← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂)

အနောက်ဘက်ဆင်ခြေဖုံးရှိ တွေ့ဆုံမှု

ကောင်းယွမ်သည် ကောင်းချိုး ပေးလိုက်သော စက်ရုပ်များကို ခေါ်ဆောင်ကာ လက်ရှိကမ္ဘာသို့ ပြန် လာခဲ့လေသည်။

ဤစက်ရုပ်များသည် လာမည့် နှစ်အနည်းငယ်အတွင်း သူ၏ ဝန်ထမ်းများ ဖြစ်လာပေလိမ့်မည်။

ကောင်းယွမ်သည် အလျင်စလိုဖြစ်မှုကို ခံစားလာရ၏။ အကယ်၍ အနာဂတ်ကမ္ဘာသည် အဆင့်မြင့် ယဉ်ကျေးမှု တစ်ခုခု၏ ပိတ်လှောင်ခြင်းကို ခံထားရပါက လက်ရှိကမ္ဘာသည်လည်း အလားတူ အခြေအ နေမျိုးနှင့် ရင်ဆိုင်ရနိုင်ချေ ရှိပေသည်။

ကောင်းချိုး ပေးလိုက်သော နျူထရွန်မှာ မည်သည့်အရာအတွက် ဖြစ်မည်ကို သူ တွေးတောနေမိလေ သည်။ ကောင်းချိုး၏ အဆိုအရ ဤနျူထရွန်သည် နေအဖွဲ့အစည်းမှ ထွက်ခွာရန်အတွက် သော့ချက် ဖြစ်နိုင်ပေသည်။

သေတ္တာကို ကြည့်ရင်း ကောင်းယွမ်သည် ဂရုတစိုက် ဖွင့်လိုက်လေ၏။

အထဲတွင် အလွန် ရှုပ်ထွေးသော ဖွဲ့စည်းတည်ဆောက်ပုံတစ်ခု ရှိနေခဲ့သည်။ ကောင်းယွမ်သည် ၎င်း နည်းပညာကို နားမလည်နိုင်သော်လည်း သေတ္တာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ နေရာလွတ်များမှာ အထူးပြုလုပ်ချက်တစ်ခုကဲ့သို့ ပုံပျက်သွားသည်ကို သူ မြင်တွေ့လိုက်ရပေသည်။

ခဏမျှ လေ့လာပြီးနောက် နျူထရွန်မှာ အထဲတွင် ရှိနေပြီး အလွန်ထူးခြားကြောင်းကိုသာ ကောင်းယွမ် သိရှိခဲ့သော်လည်း ၎င်းကို မည်သို့ အသုံးပြုရမည်ကိုမူ သူ မသိခဲ့ပေ။

အရိပ်အမြွက်တစ်ခုကို ရှာဖွေတွေ့ရှိရန်ပင် ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များ၏ စုပေါင်းဉာဏ်ပညာကို လိုအပ်ပေလိမ့်မည်။

စက်ရုပ်များကို အားကိုးနေ၍ကား အဆင်ပြေမည် မဟုတ်ပေ။

စက်ရုပ်များ အားလုံးမှာ အနာဂတ်ကမ္ဘာ၏ နည်းပညာများ တပ်ဆင်ထားခြင်း ဖြစ်ပြီး ပုံသေလုပ်ဆောင် ချက်များသာ ရှိကြလေသည်။ ၎င်းတို့သည် အစစ်အမှန် ဉာဏ်ရည်တုများ ဖြစ်နေလျှင်တောင်မှ အနာဂတ်ကမ္ဘာ၏ အကန့်အသတ်များ ရှိနေဦးမည်သာ ဖြစ်၏။

ထို့ကြောင့် ဤနျူထရွန်ကို လေ့လာရန် ကောင်းယွမ်သည် ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များကို စုစည်းရ မည် ဖြစ်ပေသည်။

ဤအကြောင်းကို တွေးမိသောအခါ ကောင်းယွမ်သည် ကျိုးကျန်းလီနှင့် စကားပြောရန် လိုအပ်ကြောင်း ခံစားလိုက်ရလေသည်။

ကောင်းယွမ်၏ ငါးရံ့နက် နည်းပညာကုမ္ပဏီသည် တကယ်တမ်းတွင် ရှနိုင်ငံ၏ အဆင့်မြင့်အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးမျိုး ရှိနေခဲ့သည်။ အဆင့်မြင့်အရာရှိများသည် ကောင်းယွမ်ကို အမြဲတမ်း စောင့်ကြည့်သတိထားနေကြသော်လည်း သူတို့အနေဖြင့် သူ့ကို ထောက်ခံပေးရန်သာ တတ် နိုင်ကြပေသည်။

...

ကောင်းယွမ်သည် ယခုအခါတွင် အလွန် ကျော်ကြားနေပြီ ဖြစ်သောကြောင့် သူ ခရီးသွားသောအခါ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို မစီးရဲတော့ပေ။ ကြောက်ရွံ့၍ မဟုတ်ဘဲ အရှုပ် အရှင်းများကို မလိုလားသောကြောင့် ဖြစ်လေ၏။

လူအများအပြား ရှိနေသည့်အတွက် မကျေနပ်သူအချို့လည်း ရှိနေမည်မှာ သေချာပေသည်။ ဥပမာ အားဖြင့် စိတ်ဓာတ်ရေးရာအရ ဂျပန်ကိုလိုလားသူ များစွာသည် ကောင်းယွမ်ကို ရန်သူအဖြစ် သတ်မှတ် ထားကြပြီး အချို့မှာ စွန့်စားမှုများကိုပင် ပြုလုပ်လာနိုင်ပေသည်။

ထို့ကြောင့် ကောင်းယွမ်သည် မုကျားကျေးရွာတွင် ရက်အနည်းငယ် အနားယူပြီးနောက် စက်ရုပ်များက အာကာသဘက်စ်ကားများကို မောင်းနှင်လာခဲ့ကြလေသည်။ ၎င်းတို့ထဲမှနှစ်စီးမှာ နိုင်ငံတော်အတွက် ဖြစ်ပြီး တစ်စီးမှာ ကိုယ်ပိုင်အသုံးပြုရန် ဖြစ်၏။

အာကာသဘက်စ်ကား စက်ရုံမှာ လက်ရှိတွင် တည်ဆောက်ဆဲ ဖြစ်သော်လည်း ကောင်းယွမ်သည် လွန်ခဲ့ သော ရက်အနည်းငယ်အတွင်း အနာဂတ်ကမ္ဘာမှ အာကာသဘက်စ်ကား ဆယ်စီးကျော်ခန့်ကို တောက် လျှောက် ပေးပို့နေခဲ့လေသည်။ ၎င်းတို့အားလုံးကို ကုန်စည်များ တင်ဆောင်ရန် အသုံးပြုခဲ့ခြင်း ဖြစ်ပေ သည်။

အဘယ်ကြောင့်ဆိုသော် အာကာသဘက်စ်ကားသည် ယာဉ်ပျံများထက် နေရာပိုကျယ်သောကြောင့် ဖြစ် ပေ၏။

အာကာသဘက်စ်ကား သုံးစီးသည် ချင်ကျင်းမြို့သို့ တိုက်ရိုက် ပျံသန်းသွားခဲ့ကြလေသည်။

ချင်ကျင်းမြို့သို့ မရောက်မီကပင် ကျိုးကျန်းလီသည် ဤကိစ္စကို သိရှိနေခဲ့ပြီ ဖြစ်သည်။

ချင်ကျင်းမြို့၏ လေပိုင်နက်ထဲသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဒရုန်းတစ်စင်းက လမ်းပြရန် ရောက် လာခဲ့လေ၏။

ကောင်းယွမ်၏ ဤသို့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်မှုမှာ အထက်လူကြီးများ၏ သဘောထားကို အကဲ ဖြတ်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်ပြီး ယခုအခါ အားလုံးက ဤအချက်ကို သွယ်ဝိုက်သောနည်းဖြင့် နားလည်ထားပုံရပေသည်။

မကြာမီပင် အာကာသဘက်စ်ကားသည် ချင်ကျင်းမြို့၏ အနောက်ဘက်ဆင်ခြေဖုံးရှိ တောင်ကုန်းတစ်ခု ပေါ်သို့ ဆင်းသက်သွားခဲ့လေသည်။ ဤနေရာမှာ မြေပုံပေါ်တွင်ပင် အမှတ်အသား ပြုလုပ်ထားမည် မဟုတ်သော နေရာတစ်ခု ဖြစ်လေ၏။ အဝင်ဝတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော အစောင့် များ ရှိနေပြီး ပတ်ပတ်လည်တွင်လည်း လျှို့ဝှက်အစောင့်များ ရှိနေခဲ့ပေသည်။

ကောင်းယွမ် ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးကျန်းလီက လူတစ်စုကို ဦးဆောင်ကာ သူ့ထံ လျှောက်လာသည်ကို မြင်လိုက်ရလေသည်။

"အရာရှိကျိုး..."

"ကောင်းယွမ်..."

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြလေသည်။

ယခင်က ထိုသူကို ရုပ်မြင်သံကြားတွင်သာ မြင်ဖူးခဲ့သော်လည်း ယခု လူကိုယ်တိုင် ရှိနေချိန်တွင် သူ၏ ဩဇာတိက္ကမကို ကောင်းယွမ် ကိုယ်တိုင် ခံစားလိုက်ရသည်။ ၎င်းမှာ ကောင်းချိုးနှင့် မတူညီပေ။

မကြာမီ သူတို့သည် အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။

အထဲတွင် အခြား မည်သူမျှ မရှိနေခဲ့ပေ။

ကျိုးကျန်းလီနှင့် ကောင်းယွမ်တို့သာ ရှိနေလေသည်။

ဤသည်မှာ ကျိုးကျန်းလီ၏ ရိုးသားဖြောင့်မတ်မှု ဖြစ်ကြောင်း ကောင်းယွမ် သိလိုက်လေ၏။ နိုင်ငံကြီး တစ်ခု၏ အမြင့်ဆုံး အုပ်ချုပ်ရေးအရာရှိတစ်ဦးအနေဖြင့် ကျိုးကျန်းလီက ကောင်းယွမ်နှင့် တစ်ဦးချင်း တွေ့ဆုံရန် ဆန္ဒရှိခြင်းမှာ ယုံကြည်မှုကို ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။

"မင်း ဒီအထိ လာတာ ဆွေးနွေးစရာ တစ်ခုခု ရှိလို့မလား..." ဟု ကျိုးကျန်းလီက မေးလိုက်၏။

"ဟုတ်ပါတယ်... ကမ္ဘာကြီးက အပြောင်းအလဲတစ်ခု လိုအပ်နေပြီလို့ ကျွန်တော် ထင်တယ်..."

"ဘယ်လို ပြောင်းလဲသင့်တယ်လို့ မင်း ထင်လဲ..."

"ကမ္ဘာပေါ်မှာ တရားဝင် အစိုးရတစ်ရပ်နဲ့ ထင်ရှားတဲ့ လူမျိုးစု တစ်စုတည်းသာ ရှိမယ်ဆိုရင် ပိုကောင်း လိမ့်မယ်..."

"ဟင်း... "

ကျိုးကျန်းလီ၏ အမူအရာမှာ တည်ကြည်လေးနက်သွားခဲ့လေသည်။

ထိုစကားများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အလွန်ပင် ရှင်းလင်းနေခဲ့သည်။ ကျိုးကျန်းလီသည် ရှုပ် ထွေးသော အမူအရာဖြင့် ကောင်းယွမ်ကို ကြည့်လိုက်၏။

*ဒီလူငယ်လေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခုကို လုပ်တော့မလို့လား…*

သို့သော် ဤသည်မှာ ကောင်းယွမ်၏ တည်ဆောက်ထားသော ကိုယ်ရည်ကိုယ်သွေးနှင့် မကိုက်ညီပေ။

အမေရိကနှင့် ဖြစ်စေ၊ တောင်ပိုင်းမင်းဆက်နှင့် ဖြစ်စေ ဆက်ဆံရာတွင် ကောင်းယွမ်၌ ကြီးမားလှသော စစ်ရေးအင်အား ရှိသော်လည်း သူသည် အမြဲတမ်း ကြီးမားစွာ ထိန်းချုပ်နိုင်ခဲ့လေသည်။

ကောင်းယွမ်၏ စိတ်ကူးနောက်ကွယ်ရှိ သွေးထွက်သံယိုမှုများကို ကျိုးကျန်းလီ နားလည်သွားခဲ့ လေသည်။

သို့သော် သူက တည်ငြိမ်စွာဖြင့်ပင် မေးလိုက်လေ၏။

"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ..."

"ဆိုဗီယက်ယူနီယံက ဥရောပကို စစ်ရေးအရ အရေးယူတော့မယ်... ပြီးတော့ အရှေ့အလယ်ပိုင်းမှာ လည်း ကမောက်ကမတွေ ဖြစ်နေတယ်... ဆိုဗီယက်ယူနီယံက ဥရောပကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ အမေရိ ကက သေချာပေါက် ဝင်ရောက်စွက်ဖက်လိမ့်မယ်..." ဟု ကောင်းယွမ်က ပြောလိုက်လေသည်။

ကျိုးကျန်းလီသည် ဤအရာအားလုံးကို သိရှိထားပြီး ကောင်းယွမ်က အမေရိက၏ အကြီးအကဲသစ် အန်းနီနှင့် ဆက်သွယ်ထားကြောင်းကိုလည်း သူ သိထားခဲ့သည်။

သို့သော် ဤအရာများသည် ကောင်းယွမ်၏ ရည်မှန်းချက်ကို အောင်မြင်ရန် မလုံလောက်သေးပေ။ အကယ်၍ ကောင်းယွမ် ကိုယ်တိုင် ပါဝင်လုပ်ဆောင်လျှင်တောင်မှ... အလွန် ခက်ခဲပေလိမ့်မည်။

ကောင်းယွမ်၏ အာကာသစစ်သင်္ဘောမှာ မယုံနိုင်လောက်အောင် အစွမ်းထက်သော်လည်း ကောင်းယွမ် အနေဖြင့် ကမ္ဘာပေါ်ရှိ လူသားအများစုကို သုတ်သင်ပစ်လောက်အောင် ရူးသွပ်နေမည်ဟု ကျိုးကျန်းလီ မယုံကြည်ပေ။

ထိုသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် ကောင်းယွမ်၏ ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားလိမ့်မည် ဖြစ် ၏။ အကယ်၍ ကောင်းယွမ်သည် အနာဂတ်တွင် ကမ္ဘာကြီးကို ထိန်းချုပ်လိုသေးပါက ထိုသို့ လုပ်ဆောင် မည် မဟုတ်ပေ။

*သူ ဘာလုပ်မလို့လဲ…*

"ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီးတစ်ခု ရောက်လာတော့မှာ ဖြစ်နိုင်တယ်..."

"ဟင်... "

*အဲ့ဒါက ဘာကိုဆိုလိုတာလဲ…*

ကျိုးကျန်းလီ သိပ်နားမလည်ခဲ့ပေ။

"ကျွန်တော် တစ်ခါက ကြယ်တာရာခရီးသွား ရုပ်ရှင်တစ်ခုကို ကြည့်ဖူးတယ်... အဲဒီရုပ်ရှင်အစမှာ အပင် တွေကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးအကြောင်း ပြောပြထားပြီး အဲဒီဗိုင်းရပ်စ်ကြောင့် အပင်တွေ အစုလိုက်အပြုံလိုက် သေဆုံးတာ၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာနဲ့ အစားအစာ ရှားပါးမှုတွေ ဖြစ်ပေါ် လာတာကို ပြထားတယ်..."

ကျိုးကျန်းလီသည် ခဏမျှ တွေးတောနေပြီးနောက် မော့ကြည့်ကာ မေးလိုက်လေသည်။

"မင်းက ဘာလို့ ဒီလိုမျိုး လုပ်ချင်ရတာလဲ..."

"ကမ္ဘာမြေပေါ်မှာ ကြီးစိုးတဲ့ လူမျိုးစု တစ်စုနဲ့ တရားဝင် အစိုးရတစ်ရပ်ပဲ ရှိသင့်တယ်လို့ ကျွန်တော် ပြောခဲ့ပြီးပြီလေ..."

"မင်း အဲဒီလောက် အလျင်စလို လုပ်စရာ မလိုပါဘူး... မင်းအတွက် အချိန်တွေ အများကြီး ရှိပါသေး တယ်..." ဟု ကျိုးကျန်းလီက ပြောလိုက်လေ၏။

"အချိန်တွေ ကုန်ဆုံးနေပြီ အရာရှိကျိုး... ခင်ဗျားက ကျွန်တော့်ထက် ပိုသိပါတယ်... နေအဖွဲ့အစည်းကို အထူးတလည် ဖန်တီးထားတယ်ဆိုတာ ခင်ဗျား ယုံလား..."

ကျိုးကျန်းလီ၏ မျက်နှာမှာ အံ့အားသင့်သွားဟန် ရှိလေသည်။

သူ မယုံကြည်ခဲ့ပေ။

သို့သော် ကမ္ဘာမြေပေါ်ရှိ အစွမ်းအထက်ဆုံး အုပ်ချုပ်သူတစ်ဦးအနေဖြင့် သူသည် သာမန်လူများထက် သတင်းအချက်အလက်များကို ပိုမိုရရှိထားသည်မှာ သေချာလှပေသည်။

စကြဝဠာကြီးက... အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှပေ၏။ မဖြေရှင်းနိုင်သေးသော ပဟေဠိများစွာ ရှိနေလေသည်။ သက်ဆိုင်ရာ ဌာနများသည် ပုံမှန်မဟုတ်သော ရေဒီယိုသတ္တိကြွမှုများနှင့် အချက်အ လက်အချို့ကို အမှန်တကယ်ပင် ထောက်လှမ်းတွေ့ရှိခဲ့ကြလေသည်။

သို့သော် ဤသည်မှာ နေအဖွဲ့အစည်းကို တမင်တကာ ဖန်တီးထားခြင်း ဖြစ်ကြောင်း သက်သေပြရန် မလုံလောက်သေးပေ။

သို့သော် ကောင်းယွမ်က ထိုသို့ ပြောဆိုလာခဲ့သည်။

ကျိုးကျန်းလီသည် ဤကိစ္စကို အလေးအနက်ထား စဉ်းစားရတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ကောင်းယွမ်သည်သာ စကြဝဠာ၏ လျှို့ဝှက်ချက်များကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသူ ဖြစ်သော ကြောင့်ပင်။

"အကယ်၍ အဲဒါက တကယ်သာဆိုရင် ငါတို့ ဘာပဲလုပ်လုပ် ထူးခြားလာမှာ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား..."

ကောင်းယွမ် ကိုယ်တိုင်လည်း သေသေချာချာ မရှင်းပြနိုင်ခဲ့ပေ။ သို့သော် ကောင်းချိုးက သူသာ အလုံ အလောက် မြန်ဆန်နေသရွေ့ နည်းပညာ၏ အမြင့်ဆုံး အကန့်အသတ်ကို လျင်မြန်စွာ ချိုးဖျက်နိုင်မည့် မျှော်လင့်ချက် ရှိကြောင်း သူ့ကို ပြောပြခဲ့ပြီး သူ၏ စိတ်ကူးနယ်ပယ်ထဲတွင်လည်း ထိုနျူထရွန် ရှိနေ သေးပေသည်။

"လယ်သမား တစ်ဦးက မြေတစ်ကွက်ကို စိုက်ပျိုးတယ်ဆိုရင် သူက ကောက်ပဲသီးနှံတွေ ကြီးထွားလာ တာကို အချိန်တိုင်း စောင့်ကြည့်နေပါ့မလား... တကယ်လို့များ အဲ့အပင်တွေထဲက တစ်ပင်က အဲဒီမြေက နေ ထွက်သွားချင်တယ်ဆိုရင် သူ လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက လယ်သမား မရှိတဲ့အချိန်ပဲ ဖြစ်မှာပေါ့..."

ကောင်းယွမ် ဆက်မပြောတော့ပေ။

ကျိုးကျန်းလီက မျက်မှောင်ကြုတ်လိုက်လေ၏။

"ပူးပေါင်းဆောင်ရွက်တာက ပိုမကောင်းဘူးလား..."

"မကောင်းဘူး... ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အရေးကြီးတဲ့ ကိစ္စတွေမှာပဲ အာရုံစိုက်ရမယ်... အငြင်းပွားမှုတွေမှာ အချိန်မဖြုန်းချင်ဘူး..."

"မင်း ဒီအကြောင်းလေး လာပြောရုံသက်သက်ပဲလား..."

"ဟုတ်ပါတယ်... နိုင်ငံတော်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားဖို့ မျှော်လင့်ပါတယ်... ပြီးတော့ ဒီကပ် ဘေးကြီးကို ကျော်လွှားနိုင်ဖို့ နိုင်ငံတော်ကို ကျွန်တော် ကူညီပေးသွားမှာ သေချာပါတယ်..."

"ကောင်းပြီ... ငါ နားလည်ပါပြီ..."

ထိုစကားကို ကြားသောအခါ ကျိုးကျန်းလီသည် သူ၏ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး မိမိနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကောင်းယွမ် သိလိုက်လေသည်။ ထို့နောက် သူကိုယ်တိုင် သည်လည်း ရှနိုင်ငံ၏ ကယ်တင်ရှင် ဖြစ်လာပေလိမ့်မည်။

ထိုနေ့တွင်...၊

ရှနိုင်ငံသည် ပုံမှန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ဟန်ဆောင်ကာ အဓိက စစ်ဒေသများမှ တပ်ဖွဲ့များကို နယ်စပ်သို့ စတင်ချထားခြင်းကဲ့သို့သော စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက် ပြုလုပ်ခဲ့လေသည်။

All Chapters