အခန်း (၇၇၁-၇၇၂)
Vol. 65 Ch. 771-772
အပိုင်း (၇၇၁)
ထိုအရာမှာ ယွင်ကျုံးဟဲ့က ဇနီးဖြစ်သူကို သနားသောကြောင့် တီထွင်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရ၏။ ဤအရာက ယွင်ကျုံးဟဲ့မှ ဇနီးဖြစ်သူထံ ပေးသော လှပသည့် လက်ဆောင်သာမက အင်ပါယာရှိ အမျိုးသမီး အားလုံးကို ပေးသော လက်ဆောင်လည်း ဖြစ်သည်ဟု အင်ပါယာရှိ အမျိုးသမီး အများအပြားက ပြောဆိုကြသည်။
ဤလက်ဆောင် တစ်ခုတည်းနှင့်ပင် အမျိုးသမီး အများအပြား၏ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့သည်။ မြက်ပင် စက္ကူများနှင့် နှိုင်းယှဉ်ပါက ဤယွင်ကျင်းသည် လုံးဝ တော်လှန်ရေး တစ်ခုပင် ဖြစ်၏။
အထက်လွှတ်တော် အရာရှိ၏ ဇနီး အသုံးပြုသည်မှာ အကောင်းဆုံး စက္ကူ ဖြစ်သော်လည်း အနေရခက်သော အခြေအနေများ ဖြစ်ပေါ်လေ့ ရှိသည်။
သူမ အမြန် သန့်စင်ခန်းသို့ သွား၍ ဆေးကြောပြီး ယွင်ကျင်း တစ်ထုပ်ကို ယူလိုက်သည်။ ထိုအရာကို သူမ တိတ်တဆိတ် ဝယ်ထားခြင်း ဖြစ်၏။
သို့ပေမည့် မသုံးရဲပေ။ အသုံးပြုလိုက်ပါက ယွင်ကျုံးဟဲ့၏ ဖျက်ဆီးမှုကို ခံလိုက်ရဟုဆိုကာ ခင်ပွန်းဖြစ်သူက ဒေါသထွက်မှာဖြစ်သည်။
သန့်စင်ခန်းကို ကြည့်ပြီးနောက် သူမ သက်ပြင်း တစ်ချက် ချလိုက်မိသည်။သူမတို့ အိမ်၏ အခြေအနေက အလွန် ကောင်းမွန်လှသည်။ ခင်ပွန်းဖြစ်သူက အင်ပါယာ အရာရှိကြီး ဖြစ်ပြီး ခွဲဝေပေးထားသော အိမ်၏ အဆင့်အတန်းမှာ အလွန် မြင့်မား၏။
သို့ပေမည့် ဤသန့်စင်ခန်းကလည်း ခေတ်နောက်ကျနေပြီ ဖြစ်၏။ ရှင်းကျုံး ပါတီက သန့်စင်ခန်း တော်လှန်ရေးကြီး တစ်ရပ်ကို ဆင်နွှဲခဲ့ပြီး အားလုံး ယွင်ကျုံးဟဲ့၏ အသစ်စက်စက် သန့်စင်ခန်း ဒီဇိုင်းကို အသုံးပြုထားကြသည်။
အသစ်စက်စက် ကြွေရည်သုတ် ရေဆွဲအိမ်သာ၊ ကြွေရည်သုတ် လက်ဆေးဘေစင်၊ ကြွေပြား ကပ်ထားသော နံရံများ ဖြစ်ပြီး လျှပ်စစ်မီးများလည်း တပ်ဆင်ထား၏။
သူမ အသစ်စက်စက် သန့်စင်ခန်းကို သွားဖူးသည်။ ဖုန်တစ်မှုန့်မျှ မရှိဘဲ လင်းလက် တောက်ပနေကာ တကယ့်ကို ဇိမ်ခံစရာ တစ်ခုပင် ဖြစ်သည်။
ထိုနေရာသည် သူမတို့အိမ်ရှိ သန့်စင်ခန်းကဲ့သို့ မှောင်မိုက်ကျဉ်းမြောင်းပြီး ခေတ်နောက်ကျနေသည်မျိုး မဟုတ်ပေ။ သူမတို့အိမ်တွင်မူ အမွှေးတိုင်များကို မည်မျှပင် အဆက်မပြတ် ထွန်းညှိထားစေကာမူ မနှစ်မြို့ဖွယ် အနံ့အသက်ဆိုးများကို လုံးဝဖုံးကွယ်နိုင်ခြင်း မရှိခဲ့ချေ။
သူမသည်လည်း ယခုကဲ့သို့သော သန့်စင်ခန်းမျိုးကို ပိုင်ဆိုင်လိုသော်လည်း မတတ်နိုင်ပေ။ အကြောင်းမူ ဤသည်ကလည်း ယွင်ကျုံးဟဲ့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဝါးမြိုဖျက်ဆီးမှု လှည့်ကွက်တစ်ခုပင် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်ပင် သူမ၏ စိတ်အစုံ၌ အမှန်တကယ် စိုးရိမ်ထိတ်လန့်နေမိသည်။
မြို့တော်ရှိ ပြည်သူအများအပြားမှာ တရိပ်ရိပ် ပြောင်းလဲနေကြပြီး ယဉ်ကျေးမှုအသစ်ကိုလည်း အလုအယက် လက်ခံနေကြပြီ ဖြစ်၏။
သို့သော်လည်း မိမိတို့ကဲ့သို့သော ရှေးရိုးစွဲသမားများမှာမူ တစ်နေ့ထက်တစ်နေ့ ပိုမို၍ လူရယ်စရာ ဖြစ်လာကာ အချိန်တန်လျှင် ခေတ်ရေစီးကြောင်းအောက်၌ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု တွေးတောကာ ရင်လေးနေမိတော့သည်။
အထက်လွှတ်တော်မှ ရှေးရိုးစွဲ အရာရှိသည် ကလေးများကို ရိုက်ပြီးနောက် စာတမ်းများကို ဆက်လက် ရေးသားကာ ယွင်ကျုံးဟဲ့၏ ဆောင်းပါးများကို ဝေဖန်နေ၏။
သို့ပေမည့် မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ သူ ပိုရေးလေ၊ ပိုဒေါသထွက်လေ ဖြစ်လာပြီး စားပွဲကို လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်မိသည်။
“ဖောင်း…”
ထိုအချိန်မှာပဲ ရုတ်တရက် သဘာဝ ဓာတ်ငွေ့ မီးအိမ် ပေါက်ကွဲသွားပြီး ဖန်ကွဲစများက သူ၏ မျက်နှာကို တိုက်ရိုက် ခြစ်မိသွားကာ သွေးများ ပန်းထွက်လာ၏။
မီးတောက်များက စာကြည့်ခန်းရှိ စာအုပ်များကို ကူးစက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပဲ မီးဟုန်းဟုန်း တောက်လောင်လာသည်။
သူက မီးကို ငြှိမ်းသတ်ရန် ကြိုးစားသေးသော်လည်း လုံးဝ အချိန်မမီတော့ပေ။
မကြာမီ အိမ်ရှိ အစောင့်များနှင့် အစေခံများ အားလုံး ပြေးတက်လာကြပြီး ရေခပ်၍ မီးငြှိမ်းသတ်ရန် အစွမ်းကုန် ကြိုးစားကြသည်။
ဇနီးဖြစ်သူက အော်ဟစ်လိုက်ပြီး ကလေး နှစ်ယောက်လည်း လန့်ဖျပ်၍ အော်ဟစ်ကြသည်။ နာရီဝက်ခန့်ကြာမှ မီးကို ငြှိမ်းသတ်နိုင်ခဲ့သည်။ သို့ပေမည့် အင်ပါယာ အရာရှိကြီး၏ အိမ်မှာ တစ်ဝက်ခန့် မီးလောင်သွားခဲ့၏။
အင်ပါယာ အထက်လွှတ်တော်မှ အရာရှိကြီး တစ်ဦးသည် သဘာဝ ဓာတ်ငွေ့ မီးအိမ် သုံးစွဲမှုကြောင့် အိမ်တစ်ဝက် မီးလောင်သွားခဲ့သည်။
ဤသည်မှာ ကြီးမားသော ကိစ္စရပ် တစ်ခု မဟုတ်ပေ။ ဤနှစ်များအတွင်း သဘာဝ ဓာတ်ငွေ့ မီးအိမ်၊ ဇီဝဓာတ်ငွေ့ မီးအိမ်များကြောင့် မတော်တဆမှုများ ဖြစ်ပွားခဲ့သည်မှာ မရေမတွက်နိုင်အောင် ရှိပြီး အလွန် အဖြစ်များ၏။
သို့ပေမည့် ဤကိစ္စသည် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အင်ပါယာ တစ်ခုလုံးတွင် ကြီးမားသော ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အုပ်ချုပ်ရေး နန်းတော်၏ အစည်းအဝေး တစ်ခုတွင် အထက်လွှတ်တော် အရာရှိ တစ်ဦးက ရုတ်တရက် မတ်တတ်ရပ်ကာ မေးလိုက်၏။ “အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... ကျုပ် မျက်လုံး သိပ်မကောင်းလို့ ညဘက် စာရေးရင် သေချာ မမြင်ရဘူး။ အိမ်မှာ လျှပ်စစ်မီး တပ်ဆင်လို့ ရမလား။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ထိုနေရာ တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယခုအခါ လျှပ်စစ်မီး တပ်ဆင်ခြင်းသည် ရပ်တည်ချက် ပြဿနာ တစ်ခု ဖြစ်နေသည်။ အထက်လွှတ်တော် အရာရှိကြီးများ အားလုံးတွင် အိမ်၌ လျှပ်စစ်မီး တပ်ဆင်ထားသူ မရှိပေ။
အဘယ်ကြောင့်ဆိုသော် လျှပ်စစ်မီး တပ်ဆင်လိုက်သည်နှင့် ရှင်းကျုံး ပါတီကို အလျှော့ပေးလိုက်ခြင်း ဖြစ်ပြီး ယွင်ကျုံးဟဲ့၏ ဖျက်ဆီးမှုကို ခံလိုက်ရခြင်း ဖြစ်သောကြောင့်ပင်။
ထိုအရာရှိက ပြောလိုက်သည်။ “လူတိုင်း သိတဲ့အတိုင်းပဲ။ ကျုပ်ကလည်း ယွင်ကျုံးဟဲ့ကို ဆန့်ကျင်သူ တစ်ယောက်ပါ။ သူ့ရဲ့ အရာအားလုံးကို ကျုပ် ပယ်ချပါတယ်။ အားလုံးလည်း သိတဲ့အတိုင်း ကျုပ် နှလုံးက သိပ်မကောင်းဘူး။
တစ်နေ့ ကျုပ် ရောဂါဖောက်လာပြီး ရင်ဘတ်တွေ အောင့်ကာ အသက်ရှူ မဝတော့ဘဲ သေမင်းတိုင်းပြည်ဆီ ကျုပ်ရောက်တော့မလို ဖြစ်သွားတယ်။ ကျုပ် ဇနီးက ပြေးလာပြီး ဆေးတစ်လုံး တိုက်လိုက်လို့ ကျုပ် အသက်ကို ကယ်တင်နိုင်ခဲ့တာ။
သမားတော်က ပြောတယ်၊ နည်းနည်းလေး နောက်ကျသွားရင်တောင် ကျုပ် အသက်မရှင်နိုင်တော့ဘူးတဲ့။ နောက်မှ ကျုပ် အဲဒီဆေးကို ကြည့်လိုက်တော့ နာမည်က နှလုံးကယ်ဆေးတဲ့။ သိပ္ပံ နာမည်က နိုက်ထရိုဂလစ်ဆရင် လို့ခေါ်တယ်။
အဲဒါလည်း ယွင်ကျုံးဟဲ့ တီထွင်ခဲ့တာပဲ။ ပြီးတော့ စာတမ်း တစ်စောင်တောင် သီးသန့် ရေးသားပြီး အင်ပါယာကို အခမဲ့ လှူဒါန်းခဲ့တာ။ အခု အင်ပါယာ နေရာတိုင်းမှာ ဒီဆေး ရှိနေပြီး လူဘယ်လောက်များများရဲ့ အသက်ကို ကယ်တင်ခဲ့လဲ မသိဘူး။
မနေ့ညက အမတ်ကြီးကျိန့်ချွဲရဲ့ အိမ်မှာ သဘာဝ ဓာတ်ငွေ့ မီးအိမ် ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်တစ်ဝက် မီးလောင်သွားရုံသာမက မျက်နှာပါ ရှရာ ပွန်းရာတွေ ဖြစ်ခဲ့တယ်။”
ထိုအရာရှိက ဆက်ပြော၏။ “အကယ်၍ သူက လျှပ်စစ်မီး တပ်ဆင်ထားရင် ဒီလို အဖြစ်ဆိုးမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ဘာလို့ လျှပ်စစ်မီး မတပ်ရတာလဲ။ လင်းထိန်တာနဲ့ လုံခြုံတာကလည်း အမှား တစ်ခုလား။”
ရှေးရိုးစွဲ အမတ်ကြီး ကျိန့်ချွဲက အေးစက်စွာ ပြောလိုက်သည်။ “အမတ်ကြီး လီဖူ…. ခင်ဗျား ဖျက်ဆီးခံလိုက်ရပြီ။ ခင်ဗျား အင်ပါယာကို သစ္စာဖောက်လိုက်ပြီ။ ဟုတ်တယ်။ ကျုပ်အိမ်တစ်ဝက် မီးလောင်သွားတယ်။ ကျုပ် မျက်နှာ ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ အင်ပါယာအတွက် ကျုပ် အသက်ကိုတောင် ပေးဆပ်နိုင်တယ်။
ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာက ဘာအရေးလဲ။ အိမ်မီးလောင်သွားတာက ဘာအရေးလဲ။ ကျုပ် သေရင်တောင် လျှပ်စစ်မီး တပ်မှာ မဟုတ်ဘူး။ သေရင်တောင် ယွင်ကျုံးဟဲ့ကို အလျှော့ပေးမှာ မဟုတ်ဘူး။ အင်ပါယာအတွက် ကျုပ် တစ်စစီ ကြေမွသွားဖို့ အသင့်ပဲ။”
အမတ်ကြီး လီဖူက အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “အမတ်ကြီး ကျိန့်ချွဲ… ခင်ဗျားက အင်ပါယာကို ကိုယ်စားမပြုနိုင်ဘူး။ ဒီမှာရှိတဲ့ ကျုပ်တို့ အားလုံးကလည်း အင်ပါယာကို ကိုယ်စားမပြုနိုင်ဘူး။ မရေမတွက်နိုင်တဲ့ ပြည်သူတွေကသာ အင်ပါယာကို ကိုယ်စားပြုနိုင်တာ။”
ထို့နောက် သူက အုပ်ချုပ်ရေးမှူး နှစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “သေချာပေါက် ကျုပ်က အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါးကို လျှပ်စစ်မီး တပ်ဆင်ဖို့ ဖိအားပေးနေတာ မဟုတ်ပါဘူး။ ကျုပ် အိမ်မှာ တပ်ဆင်ချင်လို့ပါ။ အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... ရမလား။”
ချက်ချင်းပဲ အုပ်ချုပ်ရေးမှူး နှစ်ဦး ခေါင်းကိုက်သွား၏။
ခွင့်မပြုနိုင်ဟု ငြင်းပယ်ဖြေကြားရမည်လား။ အကယ်၍ ထိုသို့သာ ဖြေကြားခဲ့လျှင် အဓိပ္ပာယ်ကင်းမဲ့လွန်း လှသည်။ အုပ်ချုပ်ရေးမှူးအနေဖြင့် အင်ပါယာ၏ အရာရှိကြီးများအား မိမိတို့အိမ်၌ လျှပ်စစ်မီး တပ်ဆင် အသုံးပြုခြင်း မပြုရန် တားဆီးပိတ်ပင်ပိုင်ခွင့် အာဏာ မရှိသည်မှာ ထင်ရှားလို့နေသည်။
ခွင့်ပြုသည်ဟု သဘောတူ ဖြေကြားရမည်လား ထိုသို့ဆိုလျှင်မူ အထက်လွှတ်တော်၏ ညီညွတ်မှု၌ ကြီးမားသော အက်ကြောင်းတစ်ခု စတင်ထင်ဟပ်သွားပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “သေချာပေါက် ရပါတယ်။ လျှပ်စစ်မီး တပ်ဆင်တာက နိုင်ငံသားတိုင်းရဲ့ လွတ်လပ်ခွင့်ပဲလေ။”
အမတ်ကြီး လီဖူက ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူးကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် အမတ်ကြီး လီဖူသည် ထိုနေ့တွင်ပင် အိမ်သို့ လူများခေါ်ကာ လျှပ်စစ်ကြိုးများ သွယ်တန်းစေပြီး လျှပ်စစ်မီးများ တပ်ဆင်စေသည်။
ထို့အပြင် ဓာတ်ပြား ဖွင့်စက်များ ဝယ်ယူကာ ယွင်ကျုံးဟဲ့၏ စာအုပ်များကိုလည်း ဝယ်ယူခဲ့သည်။ သူသည် အထက်လွှတ်တော်တွင် ပထမဆုံး လျှပ်စစ်မီး တပ်ဆင်သူ ဖြစ်၏။
ယွင်ကျုံးဟဲ့၏ ယဉ်ကျေးမှုသစ် လှုပ်ရှားမှုသည် အထက်လွှတ်တော်တွင် အက်ကွဲကြောင်း တစ်ခုကို ဖောက်ထွင်းနိုင်ခဲ့ပြီဖြစ်သည်။
သို့ပေမည့် သုံးရက် အကြာတွင်…
တစ်စုံတစ်ယောက်က အုပ်ချုပ်ရေး နန်းတော်တွင် လီဖူကို စွပ်စွဲ ပြစ်တင်ခဲ့သည်။ သူသည် အနောက်ဘက် ပြည်နယ် ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်စဉ်က လာဘ်စားခဲ့ပြီး ရာထူးများကို ရောင်းဝယ်ခဲ့သည်ဟု စွပ်စွဲခဲ့၏။
ဤကိစ္စက အကြီးအကျယ် ဆူညံသွားပြီး အုပ်ချုပ်ရေးမှူးက ဤကိစ္စကို သေချာစွာ စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ရလဒ်အနေဖြင့် စုံစမ်းစစ်ဆေးမှုများအရ လီဖူသည် အနောက်ဘက် ပြည်နယ်ဘုရင်ခံအဖြစ် တာဝန် ထမ်းဆောင်စဉ်က ခရိုင်အုပ်ချုပ်ရေးမှူး တစ်ဦးကို ရာထူးတိုးပေးခဲ့ကြောင်း တွေ့ရှိရသည်။ ပြိုင်ဘက် အများအပြားထဲတွင် သူ၏ ပညာအရည်အချင်းမှာ အနိမ့်ဆုံးဖြစ်ပြီး သတ္တုတွင်းမှ ရာထူးတိုးလာသူ ဖြစ်၏။
ထိုကိစ္စပြီးနောက် ထိုခရိုင်အုပ်ချုပ်ရေးမှူးက မမျှော်လင့်ဘဲ ရာထူးတိုးခံရသောကြောင့် လက်ဆောင် သွားပေးခဲ့၏။ ခရိုင်အုပ်ချုပ်ရေးမှူးက လီဖူ ထံသို့ တိုက်ရိုက် မပေးရဲသောကြောင့် သူ၏ သားဖြစ်သူထံသို့ ပေးခဲ့သည်။
ထိုလက်ဆောင်သည်လည်း အလွန် ရှားပါးသော အရာ မဟုတ်ဘဲ သတ္တုတွင်းထဲမှ တူးဖော်ရရှိခဲ့သော ထူးဆန်းသည့် ကျောက်ရုပ်တု တစ်ခုသာ ဖြစ်၏။
သို့ပေမည့် ယခုအခါ တစ်စုံတစ်ယောက်က ထိုကျောက်ရုပ်တုမှာ တကယ်တော့ သဘာဝ ရွှေတုံးကြီး တစ်တုံး ဖြစ်ကြောင်း ဖော်ထုတ်လိုက်၏။ အပြင်ပန်းတွင် ကြည့်ရသည်မှာ ကျောက်တုံးနှင့် တူနေခြင်းသာ ဖြစ်သည်။
ဤရွှေတုံးကြီးသည် ငွေဒင်္ဂါး တစ်သောင်းကျော် တန်ဖိုးရှိသည်။ ထို့ကြောင့် အမတ်ကြီး လီဖူသည် ရာထူး အားလုံးမှ နှုတ်ထွက်ခဲ့ရပြီး သူ၏ သားဖြစ်သူမှာလည်း လာဘ်စားမှုဖြင့် အဖမ်းခံခဲ့ရ၏။
လီဖူကို စွပ်စွဲ ပြစ်တင်သူမှာ ယွင်ကျုံးဟဲ့ကို ရန်လိုသော ကျိန့်ချွဲ ပင် ဖြစ်သည်။
ဤကိစ္စက အင်ပါယာကို တုန်လှုပ်သွားစေခဲ့၏။
‘ဒါက နောက်နေတာလား။ ငွေဒင်္ဂါး တစ်သောင်းကျော် တန်ဖိုးရှိတဲ့ ရွှေတုံးကြီးက ကြည့်ရတာ တန်ဖိုးကြီးတယ်လို့ ထင်ရပေမယ့် လီဖူ ရဲ့ ခြောက်လစာ လစာလောက်ပဲ ရှိတာလေ။ ဘယ်လောက်တောင် မတရားလိုက်လဲ။’
အမတ်မင်း လီဖူတစ်ယောက် စွပ်စွဲပြစ်တင်ခြင်းခံရကာ ရာထူးမှ အတင်းအကျပ် ဖယ်ရှားနှုတ်ထွက်ခိုင်းခြင်း ခံရသည့် အဓိကအကြောင်းရင်းမှာ သူ၏ နေအိမ်၌ လျှပ်စစ်မီး တပ်ဆင်အသုံးပြုခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
တစ်နည်းဆိုရသော် သူသည် အထက်လွှတ်တော်အတွင်း ယွင်ကျုံးဟဲ့၏ လွှမ်းမိုးမှုကို ပထမဦးဆုံးအကြိမ် လက်ခံခဲ့သူ ဖြစ်သွားသောကြောင့်ပင်။
ထိုဖြစ်ရပ်ကြောင့်ပင် နိုင်ငံရေးအခြေအနေမှာ ရုတ်ချည်း တင်းမာသွားခဲ့တော့သည်။
ယခင်က ရှင်းကျုံးပါတီသည် အစွန်းရောက်လှုပ်ရှားမှု နည်းလမ်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ဖူး သော်လည်း ယွင်ကျုံးဟဲ့ အာဏာစက်ကို လွှဲပြောင်းရယူပြီးသည့် နောက်ပိုင်းတွင်မူ အထက်လွှတ်တော်နှင့် ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်ခြင်းမျိုး မပြုလုပ်တော့ချေ။
ထို့ကြောင့်ပင် အပြန်အလှန် ပွတ်တိုက်တိုက်ပွဲများမှာ များစွာ လျော့ပါးသက်သာခဲ့ဖူးသည်။ သို့သော်လည်း ယခုအခါတွင်မူ အထက်လွှတ်တော်ကိုယ်တိုင်က အစွန်းရောက်လှုပ်ရှားမှုနှင့် ပြင်းထန်သော တိုက်ခိုက်ရေး နည်းလမ်းများကို စတင်အသုံးချလာခဲ့ပြီ ဖြစ်၏။
ဤသည်ကို ကြည့်ခြင်းဖြင့် အထက်လွှတ်တော်သည်ပင်လျှင် ပဋိပက္ခမီးပွားများကို ပိုမိုကြီးထွားပြင်းထန် လာအောင် တမင်ဖန်တီးနေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
ယွင်ကျုံးဟဲ့သည် အထက်လွှတ်တော်နှင့် အုပ်ချုပ်ရေးမှူးကို ပထမဆုံးအကြိမ် အနေဖြင့် စိတ်ပျက်သွား၏။
အမြဲတမ်း အုပ်ချုပ်ရေးမှူးနှင့် အထက်လွှတ်တော်သည် အတော်လေး ပွင့်လင်းမြင်သာမှု ရှိပြီး ခွင့်လွှတ်မှု ရှိခဲ့သည်။ သို့ပေမည့် ဤတစ်ကြိမ်တွင်မူ နည်းလမ်းများက အရမ်း ညစ်ပတ်လွန်းပြီး တိုက်ခိုက်ရာတွင် အောက်ခြေလွတ်နေပြီဖြစ်သည်။
ပွင့်လင်းမြင်သာမှု ရှိသော အင်ပါယာ အထက်တန်းလွှာများသည် အာဏာအတွက် တကယ်ပင် မိုက်မဲပြီး ယိုယွင်းလာပြီလား။ အကယ်၍ ထိုသို့သာ ဆိုလျှင် တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်း၏။
အုပ်ချုပ်သူ လူတန်းစား တစ်ရပ်သည် အာဏာအတွက် အဖြူအမည်းကို ပြောင်းပြန်လှန်ပြီး တိုးတက်သော အရာအားလုံးကို ငြင်းပယ်လာပြီ ဆိုလျှင် ဤအုပ်ချုပ်သူ လူတန်းစားသည် ဆက်လက် တည်ရှိနေရန် မလိုအပ်တော့ပေ။
အပိုင်း (၇၇၂)
ယွင်ကျုံးဟဲ့၏ မျက်မှောင်ကြုတ်လိုက်မိသည်။
“ကျုပ်က အင်ပါယာ အုပ်ချုပ်ရေးမှူးနဲ့ အထက်လွှတ်တော်ကို အရမ်း အထင်ကြီးနေမိတာလား။”
ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “သူတို့က ကျုပ် ထင်ထားသလောက် ပွင့်လင်းမြင်သာမှု မရှိဘူးလား။ အကယ်၍ တကယ်ပဲ ဒီလောက် မိုက်မဲနေတယ်ဆိုရင် သူတို့လည်း အင်ပါယာရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုဖို့ အရည်အချင်း မရှိတော့ဘူး။”
ယခုအခါ ရှင်းကျုံးပါတီ တစ်ခုလုံး အလွန် ဒေါသထွက်နေကြပြီး ဤကိစ္စကြောင့် ကြီးမားသော ဒေါသများကို မျိုသိပ်ထားရသည်။
ယခု ရှင်းကျုံး ပါတီ၊ ယခု ယွင်ကျုံးဟဲ့သည် အရင်ကနှင့် လုံးဝ မတူညီတော့ပေ။ သူတို့ လက်ထဲတွင် စစ်တပ် မရှိသော်လည်း ပကတိ လူထု သဘောထားကို ကိုင်စွဲထား၏။
ယွင်ကျုံးဟဲ့သာ မထိန်းချုပ်တော့ဘဲ အမြင့်သို့ တက်ကာ ဟစ်အော်လိုက်သည်နှင့် ချက်ချင်းပဲ ကောင်းကင်ကို တုန်လှုပ်စေသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာမှာဖြစ်သည်။
ဤတစ်ကြိမ်ကိစ္စသည် ရှင်းကျုံး ပါတီဝင်များကိုသာ ဒေါသထွက်စေပြီး စိတ်ပျက်စေသည် မဟုတ်ဘဲ အင်ပါယာ၏ ပြည်သူများကိုပါ ဒေါသထွက်စေကာ အရာရှိ အများအပြားကိုပင် စိတ်ပျက်စေခဲ့သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့က ဖိနှိပ်ထားသောကြောင့် အားလုံးက မပေါက်ကွဲသေးခြင်း ဖြစ်၏။
‘အရမ်း ရယ်စရာ ကောင်းတယ်၊ အရမ်း အဓိပ္ပာယ်မဲ့တယ်။ လီဖူက အင်ပါယာရဲ့ အမတ်ကြီး တစ်ယောက်လေ။ အိမ်မှာ လျှပ်စစ်မီး တပ်ဆင်လိုက်ရုံလေးနဲ့ စွပ်စွဲ ပြစ်တင်ခံရပြီး ရာထူးကနေ ဆင်းပေးလိုက်ရတယ်။ ပြီးတော့ ရာထူး ရောင်းစားတယ် ဆိုတဲ့ ပြစ်မှုပါ တပ်ခံလိုက်ရသေးတယ်။
ဒါဆို မြို့တော်မှာ အိမ်မှာ လျှပ်စစ်မီး တပ်ဆင်ထားတဲ့ သူတွေ ဘယ်လောက်တောင် ရှိနေပြီလဲ။ အားလုံးက အပြစ်ရှိနေကြတာလား။ အထက်လွှတ်တော်က ဒီလောက်အထိ ရှေးရိုးစွဲ ဖြစ်ပြီး ယိုယွင်းနေပြီလား။’
“ဒေါသမထွက်နဲ့၊ ဒေါသမထွက်နဲ့...”
မိဖုရား တူရှားက ပြောလိုက်သည်။ “ချစ်သူ... ရှင် နည်းနည်း ထိန်းချုပ်ထားပါ။ ကျွန်မ အုပ်ချုပ်ရေး နန်းတော်ကို သွားပြီး အုပ်ချုပ်ရေးမှူး နှစ်ဦးကို သွားတွေ့လိုက်ပါ့မယ်။”
ထို့နောက် မိဖုရား တူရှားသည် ညတွင်းချင်း အုပ်ချုပ်ရေး နန်းတော် အတွင်းသို့ ဝင်ရောက်သွား၏။
“အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... ရှင်တို့ ဘာလုပ်ချင်နေကြတာလဲ။”
မိဖုရား တူရှားက တုန်ယင်စွာဖြင့် မေးလိုက်သည်။ “လျှပ်စစ်မီး တပ်ဆင်လိုက်ရုံလေးနဲ့ အင်ပါယာ အမတ်ကြီး တစ်ယောက်ကို လမ်းဆုံးရောက်အောင် တွန်းပို့လိုက်တာလား။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြော၏။ “ဘယ်လိုလုပ် လျှပ်စစ်မီး တပ်ဆင်တာကြောင့် ဖြစ်ရမှာလဲ။ လာဘ်စားလို့လေ။”
မိဖုရား တူရှားက ပြောလိုက်သည်။ “ဒီမှာ ကျွန်မတို့ သုံးယောက်တည်း ရှိတာ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောကြရအောင်။ လီဖူရဲ့ သားကို ချက်ချင်း လွှတ်ပေးလိုက်ပါ။ သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ပြန်လည် ကယ်တင်ပေးပြီး ဒီအမှုကို ပြန်လည် စစ်ဆေးကာ လီဖူကို အပြစ်ကင်းစင်ကြောင်း သက်သေပြပေးပါ။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။ “သန့်ရှင်းသူက သန့်ရှင်းနေမှာပဲ၊ ညစ်ပတ်သူက ညစ်ပတ်နေမှာပဲ။ အင်ပါယာက လူကောင်း တစ်ယောက်ကို မတရား မလုပ်သလို၊ လူဆိုး တစ်ယောက်ကိုလည်း လွှတ်ပေးမှာ မဟုတ်ဘူး။”
မိဖုရား တူရှား အံ့ဩသွားပြီးနောက် အေးစက်တင်းမာစွာဖြင့် မေးလိုက်သည်။ “ပြည်သူတွေက ဒီကိစ္စအပေါ် ဘယ်လောက်တောင် စိတ်ပျက်နေကြလဲ ဆိုတာကို ရှင်တို့ အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်ကြအုံး။ ဘယ်သူက အမှန်တရားကို နားမလည်ဘဲ နေမှာလဲ။ လီဖူက တစ်နှစ်ကို လစာ ငွေဒင်္ဂါး သောင်းချီ ရနေတာ။ ဒီငွေဒင်္ဂါး တစ်သောင်းကျော်လေးကို သွားပြီး လာဘ်စားပါ့မလား။
ဒီတစ်နှစ်တာ အတွင်းမှာ အုပ်ချုပ်ရေး နန်းတော်နဲ့ အထက်လွှတ်တော်က ပြသနေတဲ့ နောက်ကျမှုနဲ့ ဟောင်းနွမ်းမှုတွေက မရေမတွက်နိုင်တဲ့ ပြည်သူတွေကို စိတ်ပျက်စေခဲ့ပြီ။ ရှင်တို့က အရင်က တာ့ယန် အင်ပါယာဟောင်းလို ဖြစ်ချင်နေကြတာလား။ ပြည်သူအများစုရဲ့ ဆန့်ကျင်ဘက် နေရာမှာ လုံးဝ ရပ်တည်ချင်နေကြတာလား။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြော၏။ “အုပ်ချုပ်ရေး နန်းတော်နဲ့ အထက်လွှတ်တော်ဟာ အမြဲတမ်း အင်ပါယာ ပြည်သူတွေဘက်က ရပ်တည်နေပြီး အင်ပါယာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမြဲတမ်း ကိုယ်စားပြုပါတယ်။”
မိဖုရား တူရှားက အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။ “ဘယ်အချိန်တည်းက အင်ပါယာရဲ့ အုပ်ချုပ်ရေးမှူးက လောကဟောင်းက အရာရှိတွေလို လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေရတာလဲ။ ရှင်တို့က ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတယ်လား။ ဒါဆို ကျွန်မ မေးမယ်။ လျှပ်စစ်မီးသီးနဲ့ သဘာဝ ဓာတ်ငွေ့ မီးအိမ် ဘယ်ဟာက ပိုတိုးတက်လဲ။ ရှင်တို့ ပြောစမ်း။ “
မိဖုရား တူရှားလည်း အလွန် စိတ်ပျက်နေသည်။ ဤအုပ်ချုပ်ရေးမှူး နှစ်ဦးကို ရွေးချယ်ခြင်းသည်လည်း သူမနှင့် သူမ၏ ယောက်ျားက သဘောတူခဲ့ခြင်း ဖြစ်၏။
အကယ်၍ တစ်ဖက်လူက သဘာဝ ဓာတ်ငွေ့ မီးအိမ်က ပိုတိုးတက်သည် ပြောထွက်လာပါက ထိုလူနှစ်ဦးသည် လုံးဝ ကယ်တင်၍ မရတော့ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပြီး ဤကဲ့သို့ အမှားအမှန်ကို ပြောင်းပြန်လှန်သူ များသည် အင်ပါယာကို ဦးဆောင်ရန် လုံးဝ အရည်အချင်း မရှိတော့ပေ။
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “သေချာပေါက် လျှပ်စစ်မီးသီးက ပိုတိုးတက်တာပေါ့။”
မိဖုရား တူရှားက မေးလိုက်၏။ “လျှပ်စစ်မီးသီးက ပိုတိုးတက်တယ်ဆိုရင် အုပ်ချုပ်ရေး နန်းတော်က ဘာလို့ လျှပ်စစ်မီး မသုံးတာလဲ။ ဘာလို့ လျှပ်စစ်မီးသီး မတပ်ဆင်တာလဲ။ “
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဖြေသည်။ “လျှပ်စစ်မီးသီးက အပြစ်မရှိဘူး။ ဒါပေမဲ့ လျှပ်စစ်မီးသီး တီထွင်တဲ့သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတယ်။”
မိဖုရား တူရှား၏ မျက်လုံးများ အေးစက်သွားပြီး မေးလိုက်၏။ “ယွင်ကျုံးဟဲ့မှာ ဘာအပြစ် ရှိလို့လဲ။ “
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဖြေလိုက်သည်။ “သူက အာဏာလုချင်နေတာလေ။ သူက အရှေ့ဘက် လောကဟောင်းက လာတဲ့သူ။ ကျုပ်တို့က သူ့ကို လက်ခံပေးခဲ့ပြီး မြင့်မားတဲ့ နေရာပေးခဲ့တယ်။ ဒါပေမဲ့ သူက အိမ်ရှင်ကို မောင်းထုတ်ပြီး နေရာလုချင်နေတယ်။ ဒါက အပြစ် မဟုတ်ဘူးလား။”
မိဖုရား တူရှားက ပြော၏။ “အခု ကြည့်ရတာ ရှင်တို့ကမှ လောကဟောင်းက လူတွေနဲ့ တူနေတယ်။ သူက ကျွန်မတို့နဲ့ လူမျိုးတူ၊ သွေးကြောတူ မဟုတ်ဘူးလား။ သူက ယန်ရှင်းကျုံး ဧကရာဇ်ရဲ့ တိုက်ရိုက် ဆက်ခံသူ မဟုတ်ဘူးလား။ အင်ပါယာ ပြည်သူတွေက သူ့ကို ယုံကြည်တယ်၊ ကြည်ညိုတယ်ဆိုတာ သူ့ရဲ့ ဉာဏ်ပညာသစ်၊ ယဉ်ကျေးမှုသစ်ကြောင့်ပဲ။ သူက အင်ပါယာကို အပြောင်းအလဲတွေ ယူဆောင်လာပေးပြီး အင်ပါယာ ပြည်သူတွေကို ပိုမို ကောင်းမွန်တဲ့ ဘဝကို ရရှိစေနိုင်လို့ပဲ။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ရုတ်တရက် လက်ကာပြပြီး ပြောသည်။ “ရပ်လိုက်တော့ မိဖုရား တူရှား။ ကျုပ်တို့ကလည်း ယဉ်ကျေးမှုသစ်ကို လက်ခံနိုင်ပါတယ်၊ လောကသစ်ကိုလည်း လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက ကျုပ်တို့ ကိုယ်တိုင်ရဲ့ ဦးဆောင်မှု အောက်မှာပဲ ဖြစ်ရမယ်။ အပြင်လူ တစ်ယောက်က ကျုပ်တို့ကို လာဦးဆောင်တာ မဖြစ်ရဘူး။”
မိဖုရား တူရှားက ပြောလိုက်၏။ “ဒါပေမဲ့... ဒီယဉ်ကျေးမှုသစ်ကို ယွင်ကျုံးဟဲ့က ယူဆောင်လာပေးတာလေ။ ဒါက သူ့ရဲ့ ဉာဏ်ပညာလေ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောသည်။ “ဒါဆို သူက မွန်မြတ်တဲ့ စိတ်ထား ရှိရမှာပေါ့။ ကိုယ့်ရဲ့ ဉာဏ်ပညာကို လှူဒါန်းပြီးရင် ချက်ချင်း နောက်ကို ဆုတ်သွားသင့်တာပေါ့။ ဘာလို့ နေရာတကာ လျှောက်သွားပြီး ဟန်ရေးပြနေရတာလဲ။ ဘာလို့ လူသောင်းချီရဲ့ ကိုးကွယ်မှုကို ခံယူနေရတာလဲ။ သူ... ထွက်သွားသင့်ပြီ။ သူက အင်ပါယာမှာ ကြိုဆိုမှု မခံရတဲ့ လူတစ်ယောက် ဖြစ်နေပြီ။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဝင်ပြော၏။ “သူ လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ စစ်တပ် ငှားချင်လို့ မဟုတ်ဘူးလား။ သူ့ရဲ့ အရှေ့တိုင်း အင်ပါယာဟောင်းကို ပြန်လုယူချင်လို့ မဟုတ်ဘူးလား။ ကောင်းပြီလေ... ကျုပ်တို့ သူ့ကို စစ်တပ် ငှားပေးမယ်။ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်း။ ကျုပ်တို့ သူ့ကို စစ်တပ် ငှားပေးမယ်။ သူ ချက်ချင်း အရှေ့ဘက်ကို ပြန်သွားရမယ် ဆိုတဲ့ အချက်နဲ့ပေါ့။”
မိဖုရား တူရှားက မေးလိုက်သည်။ “ကျွန်မတို့ဆီမှာ စုစုပေါင်း အဓိက စစ်တပ် ခြောက်သိန်းပဲ ရှိတာ။ ရှင်တို့က ငါးသိန်း ငှားပေးမယ် ဟုတ်လား။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဖြေ၏။ “သူက စစ်တပ် လိုချင်တာဆိုတော့ ကျုပ်တို့က စစ်တပ် ပေးလိုက်ရုံပဲလေ။ ဒီထက် ပိုတောင်းဆိုဖို့ အရည်အချင်း မရှိတော့ဘူး။ သူက အင်ပါယာအတွက် ဉာဏ်ပညာတွေ ပေးဆပ်ခဲ့လို့ ကျုပ်တို့က အရမ်း ကျေးဇူးတင်တယ်။ အဲဒါကြောင့် သူ့ကို စစ်တပ် အင်အား ငါးသိန်း ငှားပေးလိုက်မယ်။ အဲဒီအချိန်ကစပြီး အကြွေးတွေ အားလုံး ကျေပြီ။”
မိဖုရား တူရှားက ပြောလိုက်သည်။ “ခင်ဗျားတို့ ပြောတဲ့ အဲဒီ စစ်တပ် ငါးသိန်း ဆိုတာ ကိုလိုနီ နယ်မြေတွေကနေ ခေါ်ယူထားတဲ့ အရန်စစ်တပ်တွေမလား။ ကျွန်တွေထဲကနေ ယာယီ ခေါ်ယူထားတဲ့ သမရိုးကျ မဟုတ်တဲ့ စစ်တပ်တွေ မဟုတ်လား။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြော၏။ “အတိုချုပ် ပြောရရင်... ကျုပ်တို့ သူ့ကို စစ်တပ် ငါးသိန်း ပေးမယ်၊ ရေတပ် တစ်ခု ပေးမယ်။ သူ အင်ပါယာကနေ လုံးဝ ထွက်ခွာသွားရမယ်၊ ဘယ်တော့မှ ပြန်မလာနဲ့တော့။ အဲဒီလိုဆိုရင် နှစ်ဖက်စလုံး ပျော်ရွှင်ရမှာပဲ။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ထိုအချက်ကို မငြင်းဆိုပေ။ ထိုအရာမှာ ကျွန်ငါးသိန်းဖြင့် ဖွဲ့စည်း ထားသော အရန်စစ်တပ် ဖြစ်သည်။
မိဖုရား တူရှားက ဖြည်းညင်းစွာ ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူးမင်းကြီး နှစ်ပါး... ရှင်တို့ ဒီလို လုပ်တာက သူ့ကို လုံးဝ ဒေါသထွက်စေလိမ့်မယ်။ ရှင်းကျုံး ပါတီကို လုံးဝ ဒေါသထွက်စေလိမ့်မယ်။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့က ကြယ်ပွင့် တစ်ပွင့် ဖြစ်ချင်ရင် ကျုပ်တို့ ဂရုမစိုက်ဘူး။ ကြယ်ပွင့် ဆိုတဲ့ စကားလုံးကတောင် သူ တီထွင်ထားတာပဲလေ။ ဒါပေမဲ့ လီဖူကို စုံစမ်းစစ်ဆေးတာက အင်ပါယာရဲ့ ပြည်တွင်းရေးကိစ္စပဲ။ သူ ဝင်စွက်ဖက်လို့ မရဘူး။
ရှင်းကျုံး ပါတီက ကုန်ထုတ်လုပ်မှု စွမ်းအားကို ဖွံ့ဖြိုးအောင် လုပ်ပြီး အင်ပါယာကို ယဉ်ကျေးမှုသစ် ယူဆောင်လာတာကို ကျုပ်တို့ ကြိုဆိုတယ်။ ယဉ်ကျေးမှုသစ်ကိုလည်း ကျုပ်တို့ လက်ခံဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အခွင့်ကောင်းယူပြီး အာဏာကို ခိုးယူချင်တာ၊ နိုင်ငံရေးမှာ ဝင်စွက်ဖက်ချင်တာကတော့ လုံးဝ မရဘူး။ ကျုပ်တို့မှာလည်း အကန့်အသတ် ရှိတယ်။ အင်ပါယာမှာ စစ်တပ် သိန်းချီ ရှိနေသေးတယ် ဆိုတာကို မမေ့ပါနဲ့။ ပြီးတော့ ကျုပ်တို့ သူ့ကို အများကြီး ခွင့်လွှတ်ပေးခဲ့ပြီးပြီ။”
စာပေဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်၏။ “ရှင်းကျုံး ပါတီက ကိုယ့်ရဲ့ တောင်းဆိုချက်တွေကို ထုတ်ဖော်ပြောဆိုတာ ရပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေး နန်းတော်ကို ဝင်စီးမယ်၊ အင်ပါယာ အစိုးရရုံးတွေကို ဝင်စီးမယ် ဆိုရင်တော့ အဲဒါက ပြစ်မှု ကျူးလွန်တာပဲ။ အင်ပါယာရဲ့ ဥပဒေက ရက်စက်တယ်ဆိုတာ အပြစ်မတင်နဲ့တော့။ လီဖူရဲ့ ကိစ္စကိုတော့ ကျုပ်တို့က မျှမျှတတ ဖြေရှင်းသွားမှာပါ။ ရှင်းကျုံး ပါတီ ဝင်စွက်ဖက်ဖို့ မလိုပါဘူး။”
သိုင်းပညာဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့ကို ဖိတ်ခေါ်ပါတယ်။ အရှေ့ဘက် လောကက သူ့ကို စောင့်နေတယ်။ တာ့ယန် အင်ပါယာသစ်ရဲ့ ပြည်သူတွေက သူ့ရဲ့ ကယ်တင်မှုကို မလိုအပ်တော့ဘူး။ ဒါပေမဲ့ အရှေ့ဘက်လောကဟောင်းက လူတွေကတော့ သူ့ရဲ့ ကယ်တင်မှုကို လိုအပ်နေတယ်။ ကျုပ်တို့ ငှားပေးလိုက်တဲ့ စစ်တပ်ကိုခေါ်ပြီး ဒီကနေ ထွက်သွားပါတော့။ ဒီပြဿနာတွေကနေ ထွက်သွားပါတော့။”
…………….
မိဖုရား တူရှားသည် ရှင်းကျုံး ပါတီဌာနချုပ်သို့ ပြန်လာပြီး အုပ်ချုပ်ရေးမှူး နှစ်ဦး၏ စကားများကို ပြန်လည် ပြောပြလိုက်၏။
“သူတို့က ရှင့်ကို နှင်ထုတ်ချင်နေတာ။ အင်ပါယာကနေ ထွက်သွားစေချင်နေတာ။”
မိဖုရား တူရှားက ပြောလိုက်သည်။ “ကျွန်ငါးသိန်းနဲ့ ဖွဲ့စည်းထားတဲ့ အရန်စစ်တပ်ကို ရှင့်ကို ငှားပေးမယ်လို့ ပြောတယ်။ ရေတပ်တစ်ခု ငှားပေးပြီး အရှေ့တိုင်း အင်ပါယာကို ပြန်သွားခိုင်းနေတယ်။ ဒါပေမဲ့ ရှင် သေချာပေါက် ထွက်သွားရမယ်။ ချက်ချင်း ထွက်သွားရမယ်တဲ့။”
ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်၏။ “သမိုင်း အားလုံးက ခေတ်ပြိုင် သမိုင်းတွေပဲ ဆိုတဲ့ စကားက တကယ်ပဲ မှန်နေတာလား။ သမိုင်း အားလုံးက ပြန်လည် ဖြစ်ပွားနေတာလား။ အရင်က တိုးတက်တဲ့ အင်အားစုတွေ အားလုံးက ရှေးရိုးစွဲ နောက်ကျတဲ့ အင်အားစုတွေ ဖြစ်သွားတတ်တာလား။
ဒီတစ်နှစ်တာ ကာလအတွင်းမှာ ကျုပ်က အရမ်းကို သည်းခံပြခဲ့တယ်။ ရှင်းကျုံး ပါတီရဲ့ အစွန်းရောက် လှုပ်ရှားမှုတွေ အားလုံးကို ဖိနှိပ်ထားခဲ့ပြီး အင်ပါယာ အထက်တန်းလွှာတွေနဲ့ တိုက်ရိုက် ဆန့်ကျင်တာမျိုး ဘာမှ မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ဒါက ကျုပ် အားနည်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ။”
မိဖုရား တူရှားက ပြောလိုက်သည်။ “ချစ်သူ… သမိုင်းက ပြန်လည် ဖြစ်ပွားတတ်ပါတယ်။ သေချာပေါက် ပြန်လည် ဖြစ်ပွားပါလိမ့်မယ်။ ဒါပေမဲ့ ထပ်တူညီတာမျိုးတော့ မဟုတ်ဘူး။ ပြန်လည် ဖြစ်ပွားတိုင်းမှာ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။
ဒီတစ်ကြိမ်မှာ အနည်းဆုံးတော့ ပြည်သူ အများစုက ကျွန်မတို့ဘက်မှာ ရှိနေတယ်။ အရာရှိ အများအပြားရဲ့ စိတ်ထဲမှာလည်း ကျွန်မတို့ဘက်ကို ယိမ်းယိုင်နေတယ်လို့ ကျွန်မ ယုံကြည်တယ်။ သူတို့က အင်အားအကြီးဆုံး စစ်တပ်ကို ကိုင်စွဲထားပေမယ့် စစ်တပ်ကလည်း သူတို့ စကားကို နားထောင်ချင်မှ နားထောင်မှာပါ။”
“ဟုတ်တယ်။ သမိုင်းက ပြန်လည် ဖြစ်ပွားတတ်ပေမယ့် ရိုးရိုးရှင်းရှင်း ထပ်တူညီတာမျိုးတော့ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် လုံးဝ ထွက်သွားမှာ မဟုတ်ဘူး။ အင်ပါယာသစ် သွားတည်ထောင်ဖို့ ပိုလို့တောင် မလုပ်ဘူး။ “
ယွင်ကျုံးဟဲ့ ဖြည်းညင်းစွာ ထိုင်လိုက်ပြီး ပြောလိုက်သည်။ “မျက်နှာချင်း ဆိုင်ရလည်း ကောင်းတာပါပဲ။ ချက်ချင်းပဲ လှုပ်ရှားမယ်။ တိုက်ပွဲကို အလုံးစုံ အဆင့်မြှင့်တင်ပြီး အုပ်ချုပ်ရေးမှူး နှစ်ဦးကို ရာထူးကနေ ဆင်းအောင် လုပ်မယ်။”
……………….