← Chapters

အခန်း ၃၃၄

Vol. 23 Ch. 334

အခန်း ၃၃၄

Vol. 23 Ch. 334

အပိုင်း(၃၃၄) ပြိုင်ဘက်ကင်းနတ်ဘုရား၊ သိုင်းပညာယွီထန်

ပင်လယ်ရေအောက် နက်ရှိုင်းသော နေရာတွင်။

နတ်ဘုရားများ ပြန်လည်နိုးထလာသည်နှင့်အမျှ မြင့်မားသောရုပ်တုကြီးများသည် အချည်အနှောင်များမှ ရုန်းထွက်လာကြပြီး ဧရာမမျက်လုံးကြီးများကိုဖွင့်ကာ ကမ္ဘာအနှံ့ပြန့်ကျဲနေသော တာအိုနိယာမ အပိုင်းအစများကို လောဘတကြီး စုပ်ယူလိုက်ကြပြီး သူတို့၏စွမ်းအားများကို တဖြည်းဖြည်း ပြန်လည်ရယူနေကြလေသည်။

"တာအိုနိယာမအပိုင်းအစတွေ အရမ်းများတာပဲ။ အရင်ကျဆင်းသွားပြီးတော့ ငါတို့ နိုးထလာရင်တောင် လုံလောက်တဲ့ အာဟာရနဲ့ ပြန်လည်နာလန်ထူဖို့အတွက် စွမ်းအားတွေရဖို့ ခက်ခဲလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ဒီလောက်များပြားတဲ့ ကျိုးကြေနေတဲ့ တာအိုနိယာမတွေ ရှိနေလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။"

"ဟားဟားဟား... မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကောင်းကင်စောင့်ကြည်သူ အဘိုးကြီးက ငါတို့ကို မလိမ်ခဲ့ဘူး။ နယ်မြေနှစ်ခုကြားက စစ်ပွဲကြီး ဖြစ်ပွားခဲ့ပြီးပြီ။ ပြီးတော့ မြင့်မားတဲ့တည်ရှိမှု (အနည်းငယ်နဲ့ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေ သေဆုံးသွားပြီ။ ဒီတာအိုနိယာမတွေက အဲဒီလူသား ပုရွက်ဆိတ်တွေဆီကနေ လာတာပဲ။"

"နှမြောစရာပဲ။ ငါတို့ရဲ့နတ်ဘုရားအနှစ်သာရ ပျက်စီးသွားပြီ။ ကောင်းကင်စောင့်ကြည့်သူ အဘိုးကြီးက အကြံအစည်နဲ့ ငါတို့ရဲ့ နတ်ဘုရားအနှစ်သာရကို တမင်တကာ နှစ်ပိုင်းခွဲလိုက်ပြီးတော့ တစ်ဝက်ကိုပဲ ငါတို့ကို ပြန်ပေးခဲ့တယ်။ ဒါကြောင့် ငါတို့ ကောင်းကင်နယ်ပယ်ကို ပြန်မရောက်နိုင်တော့ဘူး။"

"သူက စစ်ပွဲစဖို့ ငါတို့ကို သွေးထိုးလှုံ့ဆော်ဖို့ တမင်တကာလုပ်ခဲ့တာ။ ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းနယ်မြေကြားက ကွာဟချက်က အရမ်းကို ကြီးမားလွန်းတယ်။ အင်အားစုသုံးခုကို မျှခြေဖြစ်အောင် နတ်ဘုရားတွေကို သူက နိုးထစေချင်နေတာ။ ကောင်းကင်စောင့်ကြည့်သူ အဘိုးကြီးက ငါတို့ကို အရူးတွေလို့ ထင်နေတာလား။ အဲဒါတွေအားလုံးက နတ်ဘုရားတွေကစားခဲ့ပြီးသား လှည့်ကွက်တွေချည်းပဲ။"

နတ်ဘုရားများသည် နှလုံးသားများကို ဖွင့်လှစ်ကာ ပင်လယ်ကြီးကို ဝါးမျိုလိုက်ကြပြီး နတ်ဘုရား စုစုပေါင်း(၃၀၀)ခန့် စုဝေးရောက်ရှိလာသည်။ ၎င်းတို့အနက်မှ (၂၀)သည် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားပြီး ကျန်ရှိသူများအားလုံးမှာ နံနက်ခင်းအလင်းနယ်ပယ်တွင် ရှိနေကြလေသည်။

ဘာမှ လုပ်၍မရနိုင်ပေ။ ခေတ်များ ပြောင်းလဲလာသည်နှင့်အမျှ လောက၏စွမ်းအားများနှင့် နိယာမများ အားလုံးကိုသိမ်းပိုက်ပြီး ခွဲဝေယူသွားကြပြီ ဖြစ်သည်။

အကယ်၍ ရှေးခေတ်ကသာဆိုလျှင် လောကတွင် [ပိုင်ရှင်မဲ့နိယာမများ] အများအပြား ရှိနေလိမ့်မည်။ အနည်းငယ်မျှ ကောက်ယူပြီး ဝါးမျိုလိုက်ရုံဖြင့် စွမ်းအားအပြည့်သို့ ပြန်လည်ရောက်ရှိစေနိုင်မည် ဖြစ်သည်။

ထို့အပြင် ကောင်းကင်ကြည့်ဆောင်၏ သခင်သည် နတ်ဘုရားအဆင့်အတန်းကို နှစ်ပိုင်းခွဲခြင်းဖြင့် ပြဿနာကို တမင်တကာဖန်တီးခဲ့ပြီး နတ်ဘုရားများ၏စွမ်းအားများကို ချို့ယွင်းသွားစေခဲ့သည်။ သို့မဟုတ်ပါက နတ်ဘုရားများသည် အရာအားလုံးကိုစွန့်လွှတ်ပြီး သူတို့ထဲမှ နတ်ဘုရားတစ်ပါးကို အပြည့်အဝ စွမ်းအားသို့ ပြန်လည်ရောက်ရှိစေရန် ပူဇော်ပသမှုများ ပြုလုပ်ကြမည် ဖြစ်သည်။

နတ်ဘုရား(၃၀၀)သည် သူတို့၏နောက်ဘက် အဝေးဆုံးတွင် ကြီးကျယ်ခမ်းနားစွာ တန်းစီနေရင်းနှင့် ရပ်နေကြလေသည်။

သာမန်လူတစ်ယောက်ထက် အနည်းငယ်သာ ပို၍အရပ်ရှည်သော နတ်ဘုရား တစ်ပါးသည် သူ၏ ပလ္လင်ပေါ်တွင် ခမ်းနားထည်ဝါစွာ ထိုင်နေပြီး လက်တစ်ဖက်ဖြင့် သူ၏ပါးပြင်ကို ထောက်ထားလေသည်။ သူ၏ မျက်လုံးပေါက်များတွင် စကြဝဠာနှစ်ခု ပါဝင်နေသကဲ့သို့ ဖြစ်နေပြီး ၎င်းအတွင်းတွင် ကြယ်များကြွေကျခြင်းနှင့် မဟာတာအိုများ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြစ်နေသော မြင်ကွင်းများကို မှုန်ဝါးဝါး မြင်တွေ့နိုင်၏။

သူ၏လှပမှုသည် အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း ၎င်းက လူများကို ရမ္မက်များ မဖြစ်ပေါ်စေပေ။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အညံ့ခံလိုစိတ်နှင့် ဒူးထောက်ကိုးကွယ်လိုစိတ်တို့ကိုသာ ဖြစ်ပေါ်စေလေသည်။

နတ်ဘုရားငယ်က ပျင်းရိစွာဖြင့် မျက်လုံးများကို တစ်ဝက်မှိတ်ထားပြီး တီးတိုးရေရွတ်လိုက်သည်။

"ကောင်းကင်ကြည့်ဆောင်ရဲ့ ဂိုဏ်းချုပ်..."

"မင်းက ဘယ်လိုလုပ် နတ်ဘုရားအဆင့်အတန်းကို ဖျက်ဆီးပြီး နှစ်ပိုင်းခွဲပစ်နိုင်ရတာလဲ။"

"ထားလိုက်ပါတော့။ သာမန်ပုရွက်ဆိတ်တစ်ကောင်က နတ်ဘုရားတွေကို ဆန့်ကျင်ဖို့ ကြံစည်ပြီးတော့ ကျားကိုသုံးပြီး ဝံပုလွေကိုဝါးမျိုဖို့ ကြိုးစားရဲတယ်လို့ ထင်နေတာလား။ မင်းသဘောအတိုင်း ငါ လုပ်ပေးမယ်။"

ထိုမျှပင်။

နတ်ဘုရားငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ကောင်းကင်ဘုံတရားရုံးနဲ့ ဗိမာန်တော်ကို ဒီနေရာမှာပဲ တည်ဆောက်ရမယ်။"

"ပြီးတော့ နတ်ဘုရားတွေကို ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းနယ်မြေစစ်ပွဲမှာ ပါဝင်ခွင့် မပြုဘူး။ သူတို့က ဘေးကနေ ကြည့်နေရုံပဲ ဖြစ်ပြီးတော့ ဘယ်နယ်မြေက ကျင့်ကြံသူမဆို နတ်ဘုရားတွေကို အရင်ဆုံး တိုက်ခိုက်ရဲရင် နတ်ဘုရားတွေက အခြားတစ်ဖက်နဲ့ ပူးပေါင်းမယ်ဆိုတဲ့သတင်းကို ဖြန့်ထားလိုက်။"

နတ်ဘုရားများက လက်များကို ညာဘက်ရင်ဘတ်ပေါ်တွင် တင်ကာ ရိုသေစွာဖြင့် တညီတညွတ်တည်း ပြောလိုက်ကြသည်။

"[ယွီထန်] နတ်ဘုရားရဲ့ အမိန့်တော်အတိုင်းပါပဲ။"

ထိုအချိန်တွင်ပင်။

ပေတစ်သောင်းမြင့်သော ခန္ဓာကိုယ်ရှိသည့် ဧရာမနတ်ဘုရားတစ်ပါးသည် သူ၏ လက်ဖဝါးထဲတွင် သေးငယ်သော သတ္တဝါနှစ်ကောင်ကို ကိုင်ထားပြီး သူ၏ဒူးများသည် ပင်လယ်ရေကို တွန်းထုတ်ကာ ရှေ့သို့ လျှောက်လှမ်းလာလေသည်။

"ဒီသတ္တဝါနှစ်ကောင်လုံးက အတော်လေး ထူးခြားတယ်။ တစ်ကောင်က သွေးနှောနတ်ဘုရားသားရဲ ဖြစ်ပြီး နောက်တစ်ယောက်က မွေးရာပါဗုဒ္ဓနဲ့တူတဲ့အရိုးတွေနဲ့ တောရိုင်းနယ်မြေရဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ လူသားကျင့်ကြံသူတစ်ယောက်ပါ။"

နတ်ဘုရားငယ်က သူတို့ကို ဘေးတိုက်ကြည့်လိုက်ပြီ၊ ပေါ့ပေါ့ပါးပါး ချေမွသတ်ပစ်တော့မည် ဖြစ်သည်

ရုတ်တရက် ကောင်းကင်ကြည့်ဆောင်၏ ဂိုဏ်းချုပ်ကို သတိရသွား၏...

ခွင့်ပြုချက်မရှိဘဲ လူတစ်ယောက်ကို သတ်ဖြတ်ခြင်းက ကောင်းကင်စောင့်ကြည့်သူကို အသုံးချရန် အခွင့်အရေးတစ်ခု ပေးလိုက်နိုင်ပြီး ၎င်းက နတ်ဘုရားများကိုဆန့်ကျင်သော စစ်ပွဲတစ်ခုကို လှုံ့ဆော်ပေးနိုင်၏။

ဤကမ္ဘာတွင် နတ်ဘုရားများက အားနည်းနေပြီး မာနကိုဘေးဖယ်ထားကာ သတိထားပြီး လှုပ်ရှားရမည် ဖြစ်သည်။

"သူတို့ကို ပေါ့ပေါ့ပါးပါး အပြစ်ပေးလိုက်ပြီးတော့ ဒီနေရာကနေ လွှင့်ပစ်လိုက်။" ယွီထန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ရဟန်းငယ်က တင်ပလ္လင်ခွေထိုင်ကာ ပုတီးစိပ်ကို လှည့်ပတ်နေလေသည်။ သူသည် အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို အာရုံမထားဘဲ ကျမ်းစာများကို တည်ငြိမ်စွာ ရွတ်ဆိုနေလေသည်။ ထိုစကားကို ကြားသောအခါ မျက်လုံးများကိုဖွင့်ကာ [ယွီထန်]နတ်ဘုရားကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် ပြန်မှိတ်ထားလိုက်လေသည်။

မည်သူက သိမည်နည်း။

အနီးအနားတွင် ရပ်နေသော နေမင်းအရှင်သခင်သည် ချက်ချင်း ကန့်ကွက်လိုက်ပြီး ဒေါသတကြီး ဟောင်လေသည်။

ဟွေ့နန်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောသည်။

"အရှင်သခင်၊ သင်က ထွက်မသွားချင်ဘူးလား။ ဘာဖြစ်လို့လဲ။"

ဒါက နတ်ဘုရားတွေရဲ့ နယ်မြေလေ။ ကျွန်တော်တို့ အသက်ရှင်နေတာ ကံကောင်းတာပဲ။ ဘာလို့ ဒီမှာ ဆက်နေချင်သေးတာလဲ။

နေမင်းအရှင်သခင်သည် ထိုရဟန်းငယ်ကို စိတ်ပျက်စွာဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူ၏နှလုံးသားထဲတွင် မကျေနပ်မှုများ ရှိနေလေသည်။

ချီးပဲ၊ ဒီထိပ်ပြောင်ရဟန်းကို ငါ ခေါ်မလာခဲ့သင့်ဘူး။ တကယ်လို့ မျက်မမြင်ကိုသာ ငါ ခေါ်လာခဲ့ရင် ဒီမောက်မာပြီး ဗိုလ်ကျနေတဲ့ နတ်ဘုရားတွေ အားလုံးကို သူက ဖိနှိပ်ထားနိုင်မှာပဲ။ ငါတို့ အခုလို အရှက်ရနေမှာ မဟုတ်ဘူး။

ဝုတ် ဝုတ် ဝုတ်။ နေမင်းအရှင်သခင်က ရူးသွပ်စွာ ဟောင်လိုက်လေသည်။

ဟွေ့နန်း ရုတ်တရက် သဘောပေါက်ပြီး ပြောလိုက်သည်။ "အိုး။ နတ်ဘုရားဇာမဏီလျှို့ဝှက်နယ်ပယ်က ဒီနေရာမှာပဲ ရှိနေပြီးတော့ တကယ်လို့ မောင်းထုတ်ခံရရင် နောက်တစ်ကြိမ် ဝင်ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ဆိုလိုတာလား။ ဒါကြောင့် သင် ဆက်နေချင်တာလား။"

နေမင်းအရှင်သခင်၏နဖူးတွင် အမည်းရောင်မျဉ်းကြောင်း သုံးကြောင်း ပေါ်လာလေသည်။

လခွမ်းတဲ့မှ။ မင်းက မြည်းအကန်ခံထားရတဲ့အရူးပဲ။ တခြားသူတွေရှေ့မှာ ဘယ်သူက ပွင့်ပွင့်လင်းလင်း အကြံအစည်တွေ ပြောနေလို့လဲ။ အချင်းချင်းရဲ့ရည်ရွယ်ချက်တွေကို နားလည်ပေးလို့မရဘူးလား။

နတ်ဘုရားများက မိုက်မဲသော ထိုသတ္တဝါနှစ်ကောင်ကို စူးစိုက်ကြည့်နေကြပြီး တိတ်ဆိတ်စွာဖြင့် [ယွီထန်]၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြလေသည်။

သို့သော်လည်း။

နတ်ဘုရားများ၏မျက်လုံးများတွင် တပ်မက်မှုများ ပြည့်နှက်နေလေသည်။

အကြောင်းမှာ နေမင်းအရှင်သခင်၏သွေးမျိုးဆက်က မရိုးရှင်းဘဲ ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ခြေတစ်လှမ်းလှမ်းထားသော ကျင့်ကြံသူ ဖြစ်သောကြောင့် အကယ်၍ သူ့ကို သတ်ဖြတ်ပြီးဝါးမျိုလိုက်ပါက၊ စွမ်းအားများစွာကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။

ဟွေ့နန်းသည် နတ်ဘုရားကို ထောက်ပံ့ထားသော လက်ညှိုးဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ တံတားတစ်စင်းကဲ့သို့ [ယွီထန်]ကို တည့်တည့် ရင်ဆိုင်လိုက်လေသည်။

ရဟန်းငယ်သည် သူ၏လက်များကိုယှက်ကာ ဗုဒ္ဓဘာသာဆုတောင်းစာတစ်ခုကို ရွတ်ဆိုလိုက်ပြီး သနားစရာကောင်းသော အမူအရာဖြင့် နှုတ်ခမ်းများကိုစေ့ကာ ပြောလိုက်သည်။

"အိုး၊ မြင့်မြတ်ပြီးဂုဏ်သရေရှိတဲ့နတ်ဘုရား၊ အရမ်းချောမောပြီးဆွဲဆောင်မှုရှိတဲ့၊ မယုံနိုင်လောက်အောင် ချောမောတဲ့နတ်ဘုရား။ ဒီအဆင့်နိမ့်သတ္တိကြောင်ပြီးညစ်ပတ်တဲ့လူသားကို စကားအနည်းငယ် ပြောခွင့်ပြုပါ။"

[ယွီထန်]၏မျက်လုံးမျာက ရေကန်ကဲ့သို့ တည်ငြိမ်နေပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။ "ပြော။"

နှစ်ပေါင်းသောင်းချီကြာအောင် အိပ်စက်နေခြင်းက နတ်ဘုရားတစ်ပါးအတွက် မျက်စိတစ်မှိတ်မျှသာ ဖြစ်သော်လည်း သူတို့သည် လက်ရှိခေတ်ကာလအပေါ် နားလည်မှုအချို့ ကင်းမဲ့နေနိုင်သဖြင့် လူသားများနှင့် စကားပြောဆိုခြင်းက သူတို့အတွက် ကောင်းမွန်ပေလိမ့်မည်။

နေမင်းအရှင်သခင် မှင်တက်သွားလေ၏။

ရဟန်းငယ်လေးမှာ ဒီလောက်အရှက်မရှိတဲ့ဘက်တစ်ခု ရှိလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး။ သူက ယဉ်ကျေးပုံရပေမယ့် သွေးအေးတဲ့ လူတစ်ယောက်ဖြစ်တဲ့ အတ္တကင်းမဲ့ဗုဒ္ဓနဲ့ တူမယ်လို့ ငါ ထင်ခဲ့တာ။

ဟွေ့နန်းက ရိုးသားသောအမူအရာနှင့် အသံနက်ဖြင့် ပြောလိုက်သည်။

"ဂုဏ်သရေရှိတဲ့နတ်ဘုရားများ၊ သင်တို့ ဒါကို မသိလောက်ပေမယ့်၊ သင်တို့ အိပ်မောကျသွားကတည်းက၊ လောကကြီးက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။"

"လူသားတွေဟာ ပိုပိုပြီး အစွမ်းထက်လာနေပြီးတော့ လူသားဧကရာဇ်ခေတ်ကိုတောင် ကျော်လွန်သွားပြီ။ လက်ရှိလူသားတွေရဲ့ ရွှေခေတ်ကို လျှော့မတွက်ပါနဲ့။ ဒါက ဓမ္မတွေကျဆင်းနေတဲ့ခေတ် ဖြစ်ပေမယ့် အဲဒါက ရွှေခေတ်တစ်ခုလည်း ဖြစ်ပါတယ်။"

"ဘာလို့ အဲဒီလို ပြောရတာလဲဆိုတော့ အခုဆိုရင် ဝိညာဉ်စွမ်းအင်တွေ ရှားပါးနေပြီး မဟာတာအို အများအပြားကို အစွမ်းထက်တဲ့သူတွေ သိမ်းပိုက်ထားပေမယ့် ပါရမီအနည်းငယ်လေးရှိတဲ့ ဘယ်လူသားကမဆို [ကောင်းကင်မဟာတာအို]လို့ခေါ်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းမှာ မဟုတ်ဘူး။ ပါရမီအနည်းငယ်ရှိသူတိုင် သူတို့ရဲ့ ကိုယ်ပိုင်သီးသန့် တာအိုနိယာမတွေကို ဖန်တီးနေကြတာပဲ။"

"လူအုပ်ကြီးကို ဘေးဖယ်ထားလိုက်ပြီး ဒီခေတ်ရဲ့ ခေတ်ရေစီးကြောင်း ဖန်တီးသူတွေ အကြောင်း ပြောရရင်တော့ အထင်ရှားဆုံး ကိုယ်စားလှယ်တွေထဲမှာ [အချိန်-နေရာလွတ်ဓားသူတော်စင်]၊ [ကျိဝူရွှမ်]နဲ့ [တုန်းဖန်လျူလီ]တို့ပါ။ သူတို့ဟာ ကာလတစ်လျှောက်လုံးမှာ တစ်ခုတည်းသော အချိန်-နေရာလွတ် တာအိုကို ပိုင်ဆိုင်ထားတယ်။ တာအိုထောင်ပေါင်းများစွာကို လုယက်ပြီး သမိုင်းတစ်လျှောက် သက်ရှိသတ္တဝါအားလုံးရဲ့ ဉာဏ်ပညာတွေကို စုစည်းထားတဲ့ ကမ္ဘာပေါင်းစုံတာအိုကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့လည်း နတ်ဘုရားတွေရဲ့ အာဏာကို ကျော်လွန်ပြီးတော့ စကားလုံးတွေရဲ့ နိယာမနဲ့ ယှဉ်နိုင်တဲ့ ဧကရာဇ်တာအိုကို ပိုင်ဆိုင်ထားတယ်။ ဒီလိုမျိုးတွေ မရေမတွက်နိုင်အောင် ရှိသေးတယ်။"

"ဒါက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သင်တို့ သိလား။"

"လူတိုင်းက နဂါးတစ်ကောင်လိုပဲ။ လူတိုင်းက မဟာတာအိုကို ဖန်တီးသူတွေချည်းပဲ။ အတိတ်တုန်းက တာအိုဖန်တီးသူတစ်ယောက် မွေးဖွားလာတာကို သူတော်စင်တစ်ယောက်အနေနဲ့ ရိုသေလေးစားကြတယ်။ အခုတော့ အုတ်ခဲတစ်လုံးနဲ့ ပစ်ပေါက်လိုက်ရင် [သူတော်စင်] ရာနဲ့ချီကို ထိမှန်နိုင်တယ်။"

...

ရဟန်းငယ်၏ ရှည်လျားသောရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် သူတို့ကို သယ်ဆောင်ထားသော နတ်ဘုရားသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "လိုရင်းကို ပြောစမ်း။"

ဟွေ့နန်းက လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကြီးမြတ်တဲ့နတ်ဘုရားတို့၊ ကျွန်တော်ပြောချင်တာက သင်တို့ရဲ့ လက်ရှိအခြေအနေက အတော်လေး အန္တရာယ်များနေပါတယ်။ ကောင်းကင်ပြည်နယ်နဲ့ တောရိုင်းနယ်မြေကြားက စစ်ပွဲရဲ့ နောက်ဆက်တွဲ ဂယက်တွေကြောင့် သင်တို့တောင် ချေမွခံရနိုင်ပါတယ်။"

နတ်ဘုရားများက ဂရုမစိုက်ဘဲ ရှိနေကြလေသည်။

သူတို့သည် သူတို့၏ နတ်ဘုရားယုံကြည်မှုနှင့်မောက်မာမှုများကို ပြသကာ ရယ်မောခြင်း မရှိခဲ့သလို ဒေါသထွက်ခြင်းလည်း မရှိခဲ့ပေ။ သူတို့က လူပြက်တစ်ယောက်ကို ကြည့်နေသလို အလွန် တည်ငြိမ်နေကြသည်။

လူတိုင်းက နဂါးတွေလိုပဲ ဟုတ်လား။ လူတိုင်းက သူတော်စင်တွေ ဟုတ်လား။

လူသားတွေက ငါတို့ကို လွယ်လွယ်ကူကူ ချေမွသတ်ပစ်နိုင်တယ်ပေါ့။

ရယ်စရာကောင်းလိုက်တာ။

"ပြီးတော့ကော။" [ယွီထန်]က အပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်။

ဟွေ့နန်းက လေးနက်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ "ဒါကြောင့် လူ့လောကအကြောင်းကို ကောင်းကောင်းနားလည်တဲ့ လမ်းပြနှစ်ယောက် သင်တို့ လိုအပ်ပါတယ်။"

"ဒီနတ်ဘုရားသားရဲနဲ့ ကျွန်တော်က အတော်လေး သင့်တော်မယ်လို့ ထင်ပါတယ်။"

[ယွီထန်]က သဘောတူခြင်း မရှိသလို ငြင်းဆိုခြင်းလည်း မရှိဘဲ မေးလိုက်သည်။

"အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ မင်းရဲ့ဆက်ဆံရေးက ဘာလဲ။"

ရဟန်းငယ်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"ကျွန်တော်က အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ မျိုးဆက်သစ်တစ်ယောက် ဖြစ်ပြီးတော့ ဒီနတ်ဘုရား သားရဲက အချိန်-နေရာလွတ်ဓားသူတော်စင်ရဲ့ အိမ်မွေးတိရစ္ဆာန်ပါ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။"

"ကြီးမြတ်တဲ့နတ်ဘုရား... ဘာလို့ ဒါကို မေးရတာလဲ။"

ထိုစကားကို ကြားသောအခါ [ယွီထန်]က ရယ်ရုံသာပြုပြီး ပြောလိုက်သည်။

"ငါအိပ်မောကျနေတုန်း တစ်စုံတစ်ယောက်က နောက်တစ်ဆင့်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ ငါ လောကမှာချန်ထားခဲ့တဲ့ ငါ့ရဲ့အရှိန်အဝါတစ်မျှင်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူက တိုက်ခိုက်ပြီး အနိုင်ရခဲ့တယ်။ ငါ နိုးလာပြီးနောက် ပထမဆုံးလုပ်ခဲ့တဲ့အရာက အဲဒီလူအကြောင်း ရှာဖွေဖို့ပဲ။ သူက တောရိုင်းနယ်မြေရဲ့ အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုတာ ငါ သိလိုက်ရတယ်။ မင်းတို့ဆီမှာ သူ ချန်ထားခဲ့တဲ့ အချိန်-နေရာလွတ် ဓားအသိကို ငါ အာရုံခံမိတယ်။ အဲဒါက မင်းတို့ကို ကာကွယ်ဖို့ ဖြစ်ရမယ်။"

ထိုစကားများ ထွက်လာသော်။

နေမင်းအရှင်သခင်၏မျက်ဆံများ အပြင်းအထန် တုန်ခါသွားပြီး သူ၏ခွေးမျက်နှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

ထိုနတ်ဘုရားငယ်က မည်သူဖြစ်ကြောင်း သူ သိသွား၏။

မျက်မမြင် ပထမဆုံး ကောင်းကင်ဘုံကိုးထပ် နတ်ဘုရားအတိဒုက္ခကို ကြုံတွေ့ရစဉ်က သူသည် "[လင်း ပင်း တောက် ကျဲ ကျဲ့ ကျန့် လျဲ့ ချီယန် ရှင်း]" ဟူသော ဂါထာကို အသုံးပြုရာတွင် ကျွမ်းကျင်သည့် နတ်ဘုရားငယ်တစ်ပါးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းသည် မျက်မမြင်အားဖိအားပေးနိုင်သော ပထမဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

နတ်ဘုရားငယ်သည် ကောင်းကင်အတိဒုက္ခအတွင်း နိုးထလာပြီး မျက်မမြင်အား တုံ့ပြန်ခဲ့ခြင်းမှာ အလွန်အံ့အားသင့်စရာကောင်းလှသဖြင့် နေမင်းအရှင်သခင်က ယနေ့တိုင် ရှင်းလင်းစွာ မှတ်မိနေဆဲပင်။

[ယွီထန်]ကို ပထမဆုံး မြင်လိုက်ရတုန်းက အရမ်းရင်းနှီးနေသလို ခံစားရတာ ဒါကြောင့်ကိုး။ သူက အသိအကျွမ်း တစ်ယောက် ဖြစ်နေတာပဲ။

သို့သော်လည်း မျက်မမြင်သည် သူတို့ကို ကာကွယ်ရန်အတွက် သူတို့အပေါ်တွင် အချိန်-နေရာလွတ် ဓားအသိတစ်ခု ချန်ရစ်ထားကြောင်း ကြားလိုက်ရသောအခါ ဝါကြီးက ရင်ထဲထိသွားသည်။ မျက်မမြင်သည် ခွေးများကို ဒုက္ခပေးတတ်သော်လည်း သူ့ကို မိသားစုဝင်တစ်ယောက်လို အမှန်တကယ် ဆက်ဆံခဲ့သည်။

"ဝုတ် ဝုတ် ဝုတ်။" ဝါကြီးက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒီနတ်ဘုရားတွေက နားမလည်နိုင်ပါဘူး၊ ဒါကြောင့် ငါ ကြိုက်သလို ကျိန်ဆဲလို့ရတယ်။ အဲဒါကို မျက်မမြင်အတွက် လက်စားချေပေးတာလို့ သဘောထားလိုက်မယ်။

မည်သူက သိမည်နည်း။

[ယွီထန်]၏မျက်ဆံများက ဝါကြီးကို ချက်ချင်း ပစ်မှတ်ထားလိုက်ပြီး တိုးညင်းသော နှာခေါင်းရှုံ့သံနှင့် အတူ သူ၏ နတ်ဘုရားအာရုံသည် ဝါကြီး၏အသိဉာဏ်ပင်လယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားကာ သူ့ကို အပြင်းအထန် ဒဏ်ရာရစေလေသည်။

ထွီး။

နေမင်းအရှင်သခင်က သွေးအန်လိုက်ပြီး ထိတ်လန့်မှုကြောင့် ဖြူရော်သွားကာ သူ၏ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလိုက်ပြီး ထပ်မဟောင်ရဲတော့ပေ။

ချီးပဲ။

သူက နားလည်တယ်လား။

[ယွီထန်]က အေးစက်စွာ ပြောလိုက်သည်။

"ဘာသာစကားဆိုတာက သတ္တဝါတွေအားလုံး သူတို့ရဲ့ စိတ်ခံစားချက်တွေနဲ့အတွေးတွေကို ဖော်ပြဖို့ ကြားခံတစ်ခု သက်သက်ပဲ။ ပိုမြင့်မားတဲ့ ဖော်ပြမှုပုံစံကတော့ နတ်ဘုရားအတွေးပဲ။ ဒါက ကျင့်ကြံသူတွေကို အသံ လွှဲပြောင်းပေးနိုင်တယ်။ အဲဒီထက်ကျော်လွန်ရင် စိတ်ထဲက လှုပ်ရှားမှုလေး တစ်ခုကတောင် အချက်အလက် ပေးပို့ဖို့ ကြားခံတစ်ခု ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒါက အခြေခံအဖြစ် အတိုင်းအတာတစ်ခုအထိ ခွန်အားတော့ လိုအပ်တယ်။"

"ဒါပေမဲ့ ငါ့ရဲ့ နတ်ဘုရားအဆင့်အတန်းက လုံလောက်အောင် မြင့်မားတယ်။ ငါက ကောင်းကင်နယ်ပယ် ခြေတစ်လှမ်းလှမ်းထားတဲ့ အဆင့်လောက်ပဲ ပြန်လည် နာလန်ထူသေးပေမယ့် မင်းရဲ့အတွေးတွေကို နားလည်ဖို့ ငါ့အတွက် မခက်ခဲဘူး။"

နေမင်းအရှင်သခင် မျက်နှာမဲ့သွားပြီး မနှစ်မြို့ကြောင်း သိသာထင်ရှားလေသည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အချိန်-နေရာလွတ် ဓားအသိက ဆူပွက်နေပြီး ရုတ်တရက် ထွက်ပေါ်လာကာ ရန်သူကို သတ်ဖြတ်ရန် ခြိမ်းခြောက်နေလေသည်။

နေမင်းအရှင်သခင်သည် အချိန်-နေရာလွတ် ဓားအသိကို မြဲမြံစွာ ထိန်းချုပ်ထားလိုက်သည်။ မျက်မမြင် ကိုယ်တိုင်လာရောက်ပြီး တစ်ဦးချင်း တိုက်ခိုက်ခြင်း မရှိပါက နတ်ဘုရားကို သတ်နိုင်မည့် အခွင့်အရေး မရှိကြောင်း သူ ကောင်းကောင်း သိလေသည်။ ဓားအသိတစ်မျှင်တည်းဖြင့်တော့ မဖြစ်နိုင်သလို ပြောင်းပြန် အကျိုးသက်ရောက်သွားကာ မျက်မမြင်ကို ဒေါသထွက်စေလိမ့်မည်။

"ဒီရဟန်းငယ်က သူ့ကိုယ်စား တောင်းပန်ပါတယ် နတ်ဘုရား။ သားရဲရဲ့သဘာဝကို ဖျက်ဆီးပစ်ဖို့ ခက်ခဲပါတယ်။ သူ့ရဲ့ နူးညံ့တဲ့အသွင်အပြင်ကို မလှည့်စားခံပါနဲ့။ တကယ်တော့ သူက အရမ်းကို စိတ်တိုလွယ်ပြီး ဒေါသထွက်လာရင် သူ့သခင် [အချိန်-နေရာလွတ် ဓားသူတော်စင်]ကိုတောင် ကိုက်တတ်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ။" ရဟန်းငယ်က အလျင်အမြန် တောင်းပန်လိုက်သည်။

[ယွီထန်]က အနည်းငယ် ပြုံးလိုက်သည်။ "ရပါတယ်။"

"နတ်ဘုရားများခေတ်က ကုန်ဆုံးသွားတာ ကြာပြီဆိုတော့ ငါတို့အခြေအနေကို အသိအမှတ်ပြုဖို့ လိုတယ်။ မင်းစကားတွေကို ငါ နှလုံးသွင်းထားပါတယ်။ အဲဒီလိုဆိုရင်တော့ မင်း နေခဲ့ပြီးတော့ လက်ရှိ ကမ္ဘာ့အစီအစဉ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်တွေအားလုံး နတ်ဘုရားတွေကို ရှင်းပြပေးရမယ်။"

"ပြီးတော့ လူ့လောကမှာ အစွမ်းအထက်ဆုံးလူတွေရဲ့ စာရင်းတစ်ခု၊ ပြီးတော့ သူတို့ရဲ့ တာအိုနိယာမတွေနဲ့ ကျင့်ကြံရေး နည်းလမ်းတွေအကြောင်း အချက်အလက်တွေ လိုအပ်တယ်။ မင်း အဲဒါတွေကို ပေးရမယ်။"

"[နတ်ဘုရားဇာမဏီလျှို့ဝှက်နယ်ပယ်] ကိစ္စကတော့ သွားပြီးယူလိုက်ပါ..."

"နတ်ဘုရားက ဂရုမစိုက်ဘူး။"

ထိုစကားကိုကြားသောအခါ ဟွေ့နန်း တွန့်ဆုတ်သွားလေသည်။

တခြားအချက်အလက်များကို ရှင်းပြခြင်းအတွက် သူ အဆင်ပြေပေသည်။ လက်ခံနိုင်၏။ သို့သော် အချိန်-နေရာလွတ် ဓားသူတော်စင်၏ နိယာမများနှ င့်ပညာရပ်များကို ထုတ်ပြောခိုင်းခြင်းက...

ကိုယ့်အသင်းသားတွေကို ဖျက်ဆီးတာ မဟုတ်ဘူးလား။

နတ်ဘုရားများသည် လူသားမျိုးနွယ်တစ်ခုလုံး၏ ရန်သူများဖြစ်ကြောင်း ဟွေ့နန်း ကောင်းကောင်း သိထားလေသည်။

နေမင်းအရှင်သခင်သည် အကြိမ်အနည်းငယ် အော်လိုက်မိသည်။

ဟွေ့နန်း အလွန်ထိတ်လန့်သွားသဖြင့် ခွေး၏ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်သော်လည်း။ ဝါကြီးက သူ့ကို ခါချလိုက်သည်။ ခွေးက မည်သူ့ကိုမှ မကျိန်ဆဲခဲ့ပေ။ ရဟန်းငယ်က စိတ်ဖိစီးမှုကြောင့် အလိုအလျောက် တုံ့ပြန်နေခြင်းသ။

...

[ယွီထန်]သည် ခြေထောက်များကို ကားလိုက်ပြီး ပါးပြင်ကို လက်ပေါ်တွင်တင်ကာ အေးစက်သော အပြုံးတစ်ခု ပပေးလိုက်သည်။

"ငါက ဘယ်သူလဲလို့ မင်း မေးတာလား။"

"ငါက နတ်ဘုရားခေတ်ရဲ့ အုပ်ချုပ်သူတွေထဲကတစ်ပါးပဲ။ ငါက [စစ်မင်] နဲ့ [ကျင်းခွေ]လို နတ်ဘုရားတွေနဲ့ တစ်တန်းတည်း သတ်မှတ်ခံရတယ်။"

"အသက်ရှည်ခြင်းနဲ့မသေနိုင်ခြင်း၊ ထာဝရတည်ရှိခြင်း။ ကောင်းကင်နဲ့မြေကြီး ရှိနေသရွေ့ အသက်ရှင်မယ့် ကောင်းကင်တာအိုက မွေးဖွားပေးခဲ့တဲ့ ပထမဆုံး အန္တိမနတ်ဘုရားအုပ်စု။"

"လူသားမျိုးနွယ်ဆိုတာ ကမ္ဘာကြီးရဲ့လည်ပတ်မှုကနေပေါ်ထွက်လာတဲ့ အပြောင်းအလဲတွေ သက်သက်ပဲ။ ငါကတော့ ထာဝရမပြောင်းလဲတဲ့ [တစ်] ပဲ။"

...

...

သူတို့ကု နတ်ဘုရားများ ဝန်းရံလျက် အသက်ကင်းမဲ့သောရုပ်တုများကဲ့သို့ တိတ်ဆိတ်ပြီး ဂရုမစိုက်ဘဲ ရှိနေကြလေသည်။

မမြင်ရသောဖိအားတစ်ခုသည် နေမင်းအရှင်သခင်၏ ပခုံးများနှင့်ကျောပေါ်သို့ ဖိကျလာလေသည်။

သူ မတုန်ရီဘဲ မနေနိုင်ခဲ့ပေ။

[စစ်မင်]နဲ့ ယှဉ်နိုင်တဲ့ အန္တိမနတ်ဘုရား တစ်ပါး။ ချီးပဲ။ သူ့ကို ဘယ်သူက ပြန်ရှင်အောင် လုပ်ခဲ့တာလဲ။

ဒီကောင်က သေလမ်းကို ရှာနေတာလား။ ရှေးခေတ်ကာလကို ပြန်အသက်သွင်းချင်နေတာလား။

နေမင်းအရှင်သခင်သည် ဝေးကွာသော မှတ်ဉာဏ်တစ်ခုကို ရုတ်တရက် သတိရသွားလေသည်။

ယွီထန်။ [သိုင်းပညာ]ကို ထိန်းချုပ်သော အန္တိမနတ်ဘုရား။ သူ့တွင် စွမ်းအားတစ်ခုတည်းသာ ရှိသည်။

သို့သော် ဤနေရာမှ "သိုင်းပညာ" ဆိုသည်မှာ မရိုးရှင်းပေ။

ဖန်တီးပြီးသားဖြစ်စေ မဖန်တီးရသေးသည်ဖြစ်စေ သိုင်းပညာအားလုံးကို ပေါ်လာသည်နှင့် တစ်ပြိုင်နက် [သိုင်းပညာအာဏာ]က အလိုအလျောက် စုပ်ယူသွားလိမ့်မည်။

သူက ခေတ်ရေစီးကြောင်းတွေနှင့်အတူ ရှေ့တိုးနောက်ဆုတ်လုပ်သည်။ ခေတ်က ရှေ့ကိုတိုးလာသည်နှင့် သူ၏စွမ်းအားက ၎င်းပေါ်မူတည်ပြီး တိုးလာသည်။ ခေတ်များ ဆုတ်ယုတ်သွားသောအခါ သူ၏စွမ်းအားက အားနည်းသွား၏။

ရှေးဟောင်းဒဏ္ဍာရီများတွင်၊ သက်ရှိသတ္တဝါအားလုံးက [ယွီထန်]ကို ပြိုင်ဖက်ကင်းနတ်ဘုရား ဟူသည့် ဘွဲ့နာမည်ကိုပင် ပေးအပ်ခဲ့ကြလေသည်။

မှန်ပေသည်။

သူက ရှုံးနိမ့်မည် မဟုတ်ပေ။ သူ ရှုံးနိမ့်ရန် လုံးဝ ဖြစ်နိုင်ခြေမရှိပေ။

ပထမဆုံး လူသားဧကရာဇ်ပင် [ယွီထန်]ကို အမှန်တကယ် အနိုင်မယူခဲ့ဖူးပေ။ [ယွီထန်]သည် ကမ္ဘာပျက်ကိန်းအတွင်း ပြန်လည်မကုစားနိုင်သော ပျက်စီးမှုများ ရရှိခဲ့၍သာ ပထမဆုံးလူသားဧကရာဇ်က သူ့ကို အလစ်အငိုက်ဝင်တိုက်၍ အောင်မြင်ခဲ့ခြင်းပင်။

ယခုအချိန်တွင်တော့ နေမင်းအရှင်သခင်က ကြောက်ရွံ့၍ ထိတ်လန့်နေသည်။

ဤနတ်ဘုရားကို လွှတ်ပေးရန် မည်သူကများ သတ္တိရှိခဲ့ကြောင်း သူ စိတ်ကူးပင် မယဉ်ရဲပေ။

တော်သေးသည်။

၎င်းက အထွတ်အထိပ်တွင် ရှိနေသာ [ယွီထန်] မဟုတ်ပေ။ ထိုသို့မဟုတ်လျှင် ကောင်းကင်တာအို မနိုးသေးဘဲ ကောင်းကင်စောင့်ကြည့်သူက တာဝန်ယူထားသော ဤကာလတွင် ကောင်းကင်နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသည့် [ယွီထန်]၏စွမ်းအားနှင့်ဆိုလျှင် သူ့ပြိုင်ဘက်က မည်သူ ဖြစ်နိုင်မည်နည်း။

ရုတ်တရက်။

နေမင်းအရှင်သခင်သည် မျက်မမြင် တစ်ခါက ပြောခဲ့ဖူးသည့်စကားကို သတိရသွားသည်။

ကောင်းကင်ကြည့်ဆောင်ဟာ လောကရဲ့ နတ်ဘုရားတွေအားလုံးရဲ့ နတ်ဘုရားအနှစ်သာရတွေကို စုဆောင်းထားခဲ့တယ်...

ဒါဆို နတ်ဘုရားတွေနဲ့ [ယွီထန်]ကို လွှတ်ပေးခဲ့တာက ကောင်းကင်ကြည့်ဆောင်ပေါ့။

ချီးပဲ။

ကောင်းကင်ကြည့်ဆောင်က ရူးနေတာလား။ လူသားဧကရာဇ်ကို ပြန်ဖန်တီးဖို့ လုပ်ဆောင်နေတယ်လို့ သူတို့တွေ ပြောခဲ့တာ မဟုတ်ဘူးလား။ သူတို့ ဘာလုပ်နေကြတာလဲ။။

ဝါကြီးက သူ၏နှလုံး ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။

ဖရိုဖရဲအခြေအနေများ ဖြစ်ပေတော့မည်။

…

All Chapters