အခန်း ၃၃၃
Vol. 23 Ch. 333
အပိုင်း(၃၃၃) အိမ်ကနေကြိုဆိုပါတယ်၊ နတ်ဘုရားများ နိုးထလာခြင်း
"ဟွေ့နန်း..."
"အတ္တကင်းမဲ့ဗုဒ္ဓရဲ့ တပည့်လား။"
"ဟုတ်ပါတယ်။ ဒီရဟန်းငယ်က အတ္တကင်းမဲ့ဗုဒ္ဓရဲ့ တပည့်ပါ။ မဟာကျင်းရဲ့ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။" ဟွေ့နန်းက လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်။
မုန့်ချင်ကျိုး အနည်းငယ် အံ့အားသင့်သွားသည်။
ငါ့မိန်းမက ဒီရဟန်းငယ်ကို ဘယ်ကနေ ခေါ်လာတာလဲ။ အတ္တကင်းမဲ့ဗုဒ္ဓ ထွက်သွားတဲ့အခါ ပေးခဲ့တဲ့ နောက်ဆုံးစကားလုံးတွေထဲမှာ ဟွေ့နန်းကို ဂရုစိုက်ဖို့ မာကြားခဲ့လို့ ခေါ်လာခဲ့တာ ဖြစ်ရမယ်။
ချက်ချင်းပင် သူက ဟွေ့နန်း၏ အရိုးတည်ဆောက်ပုံကိုစစ်ဆေးရန် အချိန်-နေရာလွတ် ဓားအသိကို အသုံးပြု၍ စမ်းသပ်လိုက်သည်။
ဗုဒ္ဓ၏ အရိုးတည်ဆောက်ပုံနှင့် မွေးဖွားလာသူ မွေးစကတည်းက ဧကရာဇ်တစ်ပါး၏ ပါရမီနှင့် အရည်အချင်းများကို ပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက် အရွယ်မှာပင် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်နေသည်။
ကြောက်စရာပင်။
"ဒီနေ့ကစပြီး မဟာကျင်းကို မင်းရဲ့အိမ်အဖြစ် သဘောထားပါ။ ဘာပဲလိုလို လာပြောလိုက်။"
မုန့်ချင်ကျိုးပြုံးကာ ရဟန်းငယ်၏ထိပ်ပြောင်လေးကို နူးညံ့စွာပွတ်သပ်ရင်း ပြောလိုက်သည်။
"အတ္တကင်းမဲ့ဗုဒ္ဓကလည်း လူကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူက သေခြင်းတရားကို ရွေးချယ်သွားတယ်။ ငါ သူ့ကို အခွင့်အရေး တစ်ခု ပေးခဲ့ပေမယ့် သူ မယူခဲ့ဘူး။ ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်း နားလည်တယ် မဟုတ်လား။"
ဟွေ့နန်း ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဧကရာဇ် စိတ်ချပါ။ ဒီရဟန်းငယ်က မဟာကျင်းတိုင်းပြည်အပေါ် ဘယ်တော့မှ မကျေနပ်မှု မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျေးဇူးတင်မိပါတယ်။ အတ္တကင်းမဲ့ဗုဒ္ဓက လမ်းမှားသွားခဲ့တာပါ။ သူရဲ့ ဇန်စိတ်ကို နိုးထစေပြီး တာအိုကို ကမ္ဘာလောကဆီ ပြန်ပေးနိုင်ခဲ့တဲ့ အဲဒီတိုက်ပွဲကြီးသာ မရှိခဲ့ရင် ဘဝတစ်လျှောက်လုံးက အပြစ်တွေနဲ့ ကံကြမ္မာတွေကို အပြစ်ဖြေပြီး စစ်မှန်တဲ့ဇန်ကို မြင်နိုင်မှာ မဟုတ်ပါဘူး။"
"ဟေ။ ကောင်းလိုက်တဲ့ကလေး။"
မုန့်ချင်ကျိုး ကျေနပ်သွားသည်။ သူက ပုတီးစိပ်တစ်ကုံးကို ထုတ်ယူပြီးနောက် သူ့ထံ ပေးအပ်ရင်း ပြောလိုက်သည်။ "ဒါက မင်းအတွက် လက်ဆောင်ပဲ။ အဲဒါက ဧကရာဇ်အဆင့် ဝိညာဉ်ရတနာ ဖြစ်ပြီးတော့ ပုတီးလုံး စုစုပေါင်း(၉၉)လုံး ပါဝင်တယ်။ တစ်လုံးချင်းစီတိုင်းကို ဇန်ဆရာတော်တွေရဲ့ ဓာတ်တော်တွေကနေ ပြုပြင်ဖန်တီးထားတာ။"
ဟွေ့နန်းသည် ပုတီးစိပ်ကိုယူကာ စစ်ဆေးကြည့်လိုက်သည်။ သူ၏အမူအရာသည် တဖြည်းဖြည်း ထူးဆန်းလာပြီး စကားပြောရန် တွန့်ဆုတ်နေလေသည်။
"ဘာဖြစ်လို့လဲ။ အရည်အသွေးနိမ့်နေတယ်လို့ ထင်လို့လား။"
"မဟုတ် မဟုတ်ပါဘူး..."
ဟွေ့နန်းက ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး စကားတစ်ခွန်းချင်း ရှင်းပြသည်။
"ဒီပုတီးစိပ်က ဗုဒ္ဓတိုင်းပြည်ကနေ သိမ်းဆည်းရမိတဲ့ စစ်ပွဲအနိုင်ရပစ္စည်းတွေ ဖြစ်ရမယ်။ ဒီအပေါ်မှာ ချိတ်ဆွဲထားတဲ့ ပုတီးလုံး(၉၉)လုံးက... အဟွတ် အဟွတ်... ကျွန်တော့်ရဲ့ အစ်ကိုတွေ၊ အကြီးတန်းဆရာတွေနဲ့ ဆရာတော်ကြီးတွေရဲ့ ရုပ်ကလာပ်တွေကနေ..."
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး၏အမူအရာ ချက်ချင်း အေးခဲသွားလေသည်။
ချီးပဲ။
ဒါကို မေ့သွားတယ်။ တခြားသူတစ်ယောက်ရဲ့ ဘိုးဘေးတွေနဲ့ တစ်မိသားစုလုံးရဲ့ ရုပ်ကလာပ်တွေကို လက်ဆောင်အဖြစ် ပေးလိုက်တာက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးလုပ်ရပ်ပဲ။
နေမင်းအရှင်သခင်သည် မှင်တက်သွားပြီးနောက် တိတ်ဆိတ်စွာပင် ရယ်မောလိုက်လေသည်။
"ဒီရဟန်းငယ်က ဒီလက်ဆောင်ကို ဝမ်းမြောက်စွာ လက်ခံပါတယ်။ ဧကရာဇ်။၊ ဒီရတနာအတွက် ကျေးဇူးတင်ပါတယ်။ ဇန်ဂိုဏ်းက ပျောက်ကွယ်သွားပြီဖြစ်လို့ ဒီလက်ဆောင်က ကျွန်တော့်ရဲ့ရင်ထဲမှာ လိုအပ်နေတဲ့အရာကို ဖြည့်ဆည်းပေးလိုက်သလိုပါပဲ။"
"ဒီရဟန်းငယ်က ဇန်ကျင့်ကြံခြင်းမှာ အောင်မြင်မှုရတဲ့အခါ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါမယ်။"
ဟွေ့နန်းသည် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားသူ ဖြစ်သည်။ သူက ပြုံးကာ ပုတီးစိပ်ကို သူ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်ပြီး လက်ဆောင်ကို လက်ခံလိုက်လေသည်။
စစ်မှန်သောဗုဒ္ဓဘာသာသည် အကြောင်းနှင့်အကျိုးကို အလေးပေးသည်။ ရိုးရှင်းသော အစားအစာ တစ်နပ်ပင် အဖိုးတန်သောဆုလာဘ်ကို ရရှိသင့်သည်၊။ ထို့ကြောင့် တန်ဖိုးရှိသော ဧကရာဇ်ရတနာတစ်ခုမှာ အင်မတန် ကြီးမားသောကျေးဇူးဖြစ်ပြီး စွမ်းအားရှိသမျှ ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
၎င်းကို မဟာကျင်းတိုင်းပြည်နှင့် အနာဂတ်တွင် ကံကြမ္မာအရ ဆက်သွယ်မှုတစ်ခု ဖန်တီးပေးသည့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းဟု ယူဆနိုင်သည်။
"စိတ်မပူပါနဲ့။ ဟွေ့နန်းက မဟာကျင်းတိုင်းပြည်နဲ့ လုံးဝ ချိတ်ဆက်သွားပါပြီ။ ဘုန်းကြီးအိုက သူ့ရဲ့ဘဝမှာ အဂ္ဂလက်ရာအဖြစ် ဂုဏ်ယူဆုံးက ဟွေ့နန်းလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒါကြောင့် ကျွန်မက သူ့ကို မဟာကျင်းဆီကို ခေါ်လာပြီးတော့ အခွင့်အာဏာမရှိတဲ့ တရားဝင်ရာထူးတစ်ခု ပေးလိုက်တာပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မဟာကျင်းရဲ့ ကံကြမ္မာ အကူအညီနဲ့ နံနက်ခင်းအလင်းနယ်ပယ်ကို ရောက်သွားခဲ့ပြီ။"
"သူသာ ကျင့်ကြံမှုကို စတေးဖို့ ဆန္ဒမရှိရင် မဟာကျင်းရဲ့ဘုန်းကြီးအဖြစ် ရှင်သန်ပြီးတော့ မဟာကျင်းရဲ့ တစ္ဆေဘုန်းကြီးအဖြစ် သေဆုံးသွားလိမ့်မယ်။"
ရုတ်တရက် မုန့်ချင်ကျိုးသည် တုန်းဖန်လျူလီ၏ နူးညံ့သောအသံကို ကြားလိုက်ရသည်။
သူ၏မျက်ခွံများ အလိုလို တုန်ခါလာ၏။
ရက်စက်လိုက်တာ။
မိန်းမက အိမ်မှာ ပြဿနာ အတော်လေးရှာထားတာပဲ။ ဘုန်းကြီးအိုရဲ့ နောက်ဆုံးဆန္ဒက မဟာကျင်း အနေနဲ့ ဟွေ့နန်းရဲ့အမှားတွေကို လိုက်လံမနှောင့်ယှက်ဖို့နဲ့ စစ်မှန်တဲ့ဇန်လမ်းကြောင်းကို ဆက်လက်ပြီးတော့ လျှောက်လှမ်းခွင့်ပေးဖို့ပဲ။ မဟာကျင်းက ဟွေ့နန်းကို ပြန်ပေးဆွဲဖို့ မပြောခဲ့ဘူး။
ကျွီ။
ခြံတံခါးကို တွန်းဖွင့်လိုက်သည်။
တုန်းဖန်လျူလီ၏ မျက်လုံးများသည် ထိုရင်းနှီးသောပုံရိပ်နှင့် ပြည့်နှက်သွားလေသည်။ စိတ်ခံစားမှုများ လွှမ်းခြုံလာသဖြင့် ခြေလှမ်းများကို အလျင်အမြန်လှမ်းလိုက်ကာ မုန့်ချင်ကျိုး၏ခါးကို နောက်မှဖက်လိုက်ပြီး သူ၏ကျယ်ပြန့်သော ကျောပေါ်တွင် မျက်နှာကိုမြှုပ်ကာ သူ၏ရနံ့ကို လောဘတကြီး ရှူရှိုက်လိုက်လေသည်။
ကျင့်ကြံသူများ အဆင့်တစ်ခုသို့ ရောက်သည့်အခါ သူတို့၏ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများအားလုံး ပျောက်ကွယ်သွားပြီး အသားအရေမှာ မွှေးကြိုင်သွားကြောင်း လူတိုင်းသိသည်။ ထို့ကြောင့် အသားစားခြင်းက မသေမျိုးဖြစ်စေနိုင်ကြောင်း ပုံပြင်များ ပေါ်ပေါက်လာခြင်းပင်။
တုန်းဖန်လျူလီက ရူးသွပ်သူ တစ်ယောက် ဖြစ်သည်။ သူမ၏ ကိုယ်ရည်ကိုယ်သွေးက သူ့ကို လူဆိုးမကြီး တစ်ယောက် ဖြစ်လာစေရန် ကံကြမ္မာက ဖန်တီးထား၏။ သို့သော် မုန့်ချင်ကျိုးနှင့် ရှိနေချိန်တွင်တော့ သူက အစွန်းရောက်ခြင်းများ၊ ရူးသွပ်ခြင်းများ ပိုပြီးလျော့နည်းသွားခဲ့သည်။
မုန့်ချင်ကျိုးမရှိသော အချိန်ကာလတွင် တုန်းဖန်လျူလီသည် လူသတ်သမား၊ ဒေါသထွက်လွယ်ပြီး၊ အကြောင်းမဲ့ ပြဿနာရှာတတ်သော နတ်ဆိုးတစ်ကောင် ဖြစ်လုနီးပါး ပြန်ဖြစ်သွားခဲ့သည်။
"အိမ်ကနေ ကြိုဆိုပါတယ်။" တုန်းဖန်လျူလီတွင် ပြောစရာ အများအပြား ရှိနေသော်လည်း သူ၏ နှလုံးသား လွမ်းဆွတ်မှုများနှင့် ပြည့်နှက်နေချိန်တွင် ထိုသို့ ရိုးရှင်းသော စကားလုံးများသာ ဖြစ်သွားခဲ့သည်။
ဟွေ့နန်းသည် သူ၏ခေါင်းကိုငုံ့ကာ အကြည့်လွှဲလိုက်ပြီး တည့်တည့် မကြည့်ရဲပေ။
တုန်းဖန်လျူလီက လက်ကိုလွှတ်ပေးပြီးနောက် ဟွေ့နန်းသည် ဦးညွှတ်ကာ ပြောလိုက်သည်။ "ဒီရဟန်းငယ်က ဧကရီကို ဂါရဝပြုပါတယ်။"
"ယဉ်ကျေးစရာ မလိုပါဘူး။" တုန်းဖန်လျူလီက အလွန်ပင် စိတ်ရွှင်လန်းနေပြီး သူ၏အပြုံးသည် ပိုမို ကျယ်ပြန့်လာလေသည်။
ဟွေ့နန်းက ရုတ်တရက် ပြောလိုက်သည်။
"ဧကရီ၊ ဧကရာဇ်၊ ဒီရဟန်းငယ်က နေမင်းအရှင်သခင်နဲ့အတူ ရှေးဟောင်း နတ်ဘုရားသားရဲကို ရှာဖွေဖို့ နတ်ဘုရားဇာမဏီလျှို့ဝှက်နယ်ပယ်ကိုသွားပြီး သူ ကောင်းကင်ထောက်တိုင် အထွတ်အထိပ်ကို ရောက်နိုင်အောင် ကူညီပေးချင်ပါတယ်။ ဒီရဟန်းငယ်ဟာ တောရိုင်းနယ်မြေကို ခဏလောက် စွန့်ခွာသွားတော့မှာပါ။"
ဝါကြီးသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ထိုရဟန်းငယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဒီထိပ်ပြောင်လေးက ငါ့လက်ရေးကို တကယ် နားလည်နိုင်တာလား။။
ဒါပေမဲ့ ငါက မင်းကို နတ်ဘုရားဇာမဏီလျှို့ဝှက်နယ်ပယ်ကို ရှာဖွေဖို့ ခေါ်သွားမယ်လို့ ဘယ်တုန်းက ပြောလိုက်မိတာလဲ။ နတ်ဘုရားတွေမသွားရဲတဲ့ အဲဒီနေရာကိုတောင် သွားရဖို့ခက်ခဲနေတာ။ မင်းလိုမျိုး နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူလေးက အဲဒီမှာ ဘာလုပ်နိုင်မှာလဲ။
ငါ့ကိုကူညီဖို့ မျက်မမြင်တစ်ယောက်ကိုပဲ လိုတာ၊ မင်းကို မဟုတ်ဘူး။
"အိုး။ မင်းတို့ တိုင်ပင်ပြီးသွားပြီလား။" မုန့်ချင်ကျိုး အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
မမျှော်လင့်ဘဲ ဟွေ့နန်းသည် မဟာကျင်းတွင် ခဏတာသာ ရှိသေးသော်လည်း စိတ်တိုလွယ်သော ဝါကြီးနှင့် အဆင်ပြေနေခဲ့သည်။
ဟွေ့နန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"နတ်ဘုရားက သဘောမတူသေးပါဘူး။ ဒါပေမဲ့ ဒီရဟန်းငယ်က သူ့ကို အကူအညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"
"ပြီးတော့ တောရိုင်းနယ်မြေနဲ့ ကောင်းကင်ပြည်နယ်ကြားက စစ်ပွဲကြီးဖြစ်ဖို့အတွက် နီးကပ်နေပါပြီ။ ဒီရဟန်းငယ်ရဲ့ကျင့်ကြံမှုက တိမ်လွန်းတော့ ဘာကိုမှ မပြောင်းလဲနိုင်ဘူး။ သာမန်ပြည်သူတွေ သွေးစွန်းတာကို ကြည့်နေမယ့်အစား တာအိုနှလုံးသား မညစ်ညမ်းစေဖို့ ခဏလောက် ပုန်းအောင်းနေတာက ပိုကောင်းပါတယ်။"
မုန့်ချင်ကျိုး တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ၊ မင်း ဝါကြီးနဲ့အတူ ဒီခရီးကို သွာလို့ရတယ်။"
နေမင်းအရှင်သခင်က အလွန်စိုးရိမ်တကြီးဖြစ်သွားပြီး စက်ဝိုင်းပုံစံ အကြိမ်ကြိမ် လမ်းလျှောက်ကာ အဆက်မပြတ် ဟောင်နေလေသည်။
"ဘယ်လောက်တောင် စိတ်လှုပ်ရှားနေတာလဲ ကြည့်လိုက်ပါဦး။ အရမ်းကို အလျင်စလို ဖြစ်နေတာလား။ ကောင်းပြီလေ။ ငါ မင်းကို တစ်နေရာရာ ပို့ပေးမယ်။"
မုန့်ချင်ကျိုးက ရယ်မောလိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်ကာ အချိန်-နေရာလွတ်နိယာမများကို အသက်သွင်းပြီး ရဟန်းငယ်နှင့်ခွေးကို တောရိုင်းနယ်မြေ၏ ကမ်းရိုးတန်းဒေသသို့ ခေါ်ဆောင်သွားလေသည်။
ဘယ်သူမှ ငါ့ကို မနှောင့်ယှက်တော့တာ ကောင်းမယ်။
ငါ့မိန်းမနဲ့ ရင်းနှီးမှုမရှိခဲ့တာ ကြာပြီ။ အခုက နက်နဲတဲ့စကားတွေ ပြောရမယ့်အချိန်ပဲ။
...
...
ကမ်းရိုးတန်းဒေသ။
နေမင်းအရှင်သခင်က မြေကြီးပေါ် ထိုင်နေပြီး ဗလာကျင်းနေသော မျက်လုံးများဖြင့် လှိုင်းတံပိုးများကို စူးစိုက်ကြည့်နေလေသည်။
"အရှင်သခင်၊ သွားကြစို့။" ဟွေ့နန်းက အချိန်အတော်ကြာ မလှုပ်မယှက်ရှိနေသည်ကို မြင်သောအခါ ဘေးတွင်ရပ်လျက် တိုက်တွန်းလိုက်သည်။
ဟီးဟီး။
နေမင်းအရှင်သခင်က လှောင်ပြောင်လိုက်သည်။
မင်းက မင်းကိုယ်မင်း တန်ဖိုးရှိတယ်လို့ ထင်နေတာလား။ မင်းသာ လျှို့ဝှက်နယ်ပယ်မှာ သေသွားရင် လူတွေက ငါ ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ ထင်ကြလိမ့်မယ်။ အဲဒီလိုဖြစ်သွားရင်တောင် ငါက နတ်ဘုရား ဖြစ်နေရင်တောင် ရွှံ့ထဲမှာ ပိတ်မိနေသလိုပ။ ဘယ်လောက်ပဲ ကြိုးစားပါစေ ဆေးကြောလို့ မရတော့ဘူး။
"အရှင်သခင်၊ ကျွန်တော် လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်။ အတ္တကင်းမဲ့ဗုဒ္ဓ တစ်ချိန်က နတ်ဘုရား ဇာမဏီလျှို့ဝှက်နယ်ပယ်ကို စူးစမ်းခဲ့ဖူးပြီးတော့ သူရဲ့အနှစ်သာရသွေး တစ်မျှင်ကိုတောင် ယူခဲ့ဖူးတယ်။ ကျွန်တော် ကံကောင်းပြီးတော့ အဲဒီအတွေ့အကြုံကို သူ ပြန်ပြောပြတာကို နားထောင်ခဲ့ရတယ်။" ဟွေ့နန်းက တီးတိုး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ နေမင်းအရှင်သခင်၏မျက်လုံးများ ချက်ချင်းပင် တောက်ပလာပြီး သူ၏အရပ်မှာ ထိုရဟန်းငယ်လေးနှင့် တူလာလေသည်။ သူ၏ခွေးလက်သည်းများကို ထိုရဟန်း၏ပခုံးပေါ်တွင် တင်လိုက်ပြီး သူတို့နှစ်ဦး အလွန်ရင်းနှီးစွာ ပွေ့ဖက်လိုက်ကြသည်။
အဲဒီလိုလား။ ဘာလို့ ဒီလောက်စောစောကတည်းက မပြောတာလဲ။ လူငယ်လေး။
ဒီနေ့ကစပြီးတော့ မင်းက ငါ့ရဲ့ညီအစ်ကို ဖြစ်သွားပြီ။ ဝါကြီး။ ငါတို့ ညီအစ်ကိုတွေ ပေါင်းစည်းလိုက်ရင် ဘာမဆိုဖောက်ထွင်းနိုင်မှာပဲ။ အဲဒီနတ်ဘုရားဇာမဏီလျှို့ဝှက်နယ်ပယ်ကို အပိုင်းပိုင်း ချေမှုန်းပစ်လိုက်ကြစို့။
လူတစ်ယောက်နှင့် ခွေးတစ်ကောင်တို့သည် လှိုင်းတံပိုးများကြားထဲတွင် သင်္ဘောစီးပြီး ပင်လယ်ပြင် နက်နက်ဆီသို့ ဦးတည်သွားကြလေသည်။
သုံးရက်၊ လေးရက်ခရီး နှင်ပြီးနောက်၊ နေမင်းအရှင်သခင်က စိတ်လှုပ်ရှားစွာ ဟောင်လိုက်သည်။
"နီးနေပြီလား။ အိုး၊ တစ်ရက်လောက် လိုသေးတယ်။ ဒါဆို ဒီရဟန်းငယ်လေးက စာနည်းနည်းလောက် ထပ်ဖတ်လိုက်ဦးမယ်။"
ဟွေ့နန်းသည် ဟင်းလင်းပြင်တွင် တင်ပလ္လင်ခွေထိုင်ပြီး ကျမ်းစာများကို ဖတ်ရှုနေလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့ အတူတူနေထိုင်ခဲ့ကြပြီးနောက် နေမင်းအရှင်သခင်၏ ခွေးဘာသာစကားကို နားလည်လာခဲ့သည်။
ဗုဒ္ဓသည် သက်ရှိသတ္တဝါများနှင့် အရာအားလုံးကို နားလည်နိုင်ပြီး ၎င်းအတွက် ထူးခြားသော ဉာဏ်ပညာ လိုအပ်ကာ အခြားသတ္တဝါများ ဖော်ပြလိုသည့် စိတ်ခံစားချက်များကိုလည်း နားလည်နိုင်လေသည်။
ရုတ်တရက်။
နေမင်းအရှင်သခင်သည် အကြိမ်အနည်းငယ် တိုးညင်းစွာ ဟောင်လိုက်ပြီး သူ၏ ခွေးမျက်နှာသည် အဝေးကို တည်ငြိမ်စွာစူးစိုက်ကြည့်နေကာ သူ၏အရှိန်အဝါကို သတိထားစွာ ဖုံးကွယ်ထားလေသည်။
ဟွေ့နန်း လန့်သွားပြီး တီးတိုး ပြောလိုက်သည်။
"ရှေ့မှာ ကြောက်စရာအပြောင်းအလဲ ရှိနေတယ် ဟုတ်လား။ နတ်ဘုရား တစ်ပါးလိုပဲလား။"
နေမင်းအရှင်သခင်သည် နောက်ထပ် အကြိမ်အနည်းငယ် တိုးတိုးလေး ဟောင်လိုက်သည်။
ဟွေ့နန်း၏နဖူးတွင် ချွေးပေါက်လေးများ ထွက်လာပြီး တံတွေးကို မနည်း မျိုချလိုက်ရသည်။ "နတ်ဘုရား တစ်ပါးထက် ပိုတယ်။ အပါး(၂၀) ဒါမှမဟုတ် (၃၀)လောက် ရှိမယ် ဟုတ်လား။ သူတို့တွေ နိုးနေတာလး။"
"ကျွန်တော်တို့ ဧကရာဇ်နဲ့ ဧကရီကို ပြန်ပြောဖို့ မလိုဘူးလား။"
ထိုစကားကို ကြားသောအခါ ဝါကြီးက ခေါင်းညိတ်ပြီး လှုပ်ရှားရန် ပြင်လိုက်သည်။
ရုတ်တရက်။
လူနှင့်ခွေး၏နောက်ဘက်မှ ကြီးမားလှသောအရိပ်တစ်ခု ထွက်ပေါ်လာပြီး ပင်လယ်ပြင်ကို ခွဲပစ်လိုက်၏။ ဧရာမပင်လယ်ရေထုသည် သူ၏ခန္ဓာကိုယ်ပေါ် စီးကျလာသည်။ ကောင်းကင်ထောက်တိုင်နယ်ပယ်၏ ဖိနှိပ်သော အရှိန်အဝါနှင့် နေမင်း၊ လမင်းကဲ့သို့ တောက်ပနေသော သူ၏မျက်လုံးများသည် ထိုပုရွက်ဆိတ် နှစ်ကောင်ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေတော့သည်။
...
[ အတွဲ(၄) ပြီးဆုံးပါပြီ။ အတွဲ(၅) - ခေတ်သစ်တစ်ခု ]