← Chapters

အခန်း ၃၆၈

Vol. 33 Ch. 368

အခန်း ၃၆၈

Vol. 33 Ch. 368

အခန်း (၃၆၈)

ဘာသာပြန် - အားသစ်

"ခင်ဗျားက ဘယ်သူလဲ"

လင်းဖုန်း အလွန်တရာ အံ့အားသင့်သွားသည်။ သို့ပေသော်ငြား သူ တည်ငြိမ်မှုကို ထိန်းထားဆဲပင်။

"ငါ ဘယ်သူလဲ ဟုတ်လား"

ဧရာမခေါင်းကြီးက အနည်းငယ် ခါယမ်းသွားသည်။ ပြီးနောက် အပြုံးတစ်ပွင့် ပေါ်လာ၏။ သူ ပါးစပ်ကြီးက အသက်တစ်ရှိုက်တည်းဖြင့် ဂြိုဟ်တစ်လုံးကို ဖျက်ဆီးနိုင်သော တွင်းနက်ကြီးတစ်ခုနှင့် တူနေ၏။

"ငါက မင်းရဲ့ဆရာ ဘီမွန်ပဲ"

"ဘီမွန်"

လင်းဖုန်း၏ နှလုံးသားက တစ်ချက် အခုန်မှားသွားသည်။ ဘီမွန်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သူ သိ၏။ ထိုမျှသာမက ဘီမွန်ဆိုသည့် နာမည်၏ အရေးပါမှုကိုလည်း သူ ကောင်းကောင်း သိထားသည်။

ဤသည်ကား လောင်ဘီသမ်၏ သခင်၊ ကြီးမြတ်သော ဂလက်ဆီအဆင့် သက်ရှိ ဘီမွန်ပင်တည်း။

"ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အထိတောင် ကြီးနေတာလဲ"

"ကောင်လေး... မင်းက လူသူကင်းမဲ့ပြီး နောက်ကျကျန်နေတဲ့ ကမ္ဘာက လာတဲ့ပုံပဲ။ ကျင့်ကြံခြင်းအကြောင်း ဘာမှ မသိဘူး။ ဘယ်လို ဂလက်ဆီအဆင့် သက်ရှိရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်မဆို ဂလက်ဆီတစ်ခုနဲ့ နှိုင်းယှဉ်လို့ရတယ်"

...

"ဂလက်ဆီတစ်ခုနဲ့တောင် ယှဉ်လို့ရတယ်လား"

လင်းဖုန်း အံ့အားသင့်သွားသည်။ ဂလက်ဆီဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူ သိသည်။ သို့သော်လည်း သူ မသိချင်ယောင်သာ ဆောင်နေချင်မိ၏။ ဂလက်ဆီတစ်ခုလောက် ကြီးမားသည့် သက်ရှိတစ်ကောင်ကို သူ စိတ်ကူးပင် မယဉ်ဝံ့ချေ။

လောင်ဘီသမ်က ဘီမွန်၏ အကြောင်းကို ပြောသည့်အခါတိုင်း အမြဲတစေ ရိုသေလေးစားသော အမူအရာ ရှိနေတတ်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဂလက်ဆီအဆင့် သက်ရှိတစ်ယောက်ကသာ အမှန်တကယ်ပင် ကြီးမြတ်သည်ဟု သတ်မှတ်၍ ရနိုင်ပေသည်။

"ကောင်လေး... အံ့ဩနေဖို့ မလိုဘူး။ အခုက အမွေဆက်ခံဖို့အတွက် အဖိုးတန်တဲ့ အချိန်ပဲ။ မင်းကို ငါပေးမယ့် အမွေအနှစ်က စကြဝဠာကျင့်ကြံခြင်းစနစ်ရဲ့ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ နိယာမတွေပဲ"

"နိယာမတွေလား"

"ဟုတ်တယ်။ နိယာမတွေဆိုတာ စကြဝဠာရဲ့ ကောင်းကင်ခန္ဓာတွေ လည်ပတ်မှုအတွက် အဓိက စည်းမျဉ်းတွေပဲ။ အဲဒါတွေက စကြဝဠာရဲ့ လည်ပတ်မှုတွေကို ဖော်ပြနေတာ”

“ဥပမာအနေနဲ့ ဘာလို့ ကောင်းကင်ခန္ဓာတွေက လည်ပတ်နေတာလဲ၊ ဘာလို့ ကြယ်တွေက ပြိုလဲပျက်စီးသွားတာလဲ၊ ပြီးတော့ ဘာလို့ စကြဝဠာက စကြဝဠာမုန်တိုင်းတွေကို ဖြစ်ပေါ်စေတာလဲ”

“တကယ်တော့ ဒါတွေက နိယာမတွေပဲ။ ငါတို့ ကျင့်ကြံသူတွေက အဲဒါကို နိယာမလို့ ခေါ်ကြတယ်။ အဲဒါတွေက စကြဝဠာရဲ့ အစစ်အမှန်လည်ပတ်မှုနဲ့ စကြဝဠာရဲ့ အနှစ်သာရကို ကိုယ်စားပြုတယ်။ နည်းပညာယဉ်ကျေးမှုတွေကတော့ အဲဒါတွေကို စကြဝဠာရဲ့ အမြင့်ဆုံး အမှန်တရားလို့ ခေါ်ကြတယ်”

“သူတို့လည်း နိယာမတွေကို လေ့လာကြတယ်။ ဒါပေမဲ့ နိယာမတွေကို သူတို့ ဖန်တီးထားတဲ့ အာကာသယာဉ်တွေ၊ ဂြိုဟ်ဖျက်လက်နက်တွေ စတဲ့ ကိရိယာတွေမှာပဲ အသုံးပြုကြတယ်။ ဒါပေမဲ့ မှတ်ထားပါ။ ငါတို့လို ကျင့်ကြံသူတွေကသာ စကြဝဠာရဲ့ အမြင့်ဆုံး အမှန်တရားနဲ့ အမြင့်ဆုံးနိယာမကို ပိုင်စိုးနိုင်တာ"

"မင်းက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံထားတယ်။ အဲ့ဒါက စကြဝဠာကပ်ဘေးတွေကို အခြေခံပြီး ငါ ဖန်တီးထားတဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်ပဲ။ မင်းနဲ့ သင့်တော်မယ့် နိယာမကတော့ ဒီရေနိယာမပဲ”

“ဒီရေနိယာမဆိုတာ ဘာလဲ”

“တချို့ဂြိုဟ်တွေမှာ ဒီရေဆိုတာ ရေပဲ။ ဒါကြောင့် မင်းက ရေနိယာမကို နားလည်သဘောပေါက်နိုင်တယ်။ တချို့နေရာတွေမှာ ဒီရေဆိုတာ အလင်းဖြစ်တယ်။ ဒါကြောင့် မင်းက အလင်းနိယာမကို နားလည်သဘောပေါက်နိုင်တယ်။ တချို့ကတော့ စကြဝဠာကပ်ဘေးတွေ ဖြစ်တယ်။ အဲဒါဆိုရင်တော့ မင်းက တချို့ကပ်ဘေးတွေရဲ့ နိယာမတွေကို နားလည်သဘောပေါက်နိုင်တယ်"

"တစ်ယောက်ယောက်က နိယာမကို နားလည်သဘောပေါက်သွားပြီဆိုရင် ဒီရေလှိုင်းတိုက်ခိုက်ရေးခန္ဓာကိုယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြင့်ပေးနိုင်ပြီးတော့ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကိုလည်း အထောက်အကူပြုတယ်”

“ဥပမာအနေနဲ့ အခြေခံအဆင့်မှာဆိုရင် ဥပဒေသက ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဆယ်ဆလောက် တိုးတက်လာစေနိုင်တယ်။ အကယ်လို့ အခြေခံ ဂြိုဟ်အဆင့် ဥပဒေသကို နားလည်သဘောပေါက်နိုင်မယ်ဆိုရင် ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အဆတစ်ရာလောက် တိုးတက်လာစေနိုင်တယ်”

“နိယာမတွေကို နားလည်သဘောပေါက်မှု ပိုကောင်းလေ တိုက်ခိုက်ရေးစွမ်းအား တိုးတက်မှုပမာဏက ပိုကြီးမားလေပဲ။ အဲဒါက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုတွေအတွက်လည်း အရမ်းအကျိုးရှိတယ်"

"ကောင်လေး... ဒါက ဒီမှာ ငါချန်ထားရစ်ခဲ့တဲ့ ပုံရိပ်ယောင်ပဲ။ အချိန် သိပ်မကျန်တော့ဘူး။ သေချာကြည့်ထား။ ငါ့ရဲ့ နောက်ဆုံးအချိန်လေးကို အသုံးချပြီးတော့ မင်းအတွက် ဒီရေနိယာမကို ပြသပေးမယ်..."

ဘီမွန် စကားပြောအပြီးတွင် လင်းဖုန်းမှာ ကမ္ဘာကြီး လည်ထွက်သွားသလို ခံစားလိုက်ရသည်။ ဘီမွန်၏ ဧရာမခန္ဓာကိုယ်ကြီးက ပျောက်ကွယ်သွား၏။ သို့သော်လည်း စကြဝဠာထဲမှ ဧရာမရေစီးကြောင်းကြီးတစ်ခုက တိုက်စားဝင်ရောက်လာသည်။

"ဒီရေ"

လင်းဖုန်း အလွန်တရာ အံ့အားသင့်သွားသည်။ ပင်လယ်ရေ၏ ဒီရေကို သူ မြင်ဖူးသော်လည်း စကြဝဠာဒီရေကို သူ မည်သို့ မြင်ဖူးမည်နည်း။

စကြဝဠာဒီရေက ကြီးကျယ်ခမ်းနားစွာ တိုက်စားလာ၏။ လင်းဖုန်းက စကြဝဠာထဲတွင် ရပ်နေရင်း စကြဝဠာဒီရေကို သူ၏ အပေါ်သို့ အဆက်မပြတ် ဖြတ်သန်းစီးဆင်းခွင့်ပြုထားသည်။

သို့သော် ဤသည်က အစစ်အမှန် စကြဝဠာဒီရေ မဟုတ်ဘဲ ဘီမွန်၏ ပြသမှုတစ်ခုသာ ဖြစ်သည်။ ရည်ရွယ်ချက်မှာ လင်းဖုန်းကို သေချာစွာ ခံစားသိရှိစေရန်နှင့် ဒီရေဥပဒေသကို နားလည်သဘောပေါက်ဖို့ပတွက် ကြိုးစားစေရန် ဖြစ်သည်။

အကယ်၍ စကြဝဠာထဲတွင် ထိုသို့သော စကြဝဠာဒီရေနှင့် ကြုံတွေ့ရလျှင် ဂြိုဟ်အဆင့် သက်ရှိများပင် ဒီရေဥပဒေသကို နားလည်သဘောပေါက်ရန် ကြိုးစားဖို့ မဆိုထားနှင့် ချက်ချင်း အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။

လင်းဖုန်းတစ်ယောက် စကြဝဠာဒီရေက သူ၏ အသိစိတ်ကို အဆက်မပြတ် ရိုက်ခတ်နေကြောင်း ခံစားနေရသည်။ သို့သော်လည်း သူ၏ အသိစိတ်က ရှင်းလင်းနေဆဲပင်။

ဤခံစားချက်က အလွန်တရာ အံ့ဩဖွယ်ကောင်းလှ၏။ အစပိုင်းတွင် ခဏတာမျှ ထိတ်လန့်သွားသည်။ ပြီးနောက် သူ အသိပြန်ဝင်လာကာ ဒီရေနိယာမကို စတင် လေ့လာဆင်ခြင်တော့၏။

ဤဒီရေက ကြီးကျယ်ခမ်းနားလှသော်လည်း သေသေချာချာ အာရုံခံကြည့်မည်ဆိုလျှင် ဒီရေထဲတွင် ပါဝင်နေသော ထူးဆန်းသည့် စွမ်းအားတစ်ခုကို အာရုံခံမိနိုင်သည်။ ဒီရေထဲတွင် စစ်ထုတ်ထားသမျှ အရာအားလုံးက ၎င်းထဲတွင် ပါဝင်နေသကဲ့သို့ပင်။

ဒါက နိယာမပဲ။

နိယာမများဆိုသည်မှာ စကြဝဠာစည်းမျဉ်းများ၏ ဖော်ပြချက်များဖြစ်သော မြစ်များ အောက်ဘက်သို့ စီးဆင်းခြင်း၊ မိုးကြိုးများ၊ တိမ်မည်းများ၊ လေပြင်းများ စသည်တို့ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဤအရာများသည်လည်း နိယာမအမျိုးအစားများပင်။

သိပ္ပံနည်းကျ ရှင်းလင်းချက်များအားလုံးကို အခြေခံသဘောတရားအချို့အပေါ် အခြေခံ၍ ပုံဖော်ထားခြင်း ဖြစ်သော်လည်း သိပ္ပံနည်းကျ အခြေခံသဘောတရားများသည်ရော နိယညမများ မဟုတ်ပေလော။

အမည်နာမများသာ ကွဲပြားသွားခြင်း ဖြစ်သည်။ နည်းပညာယဉ်ကျေးမှုများသည်လည်း ဥပဒေသများကို လေ့လာကြောင်း ဘီမွန်ကပင် ပြောခဲ့သေးသည်။ သို့သော်လည်း ဤဥပဒေသများကို ကိရိယာအချို့တွင် အသုံးပြုခြင်းဖြင့် တချို့သော ကိရိယာများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်လာကြခြင်း ဖြစ်သည်။

လင်းဖုန်းက စကြဝဠာဒီရေထဲတွင် နစ်မြုပ်နေ၏။ ပြသထားသော ဤဒီရေကို အချိန်ကြာကြာ ဆက်ရှိနေစေရန် သူ တကယ် မျှော်လင့်မိသည်။ သို့မှသာ ဒီရေနိယာမကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဘီမွန် ပြသထားသော ဒီရေက အလျင်အမြန် ပျောက်ကွယ်သွားစ။ လင်းဖုန်း၏ အသိစိတ်ကလည်း ဒီရေနှင့်အတူ အလျင်အမြန် နစ်မြုပ်သွားတော့သည်။

ဟူူ

လင်းဖုန်း မျက်လုံးများ ဖွင့်ကြည့်လိုက်၏။ သူတို့ လျှို့ဝှက်အခန်းထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ လျှို့ဝှက်အခန်းထဲရှိ သက်တံရောင် ကျောက်တုံးမှာ အမှုန့်ဖြစ်သွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီ ဖြစ်သည်။

"နိယာမတွေရဲ့ အမွေအနှစ်။ ဒါက စကြဝဠာ ကျင့်ကြံခြင်းစနစ်ရဲ့ အခြေခံအုတ်မြစ်ပဲ"

လင်းဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ ဘီမွန်၏ အမွေအနှစ်ကို သူ လက်ခံရရှိခဲ့လေပြီ။ ယခုအချိန်မှစ၍ သူက စစ်မှန်သော စကြဝဠာကျင့်ကြံသူတစ်ဦးအဖြစ် မှတ်ယူနိုင်ပြီဖြစ်သည်။

ဥပဒေသများက အသက်ဝိညာဉ် အသွင်ပြောင်းမှုများနှင့် သိပ်မပတ်သက်ပုံရသည်။ သို့သော်လည်း လက်တွေ့တွင် ဥပဒေသများက စကြဝဠာလည်ပတ်မှု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး စည်းမျဉ်းအားလုံး၏ ဖော်ပြချက်ပင် ဖြစ်သည်။

ဂြိုဟ်အဆင့် သက်ရှိအဖြစ်သို့ ရောက်ရှိပြီးနောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းများကို ဆက်လက်လုပ်ဆောင်လိုပါက နိယာမများက အလွန်အရေးကြီးပေလိမ့်မည်။

ထို့အပြင် တိုက်ခိုက်ရေးစွမ်းအားနှင့် ပတ်သက်လျှင် နိယာမများက အသိစိတ်ကိုသာ အားကိုးသော စကြဝဠာသားရဲကြီးများနှင့် လုံးဝကွဲပြားခြားနားလှပေသည်။

ဥပမာအားဖြင့် လီဗိုင်ယာသန်သည် ဂြိုဟ်အဆင့် သက်ရှိတစ်ကောင်ဖြစ်လာရန် ၎င်း၏ အသိစိတ်ကို အားကိုးခဲ့ရသည်။

သို့သော်လည်း ထိုသို့သော ဂြိုဟ်အဆင့် သက်ရှိများသည် အလွန်တရာ အားနည်းလွန်းလှစ။ နိယာမများကို နားလည်သဘောပေါက်ခြင်း မရှိဘဲနှင့် စစ်မှန်သော ဂြိုဟ်အဆင့် သက်ရှိကျင့်ကြံသူများနှင့်ဆိုလျှင် ကွာခြားချက်က မိုးနှင့်မြေလိုပင်။

အကယ်၍ စကြဝဠာကျင့်ကြံသူတစ်ဦး၏ နိယာမများကို နားလည်သဘောပေါက်မှုက အခြေခံအဆင့်တွင် ရှိနေပါက ၎င်းတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ် တိုးတက်မှုက ဆယ်ဆအထိ ရောက်ရှိနိုင်မည် ဖြစ်သည်။ မည်မျှတောင် ကြောက်စရာကောင်းလိုက်မည်နည်း။

သာဓကအားဖြင့် ဆိုရသော် လင်းဖုန်း၏ လက်ရှိ တိုက်ခိုက်ရေးခန္ဓာကိုယ်က ၃၁ ကီလိုမီတာတွင် ရှိသည်။ အကယ်၍ ဆယ်ဆသာ တိုးလာပါက ၃၁၀ ကီလိုမီတာရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်နိုင်ချေ အလွန်များသည်။

ထို့အပြင် နိယာမများကို နားလည်သဘောပေါက်မှုက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားပါက အခြေခံ ဂြိုဟ်အဆင့် နိယာမကပင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် စကြဝဠာကျင့်ကြံသူတစ်ဦးက နိယာမကို နားလည်သဘောပေါက်ထားသရွေ့ အသက်ဝိညာဉ် အသွင်ပြောင်းခြင်းကို ဖြတ်သန်းပြီး ဂြိုဟ်အဆင့် သက်ရှိတစ်ကောင်ဖြစ်လာရုံမျှဖြင့် လီဗိုင်ယာသန်ကဲ့သို့ စကြဝဠာသားရဲကြီးတစ်ကောင်ကို လွယ်လင့်တကူ အနိုင်ယူနိုင်မည် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးက ကြီးမားကြသည်ချည်းသာ။ သို့သော်လည်း နိယာမများကို နားလည်သဘောပေါက်မှုကို အားကိုးခြင်းဖြင့် စကြဝဠာကျင့်ကြံသူများအနေဖြင့် တူညီသောအဆင့်ရှိ စကြဝဠာသားရဲကြီးများကို အပြည့်အဝ ချေမှုန်းပစ်နိုင်သည်။

ကျင့်ကြံသူများသည် နိယာမများကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် စကြဝဠာ၏ အရှင်သခင်များ ဖြစ်လာကြခြင်းပင်။

အမှန်တကယ်တော့ နိယာမများကို နားလည်သဘောပေါက်မှုက ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းများ မရှိဘဲနှင့်ပင် သူတို့ဆုပ်ကိုင်ထားသော ထူးကဲသည့် နိယာမများကို အားကိုးအားထားပြုကာ ဂြိုဟ်တစ်လုံးကို တစ်နည်းနည်းဖြင့် ကြားဝင်စွက်ဖက်နိုင်စွမ်း ရှိသည်။

ဂြိုဟ်တစ်လုံး၏ လည်ပတ်မှုကို ကြားဝင်စွက်ဖက်ခြင်းက ရိုးရှင်းလှသည့် ကိစ္စလေးတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters