အခန်း ၃၂၉
Vol. 23 Ch. 329
အပိုင်း(၃၂၉) ကောင်းကင်ကြည့်ဆောင် ပေါ်ထွက်လာခြင်း၊ ကောင်းကင်တာအို ပြန်နိုးထလာခြင်း
"ငါ့ကို သေခွင့်ပေးပါ။ ရှုံးနိမ့်သွားတဲ့သူတွေက ဆက်ပြီးတော့ အသက်ရှင်ဖို့ မျက်နှာမရှိတော့ဘူး။"
"ငါ့ရဲ့တာအိုနှလုံးသား ကွဲကြေသွားပြီ။ ငါ မင်းနဲ့ သုံးကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်။ ပထမ နှစ်ကြိမ်တုန်းကတော့ ငါ့ရဲ့စစ်မှန်တဲ့ခန္ဓာကိုယ် မရောက်သေးဘူးလို့ပြောပြီး ဖုံးကွယ်ထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါ ထပ်ပြီးတော့ ရှုံးနိမ့်ခဲ့ရပြန်ပြီ၊။ ပြီးတော့ ဘာမျှော်လင့်ချက်မှ မမြင်ရတော့ဘူး။ ငါ့ရဲ့ ပြိုင်ဖက်ကင်းတဲ့စိတ်ဆန္ဒ ညှိုးနွမ်းသွားပြီ။ လူသားဧကရာဇ် ရာထူးဆိုတာကို ထားလိုက်ပါတော့။ ဒီဘဝမှာ ကောင်းကင်နယ်ပယ်ကိုရောက်ဖို့တောင် ငါ့မှာ မျှော်လင့်ချက် မရှိတော့ဘူး။"
"ငါ့ရဲ့ ခရီးစဉ်က အဆုံးသတ်သွားပြီ။"
ကျိဝူရွှမ်သည် မြေကြီးပေါ်တွင် ဒူးထောက်နေပြီး မျက်လုံးများတွင် သေမင်းတမျှ တိတ်ဆိတ်ခြင်းများသာ ပြည့်နှက်နေကာ သူ၏ကံကြမ္မာကို လုံးဝလက်ခံလိုက်ပုံရလေသည်။ ကောင်းကင်ကြည့်ဆောင် ရှိနေကြောင်းကို သူသိသော်လည်း သူ မသေချင်သရွေ့တော့ ဘယ်တော့မှ သေမည် မဟုတ်ပေ။
သို့သော်လည်း သူ၏ ပြိုင်ဖက်ကင်းတာအိုနှလုံးသား ကျိုးကြေသွားပြီး ကျင့်ကြံခြင်းလမ်းကြောင်း လုံးဝပြတ်တောက်သွားလေသည်။ အသက်ရှင်ဖို့သက်သက် နေထိုင်ရသောဘဝမျိုးကို သူ လက်ခံနိုင်ရန်အတွက် ခက်ခဲလှ၏။
သေခြင်းတရားက အကောင်းဆုံး အဆုံးသတ်ပင်။
မုန့်ချင်ကျိုးက လက်များကိုနောက်ပစ်ကာ မတ်တပ်ရပ်နေပြီး အနည်းငယ် မျက်မှောင်ကြုတ်နေသည်။ ကြောက်ရွံ့တတ်သော ဇနီးသည်တစ်ဦးကဲ့သို့ ပြုမူနေပြီး သူ့ကိုယ်သူ သနားနေသောကောင်ကို လျစ်လျူရှုကာ သူ့ဘာသာ တွေးတောနေလေသည်။
ကျိဝူရွှမ် ကောင်းကင်ပြည်နယ်ကို အောင်မြင်စွာ ပေါင်းစည်းနိုင်စေရန်အတွက် ကောင်းကင်ကြည့်ဆောင် ကြိုတင်ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု မူလက သူ ထင်မှတ်ထားခဲ့သည်။
သို့သော် အမှန်တကယ်တွင် သူက အစမှအဆုံးထိ မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။
သူက ကျိဝူရွှမ် ဆိုးရွားစွာ ရှုံးနိမ့်ပြီး တာအိုနှလုံးသား ကျိုးကြေသွားသည်ကို အေးစက်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။
ဒီလူက ကောင်းကင်ကြည့်ဆောင်က ရွေးချယ်ထားတဲ့ ဒုတိယမြောက်လူသားဧကရာဇ် ဖြစ်ပြီးတော့ ကောင်းကင်ကြည့်ဆောင်ရဲ့ နှစ်တစ်သောင်းစာ မျှော်လင့်ချက်တွေအားလုံးကို သယ်ဆောင်ထားတဲ့သူလေ။ သူက ဘာလို့ လုံးဝတန်ဖိုးမထားခံရတဲ့ပုံပေါက်နေရတာလဲ။
ဧကန္တ...
မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ ကျိဝူရွှမ်၏အမူအရာကို မြင်တွေ့နိုင်ရန် အလုံပိတ်ထားသည့်အရာကို ချိုးဖျက်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။ သူလည်း ၎င်းကို ခန့်မှန်းမိလောက်လေပြီ။
ကောလာဟလတွေက တကယ် အမှန်ဖြစ်နေခဲ့တာပဲ။
ကောလာဟလဆိုတာ ကောလာဟလ မဟုတ်ဘူး။ အခြေအမြစ်မရှိတာ မဟုတ်ဘူး။ ကျိဝူရွှမ်က တကယ်ပဲ ဒိုင်းကာတစ်ခု သက်သက်ပဲလား။
ဒုတိယဧကရာဇ်ဆိုတာ အပြင်လူတွေကို ပြဖို့အတွက် နာမည်ခံသက်သက်ပဲလား။
ချီးပဲ။
အဲဒီကောင်းကင်ကြည့်ဆောင်က တကယ် ပရိယာယ်များပြီးတော့ လှည့်စားမှုတွေ၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေ မရေမတွက်နိုင်အောင် များတာပဲ။
"ကောင်းကင်စောင့်ကြည့်သူ... မင်း ငါ့ကို ချောင်းကြည့်နေတယ်ဆိုတာကို ငါ သိတယ်။ အခုချက်ချင်း ထွက်ခဲ့စမ်း။"
"ငါက ကျိဝူရွှမ်ကို မသတ်ရဲဘူးလို့ မင်း တကယ် ထင်နေတာလား။"
မုန့်ချင်ကျိုး လှောင်ပြောင်လိုက်ပြီး သူ၏ဓားအသိ ကောင်းကင်သို့ ထိုးတက်သွားကာ ပြောလိုက်သည်။ "ငါ မင်းကို (၁၀)စက္ကန့် အချိန်ပေးမယ်။ အဲဒီအချိန်ရောက်လို့ မင်း ပြန်မဖြေရင်တော့..."
"ငါ ကျိဝူရွှမ်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်မယ်။ ပြီးရင် ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာကို ချက်ချင်း လုယူပြီးတော့ လူသားဧကရာဇ်အဖြစ် ထီးနန်းကို တိုက်ရိုက်တက်လှမ်းမယ်။ ဒါမှ လူသားဧကရာဇ်ကို ပြန်လည်ဖန်တီးမယ်ဆိုတဲ့ မင်းရဲ့ အကြံအစည်ကို တားဆီးပစ်မယ်။"
"နှစ်တစ်သောင်းကျော်ကြာမြင့်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့လုပ်ငန်းကြီး ပြာကျသွားတာ ဟားဟား အတော်လေး မှတ်သားလောက်စရာ ဇာတ်လမ်းတစ်ပုဒ်ပဲ။"
ထိုမျှပင်။
မုန့်ချင်ကျိုးသည် ကျိဝူရွှမ်ကို ပစ်မှတ်ထားလိုက်ပြီး သူ၏ နေရာလွတ်ဓားအသိသည် ကျိဝူရွှမ်၏ မျက်ခုံးကြားတွင် ရစ်ဝဲနေကာ သူ ဂဏန်းများ ရေတွက်နေစဉ် အသံမှာ ရေခဲလို အေးစက်နေလေသည်။
"တစ်။"
"ဆယ်။"
ဓားအသိက ရုတ်တရက် မျက်စိကျိန်းမတတ်တောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲလာပြီး မျက်စိတစ်မှိတ်အတွင်း ကျိဝူရွှမ်၏ ခေါင်းကို ဖြတ်တောက်လိုက်လေသည်။ ထို့နောက် ဓားသန္ဓေသား တစ်ခုသည် သူ၏မျက်ခုံးကြားမှ ဖောက်ထွင်းဝင်ရောက်ပြီး သူ၏အသိစိတ်ကို ချေမှုန်းပစ်ရန် ပြင်ဆင်နေလေသည်။
လခွမ်းတဲ့မှ။
ပရိသတ်အားလုံး အံ့အားသင့်သွားကြပြီး အဖွဲ့အစည်းအသီးသီးသည် အလွန် ထိတ်လန့်သွားသဖြင့် အပေါ့သွားလုနီးပါး ဖြစ်သွားကြလေသည်။
ချီးပဲ။ လူလိမ်။ မင်းက အဲဒီလို ဘယ်လိုများ ရေတွက်ရတာလဲ။ ဒါက အရမ်းကို အရေးကြီးတဲ့ကိစ္စပဲ။ ပေါ့ပေါ့တန်တန် သဘောထားရမယ့်အရာ မဟုတ်ဘူး။
တိတ်ဆိတ်စွာ စောင့်ကြည့်နေသော ကောင်းကင်ကြည့်ဆောင်မှ ကောင်းကင်စောင့်ကြည့်သူသည် မုန့်ချင်ကျိုး၏လုပ်ရပ်များကြောင့် အတော်လေး ထိတ်လန့်သွားပုံရသည်။ ချက်ချင်းပင် ခမ်းနားကြီးကျယ်သော အသံတစ်ခု ကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။
"နေဦး။"
ထိုရိုးရှင်းသော စကားလုံးနှစ်လုံးက ကောင်းကင်ပြည်နယ်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
အမှောင်ထုထဲ ကံကြမ္မာလည်ပတ်မှုက အရာတစ်ခုခုကို ပစ်မှတ်ထားပုံရပြီး မည်သူမျှ သတိမထားမိဘဲ လောကကြီးတွင် သိမ်မွေ့သောပြောင်းလဲမှုများ ဖြစ်ပေါ်လာစေလေသည်။
ခ်ုပြောင်းလဲမှုက အလွန်သိမ်မွေ့လွန်း၍ သာမန်လူများပင် သတိမထားမိနိုင်ပေ။
ဥပမာအားဖြင့် မေ့လျော့နေသော သမိုင်းအပိုင်းအစတစ်ခုက စိတ်ထဲတွင် ရုတ်တရက် ပေါ်လာနိုင်၏။ အရင်က တစ်ခါမှ မကြားဖူးသော အရာတစ်ခုက ဘယ်ဆီကမှန်းမသိ ရုတ်တရက် စိတ်ထဲ ရောက်လာခြင်းမျိုးပင်။
သာမန်လူများနေထိုင်ရာ မြို့တစ်မြို့။
ပညာရှင်တစ်ဦးသည် စားပွဲခုံတွင် ကဗျာများဖတ်ရှုခြင်းနှင့် ဂန္ထဝင်စာပေအမျိုးမျိုးကို ရွတ်ဆိုခြင်းတို့တွင် နစ်မြုပ်နေပြီး အေးအေးဆေးဆေး ကျေနပ်စွာဖြင့် ခေါင်းကို ယိမ်းနွဲ့နေလေသည်။ သူသည် သူ၏ ရွှေရောင် ကမ္ဘာလေးထဲတွင် နစ်မြုပ်နေပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ နောက်လက်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်ထားလေသည်။
သူ ဖတ်နေရင်းနှင့် ရုတ်တရက် တစ်ခုခု မှားနေသလို ခံစားလိုက်ရ၏။
ပညရှင်သည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး စာအုပ်ထဲရှိ သမိုင်းပုံပြင်များကို သေသေချာချာ ပြန်ဖတ်ကြည့်ကာ နားမလည်နိုင်စွာဖြင့် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
"ကောင်းကင်ကြည့်ဆောင်။"
"တစ်ချိန်က ပထမဆုံးလူသားဧကရာဇ်ရဲ့ နတ်ဘုရားတွေကို အောင်နိုင်တဲ့တိုက်ပွဲမှာ လိုက်ပါခဲ့ပြီးတော့ ပြိုင်ဖက်ကင်းတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တယ်။ လူသားဧကရာဇ်ကတောင် ကောင်းကင်ကြည့်ဆောင်ရဲ့ ဂိုဏ်းချုပ်ရာထူးကို ကိုင်စွဲခဲ့သေးတယ်လား။"
"ထူးဆန်းလိုက်တာ။ ဒီလိုအရေးကြီးတဲ့ သမိုင်းအပိုင်းအစအကြောင်းကို ငါက ဘယ်လိုလုပ် တစ်ခါမှ မကြားဖူးရတာလဲ... နေဦး။ ငါ အဲဒါကို ဝေဝါးဝါး မှတ်မိနေသလိုပဲ။ ဒါပေမဲ့ မေ့သွားတာ ဖြစ်ရမယ်။"
"ထင်တဲ့အတိုင်းပဲ၊ ငါ လုံလုံလောက်လောက် မလေ့လာရသေးဘူး။ ပြီးတော့လည်း ကြိုးကြိုးစားစား မလုပ်ရသေးဘူး။"
သာမန်လူများ၏လောကတွင်ပင် ထိုသို့ ဖြစ်နေသည်
ကျင့်ကြံသူများ အလွန်ပင် အံ့အားသင့်သွားကြပြီး ဤလွှမ်းမိုးမှုသည် ကောင်းကင်ပြည်နယ်မှ တောရိုင်းနယ်မြေအထိ ပြန့်နှံ့သွားကာ ကမ္ဘာ၏ထောင့်စွန်းတိုင်းသို့ ရောက်ရှိသွားလေသည်။
နယ်မြေနှစ်ခုလုံး၏ ကံကြမ္မာများက မျက်စိတစ်မှိတ်အတွင်း သိသိသာသာ မြင့်တက်လာလေသည်။
ကောင်းကင်ကြည့်ဆောင်သည် လူသားဧကရာဇ်ခေတ်မှ ကျန်ရှိနေသောကံကြမ္မာကို ဆက်ခံခဲ့သည်။ ယခုအခါ ၎င်းသည် ကောင်းကင်တာအို၏ အမြင်တွင် ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ ထိုကံကြမ္မာသည် ကောင်းကင်တာအို၏ တိုက်ရိုက်လုယက်ခြင်းကို ခံလိုက်ရလေသည်။
ကောင်းကင်စက်လုံးသည် သင့်လျော်သောနေရာသို့ ပြန်လည်ရောက်ရှိသွားပြီး ရှေးခေတ်ကာလ၏ အစကို အမှတ်အသား ပြုလိုက်လေသည်။
ကောင်းကင်တာအို တုန်ခါသွားပြီး မဟာတာအို(၃၀၀၀)ကို ဟိန်းဟောက်သွားစေလေသည်။ နယ်မြေ နှစ်ခုလုံးရှိ ကျင့်ကြံသူအားလုံး၏ ပါရမီများနှင့် ကျင့်ကြံမှုအဆင့်များ မြင့်တက်လာပြီး သူတို့၏ အမြင့်ဆုံး အကန့်အသတ်များ ကျိုးပေါက်သွားလေသည်။
ထိုအချိန်မှစ၍ မဟာတာအိုသည် ပြီးပြည့်စုံသွားပြီး ကောင်းကင်တာအိုက တဖြည်းဖြည်း ပြန်လည် နိုးထလာလေသည်။
အိပ်မောကျနေသော ဘီလူးကြီး တစ်ကောင်လိုပင်။ အိပ်မက်များ ကျိုးကြေပြီး ပြိုကွဲသွားသောအခါ တွေဝေစွာဖြင့် သူ့မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်သည်။ ထို့နောက်တွင် ကောင်းကင်တာအိုက နိုးထလုနီးပါး ဖြစ်နေလေပြီ။
သို့သော်လည်း ဤအရာက အချိန်အတိုင်းအတာတစ်ခု လိုအပ်ပြီး ဤကာလအတွင်း နှိုးဆော်ခံရပါက ကောင်းကင်တာအိုသည် အချိန်မတိုင်မီ ပြန်လည် နိုးထလာနိုင်သည်။
နံနက်ခင်းအလင်းနယ်ပယ်အထက်ရှိ မည်သည့်ကျင့်ကြံသူမဆို ၎င်းကို အာရုံခံနိုင်သည။ သူတို့၏ နားထဲတွင် မည်သူမျှ တီးတိုး မပြောခဲ့ပေ။ ၎င်းမှာ ကြိုတင်နိမိတ်တစ်ခု ဖြစ်လေသည်။
ကောင်းကင်တာအိုက သွေးသားတော်စပ်သော ဆွေမျိုးများလိုပင် သက်ရှိသတ္တဝါများ အားလုံးကို ပြုစုပျိုးထောင်ပေးသည်။ မမြင်ရသော ဆက်သွယ်မှုတစ်ခုကတစ်ဆင့် သတ္တဝါများအားလုံးက အဆင့်တစ်ခုကို ရောက်သောအခါ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိလာကြသည်။
ကောင်းကင်ပြည်နယ်။
တုန်းမင်ထျန်းနယ်မြေ။
ကျိဝူရွှမ်အပါအဝင် မိသားစု(၅)ခုစလုံး အံ့အားသင့်သွားကြပြီး ကြောက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြလေသည်။
"ကောင်းကင်ကြည့်ဆောင် ပေါ်ထွက်လာပြီ။" တစ်စုံတစ်ယောက်က အပြင်းအထန် တုန်ရီလျက် အော်ဟစ်လိုက်သည်။ "အချိန်-နေရာလွတ်ဓားသူတော်စင်ရဲ့ ပန်းတိုင်က ကောင်းကင်ပြည်နယ်ပေါင်းစည်းရေးကို တားဆီးဖို့ မဟုတ်ဘဲနဲ့ ကောင်းကင်ကြည့်ဆောင်ကို ကမ်းပေါ်ရောက်အောင် မြှူဆွယ်ဖို့ ဖြစ်နေတာပဲ။"
"ငါတို့ အားလုံး လှည့်စားခံလိုက်ရပြီ။"
ကျိဝူရွှမ်၏ခန္ဓာကိုယ် တုန်ရီသွားပြီး ရုတ်တရက် ခေါင်းလှည့်ကာ အနက်ရောင်ဝတ်လူငယ်ကို မယုံနိုင်စွာ မျက်လုံးပြူးကြည့်ရင်း ပြောလိုက်သည်။
"ကောင်းကင်ကြည့်ဆောင်ကို လောကထဲ ဆွဲထုတ်ဖို့ ငါ့ကို မင်း အသုံးချခဲ့တာပေါ့။"
ချင်းလွမ်ထျန်းနယ်မြေ။
မီးပွားစီမံကိန်းကို စီစဉ်ညွှန်ကြားနေသော လီတိုင်ယွမ်သည် သူ၏နားထင်မှ ဆံပင်တစ်မျှင်ကို သပ်တင်လိုက်ပြီး ရုတ်တရက် လှည့်ကြည့်လိုက်ရာ လှပသော မျက်လုံးများတွင် ရှုပ်ထွေးသော စိတ်ခံစားမှုများ ပြည့်နှက်နေပြီး သက်ပြင်းချလိုက်သည်။
"ဒီအချိန်ကစပြီး မိသားစု(၅)ခုဟာ အတိတ်တစ်ခု ဖြစ်သွားပြီ။ ဥပဒေအသစ်တစ်ခု မွေးဖွားလာခဲ့ပြီ။"
"ကောင်းကင်တာအိုနဲ့ နတ်ဘုရားတွေ၊ မိသားစု(၅)ခုနဲ့ ကောင်းကင်ကြည့်ဆောင်၊ အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ မဟာကျင်းတိုင်းပြည်တို့ဟာ သုံးပွင့်ဆိုင်အင်အား ချိန်ခွင်လျှာတစ်ခုကို ဖွဲ့စည်းခဲ့ကြတယ်။ ထာဝစဉ်တိုးတက်စည်ပင်နေတဲ့မိသားစုတွေဆိုတာတွေဟာ နောက်ဆုံးတော့ အဆုံးသတ်သွားပြီ။"
အချိန်-နေရာလွတ် ဓားသူတော်စင် အာဏာရလာသော အမြန်နှုန်းက တကယ့်ကို အံ့သြစရာပင်။
တစ်နှစ်အတွင်းမှာပင် သူက ပါရမီရှင်များရှားပါးပြီး မျိုးဆက်သစ်များ မရှိသော တောရိုင်းနယ်မြေကို လွှမ်းမိုးနိုင်သော အင်အားစုတစ်ခုဖြစ်လာအောင် ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ကောင်းကင်ထောက်တိုင် နယ်ပယ်ကို လျင်မြန်စွာ တက်လှမ်းခဲ့ပြီး ကောင်းကင်ပြည်နယ်တွင် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
ထိုမျှပင်။ အချိန်-နေရာလွတ် ဓားသူတော်စင်သည် ကောင်းကင်ပြည်နယ်တွင် ပုန်းအောင်းနေပြီး သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့သည်မှာ တစ်လသာ ကြာသေးသော်လည်း ယခုတော့ သူသည် မိသားစု (၅)ခုအပေါ် လွှမ်းမိုးထားပြီး ကောင်းကင်ကြည့်ဆောင်ကို ဓားဖြင့် ချိန်နေပြီ ဖြစ်သည်။။
အဆင့်တက်သော အမြန်နှုန်းက တကယ့်ကို နားလည်ရခက်ပြီး ကြောက်စရာကောင်းလှ၏။
အချိန်-နေရာလွတ် ဓားသူတော်စင်က စစ်တုရင်ခုံပေါ်မှ ဤမျှလောက်မြန်မြန်ဆန်ဆန် ခုန်ချပြီး စစ်တုရင်ခုံအပြင်ဘက်ကိုထွက်ကာ သူတို့နှင့် ကစားသမားအဖြစ် ကစားလိမ့်မည်ဟု ကောင်းကင်ကြည့်ဆောင်ပင် မျှော်လင့်ထားမည် မဟုတ်ပေ။
...
လုံမိသားစု။
နဂါးခေါင်းတုတ်ကောက်ကို အားပြုထားသော အမျိုးသမီးအကြီးအကဲသည် လှပသော ညီအစ်မ နှစ်ဦးကို ဘေးတိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်းကင်ကြည့်ဆောင် ပေါ်ထွက်လာတာနဲ့ ကောင်းကင်ပြည်နယ်ရဲ့ အခြေခံတည်ဆောက်ပုံကို တည်ထောင်ပြီးပြီ။ မိသားစု(၅)ခုဟာ အခုဆို နာမည်ခံ သက်သက်ပဲ ဖြစ်သွားပြီ။ အခုကစပြီး နင်တို့ရဲ့အတိတ်က ဂုဏ်ကျက်သရေတွေကို ဘေးဖယ်ထားပြီးတော့ သင့်လျော်တဲ့အဆင့်အတန်းနဲ့ နေရာကို ပြန်တည်ထောင်ပြီး ရိုးရိုးသားသား သင့်တင့်လျောက်ပတ်စွာနဲ့ ပြုမူရမယ်။"
"ဟုတ်ကဲ့ပါ။"
ညီအစ်မနှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြသည်။ အစ်မဖြစ်သူသည် တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး နဖူးကိုကိုင်ကာ ယိမ်းယိုင်သွားပြီးနောက် ယခုတိုင် မယုံနိုင်သေးပေ။ ညီမဖြစ်သူကမူ ကလေးဆန်ဆန် မပြုမူတော့ဘဲ ပုံမှန်မဟုတ်စွာဖြင့် တိတ်ဆိတ်သွားလေသည်။
အမျိုးသမီးနှစ်ဦးသည် လေဟာနယ်ကို ဖြတ်၍ တုန်းမင်ထျန်းနယ်မြေမှ အနက်ရောင်ဝတ်လူငယ်ကို စူးစိုက်ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး တွေဝေသွားကြတော့သည်။
...