နိုင်သော ကိန်းရှင်နည်းလမ်း သင်တန်းကို ဖွင့်လှစ်ခဲ့သည်မှာ သုံးရက်ကြာပြီ ဖြစ်သည်။

ရလဒ်များမှာ သူ ခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်နေလေသည်။ ကျောင်းသားများစွာသည် နားမလည်ကြသေးသော်လည်း အနည်းဆုံးတော့ ယခုအခါ ဤနိယာမကို သူတို့ သိရှိသွားကြပြီ ဖြစ်၏။

စမ်းသပ်မှုများ ပြုလုပ်ခြင်းဆိုသည်မှာ မျက်ကန်းယုံကြည်မှုဖြင့် ခန့်မှန်းရခြင်းမျိုး မဟုတ်ဘဲ နည်းစနစ်တစ်ခု လိုအပ်ကြောင်းကို သူတို့ သိရှိသွားကြလေပြီ။

“ဆရာဝမ်…”

အိမ်ရှေ့စံမင်းသား၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။

“ဝင်ခဲ့လေ…”

ဝမ်ကျန့်ကော်က ပြောလိုက်၏။

အိမ်ရှေ့စံမင်းသားသည် လက်ထဲတွင် အစီရင်ခံစာတစ်စောင် ကိုင်ဆောင်လျက် တံခါးကို တွန်းဖွင့်ကာ ဝင်လာလေသည်။

“ဆရာဝမ် ဒါတွေက ဒီလအတွက် စမ်းသပ်မှုမှတ်တမ်း စာရင်းအင်းတွေပါ…”

အိမ်ရှေ့စံမင်းသားက အစီရင်ခံစာကို စားပွဲပေါ်သို့ တင်လိုက်၏။

“ကြည့်လိုက်ပါ ငါတို့ ထိန်းချုပ်နိုင်သော ကိန်းရှင်နည်းလမ်းကို စတင်သင်ကြားပြီးကတည်းက ဓာတ်ခွဲခန်း ပေါက်ကွဲမှုအရေအတွက်က ခြောက်ဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး စမ်းသပ်မှု အောင်မြင်မှုနှုန်းက လေးဆယ်ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်လေ…”

ဝမ်ကျန့်ကော်သည် အစီရင်ခံစာကို ကောက်ယူကာ သေချာစွာ ကြည့်ရှုလိုက်လေသည်။ အမှန်ပင် ဒေတာများမှာ အလွန်ရှင်းလင်းလှပေသည်။

အတိတ်တွင် ကျောင်းသားများ စမ်းသပ်မှုများ ပြုလုပ်သောအခါ သူတို့အားလုံးမှာ "ဤအရာကို စမ်း၊ ထိုအရာကို စမ်း" နေကြပြီး ပေါက်ကွဲမှုများမှာ အမြဲတမ်း ဖြစ်ပွားလေ့ရှိသော အရာပင်ဖြစ်၏။

ယခုအခါတွင် ပေါက်ကွဲမှုများ ရှိနေသေးသော်လည်း ကြိမ်နှုန်းမှာ သိသိသာသာ လျော့ကျသွားလေပြီ။ ထို့အပြင် အောင်မြင်သော စမ်းသပ်မှုများ၏ ရလဒ်များအားလုံးကို အတိအကျ ပြန်လည်ဖန်တီးနိုင်လာကြသည်။

ဤသည်မှာ သိပ္ပံနည်းကျ နည်းလမ်း၏ စွမ်းအားပင် ဖြစ်လေသည်။

All Chapters