အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇)
ကောင်းယွမ် အစိုးရဝန်ထမ်းအဖြစ် တရားဝင် ခန့်အပ်ခံရပြီလား
ဤလကမ္ဘာ ဆင်းသက်မှုသည် ကမ္ဘာ့ပထမဆုံး စံချိန်ငါးခုကို တင်နိုင်ခဲ့ပေသည်။ ပထမဆုံးအကြိမ်အဖြစ် အာကာသယာဉ်နှစ်စင်းကို တစ်ပြိုင်တည်း လွှတ်တင်နိုင်ခဲ့ခြင်း၊ အာကာသယာဉ် တစ်စင်းတည်းတွင် အာကာသယာဉ်မှူး အရေအတွက် ဆယ်ဂဏန်းကျော်ကို ပထမဆုံးအကြိမ် တင်ဆောင်နိုင်ခဲ့ခြင်း၊ ဒုံးပျံ အသုံးမပြုဘဲ လကမ္ဘာသို့ တိုက်ရိုက် ပျံသန်းနိုင်ခဲ့ခြင်းနှင့် လကမ္ဘာပေါ်တွင် လူသားအခြေစိုက်စခန်းကို ပထမဆုံး တည်ဆောက်နိုင်ခဲ့ခြင်းတို့ ဖြစ်ပေ၏။
နောက်ဆုံးစံချိန်တစ်ခုမှာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှ ထုတ်လုပ်သော အာကာသယာဉ်ကို အသုံးပြု၍ လကမ္ဘာသို့ ပထမဆုံး ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်ရာ ၎င်းသည် မိမိတို့နိုင်ငံ၏ ပုဂ္ဂလိကလုပ်ငန်းများ အလွန် အမင်း တိုးတက်နေမှုကို အပြည့်အဝ သက်သေပြနေခြင်းပင် ဖြစ်ပေတော့သည်။
အောက်ဖော်ပြပါ မှတ်ချက်ကဏ္ဍတွင်လည်း ဆူညံပွက်လောရိုက်သွားခဲ့လေတော့သည်။
[ဟိုင်ယန်... နင်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီကိုပဲ အလုပ်သွားလျှောက်လိုက်တော့လေ...]
[ပထမဆုံးစံချိန် ခြောက်ခုလို့ ပြောရမယ်... ပထမဆုံးအကြိမ်အဖြစ် နိုင်ငံကြီးတစ်ခုလုံး ကုမ္ပဏီတစ်ခု ကြောင့် ထိုးဆင်းသွားခဲ့ရပေမဲ့ အဲဒီကုမ္ပဏီကြောင့်ပဲ ပြန်ပြီး အရှိန်တက်လာတာပေါ့...]
[မဟုတ်ဘူး... စံချိန် ခုနစ်ခုဗျ... ကုမ္ပဏီတစ်ခုထဲမှာ ဒုံးပျံကို အရှက်မရှိ လွှတ်တင်နိုင်ခဲ့တာကလည်း ပထမဆုံးပဲ...]
[ငါသာဆိုရင် ပထမဆုံးစံချိန် ဆယ်ခုလောက်အထိ လုပ်ပြလိုက်ဦးမယ်...]
နောက်ကွယ်မှ အချက်အလက်များကို စစ်ဆေးနေကြသည့် အာကာသစင်တာမှ ဝန်ထမ်းများသည် အနည်းငယ် ရှက်ရွံ့နေမိကြလေ၏။ သူတို့သည် လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံနေရသော်လည်း လူတိုင်းပြောနေကြသည်မှာ အမှန်တရားပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ငါးရံ့နက် နည်းပညာကုမ္ပဏီထံမှ အမှန်တကယ် အကျိုးအမြတ် ရရှိခဲ့ ကြ ခြင်းဖြစ်လေ၏။
ဤသို့ဖြစ်သည်မှာလည်း ကောင်းမွန်သည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ ငါးရံ့နက် နည်း ပညာကုမ္ပဏီ တွင် အာကာသစစ်သင်္ဘောများ ရှိနေခဲ့ရာ ဤကဲ့သို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နောင် တွင် အာကာသစစ်သင်္ဘောပေါ်သို့ တက်ရောက်ခွင့် ရရှိနိုင်မည်လား သို့မဟုတ်နန်ထျန်းမန်စီမံကိန်းသည် လည်း မကြာမီ ရည်မှန်းချက်ကို ကျော်လွန်သွားနိုင်မည်လားဟု တွေးတောနေ မိကြခြင်းဖြစ်လေသည်။
ထိုအချိန်တွင် ကောင်းယွမ်သည် ငါးရံ့နက် နည်းပညာကုမ္ပဏီမှ လူများနှင့်အတူ ရောက်ရှိလာခဲ့လေ၏။ သူ၏ နောက်တွင် စက်ရုပ် အခုနှစ်ဆယ် ပါလာခဲ့သည်။ ထိုစက်ရုပ်များသည် အမျိုးသား၊ အမျိုးသမီး ပုံသဏ္ဍာန်များ ဖြစ်ကြပြီး အနက်ရောင် ဝတ်စုံနှင့် နေကာမျက်မှန်များကို ဆင်တူ ဝတ်ဆင်ထားကြကာ ကောင်းယွမ်၏ နောက်တွင် စနစ်တကျ လိုက်ပါလာကြခြင်းဖြစ်လေသည်။
ဟိုင်ယန်သည် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။
"ငါးရံ့နက် နည်းပညာကုမ္ပဏီက ဥက္ကဋ္ဌကောင်း ရောက်လာပါပြီ... သူက ဒီတစ်ခါ လကမ္ဘာခရီးစဉ်မှာ ပါဝင်မှာ ဖြစ်ပါတယ်... ကောင်းယွမ်ကို အင်တာဗျူးကြည့်ကြရအောင်လားရှင်..."
ဖန်သားပြင်ပေါ်တွင်...၊
"ဒါကမက်ထရစ် ရုပ်ရှင်ထဲကအတိုင်းပဲ..."
"ကောင်းယွမ်... တော်ပါတော့... နင့်ကို ဒီလိုမျိုး မြင်ရတာ အဆင်မပြေဘူး... အင်း... နင်ကတော့ ဂရု စိုက်မှာ မဟုတ်ပါဘူးလေ..."
"ငါတို့ အာကာသယာဉ်မှူးတွေကို မြင်တုန်းက အရမ်း စိတ်လှုပ်ရှားခဲ့ရတာ... ဒါပေမဲ့ အခု ကောင်းယွမ် နောက်က လူအုပ်ကြီးကို မြင်တော့ ရုတ်တရက်... နည်းနည်း ကြောက်သွားမိတယ်... သူတို့တွေ ရန်ဖြစ် ကြရင် ဘယ်လိုလုပ်မလဲ..."
"ဒါက လူမိုက်တွေ ရန်ပွဲကျနေတာပဲ... ဥက္ကဋ္ဌကောင်းက အဲဒီလိုလူမျိုး မဟုတ်ပါဘူး... ဥက္ကဋ္ဌကောင်း က... လကမ္ဘာပေါ်မှာ ဗီလာကြီး တစ်လုံး ရှိတယ်လေ..."
ဟိုင်ယန်သည် ကောင်းယွမ်အနားသို့ ချဉ်းကပ်သွားကာ မိုက်ခရိုဖုန်းကို ကမ်းပေးလိုက်လေ၏။
"ဥက္ကဋ္ဌကောင်း... တွေ့ရတာဝမ်းသာပါတယ်ရှင်... ကျွန်မ ဟိုင်ယန်ပါ... ဒီတစ်ခါ လကမ္ဘာခရီးစဉ်မှာ ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ရည်မှန်းချက်က ဘာများ ဖြစ်မလဲရှင်..."
"ဟုတ်ကဲ့... ကျွန်တော်တို့ သုံးလအတွင်း လကမ္ဘာကို သွားမယ့် အထူးခရီးသွား လမ်းကြောင်းတစ်ခု ဖော်ဆောင်နိုင်ဖို့ ကြိုးစားသွားမှာပါ... လကမ္ဘာပေါ်မှာ နိုင်ငံရဲ့ ပထမဆုံး 6A အဆင့်ရှိတဲ့ အပန်းဖြေဇုန်ကို တည်ဆောက်သွားပါမယ်... တည်ဆောက်ပြီးသွားရင် အဲဒီအပန်းဖြေဇုန်ကို နှစ်စဉ် ခရီးသွား ဧည့်သည် သန်းသုံးဆယ်ကျော် လာရောက်နိုင်မှာ ဖြစ်ပြီး ကမ္ဘာပြင်ပ အလုပ်အကိုင် နှစ်ထောင်ကျော်ကိုလည်း ဖန် တီးပေးနိုင်မှာ ဖြစ်ပါတယ်..."
ကောင်းယွမ်သည် လကမ္ဘာ အခြေစိုက်စခန်း၏ မျှော်မှန်းချက်ကို တည်ငြိမ်စွာ ပြောပြနေသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာမူ တဟားဟား ဖြင့် ရယ်မောနေခဲ့ကြလေသည်။
"ကောင်းယွမ်က အစိုးရဝန်ထမ်းအဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရပြီဆိုတာ ငါသိတယ်... သူ စကား ပြောတာတွေက အခုဆို အစိုးရလေသံတွေ ပေါက်နေပြီ..."
"သူတို့တွေ တရားဝင် ခန့်အပ်ခံရတာ သေချာတယ်... ကန့်ကွက်ရှုတ်ချတာတွေ၊ ဗျူဟာမြောက် ဆုံး ဖြတ်ချက်တွေ၊ အခုဆိုရင် ခရီးသွားနေရာတွေ တိုးချဲ့တာ၊ အလုပ်အကိုင် ဖန်တီးတာတွေနဲ့ နှစ်စဉ် အခွန် ငွေ ယွမ်တစ်ထရီလီယံ ကျော်အောင် ကြိုးစားနေတာတွေက သက်သေပဲလေ..."
ဟိုင်ယန်သည်လည်း ရယ်ချင်စိတ်ကို အောင့်ထားရလေ၏။ သူမသည် ကောင်းယွမ်၏ လုပ်ဆောင်ချက် များကို သိရှိထားသူ ဖြစ်ပေသည်။ အထူးသဖြင့် နိုင်ငံတစ်ခုကို ဖျက်ဆီးရန် ပင်လယ်ရေကို ဆူပွက် အောင် လုပ်ခဲ့သည့် ဇာတ်လမ်းကြောင့် လူအများက ကောင်းယွမ်ကို ရက်စက်တတ်သူဟု ထင်မြင်နေ ကြလေသည်။ သို့သော် ကောင်းယွမ်သည် ကင်မရာရှေ့တွင် ရှိနေသည့်အခါ ကြောက်စရာ မကောင်းဘဲ ဘေးအိမ်က ကောင်လေးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။
"ဥက္ကဋ္ဌကောင်း... ဒီတစ်ခါ ငါးရံ့နက် နည်းပညာကုမ္ပဏီကနေ လကမ္ဘာကို ဘယ်သူတွေ လိုက်သွားကြ မှာပါလဲ..."
"ကျွန်တော် ကိုယ်တိုင် ဦးဆောင်သွားမှာပါ... ကျွန်တော့်နောက်က လူတွေကတော့ ငါးရံ့နက် နည်းပညာ ကုမ္ပဏီက အသစ်ဖွဲ့စည်းလိုက်တဲ့ လကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ အုပ်ချုပ်မှုဌာနက ဝန်ထမ်း တွေ ဖြစ်ပါတယ်..."
ကောင်းယွမ်သည် သူ၏နောက်မှ အနက်ရောင် ဝတ်စုံဝတ်ထားသူများကို ညွှန်ပြလိုက်လေ၏။ ဟိုင်ယန် က ဆက်လက် မေးမြန်းလိုက်လေသည်။
"ဥက္ကဋ္ဌကောင်း... ငါးရံ့နက် နည်းပညာကုမ္ပဏီက လကမ္ဘာအပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ထား ထားပုံရတယ်... ဘာကြောင့် လကမ္ဘာပေါ်မှာ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့ချင်ရတာလဲ..."
"ကမ္ဘာမြေကြီးက သိပ်မကျယ်တော့ဘူးလို့ ကျွန်တော် ခံစားရတယ်... ပြီးတော့ လကမ္ဘာက ရှေးယခင် ကတည်းက ကျွန်တော်တို့ရဲ့ နယ်မြေ ဖြစ်ခဲ့တာပါ... ကျွန်တော် လကမ္ဘာကို ဖွံ့ဖြိုးအောင် လုပ်တာဟာ ဘိုးဘေးဘီဘင်တွေရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်..."
အင်တာနက် အသုံးပြုသူများမှာမူ ဆူညံသွားကြလေတော့သည်။
"ကောင်းယွမ်က လကမ္ဘာဟာ ရှနိုင်ငံ နယ်မြေဖြစ်တယ်လို့ ပြောရင်... ဒါ သတ်မှတ်ပြီးသားပဲ... သဘော မတူတဲ့သူ ရှိရင် ဗုံးကြဲလိုက်ရုံပဲ..."
"ကြွားနေတုန်းပဲလား... ကောင်းယွမ်ရဲ့ ဆိုင်ကို အမေရိကမှာ ရိုက်ခွဲခံရတုန်းက သူ တစ်ခွန်းတောင် မဟ ဝံ့ပါဘူး..."
"ကောင်းယွမ်က သူရဲဘောကြောင်တဲ့သူပါ... အမေရိကမှာ လျှို့ဝှက်လက်နက်အသစ် ရှိနေပြီလို့ ကျွန်တော် သံသယရှိတယ်..."
"သတင်းကို ကြည့်လိုက်ဦး... အမေရိကမှာ အပင်နာကျတာတွေ ဖြစ်နေပြီး ဒီနေ့ဆိုရင် အမေရိကရဲ့ ကောက်ပဲသီးနှံ ထက်ဝက်လောက် ပျက်စီးသွားပြီ... နိုင်ငံတကာ စားသောက်ကုန် ဈေးနှုန်းတွေလည်း ဆယ်ဆလောက် တက်သွားပြီ... ရုရှားတွေကလည်း စားသောက်ကုန် တင်ပို့မှုကို ပိတ်ပင်လိုက်ပြီလို့ ကြေညာလိုက်ပြီ..."
ဟိုင်ယန်သည် လနန်းတော် အမှတ် (၁) အကြောင်းကို ဆက်လက် မိတ်ဆက်နေပြီး ရှုပါးကျိုကို မေးမြန်း လိုက်လေသည်။
"ဒါကတော့ ငါးရံ့နက် နည်းပညာကုမ္ပဏီ အုပ်စုရဲ့ ဝေလငါး အကြီးစား စက်မှုလုပ်ငန်းက နည်းပညာ ဒါရိုက်တာ ပရော်ဖက်ဆာ ရှုပါးကျို ဖြစ်ပါတယ်... ပြီးတော့ ဒါကတော့ သူ့ရဲ့ လက်ထောက်... အင်း... မစ္စဒန်းဒန်း ပါ... အခု မစ္စဒန်းဒန်းကနေ ခေတ်သစ်(၀၁) ရဲ့ အချက်အလက်တွေကို ရှင်းပြပေးပါ လိမ့်မယ်..."
ဒန်းဒန်းသည် ကင်မရာရှေ့သို့ ထွက်လာခဲ့လေ၏။ အင်တာနက် အသုံးပြုသူများမှာ ချက်ချင်းပင် ရူးသွပ် သွားကြလေတော့သည်။
"ဘုရားရေ... ငါးရံ့နက် နည်းပညာကုမ္ပဏီက ဘယ်လို လူထူးလူဆန်းတွေလဲ... ကျွန်တော် ဒါကို သတိ ထားမိနေတာ ကြာပြီ... ကောင်းယွမ်ရဲ့ နောက်မှာ ချောမောလှပတဲ့ အမျိုးသား၊ အမျိုးသမီးတွေ အများ ကြီးပဲ... သူတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားတွေက မော်ဒယ်တွေထက်တောင် ပိုပြီး ပြီးပြည့်စုံနေသေး တယ် ... ပြီးတော့ ဒီဒန်းဒန်းဆိုတဲ့ မိန်းကလေးက နာမည်ကတော့ သိပ်မဆန်းပေမဲ့ အပြင်မှာ မြင်ရတာက ကျွန်တော် ထင်ထားတာထက် ပိုပြီး လှနေသေးတယ်..."
"ရှုပါးကျိုကလည်း ချောတာပဲ မဟုတ်လား... သူက ဖျော်ဖြေရေးလောကက မင်းသားတွေထက်တောင် ပိုပြီး ချောနေသေးတယ်..."
ယခင်က ငါးရံ့နက် နည်းပညာကုမ္ပဏီတွင် လူသိများသည့်သူများမှာ ကောင်းယွမ်၊ ကျန်းပိုင်ရီနှင့် ရှလင် တို့သာ ဖြစ်ကြလေသည်။ ထို့ကြောင့် ငါးရံ့နက် ဝန်ထမ်းများ၏ ရုပ်ရည်ချောမောမှုကို လူအချို့ သတိ ထားမိသော်လည်း လူနည်းစုကြားတွင်သာ ပျံ့နှံ့နေခဲ့ခြင်း ဖြစ်၏။
ဤတစ်ကြိမ် ရှနိုင်ငံ ရုပ်မြင်သံကြားဌာန၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ငါးရံ့နက် နည်းပညာကုမ္ပဏီမှ အလယ်အလတ်အဆင့် မန်နေဂျာတစ်ဦးကို အင်တာဗျူးလိုက်သည့်အခါတွင်မူ... ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့ နေရာမျိုး ရှိနေသည်ကို လူအများက တွေ့ရှိသွားကြလေတော့သည်။
ထိုချောမောလှပသည့်သူများမှာ ဉာဏ်ရည်တုဖြင့် ဖန်တီးထားသည့်အတိုင်း ဖြစ်နေခဲ့ပေသည်။ အမှန် စင်စစ် ထိုမျက်နှာများသည် ဉာဏ်ရည်တုဖြင့် အမှန်တကယ်ပင် ဖန်တီးထားခြင်း ဖြစ်ပေတော့၏။ ဉာဏ် ရည်တုဖြင့် ဖန်တီးထားခြင်းသာမက ဉာဏ်ရည်တုဖြင့် ထုတ်လုပ်ထားခြင်းလည်း ဖြစ်ပေသည်။
ရှုပါးကျိုသည် ယဉ်ကျေးသိမ်မွေ့သော ပညာတတ်တစ်ဦး၏ အမူအရာဖြင့် ကင်မရာကို ကြည့်ကာ ပြောလိုက်လေသည်။
"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်က ရှုပါးကျို ဖြစ်ပါတယ်... အာကာသ ဘက်စ်ကားရဲ့ ထိပ်တန်း ဒီဇိုင်နာလည်း ဖြစ်ပါတယ်... အာကာသ ဘက်စ်ကားမှာ ပေါင်းစပ်စွမ်းအင်သုံး လေဖိအားအင်ဂျင်ကို တပ်ဆင်ထားပါတယ်... ပေါင်းစပ်စွမ်းအင်ကနေ ထွက်ပေါ်လာတဲ့ ကြီးမားတဲ့ စွမ်းအင်က လေစုပ်ပေါက် ကနေ လေအမြောက်အမြားကို စုပ်ယူပြီး အင်ဂျင်ထဲမှာ ဖိသိပ်၊ အရှိန်မြှင့် အပူပေးပြီးတော့ နောက် ဘက်ကနေ ပြန်ထုတ်လွှတ်ပါတယ်... "
"အမြင့်ဆုံး ထွက်ရှိနှုန်းကတော့ အသံထက် (၁၈၀) ဆ မြန်ပါတယ်... လေထုထဲကနေ ပျံသန်းထွက်ခွာ ပြီးတဲ့အခါ လေစုပ်ပေါက်က ပိတ်သွားမှာ ဖြစ်ပြီး ပေါင်းစပ်စွမ်းအင်ကနေ ထွက်လာတဲ့ စွန့်ပစ်ပစ္စည်း တွေကို တွန်းကန်အားအဖြစ် အသုံးပြုပြီး... အဆက်မပြတ် အရှိန်မြှင့်သွားမှာ ဖြစ်ပါတယ်..."
"အာကာသ ဘက်စ်ကားရဲ့ အမြင့်ဆုံး အရှိန်ကတော့ တစ်နာရီကို ကီလိုမီတာ သုံးသိန်း ဖြစ်ပြီး ကမ္ဘာမြေ ကနေ လကမ္ဘာကို သွားဖို့ နှစ်နာရီပဲ ကြာပါလိမ့်မယ်... အာကာသ ဘက်စ်ကားဟာ အလျား (၃၆) မီတာ ရှိပြီး ပျံတက်တဲ့အခါ အလေးချိန် တန် (၆၀) ရှိပါတယ်... "
"ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ဆုံးကို (၃၅) တန် တင်ဆောင်နိုင်ပြီး ကမ္ဘာပတ်လမ်းကြောင်း အမြင့်ဆုံး ကို (၃၄.၅) တန်နဲ့ လကမ္ဘာကိုတော့ (၃၄) တန်အထိ တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်... ပျံတက်တဲ့အခါမှာ ရှိတဲ့ တွန်းကန်အားကတော့ (၁၀၇၈၉၀) ကီလိုနယူတန် ဖြစ်ပါတယ်..."
ရှုပါးကျိုက ဤသို့ မိတ်ဆက်ပေးလိုက်သည့်အခါ ဖန်သားပြင်ပေါ်မှ ကျွမ်းကျင်သူများမှာ မနာလို ဖြစ် သွားခဲ့ကြလေသည်။
"အာကာသ ဘက်စ်ကားကတော့ တကယ့်ကို မယုံနိုင်စရာပဲ... ကမ္ဘာပတ်လမ်းကြောင်းနဲ့ လကမ္ဘာ ပတ် လမ်းကြောင်းကြားက တင်ဆောင်နိုင်တဲ့ အလေးချိန် ကွာခြားချက်က တစ်တန်ပဲ ရှိတယ်... ဒါက ဘာကို ဆိုလိုတာလဲဆိုတော့... လူတွေ အများကြီး လိုက်သွားမယ်ဆိုရင် မုန့်တွေကို တစ်တန်လောက်ပဲ သယ် သွားဖို့ လိုတယ်လို့ ပြောတာပဲ..."
"ငါ အိမ်ပြန်ဖို့ အမြန်ရထားနဲ့ ခြောက်နာရီတောင် စီးရတာ... အခု လကမ္ဘာကို သွားဖို့ နှစ်နာရီပဲ ကြာတယ် လို့ ပြောနေတာလား... ငါ လကမ္ဘာကို အရင်သွားပြီး အဲဒီကနေမှ အိမ်ကို ပြန်ရင် ပိုပြီး မြန်မသွားဘူး လား..."
"ဝါး... အရမ်း မိုက်တာပဲ... ကျွန်တော် တကယ်ကို အံ့ဩမိပါတယ်... လကမ္ဘာကို နှစ်နာရီတည်းနဲ့လား... ကောင်းယွမ်က ခုနတင်ပဲ လကမ္ဘာ ခရီးသွားလမ်းကြောင်း ဖွင့်မယ်လို့ ပြောတယ်မလား... လက်မှတ် ဈေးက အရမ်း ကြီးမလား... သိပ်မကြီးရင်တော့ ငါ သေချာပေါက် သွားမှာပဲ... လကမ္ဘာကို ထိခွင့်ပေး မယ်ဆိုရင် ငါ့ကို လက်ထပ်မယ်လို့ ပြောထားတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်လေ..."
ဟိုင်ယန်သည် အံ့အားသင့်သွားသော မျက်နှာဖြင့် ပြောလိုက်လေသည်။
"ပရော်ဖက်ဆာရှု... နှစ်နာရီတည်းနဲ့ လကမ္ဘာကို ရောက်မယ်ဆိုတာ ကျွန်မ တကယ်ကို စိတ်ကူးလို့ တောင်မရနိုင်ပါဘူး..."
အနီးနားတွင် ရပ်နေသော ကောင်းယွမ်မှာမူ စိတ်ထဲတွင် ရယ်မောနေမိလေ၏။
*တကယ်လို့များ အာကာသ စစ်သင်္ဘောသာဆိုရင် လကမ္ဘာကို (၁၅) မိနစ်အတွင်း ရောက်နိုင်တာကို ဒီလူတွေ သိသွားရင် ဘယ်လို့ ဖြစ်နေကြမလဲမသိဘူး…*