← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း (၃၂၅) နဂါးကျားကို အပြတ်ရှင်းလင်းခြင်း... တာအိုဂိုဏ်းကို မျိုးဖြုတ်ပစ်ခြင်း

"ချန်ချင်းဖန်..."

"ချန်ချင်းဖန်..."

သူ ကိုယ်ထင်ပြပြချင်းမှာပင် ချန်ချင်းဖန် ၏ ရောက်ရှိလာမှုက ထိုနေရာရှိ လူအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့လေသည်။

အချို့သူများမှာ မတ်တပ်ရပ်လျက်ပင် အသက်ပြင်းပြင်း ရှူသွင်းမိကြရာ သူသည် တောင်ပိုင်း သိုင်းလောကတစ်ခုလုံးတွင် ဂုဏ်သတင်း မသေးလှကြောင်း အလွန်ထင်ရှားပေသည်။

မိသားစုခေါင်းဆောင် ချီကျန်းနန် သည်လည်း မျက်မှောင်အနည်းငယ်ကျုံ့ကာ ချန်ချင်းဖန် ကို စူးစိုက်ကြည့်နေမိသည်။

တစ်ဖက်လူ ယခုလို ရုတ်တရက် ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကို သူ ကောင်းစွာ သဘောမပေါက်နိုင်ဘဲ အကယ်၍ ထိုသူသာ နဂါးကျားတာအိုဂိုဏ်းဘက်က ဝင်ပါလာမည်ဆိုပါက ယနေ့ကိစ္စမှာ အလွန်စိုးရိမ်စရာ ကောင်းသွားပေလိမ့်မည်။

တစ်ဖက်လူ၏ တောင်ပိုင်း နတ်တမန် ဟူသော အဆင့်အတန်းကို ထည့်မတွက်လျှင်ပင် သူ၏ ကိုယ်ပိုင်စွမ်းအားကိုလည်း အထင်သေး၍ မရချေ။

သူသည်လည်း သိုင်းလောကတွင် အထူးအဆင့်အတန်း ရှိသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တော်ဝင်နန်းတော်၏ မဟာသိုင်းသခင်များထဲတွင် ထိပ်ဆုံးက ရပ်တည်နေသူ ဖြစ်သည်။

သိုင်းလောကသားများက သူ့ကို ပြုံးရွှင်သော စာပေပညာရှင် ဟု အမည်ပေးထားကြသော်လည်း ယင်းမှာ အထင်သေး၍ ခေါ်ခြင်း လုံးဝမဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤသူသည် အမြဲတမ်း အခြေအနေကို ကြိုတင်တွေးတော ပြီးမှသာ အကွက်စေ့စေ့ လှုပ်ရှားတတ်သောကြောင့် ပင်ဖြစ်သည်။

အလားတူပင် လင်းလန်ထျန်း နှင့် ကျောက်လင်ခုန်း တို့ အားလုံးလည်း မျက်နှာများ ချက်ချင်း မည်းမှောင်သွားကြပြီး ချန်ချင်းဖန် သည် ချီကျန်းနန် ဖိတ်ခေါ်ထားသော စစ်ကူတစ်ဦး ဖြစ်လိမ့်မည်ဟု အလိုအလျောက် ခန့်မှန်းမိသွားကြကာ ယနေ့ကိစ္စမှာ အလွန်အန္တရာယ်များသွားပြီဟု တွေးတောမိလိုက်ကြသည်။

"မိတ်ဆွေချန် အခုလို ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ ခင်ဗျာ..."

ချီကျန်းနန် က လက်ယှက်ကာ မေးလိုက်လေသည်။

ချန်ချင်းဖန် က ခေါက်ယပ်တောင်ကို တစ်ချက်ခပ်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

"ကျုပ်က မိတ်ဆွေချီရဲ့ သမက်လေး ဖိတ်ခေါ်လို့ လာခဲ့တာပါ သူက တော်ဝင်နန်းတော်ရဲ့ စစ်ဘက်အရာရှိ တစ်ဦး ဖြစ်သလို ငါတို့ တောင်ပိုင်း ကျူးချွဲ့ ဌာနခွဲရဲ့ ဒုတိယ နတ်တမန် လည်း ဟုတ်တယ် ဂိုဏ်းချုပ်ရှန်ရွှီ က အကွက်ဆင်ပြီး ချုံခိုတိုက်ခိုက်ခဲ့တဲ့ ကိစ္စအတွက် တော်ဝင်နန်းတော် က သေချာပေါက် တရားမျှတမှု ရှာပေးရမှာပေါ့..."

သူက အခြားသော အကြောင်းပြချက်များကို မပြောခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဤအကြောင်းပြချက် တစ်ခုတည်းကပင် လုံလောက်နေသောကြောင့် ဖြစ်သည်။

သို့သော် သူ၏ စကားများက အောက်ဘက်ရှိ လူများကို လုံးဝ လက်ခံနိုင်စရာ မရှိအောင် ဖြစ်စေခဲ့သည်။

'တော်ဝင်နန်းတော်က တရားမျှတမှု ရှာပေးမယ် ဟုတ်လား...'

ပုံမှန်အားဖြင့် တော်ဝင်နန်းတော်၏ လက်ရှိ အခြေအနေအရ သိုင်းလောကမှ ထိပ်တန်းအင်အားစု များကို အေးအေးဆေးဆေးသာ ဆက်ဆံလေ့ရှိပြီး ပုန်ကန်ခြားနားခြင်းမျိုး မလုပ်သရွေ့ မည်မျှပင် စည်းကမ်းဖောက်ဖျက်ပါစေ သတိပေးချက် ထုတ်ပြန်ရုံသာ လုပ်ဆောင်လေ့ ရှိသည်။

တော်ဝင်နန်းတော်က စစ်ဘက်အရာရှိ တစ်ယောက်အတွက် ဒီလောက်အထိ ဝင်ပါပေးတယ် ဆိုတာမျိုးက ကြုံရခဲလှပေသည်။

ဒါက အကြောင်းပြချက် သက်သက်သာ ဖြစ်ဖို့ များသည်။

'ကျန်းချဲ့က သူ့ကို ဝင်ပါခိုင်းဖို့ ပေးလိုက်တဲ့ ဆင်ခြေတစ်ခု သက်သက်ပဲ ဖြစ်ရမယ်...'

ချီကျန်းနန် က ကျန်းချဲ့ကို နက်ရှိုင်းစွာ တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကျုပ် ချီမုန့် ကျေးဇူးတင်ရမှာပေါ့..."

ရိုးရှင်းသော စကားအနည်းငယ် ထွက်ပေါ်လာပြီးနောက် နဂါးကျားတာအိုဂိုဏ်းမှ လူများအားလုံး မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြပြီး ယန်ဖျင် တို့ အဖွဲ့မှာလည်း နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ထားပြီး ဘာမှ ပြန်မပြောနိုင်ဘဲ ရင်ထဲတွင် မျှော်လင့်ချက် ထက်ဝက်ကျော်ခန့် ပျက်စီးသွားရတော့သည်။

လက်ရှိ အခြေအနေအရ မြောက်ပိုင်း ချီမိသားစု က ပိုမို အသာစီး ရနေသည်မှာ ထင်ရှားလှပေသည်။

နဂါးကျား တာအိုဂိုဏ်း ပျက်သုဉ်းတော့မည် ဖြစ်လေသည်။

"ဒီစစ်ပွဲက တော်ဝင်နန်းတော် ကိုယ်စားပြုပြီး မြောက်ပိုင်း ချီမိသားစု က ကူညီ တိုက်ခိုက်ပေးတာ ကျုပ် အကြံပေးချင်တာကတော့ မိတ်ဆွေတို့ အနေနဲ့ အခြေအနေကို ကြည့်ပြီး အမြန်ဆုံး အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ မဟုတ်ရင် မျက်နှာပျက်စရာတွေ ဖြစ်လာပြီး ဘယ်သူမှ အကျိုးရှိမှာ မဟုတ်ဘူး ဒါပေမဲ့ မိတ်ဆွေတို့က ဒီအတိုင်း ဆက်တိုက်ချင်သေးတယ် ဆိုရင်လည်း ရပါတယ် ကျုပ်တို့ လက်ရည်စမ်းကြည့်ကြတာပေါ့..."

ချန်ချင်းဖန် က လင်းလန်ထျန်း တို့ အဖွဲ့ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်လေသည်။

ဤစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းလန်ထျန်း နှင့် လင်းကျီတုန်း တို့၏ မျက်နှာများ ချက်ချင်း အလွန်ဆိုးရွားသွားပြီး ချန်ချင်းဖန် နှင့် ကျန်းချဲ့ တို့ကို စူးစိုက်ကြည့်ကာ စိုးရိမ်ပူပန် နေကြပုံ ရလေသည်။

ဖေဟုန်ယီ ကတော့ အနောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်ခွာသွားခဲ့ပြီ ဖြစ်ရာ သူမ အပြတ်အသတ် ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ကျောက်လင်ခုန်း ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း အလျင်စလို ဖြစ်သွားပြီး ပြောလိုက်သည်။

"မိတ်ဆွေတို့ မကြောက်ကြပါနဲ့ ဂိုဏ်း ကာကွယ်ရေး အစီအရင်ကြီး ရှိနေသေးတာပဲ ကျုပ်တို့ ပူးပေါင်း တိုက်ခိုက်ရင် လုံးဝ ရှုံးမှာ မဟုတ်ပါဘူး ချန်ချင်းဖန် က အနက်ရောင်ရုံးတော် က လူဖြစ်ပေမဲ့ ဒီတစ်ခေါက် ကိစ္စက သူ့ရဲ့ ကိုယ်ပိုင် သဘောထား သက်သက်ပဲ ဖြစ်ရမယ် ဒါ့အပြင် ဒီတိုက်ပွဲ ပြီးလို့ နဂါးကျား တာအိုဂိုဏ်း သာ ဘေးကင်းမယ် ဆိုရင် ကျုပ် နောက်ထပ် တန်ဖိုးရှိတဲ့ ရတနာတွေနဲ့ အကျိုးအမြတ် အားလုံးကို ထပ်ပြီး ပေးအပ်ဖို့ လိုလားပါတယ်..."

ဖေဟုန်ယီ က ပထမဦးစွာ ချီကျန်းနန် ကို ကြည့်လိုက်ပြီးနောက် ချန်ချင်းဖန် နှင့် ကျောက်ယွမ်မင် တို့ကို ကြည့်ကာ နောက်ဆုံးတွင်တော့ မဟာသိုင်းသခင်များ ကြားတွင် ရှိနေသော်လည်း သိပ်ပြီး အာရုံစိုက်မခံရသော ကျန်းချဲ့ ၏ အပေါ်သို့ အကြည့် ရောက်ရှိသွားလေသည်။

အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဒီစစ်ပွဲကို ကျုပ် လုံးဝ ဝင်မပါတော့ပါဘူး အကြီးအကဲကျောက် အနေနဲ့ တခြား အစွမ်းထက်တဲ့ သူတွေကိုပဲ ထပ်ပြီး ရှာဖွေလိုက်ပါတော့..."

"မင်း..."

ကျောက်လင်ခုန်း ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သွားကို တင်းကျပ်စွာ ကြိတ်ထားကာ ဘာမှ ထပ်ပြောမရတော့ချေ။

"မိတ်ဆွေချီ ဒီစစ်ပွဲကို ကျုပ် လုံးဝ ဝင်မပါတော့ပါဘူး အရင်က စော်ကားမိတာတွေ ရှိရင်လည်း ခွင့်လွှတ်ပေးပါဦး..."

ဖေဟုန်ယီ က အသံကျယ်ကြီးဖြင့် ပြောလိုက်လေသည်။

"ဂိုဏ်းချုပ်ဖေ စိတ်ချပါ ကျုပ်က အငြိုးအတေး ထားတတ်တဲ့သူ မဟုတ်ပါဘူး..."

"ဒါဆိုရင်တော့ တော်သေးတာပေါ့..."

ဖေဟုန်ယီ က ညင်သာစွာ ပြုံးလိုက်ပြီး ချက်ချင်းပင် ဘေးသို့ ဆုတ်ခွာသွားလေသည်။ ကြီးမားလှသော ဖိအားများ အောက်တွင် သူမ နောက်ဆုတ်သွားခြင်း ပင်ဖြစ်ကာ အကျိုးအမြတ် အနည်းငယ် အတွက်နှင့် သူမ၏ အသက်ကို အလကား အဆုံးရှုံးမခံနိုင်ချေ။

"မိတ်ဆွေလင်း ကျေးဇူးပြုပြီး..."

ကျောက်လင်ခုန်း က ဆက်လက် ဖျောင်းဖျရန် ပြင်လိုက်သော်လည်း မျက်နှာ မည်းမှောင်နေသော လင်းလန်ထျန်း က စကားဖြတ်ကာ လေးနက်စွာ ပြောလိုက်လေသည်။

"နဂါးကျား တာအိုဂိုဏ်း က တော်ဝင်နန်းတော်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာ ဆိုမှတော့ ကျုပ် ဘာမှ ပြောစရာ မရှိတော့ပါဘူး ကျုပ်က မိတ်ဆွေတို့ အတွက်နဲ့ အသက်အသေမခံနိုင်ဘူး အရင်က ကတိကဝတ်တွေ အားလုံး အပြီးတိုင် ဖျက်သိမ်းတယ် လင်းမိသားစု ဒီကိစ္စမှာ လုံးဝ ဝင်မပါတော့ဘူး..."

ပြောပြီးနောက် သူသည် ချီကျန်းနန် ၏ သဘောထားကိုပင် မမေးတော့ဘဲ လင်းမိသားစု အကြီးအကဲချုပ် နှင့် အချင်းချင်း ကြည့်ကာ အစီအရင် အနီးသို့ ရောက်ရှိသွားပြီးနောက် ကျောက်လင်ခုန်း ကို လှည့်ကြည့်ကာ ပြောလိုက်လေသည်။

"အကြီးအကဲကျောက် က အစီအရင်ကို ကိုယ်တိုင်ဖွင့်ပြီး ကျုပ်တို့ကို ထွက်သွားခွင့် ပြုမလား ဒါမှမဟုတ် ကျုပ်တို့ ကိုယ်တိုင် လက်ရည်စမ်းပြီး ဖောက်ထွက်ရမလား..."

ကျောက်လင်ခုန်း ၏ တစ်ကိုယ်လုံးရှိ အားအင်များ အားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သက်ပြင်းတစ်ချက် ချကာ အစီအရင် ကာကွယ်ရေး အလွှာကို အက်ကွဲကြောင်း တစ်ခု ဖွင့်လှစ်ပေးလိုက်လေသည်။

လင်းမိသားစု မှ နှစ်ယောက်မှာ လှည့်ပင်မကြည့်တော့ဘဲ လျင်မြန်စွာ ထွက်ခွာသွားကြပြီး ဖေဟုန်ယီ လည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေတော့သည်။

မျက်တောင်တစ်ခတ်အတွင်း အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ နဂါးကျား တာအိုဂိုဏ်း သည် မျိုးဖြုတ်ခံရမည့် ဘေးအန္တရာယ် နှင့် တိုက်ရိုက် ရင်ဆိုင်လိုက်ရလေသည်။

"မိတ်ဆွေချီ ငါတို့ နဂါးကျား တာအိုဂိုဏ်း က အညံ့ခံဖို့ လိုလားပါတယ် ကျေးဇူးပြုပြီး လက်လွှတ်ပေးလို့ ရမလား..."

ကျောက်လင်ခုန်း က တိုးညှင်းစွာ ပြောလိုက်ပြီး မျက်နှာတွင် အဆုံးအစမရှိသော ဝမ်းနည်းမှုများ ပြည့်နှက်နေလေသည်။

စောစောက ကြိုတင်ပြင်ဆင်မှု အားလုံးမှာ မဟာသိုင်းသခင် ငါးပါး ဆင်းသက်လာမှု အောက်တွင် ဘာမှ အသုံးမဝင်တော့ချေ။

နဂါးကျား တာအိုဂိုဏ်း တွင် မည်သည့် ပြန်လည်ခုခံနိုင်စွမ်းမျှ မရှိတော့ကြောင်း သူ ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

"စည်းကမ်း ဖောက်ဖျက်ခဲ့တယ် အမှားတွေ လုပ်ခဲ့တယ် ဆိုရင် သေချာပေါက် တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ် ဒီအမှန်တရားကို အကြီးအကဲကျောက် ကောင်းကောင်း သိသင့်တာပေါ့..."

"ဒီအဘိုးကြီး နားလည်ပါပြီ..."

ကျောက်လင်ခုန်း က သက်ပြင်းတစ်ချက် ရှည်ကြီး ချလိုက်ပြီး သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများ အဆက်မပြတ် မြင့်တက်လာကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"မိတ်ဆွေတို့ စတင် တိုက်ခိုက်ကြပါတော့ မသေခင်မှာ မိတ်ဆွေတို့ရဲ့ နတ်စွမ်းရည်တွေကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့် ရခဲ့တာကပဲ ငါ့ဘဝအတွက် မနှမြောတော့ပါဘူးလေ..."

"ဖြည့်ဆည်းပေးလိုက်မယ်..."

ချီကျန်းနန် က ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများ ချက်ချင်း အဆမတန် ပေါက်ကွဲထွက်လာပြီး အင်္ကျီလက်စ အောက်မှ ရွှေရောင် ခေါင်းလောင်းလေး တစ်လုံး လေပေါ်သို့ ပျံတက်သွားကာ မျက်တောင်တစ်ခတ်အတွင်း ပေရာဂဏန်းခန့် ကြီးမားသော ဧရာမ ခေါင်းလောင်းကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ချီမိသားစု ၏ အထွတ်အမြတ်လက်နက်... ဝိညာဉ်နှိပ်စက်ခြင်း ခေါင်းလောင်းကြီး ပင်ဖြစ်သည်။

"ဒေါင်..."

ချက်ချင်းပင် ကျယ်လောင်လှသော ခေါင်းလောင်းသံကြီး တစ်ခု ထွက်ပေါ်လာလေသည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများ က နဂါးကျား တောင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နဂါးကျား တာအိုဂိုဏ်း ၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီး နှင့် အပြင်းအထန် စတင် တိုက်ခိုက်မိကြလေတော့သည်။

"ဒေါင်..."

"ဒေါင်..."

"ဒေါင်..."

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ ခေါင်းလောင်းသံများသာ ပဲ့တင်ထပ်နေလေသည်။

အသံလှိုင်းများ က လျင်မြန်စွာ လွှမ်းမိုးသွားပြီး နဂါးကျား တောင် ၏ အစီအရင်ကို ပြင်းထန်စွာ ဖိနှိပ်ထားလိုက်လေသည်။

"အစီအရင်ကို ဖျက်ဆီးပစ်စမ်း..."

ချီကျန်းနန် က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ဝိညာဉ်နှိပ်စက်ခြင်း ခေါင်းလောင်းကြီး ကို ထပ်မံ လှုပ်ရှားစေလိုက်ရာ လေဟာနယ်ထက်တွင် ပျံဝဲနေသော ခေါင်းလောင်းကြီး က နဂါးကျား တောင်ကို ဖုံးအုပ်ထားသော အစိမ်းရောင် အလင်းကာကွယ်ရေး အလွှာပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။

"ဒေါင်..."

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ခေါင်းလောင်းကြီး နှင့် အစီအရင် တိုက်ရိုက် ထိတွေ့မိကြရာ နဂါးကျား တောင် ၏ အဓိက တောင်ထွတ် ကြီးမှာ အကြီးအကျယ် တုန်ခါသွားပြီး မျက်တောင်တစ်ခတ်အတွင်း ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီး လုံးဝ ပျက်စီးသွားလေတော့သည်။

"သိုင်းသူတော်စင်ရဲ့ စွမ်းအားတွေ ထည့်သွင်းထားတဲ့ အထွတ်အမြတ်လက်နက် ပေါ့လေ ချီမိသားစု က ဒီတစ်ခေါက် တကယ်ကို အပြည့်အဝ ပြင်ဆင်လာတာပဲ..."

ချန်ချင်းဖန် က မျက်လုံးများ လှုပ်ရှားသွားပြီး အနည်းငယ် အံ့သြသွားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲတွင်လည်း သဘောပေါက်သွားခဲ့ပြီ ဖြစ်ကာ ချီကျန်းနန် အဘယ်ကြောင့် ဤမျှလောက် ယုံကြည်ချက် ရှိနေရသနည်း ဆိုသည်မှာ ချီမိသားစု၏ အထွတ်အမြတ်လက်နက် ကို ယူဆောင်လာခဲ့သောကြောင့် ပင်ဖြစ်ပြီး ၎င်း၏ အတွင်း၌ သိုင်းသူတော်စင်၏ စွမ်းအားများ ကိန်းအောင်းနေသဖြင့် အစီအရင်ကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အစီအရင် ပျက်စီးသွားသည့် မျက်တောင်တစ်ခတ်အတွင်း နဂါးကျား တောင် ပေါ်ရှိ လူထောင်ချီ ခန့်မှာ မျက်နှာများ ချက်ချင်း အလွန်အမင်း ထိတ်လန့်သွားကြပြီး စိုးရိမ်ပူပန်မှုများကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။

"ဂိုဏ်းရဲ့ သေရေးရှင်ရေး က ဒီနေ့ပဲ ဖြစ်လိမ့်မယ် အစီအရင် ပျက်စီးသွားပြီ ဆိုမှတော့ မိတ်ဆွေတို့ ငါနဲ့အတူ အသက်လု တိုက်ခိုက်ကြစမ်း..."

နဂါးကျား တာအိုဂိုဏ်း အကြီးအကဲချုပ် ကျောက်လင်ခုန်း က အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကျန်ရှိနေသော စွမ်းအား အားလုံးကို အပြည့်အဝ ထုတ်ဖော်လိုက်ကာ မည်သည့် ဝန်လေးမှုမျှ မရှိတော့ဘဲ ပထမဆုံး ပြေးဝင်သွားလေတော့သည်။

လက်ညှိုးတစ်ချက် ထိုးချလိုက်ပြီး ချီကျန်းနန် ဆီသို့ တိုက်ရိုက် သတ်ဖြတ် တိုက်ခိုက်သွားလေသည်။

ယန်ဖျင် နှင့် တန်မြန် တို့လည်း အချင်းချင်း ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် ပြတ်သားသော အမူအရာများ ပြည့်နှက်နေကာ လုံးဝ တွေဝေခြင်းမရှိဘဲ လေပေါ်သို့ ပျံတက်သွားကြပြီး လျှို့ဝှက်နည်းလမ်း ဖြင့် မိမိတို့၏ မူလဝိညာဉ်ကို မီးရှို့ကာ ပိုမို ကြမ်းတမ်းသော စွမ်းအားများကို ရယူလိုက်ကြလေတော့သည်။

ချီမိသားစု ဘက်တွင်မူ ချန်ချင်းဖန် ကျောက်ယွမ်မင် နှင့် ချင်းရှောင် ဓားသခင် ကျောက်ရှန်းကျီ တို့မှာ လှုပ်ရှားခြင်း မရှိကြဘဲ လေဟာနယ်ထက်တွင် တိတ်ဆိတ်စွာ ရပ်နေကြလေရာ ၎င်းတို့ အနေဖြင့် ဤစစ်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ရန် မလိုအပ်တော့ဟု ထင်မြင်နေကြခြင်း ပင်ဖြစ်သည်။

ယခု လက်ရှိ နဂါးကျား တာအိုဂိုဏ်း အတွက် ကျန်ရှိနေသည်မှာ သေလမ်း တစ်ခုသာ ရှိတော့လေသည်။

နောက်ဆုံးတွင် ချီမိသားစု ဘက်မှ မဟာသိုင်းသခင် နှစ်ပါး ထွက်ပေါ်လာပြီး ဘယ်နှင့်ညာ ညှပ်ကာ အသေအလဲ ပြေးဝင်လာသော ယန်ဖျင် နှင့် တန်မြန် တို့ကို တားဆီး တိုက်ခိုက်လိုက်ကြလေတော့သည်။

ထို မဟာသိုင်းသခင် အချို့၏ အနောက်တွင်တော့ နဂါးကျား တာအိုဂိုဏ်း အတွင်းရှိ ရွှမ်တန်အဆင့် သိုင်းသခင်များ လည်း လှုပ်ရှားလာကြပြီ ဖြစ်ကာ အားလုံးက သေရဲသော စိတ်ဓာတ်ဖြင့် ပြေးဝင် တိုက်ခိုက်လာကြလေသည်။ ထိုအထဲတွင် တစ်ကိုယ်လုံး၌ လျှပ်စီးကြောင်းများ လင်းလက်နေသော လူရိပ်တစ်ခုက အရှေ့ဆုံးမှ ပြေးဝင်လာပြီး အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်လေသည်။

"ကျန်းချဲ့ မင်း ငါနဲ့ လက်ရည်စမ်းရဲလား..."

တိုက်ခိုက်လာသူမှာ အခြားမဟုတ်ဘဲ နဂါးကျား တာအိုဂိုဏ်း ၏ အဓိက တပည့် ဖြစ်သူ လဲ့ထင် ပင်ဖြစ်သည်။ အခက်အခဲ မျိုးစုံကို ဖြတ်သန်းပြီးနောက် သူ၏ စွမ်းအားများ ပိုမို တိုးတက်လာခဲ့ပြီး ယခုအခါ ရွှေအမြုတေအဆင့် သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် နဂါးကျား တာအိုဂိုဏ်း ပျက်စီးတော့မည်ကို သိရှိထားသော်လည်း ကျန်းချဲ့ကို တစ်ကြိမ်လောက်တော့ အပြတ်အသတ် အနိုင်ယူပြီး အရှက်သိက္ခာကို ပြန်ဆပ်ချင်နေဆဲ ပင်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ချီမိသားစု မှ အစွမ်းထက် သိုင်းပညာရှင်များ လည်း လုံးဝ တွေဝေခြင်းမရှိဘဲ မျက်တောင်တစ်ခတ်အတွင်း လူရိပ် ရာပေါင်းများစွာ တပြိုင်နက်တည်း လှုပ်ရှားကာ ရွှမ်တန်အဆင့် သိုင်းသခင်များ၊ မွေးရာပါအဆင့် သိုင်းပညာရှင်များ အားလုံး လေဟာနယ်ထက်မှ ဆင်းသက်လာပြီး နဂါးကျား တောင် ထံသို့ သတ်ဖြတ် တိုက်ခိုက်သွားကြလေတော့သည်။

သို့သော် လဲ့ထင် က အစောပိုင်းကတည်းက အော်ဟစ် စိန်ခေါ်ခဲ့သဖြင့် ချီမိသားစု မှ လူများက သူ့ကို လာရောက် မတားဆီးကြဘဲ လမ်းဖွင့်ပေးလိုက်ကြလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ကျောက်ယွမ်မင် နှင့် ချန်ချင်းဖန် တို့ အဖွဲ့မှာလည်း အလွန် စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေကြလေသည်။ လွန်ခဲ့သော အချိန်ကာလ အတွင်း ကျန်းချဲ့ ၏ ဂုဏ်သတင်း က ပိုမို ကြီးမားလာခဲ့ပြီး အလွန် ကြမ်းတမ်း လာခဲ့လေသည်။

မသိမသာပင် အလယ်ပိုင်းဒေသ၏ နံပါတ်တစ် ပါရမီရှင် ဟူသော ဂုဏ်ပုဒ်ကိုပင် ရရှိထားခဲ့ရာ သူတို့ အနေဖြင့် သဘာဝကျကျပင် စိတ်ဝင်စားမိကြပြီး ချန်ချင်းဖန် ကတော့ ဤအခွင့်အရေးကို အသုံးချ၍ ကျန်းချဲ့ ၏ စွမ်းရည်အစစ်အမှန်ကို စမ်းသပ်ကြည့်ချင်နေခြင်း ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ နဂါးကျား တာအိုဂိုဏ်း ၏ လဲ့ထင် သည် မွေးရာပါ လျှပ်စီးခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သဖြင့် ဂုဏ်သတင်း ကြီးမားလှပြီး ဂိုဏ်းအတွင်း၌ ထိပ်ဆုံးက ရပ်တည်နေသူ ဖြစ်လေသည်။ သိုင်းလောက တစ်ခုလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင်ပင် သူ့ကို ယှဉ်နိုင်သူ သိပ်များများစားစား မရှိချေ။

သေချာပေါက် ထိပ်တန်း ပါရမီရှင် တစ်ဦး ပင်ဖြစ်သည်။

ယခုအခါ သူ၏ ကျင့်ကြံမှုမှာ အများကြီး တိုးတက်လာခဲ့ပြီး လျှပ်စီးကြောင်းများ ကလည်း ဖုံးလွှမ်းနေလေရာ သူ၏ စွမ်းအားမှာ အားနည်းမည် မဟုတ်ချေ။

ဒါက အခွင့်အရေးကောင်း တစ်ခုပဲလေ...

ဘေးပတ်ဝန်းကျင်မှ အကြည့်များကို ခံစားမိလိုက်သော်လည်း ကျန်းချဲ့ ကတော့ အေးဆေး တည်ငြိမ်စွာဖြင့် ရင်ဆိုင်နေပြီး လုံးဝ တိုက်ခိုက်ရန် စိတ်ကူးမရှိသည့်အလား လက်နောက်ပစ်ကာ မတ်မတ် ရပ်နေလေသည်။ သူ၏ တစ်ကိုယ်လုံးတွင် ကြီးမားလှသော ယုံကြည်ချက်များ ရှိနေပြီး မျက်ခုံးအကြားတွင်မူ အလင်းတန်း တစ်ခု ဖြတ်ပြေးသွားလေသည်။

ချန်ချင်းဖန် က မျက်လုံးများ ကျဉ်းမြောင်းလိုက်ပြီး ဤမြင်ကွင်းကို စူးစိုက်ကြည့်နေမိသည်။

သူ၏ အာရုံခံစားမှုအရ ကျန်းချဲ့ တွင် တုံ့ပြန်နိုင်သော နည်းလမ်းများ ရှိနေကြောင်း သိရှိထားလေသည်။

တစ်ချိန်တည်းမှာပင် လဲ့ထင် က တိုက်ခိုက်လာခဲ့ပြီ ဖြစ်ကာ ယခုအချိန်တွင် သူ့၌ တိုက်ခိုက်ရန် အခွင့်အရေး တစ်ကြိမ်သာ ရှိတော့ကြောင်းကို သူ ကောင်းစွာ သဘောပေါက်ထားလေသည်။ ထို့နောက်တွင်တော့ သေချာပေါက် ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရမည် ဖြစ်ပြီး မည်သို့ပင်ဆိုစေ ဤသည်မှာ စစ်ပွဲဖြစ်ပြီး စိန်ခေါ်ပွဲ မဟုတ်ချေ။

ထို့ကြောင့် သူသည် လျှပ်စီးခန္ဓာကိုယ် ၏ မူလစွမ်းအင်ကို တိုက်ရိုက် မီးရှို့လိုက်လေသည်။

သူ၏ စွမ်းအားကို ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိစေရန် ပင်ဖြစ်သည်။

အဝေးမှ လှမ်းကြည့်လိုက်လျှင် ယခုအခါ သူသည် တုတ်ခိုင်လှသော လျှပ်စီးကြောင်းကြီး တစ်ခု အလား ကောင်းကင်ယံထက်မှ ဆင်းသက်လာပြီး အရှိန်အဝါမှာ အလွန် ကြောက်စရာ ကောင်းလှပေသည်။

"ကျန်းချဲ့ သေပေတော့..."

ဟိန်းဟောက်သံကြီး တစ်ခု လေဟာနယ်ထက်တွင် ဆူညံစွာ ထွက်ပေါ်လာပြီး လဲ့ထင် က လက်တစ်ချက် မြှောက်ကာ တိုက်ခိုက်လိုက်ရာ သူ၏ တစ်ကိုယ်လုံးရှိ လျှပ်စီးစွမ်းအားများ စုစည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလက်ဝါး တစ်ကွက် ထွက်ပေါ်လာကာ အရှိန်အဟုန်မှာ အလွန် ကြီးမားလှပေသည်။

သို့သော် ဤမြင်ကွင်းတွင်...

လဲ့ထင် အနားသို့ မရောက်မီမှာပင် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားလေသည်။

လဲ့ထင် က အဝေးမှနေ၍ ကျန်းချဲ့ ၏ မျက်ခုံးအကြားတွင် အလင်းတန်း တစ်ခု လင်းလက်သွားသည်ကို သာ မြင်တွေ့လိုက်ရလေသည်။

ထို့နောက် မျက်တောင်တစ်ခတ်အတွင်း အဆုံးအစမရှိသော မီးပင်လယ်ကြီး တစ်ခု ထွက်ပေါ်လာလေတော့သည်။

သူ့ကို မည်းနက်သော အရောင်နှင့် ဖြူဖွေးသော အရောင် နှစ်ခု ရောစပ်နေသော ယင်ယန် မိစ္ဆာမီးတောက် မီးပင်လယ်ကြီး အတွင်းသို့ တိုက်ရိုက် လွှမ်းခြုံထားလိုက်လေရာ သူ စုစည်းထားသော လျှပ်စီးစွမ်းအားများမှာလည်း မျက်စိရှေ့မှောက်မှာတင် လျင်မြန်စွာ အရည်ပျော်သွားရလေသည်။

သူ ပြန်လည် ရုန်းကန် တိုက်ခိုက်ချင်သော်လည်း ရုန်းလေ ရုန်းလေ နစ်လေ ဆိုသကဲ့သို့ နက်နဲလှသော ရွှံ့နွံအိုင်ကြီး အတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရလေသည်။

သူ မည်မျှပင် ရုန်းကန်ပါစေ ဘာမှ အသုံးမဝင်တော့ချေ။

မျက်တောင်တစ်ခတ်အတွင်း အသက်ဆယ်ရှိုက်စာ အချိန် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

လဲ့ထင် ၏ ပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးမှာ စတင် ကျဉ်းမြောင်းလာခဲ့ပြီး သူ၏ ရုပ်ခန္ဓာ... ရွှေအမြုတေ အားလုံး တဖြည်းဖြည်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားရလေသည်။ အဝေးမှ လှမ်းကြည့်လိုက်လျှင် မီးပင်လယ်ကြီး အတွင်း၌ လူရိပ်တစ်ခု ခက်ခဲစွာ ရုန်းကန်နေရသည့်အလား ပင်ဖြစ်သည်။

သူ လုံးဝ ပြာမှုန့်အဖြစ် မပြောင်းလဲမီ နောက်ဆုံးအချိန်လေးတွင် လဲ့ထင် ၏ ရင်ထဲတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူသည် ကျန်းချဲ့ နှင့် အင်အားချင်း တူညီခဲ့ပြီး တစ်ဖက်လူ သွေးအန်သွားအောင်အထိ တိုက်ခိုက်နိုင်ခဲ့ဖူးကာ တစ်ဖက်လူက သိုင်းစိတ်ဆန္ဒ ကို အသုံးမပြုခဲ့လျှင် သူ့ကို လုံးဝ အနိုင်ယူနိုင်စရာ အကြောင်း မရှိခဲ့ချေ။ သို့သော် ယခုအခါ ကျန်းချဲ့ အနေဖြင့် လက်ကိုပင် မြှောက်ရန် မလိုတော့ဘဲ နတ်စွမ်းရည် တစ်ကွက် ထုတ်ရုံမျှဖြင့် ဤအဆင့်၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်လေသည်။

သူ ကိုယ်တိုင် တိုက်ခိုက်ရန်ပင် မလိုအပ်တော့ဘဲ ဤ နတ်စွမ်းရည် တစ်ခုတည်းကိုပင် သူ လုံးဝ တောင့်မခံနိုင်တော့ချေ။

လဲ့ထင် ၏ စူးစိုက်ထားသော မျက်ဝန်းများမှာ တဖြည်းဖြည်း အလင်းရောင်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ယခုအခါ သူ၏ နှုတ်ခမ်းဖျားမှ တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ယခင်က ကျန်းချဲ့ ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်လည် တွေးမိလိုက်လေသည်။

'ငါ မင်းကို လိုက်မှီဖို့ အချိန်ပေးမယ် ဒါပေမဲ့ နောက်ဆုံးမှာ မင်း မျှော်လင့်ချက် ကင်းမဲ့သွားတဲ့အထိပေါ့...'

'နောက်တစ်ကြိမ်ကျရင် မင်း ပိုပြီးတော့ပဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလိမ့်မယ်...'

"ကျန်းချဲ့ ငါ တကယ်ကို မကျေနပ်ဘူး..."

မီးပင်လယ်ကြီး ပျောက်ကွယ်သွားသောအခါ လဲ့ထင် မှာလည်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ လုံးဝ ခြေရာလက်ရာ မကျန်တော့ချေ။

ကျောက်ယွမ်မင် ချန်ချင်းဖန် နှင့် ကျောက်ရှန်းကျီ တို့ အားလုံး မျက်နှာတွင် ထူးဆန်းသော အမူအရာများဖြင့် ကျန်းချဲ့ကို ကြည့်လိုက်ကြလေသည်။

သူတို့သည် ကျန်းချဲ့ အလွန် အစွမ်းထက်ကြောင်း သိရှိသလို ဤတိုက်ပွဲတွင် ကျန်းချဲ့ သေချာပေါက် နိုင်မည်ကိုလည်း သိရှိထားကြသည်။ သို့သော် ကျန်းချဲ့က လက်ဝှေ့ယမ်းရုံလေးမျှဖြင့် မျိုးဆက်တူ ရွှေအမြုတေအဆင့် သိုင်းသခင် တစ်ပါးကို အလွယ်တကူ ဖိနှိပ် သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

"မျိုးဆက်တူချင်း ပြိုင်ဘက်ကင်း တယ် ဟုတ်လား စိတ်ဝင်စားဖို့ ကောင်းတာပဲ..."

ကျောက်ယွမ်မင် ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

ကျောက်ရှန်းကျီ ၏ မျက်ဝန်းထဲတွင် အလင်းတန်းများ လှုပ်ရှားသွားပြီး ရင်ထဲတွင် တွေးတောမိလိုက်သည်။

'ယင်ယန် လင်းမင်မီးတောက် ယင်ယန် ဟန်ချက်ညီမှု ဒီကောင်လေးမှာ ဒီလို စွမ်းရည်မျိုး ရှိနေတာပဲ...'

သူတို့ နှစ်ယောက်၏ သက်ပြင်းချမှုများနှင့် နှိုင်းယှဉ်ပါက ချန်ချင်းဖန် ကတော့ ပိုမို ရိုးရှင်းလေသည်။

ကျန်းချဲ့ ၏ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို မြင်တွေ့လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးများ ပြည့်နှက်သွားလေတော့သည်။

'ပိုပြီး အစွမ်းထက်လေ ပိုကောင်းလေပဲ...'

'လောကရဲ့ နံပါတ်တစ် နေရာကို ရအောင်ယူနိုင်ရင် ပိုပြီးတော့တောင် ကောင်းသေးတယ်...'

မြောက်ပိုင်း ချီမိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ကြားရှိ တိုက်ပွဲက အလွန် ပြင်းထန်လှပြီး နှစ်ဖက်စလုံးက အသေအလဲ တိုက်ခိုက်လိုသော စိတ်ဓာတ်များ ရှိကြသဖြင့် မကြာမီမှာပင် ဘေးပတ်ဝန်းကျင် တစ်ခုလုံး စစ်တလင်းပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ အချိန်တိုင်းတွင် လူများစွာ သေဆုံး ပျံလွန်နေကြရလေသည်။

နှစ်ဖက်စလုံး ကြားရှိ တိုက်ပွဲ ရလဒ် ကလည်း အလွန် မြန်ဆန်စွာဖြင့်ပင် အဆုံးသတ်သွားခဲ့ရလေသည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ပင် မပြည့်သေးမီ အချိန်အတွင်းမှာပင် ကျန်းချဲ့၏ ယောက္ခမကြီး သည် နဂါးကျား တာအိုဂိုဏ်း ၏ အကြီးအကဲချုပ် ကျောက်လင်ခုန်း ကို အပြတ်အသတ် ဖိနှိပ် သတ်ဖြတ်နိုင်ခဲ့လေသည်။

ယန်ဖျင် နှင့် တန်မြန် ဟူသော မဟာသိုင်းသခင် နှစ်ပါးမှာမူ မိမိတို့၏ မူလဝိညာဉ်ကို မီးရှို့ပြီး စွမ်းအားများ မြှင့်တင်ခဲ့သော်လည်း အကြွင်းမဲ့ စွမ်းအားကြီး ၏ အရှေ့တွင်တော့ နောက်ဆုံး၌ အလွန် ဝေးကွာလွန်းနေဆဲ ပင်ဖြစ်သဖြင့် အကြီးအကဲချုပ် ချီထျန်းကျုံး ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ကျဆုံးသွားကြရလေတော့သည်။

မဟာသိုင်းသခင် သုံးပါးလုံး ကျဆုံးသွားခြင်း က အောင်ပွဲ ရလဒ်ကို အပြည့်အဝ ဆုံးဖြတ်ပေးလိုက်ခြင်း ပင်ဖြစ်သည်။

နောက်ပိုင်းတွင်တော့ သတ်ဖြတ်ခြင်း သက်သက်သာ ရှိတော့လေသည်။

တစ်ဖက်သတ် သတ်ဖြတ်ခြင်း ပင်ဖြစ်သည်။

အောက်ဘက်ရှိ တိုက်ပွဲ မြင်ကွင်းကို ကြည့်ရင်း လေဟာနယ်ထက်တွင် ရပ်နေသော ကျန်းချဲ့ အလွန် စိတ်လှုပ်ရှားမိလေသည်။

နဂါးကျား တာအိုဂိုဏ်း ကဲ့သို့သော အင်အားကြီးမားပြီး အလွန် မာနကြီးလှသော အင်အားစုကြီး တစ်ခု ပင်လျှင် ယခုအခါ ဤမျှလောက် တိုတောင်းသော အချိန်အတွင်းမှာပင် လမ်းဆုံးသို့ ရောက်ရှိသွားခဲ့ရလေပြီ။

'နဂါးကျားကို ဖျက်ဆီးတယ် တာအိုဂိုဏ်းကို မျိုးဖြုတ်တယ်...'

ယခင်က သူ ချမှတ်ထားခဲ့ဖူးသော ရည်မှန်းချက်ကြီး က ယခုအခါ အပြည့်အဝ အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

နဂါးကျား တာအိုဂိုဏ်း ရှိ လူအားလုံးကို အပြတ်ရှင်းလင်းပြီးနောက်တွင်တော့ သူ နှင့် နဂါးကျား တာအိုဂိုဏ်း ကြားရှိ ရန်ငြိုးများ အားလုံး အပြီးတိုင် ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။

သူသည် ရန်ငြိုး အာဃာတ ထားတတ်သော သူတစ်ယောက် မဟုတ်ပေ။ တစ်ဖက်လူ၏ မိသားစုတစ်ခုလုံးကို မျိုးဖြုတ် သုတ်သင်ပြီးသွားပြီ ဆိုပါက ကျန်းချဲ့ အနေဖြင့် တစ်ဖက်လူကို ဖြည်းဖြည်းချင်း ခွင့်လွှတ်ပေးလိုက်လေ့ ရှိပေသည်။

ယခု လက်ရှိ အခြေအနေ ကဲ့သို့ ပင်ဖြစ်သည်။

နဂါးကျား တာအိုဂိုဏ်း မှ လူများ အားလုံး သေဆုံးသွားပြီးနောက်တွင်တော့ နောက်ထပ် ကျန်ရှိနေသည်မှာ ကျန်းချဲ့ ၏ အကျိုးအမြတ် ခွဲဝေယူရမည့် အချိန်ကောင်း ပင်ဖြစ်သည်။

ထိပ်တန်း သိုင်းလောက အင်အားစုကြီး တစ်ခု အနေဖြင့် သူတို့၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော ရတနာများမှာ အလွန် များပြား လှပေလိမ့်မည်ဟု ကျန်းချဲ့ ယုံကြည်ထားလေသည်။

ချီမိသားစု က အများစုကို ယူဆောင်သွားမည် ဆိုလျှင်တောင် သူလည်း အနည်းငယ် ခွဲဝေ ရရှိနိုင်မည်မှာ အသေအချာ ပင်ဖြစ်သည်။

သူ၏ တောင်းဆိုချက်က အရမ်း မမြင့်မားလှပေ။ ယဇ်ပူဇော်စရာ ပစ္စည်း နှစ်ခု စလုံးကို စုဆောင်းပြီးနောက် အခြားသော သဘာဝ ရတနာ အချို့ကို ရရှိလျှင်ပင် သူ အပြည့်အဝ ကျေနပ်မိပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤတိုက်ပွဲတွင် ချီမိသားစု ကသာ အဓိက အားထုတ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ သူသည် ကျောထောက်နောက်ခံ ကြီးကို အားကိုး၍ ဘေးမှ ထိုင်ကြည့်နေသော ပရိသတ် တစ်ဦးနှင့်သာ ပိုမို တူညီနေသောကြောင့် ဖြစ်လေသည်။

All Chapters