← Chapters

အခန်း ၃၄၉

Vol. 25 Ch. 349

အခန်း ၃၄၉

Vol. 25 Ch. 349

အပိုင်း(၃၄၉)

မျက်စိတစ်မှိတ်အတွင်း အချိန် ငါးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ မင်းသမီး ပိုင်ဟွာရှို့ နန်းတော်မှ ထွက်ခွာသွားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိနေပြီဖြစ်ပြီး ယခုနောက်ဆုံးတွင် အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမသည် ထိုနေ့ရက်များကို နန်းတော်ထဲတွင် ဘုရင်ကြီးနှင့် မိဖုရားကြီးတို့နှင့်အတူ ကုန်ဆုံးစေခဲ့လေသည်။

ဤကာလအတွင်း ဘုရင်ကြီးနှင့် မိဖုရားကြီးတို့က လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူမ၏ ဘဝဖြတ်သန်းမှုများအကြောင်း သမီးဖြစ်သူကို မေးမြန်းခဲ့ကြသည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်း ပိုင်ဟွာရှို့သည် အမှန်တကယ်ပင် မိစ္ဆာဆိုး တစ်ကောင်နှင့် လက်ထပ်ခဲ့ပြီး လူတစ်ဝက် မိစ္ဆာတစ်ဝက် ကလေးတစ်ယောက်ကိုပင် မွေးဖွားခဲ့ကြောင်း ကြားသိရသောအခါ ဘုရင်ကြီးနှင့် မိဖုရားကြီးတို့မှာ အလွန်အမင်း ရင်ကွဲနာကျ ဖြစ်ခဲ့ရလေသည်။

သူမ၏ မိဘများ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြသည်ကို ကြည့်ကာ မင်းသမီး ပိုင်ဟွာရှို့ သည် ဝတ်ရုံဝါ မိစ္ဆာမှာ မိစ္ဆာဆိုး တစ်ကောင် မဟုတ်ဘဲ နတ်ဘုရားတစ်ပါး၏ အဆင့်အတန်းရှိကြောင်း ဖွင့်ဟဝန်ခံရန် အကြိမ်ကြိမ် ကြိုးစားခဲ့လေသည်။

သို့သော် ကျန်းလျိုနှင့် ဝတ်ရုံဝါ မိစ္ဆာ တို့၏ အစီအစဉ်ကို ထည့်သွင်းစဉ်းစားကာ မင်းသမီး ပိုင်ဟွာရှို့ သည် အတင်းအဓမ္မ မြိုသိပ်ထားလိုက်ပြီး ဖွင့်ဟမပြောဖြစ်ခဲ့ပေ။

"ရပါတယ်... ကိစ္စမရှိပါဘူး သမီးတော်... အခုကစပြီး သမီးတော်က ခမည်းတော်တို့ အနားမှာပဲ နေတော့… ဘယ်သူကမှ သမီးတော်ကို ထပ်ပြီး အနိုင်ကျင့်လို့ မရစေရဘူး..."

မျက်ရည်များကြားမှ ရတနာဆင် တိုင်းပြည် ၏ ဘုရင်ကြီးနှင့် မိဖုရားကြီးတို့က ပိုင်ဟွာရှို့၏ လက်ကို ပုတ်ကာ တိုးညင်းသော အသံဖြင့် နှစ်သိမ့်ပေးလိုက်ကြသည်။

သူတို့ကိုယ်တိုင် အလွန်အမင်း ဝမ်းနည်းပူဆွေးနေကြသော်ငြားလည်း ဤကြည်နူးဖွယ်ကောင်းသော မိသားစု မြင်ကွင်းလေးတွင် ပိုင်ဟွာရှို့ကို နှစ်သိမ့်ပေးရန် မမေ့လျော့ခဲ့ကြပေ။

ကျန်းလျိုတို့သည်လည်း ဤရက်များအတွင်း နန်းတော်ထဲတွင် နေထိုင်နေခဲ့ကြသည်။ ဘုရင်ကြီးက သူတို့ကို အလွန်အမင်း လေးစားတန်ဖိုးထားရုံသာမက နန်းတော်ထဲရှိ လူများကလည်း သူတို့ကို သူရဲကောင်းကြီးများအဖြစ် ရှုမြင်ထားကြလေသည်။ သူတို့သည် ကျန်းလျိုကို အလွန်ကောင်းမွန်စွာ ဂရုစိုက်ကြသဖြင့် လက်ဖျားရေဆွတ်ရုံမျှ အထိ အလုပ်အကျွေးပြုခံနေရလေသည်။

ဤရက်များအတွင်း ရတနာဆင် တိုင်းပြည် ၏ တော်ဝင်နန်းတော်ထဲတွင် နေထိုင်နေစဉ် ကျန်းလျိုသည် သူ၏ ကောင်းကင်နဂါး ဓမ္မတေးသံ ကိုလည်း ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့လေသည်။

ငါးရက်တာ အချိန်တိုအတွင်းမှာပင် သူသည် အတွေ့အကြုံမှတ် တစ်သိန်းကျော်ကို ရရှိခဲ့လေသည်။

ယနေ့တွင် ရတနာဆင် တိုင်းပြည်၏ ပွဲလမ်းသဘင်များ ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်ကို မြင်သောအခါ ဘုရင်ကြီးသည် ကျန်းလျိုနှင့် အခြားသူများအတွက် ညစာစားပွဲကို ထပ်မံ ကျင်းပပေးခဲ့လေသည်။

ညစာစားပွဲတွင် ကျန်းလျိုက ထွက်ပြေးသွားသော မိစ္ဆာဆိုး ရှိရာနေရာကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်းနှင့် ယနေ့ပင် ၎င်းကိုဖမ်းဆီးရန် လှုပ်ရှားနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်လေသည်။

"ဒီလိုဆိုမှတော့ ဆရာတော် လှုပ်ရှားပေးမယ့်အပေါ် ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်..."

ကျန်းလျို၏ စကားများကို ကြားသောအခါ ဘုရင်ကြီးသည် မတ်တတ်ရပ်ကာ သူ့ကို ဂုဏ်ပြုအရက်ခွက် မြှောက်လိုက်လေသည်။

ကျန်းလျို ရှိနေသရွေ့ မိစ္ဆာ ပြဿနာရှာမည်ကို ဘုရင်ကြီး မကြောက်ရွံ့သော်လည်း ဤရက်များအတွင်း မိစ္ဆာ ကို နှိမ်နင်းရန် မလှုပ်ရှားရသေးသဖြင့် သူ၏ ရင်ထဲတွင် မလုံခြုံသော စိုးရိမ်မှုအချို့တော့ သေချာပေါက် ရှိနေခဲ့ပေသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး... ဒါက ကျုပ် ကိုယ်တိုင် ကတိပေးထားခဲ့တဲ့ ကိစ္စပဲလေ..."

ကျန်းလျိုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အလွန် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်သည်။

ရတနာဆင် တိုင်းပြည် ၏ ဘုရင်ကြီးသည် ရုတ်တရက် လှည့်ကာ အနီးရှိ အစေခံတစ်ဦးကို ပြောလိုက်သည်။

"လာကြ... ငါ ကိုယ်တော် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ယူခဲ့ချေ..."

ဘုရင်ကြီး၏ အမိန့်အရ အစေခံသည် ခေါင်းညိတ်လိုက်ပြီးနောက် ပစ္စည်းကို သွားယူရန် လှည့်ထွက်သွားလေသည်။

"ဆရာတော်... ဆရာတော်က တော်ဝင်ကြေညာစာတမ်း ကို လက်ခံပြီး မင်းသမီးကို ကယ်တင်ပေးခဲ့တယ်... ကျေးဇူးဆပ်တဲ့အနေနဲ့ ရွှေတစ်သောင်း ဆုချမယ်လို့ တပည့်တော် ကတိပေးခဲ့တယ်လေ... ဒီကနေ့ ဆရာတော်က မိစ္ဆာကို နှိမ်နင်းပြီး ကျွန်တော်တို့ ရတနာဆင် တိုင်းပြည် အတွက် နောင်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့ လှုပ်ရှားတော့မယ့်အချိန်မှာ တပည့်တော်က ဘယ်လိုလုပ် လက်ချည်းသက်သက် နေနိုင်ပါ့မလဲ..."

ကျန်းလျို၏ မျက်နှာပေါ်မှ နားမလည်နိုင်ဖြစ်နေသော အမူအရာကို မြင်သောအခါ ဘုရင်ကြီးက ဆက်ပြောလိုက်သည်။

"ဒါကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တော်ဝင်ရတနာတိုက်ထဲမှာ ဆရာတော်နဲ့ သင့်တော်မယ့် ရတနာတစ်ခုကို တပည့်တော် ရှာဖွေတွေ့ရှိခဲ့တယ်... ဆရာတော် ငြင်းပယ်မှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်..."

ကျန်းလျို မေးမြန်းမည့်အချိန်ကို မစောင့်တော့ဘဲ ဘုရင်ကြီးက ဆက်ပြောလိုက်သည်။

"ဒါက မဟာယနဘာသာဝင်တွေရဲ့ ရတနာတစ်ခုပါ... လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ပျံလွန်တော်မူသွားတဲ့ ဘုန်းတော်ကြီး တစ်ပါးရဲ့ ဓာတ်တော်နဲ့ လက်စွပ်တစ်ခု ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပြီး… ဗုဒ္ဓဓာတ်တော် ဥပဒေသ လက်စွပ် လို့ အမည်ရတယ်... ဒါက ဆရာတော့်အတွက် အသင့်တော်ဆုံး လက်ဆောင်ဖြစ်မယ်လို့ တပည့်တော် ယုံကြည်ပါတယ်..."

"ရတနာတစ်ခု ဟုတ်လား... ဘုရင်ကြီးက တော်တော် ရက်ရောတာပဲ..."

ဘုရင်ကြီး၏ စကားများကြောင့် ကျေနပ်သွားကာ ကျန်းလျိုသည် စိတ်ထဲမှ တွေးလိုက်လေသည်။

အတွေ့အကြုံမှတ် ရှစ်သန်း ဆုချမည့် စနစ် ၏ တာဝန်ကို ငြင်းပယ်ခဲ့မိသဖြင့် လွန်ခဲ့သော ရက်များအတွင်း သူသည် အနည်းငယ် နောင်တရနေခဲ့မိသော်လည်း ယခု ဘုရင်ကြီးက သူ့အတွက် လက်ဆောင်တစ်ခု ပေးလာသောအခါ သူ၏ ဆုံးရှုံးမှုအတွက် အနည်းငယ် နှစ်သိမ့်မှုရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ခဏအကြာတွင် ထွက်သွားသော အစေခံသည် သေသပ်လှပစွာ ဖန်တီးထားသော သေတ္တာငယ်တစ်ခုကို ကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာလေသည်။

ကျန်းလျို၏ရှေ့တွင် သေတ္တာကို ဖွင့်လိုက်သောအခါ သဘာဝအတိုင်း မြုပ်နှံထားပုံရသော ဓာတ်တော်တစ်ခုပါဝင်သည့် ဖြူစင်သော ကျောက်စိမ်းကဲ့သို့ လက်စွပ်တစ်ကွင်း ပေါ်ထွက်လာလေသည်။ ရှုပ်ထွေးဆန်းကြယ်မှုမရှိဘဲ ရိုးရှင်းနေပုံရသော်လည်း သဘာဝကျလှပေသည်။

ကျန်းလျို၏ အကြည့်တို့က လက်စွပ်ပေါ်သို့ ကျရောက်သွားသည်နှင့် သက်ဆိုင်ရာ အချက်အလက်များကလည်း သူ၏ မျက်စိရှေ့တွင် ပေါ်လာလေသည်။

ဗုဒ္ဓဓာတ်တော် ဥပဒေသ လက်စွပ် (ဒဏ္ဍာရီလာ အရည်အသွေး) - အဆင့် ၄၀ လိုအပ်သည်။ တိုက်ခိုက်ရေးစွမ်းအား +၃၂၀၀၊ အထူးစွမ်းရည် - လွှမ်းမိုးဖိနှိပ်ခြင်း၊ တပ်ဆင်ထားပါက မိမိထက် အဆင့်နိမ့်သော ပစ်မှတ်များ၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။ ကြံ့ခိုင်မှု ၃၃/၇၀

"တကယ့်ကို ကောင်းမွန်တဲ့ လက်နက်ကိရိယာပဲ..."

ကျန်းလျိုက ပစ္စည်းကို စိတ်ထဲမှ ချီးကျူးလိုက်လေသည်။ ၎င်းသည် အဆင့် ၄၀ လက်နက်ကိရိယာ တစ်ခုနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ ၎င်းသည် ဒဏ္ဍာရီလာ အရည်အသွေး သာ ရှိသေးသော်လည်း ထပ်ဆောင်း တိုက်ခိုက်ရေးစွမ်းအား မှာ ၃၂၀၀ အထိ မြင့်မားနေပြီး အဆင့်သတ်မှတ်ချက် မလိုသော သူ၏ ရာဇဝင် လာအရည်အသွေး ပင်မလက်နက်ဖြစ်သည့် သံစပ် တုတ်ကောက်ထက်ပင် များစွာ ကျော်လွန်နေလေသည်။

သူ၏ လက်နက်ကိရိယာများကို ကြည့်လိုက်လျှင် ဟွာလီ ဥပဒေသ လက်စွပ် သည် အဆင့် ၂၀ ဒဏ္ဍာရီလာ အရည်အသွေး ရှိသော ပစ္စည်းတစ်ခုသာဖြစ်ပြီး ထပ်ဆောင်း တိုက်ခိုက်ရေးစွမ်းအား မှာ ၃၀၀ ဝန်းကျင်မျှသာ ရှိရာ ယခုအခါတွင် အတော်လေး မလုံလောက်တော့ကြောင်း ထင်ရှားနေပေသည်။ ကျန်းလျိုသည် ဟန်ဆောင်ယဉ်ကျေးနေရန် ရည်ရွယ်ချက် မရှိတော့ဘဲ ဟွာလီ ဥပဒေသ လက်စွပ် ကို ချက်ချင်း ချွတ်လိုက်ပြီး ဗုဒ္ဓဓာတ်တော် ဥပဒေသ လက်စွပ် ကို သူ၏ လက်ချောင်းတွင် စွပ်လိုက်လေသည်။

မဟူရာ ကျောက်စိမ်း စိပ်ပုတီး ၏ အထူးစွမ်းရည်များကြောင့် သူသည် အဆင့် ၃၅ သာ ရှိသေးသော်လည်း အဆင့် ၄၀ ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာ ကို အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့လေသည်။ ဤလက်နက်ကိရိယာကို ရရှိပြီးနောက် ကျန်းလျို၏ တိုက်ခိုက်ရေးစွမ်းအား မှာ အံ့မခန်း မြင့်တက်သွားလေတော့သည်။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ ဗုဒ္ဓဓာတ်တော် ဥပဒေသ လက်စွပ် ၏ အထူးစွမ်းရည်များသည် အလွန်အသုံးဝင်လှခြင်းပင် ဖြစ်သည်။ အကယ်၍ ၎င်းကို သာမန်နောက်လိုက်ငယ်လေးများနှင့် ဖြစ်ပွားသော အုပ်စုဖွဲ့တိုက်ပွဲတွင် အသုံးပြုမည်ဆိုပါက အားနည်းသွားစေသော အရှိန်အဝါတစ်ခု ပါဝင်လာမည်ဖြစ်သည်။

"မဆိုးဘူး... တော်တော်လေး သဘောကျတယ်..."

အဆင့် ၄၀ အတွက် ဒဏ္ဍာရီလာ အရည်အသွေး နှင့် ထိုက်တန်သော ဤလက်နက်ကိရိယာအတွက် ကျန်းလျိုသည် အလွန်ကျေနပ်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်ရင်း ရတနာဆင် တိုင်းပြည် ၏ ဘုရင်ကြီးကိုလည်း လှမ်းကြည့်လိုက်လေသည်။

"ရွှမ်ကျန်းဆရာတော် သဘောကျတယ်ဆိုရင်တော့ ကောင်းပါပြီ..."

ရွှမ်ကျန်းသည် ဟန်ဆောင်ယဉ်ကျေးကာ ငြင်းဆန်ခြင်းမရှိသည်ကို မြင်သောအခါ ရတနာဆင် တိုင်းပြည် ၏ ဘုရင်ကြီးကလည်း ခေါင်းညိတ်လိုက်လေသည်။

လူတိုင်းက ဉာဏ်ကောင်းကြပေသည်။ ရွှမ်ကျန်းဆရာတော်က ရတနာကို လက်ခံလိုက်ပြီဖြစ်ရာ သူသည် အစွမ်းကုန် ကြိုးစားပြီး မိစ္ဆာနှိမ်နင်းခြင်းကို အောင်မြင်အောင် လုပ်ဆောင်ပေးမည်ဟု မျှော်လင့်ရလေသည်။

"ဆရာတော်... ဒီလို အသေးအမွှား မိစ္ဆာဆိုး လောက်ကို တပည့်တော် ဒီဝက်ကြီး ကိုသာ တာဝန်ပေးလိုက်ပါ..."

ထိုအချိန်တွင် သိုးပေါင်ကင်တစ်ချောင်းကို ကိုင်ကာ အားရပါးရ စားသောက်နေသော ကျူးပါကျဲ သည် မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

ကျူးပါကျဲ၏ စကားများကို ကြားသောအခါ ကျန်းလျိုက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သဘောတူကြောင်း ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ... ဒီလိုဆိုမှတော့ ပါကျဲ...မင်းကိုပဲ တာဝန်ပေးလိုက်မယ်..."

ထိုစကားများ ပြောဆိုပြီးသည်နှင့် ကျူးပါကျဲက သူ၏လက်ကို မြှောက်လိုက်ရာ ခွကိုးချောင်းပါ ထွန်ခြစ် သည် သူ၏ လက်ထဲသို့ ရောက်ရှိလာလေသည်။ ထို့နောက် တစ်ချက်ခုန်ပေါက်လိုက်ပြီး တိမ်တိုက်ကိုစီးကာ ဝမ်ဇီတောင် ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေတော့သည်။

ဝမ်ဇီတောင် သို့ ရောက်ရှိသွားသောအခါ ကျူးပါကျဲသည် အချိန်ဆွဲမနေတော့ဘဲ မိစ္ဆာဂူ အဝမှနေ၍ ကျယ်လောင်စွာ အော်ဟစ်စိန်ခေါ်လေတော့သည်။ စကားအနည်းငယ် အပြန်အလှန် ပြောဆိုပြီးသည်နှင့် သူတို့သည် ချက်ချင်းပင် စတင်တိုက်ခိုက်ကြလေသည်။

ကျူးပါကျဲသည် လှုပ်ရှားလိုက်သည်နှင့် သူ၏ စွမ်းအားမှာ အလွန် ပြင်းထန်လှပေသည်။

သို့သော် နက္ခတ်ခုနစ်ဆယ့်နှစ်ပါး၏ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ထိုက်ယီစစ်မှန်သောနတ်မင်း အဆင့်တွင် ရှိနေသော ခွေမုဝံပုလွေ သည်လည်း အလားတူပင် ထူးခြားလှသော ကျင့်ကြံမှုအဆင့်များ ရှိနေပေသည်။ အကြိမ်ရာနှင့်ချီ၍ အပြန်အလှန် တိုက်ခိုက်ပြီးနောက် မည်သူကမျှ အသာစီး မရနိုင်ခဲ့ပေ။

ထို့နောက်... ကောင်းကင်နှင့်မြေကြီး ဥပဒေသ နတ်စွမ်းရည်များ ကို အသုံးပြုလာသည့် အချိန်သို့ ရောက်သောအခါ မိစ္ဆာ နှစ်ပါး၏ လှုပ်ရှားမှုတိုင်းတွင် ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သော စွမ်းအားများ ထွက်ပေါ်လာလေသည်။

ထိုတိုက်ပွဲသည် ကြီးမားလှသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး နေဝင်ချိန်အထိ မပြီးဆုံးနိုင်ခဲ့ပေ။

မည်သူကမျှ အနိုင်မရနိုင်သကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင် မိုင်ဆယ်နှင့်ချီသော နေရာများမှာ အပျက်အစီးများအဖြစ် ပြောင်းလဲသွားကာ ဝမ်ဇီတောင် ကြီးပင်လျှင် ပြိုကျပျက်စီးသွားခဲ့လေသည်။

***

All Chapters