← Chapters

အခန်း ၃၃၀

Vol. 23 Ch. 330

အခန်း ၃၃၀

Vol. 23 Ch. 330

အပိုင်း(၃၃၀) ခေတ်ဟောင်းအကြွင်းအကျန်များ၊ ခေတ်သစ်ရှေ့ဆောင်များ

နေထွက်စအလင်းရောင်သည် အမှောင်ထုကို ဖယ်ရှားလိုက်ပြီး ဖြူဖျော့သော ငါးဗိုက်သားအရောင်မှ လိမ္မော်ရောင်အလင်းတန်းများ ပေါ်ထွက်လာ၏။

နေ့သစ်တစ်ခု စတင်ခဲ့လေပြီ။

ကောင်းကင်ယံအစွန်အဖျားတွင် ဝတ်ရုံခြုံထားသကဲ့သို့ ပုံရိပ်တစ်ခု ပေါ်လာပြီး နေမင်းက သူ၏ ခြေလှမ်းများကို လိုက်ပါလာကာ သူရှေ့သို့ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် အမှောင်ထုသည် ရေခဲနှင့် ဆီးနှင်းများကြားတွင် အရည်ပျော်သွားလေသည်။

ထိုသူ တုန်းမင်ထျန်းနယ်မြေသို့ ရောက်ရှိချိန်တွင် နေရောင်ခြည်က ဤလောက၏ အမှောင်ထုကို ထိုးဖောက်သွား၏။

မြေကြီးပေါ်သို့ ပြုတ်ကျနေသော ကျိဝူရွှမ်၏ခေါင်း အနည်းငယ် လှုပ်ရှားသွားပြီး သူ့မျက်လုံးများသည် ထိုသူကို ကြည့်လိုက်သည်။

ထိုသူမှာ အသားအရေမွဲခြောက်နေသော မျက်လုံးကြီးများ၊ ပခုံးကျယ်ပြီး ခါးသေးသော အလယ်အလတ် အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ဓားမြောင်တစ်လက်ကို ဆောင်ထားပြီး ကောင်းကင်ကို အောက်သို့ စူးစိုက်ကြည့်ကာ သူ၏ အကြည့်တို့သည် အေးစက်စွာ ဖြတ်သန်းသွားလေသည်။

"တတိယမြောက် နန်းဆောင်သခင်။"

"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ။"

ဝမ်ရွှင်က အရှိန်အဝါကို ဖုံးကွယ်ထားပြီး စုတ်ပြတ်နေသော အဝတ်အစားများ၊ ကောက်ရိုးဖိနပ်များနှင့် ဟောင်းနွမ်းနေသောဦးထုပ်ကို ဝတ်ဆင်ထားသည်။ သူ၏ပါးပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်တစ်ခု ရှိနေပြီး သာမန်လူတစ်ယောက်နှင့် တူနေစေသည်။ သူ၏ဓားပင်လျှင် သံချေးတက်နေပြီး အရာအားလုံးက အလွန်သာမန် ဖြစ်နေသော်လည်း မျက်လုံးများမှာမူ ထူးခြားစွာ တောက်ပနေလေသည်။

ကျိဝူရွှမ် အန္တရာယ်ကင်းကြောင်း မြင်လိုက်ရသောအခါ ဝမ်ရွှင်သည် မည်သည့် မှတ်ချက်မှမပေးဘဲ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက အနက်ရောင်ဝတ်လူငယ်ဆီသို့ ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်-

"အချိန်-နေရာလွတ် ဓားသူတော်စင်၊ မင်းရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ။ တကယ်တမ်း တွေ့ရတာက ကြားဖူးတာထက်ပိုကောင်းတယ်။ မင်းရဲ့အမူအရာဟာ လူသားဧကရာဇ် ထွန်းကားလာစဉ်ကထက် မနိမ့်ပါးဘူး။"

အပေါ်ယံတွင် မုန့်ချင်ကျိုးသည် တည်ငြိမ်ပြီး အေးဆေးပုံ ပေါက်နေသော်လည်း တကယ်တမ်းတွင် ပြိုင်ဖက်၏ စွမ်းအားကို တိတ်တဆိတ် စုံစမ်းနေလေသည်။

သို့သော်လည်၊ ဓားအသိပိုင်နက်အတွင်းတွင် ပြိုင်ဖက်၏အရှိန်အဝါသည် ရေကန်သကဲ့သို့ တည်ငြိမ်နေပြီး မည်သည့်လှိုင်းဂယက်မျှ မရှိသဖြင့် သူ၏ ကျင့်ကြံမှုအဆင့်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။

ကျိဝူရွှမ်က သူ့ကို တတိယမြောက် နန်းဆောင်သခင်ဟု ခေါ်ဆိုသဖြင့် သူသည် အနည်းဆုံး ကောင်းကင်ထောက်တိုင်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်ရပေမည်။

မောက်မာခြင်း မရှိသလို ကြောက်ရွံ့ခြင်း သို့မဟုတ် လေးစားခြင်းလည်း မရှိဘဲ အပြည့်အဝ ယုံကြည်မှုဖြင့် ပြောဆိုခြင်းအပေါ် အခြေခံ၍ သူသည် ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းအဆင့်မှ ကောင်းကင်နယ်ပယ်အထိရှိသည့် ကျွမ်းကျင်သူဖြစ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်သည်။

"ခင်ဗျားက လူသားဧကရာဇ်ရဲ့ အရှိန်အဝါကိုမြင်ဖူးလို့လား။ ဘာလို့ ဒီလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ။ ရယ်စရာကောင်းလိုက်တာ။" မုန့်ချင်ကျိုး က တည်ငြိမ်စွာ ပြောလိုက်သည်။

မည်သူက သိမည်နည်း။

ဝမ်ရွှင်က အံ့အားသင့်စရာ ပြောလိုက်သည်။

"သေချာပေါက် မြင်ဖူးတာပေါ့။"

"ငါ အသက် (၁၀)နှစ်အရွယ်တုန်းက တိုင်းပြည် အဆုံးသတ်ခါနီး ဖြစ်နေပြီ။ ဧကရာဇ်နဲ့ ဧကရီရဲ့ မွေးနေ့အခမ်းအနားနေ့မှာ တစ်တိုင်းပြည်လုံး ပျော်ရွှင်နေကြတယ်။ ဧကရာဇ်နဲ့ဧကရီတို့က ပြည်သူတွေရဲ့ အခြေအနေကို လာရောက်ကြည့်ရှုတဲ့အခိုက်အတန့်ကို ငါ ကံကောင်းစွာနဲ့ပဲ မြင်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ငါ့ထက်အရပ်ရှည်တဲ့ ဓားတစ်လက်ကို ကိုင်ထားတယ်။ ဧကရာဇ်က ငါ့ကို မြင်တော့ အကြံဉာဏ်လေးတစ်ခု ပေးခဲ့တယ်။ အဲဒါက ငါ့ရဲ့ လက်ရှိအောင်မြင်မှုတွေကို ဖြစ်ပေါ်စေခဲ့တာပဲ။"

"နှမြောစရာပဲ။"

"မွေးနေ့အခမ်းအနားပြီးပြီးချင်း နှစ်ရက်၊ သုံးနှက်အကြာမှာပဲ ဧကရီက နတ်ဘုရား ဖြစ်နေကြောင်း ထုတ်ဖော်ပြသလိုက်ပြီးတော့ နတ်ဘုရားတိုက်ပွဲတစ်ခု စတင်ခဲ့တယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ ဧကရာဇ် ပျောက်ကွယ်သွားပြီး တိုင်းပြည်လည်း ပြိုကွဲသွားခဲ့တယ်။"

"ငါ သူ့ကို ထပ်ပြီးတော့ မတွေ့တော့ဘူး။"

ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြပြီး စကားမပြောနိုင်ဖြစ်သွားကာ လုံးဝ မှင်တက်သွားကြသည်။

မုန့်ချင်ကျိုးပင်လျှင် အံ့အားသင့်သွားခဲ့သည်။

သူက တစ်ဖက်လူ၏အသက်ကို စမ်းသပ်ရန်နှင့် သူ၏ခွန်အားကိုခန့်မှန်းရန် ထိုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဒီကောင်က လူသားဧကရာဇ်ခေတ်က ကျန်ရစ်ခဲ့တဲ့အရာတစ်ခု ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

အသက်နှစ်သောင်းကျော် ရှိနေပြီ။

အတော်လေး ကြောက်စရာကောင်းတဲ့ ရှေးဟောင်း ဘီလူးတစ်ကောင်။

"တကယ်တော့ ကျိဝူရွှမ် ဧကရာဇ်ဖြစ်လာတာကို ငါ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။ သူက အရမ်း မောက်မာပြီး သွေးအေးလွန်းတယ်။ ဧကရာဇ်ဖြစ်ဖို့ မသင့်တော်ဘူး။ ဧကရာဇ်တစ်ပါးမှာ ဗောဓိသတ္တတစ်ပါးရဲ့ နှလုံးသားနဲ့ မိုးခြိမ်းသံလို နည်းလမ်းတွေ ရှိရမယ်။ အရေးကြီးဆုံးက သူမှာ ခေါင်းဆောင်တစ်ယောက်ရဲ့ဟန်ပန် ရှိရမယ်။ ပြီးတော့ ကစားပွဲမှာ ဆယ်လှမ်း ဒါမှမဟုတ် ခြေလှမ်း(၁၀၀)ကို ကြိုမြင်နိုင်ရမယ်။ ကျိဝူရွှမ်မှာ မိုးခြိမ်းသံလို နည်းလမ်းတွေပဲ ရှိပြီးတော့ တခြား ဘာမှမရှိဘူး။"

"မင်းက သူ့ကို ငါ့အတွက် ဒုက္ခပေးနိုင်တာ ကောင်းပါတယ်။ ဒါက ငါကိုယ်တိုင် လုပ်ရမယ့် ဒုက္ခကို သက်သာသွားစေတယ်။"ဝမ်ရွှင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မုန့်ချင်ကျိုး နားလည်သွား၏။

သူက လူသားဧကရာဇ်ရဲ့ သစ္စာရှိပရိသတ် တစ်ယောက်ပဲ။ လူသားဧကရာဇ်ခေတ်ရဲ့ ဂုဏ်ကျက်သရေနဲ့ လူသားဧကရာဇ်ရဲ့ စစ်မှန်တဲ့အရှိန်အဝါကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပဲ။ ကျိဝူရွှမ်လို ရက်စက်ပြီး နှလုံးသားမဲ့တဲ့ ကောင်တစ်ယောက် ဧကရာဇ် ဖစ်လာမှာကို သူ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။

"ခင်ဗျားက လူသားဧကရာဇ်ကို ဒီလောက်တောင် လေးစားရင် ဘာလို့ သူကို သွားမရှာရတာလဲ။ အဲဒီအစား ဘာလို့ ကောင်းကင်ကြည့်ဆောင်ကို ဒီလူသားဧကရာဇ်ပြန်လည်ဖန်တီးခြင်းကိစ္စမှာ ကူညီနေတာလဲ။ အဲဒါက မကောင်းမှုကို အားပေးကူညီရာ မရောက်ဘူးလား။" မုန့်ချင်ကျိုးက မေးလိုက်သည်။

ဝမ်ရွှင် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာပြီးနောက် ခေါင်းခါကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ ရှာကြည့်ပြီးပြီ။"

"နှစ်ပေါင်းတစ်သောင်းကြာခဲ့တယ်။ ပထမနှစ်ငါးထောင်မှာ ငါ ဓားပညာကို ကျင့်ကြံခဲ့ပြီး ရှေးဟောင်း အပျက်အစီးတွေကို ရှာဖွေရင်းနဲ့ ကံကြမ္မာနတ်ဘုရားရဲ့ တိုက်ပွဲအကြွင်းအကျန်တွေထဲမှာ သဲလွန်စတွေကို ရှာဖွေခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူး။"

"သုံးနှစ်ကြာပြီးတော့ ငါ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်ခဲ့တယ်။ လူသားဧကရာဇ်ကို ရှာဖွေတာ စွန့်လွှတ်ပြီးတော့ တံခါးပိတ်ကျင့်ကြံနေခဲ့တယ်။ ငါ မျှော်လင့်ချက်တွေအားလုံးကို စွန့်လွှတ်လိုက်ပြီ။"

"လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်မှာ ကောင်းကင်ကြည့်ဆောင်က ငါ့ဆီချဉ်းကပ်လာပြီး လူသားဧကရာဇ်ကို ပြန်လည်ဖန်တီးဖို့ အဆိုပြုခဲ့တယ်။ ငါ အဲဒါနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အဲဒါက ငါ့ရဲ့ကျင့်ကြံမှုကို အသုံးချနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်လို့ ငါ သဘောတူလိုက်တယ်။"

ထိုစကားကို ကြားသောအခါ...

မုန့်ချင်ကျိုး တိတ်ဆိတ်သွား၏။

ဝမ်ရွှင်က မျက်လုံးများတွင် နက်နဲပြီး စူးစမ်းလိုသောအကြည့်များဖြင့် သူ့ကို စူးစိုက်ကြည့်နေလေသည်။

အချိန်အတော်ကြာပြီးနောက်။

ဝမ်ရွှင်က ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ပြောသည်။

"မင်းရဲ့ ရည်မှန်းချက် ပြည့်ဝသွားပြီ။ ကောင်းကင်ကြည့်ဆောင်ကို ကောင်းကင်တာအိုရဲ့ အမြင်အာရုံမှာ ဖော်ထုတ်လိုက်ပြီ။ ဂိုဏ်းချုပ်၊ ဒုတိယမြောက် နန်းဆောင်သခင်နဲ့ လက်ထောက်နန်းဆောင်သခင် နှစ်ဦးနဲ့ နန်းဆောင်သခင်အားလုံး အနားယူသွားကြပြီ။ လာမယ့်ကာလအတွင်းမှာ ကောင်းကင်ကြည့်ဆောင်ဟာ ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်။"

"မင်းရဲ့ပြိုင်ဘက်တွေက ကောင်းကင်ပြည်နယ်ရဲ့ မိသားစု(၅)ခုနဲ့ ရှေးခေတ်ကာလက ကျန်ရစ်ခဲ့တဲ့ လူအစုအဝေးတစ်စု ဖြစ်လိမ့်မယ်။ လူအများစုက လူသားဧကရာဇ်ခေတ်ကနေ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ငါတို့ရဲ့ ဂုဏ်ကျက်သရေဟောင်းကို ပြန်လည်ရရှိဖို့ ဆုံးဖြတ်ထားကြတယ်။ မင်းက မဟာကျင်းတိုင်းပြည်ကို ကူညီပြီးတော့ ခေတ်သစ်တစ်ခု ပြန်ဖန်တီးဖို့ ကြိုးစားနေတာ။ မင်းက နောက်ဆုံးအထိ တိုက်ခိုက်မယ့် ရန်သူတစ်ယောက်ဖြစ်ဖို့ ကံကြမ္မာ ပါလာတယ်။"

"ဒါပေမဲ့ အခုချိန်မှာ ကောင်းကင်ကြည့်ဆောင်က ကောင်းကင်ပြည်နယ်ကို ထိန်းချုပ်ဖို့နဲ့ ကံကြမ္မာကို စုစည်းဖို့ အချိန်လိုအပ်နေပြီးတော့ မဟာကျင်းတိုင်းပြည်ကလည်း ကြီးထွားဖို့ အချိန်လိုအပ်နေတယ်။ ဒါက တကယ့်စစ်ပွဲစတင်ဖို့ အချိန် မကျသေးဘူး။"

"သွားတော့။"

မုန့်ချင်ကျိုးက လက်ချောင်းထိပ်များကို ပွတ်သပ်လိုက်ပြီး သူ၏သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်မှာ အချိန်တစ်ခုစီတိုင်း တက်လိုက်ကျလိုက် ဖြစ်နေလေသည်။

သူပြောတာတွေက အဓိပ္ပာယ် အများကြီး ရှိတယ်။

ဒါပေမဲ့ ငါ ဒီလူယုတ်မာကိုသတ်ပြီး အနာဂတ် ခြိမ်းခြောက်မှုမဖြစ်လာအောင် ကြိုးစားကြည့်ဦးမယ်။

ရှေးခေတ်အကြွင်းအကျန်များနှင့် ခေတ်သစ်ရှေ့ဆောင်များကြား တိုက်ပွဲက ဝမ်းနည်းဖွယ်စစ်ပွဲတစ်ခု ဖြစ်လာရန် ကံကြမ္မာ ပါလာသည်။ ပြိုင်ဘက်တစ်ဦးကို ကြိုတင်ဖယ်ရှားပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"အခု ကောင်းကင်ကြည့်ဆောင် ပေါ်လာပြီဆိုတော့ ကောင်းကင်နယ်ပယ်ကံကြမ္မာက အတည်ပြုပြီးသား ဖြစ်သွားပြီ။"

"အခုချိန်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျွမ်းကျင်သူအများအပြားက ငါတို့ကို တပ်မက်စွာ ကြည့်နေကြတယ်။ တကယ်လို့ မင်းသာ လှုပ်ရှားရဲမယ်ဆိုရင် အသက်ရှင်လျက် ထွက်မသွားနိုင်အောင် ငါ သေချာပေါက်လုပ်မယ်။ သေသေချာချာ စဉ်းစားပါ။" ဝမ်ရွှင် က ပြောလိုက်သည်။

အလုပ်သမားတွေနဲ့ စီမံခန့်ခွဲသူတွေကို ခြိမ်းခြောက်နေတာလား။

မုန့်ချင်ကျိုးက အသက်ပြင်းပြင်း ရှူလိုက်ပြီး ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီလေ။ အတင်းအကျပ် မလုပ်တော့ဘူး။ ဒါပေမဲ့ ကျုပ်အတွက် မေးခွန်းနှစ်ခုကို ဖြေပေးဖို့ လိုတယ်။"

"ပြောပါ၊" ဝမ်ရွှင်က တစ်ဖက်လူ၏စကားလုံးများ အသာစီးရမှုကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။

မုန့်ချင်ကျိုး လက်ချောင်းနှစ်ချောင်းကိုမြှောက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ပထမတစ်ခု။ ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာကို သယ်ဆောင်သူက ဘယ်သူလဲ။"

ဝမ်ရွှင်က ပြတ်ပြတ်သားသား ဖြေလိုက်သည်။ "ကျိဝူရွှမ်။"

မုန့်ချင်ကျိုး အံ့အားသင့်သွားပြီး တစ်ခဏမျှ စဉ်းစားကာ ဆက်ပြောသည်။ "ဒုတိယတစ်ခုက ခင်ဗျားရဲ့ နာမည်က ဘယ်လိုခေါ်လဲ။"

"ဝမ်ရွှင်။"

"ဘာလို့ ကျိဆိုတဲ့နာမည်ကို မသုံးတာလဲ။"

"မင်း ဘာလို့ အဲဒီလို ပြောရတာလဲ။"

"ကျိမိသားစုကို ဒုတိယနှင့် အဓိကဆိုပြီးတော့ အကိုင်းအခက်နှစ်ခု ခွဲခြားထားတယ်။ ဒုတိယက ကျိမိသားစုကို ဖွဲ့စည်းပြီးတော့ အဓိကအကိုင်းအခက်ကတော့ ကောင်းကင်ကြည့်ဆောင်ပဲ။ ခင်ဗျားမှာ ကျိဆိုတဲ့ နာမည် မရှိဘူ။ အဲဒါက နည်းနည်း မသင့်တော်ဘူးလား။"

"ဒါက ကောင်းကင်ကို လှည့်စားဖို့အတွက် အယောင်ပြသက်သက်ပါ။"

"ကောင်းပြီလေ။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပြီ။"

...

...

သူတို့နှစ်ဦးက အမေးအဖြေ စက်ဝန်းတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။

ထိုမျှပင်။

မုန့်ချင်ကျိုးက အချိန်အကြာကြီး မနေခဲ့ပေ။ ခြေလှမ်းတစ်လှမ်းဖြင့် သူက ဗလာနတ္ထိကန့်လန့်ကာကို ချိုးဖျက်လိုက်ပြီး ချက်ချင်းပင် အလင်းစက်လေးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။

ထိုပုံရိပ် လုံးဝ ပျောက်ကွယ်သွားသည်အထိပင်။

ဝမ်ရွှင်၏ လျစ်လျူရှုထားသော အမူအရာက ရုတ်တရက် လေးနက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။ "ကောင်းကင်နယ်ပယ်တစ်ပိုင်း ကျင့်ကြံသူဖြစ်တဲ့ ငါတောင်မှ သူ့ဆီကနေ ခြိမ်းခြောက်မှုနဲ့ဖိအား အနည်းငယ်ကို ခံစားမိလိမ့်မယ်လို့ မထင်ခဲ့မိဘူး။"

"ဒီကလေးက သာမန်လူတစ်ယောက် မဟုတ်ဘူး။"

သို့သော် မကြာခင်မှာပင် ဝမ်ရွှင်သည် အထီးကျန်နေသော ကျိဝူရွှမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းရဲ့ တာအိုနှလုံးသား ကွဲကြေသွားတာက ဘာမှမဖြစ်ဘူး။ နောက်တစ်ခုအနေနဲ့ မင်းရဲ့ကျင့်ကြံမှုကို မြှင့်တင်ဖို့ ငါ အစွမ်းကုန်ကူညီပေးမယ်။ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာတစ်ဝက်ကို မင်းကို ထောက်ပံ့ဖို့ ငါသုံးမယ်။ မင်းက ကြီးပြင်းလာပြီးတော့ အချိန်-နေရာလွတ် ဓားသူတော်စင်ကို အမြန်ဆုံး မီအောင်လိုက်ဖို့ပဲ လိုတယ်။ အဲဒီအခါကျရင် ငါတို့ ပိုင်နက်နှစ်ခုကြား အဆုံးအဖြတ်တိုက်ပွဲကို စတင်နိုင်လိမ့်မယ်။”

...

All Chapters