အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃)
လုံးဝ ကမောက်ကမဖြစ်နေခြင်း
ကောင်းယွမ်သည် မုကျားသို့ ပြန်ရောက်လာချိန်၌...၊
အစိုးရသည် ရရှိနိုင်သော အစားအစာအားလုံးကို အမြောက်အမြား လျှို့ဝှက်စွာ စတင်ဝယ်ယူနေခဲ့ပြီ ဖြစ်၏။ ပေါင်းစပ်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးမှာလည်း အရှိန်အဟုန် မြင့်တက်နေခဲ့လေသည်။
ဤသည်မှာ ကောင်းယွမ် ပေးအပ်ထားသော ဆောက်လုပ်ရေးပိုးကောင်များကို တရားဝင်အဖွဲ့က ပထမ ဆုံးအကြိမ် အသုံးပြုခြင်းပင် ဖြစ်ပေသည်။
တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း ကျွန်းများ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးပိုးကောင်များကို အသုံးပြုမည်ဖြစ်ကြောင်း တရားဝင် ကြေညာချက်များပင် ထွက်ပေါ်လာခဲ့လေသည်။
ဤလုပ်ဆောင်ချက်များ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှာ အံ့အားသင့်ကာ နားဝေတိမ်တောင် ဖြစ်သွားခဲ့ကြရပေသည်။
ဤအချိန်တွင် ကောင်းယွမ်သည်လည်း ကျရောက်လာတော့မည့် ကပ်ဘေးကြီးအတွက် ပြင်ဆင်နေခဲ့ လေသည်။
မူလက တာချင်းတောင်ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အားလုံးသည် သာမန် ဆောက်လုပ်ရေး အဖွဲ့များကို အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင်မူ အရန်ဆောက်လုပ်ရေးအဖွဲ့များသာ ကျန်ရှိတော့ ပြီး အဓိက အဆောက်အအုံများအတွက် ကောင်းယွမ်သည် ဆောက်လုပ်ရေးပိုးကောင်များကိုသာ အသုံးပြုနေဆဲ ဖြစ်၏။
မိုင်သုံးရာရှည်လျားသော တာချင်းတောင် တစ်ကြောလုံးမှာ ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် ပြည့်နှက် နေလျက်ရှိလေတော့သည်။
အကယ်၍ အပြည့်အဝ ပြီးစီးသွားပါက ၎င်းသည် နိုင်ငံအတွင်း အကြီးဆုံးမြို့တော်ကြီးပင် ဖြစ်လာ နိုင်ချေ ရှိပေသည်။
ကောင်းယွမ်သည် လက်ရှိတွင် အစည်းအဝေးခန်းထဲ၌ ရှိနေလေ၏။ ကြီးမားသော မျက်နှာပြင်ပေါ်တွင် တာချင်းတောင်၏ စီမံကိန်းမြေပုံကို ပြသထားလေသည်။
ကောင်းယွမ်သည် ပုံကို လက်ညှိုးထိုးပြကာ ရှင်းပြနေခဲ့၏။
"ဒီနေရာက ဧကတစ်ထောင် ကျယ်ဝန်းတဲ့ အာကာသဘက်စ်ကား အခြေစိုက်စခန်းပဲ... အာကာသ ဘက်စ်ကားတွေ ထုတ်လုပ်ဖို့ ဒီနေရာမှာ အလုပ်ရုံကြီးတစ်ခု တည်ဆောက်ထားတယ်... ဒီနေရာက အသက်ဆက် အခြေခံဆေးရည် ထုတ်လုပ်မယ့်နေရာဖြစ်ပြီး ဒီနေရာကတော့ အာဟာရအနှစ် ပေါင်းစပ် ထုတ်လုပ်မယ့် အလုပ်ရုံပဲ..."
ဤအချိန်တွင် ကျန်းပိုင်ရီက ဝင်ပြောလိုက်လေသည်။
"အာဟာရအနှစ် ဟုတ်လား... လောင်ကောင်း... ဒီပစ္စည်းအတွက် ဈေးကွက် သိပ်ရှိမယ်မထင်ဘူးနော်... အရသာကလည်း သာမန်လောက်ပါပဲ... အရသာကို ပိုကောင်းအောင် လုပ်ရင်တောင် သိပ်ရောင်းရမှာ မဟုတ်ဘူး... ဘာလို့ ဒီလောက် ကြီးမားတဲ့ နေရာကြီးကို ချန်ထားရတာလဲ..."
"အဲဒါကို ထားလိုက်ပါ... ဒါနဲ့ ငါပြင်ဆင်ခိုင်းထားတဲ့ လေနဲ့ ရေသန့်စက်ရုံတွေရော အဆင်သင့် ဖြစ်ပြီ လား..."
"အေးပါ... ထုတ်လုပ်ရေးလည်း စတင်နေပြီ... မင်းများ ဈေးကွက်ရှာ ကြော်ငြာချင်သေးလားလို့ ငါတွေး နေတာ..."
"မလိုဘူး... ထုတ်ကုန်တွေ အားလုံးကို ဒီဂိုဒေါင်ထဲမှာပဲ သိမ်းထားမယ်... တခြား ဘယ်သူ့ကိုမှ ဝင်ခွင့် မပြုဘူး... ဒီနေရာရဲ့ လုံခြုံရေးကို အန်းရှီဆန်းကို တာဝန်ယူခိုင်းလိုက်..."
"ထုတ်တော့ ထုတ်ပြီး မရောင်းဘူးပေါ့... အဲဒါက ဘာအဓိပ္ပာယ်လဲ..."
ကျန်းပိုင်ရီမှာ အနည်းငယ် နားဝေတိမ်တောင် ဖြစ်သွားခဲ့လေသည်။
ကောင်းယွမ်သည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုရှိ သတ္တုတွင်းလုပ်သားများအတွက် ရေနှင့် လေကို ထုတ်လုပ်ပေးနေခြင်း ဖြစ်ပေသည်။ ကောင်းချိုး... ကောင်းကန့်နှင့် အခြားသူများ ဘာတွေ ဖြစ်နေမည် ကို သူ တွေးတောနေမိလေ၏။ သို့သော် နောင်တရမည့်အစား ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်း ပေလိမ့်မည်။
ယခုအခါ အနာဂတ်ကမ္ဘာသည် မြို့တော်ကြီးရှစ်ခုကို မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ရာ အရင်းအမြစ်များစွာ ဆုံးရှုံးသွားခဲ့ပြီး ကောင်းယွမ်ကို နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များသာ ပေးနိုင်တော့ပေသည်။ ကြီးမားသော ရုပ်ပိုင်းဆိုင်ရာ ကုန်ပစ္စည်းများကိုမူ ကိုယ်တိုင် ထုတ်လုပ်နေရဆဲ ဖြစ်ချေ၏။
ထို့ကြောင့် ကောင်းယွမ်သည် လကမ္ဘာကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထိုနေရာတွင် သတ္တုတွင်းများ တည် ဆောက်ရန် စီစဉ်နေခဲ့ခြင်းဖြစ်လေသည်။
အကြီးစား သတ္တုတူးဖော်ရေးလုပ်ငန်းများက ၎င်းတို့ကို ကုန်ကြမ်းများ ကိုယ်တိုင် အသုံးပြုနိုင်ရုံသာမက ကောင်းချိုးထံသို့ပါ ပေးပို့နိုင်စေမည် ဖြစ်ပေသည်။
အလုပ်များနေမှုများကြားတွင် ရက်သတ္တနှစ်ပတ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေ၏။
တာချင်းတောင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထိုနေ့တွင်ပင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေသော သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့လေသည်။ ရုရှား သည် ရုရှားပိုင်နက်မှတစ်ဆင့် ပိုလန်ကို လျှို့ဝှက်စွာ လျှပ်တစ်ပြက် စစ်ဆင်ရေးဖြင့် စတင်တိုက်ခိုက် လိုက်ခြင်းပင် ဖြစ်၏။
ခြောက်နာရီအတွင်း ဒုံးပျံပေါင်း တစ်သိန်းကျော်နှင့် ဒုံးကျည် ရာပေါင်းများစွာကို ပစ်လွှတ်ခဲ့ခြင်းဖြစ် လေသည်။
ဤသည်မှာ ယခင်က ရုရှားဝက်ဝံကြီးနှင့် တိုက်ပွဲဝင်နေခဲ့သော အာ့မောက်ကို အလွန် ကြောက်လန့်သွား စေခဲ့ပေသည်။
အာ့မောက်အတွက် ဤမျှ ပြင်းထန်သော ပစ်ခတ်မှုမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်၏။
ထိုနေ့တွင်ပင် ပိုလန်ခေါင်းဆောင်မှာ ခေါင်းဖြတ်သတ်ခံခဲ့ရပြီး မြေပြင်တပ်ဖွဲ့ အမြောက်အမြားသည် ပိုလန်သို့ ဝင်ရောက်လာကာ အဓိက မြို့ကြီးများနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ထိန်းချုပ်လိုက်ကြလေသည်။ တပ်ဖွဲ့အချို့သည် ပိုလန်၏ နောက်ကျောဘက်သို့ပင် ကွေ့ပတ်သွားကာ အရှေ့နှင့် အနောက်မှ ညှပ်၍ တိုက်ခိုက်မှုများကို စတင်ခဲ့ကြပေသည်။
ပိုလန်စစ်တပ်သည် အဓိကအားဖြင့် အရှေ့ဘက်တွင် ရုရှားဝက်ဝံကြီးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော ကြောင့် အနောက်ဘက်တွင် အားနည်းချက် ဖြစ်ပေါ်နေကာ ရုရှားတပ်များကို အဟန့်အတားမရှိ ချီတက် နိုင်စေခဲ့လေသည်။
ကမ္ဘာတစ်ဝန်းလုံး အံ့အားသင့် တုန်လှုပ်သွားခဲ့ကြရပေသည်။
ဤသည်မှာ ရုရှားဝက်ဝံကြီး၏ အစစ်အမှန် အင်အားပင်လော။
ဥရောပမှာလည်း တုန်လှုပ်ချောက်ချားသွားခဲ့လေ၏။
မကြာသေးမီကပင် စီးပွားရေးမှာ မတည်မငြိမ် ဖြစ်နေခဲ့ရာ ယခု ရုရှားဝက်ဝံကြီး၏ လုပ်ဆောင်ချက် များကြောင့် စတော့ရှယ်ယာဈေးကွက်မှာ ပြိုကျသွားခဲ့ပြီး ကုမ္ပဏီအချို့မှာ ၎င်းတို့၏ စျေးကွက်တန်ဖိုး (၉၉) ရာခိုင်နှုန်းအထိပင် ဆုံးရှုံးသွားခဲ့ရလေသည်။
အဓိက ဘဏ်ကြီးများမှ အပ်ငွေပိုင်ရှင်များသည် ၎င်းတို့၏ ငွေများကို စတင် ထုတ်ယူနေကြပေသည်။ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းများမှာ တစ်ရက်တည်းဖြင့် ဆယ်ဆအထိ ထိုးတက်သွားခဲ့လေ၏။
ဥရောပကိုယ်တိုင်ပင် အမေရိကသာ မပါဝင်ပါက ဖရိုဖရဲ ဖွဲ့စည်းထားသော ဥရောပအနေဖြင့် ရုရှားကို မည်သို့မျှ ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း သိရှိထားလေသည်။
အရှေ့အလယ်ပိုင်းတွင် ပါရှားသည် ရှီးယိုက် လခြမ်းဒေသကို အပြည့်အဝ စတင်အကောင်အထည် ဖော်ကာ ပြန်လည်ထူထောင်ရေးဝါဒကို စတင်နှိမ်နင်းနေပြီ ဖြစ်၏။
အရှေ့အလယ်ပိုင်း နိုင်ငံများသည် ယခုအခါ ပြင်ဆင်နေကြပြီဖြစ်ပြီး အစ္စလာမ်ဘာသာ ပေါင်းစည်းရေး အတွက် နိဒါန်းပျိုးနေကြကာ သန့်ရှင်းသောမြို့တော်သို့ ပထမဆုံး ဝင်ရောက်နိုင်မည့် နိုင်ငံကသာ ကြီးစိုး သော အင်အားစု ဖြစ်လာမည် ဖြစ်ပေသည်။
တိုက်ခိုက်ရေးစွမ်းရည်အရ ပါရှားနှင့် သူ၏ လက်အောက်ခံများမှာ လုံးဝ ဘုရင်များပင် ဖြစ်ကြလေ သည်။
ပြန်လည်ထူထောင်ရေးဝါဒနှင့် ပတ်သက်၍မူ ၎င်းသည် ယခင်က သူတိုက်ခိုက်လိုသူတိုင်းကို တိုက်ခိုက် နိုင်သော အာဏာရှင်ပေါက်စလေးတစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော် အမေရိက ဆုတ်ခွာသွားပြီးကတည်း က ပြန်လည်ထူထောင်ရေးဝါဒသည် အခြားသူများ သတိထားမိမည်ကို ကြောက်ရွံ့ကာ ခေါင်းကျုံ့ အမြီး ဝှက်နေရသော ငုံးတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့လေ၏။
သို့တိုင်အောင် ၎င်းမှာ ကမောက်ကမ ဖြစ်သွားခဲ့ရဆဲပင်။ နိုင်ငံကိုယ်တိုင်က သေးငယ်သော်လည်း ဦး တည်ရာ သုံးခုဖြင့် တိုးချဲ့နေခဲ့ပေသည်။
ရေကြောင်းလမ်းများလည်း ပိတ်ဆို့ခံထားရလေ၏။
ဂျူးလူမျိုး အများအပြားသည် ဤဒုက္ခများလှသော မြေပြင်မှ စတင် ထွက်ပြေးနေကြပြီ ဖြစ်ပေသည်။
အင်တာနက်အသုံးပြုသူများသည် ရုရှားဝက်ဝံကြီး၏ ထကြွလာမှုအပေါ် အံ့အားသင့်နေချိန်တွင်ပင် အမေရိကသည် ပြင်းထန်သော စကားလုံးများဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်လေသည်။
မီးနှင့် မကစားရန် ရုရှားကို အမေရိကန်က သတိပေးလိုက်ပြီး အမေရိကအနေဖြင့် လက်ပိုက်ကြည့်နေ မည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်လေ၏။
လူအများအပြားက အမေရိကသည် ဟန်ရေးပြနေရုံသက်သက်သာ ဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသော် လည်း မကြာမီမှာပင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်သားများကို စတင်စုဆောင်း လာခဲ့ ရာ ကိုယ်တိုင် ပါဝင်ပတ်သက်မည့် လမ်းကြောင်းကို ရှင်းလင်းစွာ ပြသနေခဲ့ပေသည်။
အချိန်တိုအတွင်း ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်နေချိန်တွင် ရှနိုင်ငံပတ်ဝန်းကျင်ဒေသမှာမူ ထူးထူးခြားခြား တည်ငြိမ်နေခဲ့လေသည်။
အိန္ဒိယတို့မှာ နယ်စပ်တွင် အလွန် လိမ္မာရေးခြား ရှိနေကြ၏။ သမိုင်းကြောင်းအရ တောင်ပိုင်းမင်းဆက် သည် ရှနိုင်ငံ၏ လက်အောက်ခံ နိုင်ငံတစ်ခု ဖြစ်ခဲ့သောကြောင့် ယခုအချိန်တွင် ပူးပေါင်းသင့်သည်မှာ မှန်ကန်သည်ဟုဆိုကာ တောင်ပိုင်းမင်းဆက်မှ လူအများအပြားက ရှနိုင်ငံနှင့် တိုက်ရိုက် ပေါင်းစည်းရန် ပင် တောင်းဆိုနေကြလေသည်။
ဤရှုပ်ထွေးလှသော သတင်းစကားများကြားတွင် သတင်းတစ်ပုဒ်မှာ ထင်သာမြင်သာမရှိဘဲ ပေါ်ထွက် လာခဲ့ပေသည်။
ဤသတင်းမှာ ရုရှားဝက်ဝံကြီး စိုက်ပျိုးရေးရုံးမှ လာခြင်း ဖြစ်၏။
"မနေ့က ဒွန်မြစ်တစ်လျှောက်ရှိ ဇီနီယာတွင် ဂျုံရောဂါ ဖြစ်ပွားခဲ့ပြီး ဂျုံစိုက်ခင်း ဧကတစ်ထောင်ကျော် ဟာ ညတွင်းချင်း ညှိုးရော်သွားခဲ့တယ်... သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက နမူနာတွေ ကောက် ယူပြီး စုံစမ်းစစ်ဆေးဖို့ အဲဒီနေရာကို အမြန် သွားနေကြပြီ..."
ကောင်းယွမ်သည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း လက်ပတ်ဖုန်းမှတစ်ဆင့် သတင်းများကို ကြည့် ရှုနေခဲ့လေသည်။
ဤသတင်းကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပေသည်။
ဇာတ်လမ်း စတင်လာခဲ့ပြီ ဖြစ်၏။ လက်ရှိကမ္ဘာတွင် နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်လာမည် မဟုတ်သော် လည်း အပင်သေစေသည့် ကပ်ရောဂါတစ်ခုကား ရှိလာပေလိမ့်မည်။
သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမှာ လက်တွေ့ ဖြစ်လာတော့မည် ဖြစ်သည်။ လဝက်အတွင်း ကမ္ဘာတစ်ဝန်းရှိ ကောက်ပဲသီးနှံ အမျိုးအစားအားလုံး ညှိုးရော်သွားပေလိမ့်မည်။
ငတ်မွတ်ခေါင်းပါးမှုကြီးက ကမ္ဘာတစ်ဝန်းလုံးကို လွှမ်းခြုံသွားပေတော့မည်။
သူတို့ကိုယ်တိုင် ထုတ်လုပ်ထားသော အာဟာရအနှစ်သာလျှင် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ် လာပေလိမ့်မည်။
သို့သော် သူတို့၏ ကိုယ်ပိုင် ထုတ်လုပ်နိုင်စွမ်းမှာ အကန့်အသတ်ရှိပြီး ရှနိုင်ငံကိုသာ ထောက်ပံ့ပေးနိုင် မည် ဖြစ်ချေ၏။
ဤသည်မှာ ကောင်းချိုးက သူ့အတွက် ပြင်ဆင်ပေးထားခဲ့သော လမ်းကြောင်းပင် ဖြစ်ပေသည်။
ထိုအပင်သေစေသည့် ဗိုင်းရပ်စ်ကို အနာဂတ်ကမ္ဘာရှိ အမြင့်ဆုံး အဆင့်ရှိ ဇီဝနည်းပညာများကို ပေါင်း စပ်ထားသော 'အဏုဇီဝ မျိုးရိုးဗီဇပြုပြင်ရေး နည်းပညာ' စက်ရုပ်က ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။
လက်ရှိကမ္ဘာ၏ လက်ရှိ စွမ်းဆောင်ရည်ဖြင့်ပင် ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ကာ ဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းတစ်ခုကို ဖန်တီးရန် ၎င်းတို့အနေဖြင့် အနှစ်ငါးဆယ်ခန့် အချိန်ယူရနိုင်ပေသည်။
ဤဗိုင်းရပ်စ်သည် ကောက်ပဲသီးနှံများကိုသာ ကူးစက်နိုင်ပြီး လေမှတစ်ဆင့် ပျံ့နှံ့နိုင်သောကြောင့် ကာ ကွယ်ရန် သို့မဟုတ် ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
ကောင်းချိုးမှာ အမှန်တကယ်ပင် ရက်စက်လှပေသည်။
သူသည် မကောင်းမှုများကို လုပ်ဆောင်နေသော်လည်း အခြားသူများက သူ့အား ကယ်တင်ရှင်အဖြစ် ရှုမြင်လာစေရန် ဖန်တီးထားခဲ့ခြင်းဖြစ်လေ၏။
ဤသည်မှာ နိုင်ငံရေးသမားများ၏ နည်းဗျူဟာပင် ဖြစ်လေသည်။
အကယ်၍ ကောင်းယွမ်တွင်သာ ကမ္ဘာကြီးကို နှစ်တစ်ထောင်ကျော် သာလွန်သည့် နည်းပညာနှင့် စစ်ရေး အင်အား ရှိမနေခဲ့ပါက သူကိုယ်တိုင်အပေါ်သာ အားကိုးနေရလျှင် ထိုနိုင်ငံရေးသမားများ၏ လှည့်စားမှု ကြောင့် လွန်ခဲ့သော အချိန်များစွာကတည်းက သေဆုံးသွားခဲ့လောက်ပြီ ဖြစ်ပေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဤအခြေအနေသို့ မရောက်မီကပင် ကောင်းယွမ်၏ မူလ ဝက်မွေးမြူရေး သုံးမျိုးစပ်အတွဲကို အပြည့်အဝ အသုံးမချနိုင်ခဲ့ခြင်းပင် ဖြစ်၏။
ဤအချိန်တွင် ကောင်းယွမ်သည် ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ တရားဝင် အကောင့်ပေါ်တွင် သတင်း စကားတစ်ခု တင်လိုက်လေသည်။
[ငါးရံ့နက် နည်းပညာကုမ္ပဏီမှ ကမ္ဘာတစ်ဝန်းရှိ နယ်ပယ်အသီးသီးမှ ထိပ်တန်း ကျွမ်းကျင်ပညာရှင် များကို ကျွန်ုပ်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီအနေနဲ့ ကျွမ်းကျင်ပညာ ရှင်များအားလုံးရဲ့ စားဝတ်နေရေးနဲ့ သယ်ယူပို့ဆောင်ရေး အပါအဝင် ပုဂ္ဂိုလ်ရေး လုံခြုံမှုအတွက် အာမခံ ပါတယ်...]
ကောင်းယွမ်၏ သတင်းသည် အဓိက မီဒီယာဌာနကြီးများမှတစ်ဆင့် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး စစ်ပွဲဖြစ်ပွားရာ ဒေသများမှ ကျွမ်းကျင်ပညာရှင်များသည် ၎င်းကို အသက်ကယ်ကြိုးတစ်ခုအဖြစ် ရှုမြင် ကာ ရှနိုင်ငံသို့ အလျင်စလို သွားရောက်လာခဲ့ကြလေသည်။
အကယ်၍ ကမ္ဘာပေါ်တွင် လုံးဝ လုံခြုံစိတ်ချရသော နေရာတစ်ခု ရှိမည်ဆိုလျှင် ၎င်းမှာ ငါးရံ့နက် နည်း ပညာစက်မှုဇုန်ပင် ဖြစ်ပေလိမ့်မည်။
သို့သော် လူအချို့ကမူ လုံခြုံရေး၊ အစားအသောက်နှင့် နေထိုင်ရေးကို အာမခံခြင်းမှာ အခြေခံအချက် များသာ ဖြစ်ပြီး ဤအရာများကို ထုတ်ပြောလာခြင်းက ငါးရံ့နက် နည်းပညာကုမ္ပဏီတွင် ရိုးသားမှု ကင်းမဲ့နေကြောင်း ပြသနေသည်ဟုဆိုကာ လှောင်ပြောင်ခဲ့ကြလေသည်။
လစာနှင့် စမ်းသပ်ရေး ကိရိယာများကိုပင် အာမခံမထားခဲ့ပေ။ ဤသည်မှာ ပေါက်ကွဲမှုဆိုင်ရာ ရူပဗေဒ ပညာရပ်တွင် နိုဘယ်လ်ဆုရှင် ဟမ်းမ်က တွေးတောခဲ့ခြင်းပင် ဖြစ်လေသည်။