← Chapters

အခန်း ၃၃၇

Vol. 23 Ch. 337

အခန်း ၃၃၇

Vol. 23 Ch. 337

အပိုင်း(၃၃၇) တံခါးပိတ်ကျင့်ကြံခြင်း၊ ခွန်အားများ အသွင်ပြောင်းခြင်း

ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီးနောက် ရက်(၄၀)မြောက်နေ့တွင် ရေလက်ကြား နှစ်ဖက်စလုံးတွင် တပ်စွဲထားသော စုစုပေါင်း တပ်ဖွဲ့ဝင်အရေအတွက်မှာ (၁၀)သန်းကျော်သွားလေသည်။

နှစ်ဖက်စလုံးက စစ်ပွဲကို အရင်မစရန် တိတ်တဆိတ် သဘောတူညီထားကြပြီး ထိုအစား သူတို့၏ ကိုယ်ပိုင်စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပေါင်းစည်းခြင်း၏ အကျိုးကျေးဇူးများကို စုပ်ယူရန်အတွက် အာရုံစိုက်နေကြသည်။

တောရိုင်းမြေတွင် စစ်ဗိုလ်ချုပ် လီကွမ်ယန်က ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ရောက်ပြီးနောက် အနက်ရောင်ဝတ်နန်းရင်းဝန် ဝမ်ရှန်ကျားသည်လည်း ၎င်းနောက်လိုက်ကာ ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ရောက်ရှိသွားလေသည်။

တစ်ချိန်တည်းမှာပင်။

မဟာကျင်းတိုင်းပြည်တွင် ပါရမီရှင်အများအပြား မွေးဖွားလာခဲ့ပြီး အချို့က "ကောင်းကင်၊ မြေကြီးနှင့် လူသားအဆင့်သတ်မှတ်ချက်"ကိုပင် ပြုစုခဲ့ကြသည်။ ၎င်းတွင် သဘာဝပါရမီပါရှိပြီး အသက် (၁၀၀)အောက်နှင့် လုံလောက်သော ခွန်အားရှိသူများကိုသာ ထည့်သွင်းထားလေသည်။

နေရာများနှင့် လူများ၏ အဆင့်သတ်မှတ်ချက်များကို ခဏလောက် ဘေးဖယ်ထားလိုက်ပါ။

ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး(၁၀)ဦးတွင် ရင်းနှီးသောနာမည် အများအပြား ပေါ်လာ၏။

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၁၀) အေးစက်သောဓားနတ်မိမယ် စုချင်ချိုး]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၉) - ပျက်စီးကမ်းပါးဘုရင် လင်းလု]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၈) - လွင့်မျောစေတီသခင်လေး လီစန်းဟိုင်]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ် (၇) - စန်းဝူမင်းသမီး လုချင်းလျို]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၆) - ဝိညာဉ်တာအို သူတော်စင်မ ဝူတျဲ]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၅) - ဝန်ထမ်းရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီး မိုတောက်ချုံး]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၄) - တာအိုဂိုဏ်းသခင်လေး ခူကျင်း]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၃) - ဟွေ့နန်း၊ ဇင်ဂိုဏ်းမှ နောက်ဆုံးကျန်ရစ်သူ]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၂) - မိစ္ဆာသူတော်စင်သားတော် ဝူဟွေ့]

[ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၁) - တကိုယ်တည်းကျင့်ကြံသူ တွမ့်ယာ]

ဤကောင်းကင်၊ မြေကြီးနှင့် လူသားစာရင်းကို ပြုစုခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းသည် ခန့်မှန်း၍မရနိုင်သော ဇာစ်မြစ်တစ်ခုရှိပြီး ဧကရာဇ်နန်းတွင်း၏ စုံစမ်းစစ်ဆေးမှုမှပင် မည်သည့်သဲလွန်စမျှ မရရှိခဲ့ပေ။

ထို့အပြင် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အထက်တွင် [ကောင်းကင်ဘုံအဆင့်သတ်မှတ်ချက်] ဟု ခေါ်သော အရာတစ်ခုလည်း ရှိသည်ဟု ဆိုကြသည်။

သို့သော်လည်း ၎င်းကို အများပြည်သူသို့ မဖွင့်ပြထားသလို စျေးကွက်တွင်လည်း ရှားရှားပါးပါးသာ လည်ပတ်နေလေသည်။

စန်းဝူခရိုင်။

မြို့တော်အနီးတွင် တည်ရှိပြီး ၎င်းသည် အဆင့်မြင့် ခရိုင်မြို့တစ်မြို့ဖြစ်ကာ စည်ကားသိုက်မြိုက်နေပြီး ကျင့်ကြံသူအများအပြား ဝင်ထွက်သွားလာနေကြသည်။

တည်းခိုခန်းတစ်ခု၏ သီးသန့်အခန်းတစ်ခုအတွင်းတွင်။

ရွှေရောင်ကွပ်ထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆိုးသွမ်းသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးက ခွက်တစ်ခွက်ကို ကိုင်ထားကာ လသာဆောင်လက်ရန်းကိုမှီလျက် လမ်းပေါ်မှ စည်ကားနေသော လူအုပ်ကြီးကို ငုံ့ကြည့်ကာ မှေးမှိန်သောအပြုံးဖြင့် ပြောလိုက်သည်။

"ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေတော့ အမှောင်ထဲမှာပုန်းအောင်းနေတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေက ထပ်ပြီးလှုပ်ရှားလာပြန်ပြီ။ တန်ခိုးရှင်၊ ကောင်းကင်၊ မြေကြီးနဲ့ လူသားစာရင်းကို ပြုစုတဲ့သူမှာ လျှို့ဝှက် ရည်ရွယ်ချက်တွေ ရှိနေပြီးတော့ သူရဲ့ ရည်ရွယ်ချက်တွေက ဘာလဲဆိုတာ ငါတို့ မသိဘူး။"

အိမ်အတွင်းတွင်။

ကြမ်းတမ်းသော လျှော်ကြိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်က စာအုပ်တစ်အုပ်ကို ကိုင်ထားကာ တိတ်ဆိတ်စွာ စာမျက်နှာများကို လှန်နေပြီး စူးစိုက်နေသောအကြည့်ဖြင့် ပြောလိုက်သည်။

"ဒီတန်ခိုးရှင်အဆင့်သတ်မှတ်ချက်က အတော်လေး စိတ်ဝင်စားစရာကောင်းတယ်။ ဝူဟွေ့... မင်း ဖတ်ပြီးပြီလား။"

မိစ္ဆာလမ်းစဉ်၏ သူတော်စင်သားတော် ဝူဟွေ့၊ ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၂)။

ဆိုးသွမ်းသောအသွင်ရှိသည့် လူငယ်က မျက်မှောင်ကြုတ်ကာ လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ငါ ဖတ်ကြည့်ပြီးပြီ။ ကောင်းကင်၊ မြေကြီးနဲ့ လူသားအဆင့်သတ်မှတ်ချက်တွေနဲ့ မတူတာက ဒီတန်ခိုးရှင် အဆင့်သတ်မှတ်ချက်ဟာ တောရိုင်းနယ်မြေနဲ့ ကောင်းကင်ပြည်နယ်က ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတွေအားလုံးကို ထည့်သွင်းထားပြီးတော့ သူတို့ကို တူညီတဲ့စံနှုန်းနဲ့ အဆင့်သတ်မှတ်ထားတာ။"

"ထူးဆန်းတာက ထိပ်တန်း(၁၀)ဦးစာရင်းထဲတောင် ဧကရာဇ် မပါတာပဲ။ သူက အဆင့်(၁၅)လောက်ပဲ ရှိတယ်။"

"ဧကရီက ထိပ်တန်း အယောက်(၂၀)စာရင်းရဲ့ အပြင်ဘက်မှာ ရှိနေတယ်။"

"ခူကျင်း... မင်း ဘယ်လိုထင်လဲ။"

ခူကျင်းသည် စာအုပ်ကို ချထားလိုက်ပြီး အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။ "ကောင်းကင်၊ မြေကြီးနဲ့ လူသားအဆင့်သတ်မှတ်ချက်က အဓိကမဟုတ်ဘူးလို့ ငါ ထင်တယ်။ စာရေးသူရဲ့ တကယ့်ရည်မှန်းချက်က ဒီနတ်ခိုးရှင်အဆင့်သတ်မှတ်ချက်ပဲ။ ဧကရာဇ်တွေကို တမင်တကာ အဆင့်နိမ့်အောင် သတ်မှတ်ထားပြီးတော့ တောရိုင်းနယ်မြေက ပြည်သူတွေရဲ့ နှလုံးသားတွေကို ဒီရှုထောင့်ကနေ လှုပ်ခတ်အောင် ကြိုးစားနေတာ။"

"အဲဒါ ကောင်းကင်စောင့်ကြည့်သူရေးတာဖြစ်ဖို့ အရမ်းများတယ်။"

သူတို့နှစ်ဦးက ပေါ့ပေါ့ပါးပါး စကားပြောနေကြသော်လည်း သူတို့၏စိတ်အခြေအနေမှာ အတော်လေး လေးလံနေပုံရလေသည်။

ကောင်းကင်၊ မြေကြီးနှင့် လူသားအဆင့်သတ်မှတ်ချက်များ ရုတ်တရက် ပေါ်ထွက်လာခြင်းက တောရိုင်းနယ်မြေအတွင်း ပဋိပက္ခအများအပြားကို ဖြစ်ပေါ်စေခဲ့သည်။

အထူးသဖြင့် ဘဝတစ်လျှောက်လုံး လုံးဝ မရှုံးနိမ့်ဖူးဘဲ သူတို့အထက်တွင် ရှိနေသည့် အဆင့်ပိုမြင့်သော သူများကို လက်မခံချင်ဘဲ မောက်မာပြီး ဂုဏ်ယူတတ်သော ပါရမီရှင်များ သွားရောက်စိန်ခေါ်ကြလိမ့်မည်။ ထိုအခါ အကောင်းဆုံးအနေနှင့် ဒဏ်ရာရမည်။ အဆိုးဆုံးအနေနှင့် အသက်များ ဆုံးရှုံးရပေလိမ့်မည်။

ထိုသို့အဖြစ်ဆိုးမျိုးက နေရာတိုင်းတွင် ရှိနေခဲ့သည်။ ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၂)နှင့် နံပါတ်(၄) ဖြစ်ကြသော ခူကျင်းနှင့် ဝူဟွေ့တို့ပင် တစ်ခါက အချင်းချင်း တိုက်ခိုက်ခဲ့ဖူး၏။ တိုက်ပွဲအပြီးတွင် သူတို့ မိတ်ဆွေများ ဖြစ်သွားခဲ့သော်လည်း သေချာစဉ်းစားပြီးနောက်တွင် သူတို့နှစ်ယောက်လုံး တစ်ခုခုမှားနေသည်ဟု ခံစားမိပြီး စားသောက်ဆိုင်ကိုသွားကာ ထိုအကြောင်း စဉ်းစားခဲ့ကြသည်။

ပြန်တွေးကြည့်လိုက်ရာ ထိုစာရင်းက တောရိုင်းနယ်မြေအတွင်းပိုင်း ပဋိပက္ခများကို သွေးထိုးလှုံ့ဆော်ရန် တမင်တကာ ဖန်တီးထားကြောင်း တွေ့လိုက်ရသည်။

စာပေတွင် ပထမနေရာဟူ၍ မရှိ၊ သိုင်းပညာတွင် ဒုတိယနေရာဟူ၍ မရှိပေ။

စာရင်းထဲတွင် ပါသူတိုင်းက ထူးကဲသော ပါရမီရှင်များချည်းပဲ။ သူတို့ခေါင်းပေါ်ကို တက်စီးမည့်သူကို မည်သူကများ သည်းခံနိုင်မည်နည်း။

"ဒီကြွက်တွေက ဧကရာဇ် တံခါးပိတ်ကျင့်ကြံနေပြီး ဧကရီက အလုပ်ရှုပ်လွန်းလို့ သူတို့ကို ဂရုမစိုက်နိုင်တဲ့ အချိန်မှ လွတ်လွတ်လပ်လပ် လျှောက်သွားရဲတာ။" ခူကျင်းက ဒေါသတကြီး ပြောလိုက်သည်။

ဧကရာဇ်က တံခါးပိတ်ကျင့်ကြံမည့်အကြောင်း ကြေညာပြီးကတည်းက ကောင်းကင်၊ မြေကြီးနှင့် လူသား အဆင့်သတ်မှတ်ချက်များ ရုတ်တရက် ပေါ်လာပြီးနောက် တောရိုင်းနယ်မြေတစ်ခုလုံးကို နက်ရှိုင်းသော ရန်လိုမှု အရှိန်အဝါတစ်ခုထဲသို့ နစ်မြုပ်သွားစေခဲ့သည်။

"လွင့်မျာစေတီဂိုဏ်းသခင်လေးက ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၁)ဖြစ်တဲ့ တွမ့်ယာကို နေရာအနှံ့ လိုက်ရှာနေတယ်လို့ ဆိုကြတယ်။ သူ အရမ်းဒေါသထွက်နေလို့ တွမ့်ယာကို ဆွဲထုတ်ရိုက်နှက်ပြီးတော့ တောရိုင်းနယ်မြေရဲ့ အငြင်းပွားဖွယ်မရှိတဲ့ နံပါတ်(၁)ပါရမီရှင်ဟာ သူပဲဆိုတာကို သက်သေပြချင်နေတယ်။" ဝူဟွေ့က ရယ်လိုက်ပြီး သူ၏စကားများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေလေသည်။

စစ်မှန်သော ပါရမီရှင်များသည် အဆင့်သတ်မှတ်ချက်များနှင့် စာရင်းများဟုခေါ်သော အရာများကို အထင်အမြင်သေးကြသည်။

မည်မျှပင်ပါရမီပါပါစေ၊ အံ့သြစရာကောင်းနေပါစေ ဧကရာဇ်လောက် အံ့သြစရာကောင်းနိုင်မည်လား။

အသက်(၁၀၀)ပင် မပြည့်သေးခင်တွင် ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် စာရင်းသွင်းခံရခြင်းက ဘာမှမဟုတ်ပေ။ ဧကရာဇ်က အသက်(၂၀)ကျော်သာ ရှိသေးသော်လည်း တောရိုင်းနယ်မြေကို ပေါင်းစည်းပြီး ကောင်းကင်ပြည်နယ်ကို ပြိုကျလုနီးပါးဖြစ်အောင် လုပ်ခဲ့သလို နတ်ဘုရားအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ခူကျင်းက မျက်မှောင်ကြုတ်ပြီးနောက်တွင် ဝူဟွေ့ကိုကြည့်ကာ ပြုံးလိုက်သည်။

"ဒီအကြောင်းပြောရရင် မိစ္ဆာလမ်းစဉ်ရဲ့ သူတော်စင်သားတော်ဖြစ်တဲ့ မင်းက ငါ့အတွက် အတော်လေး အံ့သြစရာပဲ။ မင်းကို ငါက ရူနေတဲ့သူလို့ အစက ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက ဒီလောက်တောင် အကျိုးအကြောင်း ဆင်ခြင်နိုင်ပြီးတော့ ပွင့်လင်းတဲ့စိတ်ထား ရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး။"

ဝူဟွေ့က တည်ငြိမ်စွာ ပြန်ဖြေသည်။

"တောရိုင်းမြေရဲ့ မိစ္ဆာလမ်းစဉ်မှာ မိစ္ဆာဆိုတဲ့စကားလုံး ပါပေမယ့် ဒီမိစ္ဆာဆိုတာက မကောင်းမှုကို ဆိုလိုတာ မဟုတ်ဘူး။ အဲဒီအစား ပြတ်ပြတ်သားသားနဲ့ ရက်ရက်စက်စက်ပြုမူတာ၊ ကန့်သတ်ချက်မရှိတဲ့ အပြုအမူတွေမှာ ပျော်မွေ့တာကို ဆိုလိုတာ။"

"ငါ နည်းနည်းလေး မကျေနပ်ရင်တောင်မှ အဲဒါကို ပေါက်ကွဲထုတ်ပစ်ရမယ်။ ငါ တစ်ယောက်ယောက်ကို သတ်ချင်ရင် သူတို့ကို သတ်ပစ်မယ်။ ငါ သောက်ချင်ရင် ကောင်းကင်အတိဒုက္ခကို ခံစားနေရရင်တောင်မှ ငါ ကောင်းကောင်းသောက်မယ်။ တစ်ယောက်ယောက်ကို ကျိန်ဆဲချင်ရင် ငါ့ရှေ့မှာ ဧကရာဇ်ရပ်နေရင်တောင်မှ သူ့ကို လက်ညှိုးထိုးပြီး ကျိန်ဆဲပစ်မယ်။"

"ဒါက စစ်မှန်တဲ့ မိစ္ဆာလမ်းစဉ်ပဲ။ နားလည်လား။"

"သတ်ဖြတ်လိုတဲ့ရမ္မက်တွေ ပြည့်နှက်နေပြီးတော့ မကောင်းမှုမျိုးစုံလုပ်တဲ့သူတွေဟာ အောက်တန်းစား မိစ္ဆာတွေပဲ။ အရေးတယူ လုပ်စရာမလိုဘူး။"

ခူကျင်းက တွေးတောရင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ငါ နားလည်ပါပြီ။"

"မိစ္ဆာလမ်းစဉ်"၏ "မိစ္ဆာ"ဆိုသော အသွင်အပြင်က သာမန်လူများ နားလည်နိုင်စွမ်းထက် ကျော်လွန်သော ကန့်သတ်ချက်မဲ့လိုက်စားမှုကို ရည်ညွှန်းသည်။ ၎င်းက မိစ္ဆာအစစ်မဟုတ်ဘဲ လူ့လောက၏ ကန့်သတ်ချက်များနှင့် ရှုပ်ထွေးသောစည်းမျဉ်းများမှ လုံးဝလွတ်ကင်းနေသော မိစ္ဆာမျိုး ဖြစ်သည်။ ထိုအခါမှသာ ၎င်းကို "မိစ္ဆာလမ်းစဉ်" ဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် မိစ္ဆာလမ်းစဉ်တွင် တိကျသောစည်းမျဉ်းများ မရှိသောကြောင့် မွေးရာပါ သွေးဆာပြီး ရမ္မက်ကြီးသော လူအများအပြား ပေါ်ထွက်လာစေခဲ့ပြီး ၎င်း၏ဂုဏ်သတင်းကို ညစ်နွမ်းစေခဲ့သည်။

"အခုတလော လောကကြီး ကမောက်ကမ ဖြစ်နေတော့ ငါ စိတ်ပျက်လွန်းလို့ လူတစ်ယောက်ကို သတ်ချင်စိတ်တောင် ပေါက်လာတယ်။" ဝူဟွေ့သည် ပျင်းရိစွာ အကြောဆန့်ရင်း ပြောလိုက်သည်။

ခူကျင်း၏အမူအရာ ချက်ချင်း အေးစက်သွားသည်။ "မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ တကယ် ယုံခဲ့မိတာပဲ။"

ဝူဟွေ့ ပြုံးလိုက်သည်။

"အထင်မလွဲပါနဲ့။ ငါ လူတွေကို သတ်ချင်တယ်။ ကောင်းကင်ပြည်နယ်ကကောင်တွေကို ငါ သတ်ပစ်ချင်တယ်။ ဖူတုဂိုဏ်းရဲ့ သခင်လေး၊ ချန်ဂိုဏ်းရဲ့ မိဘမဲ့၊ နံပါတ်(၁)မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တကိုယ်တည်းကျင့်ကြံသူနဲ့ မင်းနဲ့ငါကလွဲရင် ကောင်းကင်အဆင့်သတ်မှတ်ချက် ထိပ်တန်း (၁၀)ဦးထဲက တခြားအဖွဲ့ဝင် အားလုံးဟာ စစ်ပွဲစတင်မယ့်နေ့ကိုစောင့်ဖို့ ကမ်းရိုးတန်းစစ်မြေပြင်ကို အပြေးအလွှား သွားကြပြီ။"

"ဒီရွှေခေတ်မှာ ဒီလိုဂုဏ်သိက္ခာရှိတဲ့ နာမည်ကောင်းမျိုးကို သယ်ဆောင်ထားပြီးတော့ ကောင်းကင် အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်တန်း(၁၀)ဦးထဲမှာ ပါဝင်နေတဲ့ ငါတို့က ဘယ်လိုလုပ် မလှုပ်မရှားနေနိုင်မှာလဲ။"

"ငါ အရင်သွားမယ်။ မင်း စဉ်းစားဖို့ အချိန်ယူလို့ရပါတယ်။"

ထိုစကားကို ကြားသောအခါ၊ ခူကျင်း၏မျက်လုံးများ တောက်ပလာပြီး အလျင်အမြန် မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "တာအိုရဲဘော်ဝူဟွေ့... မင်းမှာ ရည်မှန်းချက် ရှိသားပဲ။ အဲဒါက ငါ တွေးနေတာနဲ့ ကွက်တိပဲ။ ငါတို့ အတူတူ သွားကြတာပေါ့။"

...

...

မိုင်သန်းရာချီရှည်လျားသော တောရိုင်းမြေပင်လယ်၏ အစွန်းတစ်လျှောက် လှည့်လည်သွားနေသော စစ်သည်တစ်ယောက်မျှ မတွေ့ရပေ။

၎င်းတွင် ကျင့်ကြံသူ သန်းပေါင်းများစွာ လေ့ကျင့်နေသော ကမ္ဘာကြီးထောင်ပေါင်းများစွာ ရှိလေသည်။

ပေါ့ပါးသောစစ်ဝတ်စုံနှင့် သံချပ်ကာကို ဝတ်ဆင်ထားပြီး ခါးအထိရှည်သော ဆံပင်များကို မြီးထုံးမြင့်မြင့် ထုံးထားသော စုချင်ချိုးသည် သံချပ်ကာက ဖုံးကွယ်၍မရနိုင်သည့် ကောက်ကြောင်းလှသော ခန္ဓာကိုယ်ကြောင့် စိတ်အားထက်သန်သော လူငယ်တစ်စုအတွက် ရင်သပ်ရှုမောဖွယ် ဖြစ်နေလေသည်။

ရင့်ကျက်ပြီးတည်ငြိမ်သော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက လူငယ်၏ခေါင်းကို အကြိမ်အနည်းငယ် ရိုက်လိုက်ပြီး အအော်ဟစ်လိုက်သည်။

"မင်း ကြည့်ရဲသေးတယ်ပေါ့။ မျက်လုံးတွေ မလိုချင်တော့ဘူးလား။ ဒီမိန်းကလေးက ဧကရာဇ်ရဲ့ ကိုယ်ပိုင်တပည့်၊ ဧကရီရဲ့ သက်တော်စောင့်၊ ပြီးတော့ တောရိုင်းနယ်မြေမှာ နံပါတ်(၁) အဆက်အသွယ်ရှိတဲ့သူပဲ။ မင်းတို့ကောင်တွေ သေးသွားပေါက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦး။ မင်းတို့မှာ သူ့ကို တပ်မက်ခွင့်ရှိလို့လား။"

လူငယ်သည် ခေါင်းကို ပွတ်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"သူနဲ့ မတန်ဘူးဆိုရင်တောင် မျက်စိပဒေသာဖြစ်အောင် ကြည့်ခွင့် မရှိဘူးလား။ ဧကရာဇ်က ခင်ဗျားထင်သလို တွန့်တိုတဲ့သူ မဟုတ်ပါဘူး။"

သူတို့စကားပြောနေစဉ် ဆွဲဆောင်မှုရှိသောအရှိန်အဝါ ရှိသော်လည်း ပုံမှန်မဟုတ်ဘဲ အေးစက်သည့် အမူအရာရှိသော စစ်ဝတ်စုံကို ဝတ်ဆင်ထားသော အလွန်လှပသည့် အမျိုးသမီးတစ်ဦးသည် စုချင်ချိုးထံသို့ စကားပြောရန် ချဉ်းကပ်လာလေသည်။

လူငယ်က ချက်ချင်းပင် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အသက်ရှူမှားသွားသည်။ "ကောင်းကင် အဆင့်သတ်မှတ်ချက်မှာ နံပါတ် (၆)၊ ဝိညာဉ်သူတော်စင်မ။ သူလည်း ဒီမှာ ရှိနေတာလား။"

၎င်းတင် မကသေးပေ။

ကောင်းကင်အဆင့်သတ်မှတ်ချက်တွင် နံပါတ်() ဖြစ်သော ပျက်စီးကမ်းပါးဘုရင်လင်းလု၊ ကောင်းကင် အဆင့်သတ်မှတ်ချက်တွင် နံပါတ်(၇)ဖြစ်သော စန်းဝူမင်းသမီး လုချင်းလျိုနှင့် ကောင်းကင်အဆင့်သတ်မှတ်ချက် နံပါတ်(၅) ဖြစ်သော ဝန်ထမ်းရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီး မိုတောက်ချုံးတို့ အားလုံးသည် ဤပြင်ဆင်ရေး ဧရိယာတွင် ပေါ်လာကြလေသည်။

သူရဲကောင်းများသည် နယ်မြေနှစ်ခုကြား စစ်ပွဲ၏အရေးပါမှုကို အပြည့်အဝ သဘောပေါက်ကာ စုဝေးလာကြလေသည်။

ရှုံးနိမ့်သူသည် အိမ်ရာမဲ့ခွေးတစ်ကောင် ဖြစ်လာမည်။ သင်က ထူးကဲသောပါရမီရှင် ဖြစ်လျှင်ပင် သင်၏အိမ်ကို ဆုံးရှုံးလိုက်ရသည်နှင့် အခြားသူများ၏ကျွန်ပြုခြင်းကို ခံရမည်ဖြစ်ပြီး သို့မဟုတ်ပါက ကုန်စည် တစ်ခုအဖြစ် သတ်မှတ်ခံရကာ မှောင်ခိုစျေးကွက်တွင် ရောင်းချခံရမည် ဖြစ်သည်။ သမိုင်းတွင် ထိုကဲ့သို့သော အဖြစ်အပျက်များ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ဖူးသည်။

ထို့ကြောင့်ပင် လူတိုင်းသည် သူတို့၏ဇာတိမြေကို ကာကွယ်ရန် ဤစစ်ပွဲတွင်ပါဝင်ရန် ဆန္ဒအလျောက် ပါဝင်လာခဲ့ကြသည်။

အကြောင်းမှာ မည်သူမျှ တိုင်းပြည်မဲ့၊ အိမ်ရာမဲ့နှင့် ဆင်းရဲနွမ်းပါးသူ မဖြစ်ချင်၍ပေ။

"ချင်ချိုး၊ ဧကရီက နောက်ဆုံးသတင်းတွေနဲ့အတူ သတင်းစကားတစ်ခု ပို့လိုက်တယ်၊ ကောင်းကင်၊ မြေကြီးနဲ့ လူသားအဆင့်သတ်မှတ်ချက်တွေကို ဖြန့်ဝေတဲ့သူကိုစုံစမ်းဖို့ အမိန့်ပေးထားတယ်။ ဧကရီက ဒီလူဟာ ကောင်းကင်ကြည့်ဆောင်က အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်ဖို့ အရမ်းများတယ်လို့ သံသယရှိနေတယ်။" ဝူတျဲက ပြောလိုက်သည်။

စမ်းသပ်မှုအချို့ကို ဖြတ်သန်းခဲ့ပြီးနောက် စုချင်ချိုးသည် သိသိသာသာ ရင့်ကျက်လာခဲ့ပြီး ထိုစကားကို ကြားသောအခါ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကောင်းပြီ။"

"တကယ်တော့ ငါလည်း ဒီကိစ္စကို အာရုံစိုက်နေခဲ့တာ။ ဒါပေမဲ့ ငါတို့နှစ်ယောက်တည်း လုပ်နိုင်ပါ့မလား။ နတ်ဘုရားမြို့တော်ရဲ့ အရှင်သခင်ကိုယ်တိုင်တောင် ရှာဖွေတွက်ချက်ခဲ့တယ်လို့ ဆိုကြပေမယ့် စာရေးသူကို မတွေ့ခဲ့ရဘူး။"

ဝူတျဲက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဧကရီက တံခါးပိတ်ကျင့်ကြံနေတဲ့ ဧကရာဇ်ကို အကူအညီတောင်းခဲ့တယ်။ ဧကရာဇ်က အချိန်-နေရာလွတ် မဟာတာအိုကို အသုံးပြုပြီးတော့ စာရေးသူရဲ့တည်နေရာဟာ ကမ်းရိုးတန်းဒေသမှာ ရှိတယ်ဆိုတာ တွက်ချက်နိုင်ခဲ့တယ်။ အဲဒါက ဒီနေရာပဲ။"

"စာရေးသူက တိုက်ခိုက်နေတဲ့သူတွေကြားထဲကို တိတ်တဆိတ်ဝင်ရောက်လာပြီး ငါတို့ပတ်ဝန်းကျင်က လူတွေကြားထဲမှာ ရှိနေနိုင်တာဆိုတော့ ငါတို့ သတိထားဖို့လိုတယ်။"

သူတို့နှစ်ဦး တိတ်တဆိတ် တစ်ခုခု အကြံအစည်ထုတ်လိုက်ကြပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ ကိုယ့်လမ်းကိုယ်သွားကြလေသည်။

အခြားတစ်ဖက်တွင်။

ဝူဟွေ့နှင့် ခူကျင်းတို့သည် ကမ်းရိုးတန်းစစ်မြေပြင်သို့ ရောက်ရှိလာကြပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုကာ စစ်ပွဲတွင်ပါဝင်ရန် အရည်အချင်းကို အောင်မြင်စွာရရှိခဲ့ပြီး ဤကျယ်ပြောလှသော ကမ္ဘာကြီး အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

"အစွမ်းထက်တဲ့ အရှိန်အဝါတွေ အများကြီးပဲ။ ဒီကမ္ဘာတစ်ခုတည်းမှာတင် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိနေတယ်။" ခူကျင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ဝူဟွေ့က မတူညီသောစိတ်နေသဘောထား ရှိသော်လည်း ရင်သပ်ရှုမောဖွယ် အလှတရားများ ရှိကြသည့် လှပသောအမျိုးသမီးနှစ်ဦးကို ဘေးတိုက် တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်-

"စုချင်ချိုးနဲ့ဝူတျဲ... နောက်တစ်ယောက်က ဧကရာဇ်ရဲ့ဘေးက အစေခံတစ်ယောက်လို့ ဆိုကြပြီးတော့ ဧကရာဇ်နဲ့ ဧကရီတို့ရဲ့ အချစ်တော်တဲ့။ အကယ်၍ ငါသာ သူတို့ရဲ့အချစ်ကို ရနိုင်ရင် ဧကရာဇ်က ငါ့ကို သမက်တစ်ယောက်လို ဆက်ဆံမလား။"

ခူကျင်းက မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည်။ "မင်း အရိုက်ခံရပြီး သေသွားလိမ့်မယ်လို့ ငါ ထင်တယ်။ မင်းက ဧကရာဇ်ရဲ့အမျိုးသမီးကို ခိုးရဲတယ်ပေါ့။ သေချင်နေတာလား။"

ဝူဟွေ့က ပခုံးတွန့်ပြီး ပြောလိုက်သည်။ "ဒါက စကားပြောရုံ သက်သက်ပါ။ ပြီတော့ အမျိုးသမီး တစ်ယောက်ဟာ အရွယ်ရောက်ရင် အိမ်ထောင်ပြုသင့်တယ်လေ။ ဧကရာဇ်အနေနဲ့ သူ့ရဲ့အစေခံက အချစ်ကို ရှာဖွေတာတားဆီးဖို့ အကြောင်းပြချက်မရှိပါဘူး။"

"ဒါပေမဲ့ သူတို့က နံနက်ခင်းအလင်းနယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်တော့မယ့်ပုံပဲ။ ပြီးတော့ သူတို့ရဲ့တာအိုကို သက်သေပြပြီး ကောင်းကင်ဘုံလမ်းကြောင်းပေါ် မကြာခင် လျှောက်လှမ်းတော့မယ်။"

"သူတို့ကို လျှော့မတွက်သင့်ဘူး။"

...

...

မြို့တော်။

ပြန်လည်တည်ဆောက်ထားသော ချင်းလျန်တောင်သည် သီးသန့်ကျင့်ကြံရေးလိုဏ်ဂူတစ်ခု ပြုလုပ်ရန် အတွင်းပိုင်းကို တူးထုတ်ထားလေသည်။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ဝန်းရံနေသော ကြယ်များကြားတွင် တင်ပလ္လင်ခွေထိုင်နေပြီး သူ၏ရင်ဘတ်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေကာ သူ အသက်ရှူလိုက်တိုင်း စကြဝဠာ တစ်ခုလုံးက သူနှင့်အတူ ပဲ့တင်ထပ်နေလေသည်။

သူ၏အရေပြားမှ ရှင်းပြရခက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ဆံပင်တစ်မျှင်ချင်းစီသည် ကောင်းကင်ဓားတစ်လက်နှင့် တူနေလေသည်။ သူသည် လောကသို့ ဆင်းသက်လာသော နှင်ထုတ်ခံရသည့် တန်ခိုးရှင်တစ်ပါးနှင့် တူနေပြီး တိတ်ဆိတ်ကာ ဂုဏ်သိက္ခာရှိပြီး ခမ်းနားထည်ဝါလေသည်။

အနက်ရောင်ဝတ်လူငယ်၏ အရှိန်အဝါက မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေပြီး တစ်ခါတစ်ရံ သေမင်းတမျှ တိတ်ဆိတ်နေကာ တစ်ခါတစ်ရံ ပေါက်ကွဲထွက်လာပြီး တစ်ခါတစ်ရံတွင် ဓားအသိဖြင့် ကောင်းကင်သို့ ထိုးတက်သွားကာ တစ်ခါတစ်ရံ ကြည်လင်သောစမ်းရေနှင့် တူနေလေသည်။

မုန့်ချင်ကျိုးက ခန္ဓာကိုယ်ကို အတွင်းပိုင်းမှ စစ်ဆေးလိုက်သည်။

မျက်ခုံးကြားရှိ စိတ်ဝိညာဉ်စင်မြင့်တွင် တည်ရှိပြီး ဝိညာဉ်၏ သေးငယ်သောပုံရိပ်လေးသည် တင်ပလ္လင်ခွေထိုင်နေကာ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားပြီး ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် မြင့်မြတ်သောပုံ ပေါက်နေလေသည်။

ကိုးကွယ်မှုရွှေရောင်ရုပ်တု။

"တောရိုင်းနယ်မြေကလူတွေက ငါ့ရဲ့ရုပ်တုကို ကိုးကွယ်ကြလို့ ကိုးကွယ်မှုတွေက တစ်နေ့ထက်တစ်နေ့ တိုးများလာတယ်။ လဝက်လောက်အတွင်းမှာတင် ငါ့နတ်ဘုရားရဲ့ ရွှေရောင်ရုပ်တုက ပြီးစီးလုနီးပါး ဖြစ်နေပြီ။"

"ဒါပေမဲ့ ဒါက လူသားဧကရာဇ်လမ်းစဉ်ရဲ့ ကြိုတင်သတ်မှတ်ချက်ပဲ။ ငါက လူသားဧကရာဇ်လမ်းစဉ်ကို လိုက်မှာမဟုတ်ဘူး။ ဒါဆိုရင် ငါ့ကို ဘာလို့ ဒါပေးရတာလဲ။"

မုန့်ချင်ကျိုးသည် အချိန်အတိုင်းအတာတစ်ခုအထိ ဝီရိယရှိရှိ ကျင့်ကြံနေခဲ့ပြီးနောက် ယနေ့တွင် သူ၏ ဝိညာဉ်၏ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်သည် အပြည့်အဝ ပုံဖော်လုနီးပါးဖြစ်နေကြောင်း အမှတ်မထင် တွေ့ရှိခဲ့ရသည်။

ထိုရှာဖွေတွေ့ရှိမှုက မုန့်ချင်ကျိုးကို အံ့အားသင့်စေပြီး နားမလည်နိုင် ဖြစ်စေခဲ့၏။

၎င်းက ကောင်းလားဆိုးလား သူ မသိပေ။

ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်သည် လူသားဧကရာဇ်၏လမ်းစဉ် ဖြစ်သည်။ အဓိကအချက်မှာ သူ ၎င်းကို ဘယ်သောအခါမျှ မကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ၎င်းက အလိုလို ဖြစ်ပေါ်လာပြီး ရပ်တန့်၍ မရနိုင်ပေ။

"ကောင်းကင်တာအိုက လူသားဧကရာဇ်ဖြစ်ဖို့ ရွေးချယ်ထားတဲ့ မိုက်မဲတဲ့ဇနီး လျူလီတောင်မှ ငါ့လို ပြီးပြည့်စုံတဲ့ ကိုးကွယ်မှု ရွှေရောင်ခန္ဓာကိုယ်တစ်ခုကို မဖန်တီးနိုင်ခဲ့ဘူး။ ကျိဝူရွှမ်လို လူတွေအကြောင်းကို ပြောစရာတောင် မလိုဘူး။ သူတို့မှာ ဒီလိုမျိုး ဆံပင်တစ်မျှင်တောင်ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက ဘာကိုမှ မလုပ်ဘဲနဲ့တောင် ဒီလောက်လှပတဲ့ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်ကို ဖန်တီးနိုင်ခဲ့တယ်လား။"

ထူးဆန်းလိုက်တာ။

[တွီ]

[မျှော်လင့်မထားသော အပိုဆုတစ်ခုကို အသက်သွင်းလိုက်ပါပြီ။ လက်ခံသူသည် ကိုးကွယ်မှု ရွှေရောင် ခန္ဓာကိုယ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ဆုလာဘ် - ကောင်းကင်ဘုံသို့သွားရာလမ်းတွင် ၁၀% တိုးတက်မှု]

[လက်ရှိ ကောင်းကင်ဘုံသို့သွားရာလမ်း၏ တိုးတက်မှုမှာ ၃၆၀% ဖြစ်ပါသည်]

စနစ်၏အသိပေးသံတစ်ခု သူ၏နားထဲတွင် ထွက်ပေါ်လာသည်။

သို့သော် မုန့်ချင်ကျိုးသည် လုံးဝကို မပျော်ရွှင်ခဲ့ပေ။ ကိုးကွယ်မှုရွှေရောင်ခန္ဓာကိုယ်ကို ခွာထုတ်ရန် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှ ရွှေရောင်ဆေးကို ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကြိုးပမ်းမှုအားလုံးသည် ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့သည်။

"ဒီအရာက ငါ့ရဲ့ခွန်အားအတွက် အရေးမပါတဲ့ အထောက်အကူကိုပဲ ပေးတယ်။ ပြီးတော့လည်း ငါက အဲဒါကို ခွာထုတ်လို့တောင် မရဘူး။"

"ထားလိုက်ပါတော့။ အခုတော့ အဲဒါကို ဒီအတိုင်းပဲ ထားလိုက်တာပေါ့။"

မုန့်ချင်ကျိုးသည် ဤကိစ္စကို သူ့ဘာသာ သိမ်းထားလိုက်သည်။ သူက အခု နားမလည်နိုင်လျှင်ပင် အရေးမကြီးပေ။ တစ်နေ့ကျလျှင် သူ နားလည်လာလိမ့်မည်။

သို့သော်လည်း ကိုးကွယ်မှုနှင့်ရွှေရောင်ရုပ်တုက ကောင်းကင်ဘုံသို့သွားရာလမ်းစီမံကိန်း၏ တိုးတက်မှုကို အနည်းငယ်ရှေ့တိုးရန် ကူညီပေးခဲ့သဖြင့် ၎င်းကို အကျိုးအမြတ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

"အချိန်ကို ကြည့်ရရင်တော့ အလွန်ဆုံး နောက်ထပ် တစ်လပဲ။ နယ်မြေနှစ်ခုကြားစစ်ပွဲက သေချာပေါက် ဖြစ်ပွားတော့မယ်။"

"ဒီလထဲမှာ အနည်းဆုံး ၂၀%တိုးတက်မှုရအောင် ငါလုပ်မယ်။ ပြီးတော့ အကောင်းဆုံးကတော့ ၃၀%ပေါ့၊ အဲဒီနောက် ငါ တံခါးပိတ်ကျင့်ကြံတော့မယ်။"

မျက်စိတစ်မှိတ်အတွင်း။

မုန့်ချင်ကျိုးသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သော်လည်း တံခါးပိတ်မကျင့်ကြံခင်တွင် တစ်စုံတစ်ယောက်က သူ့ကိုခေါ်ပြီး သူ အချိန်မီ မတုံ့ပြန်နိုင်ပါက ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာနိုင်သဖြင့် သူ့ကိုယ်သူ အချိန်မရွေးနှိုးနိုင်ရန် သတိပေးကိရိယာတစ်ခု ချန်ထားခဲ့လေသည်။

(၁၀)ရက် ကြာပြီးနောက်။

ကြယ်စုတန်းများ ကျိုးကြေသွားပြီး ဓားအသိအမျှင်များဖြင့် ဆုတ်ဖြဲခံလိုက်ရကာ အနက်ရောင်ဝတ် လူငယ်၏ အရှိန်အဝါက ကမ္ဘာကြီးကိုဖျက်ဆီးမည့်မီးတောက်ကဲ့သို့ အရာအားလုံးကို လောင်ကျွမ်းစေလျက် ပိုမိုအားကောင်းလာလေသည်။

၎င်းသည် ကောင်းကင်ထောက်တိုင်နယ်ပယ်၏ နောက်ပိုင်းအဆင့်တွင် ရှိနေသေးပုံပေါ်သော်လည်း အလုံးစုံခွန်အားမှာ နောက်ထပ်အသွင်ပြောင်းမှုတစ်ခုကို ဖြတ်သန်းသွားခဲ့သည်။

ကောင်းကင်ဘုံသို့သွားရာလမ်းသည် ၃၆၀%သို့ ရောက်ရှိသွားသည်နှင့် နောက်ထပ် တိုးတက်မှုတိုင်းက ခွန်အားကို သိသိသာသာ မြှင့်တင်ပေးလိမ့်မည်။

ရက်(၂၀)ကြာပြီးနောက်။

အနက်ရောင်ဝတ်လူငယ်က မျက်လုံးများကို မှိတ်ထားလျက် မတ်တတ်ရပ်ကာ အိပ်ပျော်နေစဉ် သိုင်းပညာကို လေ့ကျင့်နေလေသည်။ ပုစဉ်းရင်ကွဲတေးသံဓားကို ကိုင်ဆောင်လျက် သူသည် ရူးသွပ်စွာ ကခုန်နေပြီး စကြဝဠာတစ်ခုလုံးကို တုန်ခါသွားစေကာ နေရာလွတ်ကို ဖရိုဖရဲဖြစ်ပြီး ကျိုးကြေသွားစေလျက် အချိန်သည် တစ်ခါတစ်ရံ ရပ်တန့်နေပြီး တစ်ခါတစ်ရံ အနာဂတ်ဆီသို့ ဟိန်းဟောက်သွားကာ တစ်ခါတစ်ရံ အတိတ်သို့ နောက်ပြန်ဆုတ်သွားလေသည်။

ဓားအသိက ပိုပိုပြီး အားကောင်းလာသည်။ အရှိန်အဟုန်က ပိုပိုပြီး ပြင်းထန်လာ၏။

ကောင်းကင်ဘုံသို့သွားရာလမ်းက ၃၈၀%သို့ ရောက်ရှိသွားခဲ့လေပြီ။

ရက်(၂၀)အတွင်း သူက နောက်ထပ် ၂၀% တိုးတက်မှု ရရှိခဲ့သည်။

ဤကာလအတွင်း တုန်းဖန်လျူလီသည် လေ့လာရန် အကြိမ်အနည်းငယ် တိတ်တဆိတ် ဝင်လာခဲ့ပြီး ဘေးတွင်ထိုင်ကာ သူ၏ပါးပြင်ကို လက်ပေါ်တွင်တင်လျက် အိပ်မက်ဆန်သောအကြည့်နှင့် နူးညံ့သောအပြုံးဖြင့် အနက်ရောင်ဝတ်လူငယ်ကို စူးစိုက်ကြည့်နေလေသည်။

သူက အမြဲတမ်းပင် တိတ်တဆိတ် လာလိုက်သွားလိုက် လုပ်လေ့ရှိသည်။

တောရိုင်းမြေတစ်ခုလုံးရှိ မူဝါဒများ၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စစ်ပွဲများအပါအဝင် ပြဿနာကြီးကြီးသေးသေး အားလုံးကို သူကိုယ်တိုင် ကြီးကြပ်ရပြီး ကြီးလေးသောဖိအားကြောင့် သူသည် အသက်ရှူရန်ပင် ခက်ခဲစေလေသည်။

အကယ်၍ တိုင်းပြည်တစ်တိုင်းပြည်ကို အုပ်ချုပ်ခြင်းက ပညာရှိပြီး ဝီရိယရှိသော အုပ်ချုပ်သူတစ်ဦးကို ရူးသွပ်သွားစေနိုင်သည်ဆိုလျှင် တိုင်းပြည်ထောင်ပေါင်းများစွာ ကြီးစိုးရန် ယှဉ်ပြိုင်နေသော ကျယ်ပြောလှသည့် တောရိုင်းမြေကြီးက ပြဿနာများနှင့် ပိုပြီးပြည့်နှက်နေရပေမည်။ အထူးသဖြင့် နောက်ဆုံးစစ်ပွဲ၏ ယခုလို အရေးကြီးသော အချိန်အခါမျိုးတွင်ပပင်။

တုန်းဖန်လျူလီ ပြုလုပ်သည့် လုပ်ငန်းစဉ်တွင် အရာများစွာ ပါဝင်ပြီး ၎င်းမှာ စိတ်နှင့်ခန္ဓာကိုယ် နှစ်ခုလုံးအတွက် ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။

သူ ရူးသွပ်တော့မည့်အခြေအနေသို့ ရောက်တိုင်း ငါးပိကောင်ကို လာကြည့်လေ့ရှိပြီး စိတ်တိုလွယ်ပြီး ကြမ်းတမ်းသောစိတ်က လျင်မြန်စွာ သက်သာသွားလေသည်။

(၂၅)ရက်မြောက်နေ့။

ကျင့်ကြံနေသော အနက်ရောင်ဝတ်လူငယ်က ရုတ်တရက် လန့်နိုးသွားပြီး သူ၏ (၂၅)ရက်ကြာ ပြင်းထန်သော လေ့ကျင့်မှု ရုတ်တရက် အဆုံးသတ်သွားလေသည်။

အနက်ရောင်ဝတ် လူငယ်သည် သူ၏ ကြမ်းတမ်းသော အရှိန်အဝါကို ချက်ချင်း ဖိနှိပ်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်-

"ကောင်းကင်ဘုံသို့သွားရာလမ်းရဲ့ တိုးတက်မှုဟာ ၃၈၅%ကို ရောက်သွားပြီ။ ပြီးတော့ ခွန်အားကလည်း အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းမှုတစ်ခုကို ဖြတ်သန်းပြီးသွားပြီ။"

သို့သော် သူက တိုင်းပြည်မှ ထွက်သွားရန် မရွေးချယ်ခဲ့ပေ။

ယခုတစ်ကြိမ် နိုးထလာခြင်းက စစ်ပွဲဖြစ်ပွား၍ မဟုတ်ဘဲ စုချင်ချိုးက ဓားအဆောင်ကို ချေမွလိုက်၍ပင်။ သူက ကောင်းကင်၊ မြေကြီးနှင့် လူသားစာရင်းများကို ဖြန့်ဝေခဲ့သော တရားခံကို တွေ့ရှိသွားပုံရသည်။

...

All Chapters