← Chapters

အခန်း (၈၄၆-၈၄၇)

Vol. 45 Ch. 846-847

အခန်း (၈၄၆-၈၄၇)

Vol. 45 Ch. 846-847

အပိုင်း (၈၄၆) နှာဘူးကြီးဖန်၏ တစ်ယောက်ချင်းစီ အောင်နိုင်ရေး ဗျူဟာ။

နှစ်နာရီခန့် ကြာပြီးနောက်။

လီမြောင်ဟန်၏ အခန်းအတွင်းတွင်... ခြေသံလုံလုံဖြင့် လှုပ်ရှားနေသော ပုံရိပ်တစ်ခုသည် ကုတင်ပေါ်မှ တဖြည်းဖြည်း ဆင်းလာ၏။ သူ၏ အနီးအနားရှိ အလှပန်းလေးမှာ အိပ်မောကျနေပြီ ဖြစ်သည်။ ဖန်ကျန်းရီသည် အသက်ကို ပြင်းပြင်းအောင့်ထားပြီး... ဖိနပ်များကို ကောက်ယူကာ အပြင်ဘက်သို့ ခြေဖျားထောက်၍ လျှောက်သွား၏။

တံခါးကို တွန်းဖွင့်လိုက်ရာ ဂျီဟူသော အသံတစ်ချက် ထွက်ပေါ်လာသည်။

ဖန်ကျန်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး... နောက်သို့ တဖြည်းဖြည်း လှည့်ကြည့်လိုက်ရာ... ဆွဲဆောင်မှုရှိသော ကိုယ်လုံးအချိုးအစားနှင့် လှပသည့် ပုံရိပ်လေးတစ်ခု ထထိုင်နေပြီ ဖြစ်ကြောင်း မြင်လိုက်ရ၏။ ထို့နောက် မလိုလားသော အသံတစ်သံ ထွက်ပေါ်လာ၏။ "ရှင် ... ဘယ်သွားမလို့လဲ။ "

ဖန်ကျန်းရီက ဖြေလိုက်၏။ "ကိုယ် သေးသွားပေါက်မလို့။ "

ပြောပြီးသည်နှင့် သူသည် အပြင်သို့ လျှပ်တစ်ပြက် ထွက်ပြေးသွားသည်။

လီမြောင်ဟန်က လှမ်းအော်လိုက်၏။ "ဟွန့် ... ထွက်သွားပြီးရင် ပြန်မလာခဲ့နဲ့တော့။ "

ဖြူစင်လှပသော ပန်းထိုးဖိနပ်တစ်ရံသည် အနောက်မှ လိုက်ပါ ပျံသန်းလာပြီး... ပိတ်သွားပြီဖြစ်သော တံခါးကြီးကို ဒိုင်းခနဲ သွားမှန်သည်။

တံခါးဝတွင် သေဘေးမှ လွတ်မြောက်လာသော ဖန်ကျန်းရီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ... တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်နေဆဲ ဖြစ်ကြောင်း တွေ့ရ၏။ ဟင်း ... ဒီညတော့ နောက်ထပ် အခန်းတစ်ခန်းဆီသို့ သွားရောက်ပြီး ကိစ္စရပ်များကို တစ်ခုချင်းစီ ရှင်းပြရပေဦးမည်။

မိုးလင်းလင်းချင်း အချိန်တွင်... ဖန်ကျန်းရီသည် လော့နင်ရှင်း၏ အခန်းထဲမှ ယိမ်းထိုးယိုင်နဲ့စွာ ထွက်လာခဲ့ပြီးနောက်... အားပါးတရ အကြောဆန့်လိုက်၏။ တစ်ညလုံး မိန်းမလှလေးများနှင့် ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရသဖြင့်... ကျင်းတိုင်းပြည်နှင့် ပြန်လမ်းတစ်လျှောက်လုံးတွင် ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ မပြောဘဲ မနေနိုင်အောင်ပင် ဤမြင်းအားတိုးဆေးမှာ အလွန်အမင်း အစွမ်းထက်လှသည်။ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်သွားသော်လည်း လုံးဝ အိပ်မငိုက်ချေ။

ဖန်ကျန်းရီသည် ခြံဝန်းအတွင်း ထိုင်နေရင်း စဉ်းစားနေမိ၏။ တကယ်ကို ကောင်းမွန်သော ပစ္စည်းပင် ဖြစ်သည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ကျောက်ကပ်ကို အသုံးပြုရခြင်း ဖြစ်ရာ... တစ်ကြိမ် နှစ်ကြိမ်ခန့် တိရစ္ဆာန် တစ်ကောင်လို ကျင့်သုံးလျှင် လုံလောက်ပြီ ဖြစ်၏။

ဤကဲ့သို့သော ဆေးမျိုးကို ဈေးကွက်အတွင်း အမြောက်အမြား တင်ပို့ရောင်းချရန်မှာ သေချာပေါက် မသင့်တော်လှချေ။ သေသေချာချာ သုတေသန မပြုလုပ်ရသေးဘဲ ရောင်းချခြင်းက... ပြည်သူများကို လိမ်လည် လှည့်ဖြားပြီး လူသတ်ပစ္စည်း ရောင်းချသလို ဖြစ်နေမည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ ဘေးထွက်ဆိုးကျိုးများမှာ မသေချာသော အခြေအနေတွင် ရှိနေသေးသည်။

အချိန်အနည်းငယ် ကြာပြီးနောက်... အစေခံတစ်ဦးက ဖန်ကျန်းရီအား နံနက်စာ သုံးဆောင်ရန် လာရောက် ခေါ်ဆောင်၏။

နံနက်စာကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ရာ... ဆန်ပြုတ်နှင့် ဟင်းရံအနည်းငယ်သာ ဖြစ်သည်။ လီမြောင်ဟန်နှင့် တခြားသူများလည်း အခန်းထဲမှ ထွက်လာကြပြီး... လော့နင်ရှင်းမှလွဲ၍ ကျန်သူများ အားလုံးက ဖန်ကျန်းရီအား မလိုလားသော အကြည့်များဖြင့် ကြည့်ပြီးမှသာ ထိုင်လိုက်ကြ၏။ အတူတူ အိပ်နေရင်း သန်းခေါင်ယံ အချိန်ကြီးမှာ ထွက်ပြေးသွားခြင်းက... တကယ်ကို လူမဆန်သော လုပ်ရပ်ပင် ဖြစ်တော့သည်။

ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ရှောင်ထောင်အား မေးလိုက်၏။ "ချင်ဟန်တို့ကို ဘယ်မှာ နေရာချထားပေးလိုက်လဲ။ သူတို့ မနက်စာ စားပြီးကြပြီလား။ "

ရှောင်ထောင်က ဆန်ပြုတ်ကို အေးဆေးစွာ သောက်ရင်း ပြန်ဖြေသည်။ "ချင်ဟန်တဲ့ ... ခေါ်လိုက်တာက တကယ်ကို ရင်းနှီးနေတာပဲ။ သူတို့ကို တောင်ဘက် အဆောင်မှာ ထားတယ်။"

ရွှေယီပိုင်က ခံစားမှုမဲ့သော မျက်နှာဖြင့် ထိုစကားကို ထပ်မံ ရွတ်ဆိုပြ၏။ "ချင်ဟန်တို့ကို ဘယ်မှာ နေရာချထားပေးလိုက်လဲ။ သူတို့ မနက်စာ စားပြီးကြပြီလား။ "

လီမြောင်ဟန်ကလည်း လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။ "ချင်ဟန်တို့ကို ဘယ်မှာ နေရာချထားပေးလိုက်လဲ။ သူတို့ မနက်စာ စားပြီးကြပြီလား။ "

လော့နင်ရှင်း တစ်ယောက်သာ ပုံမှန်အတိုင်း ရှိနေခဲ့၏။ ဖန်ကျန်းရီသည် သူ၏ ဦးခေါင်းကို ပန်းကန်လုံးထဲသို့ တဖြည်းဖြည်း မြှုပ်နှံထားလိုက်သည်။ တကယ်ကိုပဲ ထင်ထားသလောက် မလွယ်ကူလှချေ။ တစ်ညလုံး နတ်ဆိုးနှိမ်နင်းရေး လုပ်ဆောင်ခဲ့သည့် ရလဒ်မှာ သိပ်မကောင်းလှကြောင်း ပေါ်လွင်နေ၏။ ယခုခေတ် အမျိုးသမီးများ၏ သဝန်တိုမှုက ဤမျှအထိ ပြင်းထန်နေသည်လား။

ဤသည်မှာ ယောကျာ်းများ ကြီးစိုးသော လူ့အဖွဲ့အစည်းပင် ဖြစ်၏။ ဇနီးသည်က စည်းကမ်းမရှိလျှင် အာဏာဖြင့် ဖိနှိပ်ရမည်။ ဇနီးသည်က လိမ္မာရေးခြား မရှိလျှင် လက်သီးဖြင့် ထိုးကြိတ်ရမည်။ ဇနီးသည်က အမိန့်မနာခံလျှင် ဦးခေါင်းကို ခွဲပစ်ရမည် ...။

သောက်ကျိုးနည်း … အဲလိုတော့ လုပ်လို့မဖြစ်ဘူး။

ဖန်ကျန်းရီသည် ရင်ထဲတွင် ဆက်တိုက် ရေရွတ်နေမိ၏။

ကမ္ဘာကူးလာသူ တစ်ဦးအနေဖြင့်... သူ၏ ဖြောင့်မတ်မှန်ကန်လွန်းသော စိတ်ကူးအယူအဆများက တကယ်ကို ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုဖြစ်နေခဲ့ပြီး... အိမ်ရှိ အမျိုးသမီးများကို အလိုလိုက်ထားမိသလို ဖြစ်နေရာ... ဘဝနေထိုင်မှုမှာ အနည်းငယ် ကျရှုံးနေခဲ့သည် မဟုတ်ပါလား ...။

အလွန်တရာ ကျော်ဖြတ်ရ ခက်ခဲလှသော နံနက်စာ စားသုံးချိန် ပြီးဆုံးသွားသောအခါ... လူအများလည်း လူစုကွဲသွားကြ၏။ ဖန်ကျန်းရီသည် တောင်ဘက်အဆောင်ရှိ ဘယ်ညာ အခန်းနှစ်ခန်းဆီသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။ တံခါးပေါက်တွင် ရပ်နေရင်း ဖန်ကျန်းရီသည် ချက်ချင်း ဝင်ရောက်ခြင်း မပြုသေးဘဲ သေသေချာချာ စဉ်းစားနေမိ၏။

ယခင်က သူ၏ သဘောထား တင်းမာလွန်းမှုကြောင့် ညီအစ်မနှစ်ဦးကို လန့်သွားစေခဲ့ရာ... ဤတစ်ကြိမ်တွင်တော့ သေချာစွာ ပြောဆိုပြီး... ဗျူဟာအချို့ အသုံးပြုကာ တစ်ယောက်ချင်းစီကို ထိုးဖောက် အောင်နိုင်ရမည်။ သို့မှသာ နောက်ဆုံးတွင် နှစ်ဦးစလုံး သဘောမကျဖြစ်ကာ ဇာတ်သိမ်း မလှမပ ဖြစ်မည့် အရေးမှ ကင်းဝေးစေမည်။

စဉ်းစားပြီးစီးသွားသောအခါ ဖန်ကျန်းရီသည် တံခါးကို ခေါက်လိုက်တော့သည်။

တံခါးပွင့်လာပြီးနောက်... အဝတ်အစားသစ် လဲလှယ်ထားသော ချူချင်ဟန်သည် တံခါးဝတွင် လှပစွာ ရပ်နေ၏။ အစိမ်းနုရောင် ဂါဝန်လေးတစ်စုံနှင့်အတူ အလွန်တရာ တောက်ပ လှပနေပုံရသည်။

ဖန်ကျန်းရီသည် တည်ငြိမ်စွာပင် ခေတ္တမျှ ငေးမော ကြည့်ရှုလိုက်ပြီးနောက်... လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးဆေးစွာ အခန်းထဲသို့ ဝင်ရောက်လာပြီး စားပွဲဘေးတွင် ထိုင်လိုက်၏။

ချူချင်ဟန်၏ အမူအရာမှာ အနည်းငယ် စိုးရိမ်နေဟန် ပေါ်နေပြီး မေးလိုက်သည်။ "အမတ်မင်းဖန် ... ကိစ္စရှိလို့လား။ "

ဖန်ကျန်းရီက ပြန်ပြော၏။ "အရင်ကိစ္စပါပဲ။ မင်း စဉ်းစားလို့ ပြီးပြီလား။ "

ချူချင်ဟန်၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားခဲ့သည်။

စဉ်းစားမယ် ဟုတ်လား။ စဉ်းစားစရာ အချိန်ကျန်သေးလို့လား။ ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ကို လက်ထပ်ရမှာပဲလေ ... လူကို ဟိုမရောက် ဒီမရောက် အကျပ်ရိုက်စေမည့် အစား... ရှင် အတင်းအဓမ္မ လက်ထပ်လိုက်တာကမှ ပိုကောင်းအုံးမယ်။

သူမက သတိထား၍ ဟန်ဆောင်မေးလိုက်သည်။ "အမတ်မင်းဖန် ... အရင်က ပြောခဲ့တာတွေက နောက်ပြောင်နေတာ မဟုတ်ဘူးလား။ "

ဖန်ကျန်းရီက လေးနက်စွာ ပြန်ပြော၏။ "သေချာပေါက် နောက်ပြောင်နေတာ မဟုတ်ဘူး။ ချင်ဟန် ... မင်းတို့ ညီအစ်မနှစ်ယောက် အပြင်ဘက်မှာ ဆက်ပြီး ဒုက္ခရောက်နေတာကို ကျုပ် မမြင်ချင်ဘူး။ ဒါကြောင့် အရင်က စကားပြောတာ နည်းနည်း လောသွားခဲ့တယ်။ ဒါပေမဲ့ ကျုပ် ပြောခဲ့သမျှ စကားတွေ အားလုံးက ရင်တွင်းဖြစ် စကားစစ်၊ စကားမှန်တွေချည်းပဲ။ အခု မင်းကို တစ်ခွန်းပဲ မေးချင်တယ်။ မင်းရင်ထဲမှာ ကျုပ်အပေါ် ခံစားချက် ရှိသလား... မရှိဘူးလား။ "

ချူချင်ဟန်သည် အင်္ကျီစကို ဆွဲချေနေမိပြီး... လှပသော မျက်နှာလေးမှာ နီမြန်းလာ၏။ ဤမျှအထိ တိုက်ရိုက်ကြီး မေးနေလျှင် ဘယ်လိုလုပ် ဖြေရပါမည်နည်း။

အလွန်အမင်း ရှက်သွေးဖြာသွားပြီးနောက်... ချူချင်ဟန်သည် နောက်ဆုံးတွင်တော့ ခက်ခက်ခဲခဲပင် ခေါင်းယမ်းပြလိုက်သည်။

ဖန်ကျန်းရီ၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွား၏။ "ကျုပ်ကို လိမ်လို့ရပေမဲ့ .. ကိုယ့်ကိုယ်ကိုယ်တော့ မလိမ်ပါနဲ့။ ပြန်ပြောစမ်းပါ။"

"..... "

ချူချင်ဟန်မှာ ရှက်ရွံ့ဒေါသထွက်လွန်းသဖြင့် သေချင်စိတ်ပင် ပေါက်သွားခဲ့ပြီး... သွယ်လျလှပသော လက်နှစ်ဖက်ကို ဖြူဆွတ်သွားသည်အထိ ဆုပ်ကိုင်ထားမိသည်။... နောက်ဆုံးတွင်တော့ ရွေးချယ်စရာ မရှိတော့ဘဲ ခေါင်းညိတ်ပြလိုက်ရတော့သည်။

ဖန်ကျန်းရီသည် စားပွဲကို ဒိုင်းခနဲ ရိုက်လိုက်၏။ "ကောင်းပြီလေ ... ဒါဆိုလည်း နေ့ကောင်းရက်သာ ရွေးပြီး လက်ထပ်ကြတာပေါ့။ မနက်စာ မစားရသေးတော့ မင်း ဗိုက်ဆာနေလောက်ပြီ။ ကျုပ် လူလွှတ်ပြီး အစားအသောက် နည်းနည်း ပို့ခိုင်းလိုက်မယ်။ "

ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် လှည့်ထွက်သွားရန် ပြင်လိုက်၏။

ချူချင်ဟန်က တားလိုက်သည်။ "အမတ်မင်းဖန် ... ကျွန်မကို ထပ်ပြီး စဉ်းစားခွင့် ပြုလို့ မရဘူးလား။ "

ဖန်ကျန်းရီသည် ခြေလှမ်းများကို ရပ်တန့်လိုက်၏။ "ဘာတွေ စဉ်းစားနေအုံးမလို့လဲ။ "

ချူချင်ဟန်သည် ခေါင်းကို ဆက်တိုက် ယမ်းပြနေမိပြီး... စိတ်နှလုံးများ ရှုပ်ထွေးနေခဲ့သည်။ "မသိတော့ဘူး ... ရှင်က အမြဲတမ်း အမျိုးသမီးတွေကို လေးစားပါတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ကျေးဇူးပြုပြီး ချင်ဟန်ကို အချိန်နည်းနည်းလောက် ပေးပါ။"

ဖန်ကျန်းရီသည် သေသေချာချာ စဉ်းစားကြည့်လိုက်၏။

ချူချင်ဟန်သည် အမြဲတမ်း ကိုယ်ပိုင် အဆုံးအဖြတ် ရှိသော အမျိုးသမီး တစ်ဦးဖြစ်ရာ... ဆက်တိုက်ကြီး တင်းမာနေမည် ဆိုလျှင်လည်း ကောင်းသောကိစ္စ မဟုတ်ချေ။ အကယ်၍ စိတ်ရာဇဝင်တစ်ခုခု ကျန်ရစ်ခဲ့မည် ဆိုပါက ပို၍ပင် အကျည်းတန်သွားပေလိမ့်မည်။

ထို့ကြောင့် သူသည် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "ဒါလည်း ကောင်းတာပါပဲ။ ကျုပ်က သေချာပေါက် မင်းကို လေးစားပါတယ်။ ဖြည်းဖြည်းချင်း စဉ်းစားပါ။ နောက်ရက်အနည်းငယ် ကြာရင် ကျုပ် မြို့တော်ကို ပြန်ပြီး ကျောက်လင်လုံနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားတယ်။ အရင်တုန်းက ရွှေတိုင်းပြည်မှာ အမျိုးသမီးတွေ လွတ်လွတ်လပ်လပ် ကျောင်းတက်ခွင့် ရှိတယ်လို့ သူ့ကို ပြောခဲ့ဖူးတယ်။ ကျုပ်က အရှေ့ ဆင်ခြေဖုံး တက္ကသိုလ်ထဲမှာ အမျိုးသမီးကျောင်းတော် တစ်ခု ဖွင့်လှစ်တော့မလို့။ မင်း စိတ်ဝင်စားရင် အတူတူ လိုက်ခဲ့လို့ ရတယ်။"

ချူချင်ဟန်သည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် တင်ထားလိုက်ပြီး... မျက်လုံးများတွင် အံ့အားသင့်မှုများ ပါဝင်လာ၏။ "တကယ်လား ... အမျိုးသမီးကျောင်းတော်။ "

ဖန်ကျန်းရီက ပြန်ဖြေသည်။ "သေချာပေါက် တကယ်ပေါ့။ ကျုပ်က အမြဲတမ်း ကတိတည်တဲ့လူပါ။ အရင်တုန်းက လင်လုံကို အဲဒီလို ပြောခဲ့တာက အခြေအနေအရ ပြောခဲ့ရတာ ဖြစ်ပေမဲ့ .. သူ့ကို လိမ်ဖို့တော့ မတွေးခဲ့ပါဘူး။ လက်ရှိ အခြေအနေက အဲဒီလို မဟုတ်သေးဘူး ဆိုပေမဲ့... ကြိုးစားရင် ဖြစ်လာနိုင်ပါတယ်။ ငါတို့တွေ အဲဒီ ဦးတည်ချက်အတိုင်း ကြိုးစားသွားကြလို့ ရတယ်။"

"တကယ်ကို အောင်မြင်နိုင်ပါ့မလား။"

ချူချင်ဟန် အနေဖြင့် ဖန်ကျန်းရီက အမျိုးသမီးများ၏ဘက်မှရပ်တည်ကာ ဤစကားများကို ပြောဆိုပေးနိုင်ခြင်း အပေါ် လေးစားမိသော်လည်း... ဤကိစ္စမှာ လောကကြီးကို အံ့ဩတုန်လှုပ်သွားစေမည့် ကိစ္စဖြစ်နေရာ... သူမ စိတ်ကူးပင် မကြည့်ရဲချေ။

သူမ၏ မျက်လုံးလေးများ တောက်ပနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြုံးလိုက်၏။ "ကျုပ်သာ အောင်မြင်အောင် လုပ်ပြနိုင်ရင်... မင်း ကြည်ကြည်ဖြူဖြူနဲ့ ကျုပ်ကို လက်ထပ်မလား။ "

ဒါက ... ဘယ်လိုလုပ်ပြီး ဒီအကြောင်းအရာဆီ ပြန်ရောက်သွားရပြန်တာလဲ။

ချူချင်ဟန်မှာ ထပ်မံ ရှုပ်ထွေးသွားရပြန်၏။ သို့သော်ငြား ဖန်ကျန်းရီ သူမအား စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ... ပါးပြင်နှစ်ဖက်မှာ ပြန်လည် နီမြန်းလာသည်။ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးနောက် ခေါင်းမော့ကာ ပြောလိုက်သည်။ "ကောင်းပြီလေ ... ကတိတည်ပါစေ။ "

ဖန်ကျန်းရီ၏ ရင်ထဲတွင် ဝမ်းသာသွားခဲ့ပြီး... အခွင့်အရေး ရတုန်း ဆက်လက် တောင်းဆိုလိုက်၏။ "ဒါဆို ယိုယီ့ဘက်ကရော ..."

ချူချင်ဟန်က ဖြတ်ပြောလိုက်သည်။ "အဲဒါက ယိုယီ့ရဲ့ ကိစ္စပါ။ သူကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်။ အမတ်မင်းဖန် ... ကျေးဇူးပြုပြီး အပြင်ထွက်ပေးပါ။ လူပျိုနဲ့ အပျို နှစ်ယောက်တည်း အခန်းတစ်ခန်းထဲမှာ အတူရှိနေတာက သိပ်မသင့်တော်ဘူး။ "

မည်သို့ ဖြစ်သွားမှန်း မသိချေ။ ချူချင်ဟန်၏ မျက်နှာလေး တင်းမာသွားပြီး နှင်ထုတ်တော့၏။

ဖန်ကျန်းရီမှာ ရှက်ကိုးရှက်ကန်းဖြင့်သာ ထွက်ခွာသွားရပြီး... ပိတ်သွားသော တံခါးကြီးကို ကြည့်ကာ အခြားတစ်ဖက်သို့ အကြည့်ရွှေ့လိုက်သည်။ ချူယိုယီ ဆိုသော ကောင်မလေးကတော့ ကိုင်တွယ်ရ အများကြီး ပိုလွယ်ကူပေသည်။ ချူချင်ဟန် အကူအညီ မပေးလျှင် ကိုယ်တိုင်ကိုယ်ကျ... အကြမ်းနည်းကို တိုက်ရိုက် သုံးလိုက်ရုံပင်။

ချူယိုယီ၏ တံခါးပေါက် ပွင့်လာချိန်မှာတော့ ဖန်ကျန်းရီသည် စကားတစ်ခွန်းမျှ မပြောဘဲ အထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့၏။

သူ အခန်းထဲတွင် ရပ်ကာ မိမိအား စိုက်ကြည့်နေပြီး စကားမပြောသည်ကို မြင်သောအခါ... ချူယိုယီက ကြောက်ရွံ့စွာ မေးလိုက်သည်။ "အစ်ကိုဖန် ... ဘာလုပ်မလို့လဲ။ "

ဖန်ကျန်းရီက တည်ကြည်စွာ ပြန်ပြော၏။ "ဘာလုပ်ရအုံးမှာလဲ။ ယိုယီ ... တကယ်ပြောတာပါ။ ကျုပ် မင်းကို သဘောကျတယ်။ ပထမဆုံးအကြိမ် မြင်ကတည်းက သဘောကျခဲ့တာ။ "

"အာ ..." ချူယိုယီသည် လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ဖက်ထားရင်း နောက်သို့ နှစ်လှမ်းဆုတ်သွားခဲ့ပြီး... ရင်ထဲတွင် အလွန်အမင်း လှုပ်ရှားသွားခဲ့၏။ ဖန်ကျန်းရီ တစ်ယောက် အခန်းထဲ ဝင်ဝင်ချင်း ချစ်ခွင့်ပန်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဖန်ကျန်းရီက ဆက်ပြောသည်။ "ကျုပ်က ပညာတတ်တယ်... ရာထူးမြင့်တယ်... ရုပ်ဖြောင့်တယ် ဆိုတာကို ကိုယ်သိပါတယ်။ မင်းကတော့ သာမန်ပြည်သူ တစ်ယောက်ပဲ... ပညာလည်း မတတ်ဘူး။ ဒါပေမဲ့ မင်းက တအားကြီးလည်း မအဘူး... မညံ့ဘူး။ ကျုပ်နဲ့ လက်ထပ်ဖို့ အတိအကျ သင့်တော်နေတယ်။ မင်းသာ ကျုပ်ကို လက်ထပ်ဖို့ သဘောတူမယ် ဆိုရင်... ကျုပ် ရင်ထဲ အသည်းထဲကနေ တစ်သက်လုံး မင်းအပေါ် ကောင်းကောင်းမွန်မွန် ထားပေးပါ့မယ်။ "

"..." ချူယိုယီ၏ မျက်လုံးများမှာ ပြူးကျယ် ငေးမောသွား၏။

ဖန်ကျန်းရီက မေးလိုက်သည်။ "မင်း စကားမပြောတာက သဘောတူတာပဲ။ သဘောတူတယ် ဆိုတာ ကျုပ်ကို သဘောကျလို့ပေါ့။ အဲဒါက ကျုပ်ကို လက်ထပ်ဖို့ လက်ခံလိုက်တာပဲ မဟုတ်လား။ "

"မဟုတ်ပါဘူး ..." ချူယိုယီမှာ ဝမ်းနည်းလွန်းသဖြင့် ငိုတော့မည့်ဟန် ပေါ်နေ၏။ တစ်သက်လုံးတွင် ဤကဲ့သို့သော ကိစ္စမျိုးကို မကြုံဖူးခဲ့ရာ... စဉ်းစားရန်ပင် အချိန်မရလိုက်ချေ။

ဖန်ကျန်းရီက တစ်လှမ်းချင်း ရှေ့တိုးလာသည်။ "ယိုယီ ... မင်း အကျပ်မရိုက်ပါနဲ့။ ဒီကိစ္စမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိမှ ဖြစ်မှာပါ။ ဘယ်သူကမှ ဘယ်သူ့ကို အတင်းအကျပ် လုပ်လို့မရဘူး။ အရင်တုန်းက ရွှေတိုင်းပြည်မှာ ကျုပ်က မင်းနဲ့ မင်းအစ်မအတွက် စိတ်ပူလွန်းလို့သာ အဲဒီလို စကားမျိုးတွေ ပြောခဲ့မိတာပါ။ အကယ်၍ မင်း သဘောမတူဘူး ဆိုရင်... အခုချက်ချင်း ထွက်သွားမယ်။ ပြီးရင် လူလွှတ်ပြီး မင်းကို ယူတိန့်မြို့ဆီ ပြန်ပို့ပေးမယ်။ ကျုပ်တို့နှစ်ယောက် နောက်ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူး။ အခု မင်းကို စဉ်းစားဖို့ နံ့သာတစ်တိုင်စာ အချိန်ပေးမယ်။ ကျုပ်ကို အဖြေတစ်ခု ပြန်ပေးပါ။"

နံ့သာတစ်တိုင်စာ အချိန် ဟုတ်လား။ ချူယိုယီ၏ အသက်ရှူသံများ မြန်ဆန်လာပြီး... မျက်လုံးများတွင် မျက်ရည်စများ ဝဲလာ၏။ ဤမျှ တိုတောင်းလှသော အချိန်လေးအတွင်း ဘယ်လိုလုပ် ဆုံးဖြတ်ရပါမည်နည်း။

နောင်ကျလျှင်လည်း ဘယ်တော့မှ ပြန်မတွေ့တော့ဘူးဟု ပြောနေသေးသည်။ အစ်မဖြစ်သူကရော ဘယ်လိုနေမလဲ။ သူမက ယူတိန့်မြို့ကို ပြန်သွားပြီး... အစ်မက မြို့တော်မှာ ကျန်ခဲ့ကာ အမတ်မင်းဖန်ကို လက်ထပ်မည်လား။

သုံးစက္ကန့်ခန့် အချိန် ကုန်လွန်သွားပြီးနောက်... ဖန်ကျန်းရီသည် ချူယိုယီ၏ အရှေ့သို့ ရုတ်တရက် လှမ်းတက်လာ၏။ "အချိန်စေ့သွားပြီ။ ပြတ်ပြတ်သားသား ပြောစမ်းပါ။ မင်း လက်ထပ်မှာလား... မလက်ထပ်ဘူးလား။ "

ချူယိုယီမှာ နေရာတွင်တင် ဂနာမငြိမ် ဖြစ်သွားပြီး အော်ပြောလိုက်သည်။ "ကျွန်မ ... ကျွန်မ ... နံ့သာတစ်တိုင်စာ အချိန်လို့ ပြောထားတယ် မဟုတ်လား။ "

အချိုးမပြေသူများကို မြင်ဖူးခဲ့သော်လည်း... ဤမျှအထိ အချိုးမပြေသူကိုတော့ လုံးဝ မမြင်ဖူးခဲ့ချေ။

ဖန်ကျန်းရီက ပြတ်သားစွာ ပြောလိုက်၏။ "ပြောစမ်းပါ။ မင်းအစ်မက ကျုပ်ကို လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ မင်း သဘောမတူဘူး ဆိုရင်... ကျုပ် အခုချက်ချင်း လူလွှတ်ပြီး မင်းကို ယူတိန့်မြို့ဆီ ပြန်ပို့ခိုင်းလိုက်မယ်။ "

ချူယိုယီက ငိုယိုကာ ဖြေလိုက်မိသည်။ "ကျွန်မ ... လက်ထပ်ပါ့မယ်။ "

အပိုင်း (၈၄၇) - လူလိမ်ကြီးဖန်နှင့် ထပ်မံဆုံတွေ့ခြင်း။

ခုနစ်ရက်တာ ကာလအတွင်း...

ဖန်ကျန်းရီသည် မိမိကိုယ်ကို အားလပ်ရက် အရှည်ကြီး တစ်ခု ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် တောက်ယွမ်ခရိုင်၏ ဂိတ်တံခါးများကို ပိတ်ထားလိုက်ပြီး ပြင်ပလူများကို နှင်ထုတ်ကာ တိတ်တဆိတ် မင်္ဂလာပွဲ လေးပွဲကို အကြီးအကျယ် ကျင်းပခဲ့သည်။ တခြားအမျိုးသမီးများကို တာဝန်ကျေပွန်အောင် တုံ့ပြန်ပေးလိုက်ခြင်းပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူ၏ စိတ်ကူးအယူအဆများမှာ မှန်ကန်လွန်းနေသဖြင့် ဇနီးသည် အများအပြား ရှာဖွေထားမိခြင်းအပေါ် ရင်ထဲတွင် အပြစ်မကင်းသလို ခံစားနေရရာ... မင်္ဂလာဆောင်ပွဲလေး တစ်ပွဲကိုမျှ ပြန်လည် မကျင်းပပေးနိုင်ဘူး ဆိုလျှင် တကယ်ကို အားနာစရာ ကောင်းနေပေမည်။ ထို့အပြင် အစောပိုင်းလည်း သူမတို့ကို ကတိပေးထားခဲ့ပြီး ဖြစ်သည်။

ခရိုင်အတွင်းရှိ အမှုထမ်းများနှင့် အရာရှိငယ်များ အားလုံးမှာ အိတ်ကပ်များ ဖောင်းကားသွားသည်အထိ လက်ဆောင်ငွေများ ရရှိခဲ့ကြသည်။ ဖန်ကျန်းရီ အနေဖြင့် ဧည့်ခံကျွေးမွေးစရိတ်များကို ပြန်လည် ကောက်ခံမည် မဟုတ်သည်မှာ သေချာလှ၏။ တောက်ယွမ်ခရိုင်၏ ဂုဏ်သိက္ခာမှာ ဤနေရာတွင် ရှိနေပြီးဖြစ်ရာ... အမှန်တကယ်ပင် ငွေကြေး အမြောက်အမြား ကုန်ကျသွားခဲ့ရ၏။

လီမြောင်ဟန်မှလွဲ၍ ကျန်ရှိသော အမျိုးသမီးများအတွက် ဖန်ကျန်းရီသည် သင်္ကေတသဘောမျိုးဖြင့် တင်တောင်းငွေအချို့ကိုပါ ထပ်မံ ဖြည့်ဆည်းပေးခဲ့၏။ ကံကောင်းချင်တော့ မည်သူ့တွင်မျှ မိဘများ မရှိကြချေ။ သို့မဟုတ်ပါက သူသည် မျက်နှာရရေးအတွက် ကျန်းရှီးပြည်နယ်၏ စံနှုန်းများအတိုင်း အတိအကျ လုပ်ဆောင်ရပေလိမ့်မည်။ ထိုအခါကျလျှင် သာမန် ငွေကုန်ကြေးကျများခြင်းလောက်နှင့် ပြီးဆုံးတော့မည် မဟုတ်ချေ။

ချူယိုယီနှင့် ချူချင်ဟန်တို့သည် လုပ်ငန်းစဉ် တစ်လျှောက်လုံးကို အံ့ဩတကြီးဖြင့် ကြည့်ရှုနေခဲ့ကြ၏။ မင်းသမီး၏ ခင်ပွန်း တစ်ဦးဖြစ်သော ဖန်ကျန်းရီ အနေဖြင့် တခြားသော မယားငယ်များကိုပါ ဤမျှအထိ ပွင့်ပွင့်လင်းလင်း မင်္ဂလာ ထပ်မံ ဆောင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။ ကြည့်ရသည်မှာ တူညီသော အဆင့်အတန်း စံနှုန်းများအတိုင်းပင် ဖြစ်၏။

ဖန်ကျန်းရီက သူသည် အမျိုးသမီးများ အားလုံးအပေါ် တန်းတူညီမျှ ဆက်ဆံကြောင်းကို အစောပိုင်းကတည်းက ပြောပြခဲ့ဖူးသော်လည်း ဤကဲ့သို့သော ကိစ္စကြီးက မျက်စိရှေ့တွင် အမှန်တကယ် ဖြစ်ပျက်လာချိန်မှာတော့ အချိန်အတော်ကြာသည်အထိ နားလည် လက်ခံနိုင်စွမ်း မရှိခဲ့ကြချေ။

ဖန်ကျန်းရီသည် ချူယိုယီအား တိုက်ရိုက် လက်ထပ်လိုက်ရန် စိတ်ကူးထားခဲ့ပြီး စိတ်အနှောင့်အယှက် တစ်ခု လျော့နည်းသွားစေရန် ရည်ရွယ်ခဲ့သည်။ သို့ပေမည့် ညီအစ်မနှစ်ဦး ယှဉ်တွဲ ရပ်နေကြသည်ကို မြင်လိုက်ရချိန်မှာတော့ မသန့်ရှင်းသော အတွေးဆိုးများက အလိုအလျောက် ထွက်ပေါ်လာပြန်၏။

‘သေသေချာချာ စဉ်းစားကြည့်ပြီးတော့ ... ထပ်ပြီး သည်းခံလိုက်အုံးမယ်။ တစ်ယောက်က တီဖာပုံစံ ဝတ်ဆင်ပြီး နောက်တစ်ယောက်က ကာမီဆာတို အာယာကာ ပုံစံ ဝတ်ဆင်ခိုင်းရမယ်။ အချိန်ရရင် လူရှာပြီး အဝတ်အစားတွေကို သေချာပုံစံထုတ်ခိုင်းရမယ်’ ဖန်ကျန်းရီသည် တိတ်တဆိတ် တွေးတောနေမိသည်။

ခုနစ်ရက် ကုန်လွန်သွားပြီးနောက်မှသာ ဖန်ကျန်းရီသည် အမျိုးသမီးများကို ခေါ်ဆောင်ကာ ကျောက်လင်လုံအား တွေ့ဆုံရန် မြို့တော်သို့ ပြန်လာခဲ့၏။ ရွှေတိုင်းပြည် စစ်ရှုံးသွားသည့် ကိစ္စမှာ သတင်းစာတိုက်များမှတစ်ဆင့် ပြည်သူများကြားသို့ ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း ဤအကြောင်းအရာကို ဆွေးနွေးပြောဆိုနေကြသည့် အရှိန်အဟုန်မှာ ပြိုင်ဘက်ကင်းနေဆဲ ဖြစ်၏။

ရေတွက်၍မရနိုင်သော ပြည်သူများမှာ ပျော်ရွှင်ကြည်နူးနေကြပြီး တံခါးဝတွင် မီးအိမ်နီကြီးများကိုပင် ချိတ်ဆွဲထားကြသည်။ မြို့တော်တစ်ခုလုံး၏ လေထုမှာ ပွဲတော်ရက်တစ်ခုအတွင်း ကျရောက်နေသကဲ့သို့ ရှိနေသည်။

သို့ပေမည့် ဝမ်းသာသူ ရှိသလို... ဝမ်းနည်း ပူဆွေးနေသူများလည်း ရှိတတ်စမြဲပင်။

ကျောက်လင်လုံသည် မြို့တော်ရှိ အိမ်တော်အတွင်းတွင် နေထိုင်ရင်း ရေကန်ဘေး၌ တိတ်ဆိတ်စွာ ထိုင်ကာ ရေထဲတွင် ကူးခတ်နေသော ရွှေငါးလေးများကို ငေးမော ကြည့်နေမိသည်။ မျက်လုံးများမှာ တည်ငြိမ် သက်ဝင်မှု မရှိချေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အကြီးအကျယ် ပိန်ချုံးသွားခဲ့ပြီး မူလက ဝိုင်းစက်နေသော မျက်နှာလေးမှာ ပါးချိုင့်များပင် ချိုင့်ဝင်နေခဲ့ပြီ ဖြစ်၏။

ဤနေရာတွင် အစားအသောက် ကောင်းမွန်စွာ စားသောက်နေရပြီး မည်သူကမျှ သူမအား နှိပ်စက်ခြင်း မရှိခဲ့ချေ။ သို့ပေမည့် သူမသည် ရွှေတိုင်းပြည်မှ လူတစ်ယောက် ဖြစ်နေခဲ့ရာ တိုင်းပြည်နှစ်ခု စစ်ဖြစ်ပွားချိန်တွင် ဖန်ထိုက်မြို့၏ လက်ရှိ အခြေအနေက ဘယ်လိုရှိမည်နည်း၊ အိမ်ရှိ မိဘများကရော အမှန်တကယ် ဘယ်လိုနေကြမည်နည်း ဆိုသည်ကို သူမ တစ်ခုမျှ မသိရှိရချေ။ လုပ်နိုင်သည်မှာ တစ်ယောက်တည်း ထိုင်၍ စိုးရိမ်ပူပန်နေရန်သာ ရှိတော့၏။ သူမ တစ်ယောက်တည်း ဝမ်းနည်း ပူဆွေးနေချိန်တွင် နောက်ကျောဘက်၌ လူရိပ်အချို့ တိတ်တဆိတ် ရပ်နေပြီ ဖြစ်ကြောင်းကို လုံးဝ သတိမထားမိခဲ့ချေ။

ထို့နောက် ရင်းနှီးနေသလိုလို စိမ်းကားနေသလိုလို ရှိသော အသံတစ်သံက နားဘေးမှ ထွက်ပေါ်လာသည်။

"လင်လုံ ... မတွေ့ရတာ ကြာပြီနော်။"

ကျောက်လင်လုံ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပြီး နောက်သို့ အမြန်လှည့်ကြည့်ကာ အလန့်တကြား အော်ဟစ်လိုက်၏။ "အမတ်မင်းဖန် …."

ဖန်ကျန်းရီ တစ်ယောက်တည်း မဟုတ်ဘဲ ချူချင်ဟန်နှင့် ချူယိုယီတို့ပါ ပါဝင်နေသည်။ ကျောက်လင်လုံ၏ မျက်နှာ အသွင်အပြင်မှာ အလွန်အမင်း ဆိုးရွားနေသည်ကို မြင်သောအခါ ဖန်ကျန်းရီ အနေဖြင့် အနည်းငယ် ရှက်ရွံ့သွားမိသည်မှာ အမှန်ပင်။

"အင်း ... မင်း ပိန်သွားတယ်။ ဘာဖြစ်လို့လဲ။ မြို့တော်ထဲမှာ မင်းကို နှိပ်စက်တဲ့လူ ရှိလို့လား။"

ကျောက်လင်လုံသည် ကြောင်အမ်းအမ်းဖြင့် စကားမပြောဘဲ ရှိနေပြီး ဘာပြောရမည်မှန်းလည်း မသိချေ။ ပျော်ရွှင်နေသလားဟု မေးလျှင် မပျော်ရွှင်ပါချေ။ သူမက ဖန်ကျန်းရီ ပြောပြသော ပုံပြင်များကို နားထောင်ရန် နှစ်သက်ခဲ့သည် ဆိုသော်လည်း မည်သို့ပင်ဖြစ်စေ အားလုံးက အတုအယောင်များသာ ဖြစ်ပြီး သူ၏ လိမ်လည်လှည့်ဖြားမှုကြောင့် အဝေးကြီးမှနေ၍ တာ့ကျင်းဆီသို့ ရောက်လာခဲ့ရခြင်း ဖြစ်၏။ မုန်းတီးနေသလားဟု မေးလျှင်... မုန်းတီးနေ၍ရော အသုံးကျပါမည်လား။ စစ်ပွဲကြီးက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ မိမိကဲ့သို့ အစေခံ ကောင်မလေး တစ်ယောက် အနေဖြင့် ဘာကို အားကိုး၍ တုံ့ပြန်နိုင်ပါမည်နည်း။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျောက်လင်လုံက စကားစတင် ပြောလိုက်သည်။

"ကျွန်မကို ဘယ်သူကမှ မနှိပ်စက်ပါဘူး။ အမတ်မင်းဖန် ... ကျွန်မ အိမ်ပြန်လို့ မရဘူးလား။ ရွှေတိုင်းပြည် စစ်ရှုံးသွားတယ်လို့ ကြားတယ်။ အိမ်က အခြေအနေတွေ ဘယ်လိုနေလဲ မသိရလို့ ..."

ဖန်ကျန်းရီက ပြန်ပြော၏။ "စိတ်မပူပါနဲ့။ မင်းအိမ်က ဖန်ထိုက်မြို့ အနီးအနားမှာ ရှိတယ် မဟုတ်လား။ စစ်ပွဲ စတင် ဖြစ်ပွားချိန်မှာ ဖန်ထိုက်မြို့ ပတ်ဝန်းကျင်က ပြည်သူတွေ အားလုံးကို မြို့ထဲဆီ ခေါ်ဆောင်သွားခဲ့ကြပြီးပြီ။ ကျုပ်တို့ တာ့ကျင်းရဲ့ တပ်တွေ ရောက်လာချိန်မှာတော့ စစ်ပွဲက ပြီးဆုံးနေခဲ့ပြီလေ။ ဒါကြောင့် ဖန်ထိုက်မြို့ထဲက ပြည်သူတွေ အားလုံးက ဘေးကင်းကြပါတယ်။ မင်းရဲ့ မိဘတွေလည်း အဲဒီအထဲမှာ ပါဝင်နေမှာ သေချာတယ်။

မင်း အိမ်ပြန်ချင်တဲ့ ကိစ္စကတော့ သေချာပေါက် ပြဿနာ မရှိပါဘူး။ မင်း အိမ်ပြန်ဖို့အတွက် ကျုပ် အချိန်မရွေး လူလွှတ်ပြီး ငွေကြေး ထပ်ပေးလိုက်လို့ ရတယ်။ ဒါပေမဲ့ မင်း အခုချက်ချင်း ပြန်သွားဖို့ကိုတော့ ကျုပ် အကြံမပြုချင်ဘူး။ လက်ရှိ ရွှေတိုင်းပြည် အတွင်းပိုင်းမှာ စည်းကမ်းသေဝပ်မှုတွေ ပျက်ပြားနေတယ်။ ပြီးတော့ ကျုပ်ဘက်ကလည်း မင်း ကူညီပေးဖို့ လိုအပ်တဲ့ ကိစ္စအချို့ ရှိနေသေးလို့... မင်း ကူညီပေးချင်သလား၊ မကူညီပေးချင်ဘူးလား ဆိုတာ မသိရသေးလို့ပါ။"

သူက အိမ်၏ အခြေအနေများကို ပြောပြသည်ကို ကြားသိရသောအခါ ကျောက်လင်လုံ၏ ရင်ထဲတွင် အတော်လေး ပေါ့ပါးသွားခဲ့ပြီးနောက် အားယူကာ ပြုံးလိုက်၏။ ယခု ရွှေတိုင်းပြည်မှာ စစ်ရှုံးသွားပြီဖြစ်ရာ ဖန်ကျန်းရီ အနေဖြင့် သူမအား လိမ်လည် ပြောဆိုနေရန် အကြောင်းပြချက် မရှိတော့ချေ။ အိမ်တွင်လည်း ကြီးမားသော ပြဿနာများ ရှိနိုင်မည် မဟုတ်ရာ သူမက ထပ်ပြီး ဘာလုပ်ပေးနိုင်ဦးမည်နည်း။

သူမက အားနည်းစွာ ပြောလိုက်သည်။ "အမတ်မင်းဖန် ... ပြောပါရှင်။"

ဖန်ကျန်းရီက ရှင်းပြ၏။

"မင်း ကြောက်နေစရာ မလိုပါဘူး။ ကျုပ် အခု လာခဲ့တာက အရင်တုန်းက မင်းကို ပြောခဲ့ဖူးတဲ့ စကားတွေကို အကောင်အထည်ဖော်ဖို့ပဲ။ ဒီတစ်ခါ မင်းက ကျုပ်တို့ တာ့ကျင်းအတွက် အကျိုးပြုခဲ့တာပါ။ နန်းတော်ဘက်က ဆုလာဘ်တွေ ချီးမြှင့်တာမျိုး မရှိဘူး ဆိုပေမဲ့... ကျုပ်ကတော့ သေချာပေါက် ကျေးဇူးတင်စကား ပြောကြားရလိမ့်မယ်။

အရင်တုန်းက မင်းကို ပြောခဲ့ဖူးတယ်လေ... အမျိုးသမီးတွေ ကျောင်းတက်ခွင့် ရှိတယ် ဆိုတာ။ အဲဒီကိစ္စကို ကျုပ် အခု သွားလုပ်တော့မလို့။ ပြီးတော့ မင်းမပါဘဲနဲ့ ဒီကိစ္စက အောင်မြင်မှာ မဟုတ်ဘူး။ မင်း လုပ်ပေးချင်သလား... မလုပ်ပေးချင်ဘူးလား။"

ကျောက်လင်လုံသည် သေသေချာချာ စဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင်တော့ ခေါင်းယမ်းပြလိုက်၏။ "အမတ်မင်းဖန်ရဲ့ အလေးထားမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အိမ်ပဲ ပြန်ချင်တယ်။"

သူမသည် တစ်ကြိမ် လိမ်လည်ခံခဲ့ရပြီး ဖြစ်ရာ ဒုတိယအကြိမ် ထပ်မံ အလိမ်ခံရမည့် အဖြစ်မျိုးကို လုံးဝ မလိုလားတော့ချေ။ စကားဟောင်းများကို ပြန်လည် ဆွဲထုတ်လာပုံထောက်လျှင် ဘာပြဿနာတွေ ထပ်ရှာဦးမည်မှန်း မသိနိုင်ချေ။

ဖန်ကျန်းရီကလည်း မလောဘဲ လက်ချောင်းသုံးချောင်းကို ထောင်ပြလိုက်သည်။

"လင်လုံ ... မင်း ကျုပ်ကို အလွယ်တကူ မယုံကြည်ရဲဘူး ဆိုတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ် ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်။ အကယ်၍ မင်းအပေါ် ပြောခဲ့တဲ့ စကားတွေထဲမှာ လိမ်လည်မှု တစ်ခွန်းပါခဲ့ရင်... ကျုပ်သားက ဒီတစ်သက်လုံး မိန်းမ မရနိုင်တဲ့ ကောင်ဖြစ်ပါစေ။"

ဒီလောက်တောင် ပြင်းထန်တာလား။

တာ့ကျင်း၏ ယဉ်ကျေးမှုမှာ မြက်ခင်းပြင် ဒေသများနှင့် မတူညီလှသော်လည်း သူမသည် လေ့လာသင်ယူဖူးသူ ဖြစ်ရာ သားသမီး ရတနာ၏ အရေးကြီးပုံကို ပြောပြနေရန်ပင် မလိုချေ။ ထို့အပြင် ဖန်ကျန်းရီကဲ့သို့ ရာထူးအာဏာ ကြီးမားသူ တစ်ဦးအတွက်မူ တခြားသော မည်သည့်အရာနှင့်မဆို နှိုင်းယှဉ်ပါက သားသမီး ရတနာထက် ပို၍ အရေးကြီးသော အရာဟူသည် မရှိနိုင်တော့ချေ။ သူက သားဖြစ်သူကို အသုံးချပြီး ကျိန်ဆိုရဲသည်အထိ မှန်ကန်နေသည်လား။

ကျောက်လင်လုံမှာ အံ့အားသင့်စွာဖြင့် ခေါင်းမော့လာပြီး အံ့ဩကြောက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

သူမက ပြန်ပြောသည်။ "အမတ်မင်းဖန်ကို ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ လင်လုံက အဆင့်အတန်း နိမ့်ကျလွန်းတော့ ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်။"

ဖန်ကျန်းရီက ရှင်းပြ၏။ "လင်လုံ ... ဘဝကြီးက ရုတ်တရက် ပြောင်းလဲသွားတော့ အခုချိန်မှာ မင်းက အရာရာတိုင်းအပေါ် စိတ်ပျက်နေမယ် ဆိုတာကို ကျုပ်သိပါတယ်။ ဒါပေမဲ့... တက်ကြွတဲ့ ဘဝနေထိုင်မှုမှာ မြင်တွေ့ရတဲ့ လောကကြီးက နေရောင်ခြည်တွေ ပြည့်နှက်နေပြီး ဆုတ်ယုတ်တဲ့ ဘဝနေထိုင်မှုမှာ မြင်တွေ့ရတဲ့ လောကကြီးကတော့ အမှောင်ထုကြီး ဖုံးလွှမ်းနေတတ်တယ်။ တက်ကြွတဲ့ ဘဝနေထိုင်မှုက ခံစားရတဲ့ ဘဝကြီးက အတိုင်းအဆမရှိ ပျော်ရွှင်ရပြီး ဆုတ်ယုတ်တဲ့ ဘဝနေထိုင်မှုက ရင်ထဲမှာ ခံစားရတာကတော့ အေးစက်စိမ်းကားတဲ့ ဝမ်းနည်းမှုတွေပဲ။

အခုချိန်မှာ မင်းက အသက်ရှူကျပ်လောက်အောင် ဝမ်းနည်းနေရတယ်လို့ ထင်ရပေမဲ့... အချိန်အနည်းငယ် ရှေ့ဆက်သွားပြီးနောက် ပြန်လည် လှည့်ကြည့်လိုက်ရင် ဒါက မင်းရဲ့ နုပျိုခြင်း ကာလတွေထဲမှာ အလှပဆုံးသော အတွေ့အကြုံတစ်ခု ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ပြောနိုင်မှာလဲ။"

‘နုပျိုခြင်း ကာလ ဟုတ်လား။’

ကျောက်လင်လုံ၏ မျက်ထောင့်များ လှုပ်ရှားသွားပြီး အံကြိတ်ကာ လက်သီးကို ဆုပ်ထားလိုက်မိ၏။ ဤစကားမျိုးပင် ဖြစ်သည်။ ဤကဲ့သို့သော စကားမျိုးဖြင့် သူမအား သတိလစ် မေ့မြောလုမတတ် လိမ်လည်ခဲ့ခြင်း ဖြစ်၏။

‘လူလိမ်ကြီး။’

ကျောက်လင်လုံ ခေါင်းငုံ့ကာ စကားမပြောသည်ကို မြင်သောအခါ ဖန်ကျန်းရီက ဆက်ပြောသည်။ "မြို့တော်ကို ရောက်နေတာ ဒီလောက်တောင် ကြာနေပြီကို... အပြင်ထွက်ပြီး လည်ပတ်ကြည့်ဖူးရဲ့လား။"

ကျောက်လင်လုံက ခေါင်းယမ်းပြ၏။

ဖန်ကျန်းရီက ဖိတ်ခေါ်လိုက်သည်။ "ဒါဆိုလည်း ကျုပ်တို့နဲ့အတူ အပြင်ထွက် လမ်းလျှောက်ကြတာပေါ့။ မင်းကို အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ဆီ ခေါ်သွားပြီး လေ့လာကြည့်ခိုင်းရင် ဘယ်လိုလဲ။ အဲဒီကို ရောက်သွားရင် မင်းမှာ မတူညီတဲ့ အတွေးအမြင်တွေ ရလာလိမ့်မယ်။"

ချူချင်ဟန်ကလည်း ဝင်ရောက် ကူညီပြောဆိုပေး၏။

"လင်လုံ ... ဒီတစ်ခါတော့ အမတ်မင်းဖန်က သေချာပေါက် မင်းကို လိမ်နေတာ မဟုတ်ပါဘူး။ သူက အရင်တုန်းက ပြောခဲ့ဖူးတဲ့ စကားတွေကို အမှန်တကယ် အကောင်အထည်ဖော်ချင်နေတာပါ။ မင်းက ငါတို့နဲ့အတူ တစ်ခေါက်လောက် လိုက်ခဲ့ပြီး အပြင်ဘက်ကို လေ့လာကြည့်ပါလား။ အကယ်၍ မင်း အိမ်ပြန်ချင်နေတယ် ဆိုရင်တောင် မြို့တော်ထဲမှာ ဟိုဟိုဒီဒီ လည်ပတ်ကြည့်သင့်တယ်။ မဟုတ်ရင် နောင်ကျရင် ဒီဘက်က ရှုခင်းတွေကို ကြည့်ရှုဖို့ အခွင့်အရေးမျိုး နောက်ထပ် ရှိတော့မှာ မဟုတ်ဘူး။"

ချူယိုယီကလည်း ထပ်မံ ပြောဆိုသည်။ "ဟုတ်ပါတယ် ... သွားကြည့်ကြတာပေါ့။ လင်လုံ ... မင်း ထမင်းစားပြီးပြီလား။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ်ရဲ့ စားသောက်ဆောင်က အရမ်းကောင်းတာ။ မြင်းလှည်းတွေကိုလည်း အပြင်ဘက်မှာ အဆင်သင့် ပြင်ဆင်ထားပြီးပြီ။"

ဤသူများမှာ လူလိမ်၏ အပေါင်းအပါများပင် ဖြစ်သည်။ နောက်ထပ် အမြီးဆွဲ ကောင်မလေး တစ်ယောက် ကတော့ အစားစားခြင်းမှလွဲ၍ တဟားဟား ရယ်မောရန်သာ တတ်ကျွမ်း၏။

ကျောက်လင်လုံ၏ အကြည့်များမှာ ချူချင်ဟန်နှင့် ချူယိုယီတို့ ကြားတွင် အသွားအပြန် ရွေ့လျားနေတော့သည်။ သို့သော်ငြား ပြောလိုက်သော စကားများမှာလည်း ယုတ္တိရှိလှသည်။ မည်သို့ပင်ဖြစ်စေ ရောက်ရှိနေပြီး ဖြစ်ရာ သွားရောက် မကြည့်ရှုရဘူး ဆိုလျှင် အနည်းငယ်တော့ ဝမ်းနည်းစရာ ကောင်းနေပေလိမ့်မည်။

ခေတ္တမျှ ချင့်ချိန် စဉ်းစားကြည့်ပြီးနောက် ဒုတိယအကြိမ် ထပ်မံ အလိမ်ခံရမည့် အန္တရာယ်မျိုး မရှိနိုင်တော့ကြောင်း အတည်ပြုပြီးသည့်နောက် ကျောက်လင်လုံက ပြောလိုက်သည်။ "ကောင်းပြီလေ ... ဒါဆိုလည်း ကျွန်မ အမတ်မင်းဖန်နဲ့အတူ လိုက်ခဲ့ပါ့မယ်။"

All Chapters