← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈)

စွန့်ပစ်ခံရခြင်း

ဟိုင်ယန်သည် အင်တာဗျူးကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်၏။ ထိုစဉ် အာကာသစင်တာမှ ဝန်ထမ်းများ ရောက်ရှိလာပြီး ပြောလိုက်လေသည်။

"အချိန်စေ့ပြီ... လွှတ်တင်ဖို့ ပြင်ဆင်ကြ..."

အာကာသယာဉ်မှူး အားလုံးမှာ စတင်၍ တင်းမာလာကြသော်လည်း ကောင်းယွမ်မှာမူ နွေဦးခရီးထွက် မည့်သူကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့ပေသည်။

"ကောင်းယွမ်ကတော့ နည်းနည်းလေးတောင် စိတ်လှုပ်ရှားနေပုံ မရဘူး..."

"စိတ်လှုပ်ရှားစရာ ဘာရှိလို့လဲ... ကောင်းယွမ်အတွက်တော့ လကမ္ဘာဆိုတာ ဘာမှမဟုတ်ပါဘူး... အင်္ဂါ ဂြိုဟ်ဆိုတာတောင် သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲ ရှိတာ... နက်ပကျွန်းဂြိုဟ်လောက် သွားမှ ပဲ သူ စိတ်ဝင်စားမှာ နေမှာ..."

"နိုင်ငံခြားသားတွေသာ ဒီမြင်ကွင်းကို မြင်ရင် ဘာတွေတွေးမလဲ မသိဘူး..."

ထိုအချိန်တွင် ရှနိုင်ငံ၏ လကမ္ဘာဆင်းသက်မှု တိုက်ရိုက်ထုတ်လွှင့်ချက်ကို ပြည်ပနိုင်ငံများ၌လည်း တိုက် ရိုက် ပြသနေခဲ့ပေသည်။ သို့သော် အဓိက အဖွဲ့အစည်းများနှင့် အဆင့်မြင့်ပုဂ္ဂိုလ်များသာ ထိုတိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေကြခြင်း ဖြစ်ပေ၏။

သာမန်လူများအတွက်မူ လကမ္ဘာမှာ သူတို့နှင့် အလွန်ဝေးကွာလှပေသည်။ သူတို့ စိုးရိမ်နေရသည်မှာ မငြိမ်မသက်ဖြစ်နေသော အခြေအနေများနှင့် ထိုးတက်နေသော စားသောက်ကုန် ဈေးနှုန်းများသာ ဖြစ် လေသည်။

အမေရိကရှိ သမ္မတအိမ်တော်တွင်လည်း အန်းနီသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့၏။ သူမ၏ လက်ထောက်များမှာမူ မနာလိုသော အကြည့်များဖြင့် ကြည့်နေခဲ့ကြလေသည်။

"အကြီးအကဲ... ကျွန်တော်တို့ ကောင်းယွမ်ကို အကူအညီ တောင်းသင့်လား... တုန်းဟွမ်က အခုတလော လုပ်ရပ်တွေက နည်းနည်းလွန်လာသလိုပဲ..."

အန်းနီ၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေခဲ့ပေသည်။ ကောင်းယွမ်သည် အမေရိ ကမှ သည်မျှအထိ ဆုတ်ခွာသွားလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။ သူမသည် မိမိကိုယ်ကိုယ် အစွန့်ပစ်ခံ လိုက်ရပြီဖြစ်ကြောင်း ကြိုတင်၍ ခံစားမိနေခဲ့လေ၏။

ယခင်က သူမ၏ စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းစုကြီးမှ အကြီးအကဲ များသည် ယခုအခါတွင်မူ သံသယများ ဝင်လာကြပြီး အချို့မှာ တုန်းဟွမ်နှင့် တိတ်တဆိတ် ဆက်သွယ် ရန်ပင် ကြိုးစားနေကြလေသည်။

သို့သော် သူမအနေဖြင့် ဘာတတ်နိုင်မည်နည်း။ ကောင်းယွမ်၏ ဗျူဟာကို ကြည့်ခြင်းအားဖြင့် သူသည် ကမ္ဘာကြီးကို ရှုပ်ထွေးအောင် လုပ်ချင်နေပုံရပေသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် နိုင်ငံများ စွာ ရှိနေခြင်းမှာ သူ့အတွက် အလွန်ရှုပ်ထွေးနေသောကြောင့် ဖြစ်ပေလိမ့်မည်။

အန်းနီသည် စိတ်နှလုံး ကြေကွဲနေခဲ့ပေသည်။ သူမသည် ကောင်းယွမ်အတွက် ရှိရှိသမျှကို ပေးဆပ်ခဲ့ သော်လည်း ဤမျှ မြန်ဆန်စွာ အစွန့်ပစ်ခံရလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

"မဟုတ်ဘူး... ငါတို့ ရှနိုင်ငံကို သွားပြီး ခိုလှုံသင့်တယ်..."

"ဗျာ..."

ဝန်ထမ်းများမှာမူ သူမ ဆိုလိုသည်ကို နားမလည်နိုင်ဘဲ ဖြစ်နေကြလေသည်။

"ဒီကမ္ဘာကြီးက ဘယ်တော့မှ အရင်လို ပြန်မဖြစ်နိုင်တော့ဘူး..."

"အကြီးအကဲ... ဘာကို ဆိုလိုတာလဲဟင်..."

"မင်းတို့ ထင်တဲ့အတိုင်းပဲ... ကောင်းယွမ်က အမေရိကကနေ သူ့လူတွေကို လုံးဝ ရုပ်သိမ်းသွားခဲ့ပြီ... အပင်နာကျတဲ့ ရောဂါဆိုးကလည်း အမေရိကရဲ့ ထက်ဝက်လောက်ကို ဝါးမြိုသွားပြီ... သိပ္ပံပညာရှင်တွေ ကတော့ ဘာမှ မလုပ်နိုင်ဘဲ တွေဝေနေကြတုန်းပဲ... အဲဒီဗိုင်းရပ်စ်ရဲ့ လက္ခဏာကိုတောင် သူတို့ နားမ လည်ကြဘူး..."

"မကြာခင်မှာ အဲဒီရောဂါဆိုးက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားလိမ့်မယ်... အဲဒါကို ကောင်းယွမ်တစ် ယောက်ပဲ ဖြေရှင်းနိုင်ပေမဲ့ သူကတော့ ဖြေရှင်းပေးဖို့ ဆန္ဒရှိပုံမရဘူး..."

ဝန်ထမ်းများမှာ မယုံကြည်နိုင်သော မျက်နှာများဖြင့် ကြည့်နေကြလေသည်။

"ကျွန်တော်တို့က ဒီလောက် ပူးပေါင်းဆောင်ရွက်ပေးခဲ့တာကို သူက ဘာလို့ ဒီလို လုပ်ရတာလဲ..."

"ရှနိုင်ငံမှာ စကားပုံတစ်ခု ရှိတယ်... 'မျိုးနွယ်ချင်း မတူရင် စိတ်ထားချင်းလည်း မတူနိုင်ဘူး' တဲ့... သူက ငါတို့ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး... အကယ်၍ အပင်နာကျတဲ့ ရောဂါဆိုးက တစ်ကမ္ဘာလုံးကို ပျံ့သွားရင် ငတ်မွတ်ခေါင်းပါးမှု၊ စစ်ပွဲနဲ့ ကူးစက်ရောဂါတွေက မကြာခင် ရောက်လာတော့မှာ... အဲဒီရဲ့ အကျိုးဆက်ကို မင်းတို့ သိတယ်မဟုတ်လား..."

"..."

ဝန်ထမ်းများမှာ တိတ်ဆိတ်သွားကြလေသည်။

အန်းနီသည် ကင်မရာထဲတွင် တက်ကြွဂုဏ်ယူနေသော ကောင်းယွမ်ကို ကြည့်ကာ မကျေနပ်ချက်များ တိုးပွားလာခဲ့လေတော့သည်။

"ဂျက်ခ်... ငါတို့ ကောင်းယွမ်အပေါ်မှာ သစ္စာရှိကြောင်း ပြသဖို့ လိုတယ်... အခုအချိန်မှာ တစ်ကမ္ဘာလုံး မှာ ရှနိုင်ငံ တစ်ခုပဲ ဘေးကင်းနိုင်တော့တယ်..."

"ဘယ်လို သစ္စာခံရမှာလဲခင်ဗျာ..."

"ငါးရံ့နက် နည်းပညာကုမ္ပဏီက တစ်ကမ္ဘာလုံးက သိပ္ပံပညာရှင်တွေကို အလုပ်ခေါ်နေတယ်ဆိုတာ မှတ် မိလား... အခု အမေရိကကတော့ ကယ်တင်လို့ မရတော့ဘူး... တုန်းဟွမ်က လိုချင်နေမှတော့ ပေးလိုက် ကြတာပေါ့... မင်း သွားပြီး ထိပ်တန်း သိပ္ပံပညာရှင် တစ်စုကို စုစည်းလိုက်... သူတို့တွေ ငါတို့နဲ့အတူ ရှနိုင်ငံကို လိုက်လာရမယ်..."

"အဲဒီ သိပ္ပံပညာရှင်တွေက မလိုက်ချင်ရင် ဘယ်လိုလုပ်မလဲ..."

အန်းနီ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားခဲ့လေသည်။

"မလိုက်ချင်ရင်လည်း ဘာဖြစ်လဲ... လူသားဆိုတာ လူမှုရေးသတ္တဝါတွေပဲ... သူတို့ ဂရုစိုက်ရတဲ့ အရာ တွေ အမြဲရှိနေမှာပဲ မဟုတ်လား..."

"နားလည်ပါပြီ..."

"သွားတော့... ဒါအောင်မြင်သွားရင် ငါတို့တွေ ကမ္ဘာကြီး ပြောင်းလဲသွားတာကို အေးအေးဆေးဆေး ထိုင်ကြည့်နေလို့ ရပြီ..."

ဂျက်ခ်သည် နှမြောတသ ဖြစ်နေဆဲပင် ဖြစ်၏။

*ဒီနေရာက အမေရိက လေ… သမ္မတကြီးက ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား…*

"နောင်တမရပါနဲ့... ငါ ဒီမှာ ဆက်နေလည်း ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး... တုန်းဟွမ်ကလည်း ဒီအခွင့် အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး... အမေရိကကတော့... ပြည်တွင်းစစ် ဖြစ်တော့မှာ... လူဖြူ လက်ဝဲဝါဒီတွေနဲ့ လယ်သမားတွေကြားမှာ ကွဲပြားမှုတွေ ရှိနေတာ ကြာပြီ... အနှေးနဲ့အမြန် ဆိုသလို သူတို့တွေ တိုက်ကြခိုက်ကြတော့မှာပဲ..."

"ဒီလို အရင်းရှင်ကြီး တုန်းဟွမ်က အမေရိကန် အလုပ်သမား လူတန်းစားရဲ့ မျှော်လင့်ချက်ကို သစ္စာ ဖောက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... တကယ့်ကို ရယ်စရာပဲ..."

"ဟားဟား... တကယ့်ကို ရယ်စရာကောင်းတာပဲ..."

...

ရုရှားသမ္မတအိမ်တော်တွင်လည်း ပူတင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့ပေသည်။

သူ၏ မျက်နှာမှာ တည်ကြည်လေးနက်လျက်ရှိနေခဲ့၏။

"ရှနိုင်ငံကတော့ လကမ္ဘာကို အမှန်တကယ် သိမ်းပိုက်တော့မှာပဲ... နိုဗာ... ရှေ့တန်းက အခြေအနေ ဘယ်လိုရှိလဲ..."

"ကျွန်တော်တို့ရဲ့ ရှေ့တန်းက ဂျာမနီရဲ့ အိမ်ရှေ့အထိ ရောက်နေပါပြီ... အခု သူတို့ စစ်တပ်ကတော့ သူတို့ ရဲ့ နောက်ပိုင်းကို ကာကွယ်ဖို့အတွက် အလုံးအရင်းနဲ့ ဆုတ်ခွာနေကြပါတယ်... ဒါပေမဲ့ ကျွန်တော်တို့မှာ လက်နက်ခဲယမ်းတွေ ပြတ်လပ်နေပါပြီ... အရင်ကတော့ ရှနိုင်ငံဆီကနေ အပိုပစ္စည်းတွေ အများကြီး ဝယ်ခဲ့ရပေမဲ့ အခုတလော သူတို့ပေးတဲ့ ပမာဏက လျော့နည်းလာတယ်... ရှနိုင်ငံက ကုန်ကြမ်း အများ အပြားကို ငါးရံ့နက် နည်းပညာကုမ္ပဏီကိုပဲ ပေးနေတယ်လို့ ကြားရပါတယ်..."

"ကောင်းယွမ်က ဘာတွေ ကြံစည်နေတာလဲ... ဒါနဲ့... အမေရိကန် စစ်တပ်တွေ ဂျာမနီထဲကို ဝင်လာပြီ ဆို... အခု အခြေအနေ ဘယ်လိုလဲ..."

"အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘောကို ကောင်းယွမ်က ဖျက်ဆီးခဲ့ပေမဲ့ သူတို့ရဲ့ ရေတပ်အင်အားက ကျွန်တော်တို့ထက် အများကြီး သာနေတုန်းပဲ... ကျွန်တော်တို့ သူတို့ကို မတားဆီးနိုင်ခဲ့ပါဘူး..."

ပူတင်သည် မျက်မှောင်ကြုတ်လိုက်လေ၏။ အမေရိကန်၏ ကြားဝင်စွက်ဖက်မှုကို သူ မမျှော်လင့်ထား ခဲ့ပေ။ ယခုအချိန်တွင် အမေရိကန်သည် ကောင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် စစ်ပွဲ၌ ပါဝင်နိုင်လိမ့်မည် မဟုတ်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်လေ၏။ သူသည် ကောင်းယွမ်ထံသို့ ကြိုတင်၍ သွားရောက် တွေ့ဆုံခဲ့သော်လည်း ယခုအခါတွင်မူ ဆန့်ကျင်ဘက်များ ဖြစ်နေခဲ့ပေသည်။

အင်အားကြီးနိုင်ငံများအကြားတွင် စစ်မှန်သော ချစ်ကြည်ရေးဟူသည် မရှိပေ။ နိုင်ငံနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်မှာ အင်အားအကြီးဆုံးဖြစ်ပြီး သူတို့၏ ဘုံရန်သူဖြစ်သည် ဟူသော အချက်အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်၏။

သို့သော် အမေရိကန်၏ ခြိမ်းခြောက်မှု ပျောက်ကွယ်သွားသည်နှင့် ရှနိုင်ငံ၏ စိတ်ဓာတ်မှာလည်း ပြောင်းလဲသွားခဲ့လေတော့သည်။

"ကောင်းယွမ်ကလည်း... တကယ့်ကို ရက်စက်ပြီး ရည်မှန်းချက်ကြီးတဲ့သူပဲ..."

"အကြီးအကဲ... ကောင်းယွမ်မှာလည်း ရွေးချယ်စရာ မရှိလို့ ဖြစ်မှာပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အမေရိကမှာရှိတဲ့ ငါးရံ့နက် အရောင်းဆိုင် အရိုက်ခံခဲ့ရလို့ ကောင်းယွမ်က အမေရိကမှာရှိတဲ့ ဝန်ထမ်း တွေ အားလုံးကို ပြန်ခေါ်လိုက်တယ်... သူတို့တွေ အမေရိကနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်ကြ ပြီ..."

ပူတင်သည် အရေးမစိုက်သလို ကြည့်လိုက်လေ၏။

"ဒါက အမေရိကလည်း အစွန့်ပစ်ခံလိုက်ရပြီဆိုတာကို သက်သေပြနေတာပဲ..."

နိုဗာသည် နားမလည်နိုင်ဘဲ ဖြစ်နေခဲ့ပေသည်။

"ကောင်းယွမ်က ဘာလို့ ဒီလို လုပ်ရတာလဲ... ရှနိုင်ငံက ကမ္ဘာကြီးကို တကယ်ပဲ တစ်စည်းတစ်လုံးတည်း ဖြစ်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား..."

"ဘာလို့ မဖြစ်နိုင်ရမှာလဲ..."

"ဒါပေမဲ့... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကမ္ဘာပေါ်မှာ လူတွေ အများကြီး ရှိနေတာကို..."

"အပင်နာကျတဲ့ ရောဂါဆိုးပေါ့... ဒီဗိုင်းရပ်စ် ပေါ်လာတဲ့ အချိန်က အကွက်ကျလွန်းနေတယ်လို့ မင်း မထင်ဘူးလား... ကောင်းယွမ်က ကမ္ဘာ့စီးပွားရေးကို ထိန်းချုပ်ဖို့ အာရုံစိုက်နေခဲ့တာ... သူက ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ ကိုယ်စားလှယ် ညီလာခံကို သုံးပြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတွေကို စည်းရုံးခဲ့တယ်... "

"ရှနိုင်ငံမှာလည်း အသက်ဆက် အခြေခံဆေးရည် အပါအဝင် အဓိက ကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာအား လုံးကို သူ ပိုင်ဆိုင်ထားတယ်... သူက ကမ္ဘာ့ကျန်းမာရေးစနစ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာ... ဒါပေမဲ့ သူ့ရဲ့ မကြာသေးခင်က လုပ်ရပ်တွေကို ကြည့်လိုက်ဦး... ဒါက ဗျူဟာမြောက် ဆုတ်ခွာမှုဆိုတာ ထင်ရှား နေတာပဲလေ... သူက ရှနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ မမျှော်လင့်ထားတဲ့ ကိစ္စတွေကိုတောင် လျစ်လျူရှု ထားတယ်... ဘာကြောင့်လဲ... အပင်နာကျတဲ့ ရောဂါဆိုးကြောင့်ပေါ့..."

နိုဗာက မယုံကြည်နိုင်သေးပေ။

"ဒါက သေးငယ်တဲ့ ဗိုင်းရပ်စ်လေး တစ်ခုပဲလေ... ကျွန်တော်တို့ ဒါကို ဖြေရှင်းနိုင်သွားရင် အဆင်ပြေ သွားမှာပါ... အလွန်ဆုံးရှိလှ နည်းနည်း ဒုက္ခပေးရုံပဲ ရှိမှာပါ..."

ပူတင်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေခဲ့လေ၏။

"အကယ်၍ ငါတို့ အဲဒီရောဂါကို မဖြေရှင်းနိုင်ရင်ကော... တစ်နှစ်လောက်ဆိုရင်တော့ ပြဿနာ မရှိနိုင် ပေမဲ့ သုံးနှစ်လောက်အထိ ဆိုရင်ကော... ကောက်ပဲသီးနှံတွေ အကုန်ပျက်စီးပြီး တစ်ကမ္ဘာလုံး ငတ်မွတ် ခေါင်းပါးမှုတွေ ဖြစ်လာလိမ့်မယ်... ဘယ်သူကမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... အရင်က ကိုယ်စား လှယ် ညီလာခံတုန်းက ငါးရံ့နက် နည်းပညာကုမ္ပဏီက 'အာဟာရအနှစ်' ဆိုတဲ့ စက်မှုနည်းနဲ့ ထုတ်ထား တဲ့ အစားအစာကို ပြသခဲ့ဖူးတယ်... "

"အဲဒီတုန်းက လူအတော်များများက ကောင်းယွမ် သည်အာဟာရအနှစ်ကို ထုတ်တာဟာ အပိုအလုပ်လို့ ထင်ခဲ့ကြတာ... လက်ရှိ စိုက်ပျိုးရေး နည်းပညာတွေအရ အစားအသောက်တွေက ပေါများနေတာပဲ... ဘယ်သူက အဲဒီလို အရာမျိုးကို စားမှာတဲ့လဲ..."

နိုဗာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

"အကြီးအကဲ ဆိုလိုတာက... ကောင်းယွမ်က သူ့ရဲ့ အာဟာရအနှစ်ကို ရောင်းရဖို့အတွက် တစ်ကမ္ဘာလုံး က သီးနှံတွေကို ဖျက်ဆီးပစ်လိုက်တာလား..."

"ငါက အဲဒီလို မပြောပါဘူး... ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတာကိုတော့ လျစ်လျူရှုလို့ မရဘူး... အခုအချိန်မှာ ဖြစ်နိုင်ခြေ အရှိဆုံးကတော့ ဒီအာဟာရအနှစ်ကို ရှနိုင်ငံကိုပဲ ပေးနေတာပဲ... ရှနိုင်ငံ ပြင်ပမှာတော့... ဘယ်သူမှ မသိနိုင်ဘူး..."

"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."

"ပြည်ပမှာ တိုက်ခိုက်နေတဲ့ ဗိုလ်ချုပ်တွေကို လှမ်းပြောလိုက်... စစ်ပွဲရဲ့ ရည်ရွယ်ချက်က ပြောင်းလဲသွား ပြီလို့... မြို့တစ်မြို့ကို သိမ်းပိုက်ပြီးရင် အဲဒီက ပစ္စည်းတွေကို လုယူကြ... တခြား ဘာမှ မလိုဘူး... ကောက်ပဲသီးနှံတွေကိုပဲ ယူခဲ့ကြ... အဲဒီသီးနှံတွေကို ရုရှားဝက်ဝံကြီးရဲ့ နယ်မြေထဲကို အမြန်ဆုံး ပြန် သယ်ခဲ့ကြ..."

All Chapters