← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း (၃၂၉) နင်မြို့စားကို လုပ်ကြံခြင်း

ကျန်းချဲ့၏ ဤစကားက ချီနင်ပင်းကို အလွန် ပျော်ရွှင်သွားစေသည်မှာ အသေအချာပင် ဖြစ်လေသည်။

သို့သော် ပျော်ရွှင်မှုနှင့်အတူ စိုးရိမ်ပူပန်မှုများလည်း ကပ်ပါလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မိသားစုကြီး တစ်ခုအတွင်း နေထိုင်ရသူများသာ ထိုမိသားစုကြီးများ၏ စည်းကမ်းချက်များက မည်မျှ တင်းကျပ်ကြောင်းကို ကောင်းစွာ သိရှိကြသောကြောင့် ပင်ဖြစ်သည်။

ယခင်က မင်္ဂလာကိစ္စကဲ့သို့ပင် သူမအနေဖြင့် မည်မျှပင် ငြင်းဆန်ချင်ပါစေ မိသားစုက အမိန့်ချမှတ်လိုက်ပြီဆိုပါက လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ထိုအချိန်က သူမသည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ကံကြမ္မာကို လက်ခံရန်ပင် အသင့်ဖြစ်နေခဲ့လေပြီ။

အကယ်၍သာ နောက်ပိုင်းတွင် ကျန်းချဲ့နှင့် မတော်တဆ ထိုကဲ့သို့သော ပတ်သက်မှုမျိုး မရှိခဲ့ပါက ချီနင်ပင်း အနေဖြင့် ရိုးရိုးသားသားပင် မင်္ဂလာပွဲကို လက်ခံလိုက်ရမည်သာ ဖြစ်သည်။

သူမ၏ အစ်မဖြစ်သူ ကဲ့သို့သော ခေါင်းမာသည့် စိတ်ဓာတ်မျိုး ရှိနေလျှင်တောင် နောက်ဆုံးတွင် မိသားစု၏ သဘောထားကို လွန်ဆန်နိုင်မည် မဟုတ်ချေ။

အစ်မဖြစ်သူ၏ ခင်ပွန်း နှင့် ညီမလေး တို့၏ တိတ်တဆိတ် ပတ်သက်မှု ဆိုသော အရှက်ရဖွယ် သတင်းမျိုးသာ အပြင်သို့ ပေါက်ကြားသွားခဲ့မည် ဆိုပါက ချီမိသားစု၏ မျက်နှာမှာလည်း လုံးဝ ပျက်စီးသွားမည် ဖြစ်လေသည်။

ဖခင်ဖြစ်သူ မည်မျှအထိ ဒေါသထွက်သွားမည်ကို သူမ တွေးတောင် မတွေးရဲချေ။

ကျန်းချဲ့ အနေဖြင့် သူမကြောင့် ချီမိသားစု နှင့် လမ်းခွဲသွားရမည်ကိုလည်း သူမ လုံးဝ မလိုလားချေ။

ကျန်းချဲ့ က တစ်ဖက်လူကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"ဒါတွေ အကုန်လုံးကို ခေါင်းထဲ မထည့်ပါနဲ့ ကိုယ်မေးတာကိုပဲ ဖြေ မင်း ကိုယ့်ကို လက်ထပ်ချင်လား..."

ချီနင်ပင်း က မျက်တောင်လေး ခတ်လိုက်ပြီး မျက်နှာပေါ်တွင် နီရဲသော အရောင်များ ဖြတ်ပြေးသွားကာ အလျင်စလို ခေါင်းငုံ့၍ တိုးညှင်းစွာ ပြောလိုက်လေသည်။

"အခုလိုတောင် ဖြစ်နေပြီကို အစ်ကိုပဲ စဉ်းစားကြည့်လေ..."

ကျန်းချဲ့ က ချီနင်ပင်း ၏ လက်ကလေးကို ဆုပ်ကိုင်ကာ တစ်လုံးချင်းစီ သေချာစွာ ပြောလိုက်လေသည်။

"ဒါဆိုရင် မင်း ဘာမှ ဝင်မပါနဲ့တော့ ကိုယ်က မင်းကို ကတိပေးပြီးမှတော့ သေချာပေါက် လုပ်ပေးမှာပါ..."

ယခင် ကျန်းချဲ့ အနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ချေ။

သို့သော် ယခုအခါတွင်တော့ အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်လေသည်။

အရှေ့ပင်လယ် သိုင်းပညာ ပြိုင်ပွဲ ပြီးဆုံးသွားသည့် အချိန်တွင် သူသာ လောက၏ နံပါတ်တစ် ဆိုသော ဂုဏ်ပုဒ်ကို ရရှိခဲ့မည် ဆိုပါက သူ၏ အရည်အချင်း က ပိုမို ပြည့်ဝလာမည် ပင်ဖြစ်သည်။

ထို့အပြင် သူသာ ရှန်ရှန်းအဆင့် ကို ရောက်ရှိသွားမည် ဆိုပါက ချီမိသားစု ပင်လျှင် သူ့ကို သေချာပေါက် မျက်နှာသာ ပေးရမည် ဖြစ်လေသည်။

မိသားစု မျက်နှာက ပိုအရေးကြီးသလား ဒါမှမဟုတ် နောင်တစ်ချိန် သိုင်းသူတော်စင် ဖြစ်လာနိုင်ခြေ ရှိတဲ့ သူတစ်ယောက်က ပိုအရေးကြီးသလား ဆိုတာကိုပေါ့...

ချီနင်ပင်း က နောက်ဆုံးတွင် မျှော်လင့်ချက်တွေ အားလုံး ရေစုန်မျောသွားမည်ကို စိုးရိမ်သဖြင့် အလျင်စလို ရှင်းပြလိုက်လေသည်။

"နေ နေပါစေ တကယ်တော့ အစ်ကို့ဆီက ဒီစကားကို ကြားရတာနဲ့တင် လုံလောက်နေပါပြီ အစ်မသာ သဘောတူမယ် ဆိုရင် ကျွန်မ တရားဝင် ဇနီး မဖြစ်လည်း နေပါစေ..."

အကယ်၍ မိသားစုက ဒေါသထွက်ပြီး သူမ နှင့် ကျန်းချဲ့ ကို ခွဲပစ်လိုက်မည် ဆိုပါက လုံးဝ အကျိုးရှိမည် မဟုတ်ချေ။

ကျန်းချဲ့ က ပြုံး၍ သူမ၏ နူးညံ့သော လက်ချောင်းလေးများကို ပွတ်သပ်ရင်း နောက်ပြောင်စွာ မေးလိုက်လေသည်။

"ဒါဆို ကိုယ် မေးမယ် တကယ်လို့ နောက်ပိုင်း ကိုယ့်ကို မင်းအဖေက အပြစ်ပေးမယ် ဆိုရင် မင်း ဘယ်လိုလုပ်မလဲ..."

ချီနင်ပင်း က မျက်နှာလေး နီရဲကာ ခေါင်းမော့လာပြီး နှာခေါင်းရှုံ့၍ ပြောလိုက်လေသည်။

"ကျွန်မ အစ်ကို့အရှေ့ကနေ ကာကွယ်ပေးမှာပေါ့ အဖေ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကျွန်မကိုတော့ ထိခိုက်အောင် မလုပ်လောက်ပါဘူး..."

ကျန်းချဲ့ က ချီနင်ပင်း ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး တိုးညှင်းစွာ နှစ်သိမ့်ပေးလိုက်လေသည်။

သို့သော် သူ၏ စိတ်ထဲတွင်တော့ မြင်ကွင်း တစ်ခုကို အလိုအလျောက် တွေးတောနေမိလေသည်။

သူတို့၏ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပြီးနောက် ချီကျန်းနန် အကြီးအကျယ် ဒေါသထွက်ကာ ကျန်းချဲ့ ကို သင်ခန်းစာ ပေးရန် ပြင်နေသည်။

ထိုအချိန်တွင် ချီနင်ပင်း က သူ့အရှေ့သို့ ဝင်ရပ်ကာ ချီကျန်းနန် ကို ပြတ်သားစွာဖြင့် ပြောလိုက်သည်။

'အဖေ အဖေက သူ့အကြောင်း ဘာမှ နားမလည်ပါဘူး...'

ကျန်းချဲ့ က ချီနင်ပင်း ၏ ဆံပင်လေးများကို ပွတ်သပ်ပေးနေလေသည်။

"ဟဲဟဲ နင်ပင်း မင်းက တကယ်ကို လိမ္မာတာပဲ..."

ကျန်းချဲ့ ကို တစ်ချက် မျက်စောင်းထိုး ကြည့်လိုက်ပြီးနောက် ချီနင်ပင်း က ခေါင်းငုံ့ကာ တိုးညှင်းသော အသံလေးဖြင့် ချစ်စကားများ ပြောနေလေတော့သည်။

ကျန်းချဲ့ ကတော့ စောင်ပေါ်တွင် နောက်လှန် မှီချလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။

"ဟူး..."

ဘေးနားရှိ ဟွမ်ရှန်းရှန်း က မျက်နှာလေး နီရဲကာ ခေါင်းမော့လာပြီး အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း အနည်းငယ် အံ့အားသင့် သွားလေသည်။

ထို့နောက် အလျင်စလို မျက်လုံး မှိတ်ထားလိုက်လေသည်။

"အို ရှင်တို့ ရှင်တို့တွေ..."

သို့သော် သူမ မျက်လုံး လွှဲရန် အချိန်မရလိုက်မီမှာပင် ကျန်းချဲ့ က သူမကို ဆွဲယူလိုက်လေသည်။

"ရှန်းရှန်း အားမနာပါနဲ့ မိသားစုတွေချည်းပဲဟာ မင်းလည်း အတူတူ လာမြည်းကြည့်ပါလား..."

နင်မြို့စား အိမ်တော်၊ စာကြည့်ခန်း။

နင်မြို့စားကတော် ၏ မျက်နှာမှာ အလွန် မည်းမှောင် နေပြီး လက်ထဲရှိ စာတစ်စောင် ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားကာ မျက်မှောင်ကျုံ့ နေလေသည်။

နောက်ဆုံးတော့လည်း ဖုံးကွယ်ထားလို့ မရတော့ချေ။

သူမ အိမ်တော်သို့ အချိန်အတော်ကြာ ပြန်မလာခြင်း နှင့် အစောပိုင်းက ကိစ္စများ ပေါင်းစပ်လိုက်သောအခါ နင်မြို့စား ၏ ရင်ထဲတွင် သံသယများ အကြီးအကျယ် ဝင်ရောက် နေခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူမ ထံသို့ တိတ်တဆိတ် လာရောက်ရန်ပင် ပြင်ဆင်နေလေပြီ။

ဤစာမှာ အိမ်တော် အတွင်းရှိ သူမ၏ လူယုံ တစ်ယောက် က လျှို့ဝှက်စွာ ပေးပို့လိုက်ခြင်း ပင်ဖြစ်သည်။

စာထဲရှိ အကြောင်းအရာ နှင့် ကြာမြင့်ချိန်ကို တွက်ကြည့်မည် ဆိုပါက နင်မြို့စား ရောက်လာဖို့ အလွန် နီးစပ် နေပြီ ဖြစ်လေသည်။

သို့သော် သူမ အနေဖြင့် တစ်ဖက်လူ ကို ဘယ်လို ရင်ဆိုင်ရမည်ကို မသိတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူမ လုပ်ဆောင်ခဲ့သော အရာများ မှာ အလွန် လွန်ကျူးလွန်းနေပြီး တစ်ဖက်လူ ကို ဦးထုပ်စိမ်း များစွာ ဆောင်းပေးခဲ့သလို ပင်ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။

အကယ်၍ ပုံမှန်မဟုတ်သော အခြေအနေ များကိုသာ ဖမ်းမိသွားမည် ဆိုပါက လင်ယွမ် ဝေ့မိသားစု ကို ကျောထောက်နောက်ခံ အဖြစ် ရထားလျှင်တောင် သူမ အနေဖြင့် ဇနီးအဖြစ်မှ ကွာရှင်းခံရမည်ကို ရှောင်လွှဲ၍ မရနိုင်တော့ချေ။

ထို့အပြင် တစ်လောကလုံး ၏ ကဲ့ရဲ့ လှောင်ပြောင်မှု များကိုပါ ခံရမည် ဖြစ်ပြီး ဝေ့မိသားစု ကလည်း သူမ ကို လက်ခံတော့မည် မဟုတ်ချေ။

ထိုအခါ သူမ ၏ အဆုံးသတ် က သေချာပေါက် အလွန် ဆိုးရွား သွားပေလိမ့်မည်။

အချိန်အတော်ကြာ စဉ်းစားခန်း ဝင်ပြီးနောက် နင်မြို့စားကတော် က ရုတ်တရက် ခေါင်းမော့ လာလေသည်။

ယခု လတ်တလော ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်း မှာ ကျန်းချဲ့ နှင့် သွားရောက် တိုင်ပင်ရန် သာ ရှိတော့လေသည်။

မည်သို့ပင်ဆိုစေ ဤအရာများ အားလုံး၏ အဓိက အရင်းအမြစ် မှာ သူ ပင်ဖြစ်သည်။

သူ ကလည်း သူမ ကို နင်မြို့စား အိမ်တော် တစ်ခုလုံး ကို ထိန်းချုပ် နိုင်အောင် ကူညီပေးမည်ဟု ကတိပေးထားခဲ့ဖူးလေသည်။

အဆုံးစွန်ဆုံး အနေဖြင့် နင်မြို့စား ကို သတ်ပစ်ရန် ပင်ဖြစ်သည်။

အချိန် အတော်ကြာ ကွဲကွာ ပြီးနောက် ပြန်လည် တွေ့ဆုံရသော နင်မြို့စားကတော် မှာ အရင်ကလိုပင် အလွန် လှပ ကျက်သရေ ရှိပြီး အချိုးအစား ပြေပြစ်လှပေသည်။

သို့သော် ယခုအခါ ကျန်းချဲ့ ၏ မျက်လုံးများ မှာ အလွန် ကြည်လင် နေလေသည်။

လောလောဆယ် အခြားသော မကောင်းသည့် စိတ်ကူးများ လုံးဝ မရှိသေးချေ။

ကျန်းချဲ့ ထိုင်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။

"ဘာကိစ္စ ရှိလို့လဲ..."

ရင်ထဲတွင် သောက ရောက်နေသော နင်မြို့စားကတော် သည် ကျန်းချဲ့ ၏ အေးစက်စက် အသံကို ကြားလိုက်ရသောအခါ ရင်ထဲတွင် အနည်းငယ် ခံပြင်းသွားပြီး မျက်ရည်များ ဝဲကာ ကျန်းချဲ့ကို စူးစိုက်ကြည့်ရင်း မေးလိုက်လေသည်။

"ဒါက ဘယ်လို အမူအရာလဲ ကျွန်မက ရှင့်အတွက် ဒီလောက်တောင် အနှောင့်အယှက် ဖြစ်နေတာလား..."

နင်မြို့စားကတော် ၏ မျက်နှာထား ကို ကြည့်ရုံဖြင့် တစ်ခုခု မှားယွင်း နေပြီ ဖြစ်ကြောင်း ကျန်းချဲ့ သိရှိလိုက်လေသည်။

သူမ ကို နှစ်သိမ့်မနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်လေသည်။

သူ နှင့် နင်မြို့စားကတော် ကြားရှိ ပတ်သက်မှု မှာ အမြဲတမ်း ကာမဂုဏ် နှင့် အကျိုးအမြတ် သက်သက်သာ ဖြစ်လေသည်။ သူမ ကို မိမိ လူအဖြစ် လုံးဝ သတ်မှတ်ထားခြင်း မရှိချေ။

"ကြည့်ရတာ ပြဿနာ တစ်ခုခု ရှိနေပုံပဲ ပြောပြပါဦး..."

နင်မြို့စားကတော် လည်း အခြား အရာများကို ဂရုမစိုက်နိုင်တော့ဘဲ စာထဲရှိ အကြောင်းအရာ များကို အလျင်စလို ပြန်လည် ပြောပြလိုက်လေသည်။

"နင်မြို့စား လာနေပြီ မကြာခင် ရောက်တော့မယ် ထင်တယ် အခု ဘယ်လိုလုပ်ကြမလဲ..."

"နင်မြို့စား က အမြဲတမ်း အိမ်တော်ထဲမှာပဲ နေတာ မဟုတ်ဘူးလား ဘယ်မှ မသွားဘူးလေ..."

နင်မြို့စားကတော် ၏ မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ တည်ငြိမ်မှုများ လုံးဝ မရှိတော့ဘဲ အလွန် စိုးရိမ်ပူပန် နေသော အမူအရာများ ပေါ်လွင်နေလေသည်။

ကျန်းချဲ့ အနေဖြင့် ဘောင်းဘီ ဝတ်ပြီးသည်နှင့် ဘာမှ မသိတော့သလို နေနိုင်သော်လည်း သူမ ကတော့ အဲ့ဒီလို မရချေ။ ဤကိစ္စ က သူမ ၏ အနာဂတ် တစ်ခုလုံး နှင့် သက်ဆိုင် နေလေသည်။

"ပုံမှန် အချိန်ဆိုရင်တော့ ဟုတ်တာပေါ့ ဒါပေမဲ့ အရင်က ထူးဆန်းတဲ့ အခြေအနေ တွေကြောင့် သူ တော်တော်လေး သတိထားမိနေပြီ ကျွန်မကိုတောင် သံသယ ဝင်နေပုံပဲ ဒီတစ်ခေါက် လာတဲ့အချိန်မှာ ရှင်နဲ့ ကျွန်မ ကြားက ကိစ္စကိုသာ သူ သိသွားရင် အဲ့ဒီအခါကျရင် ဘယ်လိုလုပ်မလဲ..."

အသုံးမကျသော မြို့စား တစ်ယောက်ကို မဆိုထားနှင့် ယခု လက်ရှိ တာ့ကျိုး ဘုရင်ကြီး ကိုပင် ကျန်းချဲ့ အနေဖြင့် ရင်ထဲမှ အမှန်တကယ် လေးစား ကြောက်ရွံ့မှု လုံးဝ မရှိချေ။

တော်ဝင် မိသားစု ဆိုသည်မှာ နားထောင်လို့ ကောင်းရုံ သက်သက်သာ ဖြစ်ပြီး ကျန်းချဲ့ ကတော့ လုံးဝ အလေးမထားခဲ့ချေ။

သူ၏ မျက်လုံးထဲတွင် ရန်သူ သက်သက်သာ ရှိလေသည်။

"အရမ်း ရိုးရှင်းပါတယ် သတ်ပစ်လိုက်ရုံပေါ့..."

နင်မြို့စားကတော် ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။

"ရှင် ရှင် တကယ်ပဲ လုပ်ရဲလို့လား သူ သူက နင်မြို့စား လေ ယခင် ဘုရင်ကြီး ရဲ့ သားတော် အရင်က ဘုရင်ကြီး ကို ပြစ်မှားမိခဲ့တယ် ဆိုရင်တောင် သူက ဂျီမိသားစု ရဲ့ တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ပဲ သူ့ကို သတ်လိုက်ရင် ပြဿနာ ကြီးသွားလိမ့်မယ်..."

ကျန်းချဲ့ က စကားကို အဆုံးအထိ မပြောခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူ့စကားကို ကောင်းစွာ နားထောင်သော နင်မြို့စား တစ်ယောက် ရှိနေမှသာ သူ၏ နယ်ရုပ် တစ်ခု အဖြစ် အသုံးပြုနိုင်မည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။

ကျန်းချဲ့ ၏ အမြဲတမ်း တွေးတောထားသော ရည်မှန်းချက် မှာလည်း နေရာ တစ်ခုကို အခိုင်အမာ ခြေကုပ်ယူရန် ပင်ဖြစ်သည်။

အချိန်အခါကို စောင့်ဆိုင်းပြီး လောကကြီး ပရမ်းပတာ ဖြစ်လာမည့် အချိန်တွင် ဂျီမိသားစု ၏ တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ကို အသုံးချပြီး အလံ ထူရန် ပင်ဖြစ်သည်။

သေချာသည် ကတော့ ဤသည်မှာ ကြိုတင် စီမံထားမှု သက်သက်သာ ဖြစ်လေသည်။

သို့သော် လုပ်သင့်လုပ်ထိုက်သော ပြင်ဆင်မှု များကိုတော့ သေချာပေါက် လုပ်ဆောင်ရမည် ဖြစ်လေသည်။

"အခု အခြေအနေမှာ မသတ်ဘဲ တခြား ရွေးချယ်စရာ ရှိသေးလို့လား မင်းရဲ့ ကိစ္စက လျှို့ဝှက်ချက်မှ မဟုတ်တော့တာ နင်မြို့စား သာ သိသွားရင် သူက မင်းကို ဘယ်လို တုံ့ပြန်မယ်လို့ ထင်လဲ သူ့ကို သတ်ပြီး ဂျီချန်ချင်း ကို နင်မြို့စား အဖြစ် တင်မြှောက်လိုက်မှသာ မင်း အေးအေးချမ်းချမ်း နေရမှာပေါ့..."

နင်မြို့စားကတော် ၏ မျက်နှာထား မှာ အလွန် ပြောင်းလဲ နေပြီး အကြီးအကျယ် တွေဝေ နေလေသည်။

မိမိ၏ ခင်ပွန်း ဖြစ်သူကို သတ်ဖြတ်ရန် ဆိုသည်မှာ သူမ အတွက် အလွန် ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခု ပင်ဖြစ်သည်။

ဤသည်မှာ သံယောဇဉ် ကြောင့် မဟုတ်ဘဲ လူ့ကျင့်ဝတ် အရ ပင်ဖြစ်သည်။

"ကျွန်မ ဒါ ဒါပေမဲ့..."

အချိန်အတော်ကြာ တိတ်ဆိတ် နေပြီးနောက် နင်မြို့စားကတော် က ရုတ်တရက် မေးလိုက်လေသည်။

သေချာသည် ကတော့ သူမ ဆုံးဖြတ်ချက် ချပြီးသွားပြီ ဖြစ်လေသည်။

"သူ့ကို သတ်ပြီးရင် တော်ဝင်မိသားစု ဘက်က အမှန်တရားကို စုံစမ်းသိရှိသွားရင် ဘယ်လိုလုပ်မလဲ..."

ကျန်းချဲ့ က ပြုံးစစ မျက်နှာဖြင့် တစ်ဖက်လူကို ကြည့်ကာ ပြောလိုက်လေသည်။

"သတ်တဲ့သူက မင်းမှ မဟုတ်တာ ဘာလို့ စုံစမ်းခံရမှာကို ကြောက်နေရတာလဲ..."

"ဒါ ဒါဆိုရင် ဘယ်သူက သတ်မှာလဲ..."

နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ကျန်းချဲ့ က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"သေချာပေါက် ချင်းထျန်းဂိုဏ်း က ပုန်ကန်သူတွေပေါ့..."

"ရှင် အကွက်ဆင်ချင်တာလား ဒါ ဒါက အရမ်းကို ရိုးရှင်းလွန်းမနေဘူးလား..."

"လုပ်ရပ်က ရိုးရှင်းပေမဲ့ ရလဒ်ကတော့ မဆိုးလောက်ပါဘူး ပြီးတော့ နင်မြို့စား လို ဘာမှ အသုံးမဝင်တဲ့ အညတရ မြို့စား တစ်ယောက် သေသွားရင်တောင် တော်ဝင်နန်းတော် က ဘယ်လောက် အထိများ အာရုံစိုက်မယ်လို့ ထင်နေတာလဲ မင်း ဂရုစိုက်ရမှာက ဂျီချန်ချင်း ဆိုတဲ့ မြို့စား အသစ်လေး ကို ထိန်းချုပ်နိုင်ဖို့ ပဲ..."

အချိန် ကပ်နေသဖြင့် ကျန်းချဲ့ အနေဖြင့် လည်း လောလောဆယ် အပြစ်ကင်းစင်သော အစီအစဉ်မျိုး မရှိသေးချေ။

မည်သို့ပင်ဆိုစေ နင်မြို့စား သည် အမြဲတမ်း သူ၏ ပစ်မှတ် တစ်ခု မဟုတ်ခဲ့ဘဲ အလွယ်တကူ ရှင်းလင်း ပစ်လိုက်ရုံ သက်သက်သာ ဖြစ်လေသည်။

ချင်းထျန်းဂိုဏ်း သည် အမြဲတမ်း တော်ဝင်နန်းတော် နှင့် ရန်သူ ဖြစ်ခဲ့ရာ ချင်းထျန်းဂိုဏ်း က တစ်စုံတစ်ရာ ရှင်းပြမည်ဟု ကျန်းချဲ့ လုံးဝ မယုံကြည်ချေ။

ထို့အပြင် သူတို့ ရှင်းပြမည် ဆိုလျှင်တောင် ဘယ်သူက ယုံကြည်မည်နည်း။

သူ့ အနေဖြင့် ပြောရလျှင် သူ နဂါးကျား တောင် ကနေ ပြန်လာပြီ ဆိုတဲ့ သတင်းက လောလောဆယ် အရမ်းကို လျှို့ဝှက်နေသေးသည်။

ကိုယ့်လူ တွေကလွဲပြီး တခြား ဘယ်သူမှ သူ ဘယ်ရောက်နေလဲ ဆိုတာ မသိကြသဖြင့် လုံလောက်တဲ့ သက်သေ အခိုင်အမာ ရှိနေလေသည်။

ထို့အပြင် ယခုအခါ သူသည် ချန်ချင်းဖန် ၏ အထူး အလေးထားမှုကို ခံနေရသဖြင့် အကယ်၍ စုံစမ်းစစ်ဆေးမည် ဆိုလျှင်တောင် သူ့အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ချေ။

နင်မြို့စားကတော် က အနည်းငယ် စိတ်ညစ်စွာ ဖြင့် နဖူးကို ပွတ်သပ်ရင်း ပြောလိုက်လေသည်။

"ချန်ချင်း ကျွန်မ သူ့ကို ထိန်းချုပ်နိုင်အောင် ကြိုးစားကြည့်ပါ့မယ်..."

ကျန်းချဲ့ ၏ မျက်ခုံးများ ပင့်တက်သွားလေသည်။

"ထားလိုက်ပါတော့ ကျုပ်ပဲ သူ့ကို ကိုင်တွယ်လိုက်ပါ့မယ်..."

နင်မြို့စားကတော် က အနည်းငယ် တွေဝေစွာ ဖြင့် ပြောလိုက်လေသည်။

"ရှင် ရှင် သူ့ကို အန္တရာယ် မပေးနဲ့နော်..."

"ပြောရမယ် ဆိုရင် ကျုပ် ကလည်း သူ့ရဲ့ မွေးစားအဖေ တစ်ယောက်ပဲလေ ဘယ်လိုလုပ်ပြီး သူ့ကို အန္တရာယ် ပေးနိုင်မှာလဲ မြို့စားကတော် အရမ်း တွေးနေပါပြီ..."

နင်မြို့စားကတော် ၏ ရင်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း ခေါင်းညိတ် လိုက်လေသည်။

ထို့နောက် ညွတ်နူးဖွယ်ကောင်းသော ခန္ဓာကိုယ်လေး ကို လှုပ်ရမ်း ကာ ကျန်းချဲ့ ၏ အနီးသို့ လျှောက်သွားပြီး ခြေထောက်ကို နှိပ်နယ် ပေးလေသည်။

ယခုအချိန်တွင် သူမ အနေဖြင့် ကျန်းချဲ့ ၏ အနီးသို့ ကပ်မှသာ လုံခြုံမှု ကို ခံစားရလေသည်။

ကျန်းချဲ့ က နင်မြို့စားကတော် ၏ လက်ကို ဖမ်းဆုပ် လိုက်လေသည်။

"မင်း ဘာလုပ်ချင်လို့လဲ..."

နင်မြို့စားကတော် က ခေါင်းငုံ့ကာ ပြန်ဖြေလိုက်လေသည်။

"လုပ် လုပ်ချင်တာကို လုပ်ပါ..."

ကျန်းချဲ့ ၏ မျက်လုံးများ လှုပ်ရှားသွားပြီးနောက် တစ်ဖက်လူ၏ လက်ကို ပြန်လွှတ်ပေးလိုက်ကာ နောက်သို့ အနည်းငယ် မှီချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း မင်းရဲ့ ပြသမှုကို စတင်လိုက်တော့..."

"ကျေးဇူးတင်ပါတယ်..."

"ဟဲဟဲဟဲ မင်း က တကယ်ကို ယဉ်ကျေးတတ်တာပဲ..."

"ရှီး မြန်မြန် မြန်မြန်လေး..."

နင်မြို့စားကတော် က ခေါင်းမော့လာပြီး မျက်တောင်လေး ခတ်လိုက်လေသည်။

"သခင်ကျန်း ရှင် ရှင် ဒီလိုမျိုး သဘောကျရဲ့လား..."

"ကျုပ် သဘောမကျပါဘူး..."

ထျန်းနန်မြို့ အပြင်ဘက်။ အရှေ့ရှိ မြို့ရိုးကြီး ကို ကြည့်ရင်း ဂျီချန်ချင်း က မျက်မှောင်ကျုံ့ လိုက်လေသည်။

မြင်းလှည်း အတွင်းမှ အသားပုံကြီး တစ်ခု အလား ကြီးမားလှသော လူကြီး က တုန်ယင်စွာ ဖြင့် မျက်လုံး ဖွင့်လာပြီး ဘေးတွင်ရှိသော သားဖြစ်သူကို တစ်ချက် ကြည့်လိုက်လေသည်။

"သဘောမကျဘူး ဟုတ်လား ဒါဆိုရင် အရင်တုန်းက မင်း ဘာလို့ အိမ်တော်ကို ပြန်မလာဘဲ ဒီမှာပဲ အချိန်အကြာကြီး နေနေခဲ့တာလဲ..."

ဂျီချန်ချင်း က ခေါင်းငုံ့ထားပြီး မျက်နှာပေါ်ရှိ အမူအရာ များကို ဖုံးကွယ် ထားလေသည်။

သူ၏ မိခင် ကို ကျန်းချဲ့ စော်ကားမည်ကို စိုးရိမ်၍ နေခဲ့ခြင်း ဖြစ်ကြောင်း သေချာပေါက် ဖွင့်မပြောနိုင်ချေ။ မဟုတ်ပါက ဖခင်ဖြစ်သူ အကြီးအကျယ် ဒေါသထွက်သွားမည်မှာ အသေအချာ ပင်ဖြစ်သည်။

"သား သားက မယ်တော် ကို နည်းနည်း ကူညီပေးချင်လို့ပါ..."

နင်မြို့စား က နှာခေါင်းရှုံ့ ကာ အေးစက်စွာ ပြောလိုက်လေသည်။

"ဟွန့် သူ့ကို ကူညီတယ် ဟုတ်လား..."

သူ ရရှိထားသော သတင်းများ အရ ထိုမိန်းမ သည် နောက်ဆုံး တစ်ခေါက် ဤနေရာသို့ လာပြီးကတည်းက အမြဲတမ်း ကိုယ်ပိုင် သဘောထားဖြင့် လုပ်ဆောင်နေပြီး တောင်ပိုင်းယွဲ့ တွင် ရှိသော အင်အားစု များကိုပါ အသုံးချခဲ့ရာ အကြီးအကျယ် ဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့လေသည်။

ထို့အပြင် သူ စုံစမ်းရရှိထားသော အချက်အလက် အချို့ အရ လည်း သူ၏ ဇနီး သည် လတ်တလော တွင် အနည်းငယ် ထူးဆန်း နေကြောင်း အပြည့်အဝ သက်သေပြ နေလေသည်။

အိမ်တော်သို့ ပြန်မလာသည့် အခြေအနေမျိုးတွင် သူ ကိုယ်တိုင် လာရောက် ကြည့်ရှု ရုံသာ ရှိတော့လေသည်။

ထျန်းနန်မြို့ တွင် ဘာများ ဒီလောက် ကောင်းနေလို့ ထိုမိန်းမ က ဤမျှလောက် အချိန်အကြာကြီး နေပြီး ပြန်မလာချင်ရတာလဲ...

ဂျီချန်ချင်း က မိခင် ဖြစ်သူ အတွက် အလျင်စလို ဖြေရှင်း ပေးလိုက်လေသည်။

သူတို့ နှစ်ယောက် ကြားတွင် နားလည်မှု လွဲမှားမည် ကို သူ လုံးဝ မလိုလားချေ။

"ခမည်းတော် ဒေါသထွက်တာကို လျှော့ပါ မယ်တော် ကလည်း တကယ်တော့ အရမ်း ခက်ခဲနေရှာပါတယ် အရင်က ကိစ္စတွေကို ခမည်းတော် လည်း သိတဲ့အတိုင်းပဲ ကျန်းချဲ့ ရဲ့ လက်ထဲမှာ အိမ်တော်ရဲ့ ပြစ်မှု မှတ်တမ်းတွေ ရှိနေတယ် တကယ်လို့ တော်ဝင်နန်းတော် ကို သာ တင်ပြလိုက်ရင် ခမည်းတော် အကြီးအကျယ် အပြစ်ပေး ခံရမှာ သေချာတယ်..."

နင်မြို့စား က ဂျီချန်ချင်း ကို တစ်ချက် ကြည့်လိုက်ပြီး မျက်လုံး မှိတ်ကာ ဆက်လက် စကားမပြော တော့ချေ။

မြင်းလှည်း ကလည်း မြို့တွင်း သို့ တဖြည်းဖြည်း ဝင်ရောက် သွားလေတော့သည်။

ထျန်းနန်မြို့ ၏ နေရာ တစ်ခုတွင် ချီရွှယ်မိစ္ဆာသခင် က ကိုယ်ထင်ပြလာပြီး ခံစားချက် ကင်းမဲ့နေသော ကျန်းချဲ့ ကို တစ်ချက် ကြည့်လိုက်လေသည်။

"မင်း ကောင်လေး က တကယ်ကို သတ္တိကောင်းတာပဲ တော်ဝင် မျိုးနွယ်ဝင် ကိုတောင် သတ်ရဲတယ်..."

"တော်ဝင် မျိုးနွယ်ဝင် ဟဲဟဲ နည်းနည်း ပိုပြီး အင်အားကြီးတဲ့ အင်အားစု တစ်ခု သက်သက်ပါပဲ ဒီလောကမှာ အင်အားသာ လုံလုံလောက်လောက် ကြီးမားမယ် ဆိုရင် ဘယ်သူမဆို ဘုရင် လုပ်လို့ ရတာပဲ စီနီယာ ကများ နိုင်ငံ အပေါ် သစ္စာရှိတဲ့ သူတစ်ယောက် လို့တော့ မပြောနဲ့နော်..."

"မင်း အများကြီး တွေးနေပါပြီ ဂျီမိသားစု က ငါ့အပေါ် ဘာကျေးဇူး မှ မရှိပါဘူး ငါက ဘာလို့ သူတို့ အပေါ် သစ္စာရှိရမှာလဲ..."

"ကျုပ် လည်း အတူတူပါပဲ..."

"မင်း ကောင်လေး က တကယ်ကို ရည်မှန်းချက် ကြီးမား တာပဲ အထက်လူကြီးကိုတောင် ပုန်ကန်ပြီး တော်ဝင် မျိုးနွယ်ဝင် ကိုပါ သတ်ဖြတ်ဖို့ လုပ်နေတယ် မင်းရဲ့ ပြင်ဆင်မှု တွေကို ကြည့်ရတာ နောက်ပိုင်း ပုန်ကန်ဖို့များ ရည်ရွယ်ထားတာလား..."

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှု မျှ မရှိချေ။

"စီနီယာ အရမ်း လျှောက်မပြောပါနဲ့ ကျုပ် က နောက်ပိုင်း ဧကရာဇ် ရဲ့ ဘေးနားက လူဆိုးတွေကို ရှင်းလင်းပေးဖို့ ပြင်ဆင်နေရုံ သက်သက်ပါ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူကမှ ကြိုမသိနိုင်ဘူးလေ နင်မြို့စား က အခု ကျုပ် လမ်းကို ပိတ်နေလို့ သူ့ကို ဖယ်ရှားပစ်ရုံ သက်သက်ပဲ နောက်ဆက်တွဲ ပြဿနာတွေ မရှိအောင်လို့ပါ ပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး နင်မြို့စား အိမ်တော်ကိုပါ ထိန်းချုပ်လို့ ရသေးတယ် ဒါက ကျုပ်အတွက် အကျိုးအမြတ် အများကြီး ရှိတာပဲ..."

"တကယ်လို့ မင်း နင်မြို့စား ကို သတ်တော့မယ် ဆိုရင် ငါ့ကို ပေးသတ်ပါ..."

"အို ဘာဖြစ်လို့လဲ..."

ချီရွှယ်မိစ္ဆာသခင် က ညင်သာစွာ ပြုံးလိုက်လေသည်။

"ဒီလူက ဂျီမိသားစု ရဲ့ သွေးသားလေ ယခင် ဘုရင်ကြီး ရဲ့ သားတော် သူ့ရဲ့ သွေးသား ထဲမှာ ဘာပြဿနာတွေ ရှိနေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ပြီးတော့ ငါလည်း စမ်းသပ်ကြည့်ချင်သေးတယ် ယခင် ဘုရင်ကြီး ရဲ့ သားတော် ကများ နဂါးကြောစွမ်းအင် အပေါ် အကျိုးသက်ရောက်မှု ရှိမလား လို့..."

ကျန်းချဲ့ ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလေသည်။

"အင်း စီနီယာ ရဲ့ ဆိုလိုရင်း က..."

ချီရွှယ်မိစ္ဆာသခင် က ကြောက်မက်ဖွယ် ကောင်းသော ရယ်မောသံ ဖြင့် ပြောလိုက်လေသည်။

"ဂျီဟုန်လျန် တောင် နဂါးကြောစွမ်းအင် ကို သုံးပြီး ကျင့်ကြံနိုင်သေးတာပဲ နဂါးကြောစွမ်းအင် ကို တော်ဝင် မျိုးနွယ်ဝင် သွေးသား နဲ့ ဘာလို့ ပြန်လည် မွေးမြူလို့ မရရမှာလဲ အရင်တုန်းက ငါ တောင်ပိုင်းယွဲ့ က တော်ဝင် မျိုးနွယ်ဝင် တွေကို စမ်းသပ်ကြည့်ဖူးတယ် ဒါပေမဲ့ ဘာမှ အကျိုးမရှိဘူး ဒါပေမဲ့ နင်မြို့စား ကတော့ မတူဘူးလေ သူက ယခင် ဘုရင်ကြီး ရဲ့ သားတော် တစ်ခုခု အကျိုးသက်ရောက်မှု ရှိကောင်း ရှိနိုင်တယ် ပြီးတော့ ဂျီဟုန်လျန် ရောပဲ အရင်ကသာ အခြေအနေ မပေးလို့ မဟုတ်ရင် ငါ သူ့ကိုတောင် စမ်းသပ်ကြည့်ချင်နေတာ..."

"ကောင်းပြီ အဲ့ဒီအချိန်ကျရင် စီနီယာ က ချင်းထျန်းဂိုဏ်း က ပုန်ကန်သူ အဖြစ် ဟန်ဆောင်ပြီး ဝင်တိုက်လိုက်ပေါ့..."

နင်မြို့စား အိမ်တော် တွင် နင်မြို့စားကတော် က ခါးညွှတ်ကာ အလွန် ရိုသေ လေးစားစွာ ဖြင့် နှုတ်ဆက် လိုက်လေသည်။

"ကျွန်မ မြို့စားမင်း ကို ဂါရဝပြု ပါတယ်..."

နင်မြို့စား က မြို့စားကတော် ကို အချိန်ခဏမျှ စူးစိုက်ကြည့်လိုက်ပြီး သူ၏ ကြီးမားလှသော ခန္ဓာကိုယ် ကြီးကို သယ်ဆောင်ကာ အမြင့်ဆုံး နေရာ သို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။

အချိန်ခဏမျှ ကြာပြီးနောက် သူ ထိုင်ချလိုက်ပြီး မြို့စားကတော် ၏ မျက်နှာ အမူအရာ ကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်လေသည်။

"ပြောပါဦး အိမ်တော်ကို ဘာလို့ အခုထိ ပြန်မလာသေးတာလဲ..."

နင်မြို့စားကတော် က အလျင်စလို ရှင်းပြ လိုက်လေသည်။

"မြို့စားမင်း အထင်မလွဲပါနဲ့ ကျွန်မ အိမ်တော်ကို ပြန်မလာတာက အခု အစီအစဉ် အချို့ကို ပြင်ဆင်နေလို့ပါ ယွမ်ဟယ် တောင် ကို ပြန်လည် တည်ထောင်ဖို့ မျှော်လင့်ချက်နဲ့ပါ အဲ့ဒါမှ အရင်က အမှားတွေကို ပြန်လည် ကုစားနိုင်မှာပါ..."

နင်မြို့စား က မျက်မှောင်ကျုံ့ ကာ မေးလိုက်လေသည်။

"ယွမ်ဟယ် တောင် ကို ပြန်လည် တည်ထောင်မယ် ကျန်းချဲ့ က သဘောတူလို့လား..."

အရင်တုန်းက ကျန်းချဲ့ ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ယွမ်ဟယ် တောင် ကို ဝင်ရောက် တိုက်ခိုက် ဖျက်ဆီး ခဲ့သဖြင့် နင်မြို့စား အိမ်တော် အကြီးအကျယ် အထိနာ သွားခဲ့ရကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။

ထို့အပြင် နင်မြို့စား အိမ်တော် ၏ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော ပြစ်မှု မှတ်တမ်း များကိုပါ မတော်တဆ ရရှိသွားခဲ့လေသည်။

"မြို့စားမင်း စိတ်ချပါ ကျွန်မ သူ့ကို သဘောတူအောင် ပြောပြီးပါပြီ ကျန်းချဲ့ က နင်မြို့စား အိမ်တော် နဲ့ ပူးပေါင်းဖို့ လက်ခံလိုက်ပါပြီ..."

နင်မြို့စား ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာ များ ပေါ်လွင် လာလေသည်။

"အို မင်းက သူ့ကို ဘယ်လိုများ သဘောတူအောင် ပြောလိုက်တာလဲ..."

လတ်တလော အချိန်များတွင် ကျန်းချဲ့ ဟူသော နာမည် ကို သူ အလွန် ရင်းနှီး နေခဲ့ပြီး နားထဲတွင် အမြဲတမ်း ပဲ့တင်ထပ်နေသည် ဟုပင် ဆိုနိုင်လေသည်။

ဂုဏ်သတင်း အလွန် ကြီးမားပြီး မြောက်ပိုင်း ချီမိသားစု ကိုပါ ကျောထောက်နောက်ခံ အဖြစ် ရရှိထားလေသည်။ နင်မြို့စား အိမ်တော် ပင်လျှင် တကယ်တမ်း၌ သူ့ကို သွားရောက် မစော်ကားရဲချေ။

All Chapters