အခန်း ၃၃၀
Vol. 33 Ch. 330
အခန်း (၃၃၀) ကျန်းချဲ့က မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ပေးစွမ်းခဲ့တယ်
ဘယ်လို သဘောတူအောင် ပြောလိုက်တာလဲ ဟုတ်လား...
သေချာပေါက် ပါးစပ် နှစ်ပေါက်စလုံးနဲ့ အစွမ်းကုန် ကြိုးစားပြီးမှ သဘောတူအောင် ပြောနိုင်ခဲ့တာပေါ့...
သို့သော် ဤစကားကို နင်မြို့စားကတော် အနေဖြင့် ဖွင့်မပြောရဲဘဲ လိမ်ညာပြီးသာ ပြောလိုက်လေသည်။
"တကယ်တော့ ကျန်းချဲ့ က ရည်မှန်းချက် မသေးပါဘူး ကျွန်မတို့ နင်မြို့စား အိမ်တော် က ယွဲ့ပြည်နယ်မှာ အင်အား ကြီးမားတဲ့အပြင် တောင်ပိုင်းယွဲ့ နဲ့ပါ ဆက်သွယ်လို့ ရတယ် ဆိုတာကို သူ သိသွားတော့ ဒီအဆက်အသွယ်ကနေ အကျိုးအမြတ်တွေ ရဖို့ တွေးမိသွားတာပါ..."
"အို..."
နင်မြို့စား က မြို့စားကတော် ကို သံသယ မျက်လုံးများဖြင့် တစ်ချက် အကဲခတ် ကြည့်လိုက်ပြီးနောက် ဆက်လက် မမေးမြန်းတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"ဒါဆိုရင်တော့ ငါကိုယ်တော် လည်း သူ့ကို တွေ့ချင်လာပြီ..."
နင်မြို့စား သည် အမြဲတမ်း အေးအေးဆေးဆေး နေတတ်သူ မဟုတ်ပေ။ သူ့ကိုယ်သူ အသုံးမကျသော မြို့စား တစ်ယောက် အဖြစ် ဟန်ဆောင်နေခြင်းမှာ ဘုရင်ကြီး ၏ အာရုံစိုက်မှုကို မခံရစေရန် သက်သက်သာ ဖြစ်သည်။
သို့သော် ယခင်က တာ့ကျိုး ၏ တော်ဝင်သားတော် တစ်ပါး ဖြစ်ခဲ့ဖူးသူ တစ်ယောက် အနေဖြင့် သူ ကတော့ တစ်သက်လုံး အသုံးမကျသူ တစ်ယောက် အဖြစ် နေသွားရန် လုံးဝ ဆန္ဒမရှိချေ။
ထို့ကြောင့် အပြင်ပန်းတွင် ဟန်ဆောင်နေသော်လည်း လျှို့ဝှက်စွာဖြင့်တော့ အင်အား များကို စုဆောင်းနေပြီး ချင်းထျန်းဂိုဏ်း ကဲ့သို့သော ပုန်ကန်သူများ နှင့်ပင် ပတ်သက်မှု ရှိနေလေသည်။ သူ၏ ရည်မှန်းချက်မှာ တစ်နေ့နေ့ တစ်ချိန်ချိန် တွင် အလယ်ပိုင်းဒေသ သို့ ပြန်လည် တိုက်ခိုက်ရန် ပင်ဖြစ်သည်။
သေချာသည် ကတော့ ထိုမျှော်လင့်ချက် မှာ အလွန် နည်းပါးကြောင်း သူ ကောင်းစွာ သိရှိထားပြီး လောလောဆယ်တွင်တော့ ရည်မှန်းချက် တစ်ခု အဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေ အရ ဆိုလျှင် ကျန်းချဲ့ သည် အမှန်တကယ်ပင် အသုံးချရန် သင့်တော်သော နယ်ရုပ် တစ်ခု ဖြစ်ပေသည်။ အကယ်၍ ကျန်းချဲ့ ကိုသာ နင်မြို့စား အိမ်တော် နှင့် ပူးပေါင်းအောင် လုပ်နိုင်မည် ဆိုပါက ထျန်းနန်မြို့ ၏ စစ်တပ်အာဏာ ကိုပါ ရရှိသွားမည် ဖြစ်ပြီး နင်မြို့စား အိမ်တော် ၏ အင်အား မှာလည်း လျင်မြန်စွာ ကျယ်ပြန့်လာမည် ဖြစ်လေသည်။
"သူ အခု ထျန်းနန်မှာ မရှိသေးပါဘူး ပြန်မရောက်သေးပါဘူး သူ ပြန်ရောက်လာတဲ့ အချိန်ကျရင် ကျွန်မ ချက်ချင်း လူလွှတ်ပြီး အကြောင်းကြားလိုက်ပါ့မယ်..."
ကျန်းချဲ့ ၏ ယခင်က သတိပေးချက် ကို အမှတ်ရကာ နင်မြို့စားကတော် က မသိမသာ ဖုံးကွယ် ပြောဆိုလိုက်လေသည်။
နင်မြို့စား မျက်မှောင်ကျုံ့ သွားလေသည်။
"ဟွန့် သာမန် ဆင်းရဲသား ဘဝကနေ တက်လာတဲ့ သမက် တစ်ယောက်ကများ ငါကိုယ်တော်ကို စောင့်ခိုင်းရဲတယ်ပေါ့ တကယ်ကို မျက်နှာပြောင်တိုက်လွန်းတာပဲ..."
နင်မြို့စားကတော် က ခေါင်းငုံ့ထားပြီး ဘာမှ ထပ်မပြောရဲချေ။
နဖူးကို ပွတ်သပ်ကာ နင်မြို့စား က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
"ငါကိုယ်တော် ဒီမှာ အကြာကြီး နေမှာ မဟုတ်ဘူး သူ့ကို အမြန်ဆုံး ပြန်လာခိုင်းလိုက်..."
"ကျွန်မ အခုပဲ သွားလုပ်လိုက်ပါ့မယ်..."
နင်မြို့စားကတော် က ခါးညွှတ်ကာ အရိုအသေ ပေးလိုက်လေသည်။
"အင်း ငါကိုယ်တော် ကို စာကြည့်ခန်း ဆီ ခေါ်သွားပေး ဒီရက်ပိုင်း စာရင်းတွေကို စစ်ဆေးကြည့်ချင်လို့..."
"ဟုတ်ကဲ့ပါ..."
နင်မြို့စားကတော် က ညင်သာစွာ ခေါင်းညိတ် လိုက်သော်လည်း အောက်သို့ စိုက်ကျနေသော သူမ၏ မျက်ဝန်းများ ထဲတွင်တော့ လျှို့ဝှက်သော အလင်းတန်း များ လင်းလက် နေလေသည်။
ညအချိန်။
ကြယ်ရောင်များ မှေးမှိန် နေပြီး အမှောင်ထု က လွှမ်းခြုံ နေလေသည်။
နင်မြို့စား အိမ်တော် အတွင်း ရုတ်တရက် မီးတောက်များ ထွက်ပေါ် လာလေသည်။
အချိန်တို အတွင်းမှာပင် နေရာအနှံ့သို့ ကူးစက်သွားပြီး မီးတောက်များ လျင်မြန်စွာ လောင်ကျွမ်း လာလေသည်။
အိမ်တော် အတွင်း တွင်လည်း အလန့်တကြား အော်ဟစ်သံ များ ဆူညံ နေလေသည်။
"မီးလောင်နေပြီ မီးလောင်နေပြီဟေ့..."
"မြန်မြန် လာ ငြှိမ်းကြပါဦး..."
"ကျစ် ဒီမီးက ဘာလို့ ငြှိမ်းလို့ မရတာလဲ..."
အိမ်တော် တစ်ခုလုံး မျက်တောင်တစ်ခတ် အတွင်း ပရမ်းပတာ ဖြစ်သွားပြီး အစေခံများ၊ မိန်းကလေးများ အားလုံး အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ နေကြလေသည်။
အိမ်တော် အတွင်း လောင်ကျွမ်း နေသော မီးတောက် များမှာ သေချာပေါက် နင်မြို့စားကတော် နှင့် ကျန်းချဲ့ တို့ ပူးပေါင်း လုပ်ဆောင်ထားခြင်း ပင်ဖြစ်သည်။ အဓိက ရည်ရွယ်ချက် မှာ ဆူညံသံ များ ထွက်ပေါ်လာစေပြီး နင်မြို့စား ဤနေရာသို့ ရောက်ရှိနေကြောင်း ပြင်ပမှ လူများကို သိရှိသွားစေရန် ပင်ဖြစ်သည်။
ပန်းခြံ အတွင်း၌ ဂျီချန်ချင်း... နင်မြို့စား နှင့် အတူ လိုက်ပါလာသော အစောင့်အရှောက် များ အားလုံး စုဝေးနေကြပြီး လျင်မြန်စွာ ကူးစက် လောင်ကျွမ်း နေသော မီးတောက် များကို ကြည့်ရင်း မျက်မှောင်ကျုံ့ နေကြလေသည်။
"ကျစ် ဒါက ဘယ်လို ဖြစ်ရတာလဲ ဘာလို့ ငြှိမ်းလို့ မရတာလဲ..."
နင်မြို့စား က အနီးနားရှိ အစောင့်အရှောက် များကို ဒေါသတကြီး အော်ဟစ် ဆူပူ နေလေသည်။
သူသည် မွေးရာပါအဆင့် သိုင်းပညာရှင် များစွာ နှင့် သာမန် ရွှမ်တန်အဆင့် သိုင်းသခင် အချို့ ကိုပါ အစောင့်အဖြစ် ငှားရမ်းထားခဲ့လေသည်။ သူတို့ အားလုံး မှာ အင်အား သိပ်မဆိုးကြဘဲ သာမန် မီးတောက် များ သာ ဆိုပါက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် အလွယ်တကူ ငြှိမ်းသတ် နိုင်မည် ဖြစ်လေသည်။
သို့သော် ယခု အခြေအနေ ကတော့ မီးကို ငြှိမ်းသတ်ရန် ကြိုးစားလေလေ မီးတောက်များ ပိုမို ကြီးမား လာလေလေ ပင်ဖြစ်သည်။
အကြီးအကဲတု က မျက်မှောင်ကျုံ့ ကာ ဘေးပတ်ဝန်းကျင်ရှိ မီးတောက်များကို အကဲခတ် ကြည့်ရှု လိုက်ရာ ထိုမီးတောက်များ က သူ့ကိုပင် အန္တရာယ် ပေးနိုင်ကြောင်း အာရုံခံ မိလိုက်သဖြင့် အလွန် လေးနက်သော အမူအရာ ဖြင့် ပြောလိုက်လေသည်။
"ဒါက သာမန် မီးတောက်တွေ မဟုတ်ဘူး ဝိညာဉ် မီးတောက်တွေပဲ တော်တော် အစွမ်းထက်တဲ့ သူတစ်ယောက်က နောက်ကွယ်ကနေ လုပ်နေတာ သေချာတယ် မြို့စားမင်း သတိထားပါ..."
ဤစကားကို ကြားသောအခါ ဂျီချန်ချင်း မှာ အနည်းငယ် ထိတ်လန့် သွားလေသည်။
"အကြီးအကဲတု ဒါ ဒါက ဘယ်လို ဖြစ်ရတာလဲ ဘယ်သူကများ ကျွန်တော်တို့ကို လာတိုက်ခိုက်ရဲတာလဲ ဒါနဲ့ မယ်တော် ရော မယ်တော် မီးထဲ ပါသွားတာတော့ မဟုတ်ပါဘူးနော်..."
အကြီးအကဲတု က ခေါင်းယမ်း လိုက်လေသည်။
"ဒီမီးတောက် တွေက ထူးဆန်းတယ် လူကို အန္တရာယ် ပေးမယ့် ရည်ရွယ်ချက် မရှိဘူး ဒါပေမဲ့ ပေါ့ဆလို့တော့ မရဘူး ကျွန်တော့် အမြင်အရတော့ မြို့စားမင်း အနေနဲ့ အိမ်တော် ထဲကနေ အမြန်ဆုံး ထွက်သွားပြီး ပုန်းနေတာ အကောင်းဆုံးပဲ..."
နင်မြို့စား လည်း အချိန်အနည်းငယ် စဉ်းစားခန်း ဝင်ပြီးနောက် အကြီးအကဲတု ၏ အကြံပြုချက် ကို သဘောတူ လိုက်လေသည်။
"ကောင်းပြီ ဒါဆိုရင်လည်း အကြီးအကဲတု ပြောတဲ့အတိုင်းပဲ..."
သူ စကားပင် မဆုံးသေးမီ ရုတ်တရက် အလွန် ကြောက်မက်ဖွယ် ကောင်းသော ရယ်မောသံ ကြီး တစ်ခု ထွက်ပေါ် လာသဖြင့် စကားစ ဖြတ်သွားရလေသည်။
"တွေ့ပြီ ဟဲဟဲဟဲ..."
"ဟင် ဘယ်သူလဲ..."
အကြီးအကဲတု ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး အာရုံခံစားမှု ကို ချက်ချင်း ဖြန့်ကြက် လိုက်လေသည်။
သို့သော် သူ တုံ့ပြန်ရန် ပြင်လိုက်သည့် အချိန်မှာပင် ရုတ်တရက် အာရုံခံစားမှု ကို တိုက်ခိုက် သည့် စွမ်းအား တစ်ခု နင်မြို့စား အိမ်တော် အထက် တွင် ပေါက်ကွဲ ထွက်လာရာ အကြီးအကဲတု ပင်လျှင် မျက်လုံးများ ပြာသွားပြီး အကြီးအကျယ် ဒဏ်ရာ ရရှိသွားလေသည်။
အနီးနားရှိ အခြားသော သိုင်းပညာရှင် များ ကတော့ ပို၍ပင် ဆိုးရွား လေသည်။ အများအပြား သေဆုံး သွားကြပြီး အချို့ မှာလည်း မြေကြီးပေါ်သို့ ချက်ချင်း လဲကျ သွားကြလေသည်။ ထိုအထဲတွင် နင်မြို့စား နှင့် ဂျီချန်ချင်း တို့ လည်း ပါဝင်လေသည်။
"လူရမ်းကား တာ့ကျိုး တော်ဝင် မျိုးနွယ်ဝင် တစ်ယောက် ဒီမှာ ရှိနေတာကို ဘယ်သူကများ ဒီလောက် ရိုင်းစိုင်းရဲတာလဲ..."
အကြီးအကဲတု က ချက်ချင်း အသံကျယ်ကြီး ဖြင့် ဟစ်အော် လိုက်လေသည်။
"ဟွန့် ဘာ တော်ဝင် မျိုးနွယ်ဝင် လဲ ငါ့အရှေ့ လာပြီး မာန လာမတက်နဲ့ ငါတို့ ချင်းထျန်းဂိုဏ်း က ဒီလို ဂျီမိသားစု ဝင်တွေကို သီးသန့် ဖမ်းနေတာပဲ..."
အက်ရှသော အသံကြီး တစ်ခု အရပ်လေးမျက်နှာ မှ ပဲ့တင်ထပ် လာလေသည်။
အကြီးအကဲတု ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်း သွားပြီး ထိုအရှိန်အဝါ ကြီး ကြောင့် သူ ပင်လျှင် အလွန် ကြီးမားလှသော အန္တရာယ် ကို ခံစား နေရလေသည်။
နောက်တစ်စက္ကန့် တွင် ချင်းထျန်းဂိုဏ်း မှ လူအဖြစ် ဟန်ဆောင်ထားသော ချီရွှယ်မိစ္ဆာသခင် က ဝင်ရောက် တိုက်ခိုက် လိုက်လေသည်။ လေဟာနယ် ထက်တွင် သွေးရောင် လခြမ်း တစ်ခု ဖန်တီး လိုက်ပြီး မျက်တောင်တစ်ခတ် အတွင်း အကြီးအကဲတု ၏ အပေါ်သို့ တိုက်ရိုက် ဖိနှိပ် ချလိုက်လေသည်။
"ဟား..."
အကြီးအကဲတု ၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီး ချက်ချင်း ပြန်လည် ခုခံ လိုက်လေသည်။
သူ၏ တစ်ကိုယ်လုံး တွင် အလင်းတန်းများ လင်းလက် လာပြီး ကာကွယ်ရေး အလွှာ တစ်ခု ဖြစ်ပေါ် လာလေသည်။
သို့သော် ထိုအချိန်မှာပင် ထို သွေးရောင် လခြမ်း ကြီး ရုတ်တရက် ပေါက်ကွဲ ထွက်သွားပြီး ကောင်းကင်ယံ မှ ကြယ်ပျံများ အလား လင်းလက်သော အလင်းတန်း များ အဆက်မပြတ် ကျဆင်း လာလေသည်။ အလင်းတန်း တစ်ခု ကျဆင်း လာတိုင်း ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲသံ ကြီး တစ်ခု ထွက်ပေါ် လာလေသည်။
အကြီးအကဲတု က အစွမ်းကုန် ပြန်လည် ခုခံရင်း နင်မြို့စား တို့ကို ကာကွယ် ပေးရန် ပြင်လိုက်လေသည်။
သို့သော် အနောက်သို့ လှည့်ကြည့် လိုက်သောအခါ နင်မြို့စား နှင့် သားဖြစ်သူ မှာ လုံးဝ ပျောက်ကွယ် သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ဤမြင်ကွင်း က သူ့ကို ချက်ချင်း အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ သွားစေခဲ့လေသည်။ သူ၏ မျက်စိရှေ့ မှောက်မှာတင် လူကို ခေါ်သွားနိုင်ပြီး သူ လုံးဝ သတိမထား မိလိုက်ခြင်း က တစ်ဖက်လူ ၏ စွမ်းအား မည်မျှ အထိ ကြောက်စရာ ကောင်းကြောင်း ကို အပြည့်အဝ သက်သေပြ နေလေသည်။
"သေစမ်း ပတ်ဝန်းကျင်မှာ အာရုံလှည့်စားအစီအရင် တွေ ရှိနေတာပဲ..."
အကြီးအကဲတု ၏ မျက်နှာ အနည်းငယ် ပြောင်းလဲ သွားပြီး ချက်ချင်း သဘောပေါက် သွားလေသည်။
မဟုတ်ပါက တစ်ဖက်လူ ၏ ကျင့်ကြံခြင်း အဆင့် က သူ့ထက် ပိုမို မြင့်မား နေလျှင်တောင် သူ၏ အာရုံခံစားမှု ကို ဤမျှလောက် အထိ အလွယ်တကူ လှည့်စား နိုင်မည် မဟုတ်ချေ။ ပတ်ဝန်းကျင် မှ သွေးရောင် အလင်းတန်း များကို အစွမ်းကုန် ဖယ်ရှား လိုက်ပြီးနောက် အကြီးအကဲတု သည် ထျန်းနန် မြို့တော်ဝန် အိမ်တော် သို့ လျင်မြန်စွာ ထွက်ခွာ သွားပြီး မြို့ တစ်ခုလုံး ကို ပိတ်ဆို့ ကာ ရှာဖွေ ရန် အကူအညီ တောင်းခံ လိုက်လေတော့သည်။
"ရှီး..."
ထျန်းနန်မြို့ အပြင်ဘက် ဂူတစ်ခု အတွင်း၌ နင်မြို့စား သည် တစ်ကိုယ်လုံး နာကျင် ကိုက်ခဲစွာ ဖြင့် မျက်လုံး ဖွင့်လာလေသည်။ ပတ်ဝန်းကျင် ကို တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက် သတိဝင်လာသော အခါ သူ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်း သွားပြီး မိမိ၏ ခန္ဓာကိုယ် အခြေအနေ ကို အလျင်စလို စစ်ဆေး ကြည့်လိုက်လေသည်။
ထို့နောက် မျက်နှာ အလွန် ဆိုးရွား သွားလေတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်တွင်းရှိ ရွှေအမြုတေ မှာ မည်သည့် နည်းလမ်း ဖြင့် ချုပ်နှောင် ခံထားရမှန်း မသိဘဲ လုံးဝ လှုပ်ရှား၍ မရနိုင်အောင် ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
'ဘယ်သူလဲ...'
နင်မြို့စား က မျက်နှာ မည်းမှောင် နေပြီး လက်ရှိ အခြေအနေ ကို စဉ်းစား နေလေသည်။ သူ့ကို ဖမ်းဆီးလာသူ မှာ သေချာပေါက် ရည်ရွယ်ချက် ရှိရှိ ဖြင့် လာရောက်ခြင်း ဖြစ်ရမည် မဟုတ်ပါက ဤမျှလောက် အထိ ပြည့်စုံစွာ ပြင်ဆင်လာမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ အပြင်ပန်း တွင် သူသည် အသုံးမကျသော မြို့စား တစ်ယောက် ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင် စွမ်းအားများ လည်း ရှိနေဆဲ ပင်ဖြစ်သည်။ ထိုအရာများကို တစ်ခါမှ ထုတ်ဖော် ပြသခြင်း မရှိခဲ့သော်လည်း တစ်ဖက်လူက သေချာပေါက် ကြိုသိနေပုံ ရလေသည်။
'ဒါပေမဲ့ ဘာရည်ရွယ်ချက် နဲ့လဲ...'
သူက အခုချိန်မှာ နယ်နှင်ဒဏ် ခံထားရတဲ့ အသုံးမကျတဲ့ မြို့စား တစ်ယောက်ပဲလေ ချင်းထျန်းဂိုဏ်း က ပုန်ကန်သူတွေ တောင် သူ့ကို သိပ်ပြီး အလေးမထားကြဘူး ဘယ်သူကများ သူ့ကို ဒီလောက် အားထုတ်ပြီး ဖမ်းလာရတာလဲ...
"ချန်ချင်း ချန်ချင်း..."
ဘေးပတ်ဝန်းကျင် တွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ နင်မြို့စား က ဘေးတွင် ရှိနေသော သားဖြစ်သူကို အလျင်စလို ခေါ်လိုက်လေသည်။
သို့သော် ဂျီချန်ချင်း ကတော့ မည်သည့် တုံ့ပြန်မှု မျှ မရှိချေ။ အာရုံခံစားမှု ကို တိုက်ခိုက် သည့် စွမ်းအား က သူ့ကို ရည်ရွယ် ခြင်း မဟုတ်သော်လည်း အရှိန်အဝါ ကြောင့်ပင် သူ၏ မူလဝိညာဉ် မှာ အကြီးအကျယ် ဒဏ်ရာ ရရှိသွားခဲ့လေသည်။
ထို့ကြောင့် တစ်စုံတစ်ယောက် က ခေါ်နေသည် ကို ကြားသော်လည်း မျက်လုံး ဖွင့်နိုင်စွမ်း မရှိဘဲ လက်ချောင်းလေး များကိုသာ အနည်းငယ် လှုပ်ရှား နိုင်လေသည်။
"ရှပ် ရှပ်..."
နင်မြို့စား က ဂျီချန်ချင်း ကို အဆက်မပြတ် ခေါ်နေစဉ် ဂူ အပြင်ဘက် မှ ရုတ်တရက် ခြေသံ အချို့ ထွက်ပေါ် လာရာ နင်မြို့စား ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်း သွားပြီး မျက်လုံးများ လှုပ်ရှား ကာ အပြင်ဘက် သို့ စူးစိုက် ကြည့်နေလေသည်။
လူရိပ်များ ထွက်ပေါ် လာပြီးနောက် အေးစက်စက် မျက်နှာထား ဖြင့် ကျန်းချဲ့ က ဂူ အတွင်းသို့ ဝင်ရောက် လာလေသည်။ သူ၏ ဘေးတွင် နန်းတွင်း ဝတ်စုံ ကို ဝတ်ဆင် ထားသော နင်မြို့စားကတော် လည်း ပါလာပြီး အလွန် စိုးရိမ် ထိတ်လန့် နေသော မျက်နှာထား ဖြင့် ကျန်းချဲ့ ၏ ဘေးတွင် ကပ်လိုက် လာလေသည်။
သူတို့ နှစ်ယောက် ဝင်လာသည် ကို မြင်သောအခါ နင်မြို့စား မှာ အနည်းငယ် အံ့အားသင့် သွားပြီးနောက် နင်မြို့စားကတော် ကို ဒေါသတကြီး စူးစိုက် ကြည့်ကာ ပြောလိုက်လေသည်။
"မိန်းမယုတ် မင်း မင်း ဘာလို့ ဒီနေရာကို ရောက်နေတာလဲ ငါ့ကို တိုက်ခိုက်တဲ့ သူတွေက မင်း လွှတ်လိုက်တဲ့ သူတွေလား..."
နင်မြို့စားကတော် က ကျန်းချဲ့ ကို တစ်ချက် ကြည့်လိုက်ပြီး နင်မြို့စား ၏ စကားကို ပြန်မဖြေဘဲ မျက်လုံး လွှဲသွားလေသည်။
မည်သို့ပင်ဆိုစေ ဤကဲ့သို့သော လုပ်ရပ် မျိုးက မိန်းမကောင်း တစ်ယောက် ၏ အလုပ် မဟုတ်ချေ။ အပြင် သို့သာ ပေါက်ကြား သွားပါက သူမ အနေဖြင့် ကဲ့ရဲ့ လှောင်ပြောင်မှု များစွာ ကို ခံရမည် ဖြစ်လေသည်။
သို့သော် ယခု အချိန်တွင် သူမ အတွက် နောက်ဆုတ်ရန် လမ်း မရှိတော့ချေ။ ကျန်းချဲ့ က တစ်ဆင့်ပြီး တစ်ဆင့် တွန်းပို့ ခဲ့သဖြင့် ယခု အခြေအနေ သို့ ရောက်ရှိ လာခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ကျန်းချဲ့ ၏ စကားကို နားမထောင် ပါက သူမ၏ အကြောင်းကို နင်မြို့စား သေချာပေါက် သိရှိသွားမည် ဖြစ်လေသည်။
"ငါ မေးနေတယ်လေ ပြန်ဖြေစမ်း..."
"နင်မြို့စား က ဘာလို့ ဒီလောက်တောင် လောနေရတာလဲ..."
ကျန်းချဲ့ က ခြေလှမ်း ရပ်လိုက်ပြီး အရှေ့ရှိ အသားပုံကြီး ကို အကဲခတ် ကြည့်ရှု လိုက်လေသည်။
နင်မြို့စား သည် သူ တွေ့ဖူးသမျှ လူများ ထဲတွင် အဝဆုံး သူတစ်ယောက် ဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။ တစ်ကိုယ်လုံး တွင် အဆီများ သာ ပြည့်နှက် နေပြီး အလွန် ရွံရှာဖွယ် ကောင်းလှပေသည်။
ဤသည်မှာ အစားအသောက် ကြောင့် မဟုတ်ဘဲ ဆိုးရွားသော ကျင့်စဉ် တစ်ခု ကို ကျင့်ကြံ မိသဖြင့် ဖြစ်ပေါ်လာသော ဘေးထွက် ဆိုးကျိုး နှင့် ပိုမို တူညီ နေလေသည်။
"မင်းက ဘယ်သူလဲ ဘာလို့ ငါကိုယ်တော့် ကို တိုက်ခိုက် ရတာလဲ..."
နင်မြို့စား က မျက်လုံး ထဲရှိ ထိတ်လန့်မှု များကို ဖိနှိပ် ကာ အသံကျယ်ကြီး ဖြင့် မေးလိုက်လေသည်။
"မြို့စားကတော် က ခင်ဗျား ကျုပ်ကို တွေ့ချင်နေတယ် လို့ ပြောလို့ ဒါကြောင့် ကျုပ် ရောက်လာတာပေါ့..."
နင်မြို့စား ၏ မျက်နှာ အနည်းငယ် ပြောင်းလဲ သွားပြီး အရှေ့ရှိ လူငယ်လေး က ဘယ်သူလဲ ဆိုတာ ကို ချက်ချင်း သဘောပေါက် သွားလေသည်။
"ကျန်းချဲ့..."
သူ က သွားကို တင်းကျပ်စွာ ကြိတ်ကာ နာမည် နှစ်လုံး ကို ထွက်ပေါ် လာလေသည်။
"ခင်ဗျား က တော်တော်လေး ဉာဏ်ကောင်းတာပဲ..."
ကျန်းချဲ့ က ပြုံး၍ ပြောလိုက်လေသည်။
"မင်း မင်း ဘာလုပ်ချင်တာလဲ..."
"ဘာမှ မလုပ်ပါဘူး ခင်ဗျား က ကျုပ်ရဲ့ လမ်းကို ပိတ်နေလို့ ခင်ဗျား ကို မရှင်းပစ်ရရင် ကျုပ် စိတ်မအေး နိုင်လို့ပါ..."
"မင်း မင်း ငါကိုယ်တော့် ကို သတ်ရဲလို့လား..."
နင်မြို့စား ၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီး ထိတ်လန့် ကြောက်ရွံ့စွာ ဖြင့် ကျန်းချဲ့ ကို ကြည့်ကာ မေးလိုက်လေသည်။
"ခင်ဗျား က မယုံဘူးလား..."
"ငါကိုယ်တော် က ယခင် ဘုရင်ကြီး ရဲ့ သားတော် တာ့ကျိုး တော်ဝင် မျိုးနွယ်ဝင် တစ်ယောက် မင်းသာ ငါကိုယ်တော့် ကို သတ်လိုက်ရင် ဂျီမိသားစု က မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး အခု ငါကိုယ်တော့် ကို လွှတ်ပေးလိုက်ရင် ဘာမှ မဖြစ်ခဲ့သလို သဘောထား ပေးမယ်..."
"အသက် ဒီလောက် ကြီးနေပြီကို ဒီလောက်တောင် ရိုးအ နေတုန်းပဲလား သူ အမြဲတမ်း ဒီလိုပဲလား..."
ကျန်းချဲ့ က အနောက် သို့ လှည့်ကာ နင်မြို့စားကတော် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ ကို ရင်ခွင်ထဲသို့ ဆွဲသွင်း လိုက်လေသည်။
နင်မြို့စားကတော် ၏ ခန္ဓာကိုယ် လေး တောင့်တင်း သွားပြီး တစ်ကိုယ်လုံး တုန်ယင် နေကာ ခေါင်းငုံ့ထားပြီး ဘာစကား မှ မပြောရဲချေ။
"မိန်းမယုတ် မိန်းမယုတ် မင်း မင်း ငါကိုယ်တော့် ကို သစ္စာဖောက်တယ် မင်း မင်း ဘယ်လိုများ ဒီလို လုပ်ရဲတာလဲ..."
ဤမြင်ကွင်း ကို မြင်သောအခါ နင်မြို့စား ၏ မျက်နှာ ချက်ချင်း အလွန် ဆိုးရွား သွားပြီး နင်မြို့စားကတော် ကို ဒေါသတကြီး အော်ဟစ် ဆဲဆို လိုက်လေသည်။
နင်မြို့စားကတော် က ဘာမှ ပြန်မပြောဘဲ ကျန်းချဲ့ ၏ ခါးကိုသာ တင်းကျပ်စွာ ဖက်ထား လိုက်လေသည်။
"မိန်းမပျက် မိန်းမယုတ် မင်း မင်း ဘာလို့ ငါကိုယ်တော့် ကို သစ္စာဖောက် ရတာလဲ..."
ဤမြင်ကွင်း ကို မြင်သောအခါ နင်မြို့စား အလွန် ဒေါသထွက် သွားသလို တစ်ဖက်လူ အဘယ်ကြောင့် အိမ်တော် သို့ ပြန်မလာချင်ရသနည်း ဆိုသည်ကိုလည်း ချက်ချင်း သဘောပေါက် သွားလေတော့သည်။
အချိန် အကြာကြီး ထျန်းနန်မြို့ တွင် နေနေခြင်း က...
သူမ က သူ့ကို သစ္စာဖောက် နေလို့ပဲ...
နင်မြို့စား ကို တစ်ချက် ကြည့်လိုက်ပြီး နင်မြို့စားကတော် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်လေသည်။ ထို့နောက် မျက်နှာပေါ်သို့ ဝဲကျနေသော ဆံပင်လေး များကို သပ်တင် လိုက်ပြီး ကျန်းချဲ့ ၏ နားနားသို့ ကပ်ကာ လေပူလေး မှုတ်ထုတ် လိုက်လေသည်။ ထို့နောက် မှသာ အနီးရှိ နင်မြို့စား ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်လေသည်။
"ကျန်းချဲ့ က ကျွန်မ ကို မိန်းမ တစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေ ပေးစွမ်း နိုင်လို့လေ..."
"အား အား မိန်းမယုတ်..."
နင်မြို့စား ချက်ချင်း အကြီးအကျယ် ဒေါသထွက် သွားပြီး အရှေ့ရှိ ခွေးကောင် နှစ်ကောင် ကို သတ်ဖြတ် ရန် ပြင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ် မှာ ချုပ်နှောင် ခံထားရသဖြင့် မည်သို့မျှ လှုပ်ရှား၍ မရနိုင်ဘဲ တစ်ကိုယ်လုံး တုန်ယင် နေရုံ သက်သက်သာ တတ်နိုင်တော့လေသည်။
သူ ယခုကဲ့သို့ အခြေအနေ မျိုးသို့ ရောက်ရှိ လာလိမ့်မည် ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။
လူ နှစ်ယောက် ၏ အရှက်ခွဲခြင်း ကို ခံနေရလေသည်။
"မြို့စားလေး ကလည်း ဟန်ဆောင် နေစရာ မလိုတော့ပါဘူး ပွဲကြည့်ချင်သေးလို့လား..."
နင်မြို့စား ၏ ဒေါသတကြီး အော်ဟစ်သံ များကို ဂရုမစိုက်ဘဲ ကျန်းချဲ့ ၏ အကြည့်များ က အနည်းငယ် တုန်ယင် နေသော ဂျီချန်ချင်း ထံသို့ ရောက်ရှိ သွားလေသည်။
အာရုံခံစားမှု ဖြင့် ကြည့်လိုက်သောအခါ ဂျီချန်ချင်း သည် ယခုအခါ လှုပ်ရှား နိုင်နေပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိ လိုက်လေသည်။
ဂျီချန်ချင်း ၏ မျက်နှာ လည်း ချက်ချင်း ပြောင်းလဲ သွားပြီး မျက်လုံး ဖွင့်ကာ ကျန်းချဲ့ နှင့် နင်မြို့စားကတော် တို့ကို ကြည့်ရင်း အလွန် ဒေါသထွက် နေသော အမူအရာ ဖြင့် ပြောလိုက်လေသည်။
"ကျန်းချဲ့ မင်း မင်း ဘယ်လိုများ ဒီလောက် ရိုင်းစိုင်းရဲတာလဲ..."
"မယ်တော် မယ်တော် ဒီလို လုပ်တာ ခမည်းတော် ကို မျက်နှာပူစရာ မကောင်းဘူးလား..."
ကျန်းချဲ့ က လက်ညှိုး ထိုးပြ လိုက်သော်လည်း နင်မြို့စားကတော် ကတော့ ခေါင်းငုံ့ထားပြီး ဂျီချန်ချင်း ၏ အကြည့် ကို မရင်ဆိုင်ရဲချေ။ အမှန်တကယ်တော့ ဤတစ်ကြိမ် သူမ လုံးဝ လိုက်မလာချင်ခဲ့ချေ သို့သော် ကျန်းချဲ့ က အတင်းအကျပ် ခေါ်လာခဲ့သဖြင့် ငြင်းဆန်၍ မရခဲ့ခြင်း ပင်ဖြစ်သည်။
"ကောင်းပြီ အခု မင်းတို့နဲ့ အမှားအမှန် လာဆွေးနွေး နေဖို့ အချိန်မရှိဘူး အစောဆုံး နင်မြို့စား အိမ်တော် က ကျုပ်ကို လာစော်ကား တဲ့ အချိန်ကတည်းက မင်းတို့ရဲ့ အဆုံးသတ် က သတ်မှတ် ပြီးသား ဖြစ်သွားပြီ..."
"အခု မင်းကို ရွေးချယ်စရာ တစ်ခု ပေးမယ် မင်း ကိုယ်တိုင် နင်မြို့စား ကို သတ်မလား ဒါမှမဟုတ် မင်း အဖေ နဲ့ အတူတူ သေမလား..."
ကျန်းချဲ့ က ဂျီချန်ချင်း ကို လက်ညှိုး ထိုးကာ ပြောလိုက်လေသည်။
ယခုအခါ သူသည် အရင်ကလို ဟန်ဆောင် နေစရာ မလိုတော့ချေ။ နင်မြို့စား အိမ်တော် ကိုလည်း သူ သိပ်ပြီး ဂရုစိုက်စရာ မလိုတော့ပေ။ နဂါးကျား တာအိုဂိုဏ်း ကို ဖျက်ဆီး ပြီးနောက် ကျန်းချဲ့ ၏ အမြင်များ လည်း ပိုမို ကျယ်ပြန့် လာခဲ့ပြီ ဖြစ်လေသည်။
နဂါးကျား တာအိုဂိုဏ်း ကို သူ ကိုယ်တိုင် ဖျက်ဆီး ခဲ့ခြင်း မဟုတ်သော်လည်း သူ၏ အစပြုမှု ကြောင့် သာ ဖြစ်လေသည်။
"ဘာ မင်း မင်း ဘာပြောလိုက်တယ်..."
ဂျီချန်ချင်း က မျက်လုံးများ ပြူးကျယ် သွားပြီး ကျန်းချဲ့ နှင့် မိခင် ဖြစ်သူ ကို မယုံကြည် နိုင်စွာ ဖြင့် ကြည့်လိုက်လေသည်။
နင်မြို့စား လည်း အနည်းငယ် ကြက်သေသေ သွားပြီးနောက် ချက်ချင်း သဘောပေါက် သွားကာ မျက်နှာ မည်းမှောင် သွားပြီး ကျန်းချဲ့ ကို ဒေါသတကြီး စူးစိုက် ကြည့်လိုက်လေသည်။ တစ်ဖက်လူ ၏ ရည်ရွယ်ချက် ကို သူ ရိပ်မိသွားပြီး ရင်ထဲတွင် အကြီးအကျယ် ဒေါသထွက် နေသော်လည်း ဘာမှ လုပ်၍ မရနိုင်ချေ။
"ငါ မင်းကို အချိန် ဆယ်စက္ကန့် ပေးမယ် မင်း အဖေ သေမလား မင်းတို့ နှစ်ယောက်စလုံး သေမလား ငါနဲ့ လာပြီး ဈေးမဆစ်နဲ့ မင်းမှာ ဈေးဆစ်ပိုင်ခွင့် မရှိဘူး မင်း အဖေ မှာ မင်း တစ်ယောက်တည်း သား ရှိတာမှ မဟုတ်တာ တခြား လူတွေကိုလည်း ငါ ထောက်ပံ့ပေးလို့ ရတယ် မင်း အမေ က ငါ့ကို တောင်းဆိုလို့သာ မင်းကို အခွင့်အရေး ပေးတာ..."
ကျန်းချဲ့ က အေးစက်စွာ ပြောလိုက်လေသည်။
"ငါ ငါ အဲ့ဒီလို လုံးဝ မလုပ်နိုင်ဘူး မင်း အိမ်မက် မက်နေလိုက်..."
ဂျီချန်ချင်း ၏ မျက်နှာ အနည်းငယ် ပြောင်းလဲ သွားပြီးနောက် ဒေါသတကြီး အော်ဟစ် လိုက်လေသည်။
"ဆယ် ကိုး ရှစ်..."
ကျန်းချဲ့ က အချိန်ကို ရေတွက် နေပြီး နင်မြို့စားကတော် လည်း ရင်ထဲတွင် အလွန် စိုးရိမ် ပူပန် နေကာ အလျင်စလို ပြောလိုက်လေသည်။
"ချန်ချင်း မြန်မြန် လုပ်လိုက်ပါ သူ့ကို သတ်လိုက်ရင် သားနဲ့ အမေ အသက်ရှင် လို့ ရပြီ..."
"မယ်တော် သား သားက ဘယ်လိုလုပ်ပြီး အဖေ့ကို သတ်လို့ ဖြစ်မှာလဲ..."
ဂျီချန်ချင်း က အလွန် တွေဝေ နေလေသည်။
"ချန်ချင်း မမေ့နဲ့နော် မင်း အဖေ မှာ မင်း တစ်ယောက်တည်း သား ရှိတာ မဟုတ်ဘူး မင်း သူ့ကို မသတ်ရင် သူ မသေရင်တောင် နောက်ပိုင်း အမေ့ ကြောင့် မင်းရဲ့ မြို့စားလေး နေရာ ကနေ ဖယ်ရှား ခံရမှာ သေချာတယ်..."
"သူက မင်းနဲ့ ငါ့ကို နယ်ရုပ် လေးတွေ လို သဘောထား တာပါ မင်း တစ်သက်လုံး သူ့ လက်အောက် မှာ အနှိမ်ခံ ပြီး နေသွားချင်လို့လား သူ့ကို သတ်လိုက်တာနဲ့ မင်း က နင်မြို့စား ဖြစ်ပြီ အဲ့ဒါမှ မင်း အသက်ရှင် နိုင်မှာ..."
နင်မြို့စားကတော် တွင် နင်မြို့စား အပေါ် မည်သည့် သံယောဇဉ် မှ မရှိသော်လည်း ဂျီချန်ချင်း အပေါ် တွင်တော့ အလွန် ချစ်ခင် လေသည်။ သူမ ၏ သား ဖြစ်သူ အမှား ရွေးချယ် မိပြီး ကျန်းချဲ့ ၏ လက်ထဲတွင် သေဆုံး သွားမည်ကို သူမ လုံးဝ မလိုလားချေ။
ဂျီချန်ချင်း ၏ ခန္ဓာကိုယ် မှာ တုန်ယင် နေပြီး ဘာမှ မပြောရဲချေ။
ယခုအခါ သူ၏ ရင်ထဲတွင် အလွန် ရှုပ်ထွေး နေလေသည်။
ဖခင် ဖြစ်သူ က သူ့အပေါ် အမြဲတမ်း စိတ်အပြောင်းအလဲ မြန်ပြီး တစ်ခါတစ်ရံ ဆူပူ ကြိမ်းမောင်း တတ်သော်လည်း မည်သို့ပင်ဆိုစေ သူ၏ ဖခင် ဖြစ်လေသည်။ အကယ်၍ သူသာ ဖခင် ကို သတ်ဖြတ် လိုက်မည် ဆိုပါက လူ့ကျင့်ဝတ် ကို ဖောက်ဖျက် ရာ မကျဘူးလား...
"တကယ်ကို သားအဖ သံယောဇဉ် ကြီးမား တာပဲ ကောင်းပြီလေ ဒါဆိုရင်လည်း မင်းတို့ သားအဖ နှစ်ယောက် အတူတူ သေလမ်း သွားကြပေါ့…”