အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅)
တုန်းဟွမ် ထကြွလာခြင်း
"မလိုဘူး... လာချင်တဲ့လူ လာလို့ရတယ်... ငါတို့ရဲ့ ငါးရံ့နက် အိမ်သုံးဆော့ဖ်ဝဲလ်က ဖြန့်ချိရေးလမ်း ကြောင်းတစ်ခုပဲ... အသက်ဆက် အခြေခံဆေးရည်ကို အွန်လိုင်းရော အော့ဖ်လိုင်းကပါ ရောင်းလို့ရ တယ်... ဒါနဲ့ အစွမ်းထက်တဲ့ စီအီးအို ဝမ်တာလင်းက လူတိုင်းကို ပါဝင်ဖို့ ဖိတ်ခေါ်ရင် ဘယ်လိုလဲ... အသက်ဆက် အခြေခံဆေးရည်ကို အပူချိန်ထိန်းအဝတ်အစားနဲ့ လက်ပတ်ဖုန်းတွေလိုပဲ ဝမ်နန်ပလာဇာ မှာ ရောင်းလို့ရတယ်လေ..."
"ဒီလုပ်ထုံးလုပ်နည်းက မသင့်တော်ဘူးမလား... ဒါက ဆေးဘက်ဝင်ပစ္စည်းလေ..."
ပိုင်မော့ယွီက မေးလိုက်လေသည်။
"ငါ ရောင်းလို့ရတယ်ပြောရင် ရောင်းလို့ရတာပေါ့..."
ကောင်းယွမ်သည် ယခုအခါ ယုံကြည်မှုအပြည့်ရှိနေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင် တွင် လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းများမှာ တကယ်တမ်း မရှိသောကြောင့် ဖြစ်၏။ သို့သော် သူက စည်းမျဉ်းများကို ချိုးဖောက်နိုင်ပြီး အခြားသူများကမူ ချိုးဖောက်၍ မရနိုင်ပေ။ စမ်းကြည့်ချင်သူ မည်သူ မဆို စမ်းကြည့်နိုင်ပေသည်။
ပိုင်မော့ယွီသည် ထိုအမျိုးသား၏ စကားများထဲမှ ကြီးစိုးလိုသော အရှိန်အဝါကြောင့် ဖမ်းစားခံလိုက် ရလေသည်။ အချိန်သိပ်မကြာသေးပေ။ ကောင်းယွမ်သည် တကယ်တမ်း ဤအဆင့်အထိ ကြီးထွား လာခဲ့ပြီ ဖြစ်ပေ၏။
သို့သော် တွေးကြည့်လိုက်လျှင် ဤကမ္ဘာပေါ်၌ ကောင်းယွမ်ကို ထိန်းချုပ်နိုင်မည့်သူ ရှိပါမည်လော။
"ဘာကြည့်နေတာလဲ..."
ကောင်းယွမ်သည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ပိုင်မော့ယွီ၏ မေးစေ့ကို ပင့်တင်လိုက် လေသည်။
"မင်းက ဘယ်လောက်တောင် ချောလိုက်လဲ ကြည့်စမ်းပါဦး..."
"ဟားဟား..."
အမှန်တကယ်ပင် လိမ်ညာမှုများက လူတို့ကို ခံစားချက်ကောင်းစေနိုင်ပေသည်။
"ဒါဆို မင်းရဲ့ခန္ဓာကိုယ်နဲ့ ငါ့ကို ဘာလို့ ကျေးဇူးမဆပ်တာလဲ..."
"ကျွန်မလည်း ဆပ်ချင်ပါတယ်... ဒါပေမဲ့ တန်းစီရမှာ ခက်ခဲနေမှာ စိုးလို့ပါ..."
ကောင်းယွမ် ဆွံ့အသွားခဲ့လေသည်။
ကောင်းယွမ်မှာ ပြောစရာစကားမဲ့သွားသဖြင့် အပြင်ဘက်သို့ ကြည့်ဟန်ဆောင်နေလိုက်ရတော့သည်။
"ဟင်... လောင်ကျန်း ဘာလုပ်နေတာလဲ..."
"သူ ရှလင်ကို မျက်စိကျနေတာလေ... အခု ရှလင် ပြန်ရောက်လာပြီဆိုတော့ သူက ခွေးပေါက်လေး တစ်ကောင်လို မျက်နှာချိုသွေးနေတာ မတွေ့ဘူးလား..."
*ရှလင်လား…*
ကောင်းယွမ် ရယ်ချင်သွားခဲ့လေသည်။
ကျန်းပိုင်ရီသည် ဒန်းဒန်းကို အချိန်အတန်ကြာ ပိုးပန်းနေခဲ့ခြင်း ဖြစ်၏။ နောက်ပိုင်းတွင် သူ ကောင်းယွမ် နှင့် အရက်သောက်နေစဉ် ထိုလှပသော အမျိုးသမီးများမှာ စက်ရုပ်များဖြစ်ကြောင်း မူလက မယုံကြည် ခဲ့ဟု ကျန်းပိုင်ရီက ဖွင့်ပြောခဲ့ဖူးလေသည်။
သို့သော် ကောင်းယွမ်၏ အဆုံးအစမရှိသော ခေတ်မီဆန်းသစ်သည့် နည်းပညာများကို တွေးတောကြည့် ပြီးနောက် သူ မှားယွင်းနေကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့ပေသည်။
ထို့ကြောင့် ဒန်းဒန်းကို တိုက်ရိုက် မေးလိုက်လေ၏။
"မင်းက စက်ရုပ်လား..."
"ဟုတ်ပါတယ်..."
သေချာသည့် အဖြေကို ရရှိပြီးနောက်တွင်ပင် မယုံကြည်နိုင်သေးသော ကျန်းပိုင်ရီက ထပ်မေးလိုက်လေ သည်။
"အဲဒါကို ဘယ်လို သက်သေပြနိုင်မလဲ..."
နောက်တစ်ခဏတွင်ပင် ဒန်းဒန်းသည် သူမ၏ ကိုယ်ပိုင်ခေါင်းကို ဆွဲဖြုတ်ပြလိုက်လေတော့သည်။
ကျန်းပိုင်ရီမှာ အလွန်တုန်လှုပ်သွားခဲ့သဖြင့် ကုလားထိုင်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီး ထိုအချိန်မှစ၍ လှပ သော အမျိုးသမီးစက်ရုပ်များအပေါ် စိတ်ဝင်စားမှု လုံးဝ ပျောက်ကွယ်သွားခဲ့ရလေတော့သည်။
သနားစရာကောင်းသော ဒုတိယဥက္ကဋ္ဌကျန်းမှာ ယခုအခါ ကမ္ဘာပေါ်တွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်နေ သော်လည်း ချစ်သူကောင်မလေးပင် မရှိသေးပေ။ ငါးရံ့နက် နည်းပညာကုမ္ပဏီတွင် အမျိုးသမီးငယ်များ စွာ ရှိသော်လည်း သူတို့အားလုံးမှာ ကျန်းပိုင်ရီ၏ ရာထူးကိုသာ မက်မောနေကြခြင်း ဖြစ်လေ၏။
ရှလင် တစ်ဦးတည်းကသာ သူ့ကို အေးစက်စက် ဆက်ဆံခဲ့ခြင်းဖြစ်လေသည်။
ကောင်းယွမ် ကြည့်ရှုနေစဉ် အောက်ထပ်မှ ကျန်းပိုင်ရီက သူ့ကို လက်လှမ်းပြနေသည်ကို ရုတ်တရက် မြင်လိုက်ရပေသည်။
"လောင်ကောင်း... မသွားနဲ့ဦး... မင်းနဲ့ စကားပြောစရာ ရှိသေးတယ်..."
ကောင်းယွမ်မှာ လုံးဝ နားဝေတိမ်တောင် ဖြစ်သွားခဲ့လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ရှလင်နှင့် ကျန်းပိုင်ရီတို့ ဝင်လာခဲ့ကြ၏။
"ဘာဖြစ်လို့လဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ငါ မဟုတ်ဘူး... အထွေထွေမန်နေဂျာရှလေ..."
ကောင်းယွမ်သည် ရှလင်ကို ကြည့်လိုက်၏။
ရှလင်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... အမေရိကမှာ ပြဿနာတစ်ခုခု ဖြစ်သွားပြီ..."
ကောင်းယွမ် အံ့ဩသွားခဲ့ရပေသည်။
*အမေရိကမှာ ဘာပြဿနာ ဖြစ်နိုင်မှလဲ….*
"လာ... ထိုင်ပြီးမှ ပြော... မလောနဲ့... ငါ့ကို ဖြည်းဖြည်းချင်း ပြောပြ..."
ရှလင်သည် ရေတစ်ငုံ သောက်လိုက်လေသည်။
"ကျွန်မ ထွက်လာတုန်းက အားလုံး အဆင်ပြေနေသေးတယ်... ဒါပေမဲ့ ဝမ်ကျိုက အခုလေးတင် သတင်း ပို့လာတယ်... အမေရိက တစ်ဝန်းက ဆိုင်ခွဲ တစ်ရာ့လေးဆယ့်ငါးဆိုင်ထဲမှာ ဆိုင်ရှစ်ဆယ်ကျော်က မနေ့ က ဖျက်ဆီးခံရပြီး ပစ္စည်းတွေ လုယက်ခံလိုက်ရတယ်တဲ့..."
ကောင်းယွမ် တွေးတောလိုက်လေ၏။ ယခင်က ရှလင်ကို ထိုနေရာသို့ စေလွှတ်စဉ်က သူသည် စက်ရုပ် တစ်သုတ်ကိုလည်း ထည့်ပေးလိုက်သေးသည်။ သို့သော် နောက်ပိုင်း တိုးချဲ့မှုများနှင့်အတူ စက်ရုပ်များ မလုံလောက်တော့သဖြင့် ၎င်းတို့သည် အဓိက ဆိုင်ကြီးများ၏ လုံခြုံရေးကိုသာ သေချာအောင် လုပ် ဆောင်နိုင်ခဲ့ကြပေသည်။
ဤမျှများပြားသော ဆိုင်များ တစ်ရက်တည်းဖြင့် ဖျက်ဆီးခံရခြင်းမှာ တစ်စုံတစ်ယောက်က သူတို့ကို တမင် ပစ်မှတ်ထားနေကြောင်း သိသာထင်ရှားလှပေသည်။
ကောင်းယွမ် ပြုံးလိုက်လေသည်။
*ဒီအခြေအနေအထိ ရောက်နေချိန်မှာတောင် ငါတို့ကို စိန်ခေါ်ဝံ့တဲ့သူ ရှိနေသေးတာလား… သူက တကယ်ပဲ သေရမှာကို မကြောက်တာလား…*
"ဘယ်သူ ဖျက်ဆီးသွားတာလဲဆိုတာ သိလား..."
"တုန်းဟွမ်ကို ထောက်ခံတဲ့သူတွေ ဖြစ်ရမယ်... ဥက္ကဋ္ဌလည်း သိတဲ့အတိုင်း အမေရိကမှာ နှစ်ကုန်ရင် ရွေးကောက်ပွဲ ရှိတယ်လေ... ပြီးတော့ ဒီတစ်နှစ်လုံးက အကြိုလှုပ်ရှားမှုတွေလုပ်ပြီး ထောက်ခံမှု ရယူ ရမယ့်အချိန်ပဲ... ဒါပေမဲ့ အကြီးအကဲ အန်းနီက မကြာသေးမီက အရမ်း တိတ်ဆိတ်နေပြီး မျက်နှာ တောင် သိပ်မပြဘူး... ဒါ့အပြင် စီးပွားရေးကလည်း ကျဆင်းနေပြီး စတော့ရှယ်ယာဈေးကွက်က မတည် မငြိမ် ဖြစ်နေတယ်လေ... အမေရိက အနောက်ပိုင်းမှာလည်း အပင်သေစေတဲ့ ကပ်ရောဂါ ဖြစ်ပွားနေ တယ်..."
"အပင်သေစေတဲ့ ကပ်ရောဂါ..."
ကျန်းပိုင်ရီနှင့် ပိုင်မော့ယွီတို့မှာ အနည်းငယ် အံ့ဩသွားကြလေသည်။
"အပင်သေစေတဲ့ ကပ်ရောဂါဆိုတာ ဘာလဲ... ကူးစက်ခံရရင် ခြောက်သွေ့သွားတာလား..."
"အကြမ်းဖျင်းအားဖြင့်တော့ ဟုတ်တယ်... ဒါပေမဲ့ အပင်တွေကိုပဲ ထိခိုက်တာပါ... ရက်အနည်းငယ်အ တွင်းမှာပဲ ရုရှားနိုင်ငံ ဒွန်မြစ်ဝှမ်းက မြေဧက သန်းပေါင်းများစွာပေါ်ရှိ ကောက်ပဲသီးနှံတွေ ညှိုးရော် သေဆုံးသွားတယ်... ဥရောပနဲ့ အမေရိကတို့က ရုရှားထုတ်ကုန်တွေ တင်သွင်းတာကို အရေးပေါ် ရပ် ဆိုင်းလိုက်ပေမဲ့ ရုရှားက ပိုလန်ကို လျှပ်တစ်ပြက် ဝင်တိုက်ပြီးနောက် ဂျာမနီနဲ့ နယ်စပ်မှာ ထိပ်တိုက် ရင်ဆိုင်မှု စတင်နေပြီလေ... "
"အမေရိကက ဂျာမနီကို တပ်ဖွဲ့ဝင် နှစ်သောင်း အရေးပေါ် စေလွှတ်လိုက်တယ်... လေယာဉ်တွေက တစ်ဆင့် ဗိုင်းရပ်စ် ပါသွားတာ ဖြစ်ဖို့များတယ်... ဘာလို့လဲဆိုတော့ နောက်တစ်နေ့မှာပဲ အမေရိက အနောက်ပိုင်းက ကောက်ပဲသီးနှံတွေ အမြောက်အမြား စတင် ညှိုးရော်လာလို့ပဲ..."
"အချက်အလက် အမျိုးမျိုးကြောင့် အမေရိကမှာ ပြည်သူတွေရဲ့ ဒေါသက ကြီးထွားလာနေတယ်... တုန်းဟွမ်က ပြဿနာရဲ့ အဓိကအရင်းအမြစ်က ဥက္ကဋ္ဌပဲ ဆိုပြီး ကြေညာချက် ထုတ်လိုက်တယ်... ငါးရံ့နက် နည်းပညာကုမ္ပဏီကြောင့်ပေါ့..."
ကောင်းယွမ်က မေးလိုက်လေ၏။
"ဒါဆို ငါတို့ဆိုင်ကို ဝင်စီးသွားတာ တုန်းဟွမ်ရဲ့ ထောက်ခံသူတွေပေါ့..."
"ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒါက ခန့်မှန်းချက်သက်သက်ပါပဲ..."
"အမေရိကန် အစိုးရရဲ့ သဘောထားက ဘာတဲ့လဲ... သူတို့ကို ဆက်သွယ်ပြီးပြီလား..."
"မဆက်သွယ်ရသေးဘူး... ဒါပေမဲ့ အားလုံး ဖျက်ဆီးခံလိုက်ရပြီ... အထဲက ပစ္စည်းတွေလည်း လုယက်ခံ လိုက်ရပြီ... ဖက်ဒရယ်အစိုးရက ဝင်ရောက်စွက်ဖက်ရင်တောင် ဖြေရှင်းရ လွယ်ကူမှာ မဟုတ်ဘူး..."
ကျန်းပိုင်ရီမှာ အလွန် ဒေါသထွက်နေပုံရလေသည်။
"လောင်ကောင်း... ငါတို့ လူလွှတ်ပြီး ရှင်းခိုင်းလိုက်ရမလား..."
ကျန်းပိုင်ရီသည် လည်ပင်းလှီးသည့် လက်ဟန်အမူအရာကို ပြုလုပ်လိုက်၏။
ကောင်းယွမ် ပြုံးကာ ပြောလိုက်လေသည်။
"အဲဒီလောက် အကြမ်းမဖက်ပါနဲ့... ငါတို့က တရားဝင် စီးပွားရေးသမားတွေလေ... ဘယ်လိုလုပ် ဒီလိုမျိုး လုပ်လို့ရမလဲ..."
ကျန်းပိုင်ရီ အံ့ဩသွားခဲ့လေသည်။
"ကောင်းယွမ်... မင်းကိုယ်မင်း တရားဝင် စီးပွားရေးသမားလို့ ပြောလိုက်တာလား... ကမ္ဘာတစ်ဝန်းလုံး က သဘောတူမယ် မထင်ဘူး... အထူးသဖြင့် ဂျပန်တွေပေါ့..."
"လျှောက်မပြောနဲ့... ဒီနေရာမှာ ဂျပန်တွေမှ မရှိတာ... မင်း ခေါ်လိုက်ရင် သူတို့က ထူးမှာမို့လို့လား..."
"ငါ တကယ် သဘောမတူနိုင်ဘူး..."
"ရှင်တို့နှစ်ယောက် နောက်နေတာ ရပ်လိုက်တော့... လူရွှင်တော် လာလုပ်နေကြတာလား... ဘာလုပ်ရမ လဲ ဆိုတာကိုသာ ပြော..." ဟု ပိုင်မော့ယွီက ဝင်ပြောလိုက်လေသည်။
ရှလင်က မျက်မှောင်ကြုတ်လိုက်၏။
"ဥက္ကဋ္ဌကောင်း... မကြာသေးမီက တုန်းဟွမ်ရဲ့ လမ်းညွှန်မှုအောက်မှာ အမေရိကက ဥက္ကဋ္ဌအပေါ် အရမ်း ရန်လိုလာကြတယ်... ဒါက အစပဲ ရှိဦးမယ် ထင်တယ်..."
တုန်းဟွမ်သည် တစ်ချိန်က အကြီးအကဲ ဖြစ်ခဲ့ကြောင်း ကောင်းယွမ် အသေအချာ သိထားပေသည်။
အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီး၏ ထိပ်တန်းအရာရှိများသည် ကောင်းယွမ်ထံ ဘက်ပြောင်း သွားကြောင်း သိလိုက်ရချိန်တွင် သူသာ သီးသန့်နေထိုင်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် ပြဿနာ ရှိမည် မဟုတ်ပေ။ သို့သော် သူသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ကာ အချိန်မရှိတော့ပေ။ ဤရွေးကောက် ပွဲတွင်သာ အသေအလဲ မယှဉ်ပြိုင်ပါက နောက်ထပ် ရွေးကောက်ပွဲ ရှိတော့မည် မဟုတ်ချေ။
ဤအခြေအနေတွင် တုန်းဟွမ်သာ အာဏာပြန်ရလိုပါက သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏ ကျေးလက်နေ လူဖြူလူတန်းစားများအပေါ်တွင်သာ တည်မှီနေပြီး ယခုအခါ လူလတ်တန်းစား အချို့လည်း ပါဝင်လာခဲ့ပြီ ဖြစ်၏။
ဩဇာကြီးမားသူများနှင့် သူဌေးကြီးများကသာလျှင် ကောင်းယွမ်သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိရှိထားကြပြီး ၎င်းတို့အနေဖြင့် မည်သည့်ပြဿနာမျှ မဖန်တီးလိုကြပေ။
တုန်းဟွမ်သည် ဤအချက်ကို အလွန် ကောင်းစွာ သိရှိထားလေသည်။ သို့သော် သူ့တွင် စွန့်စားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
အဆိုးဆုံးဖြစ်နိုင်ချေမှာ သေဆုံးခြင်းပင် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူ အိုမင်းနေပြီ ဖြစ်လေသည်။
ဤအရာကို တွေးမိသောအခါ ကောင်းယွမ် ရုတ်တရက် ပြုံးလိုက်လေသည်။
"ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ဆိုင်ခွဲတွေကို ဖျက်ဆီးခဲ့တဲ့ အမေရိကန်တွေရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်လိုက်..."
"ပြီးတော့ရော... ပြီးတော့ရော..."
ကျန်းပိုင်ရီသည် စိတ်လှုပ်ရှားနေပုံရလေသည်။
"ဒါပါပဲ..."
"ဒါပဲလား... ဒီလုပ်ရပ်က သူရဲဘောကြောင်ရာ မကျဘူးလား... ရှုတ်ချတာက ဘာထူးမှာမို့လို့လဲ..."
ကောင်းယွမ်သည် ဘာမျှမပြောဘဲ ပြုံးနေလိုက်လေသည်။
အကယ်၍ တုန်းဟွမ်သည် အာဏာထီးနန်းဆီသို့ တက်လှမ်းလိုပါက ဩဇာကြီးမားသူများသည် သဘာဝ ကျကျပင် သူ့ကို ဟန့်တားရန် ကြိုးစားကြပေလိမ့်မည်။ ထို့အပြင် ကောင်းယွမ်သည်လည်း တုန်းဟွမ်ကို ပိတ်ဆို့ဟန့်တားရန် စက်ရုပ်များကို အမိန့်ပေးထားမည် ဖြစ်၏။
အကယ်၍ တုန်းဟွမ်က သင့်လျော်သော လမ်းကြောင်းများမှတစ်ဆင့် သွားမည်ဆိုပါက ထိုအထက် တန်းလွှာ လက်ဝဲယိမ်းသမားများတွင် တုန်းဟွမ်ကို ထပ်မံ ကျရှုံးစေရန် နည်းလမ်းပေါင်း ရာချီ ရှိနေပေ သည်။
သို့သော် ပြည်သူများကြားတွင် တုန်းဟွမ်၏ ဩဇာလွှမ်းမိုးမှုမှာ အမှန်တကယ်ပင် ခိုင်မာအားကောင်း လှပေသည်။
အချိန်တန်သောအခါ ရှုံးနိမ့်မှုကို ထပ်မံ လက်ခံလိုခြင်း မရှိသော တုန်းဟွမ်သည် အမိန့်ပေးလာပေ လိမ့်မည်။
အမေရိကန်ပြည်ထောင်စုသည် အာဏာရှင်စနစ်ကို ဖြုတ်ချရန် အလုပ်သမားလူတန်းစားများ ပေါင်း စည်းကာ အရေးပါလှသော တော်လှန်ရေးတစ်ရပ်ကို စတင်ခဲ့ပေသည်။
ဖြစ်ကောင်းဖြစ်နိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ အစားအစာ အကျပ်အတည်းမှာ ဆိုက်ရောက်နေပြီ ဖြစ်လေသည်။
"ဘာပဲဖြစ်ဖြစ် နိုင်ငံခြားက ကိစ္စတွေကို စိတ်မပူကြရအောင်..."
ကောင်းယွမ်က ပြောလိုက်လေသည်။