← Chapters

အခန်း ၃၄၆

Vol. 25 Ch. 346

အခန်း ၃၄၆

Vol. 25 Ch. 346

အပိုင်း(၃၄၆)

ဝမ်ဇီတောင် သို့ ရောက်ရှိသွားသောအခါ ကျန်းလျိုသည် အချိန်ဖြုန်းမနေတော့ဘဲ မင်းသမီး ပိုင်ဟွာရှို့ကို သူမ၏ မိသားစုနှင့် ပြန်လည်ဆုံတွေ့နိုင်ရန်အတွက် နန်းတော်သို့ ပြန်ခေါ်သွားမည့်အကြောင်း ဝတ်ရုံဝါ မိစ္ဆာ ကို ပြောပြလိုက်သည်။

ယခင်က ကျူးပါကျဲ ပေးပို့ခဲ့သော စာကြောင့် ဝတ်ရုံဝါ မိစ္ဆာ သည် ကျန်းလျို၏ အစီအစဉ်ကို ကောင်းစွာ သိရှိထားပြီးဖြစ်ရာ မည်သည့် ငြင်းဆန်မှုမျှ မပြသဘဲ သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။

မင်းသမီး ပိုင်ဟွာရှို့ နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ဝတ်ရုံဝါ မိစ္ဆာ သည် ခေါင်းညိတ်ကာ ထိုအစီအစဉ်ကို သဘောတူလိုက်သည်။

အစပိုင်းတွင် ဝတ်ရုံဝါ မိစ္ဆာသည် ဤအရာက ပိုင်ဟွာရှို့ အတွက် အပြီးတိုင် ထွက်ခွာသွားခြင်းများ ဖြစ်နေမည်ကို စိုးရိမ်ပူပန်ခဲ့ကောင်း ပူပန်ခဲ့မည်ဖြစ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဇနီးမောင်နှံ နှစ်ဦးအကြား သံယောဇဉ်များ ပိုမိုနက်ရှိုင်းလာခဲ့ပေသည်။ သူ့နှင့် ပိုင်ဟွာရှို့ ကြားရှိ ယခင်က အတားအဆီးများအားလုံး ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို ဝတ်ရုံဝါ မိစ္ဆာ က ရှင်းလင်းစွာ ခံစားနေရသဖြင့် သူမကို စိတ်အေးချမ်းသာစွာဖြင့် သွားခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အနည်းဆုံးတော့ ယခုအခါတွင် ပိုင်ဟွာရှို့၏ နှလုံးသားသည် သူ့ထံသို့ ယိမ်းယိုင်နေပြီ ဖြစ်သည်။

"အမေ..."

ဝံပုလွေလိုက် ကောင်လေး ကသာလျှင် မင်းသမီး ပိုင်ဟွာရှို့ ကို မခွဲခွာချင်သော အကြည့်ဖြင့် ကြည့်နေသော်လည်း သူ့ကို ဝတ်ရုံဝါ မိစ္ဆာ က ဆွဲထားလိုက်လေသည်။

"မင်းသမီး... သွားကြရအောင်..."

ဝတ်ရုံဝါ မိစ္ဆာ နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ကျန်းလျိုက ခေါင်းညိတ်ပြကာ မင်းသမီး ပိုင်ဟွာရှို့ ကို အတူပြန်လိုက်ခဲ့ရန် ခေါ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာတော်..."

ဝတ်ရုံဝါ မိစ္ဆာ နှင့် အတိတ်က မကျေနပ်ချက်များအားလုံးကို အပြည့်အဝ ပြေလည်သွားခဲ့ပြီ ဖြစ်သော်လည်း သူမ အိမ်နှင့်ဝေးကွာနေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။ ပိုင်ဟွာရှို့၏ ရင်ထဲတွင် မိသားစုကို အလွန်အမင်း လွမ်းဆွတ်တမ်းတနေခဲ့ရာ ဝတ်ရုံဝါ မိစ္ဆာ နှင့် သူမ၏ ကလေးလေးကို မခွဲခွာချင်စွာဖြင့် လှည့်ကြည့်ပြီးနောက် မင်းသမီး ပိုင်ဟွာရှို့ သည် ရတနာဆင် တိုင်းပြည်၏ နေပြည်တော်ဆီသို့ ကျန်းလျိုနှင့်အတူ လိုက်ပါသွားခဲ့လေသည်။

ပိုင်ဟွာရှို့ ကို ခေါ်ဆောင်လာပြီးနောက် ကျန်းလျိုသည် အချိန်ဆွဲမနေတော့ဘဲ နေပြည်တော်ဆီသို့ ပုံမှန်အရှိန်ဖြင့်သာ ဆက်လက်ထွက်ခွာလာခဲ့သည်။ မိုင်တစ်ရာကျော်မျှသာ ဝေးကွာသော ခရီးစဉ်တစ်ခုဖြစ်ရာ တစ်ရက်ပင် အချိန်အပြည့်ယူရန် မလိုအပ်ခဲ့ပေ။

"ရွှမ်ကျန်းဆရာတော်... ဒီခရီးစဉ်အတွက် ဆရာတော့်ရဲ့ အစီအစဉ်က ဘာများလဲဆိုတာ မေးခွင့်ပြုပါ..."

လမ်းခရီးတွင် မင်းသမီး ပိုင်ဟွာရှို့ သည် သိချင်စိတ်ဖြင့် သူမ၏ ခေါင်းကိုလှည့်ကာ ကျန်းလျိုကို မေးလိုက်သည်။ ယမန်နေ့က ကျူးပါကျဲ ပို့ဆောင်ခဲ့သော စာကို ပိုင်ဟွာရှို့ မမြင်တွေ့ခဲ့ရသော်လည်း ကျန်းလျိုသည် သူမ၏ မိသားစုကို ကူညီရန် စိတ်ရင်းမှန်ဖြင့် ရည်ရွယ်ထားပြီး အတိတ်က ပဋိပက္ခများကို လွှတ်ချထားခဲ့ကြောင်းကို သူမ သိရှိထားလေသည်။ သူမ၏ နှလုံးသားသည် ဤမိသားစုကို အလွန်တန်ဖိုးထားပေသည်။

အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက ပိုင်ဟွာရှို့ သည် သူမ၏ မိသားစုကို အကွဲကွဲအပြားပြား မဖြစ်စေလိုတော့ပေ။

"အရမ်းရိုးရှင်းပါတယ်... ကောင်းကင်ဘုံကို လှည့်စားမယ်… ပြီးတော့ ခင်ဗျားတို့ အားလုံးကို သေသေချာချာ အပြစ်ပေးဖို့အတွက် ကျောက်စိမ်းဧကရာဇ် နေရာကနေတောင် ဝင်ပါရဦးမယ်..."

ကျန်းလျိုက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

"ကျွန်မတို့ မိသားစုကို အပြစ်ပေးမယ်... ကောင်းကင်ဘုံကို လှည့်စားမယ် ဟုတ်လား..."

ပိုင်ဟွာရှို့သည် လုံးဝ နားမလည်နိုင်စွာဖြင့် ခေါင်းလှည့်ကာ ကျန်းလျိုကို အံ့ဩတကြီး ကြည့်လိုက်သည်။

အနီးတွင်ရှိနေသော ကျူးပါကျဲနှင့် စွန်းဝူခုန်းတို့သည်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် ကျန်းလျိုကို အလွန်အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။

"တကယ်တော့ အစီအစဉ်က ဒီလိုရှိတယ်..."

အနီးတွင် ရှားဝူကျင်း မရှိတော့သဖြင့် နောက်ဆုံးတွင် ကျန်းလျိုသည် အချို့သော ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းနှင့် ရဲရဲဝံ့ဝံ့ ဆွေးနွေးနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဤအစီအစဉ်တွင် စွန်းဝူခုန်းနှင့် အခြားသူများ၏ ကြိုးစားအားထုတ်မှုများ သေချာပေါက် လိုအပ်နေမည်ဖြစ်ရာ ကျန်းလျိုက သူ၏ အစီအစဉ်တစ်ခုလုံးကို လူတိုင်းအား အသေးစိတ် ရှင်းပြလိုက်လေသည်။

တကယ်တော့ ကျန်းလျို၏ အစီအစဉ်ဆိုသောအရာက အလွန်ပင် ရိုးရှင်းလှပေသည်။ ၎င်းကို အစီအစဉ်တစ်ခုဟု ခေါ်ဆိုခြင်းက မူရင်းဇာတ်လမ်း၏ ဇာတ်ညွှန်းကို ကူးယူထားခြင်းမျှသာ ဖြစ်လေသည်။

မူရင်းဇာတ်လမ်းထဲတွင် ဝတ်ရုံဝါ မိစ္ဆာ (သို့မဟုတ်) ကြယ်နတ်မင်း ခွေမုဝံပုလွေ ၏ နောက်ဆုံးရလဒ်တွင်... သူ၏ မိသားစုသည် ပြိုကွဲသွားခဲ့ပြီး သူ၏ ကလေးပင် သေဆုံးသွားခဲ့ရသည်။ လူ့ပြည်သို့ တိတ်တဆိတ် ဆင်းသက်ကာ လူအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပြီး ကလေးများ ရရှိခဲ့သည့် အတွက် ကျောက်စိမ်းဧကရာဇ်သည် ဤကိစ္စကို သိရှိသွားပြီး ဒေါသထွက်ကာ သူ့ကို အပြစ်ပေးခဲ့လေသည်။

သို့သော် ဤအပြစ်ပေးမှုက မပြင်းထန်ခဲ့ပေ။ လုံးဝကို မပြင်းထန်ခဲ့သည့်အပြင် တကယ်တမ်းတွင် အတော်လေးပင် ပေါ့ပါးနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းတွင် ကြံ့မိစ္ဆာ နှင့် မိုးကြိုးကျောင်းတော်ငယ် ပြဿနာများကို ဖြေရှင်းရာတွင် သူသည် များစွာ အထောက်အကူပြုခဲ့သောကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံရှိ တစ်ရက်သည် လူ့ပြည်၌ တစ်နှစ်နှင့် ညီမျှသည်ဟူသော တွက်ချက်မှုအရ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် တစ်ခုလုံးမှာ (ကောင်းကင်ဘုံ အချိန်ဖြင့်) ဆယ်ရက်ကျော်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ဝတ်ရုံဝါ မိစ္ဆာ ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် သူ၏ အပြစ်ပေးခံရမှုသည် မည်မျှပင် ပြင်းထန်နေပါစေ ဆယ်ရက်၊ လဝက်ခန့် အကြာတွင် သူ၏ မူလရာထူးသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ကျန်းလျို၏ အမြင်တွင် ကျောက်စိမ်းဧကရာဇ် က ဤမျှ ပေါ့ပါးသော အပြစ်ဒဏ်ကို ပေးခဲ့ရခြင်း၏ အကြောင်းရင်းမှာ မူရင်းဇာတ်လမ်းထဲတွင် သူသည် ကောင်းကင်ဘုံ၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သော်ငြားလည်း ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သောကြောင့် ဖြစ်နိုင်ပေသည်။

သူ၏ မိသားစု ပြိုကွဲသွားပြီး သူ၏ ကလေးလည်း သေဆုံးသွားခဲ့ရာ ဤရလဒ်ကပင် ကိုယ့်ကိုယ်ကိုယ် ပြင်းထန်စွာ အပြစ်ပေးပြီးသား ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကျောက်စိမ်းဧကရာဇ် က ပေါ့ပါးသော ပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နက္ခတ်နှစ်ဆယ့်ရှစ်ပါး ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ကြယ်နတ်မင်း ခွေမုဝံပုလွေသည် ကောင်းကင်ဘုံ တွင် အလွန် အရေးပါသော နေရာမှ ပါဝင်နေသည် မဟုတ်ပါလော။

သနားညှာတာမှု ပြသရမည့်အချိန် ရောက်လာသောအခါ ကျောက်စိမ်းဧကရာဇ်သည် သူ၏ ကရုဏာထားတတ်သော အသွင်ကို ပြသရန် ဝန်မလေးခဲ့ပေ။

ဤသို့ဆိုလျှင် ကျန်းလျိုအနေဖြင့် အမှန်တကယ်ပင် အချိန်ကုန်ခံပြီး တစ်စုံတစ်ရာကို စီစဉ်နေရန် လိုအပ်ဦးမည်လော။ သူသည် မူရင်း ဇာတ်ညွှန်း၏ တိုးတက်ပြောင်းလဲမှုများအတိုင်းသာ ရှေ့ဆက်သွားရန် လိုအပ်ပေသည်။

သေချာသည်က ကလေးငယ် ရိုက်နှက်သတ်ဖြတ်ခံရမည့် ကိစ္စကတော့ သေချာပေါက် ဖြစ်လာမည် မဟုတ်ရာ ဤအရာအားလုံးသည် ကိုယ်တိုင်ရေးဆွဲထားသော ဇာတ်ညွှန်းတစ်ခုမျှသာ ဖြစ်လေသည်။

"ဆရာတော်... ဒီလိုလုပ်လိုက်လို့ ကျောက်စိမ်းဧကရာဇ် က သူ့ကို တကယ်ပဲ ဒီလောက် ပေါ့ပေါ့ပါးပါးနဲ့ အရေးယူလိမ့်မယ်လို့ သေချာရဲ့လား..."

ကျန်းလျို၏ အစီအစဉ်သည် မူရင်း ဇာတ်ညွှန်းကို ပုံတူကူးချထားခြင်းမျှသာ ဖြစ်သော်လည်း ၎င်းကို ကြားရသောအခါ စွန်းဝူခုန်းမှာ ဤအစီအစဉ်သည် အမှန်တကယ်ပင် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး အလွန်တရာ အသေးစိတ်ကျလှသည်ဟု ခံစားလိုက်ရသည်။ အစီအစဉ် မကောင်း၍ မဟုတ်ဘဲ ကျောက်စိမ်းဧကရာဇ် သည် အမှန်တကယ်ပင် ထိုမျှလောက် လွယ်လွယ်ကူကူ သဘောတူပါ့မလား ဆိုသည်ကို စွန်းဝူခုန်း မသေချာဖြစ်နေခြင်းသာ ဖြစ်သည်။

"ဆရာတော်... ဆရာတော့် အစီအစဉ်က တကယ်ကို ကောင်းပါတယ်... ဒီဝက်ကြီး ကတော့ အဆင်ပြေမယ်လို့ ထင်တယ်..."

သို့သော် စွန်းဝူခုန်း၏ သံသယဖြစ်မှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျူးပါကျဲ သည် ကျန်းလျို၏ အစီအစဉ်ကို ထောက်ခံလျက် ဝင်ပြောလိုက်သည်။

ဆရာတော် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပထမဦးဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ ဆရာတော်နှင့် သဘောတူရန်ပင် ဖြစ်သည်။ ၎င်းသည် ထိပ်တန်း နောက်လိုက်ကောင်း တစ်ယောက်၏ ကိုယ်ပိုင် စည်းမျဉ်းတစ်ခု မဟုတ်ပါလော။

ထို့အပြင် သေချာစွာ ပြန်လည်စဉ်းစားကြည့်သောအခါ ကျူးပါကျဲသည် ဆရာတော်၏ အစီအစဉ်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ အလွန်များကြောင်း ခံစားလိုက်ရသည်။

အမှန်တကယ်ပင် ဆရာတော်၏ ဉာဏ်ပညာသည် အဖွဲ့တစ်ခုလုံးတွင် ထိပ်တန်းအဆင့် ဖြစ်ပေသည်။ "ဟုမ်းစ် ရွှမ်ကျန်း" ဟူသော ဂုဏ်ပုဒ်မှာ အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

နဂါးမြင်းဖြူသည် ခေါင်းကိုငုံ့ထားပြီး မည်သည့်အရာကိုမျှ မကြားခဲ့ရသကဲ့သို့ ဟန်ဆောင်နေလိုက်လေသည်။

နဂါးမြင်းဖြူသည် လုံးလုံးလျားလျား လက်မခံနိုင်သေးသော်လည်း ရှားဝူကျင်း နှင့် မတူညီပေ။ သူ့ထံတွင် နတ်ဘုရားများ၊ ဗုဒ္ဓများနှင့် ပြင်းထန်သည့် ခံစားချက်မျိုး မရှိခဲ့ပေ။ ကျောက်စိမ်းဧကရာဇ် ကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် သူ၏ ဆရာနှင့် နောင်တော်များကို သစ္စာဖောက်ရမည်တဲ့လား။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို နဂါးမြင်းဖြူ သည် လုံးဝ ပြုလုပ်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ နဂါးမြင်းဖြူသည် နဂါးနန်းတော် မှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် အလွန် ဉာဏ်အလင်းပွင့်နေသူဖြစ်ပြီး အနောက်အရပ် သို့ရောက်ရှိကာ သူ၏ တရားဝင် ရာထူးကို ရရှိခဲ့လျှင်တောင်မှ ဦးလေးဖြစ်သူ ကျင်းမြစ် နဂါးမင်းကြီး အတွက် အရေးဆိုပေးရန်မှာ မလွယ်ကူကြောင်းကို ကောင်းစွာ သိရှိထားလေသည်။

ထိုအချိန်ရောက်လာလျှင် မိုင်ပေါင်း ရှစ်သောင်းတစ်ထောင်ကျော် အတူတကွ ဒုက္ခခံခဲ့ကြသော သူ၏ဆရာနှင့် နောင်တော်များသည် သူ၏ အခိုင်မာဆုံးသော အထောက်အပံ့များ ဖြစ်လာမည်သာ ဖြစ်သည်။

"အရာအားလုံးကို ဆရာတော်ပဲ ဆုံးဖြတ်ပေးပါ..."

ကျန်းလျို၏ အစီအစဉ်ကို ကြားသောအခါ မင်းသမီး ပိုင်ဟွာရှို့ က မည်သည့် ကန့်ကွက်မှုမျှ မပြုလုပ်ဘဲ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ကျန်းလျို၏ အစီအစဉ်သည် အမှန်တကယ် အောင်မြင်မည်၊ မအောင်မြင်မည်ကို သူမ မသေချာသော်လည်း အနည်းဆုံးတော့ ထိုအစီအစဉ်က သူမတို့ မိသားစုကို အမှန်တကယ် ထိခိုက်နစ်နာစေမည် မဟုတ်ပေ။ မင်းသမီး ပိုင်ဟွာရှို့ တွင် မည်သည့် ကန့်ကွက်စရာမျှ မရှိခဲ့ပေ။

စကားစမြည်ပြောဆိုရင်း ကျန်းလျိုသည် အစီအစဉ်တွင် အသေးစိတ်အချက်အလက်အချို့ကိုလည်း ထပ်မံဖြည့်စွက်လိုက်ရာ မကြာမီမှာပင် ကျန်းလျိုနှင့် သူ၏အဖွဲ့သည် ရတနာဆင် တိုင်းပြည် ၏ နေပြည်တော်သို့ ထပ်မံရောက်ရှိသွားကြလေသည်။

ဤသည်မှာ ကျန်းလျိုအတွက် ရတနာဆင် တိုင်းပြည် ၏ နေပြည်တော်သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် နေပြည်တော်မှ ဝမ်ဇီတောင် သို့၊ ဝမ်ဇီတောင် မှ နေပြည်တော်သို့ ဟိုဟိုဒီဒီ ပြေးလွှားနေခဲ့ရရာ ဤအဖြစ်က ကျန်းလျိုကို သူ၏ အတိတ်ဘဝမှ ဆေးရုံဆင်းခွင့် စာရွက်စာတမ်းလုပ်ငန်းစဉ်များ လုပ်ဆောင်နေရသည့် ပျင်းရိငြီးငွေ့ဖွယ် ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

ယခုတစ်ကြိမ်တွင်မူ ကျန်းလျိုနှင့် အခြားသူများသည် မင်းသမီး ပိုင်ဟွာရှို့ ကို ပြန်လည်ခေါ်ဆောင်လာခဲ့ရာ သတင်းစကားများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး နေပြည်တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

မိစ္ဆာများက မင်းသမီး ပိုင်ဟွာရှို့ ကို ပြန်ပေးဆွဲသွားခဲ့သည့် ကိစ္စမှာ ဘုရင်ကြီးက သူ၏ သမီးတော်ကို ရှာဖွေရန် နေ့စဉ် တော်ဝင်ကြေညာစာတမ်းများ ကပ်ထားခဲ့သောကြောင့် ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် လူတိုင်း သိရှိထားခဲ့ကြပြီး ဖြစ်သည်။ ယခင်က မည်သူကမျှ အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ယနေ့တွင်တော့ တစ်စုံတစ်ယောက်က မင်းသမီးကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤအရာက ကြီးမားလှသော ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်ပြီး အထူးသဖြင့် ဖျော်ဖြေရေး ရှားပါးလှသော ခေတ်ကာလတွင် ဤအဖြစ်အပျက်သည် တစ်မြို့လုံး၏ အရေးအကြီးဆုံးသော ပြောစမှတ်တစ်ခုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားလေသည်။

ယခုအပြန်ခရီးတွင်မူ ကျန်းလျိုသည် ကျူးပါကျဲ ကို သူ၏အသွင်အပြင်အား ပြောင်းလဲခွင့်မပြုတော့ဘဲ မူလပုံပန်းသဏ္ဌာန်အတိုင်း ပေါ်ပေါ်ထင်ထင် ဝင်ကြွားစွာဖြင့် မြို့ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်လေသည်။

ကျူးပါကျဲ၏ အသွင်အပြင်က လူများကို ထိတ်လန့်သွားစေသော်လည်း မည်သို့ပင်ဆိုစေ သူတို့သည် မင်းသမီး ပိုင်ဟွာရှို့ကို ကယ်တင်ခဲ့သော သူရဲကောင်းများ ဖြစ်ကြရာ မည်သူကမျှ မိစ္ဆာ ဟု အော်ဟစ်ကာ ကြောက်လန့်တကြား ထွက်ပြေးခြင်းမျိုး မရှိခဲ့ကြပေ။

အစွမ်းထက်သူများမှသာလျှင် မိစ္ဆာ ကိုအသုံးပြု၍ အခြား မိစ္ဆာ တစ်ကောင်ကို တိုက်ခိုက်ပြီး မင်းသမီးကို ကယ်တင်နိုင်မည်ဆိုသည်မှာ သဘာဝကျသည်ဟုပင် ခံစားခဲ့ကြရသည် မဟုတ်ပါလော။

***

All Chapters