အခန်း ၄၄၇
Vol. 45 Ch. 447
အခန်း။ ၄၄၇
သို့သော်လည်း မကြာမီပင် ရွှီရန်သည် အပြုံးလေးတစ်ခုဖြင့် "စည်းမျဉ်းတွေလား ဒါတွေက ချိုးဖျက်ဖို့အတွက်ပဲ ဖန်တီးထားတာလေ" ဟု တိုးညှင်းစွာ ပြောလိုက်သည်။
"အရင်က ဘယ်သူမှ မလုပ်ဖူးတာနဲ့ ငါ မလုပ်နိုင်ဘူးလို့တော့ မတွေးနဲ့"
ချက်ချင်းပင် ရွှီရန်၏ မျက်လုံးများမှ ရွှေရောင်အလင်းများ တောက်ပလာပြီး သူ၏ ကိုယ်ခန္ဓာမှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
တစ်သောင်းသော တာအိုတို့၏ ပျက်သုဉ်းခြင်း နယ်မြေ"
တစ်သောင်းသော တာအိုတို့၏ ပျက်သုဉ်းခြင်းမှာ အနီရောင် ရွှေရောင် အမြစ်အရိုးစုမှ ရရှိသော ရွှီရန်၏ ထူးခြားသည့် နယ်မြေဖြစ်သည်။
ဤနယ်မြေအတွင်းသို့ ရန်သူကို ဆွဲသွင်းပြီး အဆက်မပြတ် ဖိနှိပ်ကာ သူတို့၏ စွမ်းအားများကို ချေဖျက်ပစ်ခြင်းပင်။
မသေမျိုး ဘိုးဘေးသည် ရွှီရန်ထံမှ ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါကို ခံစားမိပြီး ချက်ချင်းပင် မကောင်းသော အငွေ့အသက်ကို ရရှိလိုက်သည်။
နောက်တစ်ခဏတွင် သူ၏ ကိုယ်ခန္ဓာအတွင်းရှိ အဆုံးမဲ့ သေခြင်းတရား စွမ်းအင်များ လျင်မြန်စွာ လျော့ကျသွားသည်ကို သိလိုက်ရသည်။
ထို့ပြင် စည်းမျဉ်းများကို ပြောင်းလဲပေးနေသော အပြင်ဘက်မှ သေခြင်းတရား စွမ်းအင်များမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ရုတ်တရက် ဖြစ်ပျက်သွားသည့် အပြောင်းအလဲကြောင့် မသေမျိုး ဘိုးဘေးမှာ အကြံအိုက်သွားသည်။
"ဒါ... ဒါ ဘယ်လို စွမ်းရည်မျိုးလဲ"
မသေမျိုး ဘိုးဘေးမှာ အလွန် အံ့အားသင့်သွားသည်။ အခြားသူများ မသိသော်လည်း သူကိုယ်တိုင်တော့ ကောင်းစွာ သိသည်။
သူ၏ ကောင်းကင်လက်ဆောင် မသေမျိုးနတ်ဘုရား နည်းစနစ်မှာ သေခြင်းတရား စွမ်းအင် အမြောက်အမြားအပေါ် အခြေခံထားခြင်းပင်။
သေခြင်းတရား စွမ်းအင် များလေလေ၊ သူ၏ စွမ်းအားမှာ ပိုမို သန်မာလေလေ ဖြစ်ပြီး အကန့်အသတ်မရှိ အသက်ပြန်ရှင်နိုင်သည်။
သို့သော်လည်း သေခြင်းတရား စွမ်းအင်များ ပျောက်ကွယ်သွားပါက သူ၏ စွမ်းအားများ သိသိသာသာ လျော့ကျသွားရုံသာမက သူ ဂုဏ်ယူနေသည့် အသက်ပြန်ရှင်ခြင်း နည်းစနစ်မှာလည်း လုံးဝ အသုံးမဝင်တော့ပေ။
ဤသည်မှာ သူ မွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ၏ သေခြင်းတရား စွမ်းအင်များကို ထိန်းချုပ်ခံလိုက်ရခြင်းပင်။
ဤတစ်ခေါက်တွင် သူ အမှန်တကယ်ပင် ထိတ်လန့်သွားပြီ ဖြစ်သည်။ မသေမျိုး ဘိုးဘေးသည် အပြာရောင်ကြယ်ကို ကျူးကျော်ရန် ရဲဝံ့ခဲ့ခြင်းမှာ ရွှီရန်၏ နောက်ဆုံးလက်နက်ကို ကျော်လွှားနိုင်မည်ဟု တွက်ချက်ထားသောကြောင့်သာမက သူ၏ မသေမျိုးနည်းစနစ်အပေါ် ယုံကြည်ထားသောကြောင့်လည်း ဖြစ်သည်။
ရွှီရန်၏ နောက်ဆုံးလက်နက်ကို သုံးနိုင်သေးလျှင်တောင် သူသည် ပြန်လည် ထူထောင်နိုင်မည်ဟု ယူဆထားသည်။
သို့သော် ယခုမူ ရွှီရန်၏ လျှို့ဝှက်နည်းလမ်းကြောင့် သူ ဂုဏ်ယူနေသော သေခြင်းတရား စွမ်းအင်များ ပျောက်ကွယ်သွားပြီး အသက်ပြန်ရှင်နိုင်မည့် လမ်းစများ ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။
ဤအချိန်တွင် သူသည် သေခြင်းတရားကို ပထမဆုံးအကြိမ်အဖြစ် အနီးကပ်ဆုံး ခံစားလိုက်ရသည်။
သို့သော် သူအတွက် အကောင်းဆုံး သတင်းမှာ သူ၏ စွမ်းအားမှာ အဆင့်မြင့် ဘိုးဘေးအဆင့်တွင် ရှိနေဆဲပင်။
သူသည် ရွှီရန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
"သေခြင်းတရား စွမ်းအင်တွေကို ဖျက်ဆီးလိုက်ရင်ရော ဘာဖြစ်လဲ ငါ့ရဲ့ အဆင့်မြင့် ဘိုးဘေး စွမ်းအားက မင်း ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်တဲ့ ချောက်ကမ်းပါးပဲ"
မကြာသေးခင်က ရွှီရန်သည် ပျက်သုဉ်းခြင်း ကပ်ဘေးအလင်းကို အသုံးပြု၍ သူ့ကို သတ်ခဲ့ပြီး သူ၏ စွမ်းအားများစွာကို ရယူသွားခဲ့သည်။
ယခုမူ သူသည် ရွှီရန်ကို အပြီးသတ် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။
"မင်းကို ဒီနေရာမှာပဲ သတ်လိုက်ရင် ငါ့ရဲ့ သေခြင်းတရား စွမ်းအင်တွေက သူ့အလိုလို ပြန်ရောက်လာလိမ့်မယ်"
"ဟမ့်"
ရွှီရန်က ဘာမျှ ပြန်မပြောဘဲ လှောင်ပြုံး ပြုံးလိုက်သည်။
တစ်သောင်းသော တာအိုတို့၏ ပျက်သုဉ်းခြင်း နယ်မြေမှာ ဆက်လက် ပျံ့နှံ့နေပြီး တစ်ချိန်တည်းမှာပင် သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူသုံးကောင်မှာ ခုန်ထွက်လာသည်။ သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူများမှာ နယ်မြေမှ ပေါက်ဖွားလာပြီး တစ်ကောင်စီသည် ရန်သူ၏ စွမ်းအားကို ဆယ်ရာခိုင်နှုန်းစီ ဖိနှိပ်နိုင်သည်။
သုံးကောင်ပေါင်းလိုက်ရာ မသေမျိုး ဘိုးဘေး၏ စွမ်းအားမှာ သုံးဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားသည်။ ရုတ်တရက် စွမ်းအား လျော့ကျသွားမှုကြောင့် မသေမျိုး ဘိုးဘေးမှာ အံ့ဩသွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မသေမျိုး ဘိုးဘေးက အော်ဟစ်လိုက်သည်။
မည်သူမျှ ဘာဖြစ်နေမှန်း မသိကြပေ။
သို့သော် အကာအကွယ်အတွင်းရှိ ကျင့်ကြံသူများသည် မသေမျိုး ဘိုးဘေးထံမှ ထွက်ပေါ်နေသော အရှိန်အဝါများ သိသိသာသာ လျော့ကျသွားသည်ကို ရှင်းလင်းစွာ ခံစားမိကြသည်။ တစ်ချိန်တည်းမှာပင် နောက်ကွယ်မှ နတ်ဘုရားအဆင့် မိစ္ဆာ သုံးကောင်မှာလည်း သူတို့၏ စွမ်းအားများ လျော့ကျသွားသည်ကို ခံစားမိကာ အံ့အားသင့်သွားကြသည်။
"ဘာဖြစ်တာလဲ ငါ့ရဲ့ ကျင့်ကြံခြင်းက ဘာလို့ အားနည်းသွားတာလဲ"
"ငါရောပဲ သုံးဆယ်ရာခိုင်နှုန်း လျော့ကျသွားတယ်"
"ဘိုးဘေးကိုယ်တိုင်လည်း ဒီလိုပဲ ကြုံနေရတာလား"
မသေမျိုး ဘိုးဘေးမှာ အကြောင်းရင်းမရှိဘဲ စွမ်းအား လျော့ကျသွားသဖြင့် အံ့အားသင့်
နေသည်။ သို့သော် သူ အမြန်ပင် သတိဝင်လာသည်။
"ဒါ မင်းရဲ့ လက်ချက်ပဲ"
မသေမျိုး ဘိုးဘေးက ရွှီရန်ကို ဒေါသတကြီး ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အနီးအနားရှိ သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူသုံးကောင်ကို သတိပြုမိသွားပြီးနောက် သူ ချက်ချင်း နားလည်သွားသည်။
သူ၏ ကျင့်ကြံခြင်း လျော့ကျသွားရခြင်းမှာ ဤထူးဆန်းသော အရာ သုံးခုကြောင့် ဖြစ်ကြောင်း သိလိုက်ရသည်။
ဤအရာများသည် ရွှီရန်နှင့် တူညီသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ ချက်ချင်းပင် တွက်ချက်လိုက်သည်။
"အခု ငါ့ရဲ့ ကျင့်ကြံခြင်းက သုံးဆယ်ရာခိုင်နှုန်း လျော့ကျသွားပြီ။ ရွှီရန်ကို ရင်ဆိုင်ဖို့ဆိုတာ မလွယ်တော့ဘူး။ ဒါပေမဲ့ ဘာကျင့်ကြံခြင်းမှ မရှိတဲ့ ဒီအရာ သုံးခုကိုတော့ တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ် ဒီအရာ သုံးခု ပျက်စီးသွားရင် ဖိနှိပ်ထားတဲ့ စွမ်းအားတွေ ပြန်ရလာမှာပဲ"
ထိုသို့ တွေးမိပြီးနောက် မသေမျိုး ဘိုးဘေးသည် သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူသုံးကောင်ကို ပစ်မှတ်ထားလိုက်သည်။
ဝေးလံသော နေရာတွင် ရွှီရန် လှုပ်ရှားခြင်း မရှိသည်ကို မြင်သောအခါ သူသည် အခွင့်ကောင်းကို ယူပြီး လက်သီးဖြင့် ထိုးလိုက်သည်။
လက်သီးလေပြင်းများ တိုက်ခတ်သွားပြီး ပတ်ဝန်းကျင်ရှိ သဲနှင့် ကျောက်ခဲများကို စုစည်းကာ ဧရာမ လက်သီးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
နောက်တစ်ခဏတွင်မူ ၎င်းမှာ သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူကို တည့်တည့် ထိမှန်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မသေမျိုး ဘိုးဘေးမှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟား၊ ရွှီရန်၊ မင်းရဲ့ လျှို့ဝှက်နည်းလမ်းတွေကို ငါ ဖျက်ဆီးလိုက်ပြီ ပြီးတော့..."
သူ စကားမဆုံးခင်မှာပင် ဖုန်မှုန့်များ ပြန့်ကျဲသွားသည်။
သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူသုံးကောင်မှာမူ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ရပ်နေဆဲပင်။ အခုလေးတင် တိုက်ခိုက်မှုမှာ သူတို့အပေါ် မည်သည့် ပျက်စီးမှုမျှ မဖြစ်ပေါ်စေနိုင်ခဲ့ပေ။
ရွှီရန်က ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ပြီးတော့ နောက်ထပ် ဘာရှိသေးလဲ ဘာလို့ စကားကို အဆုံးမသတ်တာလဲ"
ရုတ်တရက် မသေမျိုး ဘိုးဘေးမှာ အရှက်ရခြင်းကို ပြင်းထန်စွာ ခံစားလိုက်ရသည်။
သူသည် ဤကဲ့သို့ အထင်သေးခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးပေ။ အထူးသဖြင့် ယွဲ့နယ်မြေအဆင့် ကျင့်ကြံသူ၏ လှောင်ပြောင်မှုကို ခံလိုက်ရခြင်းပင်။
ဒေါသထွက်ကာ ရှက်ရွံ့နေသည့်အတွက် သူသည် ရွှီရန်ကိုပင် မေ့လျော့သွားပြီး သူ၏ တစ်သက်တာလုံး သင်ယူခဲ့သမျှ နည်းလမ်းများဖြင့် သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူကို ပစ်မှတ်ထား တိုက်ခိုက်တော့သည်။
သေခြင်းတရား စွမ်းအင်များသည် အမျိုးမျိုးသော တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားသည်။
မသေမျိုး ဘိုးဘေး တစ်သက်တာလုံးတွင် သေဆုံးခဲ့ဖူးသော နည်းလမ်းတိုင်းကို အသုံးပြုကာ သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူကို တိုက်ခိုက်သည်။
ထို့အပြင် ရွှီရန်၏ ရုတ်တရက် တိုက်ခိုက်မှုကိုလည်း သတိထားနေရသေးသည်။ ရွှီရန်ကမူ တားဆီးခြင်း မရှိသလို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းလည်း မလုပ်ပေ။
တစ်သောင်းသော တာအိုတို့၏ ပျက်သုဉ်းခြင်းနယ်မြေ၏ ဒုတိယ အဆင့်ဖြစ်သော သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူတို့သည် ရွှီရန်ကိုယ်တိုင် လွှတ်ပေးထားခြင်း ဖြစ်သည့်အတွက် မည်သည့်နည်းလမ်းဖြင့်မျှ ဖျက်ဆီး၍ မရနိုင်ပေ။
ထို့ကြောင့် မသေမျိုး ဘိုးဘေး၏ လုပ်ရပ်များမှာ အချည်းနှီးသာ ဖြစ်သည်။
နောက်ဆုံးတွင် တိုက်ခိုက်မှုမှာ ဆယ်မိနစ်တိတိ ကြာမြင့်ခဲ့သည်။
ဤဆယ်မိနစ်အတွင်း မသေမျိုး ဘိုးဘေးသည် သူ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ထားသော နည်းလမ်းကို ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း အရာအားလုံးမှာ အလကားသာ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရာ ပျံ့နှံ့နေသော သေခြင်းတရား စွမ်းအင်များမှာ သူ၏ ကိုယ်ခန္ဓာသို့ ပြန်လည် စုစည်းသွားသည်။
သူသည် ရွှီရန်ကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းက အစကတည်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပုံပဲ၊ ဟုတ်လား"
ဤအချိန်တွင် မသေမျိုး ဘိုးဘေးမှာ စတင် စိတ်ပျက်နေပြီ ဖြစ်သည်။
သူ၏ စွမ်းအားကို ဖိနှိပ်ထားသော ထူးဆန်းသည့်အရာကို မည်သည့်နည်းနှင့်မျှ မဖျက်ဆီးနိုင်ကြောင်း သူ သိရှိသွားသည်။
ရွှီရန်၏ လက်ရှိ စွမ်းအားမှာ သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။
သို့သော် သူ၏ အကန့်အသတ်မရှိ အသက်ပြန်ရှင်နိုင်သည့် စွမ်းရည်ကိုသာ အားကိုးကာ နောက်မဆုတ်ဘဲ နေနေခြင်းပင်။
ရွှီရန်က မသေမျိုး ဘိုးဘေး၏ စကားကို ငြင်းဆိုခြင်း မပြုဘဲ ခေါင်းညိတ်လိုက်သည်။
"မင်း သေပြီးသား ဖြစ်နေပြီ"
စတင်ချိန်ကတည်းက ဖိနှိပ်ခံထားရသော မသေမျိုး ဘိုးဘေးပင်လျှင် ရွှီရန်၏ စကားကို ကြားသောအခါ အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
"ဟာသပဲ ငါက မသေမျိုးကွ။ မင်း ဘယ်လိုပဲ သတ်သတ် ငါ အလွယ်တကူ အသက်ပြန်ရှင်နိုင်တယ်"
ရွှီရန်သည် အပြင်ဘက်မှ သေခြင်းတရား စွမ်းအင်ကို ဖျက်ဆီးနိုင်သော်လည်း သူကိုယ်တိုင်မှာ သေခြင်းတရား စွမ်းအင်ကို သိုလှောင်ထားသူ ဖြစ်ရာ အသက်ပြန်ရှင်ခြင်းအတွက် စိုးရိမ်စရာ မရှိပေ။
မသေမျိုးနတ်ဘုရား နည်းစနစ်နှင့် သေခြင်းတရား စွမ်းအင်များ ရှိနေသရွေ့ သူက ဤသို့ ပြောပိုင်ခွင့် ရှိသည်။
ရွှီရန်က ဘာမျှ ပြန်မပြောဘဲ ပြုံးလိုက်သည်။
သူ မိစ္ဆာအင်အားစုကစစ်မြေပြင်သို့ ခြေချစဉ်ကတည်းက တစ်သောင်းသော တာအိုတို့၏ ပျက်သုဉ်းခြင်း နယ်မြေ၏ တတိယ အဆင့်မှာ စတင် အလုပ်လုပ်နေပြီ ဖြစ်သည်။
သန့်ရှင်းသော ဝိညာဉ် ဖိနှိပ်သူက ကျင့်ကြံခြင်းကို ဖိနှိပ်ထားသည့်အပြင် နယ်မြေအတွင်းရှိ ရန်သူ၏ ကိုယ်ခန္ဓာတွင် ပျက်သုဉ်းခြင်း တံဆိပ်များ တိတ်တဆိတ် ဖြစ်ပေါ်နေပြီး အချိုးအစားတစ်ခု ရောက်သောအခါ ရန်သူမှာ အတွင်းမှ အပြင်သို့ လျင်မြန်စွာ ပြိုကွဲသွားကာ ကောင်းကင်နှင့် မြေကြီးအဖြစ် ပြန်လည် ပျော်ဝင်သွားမည်ပင်။
မသေမျိုး ဘိုးဘေးနှင့် ကစားနေသည်မှာ ကြာပြီဖြစ်ရာ ပျက်သုဉ်းခြင်း တံဆိပ်များမှာ သူ့ကို တိုက်ရိုက် ပြိုကွဲစေနိုင်မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ပြင် ဤနည်းလမ်းမှာ အသက်ပြန်ရှင်၍ မရနိုင်ပေ။
မသေမျိုး ဘိုးဘေး၏ အသက်ပြန်ရှင်ရန်အတွက် လိုအပ်သော သေခြင်းတရား စွမ်းအင်ကို တစ်သောင်းသော တာအိုတို့၏ ပျက်သုဉ်းခြင်း နယ်မြေက ဖျက်ဆီးပစ်နိုင်သောကြောင့်ပင်။
ရွှီရန်က မသေမျိုး ဘိုးဘေး၏ ယုံကြည်မှု ရှိနေသော မျက်နှာကို ကြည့်ကာ စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
ရုတ်တရက်
"ဒိုင်း…..…..….."
"ဒိုင်း…..…..….."
"ဒိုင်း…..…..….."
သူ၏ ကိုယ်ခန္ဓာမှ ပေါက်ကွဲသံများ အမြောက်အမြား ထွက်ပေါ်လာသည်။
စုပုံနေသော ပျက်သုဉ်းခြင်း တံဆိပ်များမှာ စတင် ပေါက်ကွဲကုန်သည်။
ကိုယ်ခန္ဓာတွင် ရုတ်တရက် ထူးဆန်းစွာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသဖြင့် အထူးသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် မသေမျိုး ဘိုးဘေးမှာ ထိတ်လန့်သွားသည်။
"ဘာ... ဘာဖြစ်နေတာလဲ"